Channel Myanmar

New releases (2025)

Content at random


Movies

JUST MARRIED FINAL (2003) မြန်မာစာတန်းထိုး
JUST MARRIED FINAL (2003) မြန်မာစာတန်းထိုး  တွေ့ဆုံပြီး ရက်ပိုင်းလေးအတွင် ချစ်ကြကြိုက်ကြ အတွေ့အထိ မှာ မက်မောမိတဲ့ချစ်သူနှစ်ဦး ဖြစ်တဲ့ တွမ် နှင့် ဆာရာ တို့ဟာ မကြာခင် ရက်ပိုင်းလေးမှာပဲလက်ထပ်လိုက်ကြပြီးနောက် ဟန်းနီးမွန်း ထွက်တဲ့ ခရီင်္းမှာပဲ တစ်ယောက်နဲ့တစ်ယောက်အကြိုက်ချင်း စိတ်ဓါတ်ချင်း မတူညီနိုင်တာတွေကို စတင်တွေ့ရှိပြီး တစ်ဦးနဲ့တစ်ဦး ကလန်ကဆန်အတိုက်အခိုက်တွေ လုပ်ကြပြီး ကွာရှင်းပြတ်ဆဲလုနီးနီး ဖြစ်လာတဲ့အခါ...အချစ်နဲ့ဘ၀ တည်ဆောက်ဖို့အတွက် အချိန်နှင့် လေ့လာမှု လိုအပ်ကြောင်းသင်ကြားပေးတဲ့ အချစ်ဖန်စီ ဟာသ ရုပ်ရှင် ဇတ်ကားကောင်းဖြစ်ပါတယ်...Download Link----------------------Download HereAdmin : Thit San Khant  ရုပ်ရှင်အသစ်တင်တိုင်း သိလိုပါက အောက်ပါ  Follow Button အပြာရောင်လေးကို Click ပေးခဲ့ပါ   

JUST MARRIED FINAL (2003) မြန်မာစာတန်းထိုး

A Walk Among the Tombstones(2014) A Walk among Tombstonesဇာတ်ကားနာမည်က ကဗျာဆန်သလို ခြောက်ခြားဖွယ် အိမ်မက်တစ်ခုသဖွယ်လည်း ဆန်နေပြန်ပါတယ်။1999 ခုနှစ်က New York မြို့မှာ License မရှိပဲ Private Detective တစ်ယောက်အဖြစ် လုပ်ကိုင်နေတဲ့ Matthew Scudder ဆိုတဲ့ သူတစ်ယောက်ဟာ လွန်ခဲ့တဲ့ 8 နှစ်ခန် ့လောက်က ရဲဝန်ထမ်းတစ်ဦး ဖြစ်ခဲ့ပြီး လူရမ်းကားတစ်စုနဲ ့အပစ်အခတ်တစ်ခုမှာ ပြည်သူကလေးမလေးတစ်ဦး သူ့ရဲ့ကျည်ဆန်ကြောင့် မတော်တဆ သေဆုံးခဲ့ရကာ သူကိုယ်တိုင်လည်း နာကျည်းချက်တွေနဲ ့ရဲဝန်ထမ်းဘဝမှ အငြိမ်းစား ယူခဲ့တဲ့ သူတစ်ယောက်ပါ။သူသွားလေ့ရှိသော Alcoholics Anonymous အဖွဲ ့အစည်း တွေ့ဆုံပွဲတွေမှ သိရှိခဲ့သော လူတစ်ယောက်က သူ့ကို တစ်ညတွင် အကူအညီတောင်းခံသောကြောင့် သူ့ကို ခေါ်ယူတွေ ့ဆုံ၍ အကူအညီတောင်းခံချင်သည်ဟု ဆိုသော Kenny ဆိုသော လူရှိရာ အိမ်ကို ရောက်ရှိသွားခဲ့သည်။Kenny ...
movie

A Walk Among the Tombstones(2014)

Houdini (2014) 7.4
Houdini (2014) Houdini (2014)_____IMDb - 7.4/10  "ဟူဒီးနီ"လို့ပြောလိုက်တာနဲ့ မျက်လှည့်ပညာရပ်နဲ့ မစိမ်းတဲ့သူတွေ တန်းသိကြမှာပါ။ ၂၀ ရာစုရဲ့ အကျော်ကြားဆုံးသော မျက်လှည့်ပညာရှင်ကြီးပဲ ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ ဒေးဗစ်ကော်ပါဖီးဆိုတာနဲ့ လူတိုင်းတန်းသိသလိုမျိုး သူ့ခေတ်သူ့အခါကလည်း ဟူဒီးနီဆိုတာနဲ့ ဟိုးလေးတကျော်ကျော်ပါပဲ။ ကိုယ်ပိုင်မျက်လှည့်ပြကွက်တွေ တီထွင်ဖန်တီးပြီး အောင်မြင်မှုယူခဲ့တဲ့သူပါ။သူနာမည်ကြီးရတဲ့အဓိကအကြောင်းရင်းကတော့ အချုပ်မှန်သမျှက လွတ်အောင်လုပ်ပြနိုင်တာကြောင့် ဖြစ်ပါတယ်။ Escape Man လို့ နာမည်ကြီးပါတယ်။ "The Handcuff King" လို့လည်း လူသိများပါတယ်။ လက်ထိပ်ခတ်မယ်၊ ကြိုးတုပ်မယ်၊ သေတ္တာထဲထည့်မယ်၊ လက်ထိပ်ခတ်ပြီး ရေထဲခုန်မယ်၊ သေတ္တာထဲထည့်ပြီး မြစ်ထဲပစ်ချမယ်၊ ဘယ်လိုမျိုးတွေနဲ့ပဲ သူ့ကို တုတ်နှောင်ပြီးထားပေမယ့် သူကတော့ လွတ်အောင်လုပ်ပြနိုင်ပါတယ်။ လက်ထိပ်တွေက ကြိုတင်စီမံထားတဲ့ Fake တွေလို့ ထင်စရာရှိပါတယ်။ အဲဒါကြောင့် ရဲအဖွဲ့ပေါင်းစုံက သူ့ကိုစမ်းသပ်ပါတယ်။ ဘယ်လိုလုပ်ထားတဲ့ လက်ထိပ်နဲ့ပဲခတ်ခတ်၊ သူကတော့ လွတ်တာပါပဲ။ ဒီပြကွက်တွေက ဟူဒီးနီရဲ့ နာမည်ကျော်ပြကွက်တွေပဲ ဖြစ်ပါတယ်။ Now You ...
movie

Houdini (2014)

2014
Kidnapping Mr. Heineken (2015) မြန်မာစာတန်းထိုး
Kidnapping Mr. Heineken (2015) မြန်မာစာတန်းထိုး ဖြစ်ရပ်မှန် ဇာတ်လမ်း တစ်ပုဒ် ။၁၉၈၃ ခုနှစ် နိုဝင်ဘာလ။ စီးပွားရေး မပြေလည်တဲ့  သာမန်သူငယ်ချင်းတစ်စုက ရာစုနှစ်အတွင်း အကြီးကျယ်ဆုံး ပြန်ပေးဆွဲမှုကို ကျူးလွန်ခဲ့ကြပါတယ်။ သူတို့ရဲ့  ဓါးစာခံကတော့ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် ဟိုင်နီကန်ဘီယာ အုပ်စုရဲ့ အုပ်ချုပ်သူအကြီးအကဲ ဖရက်ဒီ ဟိုင်နီကန် ပဲဖြစ်ပါတယ်။ အမ်စတာဒမ်မြို့ ရဲ့ လမ်းလည်ခေါင်မှာ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီ ပြန်ပေးဆွဲမှု အတွက် ပြန်ရွေးရန် တောင်းဆိုငွေက  ဥရောပငွေ ယူရို ၁၆သန်းခန့် ဖြစ်ပြီး  လူတစ်ဦးထဲကို ပြန်ပေးဆွဲမှု ဖြစ်စဉ်အားလုံးမှာ ပြန်ရွေးရငွေ အမြင့်ဆုံးသော အမှု ဖြစ်ပါတယ် ။ဇာတ်လမ်းအစမှာ   စီးပွားရေးမပြေလည်တဲ့ ကိုဗန်ဟောက် (Cor Van Hout) ၊ ၀ီလီယမ် ဟိုလီဒါ (Willem Holleeder) စတဲ့ ဆိုးတူကောင်းဖက် သူငယ်ချင်း ၅ယောက်ဟာ ဘဏ်တစ်ခုကို ...

Kidnapping Mr. Heineken (2015) မြန်မာစာတန်းထိုး

Death Note (1+2) ( Special Package )
Death Note (1+2) ( Special Package ) anime series ကနေ live action ရိုက်ကူးခဲ့တဲ့ death note ဟာ လူကြိုက်များတဲ့ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်..ဇာတ်လမ်း 1+2 သာ အဆက်နဲ့ရိုက်ထားတာဖြစ်ပြီး 3 ကတော့ သက်သက်ဇာတ်လမ်း ခွဲထွက်သွားသလိုကောင်းလည်းမကောင်းတော့တဲ့အတွက် နှစ်ကားဘဲတင်လိုက်ပါတယ်.ဇာတ်လမ်း အကျဉ်းကတော့ ဥပဒေကျောင်းသားတစ်ဦးဖြစ်တဲ့ လိုက်ယာဂမိ ဥပဒေရဲ့ အပြင်ပမှာလွတ်မြောက် နေတဲ့လူဆိုးတွေရဲ့အနိုင်ကျင့်မှုကို မခံမရပ်နိုင်ဖြစ်နေခဲ့ပါတယ်..တစ်နေ့မှာမထင်မှတ်ပဲသေစာရင်း မှတ်စုတစ်ခုကိုတွေ့ရှိပြီးတဲ့နောက်မှာ သူ့ဘ၀လဲလုံးဝပြောင်းလဲသွားပါတော့တယ်....အစပိုင်းမှာတော့ ဒုစရိုက်သမားတွေကိုပစ်မှတ်ထားရာကနေ..နောက်ပိုင်းမှာသူ့နောက်ကိုလိုက်လာတဲ့စုံစမ်းစစ်ဆေးရေး အဖွဲ့နဲ့ ပညာပြိုင်ရာကနေ..ရက်စက်တဲ့သွေးအေးတဲ့သူတစ်ယောက်ဖြစ်သွားပါတော့တယ်..အကြံ ကြီးပြီး သူလွတ်မြောက်ဖို့အတွက်ဆိုရင် ဘာကိုစတေးရစတေးရ ဂရုမစိုက်တတ်တဲ့ လိုက်ယာဂမိ နဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က အယ် တို့ရဲ့ပညာပြိုင်ခန်းတွေကို  တွေ့မြင်ရမှာဖြစ်ပါတယ်. 
movie

Death Note (1+2) ( Special Package )

The Other Woman(2014)
The Other Woman(2014) Screen Shots  ညှို့အားပြင်း မင်းသမီး ကင်မရွန်းဒီယာ့ဇ် (Cameron Diaz) ၊ နှုတ်ခမ်းဖျားကမှဲ့လေးနဲ့ ချစ်စဖွယ်ဆွဲဆောင်နိုင်သော အလှပိုင်ရှင် Vogue Model ကိတ်အပ်(ပ)တန် (Kate Upton) တို့နဲ့အတူ 17 Again, This is 40 စတဲ့ဇာတ်လမ်းများမှ နံမည်ကြီး မင်းသမီး လက်(ဇ)လီမန်း (Leslie Mann) တို့ပါဝင်သော The Other Woman က PG-13 အဆင့် ဟာသနှောတဲ့ အိမ်ထောင်ရေးပညာပေး ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ထက်မြက်ပြီးချောမောလှတဲ့ Carly , ရိုးအတဲ့ဇနီးချော Kate , ခပ်ချောချောကောင်မလေး Amber တို့ သုံးယောက်က လူရှုပ်လူပွေ တစ်ဦးဖြစ်တဲ့ Kate ရဲ့ ခင်ပွန်း Mark နဲ့ တပြိုင်တည်း ပတ်သတ်မိကြပါတယ်။ အိမ်ထောင်ရေးသာမက စီးပွားရေးလောကမှာပါ လိမ်လည်ကောက်ကျစ်တဲ့ Mark ကို ဂလဲ့စားချေဖို့ အဲ့ဒီ အမျိုးသမီး ၃ယောက်ပူးပေါင်းသွားတဲ့အခါ သူတို့ ...
movie

The Other Woman(2014)

Let’s Be Cops(2014)
Let’s Be Cops(2014) Screen Shots   လော့စ်အန်ဂျလိစ်ရဲအရာရှိ အယောင်ဆောင် သူငယ်ချင်း နှစ်ဦးအကြောင်း ဇာတ်အိမ်ဖွဲ့ထားတဲ့ အမေရိကန်ဟာသဇာတ်လမ်းလေးက စိတ်ကြည်နူးပျော်ရွှင်မှုရသကို ပေးစွမ်းနိုင်မှာပါ။ ဂျက်စတင်နဲ့ ရိုင်ယန်တို့သူငယ်ချင်းနှစ်ဦးဟာ သူတို့ရဲ့ မွေးရပ်မြေကို ပြန်လာရင်း ဘားတစ်ခုမှာရှိနေတုန်း သူတို့နှစ်ဦးရဲ့ ကားကို ရုရှားတွေအဖွဲ့လိုက်ပါတဲ့ ကားက ၀င်တိုက်ခဲ့ပြီး သူဘာ မှ ပြန်မလုပ်နိုင်အောင် ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီနောက် ရိုင်ယန်က ဂျက်စတင်ကို ရဲယူနီဖောင်းနဲ့ ကောလိပ်ပါတီတက်စေခဲ့တာကနေ စပြီး အလွဲလေးတွေဖြစ်လာပါတော့တယ်။ သူတို့နှစ်ဦးက တကယ့်ရဲ အစစ်တွေအတိုင်း ပြုမူပြောဆိုနေထိုင်ပြီး ဒီတစ်ညနဲ့တင်မက ရဲပုံစံလိမ်လည်မှု ဇာတ်လမ်းတွေ စခဲ့ပါတော့တယ်။ ရဲကားအဟောင်းတစ်စီးကိုဝယ်ပြီး ရဲတွေရဲ့ လုပ်ငန်းလုပ်ဆောင်ပုံတွေကို သင်ယူလေ့လာပြီး ဂျက်စတင်နဲ့ ရိုင်ယန်တို့ အလိမ်ဇာတ်လမ်းကိုလျှောက်ရင်း ပြဿနာပေါင်းစုံ ကြုံရပါတော့တယ်။ အဲဒီနောက် သူတို့ကားကို ၀င်တိုက်ခဲ့တဲ့ ရုရှားအဖွဲ့ကို လက်စားချေဖို့ လုပ်ခဲ့ပေမယ့် သူတို့တစ်တွေဟာ လူဆိုးဂိုဏ်းဝင်တွေဖြစ်ပြီး ဂျက်စတင့်ကောင်မလေး အလုပ်လုပ်နေတဲ့ Georgie's ဆိုင်ရဲ့ပိုင်ရှင်ကို ခြိမ်းခြောက်နေတဲ့သူတွေ ဖြစ်ပါတယ်။ ...
movie

Let’s Be Cops(2014)

Breaking the Girls (2013)
Breaking the Girls (2013) Director: Jamie Babbit ရိုက်ကူးတက်ဆင်ထားပြီးJuly 26, 2013 (USA) မှာ ရုံတင်ပြသခဲ့တဲ့ ရှုပ်ထွေးပွေလီလှတဲ့မိသားစု ဆန်ဆန် လှည့်ကွက်မျိုးစုံပါဝင်တဲ့ အချစ်ဇတ်လမ်းတစ်ပုဒ်လို့လဲပြောလို့ရပါတယ်...ဇတ်လမ်းပုံစံကတော့... ================================ဆာရာ ဟာ ဥပဒေ ကျောင်းသူ တစ်ဦးဖြစ်ပြီး ဘီယာဆိုင်တစ်ဆိုင်မှာ ညဆိုင်းအလုပ်လုပ်ရင်းကျောင်းတက်နေရသူ တစ်ဦးဖြစ်ပါတယ်...(Admin မှတ်ချက်အရ ဆာရာ ဟာ အတော်အသက်ကြီးပြီး ရွက်ကြမ်းရေကျို အဆင့်သာရှိပါတယ်)တစ်ရက် ဆာရာ ကြိုက်နေတဲ့ ကောင်လေး အဲရစ် ရဲ့ ချစ်သူဟာ ဆာရာ ရဲ့ သူဌေးကိုချောက်တွန်းလို့ ဆာရာ အလုပ်ပြုတ်တဲ့အချိန် ဆိုင်မှာ ဘီယာလာသောက်တဲ့အမေသေပြီး အမွေရထားတဲ့ ကုတ်ကမြင်း သူဌေးသမီး အဲလစ် နဲ့ စတင်တွေ့ရှိပြီးအဲလစ် အိမ်ရောက်သွားရာကနေ အဲလစ် ရဲ့ လိင်တူဆက်ဆံဖော်ချစ်သူ အဖြစ် အတူတူနေထိုင်လျက်ရှိပါတယ်....အဲလစ် ဟာ ဆာရာ သူမ အနားကနေ ထွက်ခွာမသွားအောင် အမျိုးမျိုးမက်လုံးတွေ ပေးရင်းဆာရာ အား ဒုက္ခပေးနေသူများကိုလဲ ...
movie

Breaking the Girls (2013)

Captain Phillips (2013) 7.9
Captain Phillips (2013) ၂၀၀၉ ခုနှစ်မှာ အမေရိကန်တွေအတွက် အံ့အားသင့်ဖွယ်ရာကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံးအကြိမ် အမေရိကန်ကုန်တင်သင်္ဘောတစ်စင်း ပြန်ပေးဆွဲခံရတာပဲ ဖြစ်ပါတယ်။အိုမန် (Oman) နိုင်ငံ၊ ဆလာလဆိပ်ကမ်း (Port Of Salalah) ကနေ ကုန်ပစ္စည်းတွေသယ်ဆောင်လာတဲ့ အမေရိကန်ကုန်တင်သင်္ဘော အမ်ဗွီ မဲဆ်ခ် အာလဘာမား (MV Maersk Alabama) ဟာ ဆိုမာလီကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး ကင်ညာနိုင်ငံ (Kenya)၊ မွမ်ဘာဆာမြို့ (Mombasa) ကို ခရီးအဆက်၊ လမ်းမှာ ဆိုမာလီပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်။ ဒီအခါ ဘာတွေဆက်ဖြစ်တယ်ဆိုတာကို စိတ်လှုပ်ရှားဖွယ် ရသအပြည့်နဲ့ ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ထိုင်ရာမထတမ်း ကြည့်ရှုရလောက်အောင် ကောင်းမွန်တဲ့ အက်ရှင်၊ အတ္ထုပ္ပတ္တိဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။အကြိုက်ဆုံးကတော့ အခုမှ စပြီး ရုပ်ရှင်ရိုက်တဲ့ ဆိုမာလီဓါးပြဗိုလ် အဖြစ်သရုပ်ဆောင်တဲ့ (တကယ့် ဆိုမာလီလူမျိုး) Barkhad Abdi နဲ့ ၀ါရင့်မင်းသားကြီး Tom Hank တို့ကြားက စကားပြောခန်းတွေဖြစ်ပါတယ်။IMDB Rating (7.9/10 ) ...
movie

Captain Phillips (2013)

Hercules (2014) 6.0
Hercules (2014) Hercules (2014)IMDb - 6.0/10_____Rotten - 57%   #ရုပ်ရှင်မိတ်ဆက်ဒီကားကတော့ The Rock ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို၊ Hercules ရဲ့ ဇာတ်လမ်းကို မထင်မှတ်ထားတဲ့ ရှုထောင့်ကနေတင်ဆက် ပေးထားတာဖြစ်ပါတယ်။ရှေးပုံပြင်တွေမှာ Hercules က Demi-God ဖြစ်ပြီး Zeus ရဲ့ သားဖြစ်တယ်လို့အာလုံး က လက်ခံထားကြသလို၊ Hercules ကာတွန်းကားကလည်း ဒီအတိုင်းပဲ သရုပ်ဖော်ထားခဲ့ပါတယ်။ ဒီကားကတော့ Hercules ရဲ့ ဂုဏ်သတင်း နဲ့ အားလုံးသိထားတဲ့ ပုံပြင်တွေ၊ စွန့်စားခန်းတွေ က တကယ်တော့ လူတွေ လုပ်ကြံပြောဆိုတာပါဆိုပြီး ရိုက်ကူးခဲ့ပါတယ်။ဇာတ်လမ်းမှာ Hercules ရဲ့ တူဖြစ်သူက ခရီးလှည့်လည်သွားလာရင်းနဲ့ ရောက်လေရာမှာ သူ့ဦးလေးရဲ့ အကြောင်းကို လူတွေ အထင်ကြီး လေးစားလာအောင် ရန်သူတွေ ကြောက်ရွံ့ အောင် ပြောဆိုလေ့ရှိပါတယ်။ Hercules က ခေါင်းသုံးနဲ့ နဂါးကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ၊ တောဝက်ကြီးကို ဘယ်လို နှိမ်နင်းခဲ့တာ၊ ခြေင်္သေ့ကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ စသဖြင့် ပုံပြင်တွေ ...
movie

Hercules (2014)

2014
Brick Mansions (2014) 5.7
Brick Mansions (2014) Brick Mansions (2014)_____IMDb - 5.7/10 သက္ကရာဇ် ၂၀၁၈ ၊ အမေရိကန်ပြည်ထောင်စုရှိ Detroit မြို့မှာ လူသူစွန့်ခွာသွားခဲ့တဲ့နေရာတစ်ခုရှိပြီး လက်ရှိထိုနေရာကတော့ ရာဇဝတ်မှုတွေနဲ့ပြည့်နေပြီး မထိန်းသိမ်းနိုင်တဲ့အတွက် ထိုနေရာကို စည်းတားထားပြီး စည်းအပြင်မှာတော့ ရဲတွေက စောင့်ရှောက်နေလျက်ရှိပါတယ်။ Lino ကတော့ ထိုအရပ်ဒေသမှာ နေထိုင်နေတဲ့သူဖြစ်ပြီး သူပေးစရာရှိတဲ့ မူးယစ်ပစ္စည်းတွေကို မပေးတဲ့အတွက် ထိုဒေသရဲ့ မူးယစ်ခေါင်းဆောင်Tremaine က လိုက်လံဖမ်းဆီးနေတဲ့အတွက် ရှောင်ပြေးနေလျက်ရှိပြီး သူ့ရည်းစားဟောင်းကတော့ အဖမ်းခံထားရပါတယ်။ Lino ဟာ သူ့ရည်စားဟောင်းကို ပြန်ကယ်ရင်း Tremaine ကို ဓားစာခံအဖြစ်ဖမ်းဆီးကာ ရဲလက်အပ်ခဲ့ပေမယ့် ထိုရဲဟာ Tremaine တို့ရဲ့ လူဖြစ်နေတာကြောင့် Tremaine တစ်ယောက်ပြန်လည်လွတ်မြောက်သွားရင်း Lino သာ အဖမ်းခံခဲ့ရကာ သူ့ရည်းစားဟောင်းကတော့ Tremaine ပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။ Damien ကတော့ ရဲတစ်ယောက်ဖြစ်ပြီး လူဆိုးတွေကိုဖမ်းဆီးရင်းနဲ့ အချိန်ကုန်နေကာ သူရဲ့ နောက်ထပ်ပစ်မှတ်တစ်ခုကတော့ မူးယစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Temarine ကို ဖမ်းဆီးဖို့ပါ။ တစ်ရက်တော့ မြို့တော်ဝန်က သူ့ကိုခေါ်ပြီး သူတို့ရဲ့ကားတစ်ဆီးပြန်ပေးဆွဲခံရကာ ထိုကားအတွင်းရှိ ဒုံးကျည်ပါ ပါဝင်သွားခဲ့တဲ့အတွက် ဒုံးကျည်ရဲ့ Code ပြန်ဖြေဖို့အတွက် Damien ...
movie

Brick Mansions (2014)

2014
The Giver(2014)
The Giver(2014) Screen Shot  သက္ကရာဇ် ၂၀၄၈ . . . စစ်ပွဲပြီးဆုံးသွားတဲ့အခါမှာတော့ အဖွဲ့အစည်းတစ်ခုဟာ လူမျိုးနွယ်စုတွေ ခံစားချက်တွေကို ဖယ်ရှားပစ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ နိုင်ငံသားအားလုံးဟာ သူတို့ရဲ့ မှတ်ညဏ်တွေဖျက်ဆီးခံလိုက်ရပြီး မှတ်ညဏ်တွေကျန်နေခဲ့တဲ့ တစ်ယောက်တည်းသောသူကတော့ Receiver of Memory လို့ခေါ်တဲ့ အတိတ်ရဲ့ မှတ်ဥာဏ်တွေကို လက်ခံထားသူဖြစ်ပြီး အဖွဲ့အစည်းတစ်ခုလုံးမှာ တစ်ယောက်ပဲ ရှိပါတယ်။ သူကတော့ ခေါင်းဆောင်နဲ့ လူကြီးတွေကို အဖွဲ့အစည်းရဲ့ ဆုံးဖျက်ချက်တွေနဲ့ ပက်သတ်ပြီးတော့ အကြံဥာဏ်ပေးဖို့ပါ။ Jonas ဟာ Receicer of Memory ကို ဆက်ခံမည့်သူအဖြစ်ရွေးချယ်ခံခဲ့ရပြီး လက်ရှိ Receiver of Memory ဆီကနေ အတိတ်မှတ်ဥာဏ်တွေကို လက်ခံရယူလျက်ရှိနေပါတော့တယ်။Jonas ဟာ အသားအရောင်၊ လူမျိုးစု၊ ဘာသာရေး၊ နာကျင်မှု၊ ခံစားတတ်မှုတွေမရှိတဲ့ အဖွဲ့အစည်းမှာနေထိုင်နေတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့မှာ သူငယ်ချင်း ၂ ယောက်ရှိပါတယ်။ ကောင်မလေးကတော့ Fiona ဖြစ်ပြီး ယောကျာ်လေးတစ်ယောက်ကတော့ Asher ဖြစ်ပါတယ်။ အရွယ်ရောက်လို့ အသီးသီး ...
movie

The Giver(2014)

Genres

Archives