Channel Myanmar

New releases (2025)

Content at random


Movies

The Prince (2014) မြန်မာစာတန်းထိုး
The Prince (2014) မြန်မာစာတန်းထိုး (ရုပ်ရှင်အညွှန်းကို mmmovieguide မှ ပြန်လည်ဖေါ်ပြပါသည် )ကျောင်းစတက်တဲ့နေ့မှာ လိုက်မပို့နိုင်လို့ သမီးလေးကို ပွေ့ဖက်နှုတ်ဆက်ရင်း နှစ်သိမ့်နေတဲ့ယောကျာ်းကြီးတစ်ယောက် ၊ ကားမောင်းလိုက်ပို့မယ့် အမေရှိရာကို ပြေးလွှားသွားနေတဲ့သမီးလေးနဲ့မိန်းမကို ခဏလေးဆိုပြီး ဓါတ်ပုံလှမ်းရိုက်တော့ သူ့မိန်းမကပြောတယ် ရှင့်ကားကိုယူသွားမယ်နော်တဲ့။ အေးပါကွာ ဆိုပြီး သမီးကိုလက်အပြ ကားကစက်နှိုးပြီးအထွက်။ ၀ုန်းခနဲ ပေါက်ကွဲသံနဲ့အတူ ကားတစ်စီးလုံး မီးလောင်သွား။ ကား ပေါက်ကွဲတဲ့အရှိန်နဲ့ လဲကျသွားပေမယ့် ယူကြုံးမရ ကြေကွဲမျက်ရည်တွေနဲ့ အတင်းကုန်းထနေတဲ့လူ။  သူ့နံမည်က အိုမာ (Omar)လွန်ခဲ့တဲ့ နှစ်(၂၀)ခန့်က နယူးအော်ရီလန်မြို့ရဲ့ ဒုစရိုက်လောကမှာ The Prince လို့နံမည်ကြီးတဲ့ ကြေးစား လူသတ်သမားတစ်ယောက်က အခုအချိန်မှာ ကားပြင်ဆရာ တစ်ယောက်အဖြစ် ဘ၀ကိုဇာတ်မြှုပ်ကာ အေးအေးဆေးဆေးနေနေတဲ့ ပေါလ် (Paul)တက္ကသိုလ်တက်ရင်း အပေါင်းအသင်းမှားကာ ဆေးစွဲနေတဲ့ ပေါလ်ရဲ့ သမီး ဘတ်(သ်)ဘတ်(သ်) ရဲ့ သူငယ်ချင်း အိန်ဂျလာ (Angela)The Prince ဘ၀တုန်းကလက်တွဲဖော် ...

The Prince (2014) မြန်မာစာတန်းထိုး

Mcfarland USA ( 2015) မြန်မာစာတန်းထိုး
Mcfarland USA ( 2015) မြန်မာစာတန်းထိုး ကျွန်တော့်အမြင်မှာ  အားကစားနဲ့လူမှုဘ၀ ထင်ဟပ်အောင် ရိုက်ပြထားတဲ့ ဒီဇာတ်လမ်းက ကြည့်သူတွေအတွက် အချိန်ကုန်ရကြိုးနပ်မယ့် မိသားစုအပန်းဖြေရင်းကြည့်လို့လည်းသင့်တော်တဲ့ ဇာတ်ကားလေးတစ်ကားလို့ ပြောချင်ပါတယ်။ နံမည်မကြီးသေးတဲ့ လူငယ်သရုပ်ဆောင်အများစု ပါဝင်ပေမယ့် လက်ရှိ IMDB rating 7.5 ရရှိထားတဲ့ ဒီဇာတ်ကားကို သေချာညွှန်းပေးလိုက်ရပါတယ်ဂျင်မ်ဝှိုက် (Jim White) က အမေရိကန်ပြည်ထောင်စု၊ အိုင်ဒဟိုပြည်နယ်ရဲ့ လူစည်ကားရာမြို့တော်ဖြစ်တဲ့ ဘွိင်ဇီ (Boise) မြို့မှာ ဘောလုံးအသင်းနည်းပြဆရာ လုပ်နေသူဖြစ်ပါတယ်။ တစ်ရက်တော့ ပြိုင်ပွဲမှာလျော့တိလျော့ရဲ ကစားသွားတဲ့ သူ့အသင်းသားတွေကိုဆူရာမှာ ဒေါသကြောင့်လက်ပါမိတဲ့အတွက် အလုပ်ထုတ်ခံလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဂျင်မ်က ဇနီး၊ သမီးနှစ်ယောက်နဲ့အတူ ကယ်လ်လီဖိုးနီးယားပြည်နယ်၊ ဆင်ခြေဖုံးမြို့လေးဖြစ်တဲ့ မက်ဂ်ဖားလန် (McFarland) ကိုပြောင်းရွှေ့ခဲ့ပါတော့တယ်။ အချိန်ကာလကတော့ ၁၉၈၇ခုနှစ်ပဲဖြစ်ပါတယ်။နယ်မြေသစ်ကို စရောက်တဲ့ည စားသောက်ဆိုင်တစ်ခုမှာ ညစာစားပြီးပြန်အထွက် လက်တင်လူမျိုးတွေ အုပ်စုလိုက်မောင်းနှင်လာသော ကားတန်းရှည်ကြီးနဲ့ကြုံရာ သမီး ဂျူလီကို စနောက်မယ်ကြံတဲ့အတွက် ဂျင်မ့်မှာ ကားကိုအမြန်မောင်းထွက်ကာ ရှောင်ခဲ့ရပါတယ်။အလုပ်အသစ်မှာ ...

Mcfarland USA ( 2015) မြန်မာစာတန်းထိုး

Charlie Chaplin : The Kid  (1921)
Charlie Chaplin : The Kid (1921) Charlie Chaplin ရဲ့ ဇတ်ကားကောင်းလေးတွေ တင်ဆက်ပေးနေရင်းနဲ့ ကျနော် အသက် ၉ နှစ်လောက်ကကြည့်ခဲ့ဖူးတဲ့ The Kid ကို ပြန်ရှာခဲ့ပါတယ် 720P ရုပ်ထွက်နဲ့ ပြန်ရလို့လဲ ပျော်ခဲ့ရတယ်ကြည်ကြည်လင်လင် ကြည့်ရတော့မှာကိုး ချာလီ ရဲ့ သရုပ်ဆောင်ချက်တွေကဘယ်တော့မှ အိုမင်းမသွားဘူး ဘယ်တော့မှ ပျက်စီးမသွားဘူးဘယ်တော့...ဘယ်တော့မှ.. ရသ မပျက်သွားပါဘူးဒီရုပ်ရှင်ကား ကတော့ အဖေ မပေါ်ပဲ မွေးခဲ့တဲ့ သားလေးကိုလူချမ်းသာတွေ ရဲ့ ကားပေါ်မှာ မွေးစားဖို့ ထားခဲ့ပြီးမှ ဖြစ်ချင်တော့ အဲ့ဒီကားကိုသူခိုး ခိုးခံရပြီး ကလေးကို တွေ့လို့ သူခိုးတွေကလဲ လမ်းဘေးမှာ ချထားခဲ့ပါတယ်သူဌေးမွေးစားမခံရပဲ ဆင်းရဲချို့တဲ့တဲ့ ချာလီ က ကောက်ယူမွေးစားလိုက်ပါတယ်သဘောအကျဆုံးက ကလေးရဲ့ သရုပ်ဆောင်ချက်တွေက Pro လို့ပြောလောက်အောင်ပီပြင်ပြီး ချစ်ဖို့လဲ ကောင်းသလို သူ့မွေးစား အဖေ ချာလီ ဆီကနေပြန်လု တဲ့ အခါ ငိုယိုတောင်းပန်တာကလဲ ...
movie

Charlie Chaplin : The Kid (1921)

My Lucky Star(2013)

My Lucky Star(2013)

The Butler (2013) မြန်မာစာတန်းထိုး
The Butler (2013) မြန်မာစာတန်းထိုး  ဒီနေ့အတွက်က နာမည်ကြီးဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၁၃ ကတည်းက ထွက်ရှိထားတဲ့ Butler ဆိုတဲ့ ဇာတ်ကားက 12 Years Slave လို ဇာတ်ကားမျိုး ကြည့်ဖူးတဲ့ လူတွေအကြိုက်တွေ့မယ့် နောက်ထပ် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDb Rating မှာလည်း 7.1 အထိရရှိထားတာမို့ ကြည့်ဖို့စဉ်းစားလိုနေမယ်မထင်ပါဘူးRotten Tomatoes မှာလည်း 77% အထိ ရရှိထားပါတယ်..အညွှန်းပြောပြရမယ်ဆိုရင်ဒီဇာတ်ကားထဲမှာ စီစီဆိုတဲ့ လူမည်းကောင်လေးတစ်ယောက်ရဲ့ ဘ၀နဲ့စထားတယ်။ လူမည်းကျွန်ဘ၀ရောက်ကြရတဲ့ ခေတ်မှာ သူ့အဖေကသူ့မျက်စိရှေ့မှာပဲ သေနတ်နဲ့ပစ်ခံရပြီး သေသွားတယ်။ လူငယ်ဘ၀ရောက်လာချိန်မှာ မြို့ပေါ်တက်စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေမှာ အောက်ခြေသိမ်းလုပ်ပြီးတော့ အလုပ်ကို ဂရုတစိုက်ကြိုးစားလွန်းတာကြောင့် သူအရွယ်ရောက်လာတဲ့အချိန်မှာ အိမ်ဖြူတော်ထိန်းအဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်။ လူမည်းကောင်လေးတစ်ယောက် အိမ်ဖြူတော်ဝန်ထမ်းဖြစ်ခွင့်ရသွားတယ်ပေါ့။သူအိမ်တော်ထိန်းအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရတဲ့ ကာလတွေမှာ သမ္မတတွေ အဆက်ဆက် ပြောင်းသွားတယ်။ ခေတ်တွေပြောင်းသွားတယ်။ မပြောင်းတာက အမေရိကန်က လူဖြူ၊ လူမည်း ခွဲခြားဖိနှိပ်မှုတွေပဲ ဖြစ်ပါတယ်။သူ့အနေနဲ့ ...

The Butler (2013) မြန်မာစာတန်းထိုး

As Above, So Below (2014) 6.2
As Above, So Below (2014) ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကြီးရဲ့ လမ်းမတွေရဲ့အောက်မှာ အကွေ့အချိုးမိုင်ပေါင်းများစွာနဲ့ မြေအောက်လိုဏ်ခေါင်းတွေရှိလို့နေတယ်။ မရေမတွက်နိုင်တဲ့ဝိညာဉ်တွေရဲ့ ထာဝရအိမ်က ပါရီမြို့ကြီးရဲ့ လမ်းမတွေအောက်မှာပဲလား။ အမေရိကန်-အင်္ဂလိပ်ရှာဖွေစူးစမ်းအဖွဲ့တစ်ဖွဲ့က လူငယ်တွေ အရင့်အရင်က မတွေ့မကြုံခဲ့ရဖူးသေးတဲ့ အရိုးဝင်္ကပါတစ်ခုကို တွေ့သွားတယ်။ ဒီမြို့တော်ကြီးအတွင်းမှာ တည်ရှိနေတဲ့သေခြင်း၊ ပုန်းကွယ်မှောင်မိုက်နေခဲဲ့တဲ့ လှို့ဝှက်ချက်ကိုဖော်ထုတ်မိလျက်သားဖြစ်ခဲ့ရပြီ။ ၁၇၈၅ ခုနှစ်ကတည်ဆောက်ခဲ့သတဲ့။ ကမ္ဘာ့အကြီးဆုံးဂူသချုႋင်းတစ်ခုမှာ မမျှော်လင့်ဘဲ တွေ့ခဲ့ရတဲ့စန္ဒရားအို၊ ရုတ်တရက်ထွက်ပေါ်လာတဲ့ လှို့ဝှက်တံခါး၊ အဲဒီတံခါးပွင့်သွားခဲ့တာနဲ့ပဲ။ ချောက်ချားစရာ အတိတ်တွေ ရုန်းကြွတွန်းကန်လာတော့တယ်။ Mad Men သရုပ်ဆောင် Ben Feldman ၊ The Purge: Anarchy သရုပ်ဆောင် Edwin Hodge နဲ့ The Invisible Woman က သရုပ်ဆောင်မိန်းကလေး Perdita Weeks တို့ ပါဝင်ထားကြတယ်။ ထိတ်လန့်သည်းဖိုရုပ်ရှင်နှစ်သက်ကြသူတွေအတွက်တော့ စိတ်ဝင်စားစရာရုပ်ရှင်ဖြစ်နေမှာပါ။ As Above, so below ရဲ့ ရုပ်ရှင်ပိုစတာမှာပဲ ဆွဲဆောင်မှုအားကြီးနေတော့ ...
movie

As Above, So Below (2014)

Bhaag Milkha Bhaag (2013) 8.2
Bhaag Milkha Bhaag (2013) Bhaag Milkha Bhaag (2013) IMDb - 8.2/10_____Rotten - 72%ကျွန်တော် အကိုတို့ blog ကနေပြီးတော့ movies တွေ အမြဲတမ်းကြည့်ဖြစ်ပါတယ် .. အကိုတို့ဘလော့လေးကို သဘောလဲကျမိပါတယ်.. အဲ့အတွက် ကျွန်တော်လည်း တတ်နိုင်သမျှပြန်ကူညီတဲ့အနေနဲ့ ဇာတ်ကား တစ်ကားကို ဘာသာပြန်ပြီး အကိုတို့ကို ပေးလိုက်ပါတယ် .. ဇာတ်လမ်းလေးကလည်း အထုပ္ပတ္တိ ကားလေးလည်းဖြစ်.. တော်တော်လေးလည်းကောင်း.ဘဝအတွက်လည်း message တွေအများကြီးပေးပါတယ်..ပြီးတော့ မြန်မာလို ပြန်ထားတာ မတွေ့သေးတဲ့အတွက် ကျွန်တော်ပြန်ပြီး ပို့ပေးလိုက်တာပါ .. ဇာတ်လမ်းက ၂၀၁၃ ခုနှစ်က ထွက်တဲ့ Bhaag Milkha Bhaag ဆိုတဲ့ ဇာတ်ကားလေးပါ .. အကိုတို့လဲ ကြည့်ဖူးပြီးသားဖြစ်မယ်ထင်ပါတယ်...ဇာတ်လမ်းက ၃ နာရီကြာတော့ ဆိုဒ်ကလည်း နဲနဲကြီးသွားတယ် 2 Gb နည်းနည်းကျော်သွားပါတယ်....ဇာတ်လမ်းအညွှန်းက Movie Locos ကနေကူးယူပြီး ပေးလိုက်ပါတယ်.. ================================================၁၉၄၇ ...
movie

Bhaag Milkha Bhaag (2013)

2013
Outcast (2014)
Outcast (2014)  Director Nick Powell ရိုက်ကူးထားပြီး မင်းသားကြီး Nicoles Cage, Hayden Christensen တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး တရုတ်မင်းသမီးချောလေး Liu Yifei တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Action/Advanture/Thriller ဇာတ်ကားကောင်းလေးပါခရူးဆိတ်စစ်ပွဲအတွင်းမှာ နောင်တတရားတွေနဲ့ စိတ်ဓာတ်ပျက်ပြီး အရှေ့တိုင်းဘက်ကိုရောက်လာတဲ့ ခရူးဆိတ်စစ်သားတစ်ယောက်ဖြစ်တဲ့ ဂျေကော့ နဲ့...... ဘဝရဲ့နောက်ဆုံးအချိန်မှာ ထီးနန်းကိုအမွေပေးခဲ့ဖို့အတွက် ညီအစ်ကိုနှစ်ယောက်ထဲက အငယ်ကောင်ကို ထီးနန်းပေးဖို့ ဆုံးဖြတ်လိုက်တဲ့ ဘုရင်တစ်ပါးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြားမှာ....အစ်ကိုဖြစ်သူရဲ့ ထီးနန်းလုဖို့အကြံအစည်ကနေ ထွက်ပြေးလာခဲ့တဲ့ ညီငယ်နဲ့ သူ့ရဲ့အစ်မဖြစ်သူတို့ဟာ မထင်မှတ်ဘဲ ဂျေကော့ နဲ့ဆုံတွေ့ပြီး အစ်ကိုဖြစ်သူရဲ့လက်ကနေ လွတ်အောင်ပြေးနိုင်ပါ့မလား ဆိုတာကိုတော့.....ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre...Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo 
movie

Outcast (2014)

Unfinished Business (2015) မြန်မာစာတန်းထိုး
Unfinished Business (2015) မြန်မာစာတန်းထိုး 2015 ထဲမှာ ထွက်ရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး နိုင်ငံတကာမှာ Hot ဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကားListထဲမှာပါဝင်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်...ဒါရိုက်တာ Ken Scott က ရိုက်ကူးတင်ဆက်ထားပြီးတော့မင်းသား Vince Vaughn နဲ့ Dave Franco တို့က ပါဝင်ရိုက်ကူးထားပါတယ်IMDb Rating မှာတော့ 5.3 ရ ရှိထားပြီးတော့ ကြာမြင့်ချိန်က တစ်နာရီခွဲခန့်ရှိပါတယ်...ဇာတ်လမ်းအမျိုးအစားကတော့ Comedy ဖြစ်ပြီး ကြည့်ရတာ ပေါ့ပေါ့ပါးပါးနဲ့အဆင်ပြေစေမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်..ကြည့်ရှုခံစားကြပါ( ဖိုင်ဆိုဒ်အသေးကို 720p ကွာလတီဖြင့်တင်ဆက်ထားပြီး ရုပ်သံကြည်လင်ပြတ်ပြတ်သားသားကြည့်ရှုနိုင်ပါတယ် )Filesize : 552 MBQuality : 720pFormat : mkvRunning Time : 1 hour 31 minSubtitle : Myanmar Subtitle ( Hardsub )Encoder : LKDownload With Pcloud Link 

Unfinished Business (2015) မြန်မာစာတန်းထိုး

Sex Tape (2014)
Sex Tape (2014) ဒီဇာတ်ကားလေးကိုကြည့်သင့်တယ်လို့ထင်ပါတယ်...လူငယ်တွေလည်းမဖြစ်သင့်တာမဖြစ်ရအောင် သတိထားမိအောင်ပေါ့..ဟာသကားလေးပါပဲ..သဘောကျကြမှာပါ... တချို့ဇာတ်ဝင်ခန်းတွေ အမြင်မတော်တာတွေပါဝင်တဲ့အတွက် 18+ ခေါင်းစဉ်တပ်ထားရပါတယ်အခုတစ်လော အင်တာနက်မှာ ဖြစ်ပျက်မှုများပြားနေတဲ့အကြောင်းလေးကို ဟာသလေးရောနှောပြီး ရိုက်ကူးတင်ပြထားတဲ့ဇာတ်ကားလေးပါ။ Jay နဲ့ Annie တို့ အမှတ်မထင်ရိုက်ကူးထားတဲ့ Sex Tape လေးဟာ မထင်မှတ်ပဲ iPad တွေကို Sync လုပ်လိုက်လိုက်ရာမှတစ်ဆင့် Cloud ကနေ တခြားလူတွေဆီ ရောက်သွားပါတော့တယ်။အစက ဒါကို သတိမထားမိသေးပဲ Jay ဖုန်းကို တစ်စုံတစ်ယောက်က ထို Tape နဲ့ပတ်သတ်ပြီး စာပို့တော့မှ သတိထားမိတာပါ။ ဘယ်သူပို့လည်းတော့ မသိပါဘူး။ ဒါကြောင့် Annie နဲ့ Jay တို့ နှစ်ယောက် iPad ပေးထားတဲ့သူတွေဆီသွားပြီး ပြန်ယူကာ ထို ဗီဒီယိုဖိုင်ကို ဖျက်ဖို့ကြိုစားရင်း အစောက message ကို ဘယ်သူပို့လည်းဆိုတာ စုံစမ်းပါတော့တယ်။သူတို့နှစ်ယောက် iPad တွေ ပြန်ယူဖို့ကြိုးစားခဲ့ပုံကို ဟာသရောနှောကာ ရိုက်ကူးတင်ဆက်ထားပြီး ထို ...
movie

Sex Tape (2014)

Gravity(2013)
Gravity(2013) ကြည့်ကိုကြည့်သင့်တဲ့ကားပါ..။ ကဲစထဲကပြောထားလိုက်ပြီ။ မကြိုက်တဲ့ သူတွေက ဘာလို့ မကြိုက်ကြလည်းတော့မသိဘူး။ အကောင်းတကာ့ အကောင်းဆုံးကားတွေထဲမှာ ဒီကားလည်းပါပါတယ်။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ Godfather ဇာတ်လမ်းတွေ၊ Nolan ရဲ့ The Dark Knight ၃ကားနဲ့ တန်းတူ အောင်မြင်ပြီး အရည်အသွေးကောင်းတဲ့ကားပါ။ အခုထဲကတောင် Oscar Nomination မှာ ထိပ်ဆုံးက စာရင်းပြေးနေပါပြီ။ Best Actress, Best Achievement in Visual Effect, Best Writing, Director, စတဲ့ ဆုတွေအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်ဖို့လည်း ကြိမ်းသေနေပါတယ်။ ဒီကားကိုကြည့်ရင်းနဲ့ မြန်မာပြည်ကိုတောင် ပြန်သတိရမိပါတယ်။အမေရိကားနိုင်ငံမှာ လူကြိုက်များရတဲ့ အဓိကအကြောင်းအရင်းကတော့ Cold War (1947-1991) အမေရိက နဲ့ ရုရှားတို့ စစ်အေးတိုက်ပွဲကာလ (ကုလသမဂ္ဂဥက္ကဌ ဦးသန့် ဖြေရှင်းပေးခဲ့ရတဲ့ Cuban Missile ...
movie

Gravity(2013)

Frequencies (2013) မြန်မာစာတန်းထိုး
Frequencies (2013) မြန်မာစာတန်းထိုး သိပ္ပံကားကောင်းလေးတွေကြိုက်နှစ်သက်တွေအတွက် ဒီကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်Review အရင်ဆုံးကြည့်လိုက်ရအောင်ကမ္ဘာပေါ်မှာ လူတွေရဲ့ ဘဝတန်ဖိုး . . . ဆက်ဆံရေး . . . အစရှိသည်တို့ကို " frequencies " တွေနဲ့သတ်မှတ်ထားပါတော့တယ်။ ထိုထဲမှာမှ Isaac-Newton လို့ခေါ်တဲ့ကောင်လေးတစ်ယောက်  .. . .  သူ့ကိုတော့ Zak ကို လူသိများကြပြီး သူကတော့ "Low frequency" နဲ့ မွေးဖွားလာသူဖြစ်ပြီး သူကတော့ ထိုအရာကို ပြောင်းလဲပစ်ချင်နေတာပါ။ အကြောင်းကတော့ "High frquency" ကောင်မလေးတစ်ယောက်ဖြစ်တဲ့ Marie ကို ငယ်စဉ်ကတည်းက စိတ်ဝင်တစားရှိနေလို့ပါ။Zak ရဲ့ မိဘတွေနဲ့ ဆရာတွေကတော့ Zak နဲ့ Marie ဟာ ဆန့်ကျင်ဘက်တွေဖြစ်တဲ့အတွက် မဖြစ်နိုင်ဘူးလို့ ပြောကြပါတယ် . . သူတို့ငယ်စဉ်ဘဝတွေ့ဆုံတိုင်းမှာ တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်ပျက်ကျန်ခဲ့တာပါပဲ။ Marie ...

Frequencies (2013) မြန်မာစာတန်းထိုး

Viy (2014)
Viy (2014) Screen Shots  Nikolai Gogol ရဲ့ Viy ဆိုတဲ့ဝတ္ထုကိုအခြေခံထားတဲ့ ရုရှား Dark Fantasy အမျိုးအစား ဇာတ်ကားပါ...ခြောက်ခြားဖွယ်ရိုက်ကူးတင်ဆက်ထားတာအောင်မြင်သလို ဇာတ်လမ်းအသွားအလာလဲ ကောင်းမွန်ပါတယ်... လျှို့ဝှက်နက်နဲတဲ့ ဝတ္ထုတစ်ပုဒ်ကိုဖတ်နေရသလိုခံစားရမှာဖြစ်ပြီး အဆုံးသတ်သေသပ်ပါတယ်။ ခေတ်ဟောင်းအသုံးအနှုန်းတချို့နဲ့ ခံစားရမှာဖြစ်တဲ့အတွက် ဇာတ်ကားရဲ့နောက်ဆုံးကျမှပဲ ဇာတ်ရည်လည်ပြီး ဇာတ်ကားကိုအစအဆုံးနားလည်လက်ခံသွားမှာဖြစ်ပါတယ်။ (ကျွန်တော်ကတော့ နှစ်ခါလောက်ပြန်ကြည့်လိုက်မှဇာတ်ရည်လည်သွားပါတယ်) IMDb Rating (5.6/10) ရရှိထားပြီး ထူးထူးဆန်းဆန်းဇာတ်လမ်းတွေကိုကြိုက်နှစ်သက်သူတွေအတွက်ဆွဲဆောင်မှုရှိတဲ့ဇာတ်ကားပါ။ Connection မကောင်းသူများအတွက် Small File Size(328MB)ကိုပါတင်ဆက်ထားပါတယ်။ ကျွန်တော်တို့ဆိုဒ်က တင်သမျှ Movie Download Link ကို ပြန်တင်နေသည့် Blogger များ www.channelmyanmar.com ဟုပြည့်စုံစွာ Credit ပေးရန်ပန်ကြားအပ်ပါတယ်။File size...1GB Quality....Blu-ray Rip 480p Format...mp4 Duration....02:10:34 Subtitle....Myanmar Subtitle(Hardsub) Encoder....Nyeinsaeya Aung 
movie

Viy (2014)

Genres

Archives