Channel Myanmar
New releases (2025)
Content at random
Movies
Meet Me There (2014) မြန်မာစာတန်းထိုး
Meet Me There (2014) မြန်မာစာတန်းထိုး 2014 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Meet Me There ဇာတ်ကားကို ဒါရိုက်တာ Phillip Lybrand က ရိုက်ကူးတင်ဆက်ခဲ့ပါတယ်..ဇာတ်ညွှန်းရေးသားသူကတော့ Brandon Stroud နဲ့ Destiny Talleyတို့ဖြစ်ပြီးတော့တကယ့်ဖြစ်ရပ်မှန်ဖြစ်တဲ့ Talley ရဲ့ ငယ်ဘ၀ ကို ရိုက်ကူးတင်ဆက်ထားခြင်းသာဖြစ်ပါတယ်ဇာတ်လမ်းပုံစံလေးကတော့ ငယ်ငယ်တုန်းက အတိတ်ဆိုးအရိပ်မဲတခုရှိခဲ့တဲ့ Ada နဲ့ သူ့ရဲ့ချစ်သူတို့ဟာAda ရဲ့ ကလေးဘ၀ မှတ်ဥာဏ်တွေကိုပြန်လည်ပြီး အတည်ပြု..အဖြေရှာချင်လို့..Ada ရဲ့ ဇာတိမြို့ကိုပြန်လာပါတယ်..သူတို့လိုချင်တဲ့အရာကိုလိုက်ရှာကြပါတယ်...တကယ်တမ်း သူတို့လိုချင်တဲ့အဖြေကို ရှာတွေ့သွားတဲ့အခါမှာတော့ သူတို့အတွက်အိမ်ပြန်လမ်းကိုရော..သူတို့ကိုယ်တိုင်ရှာနိုင်ပါ့မလား...ဒါတွေကရောဘာတွေလဲ..ဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်Filesize : 869 MBQuality : 720pSource : Meet Me There (2014) 720p BluRay [ dayt.se ]Format : mp4Running Time : 1hr 33 minSubtitle : Myanmar Subtitle (Hardsub )Encoded By LKDownload ...
Meet Me There (2014) မြန်မာစာတန်းထိုး
Will (2011) 6.9
Will (2011) Will (2011)_____IMDb - 6.9/10ကျတော်တို့ ပရိသတ်တွေထဲမှာ ဘောလုံးအသင်း Fan မျိုးစုံရှိလိမ့်မယ်ထင်ပါတယ်။ ကိုယ့်အသင်းကိုယ် ဘယ်လောက်ထိရူးသွပ်ဖူးကြလဲမသိဘူး။ ဒီဇာတ်ကားထဲက ဇာတ်ကောင် Will ဆိုတဲ့ ၁၁ နှစ်သားကလေးလေးကတော့ Liverpool FC ရဲ့ ပရိသတ်စစ်တစ်ယောက်ပါ။ သူငယ်စဉ်က သူ့အမေဆုံးသွားပြီးနောက် သူ့အဖေက ၃ နှစ်လောက်လေလွှင့်နေခဲ့တဲ့အတွက် မိဘမဲ့ကျောင်းမှာ နေခဲ့ရသူပါ။ တစ်နေ့မှာတော့ သူ့ဖခင်ပြန်လည်ရောက်ရှိလာပြီး လက်ထဲမှာ Liverpool အသင်းရဲ့ ချန်ပီယံလိဂ် ဖိုင်နယ်လက်မှတ်၂စောင်နဲ့ပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့ သူ့အိပ်မက်တွေရှင်သန်လာခဲ့ပါပြီ။ ဒါပေမယ့် ပွဲနေ့မတိုင်ခင်သူ့အဖေရုတ်တရက်သေဆုံးသွားတဲ့အခါမှာတော့ Will ကလေးဟာ သူ့ရဲ့အိပ်မက်ကို တစ်ယောက်ထဲနဲ့ ဆက်လက်အကောင်အထည်ဖော်ဖို့ အတွက် ဂေဟာကနေထွက်ပြေးပြီး မိုင်ပေါင်း၁၅၀၀ ကျော်ဝေးတဲ့ အစ်စတန်ဘူ ကိုရောက်အောင်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီဇာတ်ကားလေးမှာ ကလေးလေးတစ်ယောက်ကို ဇာတ်အိမ်တည်ပြီး မိသားစုတွေရဲ့မေတ္တာ မိတ်ဆွေတွေရဲ့မေတ္တာ နဲ့ ဘောလုံးပရိသတ်တွေရဲ့ စည်းလုံးမှုကို ကောင်းကောင်းကြီးပုံဖော်ပြသွားခဲ့ပါတယ်။ ဒီကားကိုကြည့်ဖို့ Liverpool fan ...
movie
Will (2011)
2011
Exeter (2015) မြန်မာစာတန်းထိုး
Exeter (2015) မြန်မာစာတန်းထိုး သဲထိတ်ရင်ဖို သရဲကား ကောင်းကောင်းလေးတွေကြည့်ချင်နေတဲ့သူတွေအတွက် 2015 ခုနှစ်ထဲမှာထွက်ရှိထားတဲ့ ဒီဇာတ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်..ကြောက်တတ်သူများနဲ့ နှလုံးရောဂါအခံရှိသူများ..တစ်ယောက်တည်း ( သို့ ) လုံးဝမကြည့်သင့်ကြောင်းပါ..အညွှန်းကိုခံစားလိုက်ပါဦးExeter ဆိုတာကတော့ ကလေးငယ်တွေအတွက်ရည်ရွယ်ဖွင့်လှစ်ထားတဲ့ ကျောင်းတော်ကြီးတစ်ခုပေါ့။ အသေအချာပြောရရင်တော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့ စိတ်ရောဂါသည်ဝေဒနာရှင် ကလေးတွေအတွက် အားကိုးစရာ သုခရိပ်မြုံပေါ့။ Exeter ကနေ ကလေးတွေကို ပြန်လည်ပြုစုပျိုးထောင်ပေးမယ်။ ပညာတွေ သင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ပေါ့။ ဒါပေမယ့်…. ၁၉၁၆ ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ Exeter ကျောင်းတော်ကြီးဟာ လူနာရှင်ကလေးငယ် အရေအတွက် တစ်နေ့တစ်ခြားများများလာကာ ထိန်းချုပ်လို့မနိုင်တော့တဲ့ အနေအထားထိဖြစ်လာတယ်။ ကျောင်းဆိုတာကနေ စိတ္တဇဆေးရုံကြီးဖြစ်လာတယ်။ လူနာကလေးငယ်တွေကနေ လူကြီးစိတ္တဝေဒနာသည်တွေဖြစ်လာတယ်။ Exeter မှာပဲ သောင်တင်နေကြတယ်။ ဆေးကုသတဲ့ ကုထုံးပုံစံတွေကြမ်းလာတယ်။ ပျောက်ကင်းဖို့ဆိုတာထက် ဒီစိတ္တဇဝေဒနာသည်တွေကို ထိန်းချူပ်ဖို့က Exeter ရဲ့ဦးစားပေးဖြစ်လာတယ်။ လူအသေအပျောက် တွေများလာလွန်းလို့ ကျောင်းဝင်းထဲမှာပဲ မြေမြုပ်ရတယ်။ မီးသဂြိုလ်ရတယ်။၁၉၇၀ နောက်ပိုင်းမှာတော့ ကလေးငယ်ဝေဒနာရှင်တွေအတွက်ရော လူကြီးဝေဒနာရှင်တွေအတွက်ပါအားကိုးအားထားစရာနေရာတစ်ခုမဟုတ်တဲ့ Exeter, ...
Exeter (2015) မြန်မာစာတန်းထိုး
Yes or No (2010)
Yes or No (2010) Screenshots   File size...(800MB) Quality...Blu-ray Rip 720p Format...mp4 Duration....01:51:31 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန်(ဒီကားလေးက CM ရဲ့ ဘာသာပြန်သူ ကိုဟေဒိ လက်ရာပါ။)ဇတ်လမ်း ပုံစံလေးကတော့ ယောင်္ကျားလျှာ နဲ့ တစ်ခန်းထဲ အတူနေရလို့ စိတ်ညစ်ပြီး အခန်းပြောင်းလာတဲ့ ပိုင် တစ်ယောက် အဲ့ဒီအခန်းမှာလဲ ကင်မ် ဆိုတဲ့ ယောကျင်္ားလျှာ ချောချောလေးနဲ့ ထပ်ဆုံရလေရော... ကင်မ် က တစ်ခြား ယောင်္ကျားလျှာတွေနဲ့ မတူပဲ ပုံစံလေး ကွဲပြားပေမယ့် ချစ်တက် ကြင်နာတက်တဲ့ နှလုံးသားနဲ့ နွေးထွေးမှုတွေ ရှိတယ်.. အပင်တွေ စိုက်တာ ၀ါသနာပါတဲ့ လယ်သမားမျိုးရိုးက ဆင်းသက်လာသူ ဟင်းချက်လဲ တော်တယ် သီချင်းလဲ ဆိုတက်တယ် ဂစ်တာတီးတယ်.. အပျင်းကြီးတဲ့ မိန်းမလှလေး ပိုင် တစ်ယောက် အမြင်ကပ်လှပါချေရဲ့ ဆိုတဲ့ ကင်မ် ကို တစ်ခန်းထဲ အတူနေရရလို့ အမျိုးမျိုး နှိပ်စက်သော်လဲ တစ်ခြားမိန်းကလေး အတော်များများ က ကင်မ် ကို အရေးပေးတာ မလိုလား စိတ်ထဲက ...
movie
Yes or No (2010)
Attack On Titan 1  (2015)
Attack On Titan 1 (2015)  ဒီကားထွက်ရင် ဘာသာပြန်မယ်လို့ပြောထားပြီး နောက်ကျနေလို့ဆောရီးပါ English Srt File က မထွက်သေးတာရယ်အလုပ်တွေလဲများနေတာရယ်ကြောင့်ပါ အခုတော့ အားလုံးပြီးသွားလို့ တင်ပေးလိုက်ပါပြီ။ဒီကားကို မကြည့်ခင်အရင် ဆုံးပြောချင်တာကဇာတ်ကားပြီးလို့ စာတန်းထိုးပြီးတဲ့ထိပြီးဆုံးအောင် ကြည့်ပေးစေချင်ပါတယ် wink emoticonလွန်ခဲ့တဲ့ နှစ်၁၀၀ ကျော်ကပေါ်လာတဲ့ လူသားစားတဲ့တိုက်တန်တွေ.. တိုက်တန် တွေကိုကြောက်လို့ နံရံမြင့်ကြီးတွေ ထဲမှာနေနေရတဲ့လူသားတွေ.. တိုက်တန်တွေကို အယုံအကြည် မရှိခဲ့တဲ့အဲရန် နဲ့ သူငယ်ချင်း လူကြောက်လေးအာမင်.. ပြီးတော့ အဲရန်ပြောသမျှယုံကြည်တတ်တဲ့ ကောင်မလေးမီကာဆာတို့ .. နံရံ ကြီးတွေရဲ့အပြင် ဘက်ကိုထွက်ဖို့ ကြိုးစားကြတဲ့တစ်နေ့မှာ....တိုက်တန်တွေ ပေါ်လာပြီးလူသားတွေ တိုက်ခိုက်ခံကြရပြီးတဲ့ နောက်မှာ အဲရန် အာမင်နဲ့ မီကာဆာတို့ ဘာတွေပြောင်းလဲ သွားကြမလဲဆိုတာရယ်...တိုက်တန်တွေ ကိုတိုက်ခိုက်ကြတာတွေ သေကွင်းသေကွက်တွေက တကယ်ကို ကြည့်လို့ကောင်းပါတယ် (18+ Rated ကားဖြစ်ပါတယ် သေတာတွေ ကြမ်းလို့နော်colonthree emoticon )ဒီကားဟာ ဂျပန်Animation ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပြီး ဂျပန်မှာလဲအရမ်းနာမည်ကြီးတဲ့ ကားဖြစ်ပါတယ် ( ဒီကားကို ရုံတင်တုန်းကလက်မှတ်မရလို့ ရုံးလစ်ပြီးကိုသွားကြည့်ပါတယ် tongue emoticon ) Anime ကြည့်ဖူးသူတွေကတော့ ဒီကားဟာAnime ...
movie
Attack On Titan 1 (2015)
Minions (2015) 6.4
Minions (2015) အားလုံးစောင့်မျှော်နေတဲ့ Minion 2015 ကိုတင်ဆက်ပေးလိုက်ပါပြီ..အဆင်ပြေနိုင်ကြပါစေ :D Minion တွေဟာ ကမ္ဘာဦးအစ ကတည်းက ဆဲတစ်ခုတည်းနဲ့ တည်ရှိခဲ့တဲ့ အဝါရောင် သတ္တဝါလေးတွေဖြစ်ပြီး အင်အားအကြီးမားဆုံး အဆိုးသွမ်းဆုံး အကောင်ကိုသာ လုပ်ကျွေးပြုစုချင်ကြသူတွေ ဖြစ်ပါတယ်။ အင်အားကြီးမားတဲ့ T.Rex ဒိုင်တိုဆောတွေ၊ ကျောက်ဂူလူသားတွေ နောက်ကို လိုက်ခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ ဉာဏ်ပညာကြီးမားတဲ့ လူသားတွေအပေါ် နှစ်သက်တဲ့ စိတ်ကြောင့် အဆိုးသွမ်းဆုံး လူတွေဆီကိုသာ နောက်လိုက်အဖြစ် ပါဝင်ပြုစုခဲ့ပါတယ်။ အီဂျစ်ဖာရို၊ ဒရက်ဂူလာနဲ့ နပိုလီယံတို့ကို အလုပ်အကျွေး ပြုခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ အန္တာတိကမှာ သီးသန့်သွားရောက်နေထိုင်နေကြပါတယ်။ ဒါပေမယ့် နှစ်တွေ ကြာလာတဲ့အခါ သူတို့ရဲ့ ရည်ရွယ်ချက်တွေ ပျောက်ဆုံးကုန်ပြီး စိတ်ဓာတ်ကျ ငြီးငွေကုန်ကြပါတယ်။ ဒီ Minion အပေါင်းကို ကယ်တင်ဖို့အတွက် သတ္တိကောင်းတဲ့ Kevin ဟာ သူ့ရဲ့ အကြံကို Minion တွေအားလုံး ကြားမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ...
movie
Minions (2015)
100 Days with Mr. Arrogant (2004)
100 Days with Mr. Arrogant (2004) Screenshots  Ha-Young တယောက် သံဗူးခွံတစ်ခုကို ကန်လိုက်ရာကနေ Hyung-Joon ရဲ့ မျက်နှာကို ရိုက်မိပြီးနောက် သူ့ရဲ့ အသစ်စက်စက် ကားကို မှန်သွားပါတယ် ဒါကြောင့် Hyung-Joon က ဒေါ်လာ(၃၀၀၀)လျော်ခိုင်းပါတယ် ဖြစ်ချင်တော့ သူမ လျော်စရာပိုက်ဆံ နတ္တိဖြစ်နေတာပါ ဒါကြောင့် Hyung-Joon က သူခိုင်းသမျှ လုပ်မယ်ဆိုရင် ပိုက်ဆံတွေ လျော်ပစ်ပေးမယ်လို့ စာချုပ်ချုပ်ပြီးခိုင်းပါတော့တယ် ရက်(၁၀၀)အတွင်း သူခိုင်းသမျှ ကို အကုန်လုပ်ရမှာပါ အိမ်သန့်ရှင်းရေး၊ ဈေးဝယ်သွားရင် အထုတ်သယ်ခိုင်းမယ်...ပြီးတော့ ကားလည်းရေဆေးပေးရမှာပါ Ha-Young တယောက်ကတော့ အူလည်လည်နဲ့ပဲ သူခိုင်းသမျှ လုပ်နေရပါတယ် နောက်ဆုံးမှာ မမျှော်လင့်ပဲ Ha-Youngတယောက် ကားကို ပြန်ပြင်ရင် ဒေါ်လာ (၁၀)ပဲကုန်တာသိသွားတော့ ဒေါသအကြီးအကျယ် ထွက်တော့တာပေါ့ ဒါပေမဲ့လဲ..နောက်ဆုံးမှာတော့ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို.......။ ~ Su Myat Htike ~ (ရုပ်ရှင်အညွှန်းကို Nemesis's Movie မှကူးယူဖော်ပြပါသည်။)Sex is Zero မင်းသမီးချော ဟာဂျီဝန် အဓိက ပါဝင်သရုပ်ဆောင်ထားပြီး IMDb Rating (6.2/10) ရရှိထားတဲ့ ...
movie
Tangled Ever After (2012) 7.6
movie
Run All Night (2015) 6.6
Run All Night (2015) Run All Night (2015)IMDb - 6.6/10_____Rotten - 59%   2015 မှာ ထွက်ရှိထားတဲ့ Run All Night ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ် အားလုံးစောင့်မျှော်နေတဲ့ဇာတ်ကားလို့ထင်ပါတယ်..ကျွန်တော်တို့အသည်းစွဲကြိုက်ခဲ့တဲ့ Taken ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့မင်းသားကြီး Liam Neeson သရုပ်ဆောင်ထားပါတယ်.. IMDb Rating 6.6 ရရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..မကြည့်ခင် Movie Review လေး အရင်ခံစားကြည့်လိုက်ရအောင် :) ဇာတ်လမ်းလေးကတော့ ဖခင်တစ်ယောက်ရဲ့မေတ္တာအကြောင်းပါ... မိုက်ကယ်ကတော့ လူကောင်းလေးပါ သမ္မာအာဇီဝအလုပ်နဲ့အသက်မွေးဝမ်းကျောင်းလုပ်ပေမဲ့ သူ့အဖေကတော့ အရင်တုန်းက သူ့သူငယ်ချင်းနဲ့တူတူ ဘိန်းအရောင်းဝယ်လုပ်ရင်း တချိူ့သော သူငယ်ချင်းတွေကိုတောင် သတ်ခဲ့ပါတယ် တနေ့တော့ သူ့သူငယ်ချင်းသားဒန်နီက လူသတ်တာကို မိုက်ကယ်မြင်သွားလို့ဆိုပီး မိုက်ကယ်ကိုသတ်ဖို့လုပ်တယ် အဲဒါကို သူ့အဖေက အရင်လက်ဦးပီး ဒန်နီကို သတ်လိုက်ပါတယ် အဲဒီမှာ သူနဲ့သူ့သူငယ်ချင်း ရန်ဘက်ဖြစ်သွားတော့ပါတယ် သူ့သူငယ်ချင်းက ပြန်လက်စားချေပုံ သူကလဲ သူ့သားကို ဖခင်တစ်ယောက်အနေနဲ့ အသက်စွန့်ကာကွယ်ပုံတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်  Filesize : 655 MB Quality : 720p Format: mp4 Running Time : 1h 54m IMDb ...
movie
Run All Night (2015)
2015
Jamesy Boy(2014) မြန်မာစာတန်းထိုး
Jamesy Boy(2014) မြန်မာစာတန်းထိုး ကလေးဘဝထဲက ရန်တွေဖြစ်ပြီး အမှုတွေ ရဲမှတ်တမ်းတွေရှိတဲ့ ကောင်လေး James Burns သူ့ရဲ့ပြစ်မှုအတွက် တရားရုံးက အာမခံအခြေအနေနဲ့ ရှိနေတုန်းမှာ Crystal နဲ့ Drew တို့နဲ့ စတိုးဆိုင်မှာ ပစ္စည်းတွေအလစ်သုတ်တာ ဝင်ပါမိရာက စပြီး သူငယ်ချင်းတွေဖြစ်သွားကြတယ်Crystal နဲ့ ရည်းစားတွေဖြစ်သွားကြပြီး Crystal ကနေတစ်ဆင့် ဒုစရိုက်လုပ်ငန်းတွေ လုပ်တဲ့ Roc နဲ့ဆက်သွယ်မိပြီးတော့ Roc ခိုင်းတာတွေ လုပ်ဖို့ အိမ်ကနေ အပြီးထွက်လာခဲ့တယ် နောက်တော့ Crystal ရဲ့ ဇာတ်ရှုပ်တွေကြောင့်ရော Roc ရဲ့ ဖောက်သည်တစ်ယောက်ကို ပြသနာရှာမိတာကြောင့်ရော စတိုးဆိုင်က ကောင်မလေး Sarah နဲ့လည်း ရည်းစားတွေ ဖြစ်သွားကြတာကြောင့် James တစ်ယောက် အဖွဲ့ထဲက ထွက်ဖို့ ဆုံးဖြတ်ခဲ့တယ် သူအဖွဲ့က မထွက်ခင် နောက်ဆုံးတစ်ခေါက် အနေနဲ့ Roc က သေနတ် အရောင်း ...
Jamesy Boy(2014) မြန်မာစာတန်းထိုး
Lagaan: Once Upon a Time in India (2001)
Lagaan: Once Upon a Time in India (2001) ဒီဇာတ်ကားလေးကတော့ Aamir Khan (pk..3iIdiot မင်းသား) ပါဝင်သရုပ်ဆောင်ထားပြီး IMDB (8.2/10) Rotten Tomatoes (95%) ထိရရှိထားတဲ့အတွက် ဇာတ်ကားကောင်းတစ်ကားအဖြစ် လက်တို့ပြောလိုက်ချင်ပါတယ်။Lagaan ဆိုတာ မြန်မာလိုတော့ ဆက်ကြေးလို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။(Lagaan ဇာတ်လမ်းအကျဉ်း)အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးမရသေးမီအချိန်မှာ အင်္ဂလိပ်တွေရဲ့ လက်ဝါးအုပ်ကြီးစိုးမှုဒဏ်ကို တောင်သူလယ်သမားတွေ အလူးအလဲခံခဲ့ရတယ်။ ချန်ပါးနေးလ် ဆိုတဲ့ရွာလေးက လယ်သမားတွေလည်းအပါအ၀င်ပေါ။့ချန်ပါးနေးလ် ရွာသားတွေဟာရသမျှ စပါးထဲကတစ်ပုံကို ဘုရင်ကိုဆက်သ ဘုရင်မှတစ်ဆင့် နယ်ချဲ့တွေဆီ အခွန်ပေးခဲ့ရတယ်။မိုးရာသီတစ်ခုမှာတော့ ဥတုကဖောက်ပြန်လို့ မိုးကမရွာ စပါးကမသန်လို့ အခွန်ဆောင်ဖို့ စိတ်ပူခဲ့ရတယ်။အဲ့ဒီအတောအတွင်းမှာလည်းအခွန်နှစ်ဆပေးဆောင်စေရန် ဘုရင်ရဲ့အမိန့် ကလည်း နာကြားစေခဲ့တယ်။ရွာသားတွေကလည်းမတတ်သာသည့်အဆုံး ဘုရင့်ဆီ အသနားခံရန်သွားရောက်ခဲ့ကြလေသည်။ရွာသားတို့ ရောက်သွားချိန်သည် ကပ္ပတိန်ရာဆယ်လ် ဦးဆောင်သော ခရစ်ကတ်အသင်းတို့ ကစားနေသည့်အချိန်နှင့် တိုက်ဆိုင်နေရာ ခေတ္တစောင့်ပေးရန် ဘုရင့်ဆီမှ အကြောင်းကြားခဲ့သည်။ထိုအချိန်တွင် ဘဟူဘန် (Aamir Khan) လူငယ်လေးက မခံရပ်နိုင်ကာခရစ်ကတ်ဆော့ခြင်းအား အလကားဂိမ်းသာသာဟု မြည်တွန်ခဲ့လေသည်။ထိုစကားအား ကပ္ပတိန်ရာဆယ်လ် ကြားလေလျှင် ဘဟူဘန် အားခေါ်၍ သူ့အသင်းအား အနိုင်ကစားနိုင်ပါက အခွန်ရှောင်ခွင့် သုံးနှစ်ပေးမည် ရှုံးလျှင်မူအခွန်အဆ သုံးဆပေးမည်ဟု စိန်ခေါ်လောင်းကြေးထပ်ခဲ့သည်။ ဘဟူဘန် ကလည်းသဘောတူ၍နောက်သုံးလပြီးလျှင် ယှဉ်ပြိုင်ရန် ချိန်းဆိုခဲ့ကြသည်။မဖြစ်နိုင်ခြင်းကို စိန်ခေါ်တတ်သော ဘဟူဘန်/ ဘဟူဘန်ရှုံးနိမ့်မည်ဟု မှတ်တွက်ထားသော ...
movie
Lagaan: Once Upon a Time in India (2001)
Beastly (2011)
Beastly (2011) 2011 မှာ ထွက်ရှိခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး IMDb Rating 5.6 ရရှိထားပါတယ်..ရိုက်ကူးတင်ဆက် တဲ့ဒါရိုက်တာကတော့ Daniel Barnz က ဖြစ်ပါတယ်..သရုပ်ဆောင်တွေအဖြစ် Alex Pettyfe ( I am Number Four ) ကားမှ မင်းသားနဲ့အတူ Vanessa Hudgens က ပါဝင်သရုပ်ဆောင်ထားပြီး.. ကျွန်တော့်အမြင်အရတော့ တော်တော်မိုက်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်...Kyle Kingson ဟာ ရုပ်ရည်ချောမောတဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်..သူ့ရဲ့ချောမောတဲ့ရုပ်ရည် ကြောင့် စိတ်ဝင်စားတဲ့မိန်းကလေးတွေအများအပြားလည်းရှိပါတယ်..ဂရင်းကုမ္မဏီရဲ့ဥက္ကငှလည်း ဖြစ်တဲ့အတွက် ကိုင်ကင်းဆန် ဟာ မာန်မာနထောင်လွားသလို သူများကိုလည်းနှိမ်တတ်ပါတယ်.. တစ်နေ့မှာတော့ ကင်ဆန်တစ်ယောက် စုန်းပညာတတ်တဲ့ မိန်းကလေးတစ်ယောက်ကိုလူပုံအလယ်မှာ ရုပ်ရည်နဲ့ပတ်သတ်ပြီးစော်ကားမော်ကားပြောဆိုမှုကြောင့် ထိုမိန်းကလေးက ကျိန်စာတိုက်လိုက်တဲ့အခါ အလွန်ရုပ်ဆိုးတဲ့လူထူးဆန်းပုံစံအဖြစ်ရုပ်ပျက်သွားပါတယ်..တစ်နှစ်အတွင်း သူ့ကို တကယ့်စိတ်ရင်းနဲ့ ချစ်တယ်လို့ ပြောတဲ့မိန်းကလေးတစ်ယောက်ပေါ်လာမှသာ ကျိန်စာကနေ လွတ်မြောက်မှာဖြစ်ပြီး တစ်နှစ်အတွင်းမတွေ့ခဲ့ရင်တော့ တစ်သက်လုံးဒီအတိုင်းနေရမှာပဲဖြစ်ပါတယ်.. ရုပ်အရမ်းဆိုးပြီးကြောက်စရာကောင်းသွားတဲ့ ကင်ဆန်ကို တကယ်ချစ်တဲ့ မိန်းကလေး ပေါ်လာမလာ.ဆိုတာ ရင်ခုန်စွာနဲ့ ဘယ်လိုတွေဖြစ်ပျက်မလဲဆိုတာ စောင့်ကြည်ရမှာပဲ ဖြစ်ပါတယ်..အပျင်းပြေကြည့်ချင်တဲ့သူတွေအတွက်ရော..ဇာတ်ကားကောင်းကြည့်ချင်တဲ့သူတွေအတွက် ရော ကျွန်တော်ကြည့်ဖို့အကြံပေးချင်ပါတယ်..ဇာတ်ကားကောင်းတစ်ကားပါ :)Filesize : 555 MB Quality : Blu-ray720p Format : mp4 Running Time : 86 minutes IMDb ...
movie
Beastly (2011)
The 13th Unit (2014) မြန်မာစာတန်းထိုး
The 13th Unit (2014) မြန်မာစာတန်းထိုး CM ပရိတ်သတ်တွေအတွက် ဒီနေ့ သရဲကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်..2014 ထဲမှာထွက်ရှိထားပြီး ဒါရိုက်တာ Theophilus Lacey က ရိုက်ကူးတင်ဆက်ပေးထားခြင်းဖြစ်ပါတယ်..သဲထိတ်ရင်ဖိုဇာတ်လမ်းကြိုက်နှစ်သက်သူများအတွက်ကြည့်ရတာအဆင်ပြေမယ့်ဇာတ်ကားမျိုးဖြစ်ပြီးနှလုံးရောဂါရှိသူများ..ကလေးသူငယ်များမကြည့်သင့်ပါ ။။။ဇာတ်လမ်းကတော့ လူခုနှစ်ယောက် မြေအောက်က အခန်းတခုမှာ တပြိုင်နက်ပိတ်မိကြပြီးသူတို့ကိုယ်သူတို့လွတ်မြောက်ဖို့ကြိုးစားကြတဲ့အခါ ဘယ်လိုတွေကြုံတွေ့ကြမလဲ..ဘယ်လိုအထူးအဆန်းတွေနဲ့ရော ရင်ဆိုင်ရမှာလဲ.သဘာဝလွန်နေတဲ့ ဘယ်လိုအရာမျိုးနဲ့တွေ့ကြုံရမှာလဲဆိုတာကိုစိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်Filesize : 890 MBQuality :1080pFormat : mp4Running Time : 1hr 19 minSubtitle : Myanmar Subtitle ( hardsub )Encoded By LKDownload And Watch With Pcloud Link 
The 13th Unit (2014) မြန်မာစာတန်းထိုး
The Illusionist (2006)
The Illusionist (2006) 2006 ခု နှစ် မှာထွက်ရှိခဲ့တဲ့ The Illusionist ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်..ဒီဇာတ်ကားကို ရိုက်ကူးတင်ဆက်ထားတဲ့ ဒါရိုက်တာကတော့ Neil Burger ဖြစ်ပြီး ဒီဇာတ်ကားဟာ အောင်မြင်မှုတွေနဲ့ ပရိတ်သတ်ရဲ့စိတ်ဝင်စားမှုကိုပါ ရယူနိုင်ခဲ့ပါတယ်...IMDb Rating မှာလည်း 7.6 အထိ ရရှိထားလို့ ဇာတ်ကားကောင်းတစ်ကားဆိုတာငြင်းချက်ထုတ်စရာမရှိပါဘူး..မင်းသား Edward Norton ပါဝင် သရုပ်ဆောင်ထားပါတယ်..မျက်လှည့်ဇာတ်ကားဖြစ်ပါတယ်ကျွန်တော့်အမြင်အရပြောရမယ်ဆိုရင်လည်း  ဒီဇာတ်ကားဟာ Now You See Me တို့ houdini တို့ ဇာတ်ကားပြီးရင် ကျွန်တော့်အကြိုက်ဆုံးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်..CM ပရိသတ်တွေလည်း ကြိုက်နှစ်သက်အောင်မျှဝေခံစားလိုက်ပါတယ်.. Filesize : 663 MB Quality : 720p Format : mp4 Running Time : 110 minSubtitle : Myanmar Subtitle ( Hardsub ) Encoder : LKDownload And Watch With Pcloud Link  
movie
The Illusionist (2006)
Talaash (2012) 7.2
Talaash (2012) ၀ိညာဉ် ရှိတာ ယုံနိုင်မလားဆိုတဲ့ မေးခွန်းမျိုးအမေးခံရဖူးလား မိတ်ဆွေ ???? သိပ္ပံပညာ ထွန်းကားနေတဲ့ခေတ်မှာ ပရလောက ကိုလက်မခံလည်းမရဘူးဆိုတာကို ဒီဇာတ်ကားလေးက ပြောပြနေမှာပါ။ IMDB 7.3/10 ရရှိထားတဲ့အတွက် အတော်အတန်အောင်မြင်ထားတဲ့ ဇာတ်ကားလေးလို့ ဆိုနိုင်ပါသေးသည်။ (ဇာတ်လမ်းအကျဉ်း) ညတစ်ညမှာပေါ့ ။ ရုပ်ရှင်မင်းသား အမန်ကပူးဟာ အက်စီးဒင့်ဖြစ်ပွားခဲ့ပြီး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားတဲ့နေရာကလည်း လူခြေတိတ် နေပြီး လမ်းကလည်း အရှင်းသားဖြစ်နေပါတယ်။ ဒီအဖြစ်ဟာ သမရိုးကျတော့မဖြစ်နိုင်ဘူးဆိုတာကို အင်စပက်တာ Surjan ကသုံးသပ်လိုက်ပါတယ်။ Surjan ဟာ ထူးချွန်တဲ့ ရဲမှူးတစ်ဦးဖြစ်ပြီး လက်အောက်ငယ်သားတွေရဲ့ လေးစားမှုကို အပြည့်အ၀ရရှိထားသူပါ။ ထို့နောက် အမန်ကပူးသေဆုံးမှုကိုဖော်ထုတ်ရန် Surjan ကြိုးပမ်းခဲ့တယ်။ တစ်ဖက်မှာလည်း ရှရှီ ဆိုတဲ့ပြည့်တန်ဆာခေါင်း ဟာလည်း အမန်ကပူးသေဆုံးမှုကို ကြားရှိပြီးနောက် သူရဲ့အိမ်ကနေ ထွက်ပြေးရှောင်ပြေးဖို့ ကြိုးပမ်းခဲ့ပါတယ်။ ရှရှီမှာ ခြေတစ်ဖက်မသန်တဲ့ တပည့်လေးတစ်ယောက်ရှိပါတယ်။ သူ့နာမည်က တာမြူး။ ရှရှီဟာ သူရဲ့အသုံးအဆောင်တွေကိုထုပ်ပိုးရင်း နေရာရှောင်ခဲ့ပါတယ်။သူ သုံးနေတဲ့ဆင်းကဒ်ကိုလည်း အသစ်ပြောင်းသုံးခဲ့ပါသေးတယ်။ ထိုအချိန်မှာတော့ လွင့်ပစ်လိုက်တဲ့ ဆင်းကဒ်ကို တာမြူးအသုံးပြုလေသော်အခါ ။ ဘာတွေဆက်ဖြစ်မှာလဲ။ ဘာတွေကွင်းဆက်ပေါ်လာမလဲ ဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပါ။ အင်စပက်တာ Surjan အကြောင်းထပ်ပြောရရင် သူဟာ မိသားစုရေးရာ စိတ်ထိခိုက်မှူ ရှိထားခဲ့သူပါ။ သူရဲ့သား ကရန်ဟာ ရေနစ်သွားခဲ့တာကြောင့် သူကိုယ်သူ့အပြစ်ရှိသလို မှတ်ယူထားသူပါ။ ဒါပေမဲ့ သူ့သားဝိညာဉ် ရှိနေတာကိုတော့ မယုံသူတစ်ဦးပါ။ သူ့မိန်းမကတော့ သူ့ဝိညာဉ်နဲ့ဆက်သွယ်ပြောဆိုလိုသူပါ။ တစ်နေ့မှာတော့ သူတို့အိမ်နီးချင်းတစ်ယောက်ဟာ သူတို့ရဲ့သား ကရန် ၀ိညာဉ်နဲ့တွေ့ဆုံသည်ဟု သတင်းကြားမိလေသည်။ ထိုအခါမှာ သူ့သားဝိညာဉ်နှင့်ဆက်သွယ်လိုသော Surjan မိန်းမ / အယုံအကြည်မရှိသော Surjan / သူတို့နှစ်ဦးကြား ပြဿနာတွေကလည်း Surjan အတွက် စိတ်ဖိစီးမှုများစေခဲ့ပါတယ်။ Surjan ဟာ အမန်ကပူးရဲ့ ...
movie
Talaash (2012)
The Three Stooges (2012) 5.1
The Three Stooges (2012) The Three Stooges (2012) IMDb - 5.1/10_____Rotten - 52%  The three stooges ဟာသဇာတ်ကားလေးပါ ၊၊ မိတ်ဆွေ သင်အမှန်တစ်ကယ် ဟာသဇာတ်ကားတွေ ကြိုက်ပါသလား၊၊ ဒီ ဇာတ်ကားကို ကြည့်ပါ၊၊ ဇာတ်လမ်းတစ်ခုလုံး မိုး၊ လယ်ရီ၊ ကယ်လီ ဆိုတဲ့ ဇာတ်ကောင်သုံးယောက်က သင့်ကို ကလိထိုးပေးပါလိမ့်မယ်၊၊  Church တစ်ခုမှာ တစ်ပြိုင်တည်း စွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးသုံးယောက်ဟာ ရောက်ရောက်ချင်းမှာတော့ sister တွေရဲ့ဆုလဒ် နတ်သားလေးသုံးပါးပေါ့၊၊ ဘာမှမသိ ချစ်စဖွယ်ကလေးတွေ၊၊ နောက်ဆယ်နှစ်အကြာမှာတော့ အနီးကပ်ပြုစုတဲ့ sister ကပြောတယ်၊၊ “ဒီသုံးယောက်ဘေးမှာ မနေနိုင်တော့လို့ မတော်တဆ ငါးမန်းကိုက်ခံရနိုင်တဲ့ ငါးဖမ်းသင်္ဘောမှာဘဲ အလုပ် လုပ်တော့မယ်တဲ့ ” အကုန်လုံး လက်လန်သွားရတဲ့ ငမွှေတွေဖြစ်သွားတယ်၊၊  ဒီလို အော်ကြောလန်သုံးယောက်က သူတို့ရဲ့ မတော်တဆအမှားတွေကြောင့် အကြွေးနစ်သွားရတဲ့ ဘုရားကျောင်းလေးကို မဖျက်သိမ်းရအောင် လိုတဲ့ပိုက်ဆံတွေကို ပြန်ရှာပေးဖို့ ကျိုးစားရင်း ကမောက်ကမ အဖြစ်တွေနဲ့ ရယ်ရမဲ့ ပျော်စရာ ဇာတ်ကားကောင်းလေးတစ်ခုပါ ၊၊    (ဇာတ်ကားအညွန်းရေးသူကတော့ ...
movie
The Three Stooges (2012)
2012
Genres
Archives