Channel Myanmar
New releases (2025)
Content at random
Movies
Hawwa Hawwai (2014) မြန်မာစာတန်းထိုး
Hawwa Hawwai (2014) မြန်မာစာတန်းထိုး ဒီဇာတ်ကားလေးကတော့ IMDB -7.5 ရရှိထားပြီး စိတ်ကူးဆန္ဒတွေရဲ့အောင်မြင်ခြင်းကို မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်း မုဆိုးမ တစ်ယောက်ရဲ့ သားလေး အာဂျွန်ဟာ လက်ဖက်ရည်ဆိုင်လေးရဲ့လုပ်သားလေးပေါ့။ ဒီ ဆိုင်လေးက စကိတ်ကွင်းလေးတစ်ခုမှာ တည်ရှိနေပြီး ညဘက်လိုလို စကိတ်စီး ကျင့်သူများလည်း လာလေ့ရှိတတ်ကြတယ်။တစ်ညမှာတော့ ဆရာလပ်ကီး ဦးဆောင်တဲ့ စကိတ်သင် ကျောင်းသားလေးတွေကို အာဂျွန် တွေ့ခဲ့ပြီး စကိတ်စီးချင်စိတ်ပြင်းပြလာခဲ့တယ်။ အာဂျွန်ရဲ့ စိတ်ဆန္ဒတွေကို ပံ့ပိုးပေးနေသူတွေက အာဂျွန်ရဲ့သူငယ်ချင်းကောင်း လေးဖော် ။ သူတို့တွေရဲ့ ၀င်ငွေဟာ စကိတ်တစ်ခုအတွက် မလုံလောက်ပေမဲ့ ဖြတ်ထိုးဥာဏ်အသုံးပြုခဲ့ပြီး အာဂျွန်အတွက် စကိတ်ဖိနပ် လက်ဆောင်ပေးခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ ဆရာလပ်ကီးကိုယ်တိုင် သင်ကြားပေးခဲ့ပြီး အာဂျွန်ရဲ့ အိပ်မက်ကို ပုံဖော်ပေးခဲ့ကြသည်။ ထို့ပြင် စကိတ်ပြိုင်ပွဲတွင်ပါ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် လေ့ကျင့်ပေးခဲ့သည်။ အဲဒီနောက်မှာတော့ -----????? ကဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ ရင်ခုန်ကြည့်ရှုလိုက်ပါဦး။ အပြောင်းအလဲတစ်ခုကြောင့် ဇာတ်လမ်းရဲ့ပြကွက်တွေကလည်း အထင်းသား ရုပ်လုံးပေါ်လာစေခဲ့ပါတယ်။  ...
Hawwa Hawwai (2014) မြန်မာစာတန်းထိုး
Heaven Is For Real (2014) မြန်မာစာတန်းထိုး
Heaven Is For Real (2014) မြန်မာစာတန်းထိုး Drama ဇာတ်လမ်းကောင်းကောင်းလေးတွေကြည့်ချင်နေကြတဲ့ ပရိတ်သတ်တွေအတွက်ပါဒီဇာတ်ကားက ဆွဲဆောင်သွားမယ်ဆိုတာအသေအချာပါပဲ...Todd Burpo နဲ့ Lynn Vicent တို့ရေးသားခဲ့တဲ့စာအုပ် Heaven is for real စာအုပ်ကို ဇာတ်လမ်းပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်မူရင်းစာအုပ်ဟာ 2010 New York Time မှာ အရောင်းရဆုံး စာအုပ်အဖြစ်လည်းမှတ်တမ်းဝင်ထားပါတယ်..ဒီဇာတ်ကားကိုတော့ 2014 မှာ ရိုက်ကူးပြီး ဒါရိုက်တာကတော့ Randall Wallace ဖြစ်ပါတယ်..IMDb Rate လည်း 5.8 ရရှိထားပါတယ်..သူတို့ပေးတဲ့အညွှန်းလေးအတိုင်း " It Will TouchYour Heart , Capture Your Mind And Ultimately Impact You Life Forever " ဆိုတဲ့စကားလေးကိုအရင်ခံစားပြီး သေချာကြည့်ရှုပါလို့အကြံပေးလိုက်ပါရစေFilesize : 570 MBQuality : Bluray720pFormat : mp4Run Time : 1h ...
Heaven Is For Real (2014) မြန်မာစာတန်းထိုး
Miracle in Cell No. 7 (2013) 8.2
Miracle in Cell No. 7 (2013)
Confessions: The Secret Of Machiko Matsuoko(2010)
Confessions: The Secret Of Machiko Matsuoko(2010) အခုတစ်လော ၁၈++ ဇာတ်ကားတွေ မတင်ဖြစ်တာ ကြာနေပြီမို့ Adult Movie ပရိသတ်တွေအတွက် ဂျပန်ကား တစ်ကား တင်ပေးလိုက်ပါတယ်။ဇာတ်လမ်း အကြောင်းပြောရမယ်ဆို Machikoက Music သင်ပေးတဲ့ ဆရာမတစ်ယောက်ဖြစ်ပြီး ခြေထောက်ကျိုးနေတဲ့ သူ့ အစ်မနဲ့ အတူ နေပါတယ်။ သူ့အစ်မ ခြေထောက်ကျိုးရတာက သူ့အပြစ်ကြောင့်လို့ ခံယူထားတာကြောင့် သူအစ်မက သူ့ကို ကျွန်လို သဘောထားဆက်ဆံတာတွေအကုန်လုံးကို သည်းခံရင်း နေထိုင်ခဲ့ရတာပါ။ဒီလိုနဲ့ နေလာရင်း တစ်ရက်မှာတော့ စိတ်တွေ မွန်းကျပ်နေတဲ့ Machiko တစ်ယောက် ကျောင်းသား တစ်ယောက်နဲ့ ဖောက်ပြန် မိပါတယ်။ သူတို့ ၂ယောက် ဖြစ်နေတာကို သူ့အစ်မ သိသွားတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမှာလဲ၊သူတို့ နှစ်ယောက်ကြားက လျို့ဝှက်ချက်ကရော ဘာတွေ များ ဖြစ်နိုင်လဲဆိုတာ စိတ်ဝင်တစား ကြည့်ရမှာပါ။ ဂျပန်ကားတွေ ထုံးစံအတိုင်း လိင်အသားပေး အခန်းတွေ ပါတာကြောင့် ...
movie
Confessions: The Secret Of Machiko Matsuoko(2010)
Tom and Jerry Special Collection
Tom and Jerry Special Collection ကဲ ပုံ​လေး​တွေကို မြင်​လိုက်​တာ နဲ့ ခပ်​များများ​တော့ ​ပြော ဖို့ လိုဦးမလားဗျ။ လူတစ်​​ယောက်​ကို မင်း ​ကြောင်​နဲ့ကြွက်​ ကား ကြိုက်​ လား လို့ ​မေးကြည့်​။ မကြိုက်​ဘူး ​ပြောရင်​ ​သေချာတယ်​ လိမ်​ တာပဲ။ တခြား ကာတွန်း ကား​တွေ နဲ့ မတူ ဘဲ ဘယ်​အချိန်​ ကြည့်​ကြည့်​ ဘာပြီးရင်​ ဘာဖြစ်​မယ်​ အလွတ်​ ရ​နေတာ​တောင်​မှ ထပ်​ကာထပ်​ကာ ကြည့်​ မရိုးဘူးဗျ။ လက်ဖက်သုတ်လို​ပေါ့။ ​ခဏခဏစား​နေရလည်း မရိုးနိုင်​တာမျိုး။ ​ကြောင်​နဲ့ကြွက်​ ကြည့်​ပြီးရင်​ စိတ်​လက်​ ​ပေါ့ပါးသွားတတ်​တာ ထုံးစံဗျ။ ကာတွန်း ဆွဲ ခဲ့တဲ့ လူ​တွေ ဂါထာ​တွေနဲ့ မန်းမှုတ်​ပြီး ဆွဲ ထားသ​လားမှတ်​ရတယ်​။ ဘယ်​​တော့မှ မမုန်းဘူးဗျ။ ​နောက်​တစ်​ခု ရယ်​ရတာက တခြားကား​တွေ violence and gore ...
movie
Tom and Jerry Special Collection
The Last: Naruto the Movie 2014 [ မြန်မာစာတန်းထိုး ]
The Last: Naruto the Movie 2014 [ မြန်မာစာတန်းထိုး ] The Last: Naruto the Movie ဟာ ၁၀ကားမြောက် Narutoရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး၊ ဇာတ်လမ်းတွဲရဲ့ ၁၅နှစ်ပြည့်အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြီးဆုံးသွားတဲ့မူရင်းပင်မမန်ဂဇာတ်လမ်းတွဲရဲ့ နောက်ဆက်တွဲအဖြစ်ရိုက်ကူးခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ဝင်ငွေယန်း၂ဘီလီယံရရှိခဲ့တဲ့ ဒီဇာတ်ကားဟာ ဝင်ငွေအကောင်းဆုံးစံချိန်တင်တဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး၊ ပရိသတ်များအကြိုက်စုံတွဲဖြစ်တဲ့ Naruto နဲ့ Hinata တို့ရဲ့ အချစ်ဇာတ်လမ်းကိုအသားပေးထားပါတယ်။ဒီမြန်မာစာတန်းထိုးဇာတ်ကားမှာတော့ မြန်မာစကားဖြင့်ဆီလျော်အောင် အတတ်နိုင်ဆုံးဘာသာပြန်ဆိုထားပြီး၊ ဂျပန်အမည်များကအစ အချို့သောစကားလုံးများကို မူရင်းလည်းမပျက်အောင် နဲ့ အဓိပ္ပာယ်ပေါ်လွင်အောင် မြန်မာစကားလုံးများသီးသန့်ဖြင့် ပြန်ဆိုထားပါတယ်။ Animeဇာတ်လမ်းတွဲများကိုအခြားသောဘာသာစကားတွေနဲ့လည်း Localization ကိုကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်နေကြပြီဖြစ်တဲ့အတွက် မြန်မာဘာသာပြန်ဆိုမှုအနေနဲ့လည်း ဒီထက်ပိုလက်ခံလာကြအောင် တစ်နည်းနည်းနဲ့ အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။File က HD နဲ့ small file size နှစ်မျိုးရှိပါတယ်။ ...
The Last: Naruto the Movie 2014 [ မြန်မာစာတန်းထိုး ]
Turbo Kid(2015) မြန်မာစာတန်းထိုး
Turbo Kid(2015) မြန်မာစာတန်းထိုး ၈၀ ပြည့်​နှစ်​​တွေ ရဲ့ သိပ္ပံ ဇာတ်​လမ်းပုံစံ မျိုး ခဏ​လောက်​ ပြန်​သွား ကြည့်​ကြစို့ဗျာ။ ရုပ်​ရှင်​က အသစ်​ဖြစ်​​ပေမယ့်​ အတိတ်​ က ပုံစံ​လေး​တွေ ယူပြီး ရိုက်​ကူးထားတာပါ။ ကာတွန်း စာအုပ်​​တွေ အ​ပေါ် စွဲလမ်းလွန်းတဲ့ ​ကောင်​​လေး တစ်​​ယောက်​ဟာ သူဖတ်​​နေကြ ရုပ်​ပြဇာတ်​လမ်း​တွေ ထဲကလို အဖြစ်​မျိုး နဲ့ ကြုံ လာရတဲ့ အချိန်​မှာ ကြုံ​တွေ့ ရမယ့်​ အဖြစ်​အပျက်​​တွေကို တင်​ဆက်​ထားတာပါ။ သူ​ကြောက်​ခဲ့ရတဲ့ မိစ္ဆာ ​တွေ ကို သူဖြစ်​ချင်​တဲ့ လူစွမ်း​ကောင်း​နေရာက​နေ နှိမ်​နင်းရ​တော့မှာပါ။ ရုပ်​ရှင်​ရဲ့ ရှုခင်း​တွေ ကို စွန့်​ပစ်​​မြေ ​တွေ အ​ဆောက်​အအုံ ​ဟောင်း ​တွေ နဲ့ ​နောက်​ခံယူထားပါတယ်​။ လုံးဝကို နျူကလီးယား စစ်​ လိုမျိုး ​တွေ ဖြစ်​ပြီး ​ခြောက်​ခမ်း ​နေတဲ့ ပုံစံ ...
Turbo Kid(2015) မြန်မာစာတန်းထိုး
Another Cinderella Story (2008)
Another Cinderella Story (2008) မင်းသမီး ဆလီနာဂိုးမက်ကြောင့် ဒီဇာတ်ကားကိုကြည့်ဖြစ်တယ်။ သူမ ၁၆ နှစ်သမီးတုန်းက သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပေမယ့် အရွယ်နဲ့မလိုက်အောင် သရုပ်ဆောင်သွားပြီး အက ကွက်တွေလဲ သပ်ရပ်ပါတယ်။ ပုံမှန်တော့ စင်ဒရဲလားဇာတ်ကားတွေကို ပျင်းလို့ ကျွန်တော်ကြည့်လေ့မရှိပါ။ ဒါပေမယ့် ဒီဇာတ်ကားကတော့ ခေတ်သစ်စင်ဒရဲလားအဖြစ် ပုံပြင်ထဲက ကွဲထွက်ပြီး မပျင်းမရိအောင် ခေါ်ဆောင်သွားနိုင်ပါတယ်။ IMDb Rating မှာ (5.9/10) ပဲရရှိထားပေမယ့် Rotten Tomatoes မှာတော့ 75% ထိ Rating ပေးထားပါတယ်။ ဆလီနာဂိုးမက် ပရိတ်သတ်ပဲဖြစ်ဖြစ် Musical ဇာတ်ကားတွေကိုနှစ်သက်သူတွေဖြစ်ဖြစ် ကြည့်သင့်ပါတယ်။ "သင့်မှာ စွမ်းရည်တွေရှိနေရင် အိမ်မက်တွေက တကယ်ဖြစ်လာမှာပါ။" (မြန်မာစာတန်းထိုးကိုတော့ Kyaw Htwe မှ တင်ဆက်ထားတာပါ။)File size...(900MB) Quality...BR-Rip 720p Format...mp4 Duration....01:31:54 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung  နမူနာကြည့်ရန်
movie
Another Cinderella Story (2008)
Parts Per Billion / Pihu (2014)
Parts Per Billion / Pihu (2014) ဒီကား​လေးက​တော့ ထိတ်​လန့်​ တုန်​လှုပ်​ဖွယ်​ရာကို ရိုက်​ပြထားသလိုနဲ့ တကယ်​တမ်း ချစ်​သူစုံတွဲ ​တွေရဲ့ relationship ကို ချပြ ထားတဲ့ကား​လေးပါ။ အဓိက ​ကျောရိုး ကို​တော့ ဇီဝ​ဗေဒ ဆိုင်​ရာ ပြဿနာ က စတဲ့ ပုံစံယူထားပါတယ်​။ လူသား​တွေ ​ကြောင့်​ ဖြစ်​တဲ့ ဇီဝ ​ဘေးအန္တရာယ်​ ကြား က​နေ စုံတွဲ သုံးတွဲ ဟာ အသက်​လု ကြရင်း တစ်​ဦး အ​ပေါ် တစ်​ဦး ဘယ်​လို ​ဖေးမ ကြတယ်​ ဆိုတာ ​တွေ, relationship တစ်​ခုရဲ့ ကြည်​နူးစရာ​တွေ ဖြစ်​တတ်​တဲ့ က​တောက်​ကဆ ​လေး​တွေကို ပြသ ထားတာပါ။ ပိုစတာ ကို ကြည့်​ရင်​ ကမ္ဘာ့​နောက်​ဆုံး ​နေ့ရက်​​တွေ အ​ကြောင်း ရိုက်​ထားသလို စိတ်​ကူးယဉ်​ သိပ္ပံဇာတ်​လမ်းလို ​တွေ မဟုတ်​ပါဘူး။ drama ...
movie
Parts Per Billion / Pihu (2014)
Who Am I: No System Is Safe (2014) 7.6
movie
2014
Instructions Not Included(2013) မြန်မာစာတန်းထိုး
Instructions Not Included(2013) မြန်မာစာတန်းထိုး ငယ်စဉ်က အဖေဖြစ်သူဆီကနေ အကြောက်တရားမျိုးစုံကို မကြောက်စေဖို့ ထိန်းကျောင်းခံလာရတဲ့ ဗယ်လယ်တိုင်း ဆိုတဲ့သူ တစ်ဦးကြီးပြင်းလာတဲ့အခါ မိန်းမတွေနဲ့ ရှုပ်ပွေ ပြီးတော့ အချစ်ဆိုတာ ပေါ့ပျက်ပျက်ထားခဲ့ပြီး လက်ထပ်ဖို့တော့ အရမ်းကြောက်တဲ့ သူဖြစ်ပါတယ် တနေ့မှာတော့ သူ့အိမ်ရှေ့ကို သူနဲ့ အရင်က တွဲခဲ့တဲ့ မိန်းမတယောက်က ကလေးလေး တယောက်နဲ့ အတူ ရောက်လာပြီး သူ့ကလေးလို့ ပြောပြီး ကလေးကို ထားခဲ့ပြီး ထွက်ပြေးသွားခဲ့တယ်သူကတော့ ကလေးကို လဲ မလိုချင်တော့ သူ့အမေကို ပြန်ပေးဖို့ မက္ကဆီကိုကနေ ကားတစ်တန် ကုန်းကြောင်းတစ်တန်နဲ့ အမေရိကားကို လာခဲ့ပါတယ် လမ်းခရီးမှာ ကလေးနဲ့ သံယောဇဉ်တွယ်လာပြီး နောက်ပိုင်း ကလေးကို ပြုစု စောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်အမြင့်ကို ကြောက်တတ်တဲ့Valentin ဟာ ကလေး သံယောဇဉ်ကြောင့် စတန့် သမား ...
Instructions Not Included(2013) မြန်မာစာတန်းထိုး
[18+] Don’t Look Down (2008) 6.0
[18+] Don’t Look Down (2008)  ဒီဇာတ်ကားလေးကတော့ နည်းနည်းလေးတော့ ဆန်း တယ် လို့ ဆို ရမှာပါ။ ဆန်းတော့လည်း အညွှန်း ကို ရေးမထိ လောက် အောင် ပါပဲ။ အဖေ နဲ့ သား ရဲ့ သံယောဇဉ်။ အဖေ ဖြစ်သူ အပေါ်သားတစ်ယောက်ရဲ့ ချစ်ခင်မှု။ ရုတ်တရုတ် အဖေ့ကို ဆုံးရှုံး လိုက်ရတဲ့ အခါ ဖြေမဆည်နိုင်ဖြစ်ရတဲ့ ခံစားမှု , စိတ်ခံစားမှု နဲ့ လိင်မှု, လူတစ်ယောက်မှာ လိင်မှုုရေးရာ ဟာ ဘယ်လောက် အရေးပါတယ် ဆိုတာ ချပြထားတဲ့ ဇာတ်ကား ကောင်း တစ်ကားပါ။ စိတ်ပညာ အကြောင်းအရာ လိင်မှုရေးရာ အကြောင်းအရာ တွေကိုပါ ခပ်ပါးပါး လေး ပညာပေးထားတဲ့ ဇာတ်ကားလေးပါ။အသက်အရွယ် ရလာတဲ့ အချိန် ယောကျ်ားတစ်ယောက် ရဲ့ စွမ်းဆောင်ရည်တွေ အမြင့်ဆုံး ရောက်နေတဲ့ ...
movie
[18+] Don’t Look Down (2008)
2008
Dhobi Ghat (2010) မြန်မာစာတန်းထိုး
Dhobi Ghat (2010) မြန်မာစာတန်းထိုး ဒီကားလေးကတော့IMDB rating 7.2/10ရရှိထားပြီး ဒရမ်မာ ဆန်ဆန်လွမ်းမောဖွယ် ကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ Pk မင်းသားပါဝင်သရုပ်ဆောင်ထားပြီးလူနေမှုဘ၀အဆင့်အတန်းကို မီးမောင်းထိုးပြပေးတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။ဇာတ်လမ်းအကျဉ်း➳ ➳ ➳ ➳ ➳အာရွန် ဆိုတဲ့ ပန်းချီဆရာလေးဟာတိုက်ခန်းငယ်တစ်ခုဆီ ငှါးရမ်းနေထိုင်ဖို့ ပြောင်းရွှေ့လာခဲ့ပါတယ်။သူငှားနေတဲ့ရပ်ကွက်ကတော့မွန်ဘိုင်းရဲ့အခြေခံလူတန်းစားရပ်ကွက်လေးပေါ့အတိတ် မှာဖြင့်အာရွန် ဟာ သူ့မိန်းမနဲ့ကွာရှင်းခဲ့ပြီးနာက်စိတ်ဒဏ်ရာရရှိခဲ့သူတစ်ဦးဖြစ်လာခဲ့ရတယ်။အဲဒီနောက် သူဟာ မိန်းကလေး များနှင့်ခပ်ခွာခွာ နေလာခဲ့ရသူ ဖြစ်လာခဲ့တယ်။ဒါပေမဲ့မွန်ဘိုင်း တိုက်ငယ်ဆီ မပြောင်းခင်တုန်းကပေါ့။အာရွန်ဟာ ရှိုင်း ဆိုတဲ့ကောင်မလေးနဲ့ဆုံဆည်းခဲ့ပါသေးတယ်။ရှိုင်း ဟာ ရင်းနှီးမြုပ်နှံသူတစ်ဦးဖြစ်ပြီးသူမရဲ့ ၀ါသနာအရ ဓာတ်ပုံရိုက်ခြင်းမှာဝါသနာထုံသူတစ်ဦးပါ။တစ်နေ့ မှာ အာရွန်ရဲ့ ပန်းချီ ပြပွဲသွားရင်းရှိုင်းဟာ အာရွန်ကို ခင်မင်ရင်းနှီး သွားပါတယ်။အဲ့ဒီနောက် ရှိုင်းကတော့ အာရွန်ကိုတိတ်တခိုးချစ်မိသွားပါတော့တယ်။ဒီ ဇာတ်ကားရဲ့ နောက်ဇာတ်ကောင်လေးကတော့မူနာ ဆိုတဲ့ အ၀တ်လျှော်သမားလေးပါ။သို့ပင်သူ့မှာ ရုပ်ရှင်မင်းသားဆိုတဲ့ အိပ်မက်လေးလည်းရှိထားနှင့်ခဲ့ပါတယ်။တစ်နေ့မှာ မူနာ ဟာ ရှိုင်းတို့တိုက်ခန်းဆီ အ၀တ်သွားပို့တဲ့ချိန်မှာတော့ အာရွန်ရဲ့အကျီင်္ကို မှားပို့မိပါတယ်။ ရှိုင်းကတောူ့အာရွန့်လိပ်စာကိုမေးမြန်းစုံစမ်းရင်း အာရွန်ရဲ့လှုပ်ရှားမှုပုံရိပ်တွေကို ဓာတ်ပုံခိုးရိုက်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့မူနာလည်း ရှိုင်း နဲ့ ...
Dhobi Ghat (2010) မြန်မာစာတန်းထိုး
God’s Not Dead(2014) မြန်မာစာတန်းထိုး
God’s Not Dead(2014) မြန်မာစာတန်းထိုး God's not dead ဒီကား​လေး ဟာ နာမည်​ နဲ့ လိုက်​​အောင်​ပဲ ဘာသာ​ရေး ဇာတ်​ကား ​လေးပါ။ အဓိက က​တော့ ခရစ်​ယာန်​ ဘာသာ​ရေး ဇာတ်​ကား လို့ ​ပြောလို့ရပါတယ်​။ ခရစ်​ယာန်​ ဘာသာ​ရေး ကားဆို​ပေမယ်​လို့ ဒီကားမှာ လူသား တစ်​ဦး ရဲ့ သူ ၏ ကိုးကွယ်​ ရာ ဘုရား ကို သက်​ဝင်​ ယုံကြည်​မှု, ဘုရား အ​ပေါ်ယုံကြည်​မှု နဲ့ ကိုယ့်​ ကိုယ်​တွင်း သန္တာန်​ က စိတ်​ ခွန်​အား ဆက်​စပ်​ပုံ, ​တွေကို ချပြထားတာ​ကြောင့်​ ဘယ်​ဘာသာဝင်​မဆို ကြည့်​ဖို့ အဆင်​​ပြေ ပါတယ်​။ ဇာတ်​အိမ်​ကို​တော့ ခရစ်​ယာန်​ ဘာသာဝင်​ ဘာသာတရား ကိုင်းရှိုင်းတဲ့ ​ကောလိပ်​ ​ကျောင်းသား​လေးတစ်​​ယောက်​နဲ့ ဘာသာမဲ့ ဆရာ တို့ရဲ့ အားပြိုင်​မှု​လေးနဲ့ ...
God’s Not Dead(2014) မြန်မာစာတန်းထိုး
Genres
Archives