Channel Myanmar
New releases (2025)
Content at random
Movies
Volver(2006) မြန်မာစာတန်းထိုး
Volver(2006) မြန်မာစာတန်းထိုး ဇာတ်လမ်းကတော့ မိသားစုအိမ်တွင်းရေးတွေကို စိတ်ဝင်စားအောင်ရိုက်ထားတဲ့စပိန်ဇာတ်ကားလို့ပဲဆိုပါတော့ မင်းသမီး ရန်မန်ဒါဟာ မိသားစုအတွင်းရေးတွေလည်း ရှုပ်ထွေးနေပြီးတော့ အလုပ်ကိုလည်း အနိုင်နိုင်လုပ်ကိုင်နေရရှာတယ်.... ဇာတ်လမ်းစတာကတော့ သူ့သမီးကို သူ့ရဲ့နောက်ယောက်ျားက အဓမ္မကျင့်ဖို့ ကြိုးစားရာက သူ့သမီးက ပထွေးက သတ်လိုက်တာပဲ... ထိုကိစ္စတွေ ဖြစ်နေချိန်မှာ သူချစ်ရတဲ့ အဒေါ်ကလည်း ဆုံးပါးသွားတယ်... ဒီကြားထဲမှာမှ မထင်မှတ်တဲ့ ကိစ္စတွေပါ ထပ်မံရောထွေပေါ်လာတဲ့အချိန်မှာတော့ မိသားစုရေးရာကိစ္စတွေကို ရန်မန်ဒါတယောယက်ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါ စပိန်ဇာတ်ကားဆိုပေမယ့် IMDb rating 7.2 အထိ ရရှိထားပါတယ်File Size         : 950 MBQuality           : Blu ray 720PRunning Time : 2hr 1 minuteFormat           : Mp4Genre             : Comedy,Crime, DramaEncoder         : Joker.phsDownload And watch With Pcloud Link ...
Volver(2006) မြန်မာစာတန်းထိုး
Love’s Coming (2014)
Love’s Coming (2014) ရုပ်ရှင်ကားတွေမှာ rating သတ်မှတ်ချက်တွေ ဘယ်လောက်ပဲကောင်းကောင်း ရုပ်ရှင်ကြည့်သူအကုန်လုံးနဲ့တော့အံဝင်ဂွင်ကျဖြစ်လေ့မရှိပါဘူး... ကိုယ်ပိုင်စိတ် ကိုယ့်ခံယူချက်အတိုင်းဇာတ်ကောင်တွေကိုနှစ်သက်တယ်မနှစ်သက်ဘူးဆိုနိုင်သလို ဇာတ်လမ်းတစ်ခုအနေနဲ့ပဲကြည့်နိုင်သူတွေလည်းရှိပါတယ်...ဒီတော့ဇာတ်လမ်းကိုအရင်ညွှန်းပေးပါ့မယ်...အိမ်နီးချင်းကောင်လေးနှစ်ယောက်ဖြစ်တဲ့ Gump နဲ့ Nai တို့မှာ စာညံ့တဲ့ Nai ကိုစာပြပေးဖို့ Gump ဟာနေ့စဉ်လို Nai ရဲ့အိမ်ကိုသွားရတာဟာ Gump ရဲ့သူငယ်ချင်းတွေမှာသံသယတွေဖြစ်လာစေပါတယ်... အဲ့ဒီအတွက် သံသယဝင်နေတဲ့သူငယ်ချင်းသုံးယောက်ဟာ Gump ရဲ့အမှန်တရားကိုသိဖို့အတွက် နည်းလမ်းတွေရှာဖွေလာပါတော့တယ်... အရင်းဆုံးသူငယ်ချင်းတစ်ယောက်ရဲ့ဦးလေးဆီမှာအကူအညီတောင်းပြီးသူ့ရဲ့နည်းလမ်းတွေအတိုင်းစမ်းသပ်ပါတော့တယ်... ပထမနည်းလမ်းကအဆင်မပြေခဲ့သလို ဒုတိယတစ်ခုကလည်း ပုံမလာခဲ့တဲ့နောက် စိတ်ပျက်စပြုလာတဲ့သူငယ်ချင်းသုံးယောက်ဟာ နောက်ဆုံးနည်းလမ်းအတိုင်း Gump နဲ့ Nai ကိုပါခေါ်ပြီးခရီးတစ်ခုထွက်ကြပါတော့တယ်... အဲ့ဒီမှာတော့ ပုံမှန်အတိုင်းမဟုတ်ပဲ သူငယ်ချင်းသုံးယောက်ဟာ ဝှက်ဖဲတစ်ခုထုတ်သုံးခဲ့တဲ့နောက် ဘာဆက်ဖြစ်မလဲဆိုတာတော့...ကဲ ဒီတစ်ခါဇာတ်ကားတစ်ခုလုံးကိုသုံးသပ်ပြပါ့မယ်... 2014 ခုနှစ်ရဲ့ gay movie ကားကောင်းတစ်ကားဖြစ်ပြီး ပုံမှန်သတ်မှတ်ချက် IMDB rating 6.7 အထိရထာပြီး 8.1 နယ်ပယ်အထိတက်လာခဲ့ပါတယ်... Comedy, Romance အမျိုးအစားဖြစ်တဲ့အတွက် Mario Maurer ရဲ့ ...
movie
Love’s Coming (2014)
Diary of a Nymphomaniac (2008) (18++)
Diary of a Nymphomaniac (2008) (18++) ဇာတ်ကားရဲ့နာမည်က Diario de una Ninfómana (Diary of a Nymphomaniac (or) Diary of a Sex Addict) လို့ အဓိပ္ပာယ်ရပါတယ်။ စပိန်စကားပြော ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ပြင်သစ်စာရေးဆရာ Valérie Tasso ရဲ့ နာမည်ကျော်ဝတ္ထုကို ပြန်ရိုက်ကူးထားတာပါ။Valérie ဆိုတဲ့ စပိန်ရောက် ပြင်သစ်သူလေးဟာ အသက် ၁၅ နှစ်အရွယ်မှာ သူရဲ့ အပျိုစင်ဘဝကို စွန့်လွှတ်လိုက်ပါတယ်။ သူနဲ့ သူ့ချစ်သူကောင်လေးတို့ ပျော်ပွဲစားခရီးတစ်ခုမှာ အပျော်တွေလွန် နယ်တွေကျွံခဲ့ကြပါတယ်။ အဲဒီအချိန်ကစလို့ သာယာမှုကို အလွန်အမင်း မက်မောသွားရှာတဲ့ Valérie တစ်ယောက် သာယာမှုနောက်ကို တကောက်ကောက်လိုက်လို့ အပျော်တွေ ရှာပါတော့တယ်။Valérie ရဲ့ လိုအင်ဆန္ဒတွေဟာ ဘယ်သောအခါမှ ပြည့်စုံခြင်းမရှိပါဘူး။ တောင့်တမြဲ တောင့်တဆဲပါပဲ။ အရွယ်ရောက်လို့ အိမ်ထောင်ကျသွားတဲ့အခါ ဆန္ဒရမက်ပြင်းထန်တဲ့ သူ့ကို သူ့ခင်ပွန်းဖြစ်သူကတောင် သည်းမခံနိုင်တော့ပါဘူး။အိမ်ထောင်ကွဲလို့ တစ်ခုလတ်ဖြစ်သွားတဲ့နောက် Valérie တစ်ယောက် နောက်ထပ် ခပ်ချောချော ကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံမိပါတယ်။ အဲဒိကောင်လေးကိုတော့ သူ့ခမျာ အရူးအမူးချစ်ပြီး ...
movie
Diary of a Nymphomaniac (2008) (18++)
The Protector (2005)
The Protector (2005)  ဒီဇာတ်ကားကတော့ အားလုံးသိပြီးသားဖြစ်တဲ့ Tony Jaaရဲ့ အရင်ကဇာတ်ကား‌လေးပါပဲ။ အငယ်ကခေါ်သလိုဆိုရင်တော့ ဆင်ခိုးကားပေါ့။ IMDb 7/10 ရရှိထားပြီး Fightingပိုင်းတွေကတော့ ပြောစရာမလိုအောင်ကို ကောင်းပြီးသားပါ။ဇာတ်လမ်းအညွှန်းကတော့ ခမ်းမ်ဟာ မွေးကတည်းက ဆင်တွေနဲ့ပဲအတူကြီးပြင်းလာတဲ့ကောင်လေး‌တစ်ယောက်ပေါ့။ သူ့ရဲ့မိသားစုဆိုတာကလဲ သူ့အဖေရယ် သူ့ရဲ့ဆင်တွေရယ်ပဲရှိတာပါ။ တစ်နေ့မှာတော့ ခမ်းမ်တို့ဟာ ထိုင်းဘုရင်အတွက် သူတို့ဆင်တွေကို အရွေးခံဖို့သွားရာမှာ ကံမကောင်းခြင်းတွေက ဆက်တိုက်ဆိုသလိုဖြစ်တော့တာပါပဲ။ သူ့အဖေက အသတ်ခံလိုက်ရပြီး၊ သူ့ဆင်နှစ်ကောင်ကိုတော့ မှောင်ခိုသမားတွေက ဖမ်းသွားကြပါတယ်။ဒီလိုနဲ့သူဟာ စုံစမ်းရင်းနဲ့ သူ့ဆင်တွေဟာ သြစတြေးလျက ဆစ်ဒနီမြို့ကိုခေါ်ဆောင်သွားခံရတယ်ဆိုတာ သိလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ သူ့ဆင်တွေအတွက်ဆို နယ်မရွေးဘဲမိုက်တတ်တဲ့ ခမ်းမ်ဟာ တစ်ကိုယ်တည်း ဆစ်ဒနီကိုထွက်လာခဲ့ပြီးတော့ သူ့ဆင်တွေကို ရှာပုံတော်ဖွင့်ရင်း တိုက်ခိုက်ရတာတွေကို အကောင်းဆုံးကြည့်ရှုရမှာပါ။ ဇာတ်ထားထဲမှာ နိင်ငံခြားဖိုက်တာတွေလည်း ပါဝင်အားဖြည့်ထားလို့ ငယ်ဘဝကရုပ်ရှင်‌ကောင်းလေးကို ကြည့်ရှုခံစားပေးကြပါဦး။ File size…(2.7 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Comedy,Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
The Protector (2005)
Exposed (2016)
Exposed (2016) မင်းသားကြီး ကီနူးရိဗ်က ရဲစုံထောက်စကော့ဂယ်လ်ဘန်အဖြစ်လည်းကောင်း၊ မင်းသမီးလေး Ana de Armas က အစ္စဘဲလ်အဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင်ထားတဲ့ ဇန်နဝါရီလကမှ ထွက်ထားတဲ့ ဇာတ်ကားအသစ်လေးဖြစ်ပါတယ်။ Knock Knock ဇာတ်ကားမှာ ကီနူးရိဗ်ကို အတော်လေး ဒုက္ခပေးသွားတဲ့ မင်းသမီး Ana de Armas ကိုတော့ မှတ်မိဦးမယ် ထင်ပါတယ်။ ဒီဇာတ်ကားမှာလဲ သူတို့နှစ်ဦးပေါင်းပြီး ဆက်လက်တင်ဆက်ထားပါတယ်။ ဘယ်လိုပုံစံဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ။ (ဒီဇာတ်ကားရဲ့ မြန်မာစာတန်းထိုးကိုတော့ Knock Knock ဇာတ်ကားတုန်းက ဘာသာပြန်ပေးခဲ့တဲ့ Carey Nyein မှထပ်ပြီး ဘာသာပြန် တင်ဆက်လိုက်တာပါ။)File size...(750MB) Quality...WEB-DL Rip 720pFormat...mp4 Duration....01:42:29 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung  နမူနာကြည့်ရန်
movie
Exposed (2016)
Bridge Of Spies(2015)
Bridge Of Spies(2015) ဒုတိယကမ္ဘာစစ်အပြီး အချိန် ဆိုဗီယက်ပြည်ထောင်စုအင်အားကောင်းနေချိန် ဂျာမနီမှာ အုပ်ချုပ်မှုကိစ္စရှုပ်ထွေးနေချိန် အရှေ့ဂျာမနီ အနောက်ဂျာမနီခွဲခြားပြီး ဘာလင်တံတိုင်းကြီးဆောက်နေချိန် အမေရိကန်တို့ရဲ့ သြဇာကြီးမားနေတဲ့ဆိုဗီယက်အပေါ်စိုးရိမ်မှုကြီးထွားနေချိန် စစ်အေးကာလအရှိန်မြင့်တက်နေဆုံးအချိန် အမေရိကန်ပြည်သူတွေစိတ်ထဲ ဆိုဗီယက်ကအမေရိကန်ကိုအနုမြူဗုံးကျဲမယ်လို့ အထင်ရောက်နေတဲ့အချိန် သမရိုးကျစစ်မှ ဘက်ပေါင်းစုံစစ်ဆင်ရေးကိုအရှိန်အဟုန်မြှင့်နေတဲ့အချိန်ဒီလိုအမှားအယွင်းမခံနိုင်တဲ့ကမ္ဘာ့အင်အားကြီးနိုင်ငံ၂ခုရဲ့ အင်အားချိန်ခွင်မျှနေတဲ့အချိန်မှာ ဆိုဗီယက်တို့ရဲ့ နျူးကလီးယားစွမ်းအင်တွေကိုထောက်လှမ်းဖို့အမေရိကန်တို့ရဲ့နောက်ဆုံးပေါ် ယူ၂ လေယဉ်တွေက ဆိုဗီယက်ပိုက်နက် ပေ ၇၀၀၀၀ အထက်က ထောက်လှမ်းဖို့စေလွှတ်ခဲ့တယ် ပေ ၇၀၀၀၀ ဆိုတဲ့အမြင့်ပေကအဲဒီ့ခေတ်အခါက လေယဉ်မှူးတွေတောင်မယုံလောက်အောင်ပျံနိုင်တဲ့အမြင့်ပေ ထူးခြားတာက ဒီစစ်ဆင်ရေးကိုဦးဆောင်တာက စီအိုင်အေဖြစ်ပြီးတော့ စစ်တပ်က သတင်းစစ်ဆင်ရေးအတွက် အချက်အလက်တွေစုဆောင်းပေးရတဲ့စစ်ဆင်ရေးမျိုး ဒီစစ်ဆင်ရေးမှာပါတဲ့ အမေရိကန်လေတပ်ဗိုလ်ပါဝါတယောက်လဲ ပါဝင်ခဲ့တယ် မိဘဆွေမျိုးချစ်သူမပြောနဲ့စစ်ဆင်ရေးခန်းကထွက်တာနဲ့ဒီသတင်းကို အကောင်အထည်ဖော်ဖို့ပဲအာရုံ ထားခိုင်းပြီး အထူးလျှို့ဝှက်ထားခဲ့တယ် ဒါတင်မကဘူး ဒီစစ်ဆင်ရေးမှာပါတဲ့လူတွေက အဖမ်းခံခွင့်မရှိဘူး လေယဉ်ကို ဆိုဗီယက်တွေမိသွားခွင့်မရှိဘူး မိသွားခဲ့ရင်တောင်ဖောက်ခွဲဖျက်ဆီးပစ်ဖို့ ထောင့်စေ့အောင်စီစဉ်ခဲ့တယ် ကံမကောင်းစွာနဲ့ပဲ ဗိုလ်ပါဝါရဲ့လေယဉ်ဟာပစ်ချခံရပြီးအဖမ်းခံခဲ့ရတယ်........သတင်းစစ် စစ်အေးကာလဖြစ်တဲ့အလျောက် ဆိုဗီယက်တို့ကလဲ အမေရိကန်ထဲကိုသူလျှိုတွေကိုကေဂျီဘီအဖွဲ့အုပ်ချုပ်မှု အောက်ကနေပြီးတန်ပြန်စစ်ဆင်ရေးတွေ လုပ်ခဲ့တယ် ဒီနေရာမှာဗိုလ်မှူးကြီး ရူးဒေါ့ဖ်အေဗယ်လဲအပါအ၀င်ပေါ့ ရူးဒေါ့ဖ်အေဗယ်လဲ အမေရိကန်တန်ပြန်ထောက်လှမ်းရေးလက်ထဲကိုရောက်သွားတဲ့အခါ......ဗိုလ်ပါဝါလေယဉ်ပျက်ကျခဲ့တာကိုအမေရိကန်တို့အနေနဲ့ နာဆာက မိုးလေ၀သတိုင်းတာတဲ့လေယဉ်ပျောက်ဆုံးသွားပြီဆိုပြီး သတင်းဖြန့်ခဲ့သလို ဆိုဗီယက်တို့ကလဲ ပါဝါ့ကိုအခမ်းအနားထုတ်ပြီးသူလျှိုဖမ်းမိကြောင်းကြေငြာခဲ့တယ်တဆက်ထဲမှာပဲ ဆိုဗီယက်သြဇာကြီးထွားနေတဲ့ အရှေ့ဂျာမနီကိုအမေရိကန်တို့ကအသိအမှတ်မပြုခဲ့သလို အမေရိကန်နိုင်ငံသားမည်သူမဆိုလက်ထဲလမ်းပြမြေပုံကိုင်မိရင်တောင် သူလျှိုလို့ဖမ်းဆီးခံနေရတဲ့အရှေ့ဂျာမနီမှာ အမေရိကန်ကျောင်းသားတယောက်ပရိုင်ရာဟာသူလျှိုမှုနဲ့ဖမ်းဆီးခံလိုက်ရတယ်......ဒီလိုအခြေအနေရှုပ်ထွေးနေတဲ့အချိန်မှာ ပြစ်မှုအတွေ့အကြုံကောင်းရှိတဲ့အာမခံရှေ့နေတယောက်က အမေရိကန်တနိုင်ငံလုံး ကန့်ကွက်နေတဲ့ကြားက သူလျှိုအတွက်လျောက်လဲချက်တင်ဖို့တာဝန်ပေးခြင်းခံရတယ် သူ့မိသားစုဟာဒီလုပ်ရပ်အတွက် ချောင်းမြောင်းလုပ်ကြံခံရပေမယ့်အသက်အန္တရာယ်တစုံတခုမကျရောက်ခဲ့ဘူး ရဲတွေကအစဒီလုပ်ကြံမှုကိုမျှတတယ်လို့မပြောယုံတမယ် ကန့်ကွက်နေတဲ့ကြားက ခံယူချက်စေတနာအတွေးအခေါ်အပြည့်နဲ့အရည်အချင်းရှိတဲ့ရှေ့နေတယောက်ရှိခဲ့တယ် သူကတော့ ဂျင်မ်ဒိုဗန်နို.(တွမ်ဟန့်)ပဲဖြစ်ပါတယ်.......လူ့အခွင့်အရေးဆိုတဲ့စကားမတွင်ကျယ်လှသေးတဲ့ အဲဒီ့ခေတ်မှာသူ့လုပ်ရပ်တိုင်းဟာလူအမုန်းခံရစရာတွေချည်းပဲ ဒါတင်မကဘူး ပါဝါနဲ့အေဗယ်တို့သူလျှိုချင်းလဲလှယ်ဖို့ကိစ္စကိုလဲ ...
movie
Bridge Of Spies(2015)
Tomorrow’s Joe (2011)  မြန်မာစာတန်းထိုး
Tomorrow’s Joe (2011) မြန်မာစာတန်းထိုး အက်ရှင်ရော ဒရမ်မာရော ရသနှစ်မျိုးလုံးကိုခံစားစေရမယ့်ဘယ်အချိန်ကြည့်ကြည့်မရိုးတဲ့ ဂျပန်ကားကောင်းလေးတကားဖြစ်ပါတယ်IMD rating အနေနဲ့ 6.8 အထိ ရရှိထားပါတယ်ဇာတ်ကားအကျဉ်းကိုပြောရမယ်ဆိုရင်တော့ မင်းသားဂျိုးဟာ ဆိုးပေနေတဲ့လူတယောက်ဖြစ်တယ်စားသောက်ဆိုင်မှာ ရန်ဖြစ်ပြီးအရင် အမှုဟောင်းတွေလည်းရှိတာကြောင့်ထောင်ကျသွားပါလေတယ်....ရန်ဖြစ်စဉ်အချိန်မှာ လက်ဝှေ့နည်းပြဟောင်းအရက်သမားအဖိုးကြီးဒန်ပေးဟာ ဂျိုးရဲ့ထိုးပုံထိုးကွက်တွေကိုကြိုက်ပြီးတော့သူလည်းမသောက်မစားတော့ပဲ ဂျိုးကိုထောင်ထဲထိအောင် စာတွေနဲ့လက်ဝှေ့ထိုးနည်းတွေသင်ပေးခဲ့တယ်ဂျိုးကတော့ ထောင်ထဲရောက်တဲ့ထိအောင် အများနဲ့တယောက် မတည့်ပဲရန်ပတ်ဖြစ်လို့ကောင်းဆဲပဲ....ထိုအချိန်မှာပဲ ထောင်ထဲမှာ လက်ဝှေ့သမား ရီကီချီနဲ့စတွေ့တော့တာပဲ...မင်းသမီး ရှီယာကီယိုဟာ သြဇာရှိပြီးချမ်းသာတဲ့မိသားစုကဖြစ်တဲ့အပြင် ရီကီချီကလည်းသူမရဲ့ လက်ဝှေ့ရုံက လူတယောက်ဖြစ်တယ်....သူတို့မိသားစုရဲ့ အာဏာရှိမှုကြောင့်ထောင်ထဲမှာပဲ ဂျိုးနဲ့ ရီကီချီကို လက်ဝှေ့ပွဲ တပွဲတည်ပေးပါတော့တယ်....ထိုအချိန်က စပြီးတော့ သူတို့ရဲ့ တယောက်နဲ့ အငြိုးတွေက ဘာဆက်ဖြစ်မှာလဲထောင်ကနေ လွတ်တဲ့အချိန်ထိတောင် တယောက်နဲ့တယောက်ကြိုးစင်ပေါ်မှာပြန်တွေ့အောင်ဘယ်လိုတွေကြိုးစားကြမှာလဲ...ဆင်းရဲသားရပ်ကွက်ထဲမှာ နေပြီး ခရိုခယိုင် လက်ဝှေ့ရုံလေးထဲမှာ ဂျိုးကို ဒန်ပေး ပရိုလက်ဝှေ့သမားဖြစ်အောင်ဘယ်လိုသင်ပေးမှာလဲ....ရီကီချီဟာ ဂျိုးထက် ၀ိတ်တန်းသာနေတဲ့အတွက် ဂျိုးနဲ့ထိုးလို့ရအောင်ဘယ်လိုဝိတ်တန်းညှိမှာလဲ...မင်းသားနှစ်ယောက်လုံးရဲ့ အားပြိုင်ပုံတွေ ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်အချစ်ဇာတ်လမ်းကို ဖွဲနွဲ့ထားတဲ့ကား မဟုတ်သလို သံယောဇဉ်ဆိုတဲ့ စကားလုံးတခုတည်းမှာ အခြေခံထားတဲ့ဇာတ်ကားတကားပဲဖြစ်တယ်...ဇာတ်ကားအဆုံးသတ်ကိုလည်း မထင်မှတ်လောက်အောင် ရိုက်ကူးထားပါတယ်File Size         ...
Tomorrow’s Joe (2011) မြန်မာစာတန်းထိုး
The Front Line (2011) 7.4
The Front Line (2011) ဒီဇာတ်ကားအညွှန်းမရေးခင် ပြောချင်တာတခုရှိသေးတယ် ဒီဇာတ်ကားကိုကြည့်ပြီးမှ အိမ်ကအဒေါ်တွေဘာလို့ကိုရီးယားကားကို အငမ်းမရကြည့်လဲဆိုတာကိုကိုယ်ချင်းစာမိသွားတယ် အရင်က ကိုရီးယားကားဆိုမကြည့်ဖြစ်ဘူး ဒီဇာတ်လမ်းထဲမှာ ၁၉၅၀ ၀န်းကျင်တောင်မြောက်ကိုရီးယားစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားတယ် ၂နိုင်ငံ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်မထိုးခင် အရို ကေတောင်ကုန်းနဲ့ပါတ်သက်ပြီး ၂ဖက်ခေါင်းဆောင် တွေအငြင်းပွါးကြတယ် ဒီတောင်ကုန်းကို၂ဖက်တပ်တွေအလုအယက် သူတပြန်ကိုယ်တပြန်သိမ်းနေရင်းနဲ့မှနောက်ဆုံးဘယ်လိုဇာတ်သိမ်းသွားမလဲ... တောင်ကိုရီးယားတွေဘက်က မိကျောင်းတပ်ခွဲကဒီတိုက်ပွဲကိုအဆုံးထိတိုက်ရပြီး နောက်ဆုံးသူတို့ဘယ်လိုတွေဇာတ်သိမ်းသွားကြလဲ....အသက်ရောရှင်ရဲ့လား.... တောင်ကုန်းလေးရယ်စစ်မြေပြင်ရယ် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးတာရယ် နေရာ၃ခုပဲပါပေမယ့် အချစ်အမုန်း အယူဝါဒ...အစုံကိုသရုပ်ဖော်သွားတဲ့ဒီကားက စစ်ကားကောင်းတကားဖြစ်သလို ၂ဖက်တပ်တွေရဲ့ သရုပ်ကိုပီပြင်အောင်သရုပ်ဖော် ထားတဲ့ ဇာတ်ကားကောင်းတကောင်းဖြစ်လို့မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားကောင်း တကားဖြစ်ပါတယ် တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားပါတယ် IMD rating အနေနဲ့(7.4) အထိရရှိထားပါတယ်(ဘာသာပြန်သူနဲ့ အညွှန်းရေးသူကတော့ "မြန်မာကြီး" ပဲဖြစ်ပါတယ်)(Thit San Khant)IMDb -  7.4/10 File size  - (1.02 GB) Quality -    1080p Format - MP4 Duration  02:13:66 Subtitle - Myanmar Translator - Myanmar Gyi Encoder - Thit San Khant
movie
The Front Line (2011)
Shark Lake (2015) မြန်မာစာတန်းထိုး
Shark Lake (2015) မြန်မာစာတန်းထိုး  ငမန်းရေကန်ဇတ်လမ်းဟာ သာယာအေးချမ်းလှပတဲ့ Tahoe ရေကန်ကိုအခြေတည်ပြီးဖန်တီးထားတဲ့ သည်းထိပ်ရင်ဖိုဇတ်လမ်းတစ်ခုဖြစ်ပါတယ်။ ရှားပါးတဲ့တိရစ္ဆာန်များကို စုဆောင်းတတ်သူတစ်ဦးဟာ သူရဲ့အဖိုးအတန်ဆုံးသော ရှားပါးပစ္စည်းတစ်ခုကို ကန်၏ပတ်ဝန်းကျင်မှာ စွန့်ပစ်လိုက်တဲ့အချိန်ကစပြီး ရေကန်ရဲ့ အေးချမ်းသာယာလှပမှုဟာ ပျက်စီးခဲ့ရပါတယ်။ အရာရှိတစ်ဦးဖြစ်တဲ့ Meredith Hendricks ဟာတရားမျှတမှုအတွက် တိရစ္ဆာန်များကိုဖမ်းဆီးပြီးရှားပါးပစ္စည်းများကို ရှာဖွေစုဆောင်းတတ်သူတွေကို လိုက်လံဖမ်းဆီးရတဲ့တာဝန်ကို ထမ်းဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ အမေနှင့်သား အဖေနှင့်သမီးတို့ကြားက ဆက်နွယ်မှုကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Horror, Thriller ဇာတ်ကားမျိုးကို ကြိုက်တဲ့လူတွေအတွက် သဘောကျစေမဲ့ ဇာတ်ကားမျိုးပဲ ဖြစ်ပါတယ်။(အညွန်းရေးသူကတော့ Tartee Poeပဲ ဖြစ်ပါတယ်)File Size         : 660 MBQuality           : Blu ray 720PRunning Time : 1hr 32 minuteFormat           : Mp4Genre             : Horror, ThrillerEncoder         : Joker.phsDownload And ...
Shark Lake (2015) မြန်မာစာတန်းထိုး
Lesson Of The Evil (2012) မြန်မာစာတန်းထိုး
Lesson Of The Evil (2012) မြန်မာစာတန်းထိုး  ဘုရားသခင် အမိန့်ရ လူသတ်ခွင့်ရှိထားသော စိတ္တစ ဝေဒနာရှင်လို့ပဲ ပြောရမလိုပါပဲ ဉာဏ်အကောင်းဆုံး လူသားတစ်ဦးဖြစ်တဲ့ ကျောင်းဆရာ ဟန်ဆူမီ ဟာ ကျောင်းတွင် သဘောအကောင်းဆုံး ကျောင်းဆရာဖြစ်ပြီး ကျောင်းသားတွေကို စာသင်ရာမှာလဲ တော်သူ တစ်ဦးဖြစ်ပါတယ်... ဒါပေမယ့် တစ်ရက်မှာတော့ ကျောင်းကပွဲ ပါတီည လေးမှာ ကျောင်းသား အားလုံးကို ရက်ရက်စက်စက် သတ်ဖြတ်မယ့် Plan တစ်ခုရှိလာပါတယ် ထိုသို့ အကြောင်းအရင်း ဖြစ်တည်လာပုံကိုလဲ လျို့ဝှတ်ချက်တွေနဲ့ ဇတ်လမ်းဆင်ထားလို့ ကြည့်ရှုရတာ စိတ်ဝင်စားဖို့ကောင်းပြီး ကြောက်လန့်ဖို့ကောင်းပါတယ် သွေးသံရဲရဲ ပြကွက်တွေ ပါလို့ ကြောက်တက်သူများအနေဖြင့် မကြည့်သင့်ပါ... IMDb - 6.7/10 File size  - ( 923 MB) Quality -    1080p Format - MP4 Duration  02:09:04 Subtitle - Myanmar Encoder - Thit San Khant
movie
Lesson Of The Evil (2012) မြန်မာစာတန်းထိုး
SDU: Sex Duties Unit (2013) မြန်မာစာတန်းထိုး 18+
SDU: Sex Duties Unit (2013) မြန်မာစာတန်းထိုး 18+   ဇတ်လမ်းပုံစံကတော့ ဟောင်ကောင်ရဲ့ အကြမ်းဖက် စစ်ဆင်ရေးအထူးတပ်ဖွဲ့ဝင် လေးယောက်ဟာ စစ်ဆင်ရေး တစ်ခုအပြီးမှာစိတ်အပန်းဖြေတဲ့အနေနဲ့ အရက်သောက်နေကြရင်းမာကာရူး ရှိ စပယ်ရှယ် ကလပ်တွေမှာ အနှိပ်ခန်းကောင်းကောင်းတွင်တစ်ရက်လောက် ပိုက်ဆံတွေ သုံးဖြုန်းကာ ကောင်းကောင်းကဲမည်ဟုတိုင်ပင်ပြီး ရဲတွေ ဖြစ်နေတဲ့ အတွက် တရားဝင်သွားမရလို့လူမှောင်ခို ကူးပေးတဲ့ လှေတွေကနေ တဆင့်ရောက်ရှိသွားပြီးဟိုတယ် အခန်းအတွင်း ကောင်မလေးများနှင့် အနှိပ်ခံနေစဉ်ရဲများ မှတ်ပုံတင် ၀င်စစ်ရာ ရဲများဖြစ်နေသည်ကို သိရှိသွားမည်ဖြစ်သဖြင့်ဝရုန်းသုံးကား ပြေးကြရပါတော့တယ် ကံဆိုးချင်တော့ သူတို့ ၄ ယောက်ရဲ့ပိုက်ဆံများ ကျန်နေခဲ့သဖြင့် မှောင်ခို လှေကလဲ လက်မခံလို့ရဲများကလဲ အပူတပြင်း လိုက်ရှာနေသည့်ကြားက ဘယ်လိုထွက်ပြေးမလဲဆိုတာဆက်လက် ကြည့်ရှုကြပါရန်...(သတိပေးချင်တာကတော့ 18+ ဖြစ်သည့်အတွက် စကားလုံးများသည် အနည်းငယ်ရိုင်းမည်ဖြစ်ပြီး အသက်မပြည့်သေးသော ကလေးသူငယ်များ မိသားစုများနှင့် အတူမကြည့်သင့်ပါ)(သစ်ဆန်းခန့်)Download Link===============Download NowIMDb - 6.2/10File size  - (824 MB) Quality -    ...
SDU: Sex Duties Unit (2013) မြန်မာစာတန်းထိုး 18+
9 ( 2009) – မြန်မာစာတန်းထိုး
9 ( 2009) – မြန်မာစာတန်းထိုး 9.9.2009 . . . 9 ရက် 9 လ 2009 ခုနှစ်နေ့မှာထွက်ရှိခဲ့တဲ့ 9 ဆိုတဲ့ Animation ဇာတ်ကားလေးကို ဒီနေ့အတွက် တင်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားလေးဟာ IMDb rating 7.1/10 အထိရရှိထားပြီး . Animation ကြိုက်တဲ့ ပရိတ်သက်ကြီးအတွက် စိတ်ကျေနပ်မှုအပြည့်အဝရရှိစေမယ်ဆိုတာ ရဲရဲကြီးပြောချင် ပါတယ်။ဇာတ်လမ်းရဲ့အကြောင်းအရာ အကျဉ်းကိုမပြောပြတာက ကောင်းလွန်းတဲ့အတွက် ပရိတ်သက်ကြီးကို spoiler အဖြစ်မခံဘဲ ကိုယ်တိုင်ခံစားကြည့်ရှုစေချင်လို့ပါ။ ဒါရိုက်တာ Shane Acker ဖန်တီးထားပြီး အသံပိုင်းဆိုင်ရာ သရုပ်ဆောင်တွေကလည်း ဇာတ်လမ်းရဲ့ အနှစ်သာရထဲကတစ်ခုအပါအဝင်ပါဘဲ။ကဲ Channel Myanmar (2) ပြည့်ပြီးတဲ့ ပထမဆုံးနေ့ရဲ့ ပထမဆုံးကားလေးမို့ ...
9 ( 2009) – မြန်မာစာတန်းထိုး
Days Of Glory (2006)
Days Of Glory (2006) ဒီဇာတ်ကား ကို အညွှန်းရေးဖို့ စဉ်းစားတော့ နည်းနည်း လေး သတိထား ရတယ်ဗျ။ ဇာတ်လမ်းက အပြောမတတ်ရင် ဆဲ ခံရတယ် ဆိုတာမျိုး မညွှန်းတတ်ရင် ထိလွယ်ရှလွယ် ဖြစ်တတ်လို့ပါ။ ဇာတ်ကားက ကောင်းလွန်းလို့ ဖြစ်ရတာပါ လို့ပဲ ပြောပါရစေဒုတိယကမ္ဘာစစ်မှာ ဂျာမဏီတို့ အင်အားကြီးစိုးစဉ်အကြောင်း နောက်ခံထားပြီးရိုက်ကူးထားပါတယ် ပြင်သစ် နိုင်ငံ နာဇီတွေ လက်အောက် ရောက်နေချိန် က ဇာတ်အိမ် တည်ထားတဲ့ အချိန်ပါ။ ဒါကို ပြင်သစ်တွေက ပြန် တော်လှန်ဖို့အတွက် စစ်အင်အားစုဆောင်းရာမှာ အာဖရိကန် လူမျိုး လေးဦးကလည်း ပြင်သစ် တပ်မတော် ထဲ ဝင်ရောက်ခဲ့ရပါတယ်။ ဒါပေမယ့် ပြင်သစ် တပ်တွင်း လူမျိုးရေး(ဘာသာရေး) ခွဲခြားမှုတွေကို ပါ တွန်းလှန်ဖို့ ကြုံခဲ့ရပါတယ်။ဒီ ဇာတ်ကားမှာ အရင်ခေတ် နိုင်ငံတွေရဲ့ စစ်တပ်တွင်းအခြေအနေ နဲ့ ပြင်သစ်နိုင်ငံရဲ့ လူမည်းတွေအပေါ် ...
movie
Days Of Glory (2006)
Aashiqui 2 (2013) 7.0
movie
Aashiqui 2 (2013)
2013
Sadako 2 (2013)မြန်မာစာတန်းထိုး
Sadako 2 (2013)မြန်မာစာတန်းထိုး ဒီဇာတ်ကားလေးကတော့ကျွန်တော့်ရဲ့၇ကားမြောက်ဘာသာပြန်ကားလေးဖြစ်သလိုပထမဆုံးဘာသာပြန်တဲ့ဂျပန်သရဲကားလေးလည်းဖြစ်ပါတယ်
ခင်မင်တဲ့သူငယ်ချင်းတွေနဲ့အစ်ကိုတွေကဂျပန်ကားလေးပြန်ပါလားလို့ပြောတာကြောင့်ပြန်ဖြစ်သွားတာလည်းဖြစ်ပါတယ် အမှန်တိုင်းပြောရရင်ဒီကားလေးကိုဘာသာပြန်ရင်းကိုတော်တော်ကြက်သီးထမိပါတယ်အသံတွေရဲ့လုပ်ဆောင်ချက်ကတော်တော်မိုက်တာမို့ဘာသာပြန်ရင်း နဲ့တောင်နောက်တခါသရဲကားဘာသာမပြန်တော့ဘူးလို့စိတ်ကူးမိတဲ့အထိပါပဲ
ဒီဇာတ်ကားလေးဟာ ဆာဒကိုဆိုတဲ့သရဲမအကြောင်းကိုရိုက်ကူးထားတာပါကျွန်တော့်သူငယ်ချင်း(ဂျပန်)ပြောတာကတော့ဒီဇာတ်ကားရိုက်နေရင်းကိုအနုပညာရှင်တွေဒါရိုက်တာတွေအခက်အခဲတွေ့ခဲ့ရပါတယ်တဲ့မြန်မာကားမှာဆို သက်တံ့သစ်ကားရိုက်တုန်းကအခက်အခဲ လိုမျိုးထင်ပါတယ်
ဒီဇာတ်ကားဟာအပိုင်း၂ပါ အပိုင်း၂ကလည်းသူ့ဇတ်လမ်းနဲ့တူကွဲပြားတာကြောင်းကျွန်တော်အပိုင်း၂ကိုဘာသာပြန်ဖြစ်တာပါကဲအညွန်းလေးဖတ်လိုက်ရအောင်
လွန်ခဲ့သော၅နစ်ကသေဆုံးသွား ပြီဖြစ်သောဆာဒကိုဆိုသောသရဲမလေးထူးထူးဆန်းဆန်းပန်းချီကားလေးတွေကိုဆွဲတတ်သော ကလေးမလေးတစ်ယောက်ကလေးမလေးကိုမချေမငံလုပ်မိသူတိုင်းအသေဆိုးနဲ့ဘာလို့သေကြတာ လဲကလေးမလေးကသရဲဝင်စားဖြစ်နိင်ပါ့မလား သေဆုံးသွားသောလူတွေကကောရိုးရိုးသားသား သေဆုံးသွားကြတာလားဘေးပရောဂတွေကောပါလားမွေးကတည်းကကလေးမလေးရဲ့မိခင်ကော ဘယ်ကိုရောက်သွားလဲစသဖြင့်ဇတ်ကွက်လေးတွေ ကပရိတ်သတ်ကိုဖြည်းဖြည်းချင်းဆွဲဆောင်သွားမှာပါ 
ဖုန်းနဲ့ကြည့်သောသူများနားကြပ်ထိုးပြီးကြည့်ပါလေ computerနင့်ကြည့်သောသူများမီးပိတ်ပြီးကြည့် ပါသေချာပါတယ်သရဲကားကြိုက်တဲ့ပရိတ်သတ်တွေ စိတ်လှုပ်ရှားမှုတွေကိုဒီဇတ်ကားလေးကပေးမှာပါ
 File Size         : 690 MBQuality           : Blu ray 720PRunning Time : 1hr 36 minuteFormat           : Mp4Genre             : HorrorEncoder         : Joker.phsDownload And watch With Pcloud Link Full HD Download And watch Pcloud Link Small File Size(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူ ...
Sadako 2 (2013)မြန်မာစာတန်းထိုး
Larry Crowne (2011)
Larry Crowne (2011) Larry Crowne ဟာ အသက် ၄၀ အရွယ်လောက်ရှိတဲ့ လူလတ်ပိုင်းတစ်ယောက်ဖြစ်ပြီး Super Market တစ်ခုကနေ မကြာသေးခင်ကမှ အလုပ်ဖြုတ်ခံထားရတာပါ။ အကြောင်းပြချက်ကတော့ သူဟာ တက္ကသိုလ်မတက်ခဲ့ဘူးလို့ဆိုပါတယ်။ သူဟာ ငယ်စဉ်အရွယ်အရောက်တော့ စစ်တပ်ထဲမှာ cook အဖြစ် အနှစ် ၂၀ လောက် တာဝန်ထမ်းဆောင်ခဲ့လို့ တက္ကသိုလ်မှာဆက်လက်ပညာမသင်ကြားနိုင်ခဲ့ပါဘူး။ထို့ကြောင့်သူဟာ တက္ကသိုလ်မှာ ပညာသင်ကြားဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူသင်ကြားရမယ့်ဘာသာရပ်ရဲ့ ဆရာမကတော့ Tainot ပါ။ သူတက္ကသိုလ်မှာ ပညာသင်ကြားရင်းနဲ့ သူ့ဘ၀ကို ဘယ်လိုပြောင်းလဲပေးမလည်းဆိုတာကို ကြည့်ရှုရမှာပါ။  Larry Crowne အဖြစ် Tom Hanks က ပါဝင်သရုပ်ဆောင်ထားပြီး Tainot အဖြစ် Juli Roberts ကသရုပ်ဆောင်ထားပါတယ်။ မင်းသားကြီး Tom Hanks ကိုယ်တိုင်ရေးသားထားပြီး သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့တော့အဆင်ပြေမှာပါ။ IMDB Ratings: 6.0/10 ...
movie
Larry Crowne (2011)
Genres
Archives