Channel Myanmar
New releases (2025)
Content at random
Movies
The 5th Wave(2016)
The 5th Wave(2016) 2016 ထွက် Action, Adventure ဇာတ်ကားခပ်လန်းလန်းလေးတစ်ကားကို ဒီနေ့အတွက်တင်ပေးချင်ပါတယ်။ 2016 Janauary လကုန်ပိုင်းမှာထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးဟာ . လောလောဆယ် IMDb rating 5.3/10 ထိပဲရရှိထားပေမဲ့ ဇာတ်လမ်းနဲ့ ရိုက်ကွင်းရိုက်ကွက်တွေဟာ အရမ်းကိုစိတ်ဝင်စာဖို့ကောင်းပြီး Adventure Movie တွေကို ကြိုက်နှစ်သက်တဲ့ပရိတ်သက်တွေအတွက်တော့ လက်မလွှတ်တမ်းကြည့်ရှု ချင်မယ့်ဇာတ်ကားကောင်းတစ်ကားလို့ပြောချင်ပါတယ်။ဒီဇာတ်လမ်းအကြောင်းကိုအနည်းငယ်ပြောပြရရင်တော့ ဇာတ်ကားရဲ့နာမည်အတိုင်းပဲ တစ်ခြားကမ္ဘာက ဂြိုလ်သားကပ်ပါးကောင်တွေဟာ ကမ္ဘာကိုဒုက္ခပေးမယ့် အစီအစဉ်အကြိမ်အရေအတွက် (5) ခုထိစီစဉ်ထား ပါတယ်။ ရောဂါvirusတွေနဲ့ 4th waveကို အကောင်အထည်ဖော်ပြီးချိန်မှာ လူသားမျိုးနွယ်တွေဟာမျိုးတုန်းလုနီးပါးဖြစ်ခဲ့ပြီး အသက်မသေဘဲကျန်ရစ်သူတွေဟာမိမိတို့ရဲ့ ကိုယ်ပိုင်အိမ်မြေတွေကို စွန့်လွှတ်ခဲ့ပြီး ဒုက္ခသည်စခန်းကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။ အဲ့ဒီထွက်ပြေးတဲ့အထဲမှာ မင်းသမီးကေစီတို့မိသားစုလည်းပါဝင်ခဲ့ပါတယ်။ ကေစီရဲ့အမေဟာဒေါက်တာတစ်ယောက်ဖြစ်ပြီး 4th waveမှာviursကူးစပ်ခံရတဲ့လူနာတွေကိုကယ်တင်ရင်းသူမကိုယ်တိုင် ကူးစပ်ခံရကာသေဆုံးခဲ့ရတယ်။ နောက်ဆုံး ကေစီရဲ့အဖေနဲ့ မောင်လေးသာဒုက္ခသည်စခန်းကိုရောက်ရှိခဲ့ပြီး မကြာခင်မှာပဲ အမေရိကန်စစ်တပ်ကကားတွေနဲ့လာရောက်ကယ်တင်တဲ့အခါ ကလေးတွေနဲ့လူကြီးတွေကို ခွဲခြားသယ်ဆောင်ခေါ်ယူခဲ့ပြီး ကေစီဟာ သူ့မောင်လေးနဲ့ဖခင်တို့နဲ့ ဝေးကွာခဲ့ပါတယ်။အဆိုးဆုံးဖြစ်ရပ်က 5th waveဟာအဲ့မှာစတင်ခဲ့တာပါပဲ . ဂြိုလ်သားတွေဟာလူတွေရဲ့ဦးနှောက်ထဲကိုဝင်နေခဲ့ပြီး လူတွေအတိုင်းအသက်ရှင်နေထိုင်ပြီး လူသားတွေကိုအမျိုးဖြုတ်ပါတော့တယ်။ စစ်တပ်တစ်ခုလုံးကို သိမ်းဆည်းခဲ့ပြီး လူသားချင်းပြန်လည်သတ်ဖြတ်ဖို့ကို လှည့်စားမှုဟာသိပ်ကိုကြောက်ဖို့ကောင်းပါတယ်။ ...
movie
The 5th Wave(2016)
Harley Davidson and the Marlboro Man(1991) – မြန်မာစာတန်းထိုး
Harley Davidson and the Marlboro Man(1991) – မြန်မာစာတန်းထိုး ၁၉၉၁ ခုနှစ်က ထွက်ခဲ့ပြီး အဲဒီအချိန်က အောင်မြင်ခဲ့တဲ့ကားကောင်းတစ်ကားပါ။ IMDb rating 6.0/10 ရရှိထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ ၁၉၉၆ ခုနှစ်ကို ဇာတ်အိမ်တည်ထားပါတယ်။ အခု အဖိုးကြီးဖြစ်နေပြီး Ironman 2 တို့ Sin City တို့ထဲမှာ လူကြမ်းအဖြစ်သရုပ်ဆောင်နေတဲ့ မင်းသားမိုက်ကီရောက်ကီနဲ့ ဒွန်ဂျွန်ဆင်တို့ရဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ ကျွန်တော့်အမြင်တော့ ဒီကားထဲမှာမိုက်ကီရောက်ကီထက်စာရင် ဒွန်ဂျွန်ဆင်ကပိုပြီးသရုပ်ဆောင် ကောင်းတယ်လို့ ထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဟာလေဒေဗစ်ဆင်ဆိုင်ကယ်ကြီးစီးပြီး ဟာလေဒေဗစ်ဆင်လိုအမည်ရတဲ့သူတစ်ယောက်ဟာ ငယ်ငယ်ကကြီးပြင်းလာခဲ့တဲ့ဘားဆိုင်တစ်ဆိုင်ကို သူငယ်ချင်းတွေနဲ့တွေ့ဖို့ ပြန်သွားခဲ့ပါတယ်။ လမ်းမှာ မာလ်ဘိုရိုမန်းလို့ခေါ်တဲ့ ကောင်းဘွိုင်စတိုင်နဲ့ သူငယ်ချင်းဟောင်းကို ပြန်တွေ့ခဲ့ပါတယ်။ သူတို့နှစ်ယောက်က သူတို့နဲ့နေရာဟောင်း ဘားဆိုင်ကိုပြန်အရောက်မှာတော့ သူတို့ဘားဆိုင်ကို ဘဏ်တစ်ဘဏ်ကအပိုင်စီးပြီး မိုးမျှော်တိုက်ကြီး ဆောက်ရန်ကြံရွယ်နေတာကို သိလိုက်ရပါတယ်။အဲဒီအချိန်မှာ သူတို့က ဘဏ်ကိုဓါးမြတိုက်ပြီး ပိုက်ဆံရှာဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဓါးမြတိုက်ခဲ့တဲ့အထုပ်တွေကပိုက်ဆံတွေမဟုတ်ပဲ ဘဏ်မန်နေဂျာက လျှို့ဝှက်ဖြန့်ဖြူးနေတဲ့ အဆင့်မြင့်မူးယစ်ဆေးဝါးတွေ ဖြစ်နေခဲ့တဲ့အတွက် ပြသနာကြုံရပါတော့တယ်။ ဘဏ်မန်နေဂျာက ...
Harley Davidson and the Marlboro Man(1991) – မြန်မာစာတန်းထိုး
Pyaar Ka Punchnama 2 (2015) 7.2
movie
2015
Hello Stranger (2010) မြန်မာစာတန်းထိုး
Hello Stranger (2010) မြန်မာစာတန်းထိုး IMDb Rating (7.6/10) ထိရရှိထားတဲ့ Comedy, Romance အမျိုးအစား ထိုင်းဇာတ်ကားပါ။ မင်းသားက ATM Error ဇာတ်ကားထဲက မင်းသား Chantavit Dhanasevi ဖြစ်ပြီး မင်းသမီးကတော့ Nuengthida Sophon ဖြစ်ပါတယ်။ ကြည့်ပြီးသူတိုင်း သဘောကျတဲ့ ဟာသဆန်ဆန် အချစ်ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းကို အသေးစိတ်မပြောတော့ပါဘူး။ ဇာတ်လမ်းလေးက ရိုးရှင်းသလိုနဲ့ သစ်ဆန်းပါတယ်.... တင်ဆက်ပုံလဲကောင်းမွန်ပါတယ်။ အဓိကဇာတ်ဆောင်နှစ်ယောက်က သရုပ်ဆောင်မှုအပိုင်းမှာ အတော်လေးပြည့်စုံတာကြောင့် ကြည့်ရင်း ကြည့်ရင်း သဘောကျလာမိတဲ့ ဇာတ်ကားလေးပါ။ မကြည့်ရသေးရင် အားလပ်ချိန်မှာ အနားယူရင်း ကြည့်သင့်တဲ့ဇာတ်ကားပါ။ (မြန်မာစာတန်းထိုးကို Phyo Thu Hein နဲ့ July တို့မှ ဘာသာပြန်တင်ဆက်ထားတာပါ။)File size...(950MB) Quality...HD-Rip 720p Format...mp4 Duration....02:01:22 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung  နမူနာကြည့်ရန်
movie
Hello Stranger (2010) မြန်မာစာတန်းထိုး
Sinbad: Legend of the Seven Seas (2003)
Sinbad: Legend of the Seven Seas (2003) အိမ်ရှေ့မင်းသား (Proteus) နဲ့ ဆင်းရဲသား (Sinbad) ကလေးလေး၂ယောက် သူငယ်ချင်းဖြစ်ကြတယ်။ ဘဝပေးအခြေအနေအရ အဆင့်အတန်းမတူပေမယ့် ညီအစ်ကိုလိုချစ်ကြတယ်။ သွားအတူစားအတူ။ တစ်နေ့... Proteusကို Sinbadကခွဲခွာသွားခဲ့ပါတယ်။ ခွဲခွာရတဲ့အကြောင်းရင်းက အိမ်ရှေ့မင်းသားတို့ဆီရောက်လာတဲ့ လှေကြီးပေါ်မှာပါလာတယ်တဲ့။တစ်နေ့ Proteus ဦးစီးပြီးစောင့်ရှောက်လာတဲ့ ပေါတ္ထကသာမ ဆိုတဲ့ စာအုပ်(Book of peace) ပါလာတဲ့ လှေ လမ်းမှာ ဓားပြအတိုက်ခံရပါတယ်။ ပြန်လည်ခုခံရင်းနဲ့မှသိလိုက်ရတာက သူတို့လှေကို ဓားပြလာတိုက်တာ သူငယ်ငယ်က သိပ်ချစ်ရတဲ့သူငယ်ချင်း Sinbad ဖြစ်နေတယ်ဆိုတာပါပဲ။စာအုပ်လုနေတုန်းပဲ သတ္တဝါကြီးတစ်ကောင်လာတိုက်ခိုက်တာခံရပါတယ်။ ငယ်ငယ်ကလိုပဲတက်ညီလက်ညီ ခုခံလိုက်နိုင်ပါတယ်။ အဲဒီသတ္တဝါကြီးက နတ်ဒေဝီတစ်ပါးဖြစ်တဲ့ Erisက Sinbadရဲ့သတ္တိကိုစမ်းတဲအနေနဲ့ တမင်လွှတ်လိုက်တာပါတဲ့။ သတ္တဝါကြီးကိုတိုက်လိုက်နိုင်တဲ့အတွက် Sinbadကို စာအုပ်မခိုးပါဘူးဆိုတဲ့ ကတိနဲ့ Proteusက သူတို့မြို့ကိုဖိတ်ခေါ်လိုက်ပါတယ်။Proteusနဲ့လက်ထပ်မယ့် အမျိုးသမီး Marinaကမြို့မှာစောင့်နေပါတယ်။ Proteusက တရားဝင်လက်ထပ်ခွင့်တောင်းတာနဲ့ သူကလည်းခေါင်းငြိမ့်ဖို့အသင့်ပါပဲတဲ့။မင်းသားလေး လက်ထပ်ခွင့်တောင်းတဲ့အချိန်မှာပဲ စာအုပ်အခိုးခံရတယ်ဆိုတာသိသွားပါတယ်။ အဲဒီစာအုပ်ကိုခိုးမယ့် လူက ဒီမြို့မှာSinbadကလွဲလို့ တခြားသူမရှိပါဘူး။ ...
movie
Sinbad: Legend of the Seven Seas (2003)
Mojin: The Lost Legend (2015) မြန်မာစာတန်းထိုး
Mojin: The Lost Legend (2015) မြန်မာစာတန်းထိုး စွန့်စားခန်း၊ သည်းထိတ်ရင်ဖို၊ အက်ရှင် ရသစုံကြည့်ရမယ့် တရုတ်ဇာတ်ကားလေးခံစားကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။တရုတ်ပြည်က လူကြိုက်များ ၀တ္ထုဖြစ်တဲ့ ရတနာသိုက်ရှာပုံတော်ဖွင့်တဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပါ။မိုကျင်းဆိုတာဟာ ရွှေတွေကို ထိတွေ့ခြင်းလို့ အဓိပ္ပာယ်ရပြီး မိုကျင်းဆိုတဲ့ နာမည်နဲ့ ဂူတွေကိုဖောက်ပြီး ရတနာသိုက်ရှာတဲ့ အဖွဲ့ရှိပါတယ်။ မိုကျင်းဆိုတဲ့ လျှို့ဝှက်အဖွဲ့အစည်းမှာ ဟူပရိ၊ ၀မ်ခိုင်းရွှမ်နဲ့ရှာလီရန်ဆိုတဲ့ မိုကျင်းခေါင်းဆောင်သုံးယောက်ရှိပါတယ်။ သူတို့တွေဟာ အရင်တုန်းက နယူးယောက်မြို့ရဲ့ နုံချာစုတ်ပြတ်တဲ့ လမ်းတွေမှာ ပစ္စည်း လိုက်လံရောင်းချသူတွေဖြစ်ပြီး ထူးဆန်းတဲ့ အလုပ်တစ်ခုကို လက်ခံလုပ်ကိုင်ရာကနေ အပြောင်းအလဲတွေဖြစ်ခဲ့တာပါ။ဒီဇာတ်ကားက အင်ဒီယား နားဂျုန်းတို့၊ မံမီဇာတ်ကားတို့လို မျိုးပုံစံဖြစ်ပြီး ထူးဆန်းတဲ့သမိုင်းနောက်ခံအကြောင်းအရာတွေ၊ လျှို့ဝှက်နက်နဲမှုတွေကို စွန့်စွန့်စားစားရှာဖွေတဲ့ဇာတ်ကွက်တွေ က စိတ်ဝင်စားဖို့ကောင်းတာမို့ ပရိသတ်တွေသဘောကျကြမှာပါ။ဒီတော့ ရှေးဟောင်းဂူတွေကိုတူးရင်း မိုကျင်းအဖွဲ့ဝင်တွေ ကြုံရမယ့် စွန့်စားခန်းတွေကို ဘယ်လိုဇာတ်အိမ်ဖွဲ့ထားသလဲဆိုတာ ကိုယ်တိုင် ဆက်ကြည့်လိုက်ဦးနော်။ ဒီဇာတ်ကားမှာ ဟူပရိအဖြစ် ချန်ကွန်၊၀မ်ခိုင်းရွှမ်အဖြစ် ဟွမ်ဘို၊ ရှာလီရန်အဖြစ် ရှုချီတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။(ရုပ်ရှင်အညွှန်းကို ...
Mojin: The Lost Legend (2015) မြန်မာစာတန်းထိုး
Crows Zero(2007)
Crows Zero(2007) IMDb rating 7.1/10 ထိရရှိထားတဲ့ ဂျပန် action ကားကောင်းလေးပါပဲ။ အားလုံးပဲကြိုက်နစ်သက်မယ်လို့ထင်တဲ့ကျွန်တော်(စိုးထွေး)ရဲ့၁၅ကားမြောက် ဂျပန်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇတ်ကားလေးဟာဂျပန်ကာတွန်းကားကိုအခြေခံထားတဲ့ဇတ်ကားလေးတစ်ကားပါ။ လူငယ်လူရွယ်တွေနဲ့ Action ခပ်ကြမ်းကြမ်းကြိုက်သူတွေအကြိုက်တွေ့စေမဲ့ လမ်းသရဲဆန်ဆန်ကျောင်းသားဖိုက်တာကားလေးပါပဲ။ဇာတ်လမ်းအကြောင်းလေးအနည်းငယ်ပြောရရင် စုဇုရန်ကျောင်းမှာနစ်အလိုက်အဖွဲ့တွေအများကြီးရှိတယ်။ ပြောရရင်တော့ဖိုက်တာတွေများတာပေါ့ . စုဇုရန်ကျောင်းကိုကျောင်းသားသစ်ဂမ်းဂျိရောက်လာတဲ့ခါ ဘာတွေဖြစ်မလဲ. . . ဂမ်းဂျိကကောဘယ်သူလဲ . . .အချိန်တိုအတွင်းမှာမိမိအဖွဲ့အင်အားတောင့်တင်းလာ အောင်ဂမ်းဂျိဘယ်လိုကြို းစားမလဲ။ကျောင်းမှာ ရှိနင့်ပြီးသားစီနီယာဖိုက်တာတွေကို ဂမ်းဂျိဘယ်လိုရင်ဆိုင်မလဲစသဖြင့်စိတ်ဝင်စားဖွယ်ရာအချက်အလက်တွေအများကြီးပါဝင်ပါတယ်။ စကီလေးတွေကော ကောင်လေးတွေကောအများကြီးပါဝင်တာကြောင့် . ဘဲချောချော . စကီချောချောလေးတွေငမ်းချင်သူများအကြိုက်ပေါ့ :D . . . (ဇာတ်ကား အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ Ko Soe Htwe ပဲဖြစ်ပါတယ်။) @SanWinMaungFile Size                          : 900 ...
movie
Crows Zero(2007)
Death Note TV Series (2015)
Death Note TV Series (2015) အခုတင်မဲ့စီးရီးကတော့ ဂျပန်ဇာတ်ကားကောင်းကြိုက် ပရိသတ်ကြီးအတွက် Death Note(2015) Series ပါ အရင် DeathNote movie တုန်းကလိုပဲ Kira(Light) နဲ့ L တို့ရဲ့ ကြားထဲက ကစားပွဲလိုပါပဲ DeathNote ဟာ ဂျပန် မန်ဂါ ကနေပြီးတော့ Live Action ပြန်ရိုက်ထားတဲ့ဇာတ်လမ်းပါပဲ Movie တုန်းကတော့ အကျဉ်းချုံးသဘောမျိုးဖြစ်ပေမဲ့ Series ပြန်ရိုက်တဲ့အခါမှာတော့ မန်ဂါထဲကဇာတ်လမ်းတွေ အတတ်နိုင်ဆုံး စုံအောင်ပြန်ရိုက်ထားပါတယ်ဇာတ်လမ်းသွားကတော့ Light တစ်ယောက် သူငယ်ချင်းဖြစ်သူ အနိုင်ကျင့်ခံရတာကနေ မကျေနပ်စိတ်တွေဖြစ်တုန်း သေမင်း Ryuk နဲ့တွေ့ Deathnote စာအုပ်ကို ရလာပါတယ် ဒီစာအုပ်မှာ နာမည်ရေးခံရရင် အဲ့ဒီသူဟာ စက္ကန့်၄၀ အတွင်းသေမှာဖြစ်ပါတယ် သေရမဲ့အကြောင်းရင်းကိုရေးထားရင် အဲ့ဒီအတိုင်းသေပြီးတော့ မရေးရင်တော့ နှလုံးရုတ်တရက်ဖောက်ပြီး သေမှာပါ Light တစ်ယောက် Death Note စာအုပ်နဲ့ Lကို ဘယ်လို ...
movie
Prem Ratan Dhan Payo(2015)
Prem Ratan Dhan Payo(2015) ဒီဇာတ်ကားလေးမှာတော့ မင်းသားကြီး ဆလက်မန်ခမ်း ပါဝင်ထားပြီး အနုအလှ ပသာဒ စုံလင်စွာနဲ့ စိတ်ကူးလှလှလေး တင်ဆက်ထားတဲ့ကားကောင်းလေး တစ်ခုပါ။ ဇာတ်ကားရဲ့ ဒိုင်ယာလော့တွေကလည်း တော်ကီ ဆော်ကြည်စေမည် မှာ အမှန်ဖြစ်ပြီး ပုရိသ အဖို့ ကြူနည်းပြ ဇာတ်လမ်းလည်း ဖြစ်လာဦးမှာပါဇာတ်လမ်းအကျဉ်းပရီတန်ပူ တိုင်းပြည်မှာ မင်းသားလေး ဗီဂျေးဆင်းဟာ မကြာခင် နန်းတက်ပွဲကျင်းပတော့ မှာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပင် အခြားတိုင်းပြည်မှ မင်းသမီးလေး မယ်သီလီ နှင့် ရွှေလက်ဆက် စေ့စပ်ပွဲလည်း ကျင်းပမှာ ဖြစ်ပါတယ်။ ပျော်ရွှင်မှုအဖုံဖုံနှင့် ပြည့်စုံသလောက်ရှိနေသော်လည်း မင်းသားဗီဂျေးဆင်းရဲ့ မိသားစုကိစ္စတွေက လကြတ်ဇုန်အတွင်း ရောက်ရှိနေသလို ဖြစ်နေခဲ့ပါတယ်။အတိတ်ရဲ့ကိစ္စရပ်အဖုံဖုံကြောင့် ဖအေတူမအေကွဲ ဖြစ်သူ စင်ဒရီကာ နဲ့ ရာဟီကာ ညီအစ်မဟာ ဗီဂျေးဆင်းကို အမြင်မကြည်လင်ဖြစ်ခဲ့ရတယ်။ ဗီဂျေးဆင်းအဖို့ အစ်ကိုနဲ့ ညီမ သံယောဇဉ်ကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားရာမှာလည်း မအောင်မြင်ခဲ့ပေ။တစ်ဖက်၌လည်း မအေကွဲ ညီအစ်ကိုတော်စပ်သူ အေဂျေးဆင်းဟာ နန်းတက်လိုစိတ်ပြင်းပြပြီး အစ်ကိုဖြစ်သူ ဗီဂျေးဆင်းကို လုပ်ကြံခဲ့ပါတယ်။ ဗီဂျေးဆင်းအဖို့ သေကံမရောက်သေးသော်လည်း သတိပြန်လည် မရသေးချိန်ထိ ဖြစ်နေရပါတယ်။ဒီလို အခြေအနေမှာတော့ နန်းတွင်းလုံခြုံရေးမှူးဟာ ပရမ်ဆိုတဲ့ ကောင်လေးကို တွေ့ရှိခဲ့ပါတယ်။ ပရမ်ဆိုသူဟာ မင်းသားဗီဂျေးဆင်းနဲ့ ရုပ်ရည်ဆင်တူနေပြီး နောက်ဆုံးမှာတော့ နန်းတက်ပွဲနဲ့ စေ့စပ်ပွဲအပြီးထိ မင်းသားနေရာ ဟန်ဆောင်စေဖို့ အထိန်းတော်ကြီးကပင် အကူအညီတောင်းယူခဲ့ပါတယ်။ဒီလိုနဲ့ နန်းတက်ပွဲ ...
movie
Prem Ratan Dhan Payo(2015)
Romeo And Juliet (1996) မြန်မာစာတန်းထိုး
Romeo And Juliet (1996) မြန်မာစာတန်းထိုး နာမည်ကြီးစာရေးဆရာ ရှိတ်စပီးယား ရေးသားခဲ့တဲ့ ရိုမီယိုနဲ့ဂျူးလီယက်ဆိုတဲ့အကြောင်းကိုလူတိုင်းသိကြမယ်ထင်ပါတယ်..1996 ခုနှစ်မှာ ရုပ်ရှင်အဖြစ်ထွက်ရှိခဲ့ပြီး မင်းသား လီယိုနာဒို နဲ့Claire Danes တို့ ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်..IMDb Rate 6.8 ရရှိထားခဲ့ပြီး ကျွန်တော့်အမြင်သက်သက်ပဲပြောရမယ်ဆိုရင် ထွက်သမျှ ရိုမီယို နဲ့ဂျူးလီယက်ဇာတ်ကားထဲမှာဒီကားကိုကျွန်တော်အကြိုက်ဆုံးပါ..မကြာခင်ကမှ အော်စကာဆုရရှိထားတဲ့လီယို ရဲ့ ငယ်ရွယ်စဉ်အခါကသရုပ်ဆောင်မှုတွေနဲ့အတူ ဇာတ်လမ်းကိုလိုက်ပါစီးမျောလိုက်ပါဦး..အညွှန်းကိုတော့ပေးစရာမလိုလောက်တော့ဘူးလို့ထင်ပါတယ်စာဖိုင်ဟာ dvd အခွေကနေထုတ်ထားတာဖြစ်တဲ့အတွက် အနည်းငယ်လွဲမှားမှုများရှိပါကသည်းခံပါရန်Filesize : 800 MBQuality : DvdRipFormat : mp4Run Time : 2hSubtitle : Myanmar Subtitle ( Hardsub )Encoded By LKDownload And Watch With Pcloud Link 
Romeo And Juliet (1996) မြန်မာစာတန်းထိုး
A Letter To Momo (မြန်မာစာတန်းထိုး) (၂၀၁၁)
A Letter To Momo (မြန်မာစာတန်းထိုး) (၂၀၁၁)                       MDb 7.3  Rotten Tomatoes 80% ရရှိထားတဲ့ ဇာတ်ကားလေးကတော့ မိုမိုဆိုတဲ့ ၁၁ နှစ်အရွယ်ကောင်မလေးဟာ အဖေဆုံးပြီးနောက် တိုကျိုမှာရှိတဲ့အိမ်ကိုရောင်းချပြီး သူ့အမေရဲ့ မွေးရပ်ဇာတိကို ပြောင်းရွှေ့လာခဲ့တယ်... သူ့အဖေမဆုံးခင် ရေးထားခဲ့တဲ့ အစမရှိအဆုံးမရှိစာလေးတစ်စောင်ကတဆင့် ထူးဆန်းတဲ့ ပရလောကသားတွေနဲ့ တွေ့ဆုံမှုအကြောင်း ဇာတ်လမ်းဆင်ထားတယ်ဗျ..အညွှန်းထက်စာရင် ဇာတ်လမ်းကို ကိုယ်တိုင်ကြည့်မှ အရသာရှိမယ့်ဇာတ်ကားမို့ ဘာမှအများကြီး မညွှန်းတော့ပါဘူး..သေချာတာကတော့ " မိုမိုသို့ပေးစာ " လို့ အမည်ရတဲ့ Rating မြင့် ဒီဂျပန်ကာတွန်းကားလေးဟာ ကြာမြင့်ချိန် ၂ နာရီအတွင်းမှာ ကြည့်ရှုသူတွေကို ခံစားချက်အမျိုးမျိုးပေးစွမ်းနိုင်မှာပါဗျ..  File Size                 ...
movie
A Letter To Momo (မြန်မာစာတန်းထိုး) (၂၀၁၁)
Invisible Sister (2015) 6.1
Invisible Sister (2015) Invisible Sister (2015)_____IMDb - 6.1/10  disney ကနေ ထုတ်လုပ်တင်ဆက်ထားတဲ့ Invisible Sisterဆိုတဲ့ဇာတ်ကားလေးကို တင်ပေးလိုက်ပါတယ်ပေါ့ပေါ့ပါးပါးလေးနဲ့ကြည့်လို့ကောင်းတဲ့သိပ္ပံဇာတ်ကားလေးပါပဲ  IMDb Rate ကတော့ 6.1 ရရှိထားပါတယ် 2015 တုန်းကထွက်ရှိထားပြီး  ရိုက်ကူးသူဒါရိုက်တာကတော့ Paul Hoen ဖြစ်ပါတယ် ကလီယို နဲ့ မော်လီတို့ဟာ ညီအစ်မဖြစ်ပါတယ်..မော်လီက အားကစားပွဲတော်တွေ ကစားနည်းတွေ အပျော်အပါးတွေမှာဝါသနာထုံတဲ့သူဖြစ်ပြီး ကလီယိုကတော့ သိပ္ပံပရောဂျက်တွေကိုလုပ်ဆောင်နေတဲ့သူတစ်ယောက်ပါ..ခဏခဏ လည်းကျရှုံးပါတယ်..တစ်နေ့ဆရာက ကလီယိုကို အိမ်မှာ သကြားဖေါ်ဖို့အတွက်သိပ္ပံပရောဂျက်ကိုလုပ်ခိုင်းလိုက်ပါတယ် အဲ့နေ့မှာ မော်လီကသူ့သူငယ်ချင်းတွေနဲ့အိမ်မှာပါတီလုပ်ပါတယ်.ကလီယိုက သကြားဖော်ရင်းနဲ့မတော်တဆနဲ့ဓါတုဗေဒ ပစ္စည်းတွေ ဖျော်ရည်ထဲမှောက်ကျသွားပြီး အငွေ့တွေထွက်လာတဲ့အခါ လိပ်ပြာလေးတစ်ကောင်က အဲ့အငွေ့ကိုဖြတ်ပျံ မိတဲ့အခါမှာတော့ လိပ်ပြာကတော့ ကိုယ်ပျောက်သွားပါတယ်..ကလီယိုဟာလန့်ပြီးလိပ်ပြာကိုကြိုးစားပြီးလိုက်ဖမ်းပေမယ့် မမိပါဘူး အဲ့လိပ်ပြာကတော့ မတော်တဆပဲ မော်လီသောက်မယ့် ရေခွက်ထဲကိုကျသွားတဲ့အခါ ကိုယ်ပျောက်နေတာဖြစ်တဲ့အတွက်မော်လီကမမြင်ပဲသောက်လိုက်တဲ့အခါ ........... ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါ   File size : 802 MB Quality : WEB-DL 720p Format : mp4 Run Time : 1h 20 min Subtitle : ...
movie
Invisible Sister (2015)
2015
Gremlins (1984)
Gremlins (1984) ဒီမှာမစ္စတာ ခင်ဗျားလိုက်နာရမယ့်စည်းကမ်းသုံးချက်ရှိတယ် ဟုတ်ပြီ.. ဘယ်လိုစည်းကမ်းချက်တွေလဲ... ပထမအချက်.. သူ့ကိုအလင်းရောင်အောက် တွေမှာမထားနဲ့... သူကအလင်းစူးစူးတွေကိုမုန်းတယ် အထူးသဖြင့်နေရောင်ပဲ... နေရောင်ကသူ့ကိုသေစေတယ်... ဒုတိယတစ်ချက်က.. သူ့ကိုရေနဲ့ဝေးဝေးမှာထားရမယ် သူ့ကိုလုံးဝရေမစိုစေပါနဲ့ ရေလည်းချိုးမပေးမိပါစေနဲ့... တတိယအချက်က အရေးအကြီးဆုံးစည်းမျည်းပဲ... လုံးဝသတိမေ့လို့မရဘူး သူဘယ်လောက်ပဲငိုငို သူဘယ်လောက်ပဲတောင်းပန်ပါစေ...(ဘယ်တော့မှနော်) ဘယ်တော့မှသန်းခေါင်ကျော်တာနဲ့ သူ့ကိုအစာမကျွေးမိစေနဲ့Gremlins ဟာ 1984 ခုနှစ်ကထွက်ထားတာဖြစ်တဲ့အတွက်တော်တော်လေးကိုကြာနေပြီလို့ဆိုနိုင်ပါတယ် ကားဟောင်းတွေရဲ့ထုံးစံအတိုင်း သဘောမကျစရာဇာတ်ဝင်ခန်းတချို့ရှိပေမယ့် ကားဟောင်းတွေထဲမှာတော့ တော်တော်ကြည့်လို့ကောင်းတယ်လို့ပြောလို့ရပါတယ် ဒီကားမှာတော့ ရေကန်ထဲကို gremlin တစ်ကောင်ပြုတ်ကျသွားတဲ့ဇတ်ဝင်ခန်းရယ် နောက်ဆုံး ရေပန်းမှာရေစိုအောင်လုပ်တဲ့ဇာတ်ဝင်ခန်းနှစ်ခန်းတော့ ကျော်သဘောမကျပါဘူး old films တွေရဲ့ထုံးစံလိုလုပ်ထားလို့ပါ ကျန်တာတော့ပြောစရာမရှိဘူးလို့ပြောနိုင်ပါတယ် 1984 ခုနှစ်ရဲ့ animation ကခုလောက်တော့မဟုတ်ပေမယ့် သူ့အချိန်တုန်းကတော့ လူကြိုက်များခဲ့တယ်ဆိုတာ IMDB rating 7.2 ဆိုတာကသက်သေပြနေပါတယ်ရုပ်ရှင်ကားကို PG အဆင့်လောက်နဲ့သာရိုက်ထားလို့ အားမရစရာလေးတော့ရှိပါတယ် ခုချိန်လိုမျိုးသာ animation ကောင်းကောင်းနဲ့ သတ်တဲ့ဖြတ်တဲ့အခန်းလေးတွေအမိုက်စားထည့်ပေးပြီးအသစ်ပြန်ရိုက်ရင် ဒီလို Horror, Comedy နဲ့ ...
movie
Gremlins (1984)
The Lady (2011) 7.1
The Lady (2011) The Lady (2011) ********************************(သံမဏိလိပ်ပြာ)IMDB (7.1)Google users 81% ဇာတ်လမ်းအကျဉ်း ——————– ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဂဠုန်ဦးစော ကလုပ်ကြံ သတ်ဖြတ်တဲ့ နေရာကနေစပြီးတော့ အခြေတည်ထားပါတယ်။ ထိုစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်မှာ ၂နှစ်အရွယ် သမီးလေးအဖြစ်သာရှိနေပါသေးတယ်။အသက်အရွယ်ရလာတော့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အင်္ဂလန်မှာပဲ အခြေကျပြီးတော့ Michael Aris (Oxford ကဆရာ) နဲ့ အိမ်ထောင်ကျပါတယ်။ သား၂ယောက်ထွန်းကားပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဒေါ်စု အမေ ဒေါ်ခင်ကြည်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ဒေါ်စု ပြန်လာတဲ့အခိုက် မှာ ၁၉၈၈ အရေးအခင်းနဲ့ကြုံရပြီးတော့…..မြန်မာ့ဒီမိုကရေစီလမ်းကြောင်းအတွက် သူမရဲ့ဘဝတစ်ခုလုံးကိုရင်းနှီးမြှပ်နှံထားပုံတွေကို သမိုင်းပေါ်အခြေခံလို့ ကြည့်ရှုရမယ့် Biographical Film ဖြစ်ပါတယ်။Review CrdFile Size : (GB) and (1.3 GB) Quality : Blu-Ray 1080p Format…mp4 Duration… 2h 12min Genre : Biography, Drama, History Subtitle : Myanmar ...
movie
The Lady (2011)
2011
Tad : The Lost Explorer (2012)
Tad : The Lost Explorer (2012) Channel Myanmar က ကာတွန်းကားတွေ မတင်တာကြာပြီမို့ ဒီတစ်ခါ ကာတွန်းကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ... ဒီကားလေးကလည်း ကျွန်တော်ကြည့်ခဲ့ဖူးသမျှ ကာတွန်းကားတွေထဲက စိတ်ထဲမှတ်မှတ်ရရရှိနေခဲ့ ကားလေးတစ်ကားဖြစ်ပါတယ် .. ဇာတ်လမ်းလေးကတော့ ... ဖခင်ဖြစ်သူလို ရှေးဟောင်းသုတေသနပညာရှင် ဖြစ်ချင်နေတဲ့ တက်ဒ်(Tad) ဆိုတဲ့ကောင်လေးဟာ ဖြစ်ချင်တာကို မလုပ်ရပဲ ကြုံရာအလုပ်ကိုသာ လုပ်နေခဲ့ရပါတယ် ... ဒါပေမယ့် သူ့ရဲ့ဝါသနာကြောင့် အလုပ်တွေမှာ အဆင်မပြေဖြစ်ရပါတယ် ... ဒါပေမယ့် တစ်နေ့မှာ သူ့ရဲ့အိပ်မက်တွေဖြစ်လာဖို့အခွင့်အရေးတစ်ခုကို မမျှော်လင့်ပဲကြုံတွေ့ရပါတော့တယ် ... အဲ့ဒါကတော့ ပျောက်ဆုံးနေတဲ့မြို့တော်တစ်ခုကို ရှာဖွေရမယ့် အခွင့်အရေးပါ ဒါပေမယ့် အနှောက်အယှက်တွေ ထူးဆန်းမှုတွေ စွန့်စားမှုတွေ အပြည့်နဲ့ ကြုံလာခဲ့တဲ့အခါမှာတော့ ....ဒီဇာတ်ကားလေးကို ကြည့်လိုက်ရင် နာမည်ကြီးဇာတ်လမ်း အင်ဒီယာနာဂျုန်းစ်ကို ကာတွန်းဗားရှင်းနဲ့ပြန်ကြည့်ရသလိုခံစားရစေမှာပါ(တလွဲလေးတွေတော့ ပါတာပေါ့လေ ငိငိ ) ပရိတ်သတ်ကြီး အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်...ကြည့်ရှုအားပေးကြပါဦး (Like & Share လေးလုပ်သွားဖို့လည်း မမေ့ကြနဲ့ဦးနော် .. လူကြီးမင်းတို့ရဲ့ Like/Share တစ်ချက်က ကျွန်တော့်တို့အတွက် ...
movie
Tad : The Lost Explorer (2012)
Genres
Archives