Channel Myanmar
New releases (2025)
Content at random
Movies
Born to Fight (2004) 6.2
Born to Fight (2004) ဒီဇာတ်ကားလေးကတော့ကျွန်တော်ရဲ့ ပဉ္စမမြောက်ဘာသာပြန်ဇတ်ကားလေးပါ အက်ရှင်ကားကောင်းကောင်းကို မှကြိုက်တဲ့ပရိတ်သတ်တွေအကြိုက်တွေ့မယ့်ကားတစ်ကားပါပဲ ကျွန်တော်ထိုင်းအက်ရှင်ကားတွေဆိုရင်(tonny jaa)ရယ် ဒီမင်းသားရယ်ပါတဲ့ကားတွေကိုအကြိုက်ဆုံးပါပဲ ထိုးသတ်မှုတွေကမာန်ပါသလိုတကယ့်ကိုအက်ရှင်ရသ ပေးစွမ်းနိင်တဲ့ကားတွေဖြစ်လို့ပါပဲဒီ ဇာတ်ကားလေးကတော့အက်ရှင်ဆိုပေမဲ့ဇတ်လမ်း ဇာတ်ကွက်တွေလည်းပါတာကြောင့်ပရိတ်သတ် တွေစိတ်ကျေနပ်မှုရစေမှာပါ အညွန်းမရေးခင်ကျွန်တော်နည်းနည်းထပ်ဖြည့်ပေးပါရစေ ဒီဇတ်ကားလေးမှာကျွန်တော်တွေ့ရသလောက်ကတော့ စည်းလုံးညီညွတ်မှုရယ်နိင်ငံတော်နဲ့နိင်ငံတော်သီချင်းကို ချစ်မြတ်နိးတာကိုတွေ့ရပါတယ် ကျွန်တော်တို့အလုပ်မှာဆိုရင်သူဌေးကတခါတလေလာရင် ဂျပန်နဲ့မြန်မာလူမျိူး Communicationရစေအောင်ဆိုပြီး နိင်ငံတော်သီချင်းဆိုခိုင်းတတ်ပါတယ် ကျွန်တော်တို့တွေကတော့ကိုယ့်နိင်ငံတော်သီချင်းကို အကျယ်ကြီးဆိုကြတာပေါ့ ဆိုနေတဲ့အချိန်မှာကြက်သီးထလောက်အောင်ခံစားရပါတယ် နိင်ငံခြားရောက်နေတဲ့လူတွေပိုသိမှာပါ ဟိုတလောကကျွန်တော်facebookမှာ ဖတ်လိုက်ရပါတယ်မြန်မာနိင်ငံမှာ ရုပ်ရှင် မပြခင်နိင်ငံတော်သီချင်းဆိုတဲ့အချိန်မှာဆိုနေတဲ့လူတွေကို အနောက်ကနေ ကဲ့ရဲ့တယ်ဆိုတဲ့သတင်းပါ ဟုတ်မဟုတ်တော့မသိပါဘူး ဒါပေမဲ့အဲလိုတော့ဘယ်လိုမှမဖြစ်သင့်ပါဘူး ကျွန်တော်နိင်ငံတော်သီချင်းအကြောင်းပြောရင်း မြန်မာဇတ်ကားတစ်ကားကိုသတိရမိပါတယ် တိုက်ပွဲခေါ်သံပါ အားလုံးလည်းသိမှာပါ ဒါကြောင့်ကျွန်တော်ပြောချင်တာကနိင်ငံတော်သီချင်းကို ကျွန်တော်တို့အားလုံးအလေးထားသီဆိုကြပါစို့လို့ပြောချင်ပါတယ် အားလုံးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ဇာတ်ကားအညွန်းကိုပြောရရင်တော့ နိင်ငံတော်ကဖမ်းဆီးထားတဲ့မှောင်ခိုရာဇာကြီး တစ်ယောက်ကိုလက်အောက်ငယ်သားတွေက နယ်စပ်ရွာကလေးကိုဓါးစားခံလုပ်ပြီးကယ်တင်ဖို ့ကြိူ းစားတာကိုရိုက်ကူးထားတာပါ နယ်စပ်ရွာကလေးကိုရောက်ရှိနေတဲ့ အားကစားသမားများနဲ့လူဆိုးတွေရင်ဆိုင်ပုံကို သေသေသပ်သပ်ရိုက်ကူးထားတာပါ ထိုင်နိင်ငံရဲ့နာမည်ကြီးလက်ဝှေ့သမားတွေ တိုက်ကွမ်ဒိုသမားတွေ အားကစားသမားစုံစုံညီညီပါဝင်ထားပါတယ် ဒေါင်းလော့ဆွဲပြီးကြည့်လိုက်ကြပါအုံး (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ ကို Soe Htwe (ခေတ္တ ဂျပန်) ပဲ ဖြစ်ပါတယ်) ----------------------------------------------------------------- ဒီဇာတ်ကားလေးကတော့ကျွန်တော်ရဲ့ ပဉ္စမမြောက်ဘာသာပြန်ဇတ်ကားလေးပါ အက်ရှင်ကားကောင်းကောင်းကို မှကြိုက်တဲ့ပရိတ်သတ်တွေအကြိုက်တွေ့မယ့်ကားတစ်ကားပါပဲ ကျွန်တော်ထိုင်းအက်ရှင်ကားတွေဆိုရင်(tonny jaa)ရယ် ဒီမင်းသားရယ်ပါတဲ့ကားတွေကိုအကြိုက်ဆုံးပါပဲ ထိုးသတ်မှုတွေကမာန်ပါသလိုတကယ့်ကိုအက်ရှင်ရသ ပေးစွမ်းနိင်တဲ့ကားတွေဖြစ်လို့ပါပဲဒီ ဇာတ်ကားလေးကတော့အက်ရှင်ဆိုပေမဲ့ဇတ်လမ်း ဇာတ်ကွက်တွေလည်းပါတာကြောင့်ပရိတ်သတ် တွေစိတ်ကျေနပ်မှုရစေမှာပါ အညွန်းမရေးခင်ကျွန်တော်နည်းနည်းထပ်ဖြည့်ပေးပါရစေ ဒီဇတ်ကားလေးမှာကျွန်တော်တွေ့ရသလောက်ကတော့ စည်းလုံးညီညွတ်မှုရယ်နိင်ငံတော်နဲ့နိင်ငံတော်သီချင်းကို ချစ်မြတ်နိးတာကိုတွေ့ရပါတယ် ကျွန်တော်တို့အလုပ်မှာဆိုရင်သူဌေးကတခါတလေလာရင် ဂျပန်နဲ့မြန်မာလူမျိုး Communicationရစေအောင်ဆိုပြီး နိင်ငံတော်သီချင်းဆိုခိုင်းတတ်ပါတယ် ကျွန်တော်တို့တွေကတော့ကိုယ့်နိင်ငံတော်သီချင်းကို အကျယ်ကြီးဆိုကြတာပေါ့ ဆိုနေတဲ့အချိန်မှာကြက်သီးထလောက်အောင်ခံစားရပါတယ် နိင်ငံခြားရောက်နေတဲ့လူတွေပိုသိမှာပါ ဟိုတလောကကျွန်တော်facebookမှာ ဖတ်လိုက်ရပါတယ်မြန်မာနိင်ငံမှာ ရုပ်ရှင် မပြခင်နိင်ငံတော်သီချင်းဆိုတဲ့အချိန်မှာဆိုနေတဲ့လူတွေကို အနောက်ကနေ ကဲ့ရဲ့တယ်ဆိုတဲ့သတင်းပါ ဟုတ်မဟုတ်တော့မသိပါဘူး ဒါပေမဲ့အဲလိုတော့ဘယ်လိုမှမဖြစ်သင့်ပါဘူး ကျွန်တော်နိင်ငံတော်သီချင်းအကြောင်းပြောရင်း မြန်မာဇတ်ကားတစ်ကားကိုသတိရမိပါတယ် တိုက်ပွဲခေါ်သံပါ အားလုံးလည်းသိမှာပါ ဒါကြောင့်ကျွန်တော်ပြောချင်တာကနိင်ငံတော်သီချင်းကို ကျွန်တော်တို့အားလုံးအလေးထားသီဆိုကြပါစို့လို့ပြောချင်ပါတယ် အားလုံးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ဇာတ်ကားအညွန်းကိုပြောရရင်တော့ နိင်ငံတော်ကဖမ်းဆီးထားတဲ့မှောင်ခိုရာဇာကြီး တစ်ယောက်ကိုလက်အောက်ငယ်သားတွေက နယ်စပ်ရွာကလေးကိုဓါးစားခံလုပ်ပြီးကယ်တင်ဖို့ ကြိုးစားတာကိုရိုက်ကူးထားတာပါ နယ်စပ်ရွာကလေးကိုရောက်ရှိနေတဲ့ အားကစားသမားများနဲ့လူဆိုးတွေရင်ဆိုင်ပုံကို သေသေသပ်သပ်ရိုက်ကူးထားတာပါ ထိုင်နိင်ငံရဲ့နာမည်ကြီးလက်ဝှေ့သမားတွေ တိုက်ကွမ်ဒိုသမားတွေ အားကစားသမားစုံစုံညီညီပါဝင်ထားပါတယ် ဒေါင်းလော့ဆွဲပြီးကြည့်လိုက်ကြပါအုံး (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ ကို Soe Htwe (ခေတ္တ ဂျပန်) ပဲ ဖြစ်ပါတယ်) File Size         : 685 MB Quality           : Blu ray 720P Running Time : 1hr 32 minute Format           : Mp4 Genre             : Action, Drama, Crime Encoder         : Joker.phs
movie
Born to Fight (2004)
A Chinese Odyssey Part 1 & 2 [Pandora Box & Cindrella] (1995) 7.9
A Chinese Odyssey Part 1 & 2 [Pandora Box & Cindrella] (1995) A Chinese Odyssey: Part 1 - Pandora's Box (1995)_____IMDb - 7.9/10 A Chinese Odyssey: Part 2 - Cinderella (1995)_____IMDb - 8.0/10   ဟုတ်ပါတယ် ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေအားလုံးနှစ်သက်ကြရတဲ့ နာမည်ကျော်မင်းသားကြီး Stephen Chow က Journey to the west ဆိုတဲ့ တရုတ်ရိုးရာဇာတ်တော်ကြီးကို ပြန်လည်ဆန်းသစ်ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ မတူတာကတော့ ဇာတ်လမ်းကျောရိုးက အနောက်အရပ်သို့ ကျမ်းဂန်တွေသွားရောက်ပင့်ဆောင်ခြင်းမပြုမှီ စွန်းဝူခုန်းရဲ့ အရိုင်းစိုင်းမျောက်ဘ၀ ထိုမှတစ်ဖန် လူဘဝပြန်ဝင်စားပြီး လူဘဝနဲ့ကျင်လည်ကျက်စားပုံတွေ မိစ္ဆာမလေးတစ်ယောက် နဲ့ ဘုံကြိုးပြတ်နတ်သမီးတစ်ယောက်ရဲ့ကြားမှာယောက်ယတ်ခပ်အောင် ဗျာများနေရပြီး ရသစုံအချစ်ဇာတ်လမ်းလေးတွေပေါက်ဖွားလာပုံတွေကို တွေ့ရမှာပါ ထို့အပြင်ပဲ ဆရာတော်ဟာလည်း ပါရမီမရင့်သန်မီမှာ စကားအလွန်များပစိပစပ်အလွန်နိုင်တဲ့ ဘုန်းကြီးတစ်ပါးအဖြစ်ကျင်လည်ခဲ့ရပုံ တွေကို မင်းသားကြီး Stephen Chow ရဲ့ထုံးစံအတိုင်း ခပ်တည်တည်နဲ့ ဟာသလေးတွေနှောကာရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။  စွန်းဝူခုန်း တစ်ဖြစ်လဲ ကျင်းရှောင်လင် တစ်ယောက် သူရဲ့အချစ်ရဆုံးမိန်းကလေးဟာဘယ်သူဆိုတာနဲ့ လောကကြီးရဲ့အကျိုးသယ်ပိုးဖို့အတွက် စွန်းဝူခုန်း ဘဝကိုပြန်လည် ရွေးချယ်ရင် သူနဲ့ပတ်သက်တဲ့မိန်းကလေးနဲ့လည်းကွဲရမှာဖြစ်တာကြောင့် သူဘာကိုရွေးချယ်မှာလဲ ဆိုတာကိုလည်း ရင်တမမနဲ့ကြည့်ရမယ့်အပြင် စိတ်ကိုလည်း အားမလိုအားမရဖြစ်ကာမရိုးမရွဖြစ်စေတဲ့ရသကိုလည်း ပေးနိုင်စွမ်းရှိတဲ့ ...
movie
A Chinese Odyssey Part 1 & 2 [Pandora Box & Cindrella] (1995)
1995
Neerja (2016) 7.7
Neerja (2016) ၁၉၈၆ခုနှစ် စက်တင်ဘာလမှာတော့အိန္ဒိယရဲ့ သတင်းခေါင်းကြီးပိုင်းအဖြစ်ပါလာခဲ့တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့တယ် ပန်အန်လေကြောင်းလိုင်း ၇၃ကိုအကြမ်းဖက်သမားတစ်စုကပြန်ပေးဆွဲခဲ့တဲ့အမှုဖြစ်ပါတယ် ကြိုတင်စီမံမှုတွေနဲ့အတူအစွန်းရောက်အဖွဲ့ရဲ့ ပြန်ပေးဆွဲမှုဟာ တကယ့်ကို ထိတ်လန့်စရာပါသေနတ်တရမ်းရမ်း လက်ပစ်ဗုံး တကားကား နဲ့အကြမ်းဖက်သမားတွေကြားမှာ တန်ဆာခံခရီးသည် ၃၇၉ရဲ့အသက်ဟာ လက်ဖြောက်တစ်ချက်အတွင်း အသက်ပျောက်သွားနိုင်ပါတယ် ဒီလိုအခြေအနေမျိုးမှာ နီဂျာလို့ခေါ်တဲ့လေယာဉ်မယ်လေးကြောင့် တန်ဆာခံအသေအပျောက်နည်းပါးစွာ လွတ်မြောက်ခဲ့ပါတယ် သူရဲကောင်းဆိုတဲ့ ဝေါဟာရနဲ့ထိုက်တန်တဲ့သူကို ကျနော်တို့တွေ့ရခဲပါတယ် မထင်မရှား အားနွဲ့တဲ့ လေယာဉ်မယ်လေးကတော့ သူရဲကောင်းဆိုတဲ့ဘွဲ့နဲ့ထိုက်တန်ခဲ့ပါတယ် ခရီးသည်တွေရဲ့အသက်ကိုဦးစားပေးပြီး အစွန်းရောက်အကြမ်းဖက်သမားတွေကြားမှာ မျက်ရည်တွေကို ထိန်းချုပ်ရင်း ကိုင်တွယ်သွားတဲ့ပုံကတော့အရမ်းကို အံသြစရာပါတကယ်တော့နီဂျာကခရီးသည်တွေရဲ့အသက် ကိုတင် ကယ်တင်ခဲ့တာမဟုတ်ပါဘူး နိုင်ငံရဲ့အုပ်ချုပ်မှုယန္တရားကိုပါကယ်တင်နိုင်ခဲ့တာပါ ဒီကားထဲမှာချီးကျူးရမှာ မင်းသမီးချော Sonam Kapoor အပြင်သူမရဲ့အမေအဖြစ်သရုပ်ဆောင်တဲ့ Shabana Aamiကိုပါ သမီးးအတွက် ဗျာများနေတဲ့အမေတစ်ယောက်အဖြစ်ရုပ်လုံးပေါ်တဲ့အပြင် တုန်ယင်နေတဲ့အသံတွေနဲ့ပြောစကားတွေကလွမ်းမောဖွယ် ဂန္တ၀င်တေး သွားတစ်ခုလိုရင်ထဲရိုက်ခတ်နိုင်စွမ်းရှိလို့ပါဒီဇာတ်ကားကြည့်နေရင်း အသက်ရှင်ဖို့အဓိကအစိတ်အပိုင်းဖြစ်တဲ့ လေထဲကအောက်ဆီဂျင်ကိုရှုနေရပါ့လားဆိုတဲ့အသိပါပျောက်သွားပါလိမ့်မယ်ငုတ်တုတ်မေ့သွားတယ်ဆိုတာ ကြီးကိုလည်း ခင်ဗျားကိုယ်တိုင်ကြုံဖူးသွားလိမ့်မယ် ပရိတ်သတ်ကြီးကို ပြောချင်တာက ရင်ထဲဘာမှမခံစားခဲ့ရဘူးလို့ဆိုခဲ့ရင် သေချာတယ် ခင်ဗျားနှလုံးသားက ကျောက်တုံးတွေနဲ့ဖွဲ့ဆည်းထားတာပါလို့ ကဲ IMDB 8.0 ရပြီဆိုကထဲက ထပ်မညွှန်းတော့ပါဘူး ခံစားကြည့်လိုက်ပါဦးဗျာ............File Size         : 870 MB Quality           : Blu ray 720P Running Time : 2hr ...
movie
Neerja (2016)
Sky High (2005) 6.2
Sky High (2005) ဒီသိပ္ပံအက်ရှင်ဇာတ်ကားလေးဟာ Imdb Rating 6.2 ထိတောင်ရရှိထားတဲ့ မိသားစုနဲ့အတူကြည့်ရှုနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ Fobidden Kingdom ဇာတ်ကားထဲမှ လူငယ်မင်းသား Michael Angarano နဲ့ အခုလက်ရှိထုတ်လွှင့်ပြသနေတဲ့ Flash Series ထဲမှ သိပ္ပံပညာရှင်မလေး စနိုး အဖြစ်သရုပ်ဆောင်ထားတဲ့ Danielle Panabaker တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်ကားအညွှန်းကိုပြောရရင်ဖြင့် Will Stronghold ဆိုတဲ့ဆယ်ကျော်သက်လူငယ်လေးဟာ နာမည်ကြီး Superheroes မောင်နှံနှစ်ဖော်ဖြစ်တဲ့ Steve နဲ့ Josie တို့ရဲ့ တစ်ဦးတည်းသောသားဖြစ်ပါတယ်။အဖေရောအမေရော လူစွမ်းကောင်းစွမ်းအားရှင်တွေဖြစ်ပါလျက်နဲ့ Will တစ်ယောက် Super heroes တွေတက်ရမဲ့ကျောင်းကိုတက်ခွင့်ရတဲ့ အချိန်ထိသူ့မှာ အားသာချက်စွမ်းအင် ဘာတစ်ခုမှပေါ်မလာသေးတဲ့အတွက် ကျောင်းရောက်တဲ့အခါလူရွေးတဲ့အချိန်မှာတော့ Sidekick(အပယ်ခံ) အဖြစ်နဲ့သာ တက်ရောက်ခွင့်ရခဲ့ပါတယ်။ သူဘယ်လိုမျိုးအစွမ်းတွေရသွားမလဲ အစွမ်းရပြီးတဲ့နောက်ရော ကျောင်းမှာအဆင်ပြေပါ့မလား။ ဘယ်လို ဒုစာရိုက်ကောင်မျိုးကသူတို့ကျောင်းကြီးအပြင်ကမ္ဘာကြီးကိုပါသိမ်းပိုက်ဖို့ကြိုးစားမလဲဆိုတာတွေကိုတော့spoilerဖြစ်သွားမှာစိုးလို့ မပြောတော့ပါဘူး။ဇာတ်ကားလေးကိုသာ ဆက်ကြည့်လိုက်ကြပါလို့တိုက်တွန်းချင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ File Size         : 710 MB Quality           : ...
movie
Sky High (2005)
My New Sassy Girl (2016) 4.6
My New Sassy Girl (2016) My New Sassy Girl (2016)_____IMDb - 4.6/10     ဒီကားက နာမည်ကျော် စာအုပ်တစ်အုပ်ဖြစ်တဲ့ My Sassy Girlကို ပုံစံအသစ်တစ်မျိုးနဲ့ ပြန်ရိုက်ထားတဲ့ ဇာတ်ကားပါ။ My Sassy Girl  နံပါတ် ၂ လို့ ပြောရင်လဲ ရပါတယ်။ မင်းသားက ၂ ကားလုံး အတူတူပါ။ ပထမကားဖြစ်တဲ့ My Sassy Girlက ၂၀၀၁ မှာ ထွက်ရှိခဲ့တာကြောင့် ၁၅ နှစ်ကြာမှ ပြန်ထွက်လာတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်း အကျဥ်းပြောရရင်တော့ ခပ်တုံးတုံးကောင်လေးနဲ့ ပြသနာ အမြဲရှာတတ်တဲ့ ကောင်မလေးတို့ရဲ့ အချစ် ဇာတ်လမ်းကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ ခံစား ကြည့်ရှူလိုက်ကြပါဦး   (ဘာသာပြန်သူကတော့ Zayyar Htet  ပဲ ဖြစ်ပါတယ်)   My Sassy Girl - 2001 ကို  https://channelmyanmar.to/my-sassy-girl-2001/  မှာဒေါင်းကြည့်လို့ရပါတယ်။    File Size         : 714 MB Quality           ...
movie
My New Sassy Girl (2016)
2016
My Beloved Bodyguard(2016) မြန်မာစာတန်းထိုး
My Beloved Bodyguard(2016) မြန်မာစာတန်းထိုး ဒီဇာတ်ကားလေးမှာအဓိကကတော့တရုတ်ဖတ်တီးမင်း သားခေါ်ဆူမိုဟန်ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်အက်ရှင်ဒရာမာ ရောထားတဲ့ဇာတ်ကားကောင်း လေးတစ်ကားဆိုလည်းမမှားပါဘူးမင်းသားအန်ဒီလျူ အပါအဝင်ဝါရင့်သရုပ်ဆောင်အများအပြားလည်းသ ရုပ်ဆောင်ထားတာမို့လည်းပရိတ်သတ်တွေအကြိုက် တွေ့မယ်ဇာတ်ကားတစ်ကားဖြစ်လာမှာဧကန်ပါပဲမြေးမလေးပျောက်ဆုံးသွားပြီးအရူးတစ်ပိုင်းဖြစ်ပြီး သောကပွေနေရသောအဖိုးကြီးဒင်အိမ်နီးချင်းကောင် မလေးတစ်ယောက်ကိုမြေးမလေးအစားသံယောဇင် တွယ်တာမိပြီးအဖိုးအရင်းတစ်ယောက်လိုစောင့် ရှောက်ချင်ခဲ့သည့်ဒင်ဒင်ကိုတစ်ဖက်သတ်သံယော ဇင်တွယ်မိနေသည့်အိမ်နီးချင်းကိုရီးယားလူမျိုးအဖွား ပက် အဖေနဲ့အမေကွဲနေသည့်အတွက်စိတ်ဒဏ်ရာရ ပြီးဒင်ကိုအဖိုးရင်းတစ်ယောက်လိုသံယောဇင်တွယ် မိနေသည့်သမီးလေးချယ်ရီလီထိုလူသုံးလေးဦးကြား တွင်တရုတ်မာဖီးယားဂိုဏ်းနဲ့ရုရှားမာဖီးယားဂိုဏ်းတို့ ရှုပ်ထွေးလာတဲ့အချိန်မှာဘာတွေဆက်ဖြစ်မလဲရဲမှုး ဟောင်းတစ်ဦးအဖြစ်လဲသိုင်းပေါင်းစုံကျွမ်းကျင်တဲ့အဖိုး ကြီးဒင်ကကောချယ်ရီလီလေးကိုဘယ်လိုကာကွယ် စောင့်ရှောက်မလဲစသဖြင့်ဒရာမာအက်ရှင်ဟာသအစုံ အလင်ရသတွေနဲ့ပရိတ်သတ်တွေကိုရင်ခုန်မှုကိုပေး မယ့်ဇာတ်ကားတစ်ကားကိုကျွန်တော်(စိုးထွေး)ရဲ့၂၄ ကားမြောက်ဘာသာပြန်ကားလေးအဖြစ်တင်ဆက် လိုက်ပါတယ်အမြန်သာဒေါင်းလော့ဆွဲကြပါလို့တိုက် တွန်းလိုက်ပါရစေFile Size         : 780 MB Quality           : Blu ray 720P Running Time : 1hr 39 minute Format           : Mp4 Genre             : Action, Drama, Crime Encoder         : Joker.phsDownload And watch With Pcloud Link Full HD(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Soe Htwe ပဲ ...
movie
My Beloved Bodyguard(2016) မြန်မာစာတန်းထိုး
Blackhat (2015) 5.4
movie
Blackhat (2015)
Bandidas (2006) မြန်မာစာတန်းထိုး
Bandidas (2006) မြန်မာစာတန်းထိုး စပိန်လို 'အမျိုးသမီးရာဇ၀တ်ကောင်များ' လို့အဓိပ္ပါယ်ရပါတယ်။ မက္ကဆီကိုမှာ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားလေးပါ။ မင်းသမီးတွေကတော့ စပိန်မင်းသမီးချော Penélope Cruz နဲ့ မက္ကဆီကိုမင်းသမီး Salma Hayek တို့ပါ။ မင်းသမီးတွေရဲ့ဇာတ်လမ်းဆို ပိုမှန်ပါမယ်။ ချမ်းသာပြီး လိုတရဘ၀နဲ့ ဥရောပမှာ ကျောင်းတတ်လာခဲ့တဲ့ မက္ကဆီကိုဘဏ်သူဌေးသမီး ဆယ်လ်ဗာဒို အဖြစ် Salma Hayek ဆင်းရဲတဲ့လယ်သမားသမီးဖြစ်ပေမယ့် ပွင့်လင်းရဲရင့်တဲ့ တောသူမလေး မာရီယာအဖြစ် Penélope Cruz တို့က ပိုင်နိုင်စွာသရုပ်ဆောင်ထားပါတယ် ဆယ်လ်ဗာဒိုရဲ့အဖေနဲ့လာပြီးအလုပ်လုပ်တဲ့ အမေရိကန်ဘဏ်ကကိုယ်စားလှယ် တေလာဂျက်ဆင် (Dwight Yoakam) ဟာ ရထားလမ်းဖောက်ဖို့ အတွက် ဆင်းရဲတဲ့မက္ကဆီကိုလယ်သမားတွေကို သတ်ပြီး သူတို့မြေတွေကို တစ်ပီဆိုတည်းနဲ့ရောင်းခဲ့ပါတယ်လို့ စာချုပ်အတုတွေလုပ်ပါတယ်။ နောက်ဆုံး ဆယ်လ်ဗာဒိုရဲ့အဖေကိုပါ သတ်ပြီး သူ့အဖေပိုင်ဆိုင်တဲ့ဘဏ်တွေကိုပါ သိမ်းယူခဲ့ပါတယ်။ ဂျက်ဆင်သတ်တဲ့လယ်သမားတွေထဲမှာ မာရီယာရဲ့အဖေလည်းပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ဆယ်လ်ဗာဒိုနဲ့မာရီယာတို့ပေါင်းပြီး မစ္စတာဂျက်ဆင်ကို လက်စားချေတဲ့အနေနဲ့ ဘဏ်တွေကို ဓါးမြတိုက်ပါတော့တယ်။ ...
Bandidas (2006) မြန်မာစာတန်းထိုး
Gangnam Blues (2015) 6.2
Gangnam Blues (2015) Gangnam Blues (2015)________IMDb - 6.2/10  လှုပ်လှုပ်ရှားရှား မှုခင်းရုပ်ရှင်ဖြစ်တဲ့ Gangnam Blues (Gangnam 1970) ကို ဒါရိုက်တာ ယိုဟ က ရိုက်ကူးပြီး မြန်မာပရိသတ် တော်တော်များများ သဘောကျကြတဲ့ မင်းသား လီမင်ဟိုနဲ့ Love Story in Harvard (တစ်ခါတုန်းက တက္က သိုလ်)မှာ ပါဝင် ခဲ့တဲ့ ဇာတ်ဆောင်မင်းသား ကင်ရေးဝန်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Gangnam Blues ဟာ ၁၉၇၀ ခုနှစ်အလွန် ဝရုန်းသုန်းကားဖြစ်နေတဲ့ လူမှုရေး၊ နိုင်ငံရေး အခြေအနေတွေကြားထဲကနေ ဆိုးလ်မြို့ရဲ့ ဂန်းနမ်စီရင်စုက အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်လာပုံကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ် ပါ။ ဒီထဲမှာနိုင်ငံရေး သြဇာအာဏာနဲ့ ရာဇဝတ်မှု ကျူးလွန်ကြတဲ့ အဖွဲ့အစည်းတွေကြားထဲက လွန်ဆွဲပွဲတွေရယ်၊ လိမ်လည်မှုတွေရယ်ကြောင့် ငယ်စဉ်တောင်ကျေး ကလေးဘဝတည်းက ပေါင်းသင်းခင်မင်လာတဲ့  သူငယ်ချင်းနှစ်ယောက်ရဲ့ ရင်းနှီးချစ်ခင်မှုကို ...
movie
Gangnam Blues (2015)
The Mask of Zorro (1998) 6.7
The Mask of Zorro (1998) The Mask of Zorro (1998) IMDb - 6.7/10_____Rotten - 82%  ဇာတ်လမ်းအကြောင်းလေး နည်းနည်းရှင်းပြမှ ဇာတ်ရည်လည်နိုင်မှာဖြစ်တဲ့အတွက် နည်းနည်းရှင်းပြပါရစေ။ဇာတ်လမ်းစတဲ့ ၁၈၂၁ ခုနှစ်မှာ အခုအမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်ဟာ စပိန်လက်အောက်ခံပြည်နယ်လေးတစ်ခုဖြစ်ပါတယ်။ အဲဒီဒေသတွေကို မက္ကဆီကိုနဲ့စပိန်တို့က တလှည့်စီအုပ်စိုးနေကြတာဖြစ်ပါတယ်။ ဇာတ်လမ်းအဖွင့်မှာတော့ ကာလီဖိုးနီးယားကို စပိန်တွေလက်ထဲက မက္ကဆီကိုဗိုလ်ချုပ်ကြီး ဆန်တာအန်နာက ပြန်သိမ်းတော့မှာကြောင့် စပိန်မြို့တော်ဝန် ဒွန် ရာဖေယဲလ် မွန်တယ်ရို ထွက်ပြေးတော့မယ့်အခန်းနဲ့စပါတယ်။အဲဒီ ဒေသကို စပိန်တွေအုပ်စိုးခဲ့စဉ်တစ်လျှောက် ပြည်သူတွေကိုနိုင်ထက်စီးနင်းလုပ်ခဲ့တာကြောင့် ဇောရိုးဆိုတဲ့မျက်နှာဖုံးရှင်လူစွမ်းကောင်းက စပိန်အစိုးရကို တော်လှန်ပြီး ပြည်သူတွေဘက်က ရပ်တည်ပေးခဲ့ပါတယ်။  ဒါကြောင့် ဒွန် ရာဖေယဲလ်ဟာ ထွက်ပြေးခါနီးဆဲဆဲမှာ ဇောရိုးကို သုတ်သင်နိုင်ဖို့ အစီအစဉ် တစ်ခုဆွဲခဲ့ပါတယ်။ ဒါပေမယ့် မင်းသားတို့ ညီအကိုက ကူညီပေးခဲ့လို့ အသက်အန္တရာယ်က လွတ်မြောက်ခဲ့ပါတယ်။ဒွန် ရာဖေယဲလ်ဟာ ဇောရိုးဘယ်သူလည်းလို့ ရိပ်မိသွားလို့ သွာဖမ်းတဲ့အခါ ဇောရိုးတစ်ဖြစ်လည်း စပိန်လူကြီးလူကောင်းဖြစ်တဲ့ ဒွန် ...
movie
The Mask of Zorro (1998)
1998
Genres
Archives