Channel Myanmar

New releases (2025)

Content at random


Movies

The New Dragon Inn: Heroes Awakening ( 2024 ) 5.8
The New Dragon Inn: Heroes Awakening ( 2024 ) နန်းတွင်းမှာ မင်းကြီးနာမကျန်းဖြစ်နေပြီး မိန်းမစိုးတွေ စိတ်တိုင်းကျချယ်လှယ်နေတဲ့အချိန်မှာ ကျိုးမိသားစုတစ်ခုလုံးဟာလည်း အပြစ်ရယ်လို့ ကြီးကြီးမားမားမလုပ်မိဘဲ ပုန်ကန်သူအဖြစ် ခေါင်စဉ်အတပ်ခံရပြီး မတရားဖမ်းဆီးခံခဲ့ရပါတယ် ။အဲဒီအချိန် ကျိုးမျိုးဆက်ဖြစ်တဲ့ ကျိုးဟွိုင်အန်းကို မိန်းမစိုးလက်ထောက်က ရှီးချန်မှာ တစ်အိမ်လုံးအသတ်ခံလိုက်ရတဲ့ ချွီမိသားရဲ့အငယ်ဆုံးသမီးကို ရှီးချန်ကလူတွေလက်‌ထဲမရောက်ခင် ပြန်လုလာခဲ့ပေးဖို့နဲ့ လာမဲ့တစ္ဆေပွဲတော်နေ့မှာ တာဝန်ခံဖုန်ဆီကို လုံမန်ကျွန်း လုံမန်တည်းခိုဆောင်မှာ လွှဲပြောင်းပေးဖို့ တာဝန်ပေးလိုက်ပါတော့တယ် ။ဒီတာဝန်သာအောင်မြင်ရင် သူ့မိသားစုဝင်တွေရဲ့ စီရင်ချက်က တစ်မျိုးပြောင်းသွားနိုင်တာမလို့ အခွင့်အရေးကို လက်လွှတ်မခံဖို့ပါမှာကြားလိုက်ပါတော့တယ် ။ ဇာတ်လမ်းထဲမှာတော့ ဟွိုင်အန်းတစ်ယောက် ချွီအိမ်ရဲ့သမီးအငယ်ဆုံးလေးကို ဘယ်လိုကယ်တင်လာမယ်ဆိုတာရယ် လုံမန်တည်းခိုဆောင်မှာ ဘယ်လိုလျို့ဝှက်ချက်တွေ ဘယ်လိုအန္တာရာယ်တွေကစောင့်ကြိုနေမလဲဆိုတာရယ် ချွီအိမ်ကသမီးငယ်လေးကိုရော ဘာလို့လိုက်သတ်နေကြလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုဖို့မမေ့ပါနဲ့နော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Mystery Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by ...
movie

The New Dragon Inn: Heroes Awakening ( 2024 )

Mix Up (2024) 4
Mix Up (2024) Mix Up (2024) "သာယာမှုအသစ်အဆန်း"ဒီတစ်ခါမှာတော့ ထူးထူးခြားခြား အိမ်ထောင်ရေးဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်အိမ်ထောင်ရေးမှာ ဟန်ချက်မျှဖို့က အရေးကြီးဆုံးပါဘဲ။ အိပ်ရာပေါ်က ကိစ္စဖြစ်စေ၊ နေ့ဒဓူဝကိစ္စဖြစ်စေ တစ်ဖက်က ဘွင်းဘွင်းရှင်းရှင်းပွင့်လင်းပြီး တစ်ဖက်မှာကျ အုံ့တုံ့တုံ့ဖြစ်နေရင်တော့ ပဋိပက္ခတွေပဲ ဖြစ်တော့မှာပေါ့မတူတဲ့ စုံတွဲနှစ်တွဲ.... တစ်တွဲမှာ ယောကျာ်းက အရမ်းပွင့်လင်း၊ မိန်းမက ရှေးရိုးဆန်ပြီး နောက်ထပ်မောင်နှံကျတော့ ယောကျာ်းက မခုတ်တတ်တဲ့ ကြောင်လေးလို၊ မိန်းမက ရဲရဲတင်းတင်းနဲ့ ဘယ်လိုမှ လမိုင်းမကပ်ကြဘူးအိပ်ရာပေါ်မှာလည်း လိုချင်တာ မလိုချင်တာ ညှိမရသလို နေ့စဥ်ဘဝမှာလဲ တကျက်ကျက်ပေါ့ ။ သူတို့ရဲ့ စိတ်ကုဆရာဝန်က အပန်းဖြေခရီးထွက်ဖို့ အကြံပေးတဲ့အခါမှာ ...ပွင့်လင်းသူနှစ်ယောက်ဆုံမိပြီး ... အုံ့တုံ့တုံ့နှစ်ယောက်လည်း ညားကြပါလေရော ဖောက်ပြန်တာဆိုပေမယ့် သူတို့လိုချင်သလို type တူနေတော့ အဆင်ပြေသွားမှာလား နောက်ထပ်ပြဿနာတွေ ရှုပ်လာဦးမှာလား ဆိုတာကတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ KKKZ တို့ ဖြစ်ပါတယ် File size…1.54GB  / 673MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Mix Up (2024)

2024
Sarfarosh (1999) 8.1
Sarfarosh (1999) Sarfarosh (1999) "တာဝန်" IMDb - 8.1/10ဒီတစ်ခါမှာဆိုရင် ၁၉၉၉ က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ရိုမန့်/အက်ရှင်ကားလေးကို ပရိသတ်ကြီးခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်ဝါရင့်သရုပ်ဆောင် Naseeruddin Shah, အားလုံးသိကြတဲ့ မင်းသား Aamir Khan နဲ့ တစ်ချိန်က မင်းသမီးချော Sonali တို့ ပါဝင်ထားပြီး အမြတ်ငွေ လေးဆပြန်ရခဲ့တဲ့ ခေတ်ဟောင်းကားလေးပါအိန္ဒိယနိုင်ငံမှာ လက်နက်မှောင်ခိုမှုတွေ ဖြစ်ပွားစဥ် အကြမ်းဖက်မှုတွေများလာတာကြောင့် အစိုးရက မွန်ဘိုင်းအထူးစုံစမ်းရေးကို တာဝန်ပေးနေရတဲ့ အချိန် ကောလိပ်ကျောင်းသား အဂျေး (အမီခန်း)ရဲ့အဖေက အကြမ်းဖက်တစ်ယောက်ကို ဆန့်ကျင်ထွက်ဆိုဖို့အသွား ပြန်ပေးဆွဲခံလိုက်ရပြီးအကြမ်းဖက်တွေလက်ချက်နဲ့ သူ့အစ်ကိုကြီးကိုဆုံးရှုံးလိုက်ရတဲ့အပြင် အဖေကပါ စကားမပြောနိုင်တော့ဘူး ဖြစ်သွားတဲ့အခါ အဂျေးတစ်ယောက် ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လူတိုင်းလေးစားရသူလဲဖြစ်၊ အဂျေးနဲ့ ချစ်သူကောင်မလေး ဆီမာတို့ အရမ်းသဘောကျတဲ့ ဂီတစာဆို ဂူဖမ်ဟာဆန်ဆိုသူမှာ ဘယ်သူမှမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတဲ့အခါမှာဆိုရင်တော့ .....အက်ရှင်ခန်းတွေသာမက ချစ်ခန်းကြိုက်ခန်းတစ်လှည့်စီ အရောင်အသွေးစုံလင်တဲ့ ဒီခေတ်ဟောင်းလက်ရာလေးကို ပရိသတ်ကြီးက ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…3.4GB ...
movie

Sarfarosh (1999)

1999
Reasonable Doubt (2014) 5.7
Reasonable Doubt (2014)  ဥပဒေမှာ Reasonable Doubt ဆိုတာက အမှုတစ်ခုနဲ့ပတ်သက်ပြီး တစ်ယောက်ယောက်ကကျူးလွန်တယ်ဆိုတာကို​ သက်သေတွေအရ အကျိုးသင့်အကြောင်းသင့်သံသယ​ဝင်ပြီးစစ်ဆေးဖို့လုပ်တာကိုခေါ်တာပါဒါပေမဲ့​ သူဟာတရားခံအစစ်ပါလို့ကောက်ချက် ပြီးစီရင်ချက်ချဖို့ကတော့ အထက်ကပြောခဲ့တဲ့​ Reasonable Doubtဆိုတဲ့ အဆင့်ထက်ကျော်လွန်ဖို့လိုပါတယ်..ဘာလို့​လဲဆိုတော့​လူတစ်ယောက်ကို အဲလိုမျိုးအကျိုး​အကြောင်း​သင့်သံသယဝင်ခံရအောင်လုပ်ဖို့ကပစ္စည်း​သက်သေတွေဖန်တီးယူလို့ရတာကြောင့်ပါ.ကဲ​ ဆိုတော့​ ဒီ​ဇာတ်ကားမှာအဲဒါကိုသေသေချာချာမြင်တွေ့ရမှာပဲဖြစ်ပါတယ် မစ်ချ်ဆိုသူ​ဟာ​ အစိုးရခရိုင်ရှေ့နေရုံးက ဒိတ်ဒိတ်ကြဲရှေ့နေတစ်ဦးဖြစ်ပါတယ်သူ့မှာလှပတဲ့ဇနီးရယ် သမီးလေးရယ်နဲ့ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ထားသူပါတစ်ညမှာ အမှုတစ်ခုအတွက်သူငယ်ချင်းတွေနဲ့အောင်ပွဲခံသောက်ကြရင်းအမူးလွန်ပြီး ကားမောင်းအိမ်ပြန်တဲ့မစ်ချ်ဟာ လူတစ်ယောက်ကိုဝင်တိုက်မိခဲ့ပါတယ်.အဲဒီမှာစပြီးတော့ မစ်ချ်တစ်ယောက်မကြုံစဖူးအဖြစ်အပျက်တွေကြုံလာဖို့အကြောင်းဖန်လာတော့တာပါပဲမစ်ချ်တိုက်မိတဲ့လူက ဘယ်လိုလူမျိုးလဲ..မစ်ချ်ကကောအဲအတွက်ဘာတွေဆက်လုပ်ရမလဲ...ဆိုတာကိုဆက်ကြည့်ရင်းနဲ့ဇာတ်ကားကောင်းလေးကိုခံစားလိုက်ရအောင်ပါ  File size…1.03GB / 446MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 31m Genre …..Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie

Reasonable Doubt (2014)

The Shamrock Spitfire (2024)
The Shamrock Spitfire (2024)   ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှတော်ဝင်လေတပ်မှာ အသက် ၂၁ နှစ်နဲ့ အသက်အငယ်ဆုံး ဒုတိယဗိုလ်မှူးကြီးအဖြစ် သမိုင်းဝင်ခဲ့တဲ့ တိုက်လေယာဉ်မှူး အိုင်ယာလန်နိုင်ငံသားလေး ဘရက်ဒန်ရဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတဲ့ ဒီဇာတ်ကားက ဆုပေါင်း ၅၂ ဆုနဲ့ nomination ၇ ဆုဝင်ထားတာပါ။ဇာတ်လမ်းနာမည်က Shamrock ဆိုတာက အိုင်ယာလန်နိုင်ငံသားတွေရဲ့ သင်္ကေတ အရွက်၃ရွက်ပါ ရှန်မ်ရော့ခ်သစ်ရွက်လေးကို ညွှန်းဆိုတာဖြစ်ပြီး Spitfire ဆိုတာကတော့ ဒုတိယကမ္ဘာစစ်အတွင်း နာမည်ကျော်ခဲ့တဲ့ ဗြိတိန်တိုက်လေယာဉ်ဖြစ်ပါတယ်။ လေယာဉ်ရဲ့ အင်ဂျင်က မြင်းကောင်ရေအား ၁၀၄၀ အားရှိပြီး Rolls Royce မာလင်အင်ဂျင်ဖြစ်ကာ တစ်နာရီကို အမြင့်ဆုံး ၃၇၄ မိုင်နဲ့ ပေ ၃၇၀၀၀ လောက်အထိကို ပျံသန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။အဖေက အိုင်ယာလန်ဖြစ်ပြီး အမေ အင်္ဂလိပ်လူမျိုးက မွေးဖွားလာတဲ့ ဘရက်ဒန် ဖီနူကန်လေးက ငယ်စဉ်ကတည်းက ပျံသန်းလိုစိတ်ပြင်းပြသူလေးပါ။ အသက်အရွယ်ရောက်လာတော့ တော်ဝင်လေတပ်ရဲ့ လူသစ်ခေါ်စာကိုတွေ့ပြီး ...
movie

The Shamrock Spitfire (2024)

Saved! (2004)
Saved! (2004)  ဆယ်ကျော်သက်အရွယ် မေရီက အမေရိကန်အီးဂဲလ်ခရစ်ယာန်အထက်တန်းကျောင်းမှာ တက်ရောက်နေပြီးတော့ ယုံကြည်သက်ဝင်သူတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမနဲ့ သူမရဲ့ ရည်းစား ဒင်းတို့ ရေတူတူကူးနေတဲ့အချိန် သူမရဲ့ရည်းစားက သူ့ကိုယ်သူ ဂေးနေတယ်လို့ ထင်ကြောင်း ဝန်ခံလာပါတော့တယ်။ အထိတ်တလန့်နဲ့ မေရီက ခေါင်းဆောင့်မိပြီး ဘုရားသခင်ကို မြင်လိုက်တဲ့အပြင် ဘုရားသခင်က ဒင်းကိုကူညီပေးဖို့ သူ့ကိုပြောလိုက်တယ်လို့ ထင်လာပါတော့တယ်။ဘုရားသခင်က သူမကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ ယုံကြည်ပြီး ဒင်းကို ကူညီဖို့အတွက် သူမရဲ့ အပျိုစင်ဘဝကို ပေးအပ်လိုက်ပါတော့တယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ သူမကိုယ်ဝန်ရှိလာတဲ့အခါ ဘာသာရေးကို ယုံကြည်သက်ဝင်သူအသိုင်းအဝိုင်းအကြား သူမဘယ်လိုရုန်းကန်မလဲ။ သူမသူငယ်ချင်းတွေကရော သူမအပေါ် ဘယ်လိုမြင်ကြမလဲ။ သူမသူငယ်ချင်းတွေထဲ ဘယ်သူတွေက သူမကို ကူညီမလဲ။ ဘယ်သူတွေက သူမကို ဝိုင်းပယ်လိုက်မလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ မေရီအဖြစ် Jena Malone၊ မေရီရဲ့ ...
movie

Saved! (2004)

Just Super (2022)
Just Super (2022) ဟက်ဒ်ဝစ်ဟာ ထရိုးမြို့ကလေးမှာ နေထိုင်ပြီး ဂိမ်းဆော့ရတာကို ကြိုက်တဲ့ သာမန်ကောင်မလေးတစ်ယောက်ပါ။ သူတို့မြို့ကလေးမှာ ခေတ်အစဉ်အဆက် မြို့ကလေးကို လုံခြုံအောင် ကာကွယ်ပေးလာတဲ့ စူပါလိုင်းယွန်းဆိုတဲ့ သူရဲကောင်းရှိပါတယ်။ သူဘယ်သူလဲဆိုတာတော့ တစ်မြို့လုံးက မသိရပေမယ့် သူရှိနေရင် မြို့ကလေးက လုံခြုံနေပါတယ်။တကယ်တော့ ဒီသူရဲကောင်းက ဟက်ဒ်ဝစ်ရဲ့ အဖေဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အဖေဟာ ဟက်ဒ်ဝစ်ရဲ့ အမေဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ဟက်ဒ်ဝစ်အပေါ် မနွေးထွေးနိုင်တော့သလို သူတို့ကို မျိုးရိုးစဉ်ဆက် စွမ်းအင်ပေးလာတဲ့ စူပါဝတ်စုံကို လက်ဆင့်ကမ်းဖို့လည်း အတွေးထဲမရှိတော့ပါဘူး။အဲဒီတော့ ဟက်ဒ်ဝစ်အစား အရည်အချင်းရှိတဲ့ သူ့တဝမ်းကွဲအစ်ကို အေဒရီယန်ကို ဝတ်စုံကို လွဲပေးဖို့ လုပ်ပါတော့တယ်။ ဒီတော့ ဟက်ဒဝစ်လေးခမျာ သူ့အဖေကို သူလုပ်နိုင်ကြောင်း သူ့မှာလည်း အရည်အချင်းရှိကြောင်း သက်သေပြဖို့အတွက် ကြိုးစားပါတော့တယ်။ ဒီတော့ သူ့အနေနဲ့ သူ့အဖေကို သက်သေပြနိုင်အောင် ကြိုးစားနိုင်ပါ့မလား၊ ဒီဝတ်စုံကိုရော သူရမှာလား၊ သူ့တဝမ်းကွဲအစ်ကိုကရော ဒီဝတ်စုံနဲ့ တကယ်ထိုက်တန်ရဲ့လားဆိုတာကို ...
movie

Just Super (2022)

Mars Express (2023)
Mars Express (2023)  IMDb 7.6 ရထားတဲ့ ပြင်သစ် သိပ္ပံစိတ်ကူးယဥ် animation လေးကို တင်ဆက်ပေးလိုက်ပါတယ်ခေတ်လွန်မားစ်ဂြိုဟ်မှာ ဇာတ်လမ်းတည်ထားပြီး Aline ဆိုတဲ့ အလွတ်စုံထောက်မလေးနဲ့ သူ့ရဲ့ပါတနာ Carlos ဆိုတဲ့ စက်ရုပ်တစ်ရုပ်တို့က ဟက်ကာတစ်ယောက်ကို လိုက်ဖမ်းရင်း ... နက်နဲတဲ့ လျှို့ဝှက်ကြံစည်မှုတစ်ခုကို သိလာတဲ့ ဇာတ်လမ်းပါ သူတို့ခေတ်မှာ စက်ရုပ်တွေနဲ့ လူသားတွေ ယှဥ်တွဲနေထိုင်ကြပြီး Aline ရဲ့ ပါတနာ Carlos ဟာဆိုရင်လည်း တစ်ချိန်က လူသားတစ်ယောက်ပါပဲသေဆုံးသွားပြီးနောက်မှာမှ Back-up လို့ ခေါ်တဲ့ စက်ရုပ်အမျိုးအစားအဖြစ် ပြန်အသက်သွင်းခြင်း ခံလိုက်ရတာပါ လူသားနဲ့စက်ကြားက ဆက်နွယ်မှု ခေတ်လွန်ကာလက နေ့စဥ်ဘဝ အခက်အခဲတွေကို တွေ့မြင်ရမှာဖြစ်ပြီး စိတ်ဝင်စားစရာ ဇာတ်လမ်းလေးမို့ ညွှန်းပေးလိုက်ရပါတယ် File size…(1.1 GB)/(606 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Animation, Science Fiction, Action, Mystery Subtitle….Myanmar Subtitle ...
movie

Mars Express (2023)

[18+] Emmanuelle: The Joys of a Woman 2 (1975) 4.8
[18+] Emmanuelle: The Joys of a Woman 2 (1975)  Emmanuelle: The Joys of a Woman 2 (1975)================================Lady Chatterley's Lover (1981), Lolita (1997) တို့ဟာအထင်ကရဖြစ်ပါတယ်။ အခုမိတ်ဆက်ပေးချင်တာကတော့ Lady Chatterley's Lover (1981) လို အဲ့ဒီခေတ်ကာလနာမည်ကျော်ဝတ္ထုကိုအခြေခံခဲ့တဲ့အောင်မြင်ခဲ့တဲ့ ပြင်သစ်ရဲ့ Emmanuelle Franchise ကြီးနဲ့ပါပဲ။၁၉၆၇ မှာထွက်ရှိခဲ့တဲ့ Emmanuelle Arsanရဲ့ Erotic novel တစ်အုပ်ဖြစ်တဲ့(Emmanuelle: The Joys of a Woman) ကိုအခြေခံရိုက်ကူးခဲ့တဲ့ Emmanuelle ပထမရုပ်ရှင်ဟာမင်းသမီး Sylvia Kristel ကိုဇာတ်ကောင်နဲ့တစ်သားတည်းကျသွားစေတဲ့အထိ သြဇာကြီးခဲ့ပြီး အခုချိန်ထိပြင်သစ်ရဲ့အအောင်မြင်ဆုံးရုပ်ရှင်တွေစာရင်းမှာလည်းပါဝင်နေတုန်းပဲဖြစ်ပါတယ်။ဒီကားတွေထဲကမှဇာတ်လမ်းကောင်း ရုပ်ရှင်ကွာလတီကောင်းကောင်းရှိတဲ့ကားတွေပဲရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အခု ဒုတိယကားမှာတော့ အီမန်နျူရယ်ဟာ ဟောင်ကောင်မှာရောက်ရှိနေတဲ့ ခင်ပွန်းသည်ဆီကိုလိုက်သွားတာနဲ့စဖွင့်ထားပါတယ်။ ထုံးစံအတိုင်း သဘောၤပေါ်မှာဆုံခဲ့ရတဲ့ မိန်းမလှလေး ဟောင်ကောင်ကိုရောက်သွားချိန်မှာ သံတမန်အသိုင်းအဝိုင်းက အိမ်ရှင်မတွေ၊ သူတို့ကြားက ပွင့်လင်းတဲ့အလေ့အထတွေ သူ့ခင်ပွန်းသည်ကိုယ်တိုင်ရဲ့ခွင့်ပြုချက်နဲ့ ...
movie

[18+] Emmanuelle: The Joys of a Woman 2 (1975)

[18+] Emmanuelle (1974) 5.2
[18+] Emmanuelle (1974) [18+] Emmanuelle (1974)==================Erotic Literature တွေကိုအခြေပြုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် တွေနဲ့ပတ်သက်ရင်အများကြီးပြေးမြင်စရာရှိသလိုချန်ထားလို့မရခဲ့တဲ့အထဲမှာ Lady Chatterley's Lover (1981), Lolita (1997) တို့ဟာအထင်ကရဖြစ်ပါတယ်။ အခုမိတ်ဆက်ပေးချင်တာကတော့ Lady Chatterley's Lover (1981) လို အဲ့ဒီခေတ်ကာလနာမည်ကျော်ဝတ္ထုကိုအခြေခံခဲ့တဲ့အောင်မြင်ခဲ့တဲ့ ပြင်သစ်ရဲ့ Emmanuelle Franchise ကြီးနဲ့ပါပဲ။၁၉၆၇ မှာထွက်ရှိခဲ့တဲ့ Emmanuelle Arsanရဲ့ Erotic novel တစ်အုပ်ဖြစ်တဲ့(Emmanuelle: The Joys of a Woman) ကိုအခြေခံရိုက်ကူးခဲ့တဲ့ Emmanuelle ပထမရုပ်ရှင်ဟာမင်းသမီး Sylvia Kristel ကိုဇာတ်ကောင်နဲ့တစ်သားတည်းကျသွားစေတဲ့အထိ သြဇာကြီးခဲ့ပြီး အခုချိန်ထိပြင်သစ်ရဲ့အအောင်မြင်ဆုံးရုပ်ရှင်တွေစာရင်းမှာလည်းပါဝင်နေတုန်းပဲဖြစ်ပါတယ်။နောက်ပိုင်း နောက်ဆက်တွဲရုပ်ရှင်တွေရိုက်ခဲ့သလို အီတလီ၊ဂျပန်၊အမေရိကန်၊ဟောင်ကောင်တို့ကပါ ဒီဇာတ်ကောင်ကိုယူပြီး ဇာတ်လမ်းတွေအမျိုးမျိုးရိုက်ခဲ့တဲ့အထိပေါက်ရောက်ခဲ့ပါတယ်။အဲ့ဒါတွေထဲက အီတာလျံမူဖြစ်တဲ့ "Black Emanuelle" ဇာတ်ကားတွဲတွေဟာ ထင်ရှားပါသေးတယ်။ ဒီကားတွေထဲကမှဇာတ်လမ်းကောင်း ရုပ်ရှင်ကွာလတီကောင်းကောင်းရှိတဲ့ကားတွေပဲရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခု ပထမဆုံးဒီ franchise ကြီးရဲ့မြစ်ဖျားခံရာ ပထမဆုံးကားမှာတော့ အီမန်နျူရယ်ကိုပြင်သစ်သံအမတ်တစ်ယောက်ရဲ့ပျင်းရိနေတဲ့အိမ်ရှင်မတစ်ယောက်အဖြစ်တွေ့မြင်ရမှာပါ။ သူ့ခင်ပွန်းသည်တာဝန်ကျရာထိုင်းနိုင်ငံကိုလိုက်သွားခဲ့တဲ့ ...
movie

[18+] Emmanuelle (1974)

The Brand New Testament (2015) 7.1
The Brand New Testament (2015)  Dark Comedy ဟာသကားကိုမှ Rating ကောင်းကောင်းနဲ့ဆုတွေ အများကြီးရထားတဲ့ ဇာတ်ကားကို ကြည့်ဖို့ရှာနေတယ်ဆိုရင်တော့ ဒီ Brand New Testament ဆိုတဲ့ဟာသ ဇာတ်ကားကို ကြည့်ဖို့ ၁၀၀ ရာခိုင်နှုန်း တိုက်တွန်းချင်ပါတယ်။ဘုရားသခင်က သူ့ဘဝကိုယ်သူ ငြီးငွေ့နေပြီး စိတ်တိုလွယ်တဲ့အဘိုးကြီးတစ်ယောက်ဖြစ်တဲ့အပြင် လူသားတွေကို ဆင်းရဲဒုက္ခတွေ တစ်ခုပြီးတစ်ခုပေးရင်း သူ့ကိုယ်သူ မပျင်းအောင်လုပ်နေတဲ့ ဘိုးတော်ကြီးတစ်ယောက်အဖြစ် ဒီဇာတ်ကားထဲမှာပုံဖော်ထားတာပါ။ဒီဇာတ်ကားထဲမှာ ဘုရားသခင်က ဘရပ်ဆဲလ်မြို့မှာ သူ့ရဲ့မိန်းမနဲ့ သမီးဖြစ်သူ အီယာနဲ့တူနေတာပါ။ ဇာတ်ကားကဘယ်လိုစပြီး ကြည့်ကောင်းလာသလဲဆိုတော့ သမီးဖြစ်သူအီယာက ဖခင်ဖြစ်သူ ဘုရားသခင်ကို ဆန့်ကျင်ပြီး လူတွေရဲ့သေဆုံးရက်တွေကို ဖြန့်လိုက်တာကနေ စပြီး ကြည့်ကောင်းလာတာပါပဲ။Brand New Testament က အတွေးအခေါ် အသစ်တွေကိုကြိုက်ပြီး ဟာသကားတွေ ကြည့်တတ်တဲ့သူတွေအတွက်ကြည့်ကို ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားလို့ပဲပြောလိုက်ချင်ပါတယ်။  File size…1.59GB / 712MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ...
movie

The Brand New Testament (2015)

The Thin Red Line (1998) 7.6
The Thin Red Line (1998) The Thin Red Line (1998)IMDb Rating (7.6) / Rotten Tomatoes (80%)ဒီရုပ်ရှင်ကားကြီးကတော့ သရုပ်ဆောင်ပေါင်းများစွာနဲ့ စစ်ပွဲရဲ့အနိဌာရုံအကြောင်းတွေကို အသေးစိတ်အနုစိတ်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဂန္တဝင်ရုပ်ရှင်စစ်ကားကြီးဖြစ်ပါတယ်.....ကံဆိုးတာကတော့ တွမ်ဟန့်ရဲ့ Saving Private Pyan (1998) ရုပ်ရှင်ကားနဲ့တစ်နှစ်တည်းထွက်ခဲ့တာကြောင့် အော်စကာဆုတစ်ဆုမှမရခဲ့ဘဲ စကာတင်အဆင့်နဲ့တင်ကျေနပ်ခဲ့ရပြီး အခြားဆုပေးပွဲတွေမှာပဲ Won ခဲ့ရပါတယ်... ဒါပေမယ့် တချို့ဆိုရင် ဒီရုပ်ရှင်ကားကြီးကို Saving Private Pyan ထက် ပိုကြိုက်ခဲ့ကြပြီး အေးအေးလေးလေးခံစားတတ်သူများအဖို့တော့ TTRL က ခံစားစီးဝင်ဖို့ သိပ်ကောင်းတဲ့ရုပ်ရှင်ကားကြီးပါ....ရုပ်ရှင်ပြသချိန်ကလဲ ၃ နာရီလောက် ကြာရှည်ပြီး ကြည့်ရင်းကြည့်ရင်း ကိုယ်ပါရုပ်ရှင်ထဲရောက်ရှိသွားသလို နစ်မြောသွားမှာပါ။ TTRL ရဲ့ဇာတ်ကြောင်းကတော့  Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) စတဲ့နာမည်ကြီးစစ်ကားတွေလိုပဲ ရန်သူရဲ့ အဓိက အခြေချတပ်စွဲထားတဲ့နေရာတွေကို အသက်စွန့်ပြီး ဝင်သိမ်းတာကို အခြေပြုရိုက်ကူးထားပါတယ်... ဒီလိုခြေကုတ်ယူထားတဲ့နေရာဆိုတာနဲ့ ...
movie

The Thin Red Line (1998)

1998
4K HEVC
Spring Break Nightmare (2023)

Spring Break Nightmare (2023)

White Rabbit (2013) 5.9
White Rabbit (2013)  Drama/Thriller ရုပ်ရှင်ကားဟောင်းလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဟာလင်က ထူးခြားတဲ့ကလေးတစ်ယောက်ပါ။ ဘယ်လိုထူးခြားလဲဆိုတော့ တခြားသာမန်ကလေးတွေနဲ့မတူဘဲ ပိုငြိမ်ပြီး ထူးခြားတာပေါ့။ ဟာလင် ကလေးပေါက်စအရွယ်ကတည်းက အထိန်းအကျောင်းမတတ်တဲ့ ဖိုဝါဒီအဖေကြီးကြောင့် ဟာလင်က စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတယ်။အလယ်တန်းရောက်လာတော့လည်း ကျောင်းမှာအနိုင်ကျင့်တာတွေခံရတယ်။ ဟာလင်မှာ စတီဗီလို့ခေါ်တဲ့သူငယ်ချင်းလေး‌တစ်ယောက်တော့ရှိတယ်။ တစ်ရက်မှာ ဟာလင်ဟာ သူငယ်ငယ်တုန်းက အဖေဖြစ်သူနဲ့ တောထဲအမဲလိုက်ထွက်ရင်း သတ်ခဲ့ဖူးတဲ့ယုန်လေးတစ်ကောင်ကို မျက်စိထဲ ပြန်ပြန်မြင်‌လာရပြီးနောက်မှာတော့ ဟာလင်ရဲ့စိတ်အခြေအနေတွေဟာ သူ့ကို ဆိုးရွားတဲ့အကျိုးဆက်တွေဆီကို တွန်းပို့ကြပါတော့တယ်။ File size…(1.9 GB)/(990 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie

White Rabbit (2013)

Rope (1948) 7.9
Rope (1948)  "ကြိုး"ကြိုးလေး တစ်ချောင်းက လူတွေအများကြီးရဲ့ ဘဝကို ပြောင်းလဲသွားစေမယ်ဆိုရင် သင် လက်ခံနိုင်ပါ့မလား။ 1948 ကဇာတ်ကားဆိုတော့ ဒီဘက်ခေတ်က လူတွေနဲ့ အလှမ်းဝေးတဲ့ ကာလာတစ်ခုက ရုပ်ရှင်ဆိုရင်လဲ မမှားပါဘူး။ ဒါပေမယ့် IMDB နဲ့ Rotten Tomato မှာ rating တော်တော်ကောင်းတဲ့ ရုပ်ရှင်တစ်ကားပါ။ Director Hitchcock ရဲ့ ပထမဆုံး Technicolor နဲ့ရိုက်ခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။သူငယ်ချင်းနှစ်ယောက်ဟာ Nietzchean Theory (နီချေး သီအိုရီ) ကို သဘောကျပြီး လောကမှာ လူ့အဆင့်အတန်း နှစ်မျိုးနဲ့ ဘယ်သူကတော့ ဘယ်သူ့ကို သတ်ခွင့်ရသင့်တယ်ဆိုတဲ့ အယူကို လက်တွေ့ဘဝထဲ ခေါ်ဆောင်လာခဲ့ပါတယ်။ ကျူးလွန်ခဲ့တာကို ဘယ်လိုရှောင်တိမ်းမလဲ။ လွတ်သွားမှာလား မိသွားမှာလားဆိုတာကို ဇာတ်သိမ်းခန်းအထိ စိတ်ဝင်တစား ကြည့်ရမှာဖြစ်ပါတယ်။ အပြင်မှာ တကယ်ရှိခဲ့တဲ့ Leopold နဲ့ Loeb အမှု​ကို အခြေခံယူထားတဲ့ ဒီကားမှာ ...
movie

Rope (1948)

Atlas (2024)
Atlas (2024) ဒီရုပ်ရှင်ကတော ဂျေလို ခေါင်းဆောင်ပါဝင်ထားတဲ့ သိပ္ပံ စိတ်ကူးယဉ် စွန့်စားခန်း ရုပ်ရှင်အသစ်ပါ။ ဒါရိုက်တာကတော့ San Andreas တို့ Rampage တို့ရဲ့ ဖန်တီးရှင် Brad Peyton ပါပဲ။ဇာတ်လမ်းအကျဉ်း လူသားတွေ တီထွင်ခဲ့တဲ့ စက်အသိဉာဏ် အေအိုင်တွေထဲက ဟာလန်ဆိုတဲ့ စက်ရုပ်တစ်ရုပ်က ဉာဏ်အလင်းပွင့်သွားပြီး ကမ္ဘာကို ဒုက္ခပေးနေတဲ့ လူသားတွေကို မျိုးတုံးအောင်လုပ်ဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ အေအိုင်စက်ရုပ် အင်အားက နည်းသေးလို့ စစ်ရှုံးပြီး အခြားကမ္ဘာကို ထွက်ပြေးသွားရတယ်။နှစ်ပေါင်းများစွာကြာတဲ့အထိ ဟာလန်ကို ရှာနေကြပြီးနောက်မှာတော့ အက်တလက်ဆိုတဲ့ ဟာလန်ရဲ့ ငယ်သူငယ်ချင်း မိန်းကလေးက တည်နေရာကိုတွေ့သွားပြီး အထူးတပ် ရိမ်းဂျားတွေက ဟာလန်ကို ဖမ်းဆီးဖို စစ်ဆင်ရေးထွက်လာကြပါတယ်။ အဲဒီခရီးမှာ အက်တလက်လည်း ပါလာပြီး ဟာလန်ရဲ့ဂြိုလ်ကို ရောက်ရောက်ချင်း ဆီးပြီး တိုက်ခိုက်ခံရတဲ့အခါ အသက်ရှင်ဖို့ကြိုးစားရင်း ဟာလန်ကိုလည်းနှိမ်နင်းဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့ ...
movie

Atlas (2024)

4K HEVC
Escape And Trace ( 2024 ) 5.8
Escape And Trace ( 2024 ) လုချန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွာတဲ့ယာဉ်မတော်တဆမှုကိုစုံစမ်းစစ်ဆေးရာက ကွင်းဆက်အမှုတွဲအနေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုတစ်ခုပါ ပါလာခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်‌ရေးဂိုဏ်းရဲ့ ခေါင်းဆောင်က လွန်ခဲ့တဲ့ ၅ နှစ်က လုချန်ယာဥ်ထိန်းရဲဌာနက ဒုအဖွဲ့မှူးလီယုံဖုန်းရဲ့ ဆရာကို သတ်သွားခဲ့တဲ့သူဖြစ်နေခဲပါတယ်လီယုံဖုန်းတစ်ယောက် ယာဥ်မတော်တဆမှုရဲ့ တရားခံကို စုံစမ်းရင်း တစ်ဖက်မှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်‌ရေးဂိုဏ်းရဲ့ ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေချိန်မှာ သူ့သမီးရှင်းရှင်းပါ ပြန်ပေးဆွဲခံလိုက်ရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုအားပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By MeeMee JueJue Encoded by LK  
movie

Escape And Trace ( 2024 )

Kaliyugam Pattanamlo (2024) 6.5
Kaliyugam Pattanamlo (2024) Kaliyugan Pattanambo 2024 (စိတ္တဇအမွှာညီအစ်ကို)အမွှာတွေဆိုရင် စိတ်ချင်းဆက်ပြီး စိတ်တူကိုယ်တူရှိကြတာများပါတယ်။ ဒီလို စိတ်တူကိုယ်တူအမွှာတွေအများကြီးရှိတဲ့ကြားထဲကနေ တစ်ယောက်ကဖြူစင်ပြီး နောက်တစ်ယောက်က အရိုင်းဆန်ပြီးသွေးဆာနေတဲ့ အမွှာလေးနှစ်ယောက်အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ မိုဟန်ဆိုတဲ့လူမှာ အမွှာလေးနှစ်ယောက်ရှိပါတယ်။ဗီဂျေးနဲ့ ဆာဂါတဲ့။ ဒီအမွှာလေးတွေ မမွေးခင်မှာ မိခင်ဖြစ်သူဟာ စိတ္တဇစာအုပ်တွေကိုပဲ ဖတ်ချင်စိတ်ပြင်းပြနေပါတယ်။ ဒီလိုနဲ့ ဗီဂျေးနဲ့ ဆာဂါဆို့ အရွယ်နည်းနည်းရလာတော့ သူတို့ရပ်ကွက်ထဲမှာ အိမ်မွေးအကောင်လေးတွေ နေ့တိုင်းနီးပါး သေဆုံးနေခဲ့ပြီးတော့ ဒီကိစ္စကို ကာကွယ်နိုင်ဖို့အတွက် အစောင့်တစ်ယောက်ငှားပြီး ရပ်ကွက်ကို ကင်းစောင့်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ သိလာရတာကတော့ ဒီကိစ္စတွေက မိုဟန်ရဲ့သားနှစ်ယောက်တည်းက တစ်ယောက်ရဲ့လက်ချက်ဖြစ်နေတယ်ဆိုတာပါပဲ။ ဒီလိုနဲ့ ရပ်ကွက်ကလူကြီးတွေအကြံပေးချက်အရ သားနှစ်ယောက်ကို စိတ်ကျန်းမာရေးစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ ဗီဂျေးဟာ သွေးကြောက်တတ်ပြီးတော့ ဆာဂါဟာ သွေးကို ချစ်မြတ်နိုးနေတာကိုသိလိုက်ရပါတော့တယ်။ဒီလိုနဲ့ ဆရာဝန်ညွှန်ပေးတဲ့ဆေးကို တိုက်နေပေမယ့်လည်း ဆာဂါရဲ့ စိတ်ကျန်းမာရေးဟာ သက်သာမလာတဲ့အဆုံး စိတ်ကျန်းမာရေးဆေးရုံမှာပဲ ထားလိုက်ပြီးနောက် သူတို့မိသားစုဟာလည်း လက်ရှိနေတဲ့အိမ်ကိုရောင်းပြီး တခြားနေရာမှာသွားနေထိုင်ပြီး မိုဟန်ဟာ သားတစ်ယောက်ပဲရှိတဲ့ဖခင်အဖြစ်ပဲ ဆက်လက်နေထိုင်နေပါတယ်။ဒီလိုနဲ့ ဗီဂျေးတို့ အသက်တွေကြီးလာပြီး ကောလိပ်တက်ရတဲ့အရွယ်ရောက်လာတဲ့နောက်မှာတော့ ကောင်မလေးတစ်ယောက်နဲ့ဆုံတွေ့ရင်း ....... အဲဒီကောင်မလေးနဲ့ ဗီဂျေးတို့ ဘယ်လိုအချစ်ဇာတ်လမ်းလေးတွေ မြင်တွေ့ရမလဲ .... ဗီဂျေးရဲ့အမွှာ ဆာဂါကရော ...
movie

Kaliyugam Pattanamlo (2024)

2024
Vallavan Vaguthathad (2024)
Vallavan Vaguthathad (2024) Vallavan Vaguthadhada (2024) "လောဘသားတို့သွားရာလမ်း"Crime dramaကိုမှ ဆန်းသစ်တဲ့ဇာတ်ကွက် ဇာတ်ကောင်နာမည်ကအစ အသေးစိတ်ပုံဖော်ထားတဲ့ ဇာတ်လမ်းမျိုးကိုကြိုက်သူတွေအတွက် တမီလ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ ဥစ္စာရမ္မက် ငမ်းငမ်းတက်နေတဲ့ လူသဘာဝတစ်စိတ်တစ်ပိုင်းနဲ့ တောင်တစ်လုံးထက် နောက်တောင်တစ်လုံးကမြင့်တဲ့ဒုစရိုက်လောကမှာ ဘယ်လိုတွေကြုံရမလဲဆိုတာ ရှုစားရမှာပါ။ဒီဇာတ်လမ်းလေးထဲမှာတော့ အဓိက ဇာတ်လိုက်တဖြစ်လည်း ဗီလိန်ဒုစရိုက်သား ၅ ယောက်ကိုမြင်ရမှာပါ။ နာမည်ကသာ နီသီ(တရားမျှတမှု) တရားမျှတမှုကလွဲရင် မကောင်းတာမှန်သမျှတစ်ခုမှမချန်တဲ့ အင်စပက်တာကြီးရယ်၊ လူကသာချမ်းသာပေမဲ့ စိတ်ဓာတ်ဆင်းရဲတဲ့ အကြွေးမဆပ်နိုင်သူတွေကို ကိုယ်တွင်းအင်္ဂါတွေယူတဲ့ ငွေတိုးချေးစားတဲ့ကူဘာရန်၊ ရုပ်လှလှကိုဗန်းပြပြီး လူတကာကိုလိမ်စားနေတဲ့ မိန်းမမာယာသဲကိုးဖြာနဲ့ အာဂလ်ယာ၊ နောက်ဆုံးအနေနဲ့ သူခိုးနှစ်ယောက်ဖြစ်တဲ့ ချာကရာဗာသီနဲ့ ချီရန်ဂျီ‌ဗီဒီလူ ၅ ယောက်ကို ဇာတ်ကွက်တစ်ခုတည်းမှာ ဆုံဆည်းစေမယ့် ဇာတ်ဆရာရဲ့လှည့်ကွက်က ဘာဖြစ်မလဲ။ သူတစ်ပါးဥစ္စာကိုမှ ငမ်းငမ်းတက်တဲ့ ဒီလူ ၅ ယောက်အတွက် ကံကြမ္မာဇာတ်ဆရာက ဘယ်လိုပြစ်ဒဏ်ချမှတ်သွားမလဲဆိုတာ...(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ ToMo ~ V ~ Alexတို့ပဲဖြစ်ပါတယ်) File size… 1.47GB / 672MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 44m Subtitle….Myanmar ...
movie

Vallavan Vaguthathad (2024)

2024

Genres

Archives