Channel Myanmar

New releases (2025)

Content at random


Movies

Amanda (2022) 6.6
Amanda (2022)  ၂၀၂၂ ထွက်အီတလီ ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်......အသိုင်းအဝိုင်းနဲ့နေတဲ့ လူ့ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့အတွေးအခေါ်က သူများတွေနဲ့ လိုက်လျောညီထွေမဖြစ်ဘူးဆို ဘယ်လောက်ခက်ခဲမလဲ ဘယ်လိုရုန်းကန်ရမလဲ ဆိုတာလေးကိုရိုက်ပြထားတဲ့ကားလေးပါ.....ဒီကားလေးမှာတော့ အသက် ၂၄ နှစ်အထိ သူငယ်ချင်းတစ်ယောက်မှ မရှိတဲ့ အမန်ဒါ ကတကယ့်လူဂွစာပါ အဲဒါကြောင့် သူငယ်ချင်းတွေ ရည်းစားတွေရဖို့အတွက် သူ့ရဲ့ ထူးခြားတဲ့အတွေးအခေါ်တွေနဲ့ အကောင်အထည်ဖော်ကြိုးစားပြီး အခက်အခဲတွေအလွဲ တွေနဲ့ ရင်ဆိုင်ရတာကို ရိုက်ပြထားပါတယ်။ File size…(1.6 GB)/(740 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie

Amanda (2022)

Carbone (2017) 6.5
Carbone (2017)  စက်ရုံကြီးတွေက ထုတ်တဲ့ညစ်ညမ်းတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ပြဿနာတွေက ဟိုးအရင်ကတည်းကအခုလက်ရှိအချိန်အထိ ကြုံတွေ့နေရသေးတဲ့ပြဿနာတွေပါပဲ။အဲ့ဒါဆိုရင် စက်ရုံတွေကိုဓာတ်ငွေ့မထုတ်အောင်တားမြစ်ပိတ်ပင်လိုက်လို့ မရဘူးလားဆိုတော့လည်း အဲ့ဒါအတွက် ညစ်ညမ်းခွင့်ပြုချက်ကို အခွန်ဆောင်ဝယ်ယူပြီးအသုံးပြုလို့ရနေပြန်ပါတယ်။အဲ့ဒါကြောင့်လည်း ဆန္ဒပြသူတွေကပြ စက်ရုံတွေကလည်း အပြုံးမပျက်ဆက်လက်လည်ပတ်နေနိုင်တာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့ဇာတ်ကားမှာတော့ အဲ့ဒီကာဘွန်ဒိုင်အောက်ဆိုက်ဒ်ညစ်ညမ်းမှုခွင့်ပြုချက်ကိုအသုံးချပြီး လပိုင်းအတွင်းသူဌေးတစ်ယောက်ဖြစ်လာခဲ့တဲ့လူတစ်ယောက်ရဲ့ဖြစ်ရပ်မှန်ဇာတ်ကြောင်းကိုအခြေခံရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ ဇာတ်ကားအကြောင်းအရာအတိုင်းCarbon ဖြစ်ပြီး IMDb Rating 6.5 အထိရရှိထားတာပဲဖြစ်ပါတယ်။အန်တွိုင်းရိုကာလို့ခေါ်တဲ့ ပြင်သစ်ကလုပ်ငန်းပိုင်ရှင်တစ်ယောက်က သူ့အဖေဆီကအမွေဆက်ခံထားတဲ့လုပ်ငန်းကိုသူ့ရဲ့ ဦးဆောင်မှုညံ့ဖျင်းမှုတွေကြောင့် အကြွေးလည်ပင်းနစ်ပြီးဆုံးရှုံးရတော့မလိုဖြစ်နေပါတယ်။အဲ့ဒါအပြင်ကိုမှ ယောက္ခထီးဖြစ်သူကလည်း ဘီလီယံနာသူဌေးကြီးဖြစ်ပြီး မကူညီတဲ့အပြင်ရှယ်ကောနေလို့ အန်တွိုင်းတစ်ယောက်ကြံရာမရဖြစ်နေပါတော့တယ်။အဲ့ဒါကြောင့် ဒေဝါလီခံဖို့ဆုံးဖြတ်ပြီးခါမှသူ့လုပ်ငန်းရဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ညစ်ညမ်းပိုင်ခွင့်ကိုပိုက်ဆံလေးနည်းနည်းရလိုရငြား ရောင်းလိုက်တာကိုတွေ့ပြီး အကြံတစ်ခုရခဲ့ပါတော့တယ်။အဲ့ဒါကတော့အဲ့ဒီညစ်ညမ်းမှုခွင့်ပြုချက်တွေကို အသုံးချပြီး အခွန်တွေလိမ်လည်ကာ စျေးကွက်ကြီးတစ်ခုဖန်တီးဖို့ပဲဖြစ်ပါတယ်။အဲ့ဒီအစီအစဉ်က တကယ်ကောင်းပေမဲ့များများရင်းမှများများမြတ်မဲ့လုပ်ငန်းမျိုးဖြစ်တဲ့အတွက် လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ဆီကနေ ပိုက်ဆံထပ်ချေးခဲ့ရပါတယ်။ဒါပေမယ့်သူ့ရဲ့ကံ ဉာဏ် ဝီရိယကြောင့်အကြွေးပေါ်အကြွေးမဆင့်သွားတဲ့အပြင် လပိုင်းအတွင်းကျိကျိတက်ချမ်းသာလာပါတော့တယ်။ဒါပေမယ့်မကောင်းမှုတွေလိမ်လည်မှုတွေနဲ့ ရှာဖွေထားတဲ့ပိုက်ဆံတွေဆိုတာဘယ်သောအခါမှ ကြာကြာမတည်မြဲနိင်တဲ့အတွက်အန်တွိုင်းရဲ့သူဌေးဖြစ်ပြီးနောက် ရှေ့ဆက်ဘ၀ခရီးမှာဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲ ဘယ်လိုအရာတွေကိုကျော်ဖြတ်ရင်းနဲ့နောက်ဆုံးမှာဘာဖြစ်သွားလဲဆိုတာကိုစိတ်ဝင်စားစရာကြည့်ရှုရမဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။  File size…1.43GB / 660MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Crime , Thriller Subtitle….Myanmar ...
movie

Carbone (2017)

Into the Beat (2020) 5.5
Into the Beat (2020)  ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့်​Street Dance ကားလေးပဲဖြစ်ပါတယ်Street Dance ကိုကြိုက်တဲ့သူတွေပဲဖြစ်ဖြစ်စိတ်အပန်းဖြေချင်လို့ပဲဖြစ်ဖြစ်ရွေးချယ်သင့်တဲ့ဇာတ်ကားလေးပါပဲ..ကာ့တ်ယာဆိုတဲ့ဆယ်ကျော်သက်မလေးဟာဘဲလေးအကမှာအစဥ်အလာကြီးမားတဲ့အော်လိုမိသားစုကနေပေါက်ဖွားလာတဲ့ကောင်မလေးဖြစ်ပြီးတော့ မိသားစုအမွေကိုဆက်ခံဖို့လည်းအသင့်ဖြစ်လုနီးပါးဖြစ်အောင်အထိ ဘဲလေးအကမှာထူးချွန်သူပါ နယူးယောက်ဘဲလေးအကယ်ဒမီရဲ့စကောလာရှစ်ကိုရဖို့လည်းတစ်ပြေးနေသူလေးပေါ့..တစ်နေ့မှာ​တော့​ ကာ့တ်ယာလေးတစ်ယောက်ဘဲလေးအကနဲ့လုံးဝကွဲပြားတဲ့အကကိုမြင်တွေ့သွားရာကနေသူ့မှာရွေးချယ်ရခက်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရပါတော့တယ်..ဇာတ်လမ်းလေးကလည်းကြည့်လို့ကောင်းပြီးအကတွေကလည်းမိုက်လို့ အခုပဲခံစားကြည့်လိုက်ရအောင်ဗျာ  File size…1.59GB / 791MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Drama , Music , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie

Into the Beat (2020)

Dancing Queens (2021) 6.0
Dancing Queens (2021)  အဘွားကလည်း အကမယ် အမေကလည်းအကမယ်ဖြစ်ခဲ့တဲ့ ဒီလန်ရဲ့သွေး‌ကြောထဲမှာ အကကိုချစ်တဲ့သွေးတွေ စီးဆင်းနေတာပေါ့။ ဒါပေမဲ့အသွေးအသားထဲအထိ အကကိုချစ်တဲ့ဒီလန်တစ်ယောက်အကကို ဘဝထဲက ခေတ္တခဏ ထုတ်လိုက်တဲ့ဆီရောက်သွားပါတယ်။အကြောင်းကတော့ သူ့ရဲ့အမေဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက်အမေနဲ့အမှတ်တရတွေများလွန်းတဲ့ ဒစ္စကိုအကဟာပျော်ရွှင်မှုကနေ ဝမ်းနည်းမှုဖြစ်သွားစေလို့ပါပဲ။အချိန်တွေကြာပေမဲ့ အနာမကျက်နိုင်တဲ့ဒီလန်ကိုအဘွားဖြစ်သူက လူရွေးပွဲဝင်ပြိုင်ဖို့ တိုက်တွန်းပေမဲ့ရက်စွဲမှားကြည့်လို့ ထပ်ပြီးလွဲချော်ခဲ့ပြန်တဲ့ ဒီလန်တစ်ယောက်၊ Dancing Queens ဆိုတဲ့drag showclubမှာ တစ်ပတ် သန့်ရှင်းရေးလုပ်ရဖို့ ဖြစ်လာပါတော့တယ်။Dancing Queensကလည်း ရေရှည်ရပ်တည်ခဲ့တဲ့ကလပ်တစ်ခုပီပီ ခေတ်ရေစီးကြောင်းနဲ့အမီလိုက်ဖို့အခက်တွေ့နေတာကတစ်ကြောင်း တစ်ဖက်က အကအဖွဲ့ခေါင်းဆောင်ရဲ့ အချစ်ဆုံးသူငယ်ချင်းက ‌ဆုံးသွားတာကတစ်ကြောင်းနဲ့ နာလံမထူနိုင်ဖြစ်နေတာပါ။ ဒီလိုနဲ့ပဲအကသွေးတွေ ပြန်ကြွလာပြီး drag showဝင်ကဖို့ဒီလန်တစ်ယောက် ယောက်ျားလေးလိုဟန်ဆောင်ရင်းအဖွဲ့ထဲဝင်ဖို့ ကြိုးစားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ File size…2.17GB / 1.01GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Dancing Queens (2021)

The Devil’s Wedding Night (1973) 5.3
The Devil’s Wedding Night (1973) The Devil's Wedding Night (1973) Genre – Horrorကမ္ဘာမြေပေါ် ဥက္ကာခဲကြွေကျတုန်းက အဲဒီဒြပ်ထုနဲ့ ပြုလုပ်ထားတဲ့ ရှေးဟောင်းလက်စွပ်ဆိုတာက အစွမ်းထက်ပြီး လူသားမျိုးနွယ်ကိုပါ လွှမ်းမိုးနိုင်တယ်တဲ့။ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာရှီလာဟာ ဒီလက်စွပ်အကြောင်းကို စုံစမ်းနေရင်း တည်နေရာကို သိသွားခဲ့ပါတယ် အဲဒါကတော့ နာမည်ကျော် ထရန်ဆယ်ဗေးနီးယားက ဒရက်ကူလာရဲတိုက်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လေ့လာချင်ဇောအားကြီးနဲ့ ဒေါက်တာရှီလာတစ်ယောက် လာဒရက်ကူရွာလေးကို ခရီးထွက်လာပါတော့တယ်။တည်းခိုခန်းမှာ ခဏနားတော့လည်း ဒေသခံတွေက မနက်ဖြန်လပြည့်နေ့ဟာ နှစ် ၅၀ မှ တစ်ကြိမ်ဖြစ်တဲ့ အပျိုစင်လပြည့်ည ဖြစ်ပြီး ဒရက်ကူလာရဲတိုက်ကိုသွားတဲ့ ရွာထဲက အပျိုစင်တွေဆိုရင် အသွားပဲရှိပြီး အပြန်မရှိတဲ့ ဒဏ္ဍာရီကို ကြားဖူးကြလို့ မသွားဖို့ တိုက်တွန်းပေမဲ့လည်း သုတေသီပီပီ စူးစမ်းလိုစိတ်များကြီး ဒရက်ကူလာရဲတိုက်ကြီးကို ရောက်သွားတဲ့အခါမှာတော့……။ရှေးဟောင်းကားလည်းဖြစ် ဥရောပကားလည်းဖြစ် သရဲကားလည်းဖြစ်ပြန်တော့ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းတဲ့အခန်းတွေ ပါဝင်တာကြောင့် သတိတစ်ချပ် ပြုစေလိုပါတယ်ဗျာ။File size…    2 GB /  1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. ...
movie

The Devil’s Wedding Night (1973)

Half of a Yellow Sun (2014) 6.1
Half of a Yellow Sun (2014) Half of a Yellow Sun (2014)၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ နိုင်ဂျီးရီးယားနိုင်ငံက ရိုက်ကူးထားတဲ့ စစ်ပွဲနောက်ခံပြု Romance/ Drama ရုပ်ရှင်ကားကောင်းလေး တင်ဆက်ပေး လိုက်ပါတယ်။ IMDb rating – 6.1, Rotten Tomatoes – 51% ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၆၇ ခုနှစ်ကနေ ၁၉၇၀ ခုနှစ်အထိ ဖြစ်ပွားတဲ့ နိုင်ဂျီးရီးယား ပြည်တွင်းစစ်ပွဲအတွင်းမှာ အိုလန်နာနဲ့ ကိုင်းနမ်နီ ဆိုတဲ့ သူဠေးသမီးလေး ၂ ယောက်ဟာ ဘဝလမ်းကြောင်း ကိုယ်စီနဲ့ အသက်ရှင်ဖို့ ကြိုးစားကြပုံကို ကြည့်ရမှာပါ။ ဒီဇာတ်လမ်းမှာတော့ နိုင်ဂျီးရီးယားတွေနဲ့ ခွဲထွက်တဲ့ ဘီယာဖရာနိုင်ငံကြားက ပဋိပက္ခတွေ၊ လူမျိုးရေးခွဲခြားမှုတွေနဲ့ သတ်ဖြတ်မှုတွေကို ရင်နင့်ဖွယ် မြင်တွေ့ရမှာပါ။ ဒါပေမယ့်လည်း စစ်ပွဲတွေ၊ ဒုက္ခတွေကြားထဲမှာ အချစ်ကို တည်ဆောက်သွားကြတဲ့ ညီအစ်မနှစ်ယောက်ရဲ့ အချစ်ရေးကို ကြည်နူးဖွယ်ကိုလည်း ခံစားရမှာပါ။ စစ်ပွဲတွေ၊ ပဋိပက္ခတွေဟာ အမြဲတမ်းဖြစ်နေမှာမဟုတ်ဘဲ အချိန်တစ်ခု ရောက်သွားရင် ပြီးဆုံးသွားမှာလို့ ပြသပေးခဲ့တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်.....အညွှန်း ...
movie

Half of a Yellow Sun (2014)

2014
My Oni Girl (2024) 6
My Oni Girl (2024) My Oni Girl (2024) "ကျွန်တော့်ရဲ့ဘီလူးမလေး" ================မိုးအေးအေးနဲ့ ခံစားလို့ကောင်းမယ့် old school ဆန်ဆန် အသစ်ထွက် အန်နီမေးရုပ်ရှင်လေးတစ်ပုဒ် ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးက ချစ်ဖို့ကောင်းပြီး တောတောင်ရှုခင်းတွေ၊ မြို့ပြပုံရိပ်တွေကို အန်နီမေးရှင်းပြုထားတာတွေက တော်တော်လေးလှတာကြောင့် ကြည့်ရတာနွေးနွေးထွေးထွေးဖြစ်စေမယ့်ရုပ်ရှင်လေးပါပဲ။ရုပ်ရှင်ရဲ့ နာမည်ထဲက အိုနီဆိုတာကတော့ ဂျပန်ဒဏ္ဍာရီတွေထဲက ဘီလူးအနွယ်ဝင် Yokai တစ်မျိုးပါ။ My Oni Girl ဆိုတော့ ဘာသာပြန်ရရင် ကျွန်တော့်ဘီလူးမလေးပေါ့။ဇာတ်လမ်းကတော့.. တဖက်သားကို အင်မတန်ကူညီတတ်တဲ့ ယာဆူစဲဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာ တစ်နေ့မှာတော့ လမ်းမှာဒုက္ခရောက်နေတဲ့ ဆူမူဂီဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆူမူဂီကတော့ သူ့အမေကိုလိုက်ရှာဖို့အတွက် တောင်ပေါ်ကနေဆင်းလာတဲ့ အိုနီဘီလူးမလေးတစ်ကောင်ပါ။ ယာဆူစဲဟာ သူ့အမေကိုလိုက်ရှာဖို့အခက်တွေ့နေတဲ့ ဆူမူဂီကိုကူညီပေးရင်း သူတို့နှစ်ယောက် လူသားချင်းကူညီတတ်သူတွေ၊ စိတ်ထားဖြူစင်တဲ့သူတွေ၊ စွန့်စားခန်းတွေ ကြုံတွေ့ရပုံကို ဒီရုပ်ရှင်လေးထဲမှာမြင်ရမှာပါ။(ဒီရုပ်ရှင်လေးကိုတော့ ToMo နဲ့ Zwe Yan တို့က ဘာသာပြန်၊ ညွှန်းဆိုပေးထားပါတယ်။) File size… 1.44GB / 635MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard ...
movie

My Oni Girl (2024)

2024
Torino Criminale Blood Revenge (2023) 7.7
Torino Criminale Blood Revenge (2023) Torino Criminale Blood Revenge (2023)============================အီတလီ မာဖီးယားမူးယစ်မှောင်ခိုဇာတ်လမ်းတွေ ကြိုက်တတ်တဲ့လူတွေအတွက် Torino Criminale Blood Revenge ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ တူရင်မြို့က ယဲအားလယ် မူးယစ်မှောင်ခိုဂိုဏ်းကို ညီကိုနှစ်ယောက်ဖြစ်တဲ့ ဆဗာတိုနဲ့ ဗီတိုတို့ကဦးဆောင်ပါတယ်။ ဆဗာတိုဟာ ကာတာနဲ့စ်အဖွဲ့မှာ နေရာရအောင် ဘိရစ်ထရစ်ဆိုတဲ့ အိမ်ထောင်ရှိအမျိုးသမီးတစ်ယောက်နဲ့ အတူအကောက်ကြံ ကြိုးစားနေပါတယ်။ တစ်နေ့မှာ ဆဗာတိုရဲ့အစ်ကိုဗီတိုတစ်ယောက် အသတ်ခံလိုက်ရကနေ စပြီး သူတို့ဂိုဏ်းတွေကြားမှာ ကိစ္စတွေပိုရှုပ်ထွေးလာပါတော့ တယ်။ ကြားထဲမှာလည်း သူတို့ဂိုဏ်းတွေကို အမိဖမ်းဖို့ကြိုးစားနေတဲ့ ရဲအုပ်ကြီးတော့စကိုကလည်း ရှိနေပြန်ပါတယ်။ ဆိုတော့ သူတို့ဂိုဏ်းတွေကြား ဘာတွေဆက်ဖြစ်မလဲ ဘယ်သူက ဘယ်သူ့ကို ဘယ်လိုလက်စားချေမလဲဆိုတဲ့ အသေးစိတ်ကတော့ ဇာတ်လမ်းလေးကိုပဲ ဆက်ကြည့်ရင်းအဖြေရှာဖို့ပြောချင် ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ W ပါ )File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Crime , Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a ...
movie

Torino Criminale Blood Revenge (2023)

Always I Am (2023)
Always I Am (2023)   Always I Am ( 2023 ) ==================Always I Am ကို ကိုရီးယား Art House ရုပ်ရှင်လို့ပြောရင်လည်း ကောင်း‌ကောင်းကြီးရလောက်တယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေမှာ အမြင်ရများတဲ့ ဇာတ်ပို့ဇာတ်ရံတွေကို အဓိကထားသုံးထားပေမဲ့ လူကြိုက်နည်းတဲ့ ရုပ်ရှင်ဖြစ်မယ်လို့တော့ ထင်ရတာပဲ။ ဒါလည်းမသေချာပါဘူး၊ Little Forsestလိုကားမျိုးတွေကို လူအများစု ကြိုက်တတ်ကြတော့ ဒီရုပ်ရှင်ကိုလည်း ကြိုက်ရင်လည်း ကြိုက်ကြမှာပဲ။ အဲဒီထက်တော့ နည်းနည်းလေး ပိုအေးစက်တယ်။ သေချာတာတစ်ခုကတော့ Always I Am ဟာ ဟုန်းဆန်းဆူပရိသတ်တွေတော့ ကြည့်ကို ကြည့်သင့်တဲ့ရုပ်ရှင်မျိုးပဲ။ဇာတ်ကတော့ ခက်ခဲတဲ့လက်တွေ့ကနေ မေ့ထားခဲ့တဲ့ တစ်ချိန်တစ်ခါဆီက လွတ်လပ်မှုတွေကို ပြန်ရှာကြတဲ့ လူတွေအကြောင်းလို့ပြောရမယ်။ အဆိုတော်တို့ ရုံးအလုပ်သမားတို့ ဘာတို့လို ဆိုးလ်လို မြို့ကြီးပြကြီးမှာ မွန်းကျပ်လာရာကနေ နယ်ဘက်ကျေးဘက်ကို စိတ်ပြေလက်ပျောက် ခဏခရီးထွက်သွားကြရင်း တစ်ချိန်ကမေ့ထားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေတွေ့ရှိကြတဲ့အကြောင်းအရာကို ရိုက်ပြထားတယ်။ ဇာတ်လမ်းတည်ဆောက်ပုံရော ...
movie

Always I Am (2023)

Hard Target 2 (2016) 5.3
Hard Target 2 (2016) သူငယ်ချင်းကို လက်ဝှေ့ကြိုးဝိုင်းထဲမှာ မတော်တဆသတ်ခဲ့မိလို့ အပြစ်ကြွေးဆပ်ချင်ရာကနေ မြန်မာပြည်က ဗိုလ်ချုပ်တွေနဲ့ လက်ဝါးချင်းရိုက်ထားတဲ့ သတ်ကွင်းမှာ အမဲလိုက်ခံရသူ ဇာတ်ကားအကျဉ်း ဘေလာနှင့် ဆူသာလန်ဟာ အခင်ဆုံးသူငယ်ချင်းတွေဖြစ်ပြီးတော့ နာမည်တစ်လုံးနဲ့ ကျော်ကြားတဲ့ လက်ဝှေ့သမားတွေဖြစ်ပါတယ်။သူတို့ဟာ နှစ်ယောက်ယှဉ်ထိုးဖို့ ငွေပမာဏအများကြီး ကမ်းလှမ်းခံရတဲ့အခါ ဘယ်သူနိုင်နိုင်အရေးမကြီးဘူး ပိုက်ဆံရဖို့ အဓိကပဲဆိုပြီး ယှဉ်ထိုးဖို့ သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ အနိုင်ရလိုစိတ်ပြင်းပြသွားတဲ့ ဘေလာက လက်လွန်သွားပြီး ဆူသာလန်ကို သေအောင် ထိုးလိုက်မိပါတယ်။ ဒီလိုကနေ စိတ်ရောလူရော ထောင်းထောင်းကြေသွားတဲ့ ဘေလာဟာ ဆူသာလန် မသေခင်ကို လိုချင်တဲ့တဲ့ ကမ်းခြေဘေးက အိမ်ကို ဝယ်ပေးဖို့ မြန်မာပြည်က ဗိုလ်ချုပ်တွေနဲ့ အဆက်အသွယ်ရှိတဲ့ အဲဒရစ်ချ်ဆိုတဲ့လူနဲ့ ဆုံမိပြီး ထိုးပွဲတစ်ခုအတွက် လက်ခံပြီး မြန်မာပြည်ကို လိုက်လာခဲ့ပါတယ်။ဒါပေမဲ့ အဲဒီကိုရောက်သွားတဲ့အခါမှ လက်ဝှေ့ပွဲမဟုတ်ပဲ သူ့ကို ဝိုင်းအမဲလိုက်မယ့် သတ်ပွဲဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာ သူ့အနေနဲ့ ဘယ်လိုလွှတ်မြောက်အောင်လုပ်မလဲဆိုတာကို ရင်ထဲ တလှိုက်လှိုက် ...
movie

Hard Target 2 (2016)

2016
Ten Inch Hero (2007) 7.3
Ten Inch Hero (2007) Ten Inch Hero (2007) Genre – Comedy, Drama, Romance IMDB – 7.3/10ကြည့်နေရင်းနဲ့ ပီတိဖြစ်လို့ ပြုံးရယ်ရတာမျိုး Heartwarming ဖြစ်တဲ့ ဒရမ်မာအချစ်ဟာသကားလေးပါ။အချစ်ဟာသဆိုလို့ မင်းသမီး မင်းသားဆိုပြီး နှစ်ယောက်တည်းကို Focus ထားတာမျိုး မဟုတ်ပဲ အသိုင်းအဝန်းလေးတစ်ခုက လူသားတွေရဲ့ ကိုယ်စီ ပြဿနာလေးတွေ အခက်အခဲလေးတွေကို အချင်းချင်း ဖေးမကူညီပြီး ဘယ်လိုကျော်လွှားကြမလဲ ဆိုတာကို ရိုက်ပြထားတာလေး ဖြစ်ပါတယ်။ဒရမ်မာကားဆိုလို့ မိသားစုနဲ့ ကြည့်ဖို့ဆိုရင် အိပ်ရာပေါ်ကအခန်းကို အပေါ်ဗလာကျင်းနဲ့ ၂ ခန်းလောက်လေး ပါဝင်လို့ သတိတော့ထားရမှာပါ။ သရုပ်ဆောင်တွေဆိုရင်လည်း အရင်ဆုံး ပြေးမြင်မိမှာက Supernatural က ကျွန်တော်တို့ အချစ်တော်ကြီး Dean (Jensen Ackles) ဟာ ဒီကားထဲမှာ ဖက်ရှင်အလန်းစားနဲ့ ထူးထူးခြားခြား ပါဝင်ထားပါသေးတယ်။ဒါတင်မကပဲ ယခုလက်ရှိ သူ့ ဇနီးဖြစ်သူ Danneel Ackles လည်း ပါဝင်ထားပါသေးတယ် ဒီရုပ်ရှင်တုန်းကတော့ လင်မယားမဖြစ်ကြသေးဘူးပေါ့လေ (ချောတာလည်းအတော်ချောဗျ)။ နောက်ပြီး မင်းသမီးလေး ၂ ယောက်ဆိုလည်း ချစ်စရာလေးတွေပါ တခြားသရုပ်ဆောင်တွေလည်း ကိုယ်စီနေရာက ...
movie

Ten Inch Hero (2007)

3 IRON (2004) 8.1
3 IRON (2004) ဘွဲ့ရပညာတတ်လူငယ်တစ်ယောက်ဟာ သူစိမ်းတွေရဲ့ အိမ်တွေမှာ သူတို့မရှိတဲ့အချိန်ဆို အကြောင်းအရင်းမသိရပဲ တက်နေပါတယ်။ ဒီလိုနဲ့ သူနေဖို့ရွေးချယ်လိုက်တဲ့ သူဌေးအိမ်တစ်အိမ်က သူဌေးကတော်ငယ်ငယ်လေးဟာ အလိုတူအလိုမပါပဲ ယူထားရတဲ့အတွက် မပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးမှာ ပိတ်မိလို့နေပါတယ်။ဒီတော့ သူဟာ လူလုံးထွက်ပြပြီး သူဌေးကို မေ့လဲအောင် လုပ်ကာ သူဌေးကတော်လေးကို ခေါ်ထုတ်လာခဲ့ပါတယ်။ သူဌေးကတော်လေးကလည်း လှောင်အိမ်ထဲက လွှတ်မြောက်အောင်လုပ်ပေးတဲ့ လူငယ်လေးကို ချစ်မိသွားသလို လူငယ်လေးကလည်း ပြန်ချစ်မိသွားခဲ့ပါတယ်။ ဒီတော့ အတောင်ကျိုးငှက်နှစ်ကောင် ဘယ်လိုများ လွတ်မြောက်အောင် ထွက်ပြေးကြမလဲ၊ သူဌေးကတော်ကရော သူ့ကို လိုက်ရှာနေတဲ့ သူဌေးဆီ ပြန်ပါသွားမှာလား၊ သူများအိမ်မှာ တက်နေတတ်တဲ့လူကို ရဲတွေကလည်း သဲလွန်စရပြီး လိုက်ရှာနေတဲ့အချိန်မှာ သူတို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို ပဟေဠိကို အဖြေညှိရင်း ကြည့်ရမယ့် ဇာတ်ကားကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Romance, Crime, Drama  Subtitle….Myanmar Subtitle ...
movie

3 IRON (2004)

2004
Precious Cargo (2016) 5.5
Precious Cargo (2016)  ဒီတစ်ခါမှာတော့ ကြည့်ရှုသူချစ်ပရိတ်သတ်ကြီးကို၂၀၁၆ကထွက်ရှိခဲ့တဲ့ Precious Cargo ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကို ဒါရိုက်တာ Max Adamsကရိုက်ကူးပုံဖော်ထားပြီး နာမည်ကြီးမင်းသားတွေဖြစ်တဲ့Bruce Willis ,Mark-Paul Gosselaar နဲ့ မင်းသမီးClaire Forlani ,Logan တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအစမှာ ဂျက်ခ်အဖြစ်သရုပ်ဆောင်ထားတဲ့မင်းသား Mark-Paul Gosselaar တို့အဖွဲ့ လက်နက်အလှယ်အလဲလုပ်ရာကနေ အပြန်အလှန်ပစ်ခတ်ကြပုံနဲ့ စတင်ထားပါတယ် အဲ့နောက် ရုတ်တရက် ဂျက်ခ်ရဲ့ရည်းစားဟောင်းဖြစ်တဲ့ ကာရန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က အက်ဒီလိုခေါ်တဲ့ တကယ့် လူဆိုးဂိုဏ်းခေါင်းဆောင်နဲ့ ပတ်သက်မိပါတယ် တည်ငြိမ်အေးချမ်းနေတဲ့ ဂျက်ခ်တို့ရဲ့အဖွဲ့လေးဆီကိုကာရန်တစ်ယောက်ရောက်လာတဲ့အချိန်မှာ သူနဲ့အတူမုန်တိုင်းကိုပါ တစ်ပါတည်းခေါ်ဆောင်လာခဲ့ပါတယ် အကြောင်းကကာရန်က အက်ဒီလို့ခေါ်တဲ့သူခိုးဓားပြဂိုဏ်းခေါင်းဆောင်ကိုအကြွေးပေးစရာသန်းချီရှိနေပါတယ် အဲ့နောက်ကိုယ်ဝန်ရှိချင်ယောင်ဆောင်ထားတဲ့ ကာရန်တစ်ယောက် ကလေးကိုဗန်းပြပြီး စီအိုင်အေရဲ့ ဒေါ်လာသန်းချီတန်တဲ့ စိန်တွေကိုခိုးယူဖို့ ဂျက်ခ်တို့အဖွဲ့ကိုအကူအညီတောင်းပါတယ်ခိုးမယ့်အဖွဲ့ကဂျက်ခ်တို့ အပြင် တကယ့်နာမည်ကျော်အက်ဒီတို့ကပါ ဒီစိန်တွေကို အပြိုင်အဆိုင်ရယူဖို့ကြိုးစားကြပါတယ် အဲ့ဒီနောက် ဂျက်ခ်တို့ရဲ့သူခိုးဆီကနေသူဝှက်ပြန်လုမယ့်အစီအစဉ်ကရော ဘာတွေဆက်ဖြစ်ကြမလဲကာရန်ဗိုက်ထဲက ကလေးကရောဘယ်သူ့ကလေးဖြစ်မလဲဂျက်ခ်တို့ကရော ဒီစိန်တွေကို အက်ဒီနှောင့်ယှက်နေတဲ့ကြားထဲနေ အောင်အောင်မြင်မြင်ခိုးထုတ်နိုင်ပါ့မလားဆိုတာကိုဒီဇာတ်ကားလေးထဲမှာ ...
movie

Precious Cargo (2016)

Oink (2022) 7.1
Oink (2022)  ခွေးလေး ကြောင်လေးတွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးတာများပေမယ့် ဝက်ကလေးတွေကိုတော့အဲဒီလိုမွေးတာ သိပ်မမြင်ဖူးကြဘူးမလား?ဒီကားထဲက Babs ဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့မွေးနေ့မှာသူ့အဖိုးဆီကနေ ဝက်ပေါက်ကလေးတစ်ကောင်ကိုမွေးနေ့လက်ဆောင်အနေနဲ့ လက်ဆောင်ရရှိခဲ့ပါတယ်...အချိန်ကြာလာတာနဲ့အမျှ ကောင်မလေးနဲ့ဝက်ကလေးတို့ကြားက သံယောဇဉ်ကြိုးဟာပိုပြီးခိုင်မာလာခဲ့ပါတယ်ဒါပေမယ့် ကောင်မလေးကို ဝက်ကလေးမွေးနေ့လက်ဆောင်ပေးတဲ့သူ့အဖိုးရဲ့တကယ့်သရုပ်မှန်က ဘာလဲ...ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကြည့်ရမယ့် Animationကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…1.39GB / 644MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 12m Genre ….. Animation , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric
movie

Oink (2022)

Yellow Dragon’s Village (2021) 5.8
Yellow Dragon’s Village (2021) Yellow Dragon Village (2021)Horror ဖန်တွေအတွက် ဂျပန် Horror အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကောလိပ်ကျောင်းသားသူငယ်ချင်းအုပ်စုတစ်စုဟာ အပျော်ခရီးတစ်ခုထွက်လာရင်းနဲ့ လမ်းမှာ မမျှော်လင့်ဘဲ ဖုန်းတိုင်မမိတဲ့နေရာမှာမှ ကားဘီးပေါက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဘေးဘီဝဲယာ အကူအညီရလိုရငြားလိုက်ရှာကြရင်းနဲ့ ရွာတစ်ရွာကို တွေ့သွားပြီးတော့ အကူအညီသွားတောင်းကြပါတော့တယ်။ ရွာက လူကြီးတွေကလည်း သဘောတွေအရမ်းကောင်း စားစရာတွေနဲ့ ဧည့်ခံရင်း တစ်ညအိပ်သွားပြီး မနက်ကားပြင်ပြီးမှ သွားကြဖို့ ပြောရာကနေ အဲဒီရွာမှာပဲ တစ်ညအိပ်ဖို့ အကြောင်းဖြစ်လာပါတယ်။ ဒီလိုနဲ့ သူတို့ အိပ်ရာကနိုးလာတဲ့အခါမှာ ဒီရွာက ပုံမှန်မဟုတ်ဘူးဆိုတာကို ရိပ်မိသွားပြီးနောက်ပိုင်း ဘယ်လိုတွေ ဖြစ်လာမလဲ ..... ကျောင်းသားတွေနဲ့ ဒီရွာနဲ့ ဘယ်လိုတွေ ပတ်သက်နေမလဲ.... နောက်ကွယ်မှာရော ဘယ်လို လျှို့ဝှက်ချက်တွေရှိမလဲ... ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Horror Quality…. 1080p | 720p File size… 1.6GB | 842MB Format… mp4 Duration…. ...
movie

Yellow Dragon’s Village (2021)

2021
The Wedding March (2016) 6.3
The Wedding March (2016) The Wedding March (2016) IMDb - 6.3/10ခြောက်ကားမြောက်ထိထွက်ရှိခဲ့တဲ့ အမေရိကန်-ကနေဒီယန် rom-comရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲက ပထမဆုံးရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကျော် Before trilogyလို ရသမျိုးကို သူ့နည်းသူ့ဟန်နဲ့ ခံစားရစေမယ်လို့ ထင်ပါတယ်။ရည်းစားဦးကို မြေးဦးရတဲ့ထိတောင် မေ့မရပါဘူးတဲ့။ မစ်ခ်နဲ့ အိုလီဗီယာဆိုတဲ့ စုံတွဲလေးကလည်း ငါ့ကို အသဲခွဲသွားတာဆိုတဲ့ တစ်ဖက်သက်ခံစားချက်ကိုယ်စီနဲ့ ဝေးကွာခဲ့ကြတဲ့ရည်းစားဦးတွေ။မစ်ခ်ကတော့ သမီးတစ်ယောက်အဖေ မုဆိုးဖိုအဖြစ်နဲ့ သာယာလှပတဲ့ရေကန်အနီးက ဟိုတယ်အသေးစားလေးကို ဦးစီးလုပ်ကိုင်နေသူတစ်ယောက်။ ငယ်ရွယ်စဉ်က အောင်မြင်တဲ့အဆိုတော်ဖြစ်ခဲ့ပေမဲ့လည်း အကြောင်းကြောင်းကြောင့် ပရိသတ်တွေနဲ့ဝေးကွာသွားခဲ့သူ။ တစ်နေ့ သူ့ဟိုတယ်လေးမှာ မင်္ဂလာဆောင်မဲ့ အောင်မြင်နေတဲ့အိမ်ခြံမြေပွဲစားတွေအတွက် မဖြစ်မနေ ဧည့်ခံသီချင်းဆိုပေးဖို့ ကြုံလာပါတော့တယ်။ ဖြစ်ချင်တော့ သတို့သမီးက သူ့ငယ်ချစ်ဦး အိုလီဗီယာဖြစ်နေပါရော။ အိုလီဗီယာမှာလည်း ပထမအိမ်ထောင်နဲ့ရတဲ့ မစ်ခ်ရဲ့သမီးနဲ့ရွယ်တူ သမီးတစ်ယောက်ရှိနေပါတယ်။ ငါ့အသဲကိုခွဲသွားတာဆိုတဲ့ ခံယူချက်ကိုယ်စီနဲ့ မျက်နှာချင်းဆိုင်မရဖြစ်နေရာကနေ အကြောင်းအရင်းမှန်ကို သိလိုက်ရတဲ့နောက်မှာ။ မစ်ခ်နဲ့ အိုလီဗီယာတို့ရဲ့ ဇာတ်လမ်းလေးကို တစ်ကားချင်းစီမှာ ရသအမျိုးမျိုးခံစားရစေမှာမို့ အားပေးကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Comedy, Drama, Family Quality…. 1080p | 720p File size… 1.3GB, 678MB Format… ...
movie

The Wedding March (2016)

2016
The Machine Girl (2008) 5.9
The Machine Girl (2008) The Machine Girl (2008)လူသတ်သမားလို့ အစွပ်စွဲခံရပြီး ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခဲ့တဲ့ မစ္စတာဟျူဂါမှာ သားနဲ့သမီးနှစ်ယောက်တည်း ကျန်ခဲ့ပါတယ်။ အဖေဖြစ်သူရဲ့ အရိပ်မဲကြီးနဲ့အတူ ဘဝကို ရုန်းကန်ရင်းနေလာရတဲ့ အာမီနဲ့ ယူတို့ဟာ ဘဝကိုနှစ်ယောက်တည်း ဖြတ်သန်းလို့နေလာကြပါတယ်။ ဒီလိုနဲ့ တစ်ရက်ကျောင်းမှာ မောင်လေးဖြစ်သူ ယူဟာ ယာကူဇာရဲ့သားဖြစ်သူဆီကနေ အနိုင်ကျင့်ခံရရင်း ဆုံးပါးသွားခဲ့ရပါတယ်။ မောင်လေးဖြစ်သူနှင့်အတူ တာကဲရှိဆိုတဲ့ကောင်လေးလည်း အတူသေဆုံးသွားခဲ့ရပါတယ်။ ဒီလိုနဲ့ မောင်လေးဖြစ်သူရဲ့ သေဆုံးမှုဟာ သတ်သေတာမဟုတ်ဘဲ အနိုင်ကျင့်ခံရလို့ သေသွားရတာကို သိသွားတဲ့အချိန်မှာတော့ တာကဲရှိရဲ့ မိဘတွေနဲ့အတူ အာမီဟာ ယူနဲ့ တာကဲရှိတို့ကိုသတ်သွားတဲ့သူတွေကို ဘယ်လိုပုံစံနဲ့ လက်စားချေမလဲဆိုတာကို သွေးသံတရဲရဲနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Horror Quality…. 1080p | 720p File size… 1.8GB | 883MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Char Ou Encoder ...
movie

The Machine Girl (2008)

2008
[18+] Fall in Love With the Brother in law (2020)
[18+] Fall in Love With the Brother in law (2020) [18+] Fall in Love With the Brother in law (2020) ********************************************** ဒီဇာတ်လမ်းလေးမှာတော့ဇနီးဖြစ်သူ ယူဂျင်းဟာ သူမယောက်ျားနဲ့ ဆက်ဆံရေး အဆင်မပြေတာနဲ့ယောက်ျားဖြစ်သူကဖောက်ပြန်နေတယ်လို သံသယဝင်နေခဲ့ပါတယ်ဒါကြောင့် သူငယ်ချင်းဖြစ်သူကနေတဆင့် ယောက်ျားဖြစ်သူနောက်ကို လိုက်စုံစမ်းပေးဖိုအေဂျင်စီတစ်ခုကို ရှာတွေ့သွားခဲ့ပါတယ်။ဒါပေမဲ့ လူလိုက်ခိုင်းဖိုအတွက် ငွေလိုနေလို ယောက်ျားဆီက တောင်းပေမဲ့လည်း မရခဲ့ပါဘူးတစ်ဖက်မှာလည်း ယောက်ျားရဲ့ညီဖြစ်သူ မင်ဟိုကလည်း သူတိုလင်မယားနဲ့ အတူတူ တစ်အိမ်တည်းမှာ နေနေတာဖြစ်ပါတယ်မင်ဟိုဟာ သူ့ရဲ့အလိုဆန္ဒပြည့်ဝဖိုအတွက် မရီးဖြစ်သူကို အသုံးချရာကနေဘယ်လိုပြဿနာတွေ ဆက်ဖြစ်လာမလဲယူဂျင်းကလည်း သူ လိုနေတဲ့ ပိုက်ဆံကို ဘယ်လိုရှာမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးFile Size 1.63 GB, 524 MB Quality : 1080p,720p Format…mp4 Duration…01:12:13 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS
movie

[18+] Fall in Love With the Brother in law (2020)

Genres

Archives