Channel Myanmar

New releases (2025)

Content at random


Movies

Zoolander (2001)
Zoolander (2001) IMDB 6.5/10 ရရှိထားတဲ့ Comedy ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် မင်းသမီး Christine Taylor နဲ့ မင်းသားကြီး Will Ferrell တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ထူးခြားတဲ့အကြည့်တွေနဲ့ ဆွဲဆောင်နိုင်စွမ်းရှိသူ ဒဲရစ်ဇူးလန်ဒါက ဖက်ရှင်လောကရဲ့ အောင်မြင်တဲ့ အမျိုးသားမော်ဒယ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ သူ့ရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကို အစွန်းအထင်းဖြစ်စေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြီး သူက မော်ဒယ်လောကကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အနားယူဖို့ ဆုံးဖြတ်ပြီး မကြာခင်မှာပဲ ဖက်ရှင်လောကရဲ့ အကျော်အမော်ဒီဇိုင်နာကြီး မူဂါတူက အလုပ်အတူလုပ်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် ရိုးရိုးသားသား လက်ခံခဲ့ပေမဲ့ တကယ်တမ်း မူဂါတူရဲ့အကြံက သူ့ကို ...
movie

Zoolander (2001)

Ghostbusters II (1989)
Ghostbusters II (1989) 1984 မှာထွက်ရှိခဲ့တဲ့ Ghostbusters ရဲ့ အဆက်ဖြစ်တဲ့ ဒုတိယမြောက်ရုပ်ရှင်ပါ။ ဒီရုပ်ရှင်မှာတော့ နယူးယော့မြို့တော်ကြီးကို မာ့ရှ်မယ်လို လူသားကြီးရဲ့ ရန်ကနေ ကာကွယ်ပေးခဲ့ပေမဲ့ အဆောက်အဦးပျက်စီးမှုတွေအတွက် သရဲဖမ်းသမားအဖွဲ့ကိုဖျက်သိမ်းပြီး သရဲဖမ်းတဲ့အလုပ်တွေလုပ်ခွင့်ရပ်ဆိုင်းထားပါတယ်။ဒီကိစ္စတွေဖြစ်ပြီး ငါးနှစ်အကြာမှာ မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ အကူအညီတောင်းမှုကြောင့် သရဲဖမ်းသမားဟောင်းတွေ သဘာဝလွန်ဖြစ်ရပ်တစ်ခုကိုစုံစမ်းကြရင်း နယူးယော့ခ်မြို့အောက်မှု စီးဆင်းနေတဲ့ အကျိအချွဲမြစ်ကြီးကို တွေ့ခဲ့ကြပါတယ်။ ဒီအကျိအချွဲတွေက လူတွေရဲ့ မကောင်းတဲ့စိတ်ကိုတုံ့ပြန်နိုင်ပြီး လူမျိုးစုံရှိနေတဲ့ နယူးယော့ခ်မြို့လည်မှာစီးဆင်းနေတာပါ။ဒီအကျိအချွဲတွေစီးဆင်းနေကြတာကလည်း မန်ဟက်တန် အနုပညာပြတိုက်မှာရှိနေတဲ့ 17 ရာစုနှစ်က မင်းဆိုးတစ်ပါးဖြစ်တဲ့ ဗီဂိုရဲ့ပုံတူပန်းချီကားဆီဖြစ်ပြီး မြို့ထဲမှာလည်း သဘာဝလွန်ဖြစ်ရပ်ဆန်းတွေမျိုးစုံ ကမောက်ကမဖြစ်လာတာကို သရဲဖမ်းသမားတွေ ဘယ်လိုတားဆီးကြမလဲ၊ ဗီဂိုပုံတူပန်းချီကားမှာရော ဘယ်လိုသဘာဝလွန်အစွမ်းတွေရှိနေမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။File size…(1.8 GB)/(994 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre... Comedy, Fantasy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

Ghostbusters II (1989)

Ghostbusters (1984)
Ghostbusters (1984) ငယ်ဘဝအမှတ်တရ မူရင်း သရဲဖမ်းသမားများရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ သူ့ခေတ်သူ့အခါက ဝက်ဝက်ကွဲအောင်မြင်လူကြိုက်များခဲ့တဲ့အပြင် Oscar nominations လည်း 2 ခုဝင်ခဲ့ပြီး တခြားဆု‌တွေလည်းရရှိခဲ့ပါသေးတယ်။ အခုနှစ်ထဲမှာလည်း Ghostbusters: Frozen Empire ဆိုတဲ့ sequel တစ်ကားထပ်ထွက်ထားပါသေးတယ်။ဒီပထမဆုံးရုပ်ရှင်မှာတော့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကို ခေတ်သစ်သိပ္ပံပညာနဲ့ ပေါင်းစပ်ပြီး ရူးသွပ်စွာလေ့လာကြတဲ့ သိပ္ပံပညာရှင် သူငယ်ချင်းသုံးယောက်၊ သူတို့အလုပ်လုပ်တဲ့ တက္ကသိုလ်ကနေ အလုပ်ဖြုတ်ခံလိုက်ရတဲ့အခါမှာ မီးသတ်ရုံအဟောင်းတစ်ရုံနဲ့ ကားအစုတ်တစ်စီးကိုဝယ်လိုက်ပြီး သရဲဖမ်းသမားများအဖွဲ့ကို တည်ထောင်လိုက်ကြပါတယ်။အဲဒီနောက်မှာတော့ သူတို့ဖန်တီးထားတဲ့ သရဲဖမ်းကိရိယာတွေကိုသုံးပြီး မြို့ထဲမှာ သောင်းကျန်းနေတဲ့ သရဲတွေကို လိုက်လံဖမ်းဆီးပေးရင်း ဂိုဇာ လို့ခေါ်တဲ့ ရှေးခေတ်ဟစ်တီ ဖျက်ဆီးခြင်းနတ်ဘုရား ပြန်လည် နိုးထလာမဲ့အရေးကို တားဆီးပေးဖို့ဖြစ်လာပါတော့တယ်။ ငယ်ငယ်က ကြောက်ကြောက်လန့်လန့်နဲ့ ကြည့်ခဲ့ရတဲ့ ဟာသ-ဟော်ရာအမျိုးအစား ရုပ်ရှင်ဖြစ်တာမလို့ ပြန်ကြည့်ပြီး စိတ်အပန်းဖြေလို့ကောင်းမဲ့ ရုပ်ရှင်တစ်ကားပါဗျ။File size…(2.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre... Comedy, ...
movie

Ghostbusters (1984)

Shall We Dance? (2004)
Shall We Dance? (2004) ၂၀၀၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ အချစ်ဟာသဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်....ဇကာတင်ဆု ၇ ဆုရရှိထားပါတယ်...မင်းသားမင်းသမီးတွေကတော့ ရွှေရောင်ကမ္ဘာလုံးဆုရရှိထားတဲ့ မင်းသားကြီး Richard Gere နဲ့ မင်းသမီးတွေကတော့ Susan Sarandom နဲ့ Jennifer Lopez တို့ပါဝင်ထားပါတယ် ဇာတ်လမ်းအကြောင်းလေးပြောရရင်တော့ အမွေကိစ္စစီမံခန့်ခွဲပေးတဲ့ ရှေ့နေဖြစ်သူ ဂျွန်ကလက်ခ်ဟာ အိမ်ထောင်ကျခဲ့တာ နှစ် ၂၀ နီးပါကြာခဲ့ပါပြီ...သူဟာမိသားစုကိုချစ်တဲ့သူတစ်ယောက်ဖြစ်ပေမဲ့လည်း သူကိုယ်တိုင်ကလည်းအလုပ်ရှုပ် မိန်းမဖြစ်သူကလည်းအလုပ်ရှူပ်သူတစ်ယောက်ဖြစ်လေတော့ နေ့စဉ်အလုပ်နဲ့အိမ်၊အိမ်နဲ့အလုပ် ဒီလိုပုံမှန်ကိစ္စတွေကြား သူဟာပျင်းရိလာခဲ့ပါတယ်...ဆန္ဒမပြည့်ဝဖြစ်လာခဲ့ပါတယ် ဂျွန်ကလက်ခ် နေ့စဉ်အလုပ်ကအပြန် လမ်းမှာ မြင်တွေ့ရသူကတော့ ပေါ်လီနာဆိုတဲ့ကချေသည်မိန်းကလေးဖြစ်ပါတယ်...သူမဟာနေ့စဉ် မစ်စ်မစ်ဇီရဲ့အကသင်တန်းမှ ပြတင်းပေါက်ကနေတဆင့် အပြင်ကိုငေးကြည့်လေ့ရှိပါတယ်....ဂျွန်ကလက်ခ်ဟာပေါ်လီနာကိုတွေ့ပါများလာတဲ့အခါ မစ်စ်မစ်ဇီရဲ့အကသင်တန်းကိုတက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်... ဒီလိုနဲ့ဂျွန်ကလက်ခ် အကသင်တန်းတက်တော့ အိမ်ပြန်နောက်ကျလာတယ်....အပြုအမူတွေပြောင်းလာတယ်...ဒါကိုသတိထားမိတဲ့ မိန်းမဖြစ်သူဘယ်ဗာလီက စုံထောက်တစ်ယောက်ကိုငှားပြီး သူ့ယောက်ျားနောက်ကိုလိုက်ခိုင်းပါတော့တယ်....ဒီတော့ ဂျွန်ကလက်ခ်နဲ့ပေါ်လီနာတို့ကြားဘယ်လိုဖြစ်သွားမလဲ....မိန်းမဖြစ်သူဘယ်ဗာလီက ဂျွန်ကလက်ခ်အကသင်တန်းတက်နေမှန်းသိသွားတဲ့အခါဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါခင်ဗျာ....File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre... Comedy, Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Shall We Dance? (2004)

In Good Company (2004)
In Good Company (2004) မိသားစုနဲ့ အတူကြည့်ပြီး အပန်းဖြေလို့ရမယ့် ရုပ်ရှင်ကားလေးပါ။ ဒီရုပ်ရှင်က ၂၀၀၀ခုနှစ် အစောပိုင်းတုန်းက ထွက်ထားတာဖြစ်ပြီး Rom/Com အမျိုးအစားဖြစ်ပါတယ်။ Rotten Tomatoes လည်း 82% ရထားပြီး မင်းသားကြီး Dennis Quaid, Topher Grace နဲ့ မင်းသမီး Scarlett Johansson တို့ ဦးဆောင်ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ Dan က Sports America ဆိုတဲ့ အားကစားမဂ္ဂဇင်းက ကြော်ငြာစာမျက်နှာတွေရဲ့ အရောင်းပိုင်းကို ဦးစီးနေတဲ့ မန်နေဂျာ တစ်ယောက်ပါ။ သူ့မှာ သမီးလေး၂ယောက်နဲ့အတူ ချစ်ဖို့ကောင်းတဲ့ မိသားစုလေးရှိပါတယ်။ မိန်းမကိုလည်း အရမ်း ချစ်သလို သမီးနှစ်ယောက်ကိုလည်း အစိုးရိမ်ကြီးပြီး နေရာတကာ လိုက်စောင့်ရှောက်ချင်သူပါ။ တစ်နေ့တော့ သူမမျှော် လင့်ထားတာ ဖြစ်လာပါတယ်။ သူတို့ ကုမ္ပဏီကို Globecom ဆိုတဲ့ ကုမ္ပဏီကြီးတစ်ခုက ဝယ်ယူသွားပြီး အလုပ်သမား အမြောက်အများကို ...
movie

In Good Company (2004)

Flight of the Phoenix (2004)
Flight of the Phoenix (2004) ဇာတ်လမ်း အညွှန်း ရေနံမှော်အလုပ်သမား ခရီးသည်အချို့ပါလာတဲ့ ကုန်တင် လေယာဉ်တစ်စင်းက နမ်မစ် ဆိုတဲ့ မွန်ဂိုလီးယား သဲကန္တာရကို ဖြတ်အသွားမှာ မုန်တိုင်းနဲ့တိုးပြီး ပျက်ကျခဲ့ရာကနေ ဇာတ်လမ်းကို စတင်ထားပြီး သဲကန္တာရထဲကနေ သူတို့ ထွက်နိုင်အောင်လုပ်နိုင်ကြပါ့မလားဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမယ့် စွန့်စားခန်း၊ သည်းထိတ်ရင်ဖိုနဲ့ အက်ရှင်တွေ နှောထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။သဲကန္တာရမှာ အသက်ဆက်ဖို့ သူတို့ ဘာလုပ်ကြမလဲ၊ ဘယ်လိုပြဿနာတွေသူတို့ဆီ ရောက်လာကြမလဲ၊ အချင်းချင်းကြား ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ ဘယ်လို ဖြေရှင်းကြသလဲ၊ ဘယ်လိုအားမွေးကြသလဲ ဆိုတာကို စိတ်ပါဝင်စားစွာနဲ့ ကြည့်ရှုရမှာပါ။ ၂၀၀၄ ကထွက်ထားပေမယ့် Old But Gold ဖြစ်တဲ့ ဇာတ်ကားလေးတစ်ကားပါ။20th Century Fox ကတင်ဆက်ထားတာဖြစ်ပြီး IMDb rating 6.1 ရထားတော့ မဆိုးဘူးလို့ပြောလို့ရပါတယ်။ Effect တွေက တကယ့်လက်တွေ့ဆန်ပြီး ကိုယ်ပါ ဇာတ်လမ်းထဲကို ပါဝင်စီးမျှောမိနေမယ့် ကားတစ်ကားမို့ ...
movie

Flight of the Phoenix (2004)

A Most Atrocious Thing (2024)
A Most Atrocious Thing (2024) ဒီ indie ရုပ်ရှင်ကားကို ရုပ်ရှင်ထဲမှာ ပါတဲ့ cast တွေကပဲ ဇာတ်ညွှန်းရေး Direct လုပ်ထားတာပါ။ ဒေါ်လာ ၅၀၀၀ ပဲ သုံးထားတဲ့ ဘက်ဂျက်ကားပေမယ့် ပြီးစလွယ် အဖြစ်ရိုက်ထားတာမဟုတ်ဘဲ သပ်သပ်ရပ်ရပ် ရှိပါတယ်။ Plotကလည်း Colorado တောထဲက အပန်းဖြေအိမ်ကို ဘွဲ့ခရီး သွားကြတဲ့ လူငယ်တစ်စု အကြောင်း ရိုက်ထားတာပါ။သမင် လိုက်ထွက်ကြရင်းနဲ့ ရလာတဲ့ သမင်သားကို ချက်စားကြရင်း ဘာဆက်ဖြစ်ကြမလဲဆိုတာ ရင် တမမနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ horror ဆိုပေမယ့်လည်း ပေါ့ပေါ့ပါးပါးနဲ့ ဟာသတွေနှောထားတာမို့လို့ ကြည့်ပျော်စေမယ့် ရုပ်ရှင်ကားဖြစ်ပါတယ်။File size…(1.1 GB)/(585 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre... Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie
movie

A Most Atrocious Thing (2024)

Hancock (2008) 6.4
Hancock (2008) မင်းသားကြီး Will Smith နဲ့ မင်းသမီး Charlize Theron တို့ရဲ့ Hancock ရုပ်ရှင်ဟာ စူပါဟီးရိုးမဆန်တဲ့ Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။လူအများကို ကယ်တင်နေပေမယ့် ဟုတ်ကဲ့ခင်ဗျ ကျေးဇူးပါခင်ဗျ လောကွတ်တွေမလုပ်တတ် မပြောတတ်လို့ လူတွေရဲ့ ချစ်ခင်မှုကို မရရှာတဲ့ စူပါဟီးရိုး..နှလုံးလှပေမယ့် လူကြမ်းတာကြောင့် လူတွေကလဲမုန်း ....သူကလဲ လူတွေ ဘယ်လိုထင်ထင် နေချင်သလို နေတတ်တဲ့ စူပါဟီးရိုးကြီး Hancock....သူ့ဘဝအစစ်အမှန်က ဘာလဲ...သူ့အစွမ်းတွေက ဘယ်ကရတာလဲ...သူ့ကိုဒီလိုပုံစံဖြစ်အောင် ဘယ်သူတွေကပြုလုပ်ထားတာလဲ...စသည်ဖြင့် ပဟေဠိများစွာနဲ့ Hancock...ဒီလိုလူကြမ်းလူစွမ်းကြီးဘဝကို ဘယ်သူက ကယ်တင်ပြီးလှပအောင်ပြုလုပ်မလဲဆိုတာ.....။စူပါဟီးရိုးကားလို့ဆိုနိုင်ပေမယ့် ဒရမ်မာသက်သက် ထိရှရတဲ့ ရုပ်ရှင်မျိုးဖြစ်ပြီး Unrated Version နဲ့တင်ဆက်လိုက်ပါတယ်။Hancock 2 ဆက်လက်ထွက်ရှိဖို့ မင်းသမီး Charlize Theron က စောင့်မျှော်နေပြီး အချိန်တစ်ခုမှာထွက်ရှိလာနိုင်ကြောင်းပါ။ File size….(2.7 GB )/(1.2 GB) Quality….BluRay Unrated 1080p / 720p Format…mp4 Duration….01:42:14 Subtitle….Myanmar ...
movie

Hancock (2008)

2008
Bag of Lies (2024) 5.0
Bag of Lies (2024)  Bag of Lies ဇာတ်ကားဟာ ၂၀၂၄ ခုနှစ်ထွက် Netflix ကရိုက်တဲ့ horror အမျိုးအစား ဇာတ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကို ပြောရမယ်ဆိုရင် ကင်ဆာဖြစ်ပြီးသေခါနီး ဖြစ်နေတဲ့မိန်းမကို ကယ်တင်ဖို့အတွက်အစွမ်းကုန် ကြိုးစားပေမဲ့ အရာမထင် ဖြစ်နေတဲ့Matt တစ်ယောက် ရရာကောက်ရိုး လှမ်းဆွဲရာကနေအိမ်ကို ဘာမှန်းမသိတဲ့ အထုပ်တစ်ထုပ် ယူလာပြီးထူးဆန်းတဲ့ အစီအရင်တွေကို သတ်မှတ်ချက်ပေါင်းများစွာနဲ့ ပြုလုပ်ခဲ့ပါတယ် အစီအရင်တွေကြောင့်ဖြစ်လာမဲ့အရာတွေက အကောင်းတွေလားအဆိုးတွေလား ၂ ခုလုံး ဒွန်တွဲပြီး ရောက်လာမှာလားအဆုံးသတ်မှာ သူမျှော်မှန်းထားသလို သူ့မိန်းမကောင်းသွားမှာလား စတာကို ရင်တထိတ်ထိတ်နဲ့‌ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size…921MB / 396MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung
movie

Bag of Lies (2024)

The Listener (2024) 6.0
The Listener (2024)  ၂၀၂၄ မတ်လမှာအသစ်ထွက်ရှိထားတဲ့ The Listener ရုပ်ရှင်ဟာDrama အမျိုးအစားဖြစ်ပေမယ့် သည်းထိတ်ရင်ဖိုခံစားချက်ကိုလည်းခံစားရမှာဖြစ်ပါတယ်။ဒါရိုက်တာ Steve Buscemi ကရိုက်ကူးထားပြီး တစ်ကားလုံးကိုဘတ်သ်အဖြစ်သရုပ်ဆောင်တဲ့မင်းသမီး Tessa Thompsonတစ်ယောက်တည်းနဲ့ရိုက်ကူးထားတာပါ။ဘတ်သ်ဟာ ညတိုင်းအမေရိကန်တစ်နိုင်ငံလုံးရဲ့နေရာအနှံ့ကဖုန်းတွေကိုလက်ခံဖြေကြားပေးရတဲ့ အကူအညီဖုန်းလိုင်းတစ်ခုမှာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်နေတာဖြစ်ပါတယ်။အထီးကျန်တဲ့လူတွေ၊ မျှော်လင့်ချက်ကင်းမဲ့နေသူတွေအစရှိသဖြင့်လူပေါင်းမျိုးစုံဆီကဖုန်းတွေကို နားထောင်ပေးပြီးသူတို့လိုအပ်တဲ့အကြံဉာဏ်တွေကို ဘတ်သ်က ပြန်ပေးလေ့ရှိပါတယ်။ ဇာတ်ကားကတော့ ကိုရိုနာပြီးခါစအချိန်ကိုအခြေခံထားတဲ့အတွက် ပြီးခဲ့တဲ့နှစ်ဟာ ဖုန်းခေါ်သူတွေအပြည့်နဲ့ဘတ်သ်အတွက် ပင်ပန်းခဲ့တဲ့နှစ်ဖြစ်လို့ ဘတ်သ်ဟာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်မှုကနေ အနားယူတော့မှာလည်းဖြစ်ပါတယ်။ ရုပ်ရှင်အစကနေအဆုံးအထိ ဘတ်သ်ရဲ့ဖုန်းခေါ်ဆိုမှုတစ်ညတာကိုရိုက်ကူးပြထားပြီး ဖုန်းတစ်လုံးနဲ့ဘတ်သ်ရဲ့ဇာတ်ဝင်ခန်းတွေသာပါဝင်ပေမယ့် လူပေါင်းမျိုးစုံဖုန်းဆက်ကြတဲ့အထဲမှာ ဘတ်စ်က တစ်စုံတစ်ယောက်ကိုကယ်တင်နိုင်မှာလား။တစ်စုံတစ်ယောက်ရဲ့အသက်ကိုလက်လွှတ်ဆုံးရှုံးလိုက်ရမှာလားဆိုတာ ရင်ဖိုစွာစောင့်မျှော်ကြည့်ရှု့ရမှာဖြစ်ပါတယ်။တခြားလူတွေရဲ့ဘ၀တွေကိုအကြံပေးဖုန်းပြောဆိုမှုတွေကနေဘတ်သ်ကိုယ်တိုင်ရဲ့ဇာတ်ကြောင်းကိုပါ ဖြည်းဖြည်းချင်းဖော်ထုတ်သွားတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ ဖုန်းတစ်လုံးနဲ့နှိမ့်သိမ့်ပေးနေတဲ့လူတကာပြောတာတွေနားထောင်ပေးနေတဲ့၊ လူတွေနဲ့ဆက်သွယ်စကားပြောနေတဲ့ဘတ်သ်နဲ့အတူ ရုပ်ရှင်ကိုလိုက်ပါစီးမျောခံစားကြည့်ရမှာပဲဖြစ်ပါတယ်။ File size…818MB / 314MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

The Listener (2024)

Mutant ( 2024 ) 5.8
Mutant ( 2024 ) ဒီဇာတ်ကားလေးကတော့ အပြင်လောက လက်ရှိ ၂၁ရာစုမှာ ကြောက်စရာ ကောင်းလောက်အောင် အရမ်းကိုဖွံ့ဖြိုးတတ်တက်လာပြီးတော့ အနာဂတ်မှာ လူသားမျိုးနွယ်ကိုပါ အန္တာယ်ပေးလာနိုင်တယ်ဆိုတဲ့ လူလုပ်ဉာဏ်ရည်တု AI နဲ့ လူသားတွေကြားက စစ်ပွဲအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးကတော့ လူသားမျိုးနွယ်အတွက် အထောက်အကူဖြစ်စေဖို့အတွက် လက်ရှိ AI ထက် တစ်ဆင့်မြင့်တဲ့ ခံစားချက်ပါထည့်သွင်းထားပြီး ကိုယ်ပိုင်အသိစိတ်ရှိစေတဲ့ပရိုဂရမ်ပါ ထျန်းရုန်ချစ်ပ်ပြားကို အင်ဂျင်နီယာကြီး ကျူးရုန်ကတီထွင်ခဲ့ပါတယ် ။မူလရည်ရွယ်ချက်က လူသားအထောက်အကူပြုနည်းပညာဆိုပေမဲ့ ကိုယ်ပိုင်အသိစိတ်ရသွားတဲ့ ပင်မကိုယ်ထည် AI ဟာ လူသားမျိုးနွယ်ကို မျိုးသုဉ်းသွားသည်အထိ သတ်ဖြတ်ပြီး စက်ရုပ်တွေကို ကမ္ဘာမြေပေါ်မှာ အစားထိုးနေရာရဖို့ ကြိုးစားပါတော့တယ် ။အဲဒါကြောင့်ပဲ AI စက်ရုပ်စစ်တပ်ကြီးရဲ့ လူသားမျိုးနွယ်တွေကို မျိုးသုဉ်းသတ်ဖြတ်ခြင်းအစီအစဉ်ကြီးစတင်လာပြီး လူသားတွေဘက်ကလည်း ခုခံစစ်အနေနဲ့ပြန်လည်တိုက်ခိုက်ကြတဲ့အခါမှာတော့ လူသားတွေနဲ့ AI ကြားစစ်ပွဲကြီးပေါ်ပေါက်လာပါတော့တယ် ။လူသားတွေထက်နည်းပညာတစ်ဆင့်မြင့်တဲ့အပြင် ဦးနှောက်ကပါ အဆ၃၀ အဆင့်မြင့်နေတဲ့ AI ကိုလူသားတွေဘယ်လိုပြန်တိုက်ခိုက်မလဲ ? အနိုင်ရောတိုက်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးထဲစိတ်ဝင်စားစွာကြည့်ရှုလိုက်ပါအုံးနော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Science Fiction , War , Romance Runtime : ...
movie

Mutant ( 2024 )

Do the World Darts 10 (2007) 5.7
Do the World Darts 10 (2007) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက နောက်ဆုံးဇာတ်ကားပဲဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဝမ်ကျန့်ဝေးနဲ့ဖေးယန့်ဟာ နောက်ဆုံးတော့လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြပါပြီ။ သူတို့ရဲ့မင်္ဂလာပွဲကိုစည်စည်ကားကားကျင်းပနေတဲ့အချိန်မှာ တော်ဝင်လျှို့ဝှက်အမိန့်တော်ရောက်လာခဲ့ပါတယ်။ ဂျပန်ပင်လယ်ဓားပြတွေဟာ ဂျိုဆွန်းပြည်ကိုဝင်ရောက်ကျူးနေတာကြောင့် ဂျိုဆွန်းဘုရင်ဟာ မင်တိုင်းပြည်ကိုအကူအညီတောင်းလိုက်တဲ့အတွက် မင်ဘုရင်ကြီးက ဂျိုဆွန်းကိုကူညီမယ့် အမြှောက်ကြီး(၁၀)လက်ကို ထျန်းရှန်ပို့ဆောင်ရေးလုပ်ငန်းကိုတာဝန်ပေးလိုက်တာပဲဖြစ်ပါတယ်။ထျန်းရှပို့ဆောင်ရေးလုပ်ငန်းအဖွဲ့ဝင်တွေဟာ အမြှောက်တွေကို လက်လွှဲယူမယ့်ရွာလေးကိုရောက်တော့ သူတို့ဟာနောက်ကျသွားခဲ့ပါပြီ...... ဒါဟာထျန်းရှပို့ဆောင်ရေးလုပ်ငန်းအတွက် အန္တရာယ်အများဆုံးနဲ့ အရေးကြီးဆုံးတစ်ခုတာဝန်ဖြစ်လာပါတော့တယ်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Do the World Darts 10 (2007)

Do the World Darts 9 ( 2007 ) 5.7
Do the World Darts 9 ( 2007 ) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက 9 ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါမင်းကြီးကြိုက်နှစ်သက်ဆုံး ခုနှစ်စဉ်ကြယ်မင်သွေးတုံးကို နယ်ကနေ နန်းမြို့တော်ကို တာဝန်ယူပို့ပေးရတဲ့ ဟွေ့ယိုပို့ဆောင်းရေးက လမ်းခုလတ်မှာ ဓားပြတွေဆီကနေပစ္စည်းအလုခံလိုက်ရပါတယ် ။ဒီကိစ္စကို ဒေသခံရုံးတော်ကသိသွားတော့ အထက်ကိုမပေါက်ကြားခင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းဖို့လုပ်ခဲ့ပါတယ်။ ပို့ဆောင်ရေးက လူတွေကို၇ရက်အတွင်းပစ္စည်းမပို့ဖို့နဲ့ သတင်းကိုလည်းအပြင်ကို မပေါက်ကြားဖို့မိန့်ကြားခဲ့ပါတယ် ။ ဒီလိုအမိန့်ကိုလက်မခံနိုင်တဲ့ ဝမ်ကျန့်ဝေးတစ်ယောက် ရုံးတော်မှာအစ်ကိုလီကိုသွားရှာပြီ းမေးမြန်ခဲ့ချိန်မှာတော့ ဓားပြတွေက ပစ္စည်းနဲ့ ရုံးတော်ကဖမ်းထားတဲ့ ထူအိမ်တော်ရဲ့ တတိယသားကိုလဲလယ်ဖို့ချိန်းခြောက်စာပို့ထားတာကိုသိသွားခဲ့ပါတယ် ။ဒီလိုနဲ့ ဝမ်ကျန့်ဝေးတစ်ယောက် ဓားပြတွေကြီးစိုးတဲ့နယ်မြေက မိတ်ဆွေဟောင်းကိုသွားရှာပြီး ဓားပြတွေကိုရင်ဆိုင်ဖို့လုပ်ပါတော့တယ် ။ ကဲ ဓားပြတွေကိုရင်ဆိုင်ရင်း ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲ ? နောက်ကွယ်မှာရော ဘယ်လိုအခက်အခဲတွေကြုံရမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိစောင့်ကြည့်ဖို့မမေ့ပါနဲ့နော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie

Do the World Darts 9 ( 2007 )

Do the World Darts 8 ( 2007 ) 5.7
Do the World Darts 8 ( 2007 ) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ၈ ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဒီတစ်ခေါက် CMကတင်ဆက်ပေးမှာကတော့ ထျန်းရှပို့ဆောင်ရေးအဖွဲ့ အစည်းသခင်ငယ်ဖြစ်တဲ့ ဝမ်ကျန့်ဝေးက စီးပွားရေးသူဌေးတစ်ယောက်ဖြစ်တဲ့ ကွမ်ချင်းရှန်းရဲ့ ထန်ခေတ်အမျိုးသမီးပိုးချည်ပြင်ပန်းချီပို့ဆောင် ကာကွယ်ရေးအလုပ်ကိုလက်ခံခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်အဲ့ဒီပန်းချီဟာ ထန်ခေတ်နာမည်ကျော်ပန်းချီတစ်ခုဖြစ်ပြီး ဒီပန်းချီကိုမကောင်းသူတွေမျက်စောင်းထိုးမှာစိုးလို့ ကွမ်ချင်းရှန်းက ပန်းချီပြပွဲကျင်းပပြီး အလျင်အမြန်ရောင်းထုတ်ချင်ခဲ့တယ် သိုင်းလောကနာမည်ကျော်ဓားပြဖြစ်တဲ့ အမြီးကိုးချောင်းမြေခွေးလဲ ဒီပန်းချီကိုမျက်စောင်းထိုးခဲ့လေရာ ဖေးယန့်ကလက်ခံဖို့တွန့်ဆုတ်ခဲ့ပေမဲ့ ဝမ်ကျန့်ဝေးကအတင်းလက်ခံခဲ့တယ် အဲ့ဒီနောက်မှာတော့ကွမ်ချင်းရှန်းအိမ်တော်မှာ ဓားပြရန်ကာကွယ်ဖို့အတွက် ထောင်ချောက်မျိုးစုံ ပြင်ဆင်ခဲ့တယ် ဒါပေမဲ့ ပန်းချီက နောက်ဆုံးမှာအခိုးခံလိုက်ရလို့ ပန်းချီကိုပြန်ရအောင်ကြိုးစားရင်းက လိမ်ညာမှုကြီးတစ်ခုကို တွေ့ရှိခဲ့ကြပေတယ်ဒီဇာတ်လမ်းလေးမှာ ဝမ်ကျန့်ဝေးတို့က ဘယ်လိုလိမ်ညာမှုမျိုးနဲ့ ကြုံတွေ့ခဲ့ရပြီး ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Encoded by LK  
movie

Do the World Darts 8 ( 2007 )

Do the World Darts 7 ( 2007 ) 5.7
Do the World Darts 7 ( 2007 ) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက 7 ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါမင်မင်းဆက်ခေတ်အတွင်းမှာ မြို့တော်မှ ထျန်းရှပို့ဆောင်ရေးရဲ့ သခင်လေးဝမ်ကျန့်ဝေးကို ကျန့်ယွမ်စစ်သူကြီး ချန်ကျန့်နန်က အလုပ်အပ်ခဲ့ပါတယ်။ အလုပ်ကတော့ စစ်သူကြီးရဲ့ သမီးဖြစ်သူ ယင်ယင်နဲ့ ပေချီမင်းသားအိမ်တော်မှ တင်တောင်းလက်ဆောင်သေတ္တာကို နယ်စပ်ကို ကာကွယ်ပို့ဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်။နယ်စပ်မှာရှိနေတဲ့ ပေချီမင်းသားက သူ့သားတော်နဲ့ ယင်ယင်ကို လက်ထပ်ပေးဖို့ ပြောထားပြီးသား ဖြစ်နေပါသတဲ့။ ဒါပေမဲ့ ချန်ကျန့်နန်က သူ့သမီး ယင်ယင်သာ ဒီကိစ္စကို သိရင် နယ်စပ်ကို ထွက်ခဲ့မှာ မဟုတ်ဘူးဆိုတာ သိနေတဲ့အတွက် သမီးကို သတိရတယ်လို့ အကြောင်းပြပြီး ခေါ်ခဲ့ပါတယ်။နောက်နေ့မှာ ပို့ဆောင်ရေးအဖွဲ့က ခရီးစဉ်ကို စတင်ပါတော့တယ်။ ဖေးယန့်ကလည်း ငယ်စဉ်ကတည်းက ယင်ယင်နဲ့ ခင်မင်ရင်းနှီးခဲ့တဲ့အတွက် အတူတူလိုက်ပါဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့နဲ့အတူ စစ်သူကြီးရဲ့ လက်အောက်ဖြစ်သူဒုတပ်မှူးလီဖုန်းလည်း လိုက်ပါလာခဲ့ပါတယ်။ စစ်သည်တွေနဲ့ ဒုတပ်မှူးလည်း လိုက်ပါလာတဲ့အတွက် ဝမ်ကျန့်ဝေးတို့အတွက် ပေါ့ပါးနေသလို ဖြစ်နေပါတယ်။ဒါပေမဲ့ တကယ်တော့ ဒီလောက်မလွယ်ပါဘူး။ ခရီးထွက်ပြီး သိပ်မကြာခင်မှာပဲ သူတို့ဟာ ဓားပြတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဓားပြတွေက ...
movie

Do the World Darts 7 ( 2007 )

Do the World Darts 6 (2007) 5.8
Do the World Darts 6 (2007) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ၆ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဒီကားကတော့ ထျန်းရှပို့ဆောင်ရေးလုပ်ငန်းရဲ့ ခေါင်းဆောင်ကြီးဝမ်ကျောက်ရှင်းရဲ့ တစ်ကိုယ်တော်ဇာတ်လမ်းပါ။ ဝမ်ကျောက်ရှင်းမှာ ငယ်ငယ်ကတည်းကရင်းနီးခဲ့တဲ့ မိတ်ဆွေဟောင်းတစ်ယောက်ရှိခဲ့တယ်။ မိတ်ဆွေဟောင်းလို့ဆိုပေမယ့် ခံယူချက်ချင်းမတူတာကြောင့် သူတို့ကမတည့်ပါဘူး။ဒါပေမယ့် မိတ်ဆွေဟောင်းဟာ ရောဂါအပြင်းအထန်နဲ့ သေလုဆဲဆဲဖြစ်နေချိန်မှာ သူ့ရဲ့အရေးကြီးတဲ့ပစ္စည်းတစ်ခုကို ဇာတိမြေရှန်းရှီးကိုပို့ပေးဖို့အပ်ခဲ့တယ်။ ဒါပေမယ့် ဘာပစ္စည်းမှန်းမသိတဲ့အတွက် ဝမ်ကျောက်ရှင်းကလက်မခံခဲ့ပါဘူး။အကြောင်းရှိလို့ ဝမ်ကျောက်ရှင်းကရှန်းရှီကိုပြန်တဲ့အချိန်မှာ သူ့နောက်ကိုကလေးလေးတစ်ယောက်ကလိုက်နေတာကိုသိလိုက်ရတယ်။ ဒီကလေးလေးက သူ့မိတ်ဆွေဟောင်းရဲ့ တစ်ဦးတည်းသော အမွေဆက်ခံမယ့်သားဖြစ်နေတာကိုသိသွားပြီးတဲ့နောက်မှာ ဇာတိမမြေရှန်းရှီးကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီကလေးကိုလက်ခံလိုက်တဲ့အချိန်ကစပြီးတော့ လမ်းမှာအတားအဆီးတွေ အန္တရာယ်တွေအမျိုးမျိုးနဲ့ကြုံကြပါတော့တယ်။ ဒီကလေးလေးတစ်ယောက်ကိုဘာကြောင့် လူတွေအများကြီးကလိုက်ဖမ်းနေတာလဲ...... အသက်(၅၀)ကျော်အဖိုးကြီးနဲ့ အသက်(၁၀)နှစ်ကျော်ကလေးတစ်ယောက်ဟာ ခရီးစဉ်တစ်လျှောက်ဘယ်လိုဖြတ်သန်းကြမလဲဆိုတာ....... အဖိုးကြီးရဲ့ငါ့မအိုသေးဆိုပြီးတော့ အစွမ်းတွေပြသွားတဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Do the World Darts 6 (2007)

The Wild Boys (2017) 6.8

The Wild Boys (2017)

Agent Vinod (2012) 5.2
Agent Vinod (2012) James Bond ဇာတ်ကားလို ကြည့်ရှုရမယ့် အိန္ဒိယအေးဂျင့် ဗီနွတ် အဖြစ်  ဆစ်အလီခန်း နဲ့ မင်းသမီးချော ကရီနားကပူရ် တို့ရဲ့ သည်းထိတ်ရင်ဖို အက်ရှင်စပိုင်ဇာတ်ကြမ်းကား တစ်ကားဖြစ်ပါတယ်။Agent Vinod ဟာ ဂျိမ်စ်းဘွန်းလို ရုပ်ချောစတိုင်ကျ လျင်မြန်သွက်လက် ဉာဏ်ကောင်းတဲ့အေးဂျင့်တစ်ယောက်ဖြစ်ပါတယ်သူဟာ သူ့ရဲ့သူငယ်ချင်းလုပ်ဖေါ်ကိုင်ဖက်ဖြစ်တဲ့ ရာဂျန်အသတ်ခံရတဲ့ကိစ္စမှာ အမှုမှန်ကိုဖေါ်ထုတ်ဖို့တာဝန်ပေးထားခြင်းခံရပါတယ်Vinod ဟာ တရားခံကိုဖေါ်ထုတ်ဖို့ကြိုးစားနေရင်းက အမှုကနက်နဲလာပြီးကမ္ဘာတစ်ဝှမ်းမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကနေတဆင့်ကြီးမားတဲ့ သဲလွန်စတွေကိုခြေရာခံမိပါတော့တယ်...ခြေရာအားလုံးက "424" ဆိုတဲ့အရာပေါ်မူတည်နေပြီး ဒီဇာတ်လမ်းရဲ့အသက် "၄၂၄" ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ အဖြေရှာရမှာပါ။တစ်ကားလုံးမပျင်းရအောင် အပစ်အခတ်အက်ရှင်တွေနဲ့ ဆွဲဆောင်သွားမှာဖြစ်တဲ့အပြင် မင်းသမီးချော ကရီနားကပူရ်းကလဲ လန်ပျံနေအောင်မိုက်တာရှုစားရမှာပါ။ File size…(3.5 GB )/(1.5 GB) Quality….WEB-DL 1080p / 720p Format…mkv/mp4 Duration….02:29:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by H&Y
movie

Agent Vinod (2012)

2012

Genres

Archives