Channel Myanmar

New releases (2025)


Movies

Cinderella’s Revenge (2024)
Cinderella’s Revenge (2024)  စင်ဒရဲလားက မင်းသားလေးနဲ့ လက်ထပ်ပြီးနောက် Happily Ever After ဘဝကို ရသွားတယ်လို့ ဇာတ်လမ်းလေး ရှိသလို မင်းသားလေးက ဖောက်ပြန်လို့ စင်ဒရဲလားက လက်ထပ်ပြီးတာတောင် စိတ်ဆင်းရဲစွာနေထိုင်ရတယ်ဆိုတဲ့ မူကွဲတွေလည်း ရှိပါတယ်။ဒီဇာတ်လမ်းမှာတော့ စင်ဒရဲလားကို သူမရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မိထွေးနဲ့ အစ်မတွေက အဆုံးစွန်ဆုံး ရိုက်နှက်နှိပ်စက်ကြတဲ့အခါ စင်ဒရဲလားက သည်းမခံတော့ဘဲ သူမရဲ့ Fairy Godmother အကူအညီနဲ့ ကလဲ့စားချေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအမျိုးအစားကတော့ Horror/ Fantasy ဖြစ်ပြီး ကလေးငယ်လေးတွေ မကြည့်သင့်တဲ့ စင်ဒရဲလားကားလေးပါ။ အသတ်အဖြတ်ကြမ်းကြမ်း၊ သွေးထွက်သံယိုများများနဲ့ စင်ဒရဲလားတစ်ယောက် အောင်အောင်မြင်မြင်နဲ့ သူမရဲ့ ကလဲ့စားကိုချေနိုင်မှာလား၊ မင်းသားလေးနဲ့ရော ပျော်စရာဇာတ်သိမ်းလေးရပါတော့မလား ဆိုတာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.6 GB)/(809 MB) Quality….Webrip 1080p / ...
movie

Cinderella’s Revenge (2024)

The Wonderful Story of Henry Sugar and Three More (2024)
The Wonderful Story of Henry Sugar and Three More (2024)  နာမည်ကြီး ဒါရိုက်တာ Wes Anderson ရိုက်ကူးထားတဲ့ ဇာတ်လမ်းတို လေးပုဒ်ပါဝင်တဲ့ ရုပ်ရှင်ကားလေးပါကလေးပုံပြင်စာရေးဆရာ Roald Dahl ရဲ့ ဝတ္ထုတွေကို ပြန်အသက်သွင်းထားတာ ဖြစ်ပြီး Wes Anderson ရဲ့တမူထူးတဲ့ တင်ဆက်ဟန်က ပရိသတ်နှစ်ဖွဲ့ကွဲစေမှာပါ တစ်ဖွဲ့က သူ့ရဲ့ ကိုယ်ပိုင်ဟန်ကို သဘောကျမယ့်လူနဲ့ နောက်တစ်ဖွဲ့ကတော့ စတိုင်မလိုင်တွေ များလွန်းတယ်ဆိုပြီး မျက်စိဆံပင်မွှေးစူးမယ့် ပုံစံမျိုးပါဒီထဲမှာဆိုရင်- အိန္ဒိယက ကျင့်စဥ်တစ်ခုကို ကျင့်ပြီး ကာစီနိုလောင်းသူ- ငန်းဖြူပုံပြင်- ထူးဆန်းတဲ့ ကြွက်ဖမ်းသမား- ဗိုက်ပေါ်က မြွေဆိုတဲ့ပုံပြင်လေးပုဒ်ကို တမူထူးခြားစွာ ရသမြောက်အောင် တင်ဆက်ထားတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ် File size…(1.4 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre... Fantasy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

The Wonderful Story of Henry Sugar and Three More (2024)

Viva La Vida ( 2024 ) 6.8
Viva La Vida ( 2024 ) CMကနေ ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ကျောက်ကပ်ဝေဒနာရှင်ကောင်မလေးနဲ့ ဦးနှောက် အကျိတ်ရောဂါသည်ကောင်လေးတို့ကြားက သံယောဇဉ်လေးကို ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်ကပ်ဝေဒနာကို ခံစားနေရတဲ့ ၂၅နှစ်အရွယ် ကောင်မလေးလင်မင်တစ်ယောက် လူငယ်တစ်ယောက်ရဲ့ လွတ်လပ်မှုတွေပျောက်ဆုံးပြီး အတိုင်းအဆတွေနဲ့ အမှားယွင်းမခံတဲ့လူနေမှုဘဝထဲမှာ နေထိုင်ရင်း အသက်ဆက်ရှင်ဖို့ ကျောက်ကပ်အလှူခံခဲ့ပေမယ့်လည်း သူ့ထက်ရှေ့မှာလူတွေအများကြီးရှိနေတာကြောင့် မျှော်လင့်ချက်မဲ့နေခဲ့တဲ့ သူမ တစ်နေ့မှာတော့ သူမကို ကျောက်ကပ်လှူပေးနိုင်တဲ့‌ သူနဲ့ လက်ထပ်ယူပြီး အိမ်သားတွေကိုစောင့်ရှောက်ပေးပါ့မယ်ဆိုပြီး အကျိတ်ဝေဒနာရှင်ဂရုထဲကိုဗီဒီယိုပို့လိုက်ရာကနေမှ ဦးနှောက်အကျိတ်ဝေဒနာကိုခံစားနေရတဲ့ကောင်လေး လွီထူနဲ့ စတင်စုံစည်းခဲ့ပါတယ်လင်မင်က ဂရုထဲကို ဗီဒီယိုပို့ပြီး သိပ်မကြာခင်မှာပဲ ပြန်ဖျက်လိုက်ပေမယ့် လွီထူတစ်ယောက်က ဗီဒီယိုကို ကူးထားပြီး လင်မင်ကို သေချာလိုက်စုံစမ်းပါတော့တယ် စစချင်းမှာတော့ ဒီလုပ်ရပ်ဟာ လင်မင်အတွက် စိတ်အနှောင့်ယှက်ဖြစ်စေခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဝေဒနာရှင်အချင်းချင်းကိုယ်ချင်းစာပြီး ဖေးမရင်းကနေမှ ချစ်ခြင်းသံယောဇဉ်တွေပေါက်ဖွားလာခဲ့ပါတယ်ဒီလိုမျိုး ဝေဒနာရှင်နှစ်ယောက်ရဲ့ အဆုံးသတ်က လှပနိုင်ပါ့မလား သူတို့နှစ်ဦး ချစ်ခြင်းစွမ်းအားက အရာရာကိုကျော်ဖြတ်နိုင်ပါ့မလား ‌ ယနေ့ခေတ်မှာလူအများစုက ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူနေထိုင်မှုဘဝနဲ့ကျင့်သားရနေကြပြီး ဒီကားလေးကိုကြည့်ပြီးရင်တော့ ကိုယ့်ကျန်းမာရေးကို ပြန်ပြီးတော့ သတိမူလာမိစေနိုင်လောက်အောင် ကျောက်ကပ်ဝေဒနာရှင်တစ်ယောက်ရဲ့ ဒုက္ခတွေကို အသေအချာလေးရိုက်ကူးပြသထားပြီး ကျန်းမာရေးဗဟုသုတလည်းရ ဟာသအနှောလေးနဲ့ရိုက်ကူးထားတာမို့လို့ ရသမျိုးစုံကိုလည်းခံစားရမှာမို့လို့ တရုတ်ကားကြိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ကားလေးကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 2h 9 ...
movie

Viva La Vida ( 2024 )

The Bravest Escort Group II: Howling Wind ( 2021 ) 5.8
The Bravest Escort Group II: Howling Wind ( 2021 ) 2018 မှာထွက်ခဲ့တဲ့ The Bravest Escort Group ( 2018 ) ရဲ့ အဆက်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကို လိုရင်းတိုရှင်းပြောရရင် ကိုယ်ရံတော်လိုလို အထောက်တော်လိုလို အဖွဲ့ခေါင်းဆောင် ယန်လျိုဖန်းဟာဆိုရင် အမိန့်တော်အရ မိဖုရားတစ်ပါးနဲ့ ပျောက်ဆုံးနေတဲ့ ရတနာမြေပုံကို လိုက်ပါပို့ဆောင်ပေးရာကနေ မာစစ်သူကြီးက လက်နက်ချ တိုက်ပွဲကို ရပ်စဲလိုက်တာနဲ့ကြုံတွေ့ခဲ့ရတာပေါ့...ဒါပေမယ့် တစ်ဖက်က စစ်ပွဲအေးချမ်းမှာကို မလိုချင်တဲ့ မနာလိုသူတွေကတော့ ဒီကိစ္စကို လက်မခံနိုင်ဘဲ မိဖုရားနဲ့ ရတနာမြေပုံကို အလုအယက် လိုက်ရှာနေကြတာပေါ့... ဒီလို တိုင်းရေးပြည်ရာပြဿနာတွေကြားထဲမှာ ယန်လျိုဖန်းတစ်ယောက် ရင်းလိုက်ရတာကတော့ ယန်တစ်အိမ်သားလုံးရဲ့အသက်အပြင် သူ့ဇနီးသည်ရဲ့ အရှက်ဂုဏ်သိက္ခာပါ အဆစ်ပါသွားခဲ့တာပေါ့...လျိုဖန်းတစ်ယောက် ဘာတွေဆက်ဖြစ်မလဲ... ဒီတိုင်းပြည်ရေးရာအမှုတွဲထဲကနေ ရှောင်နိုင်ပါ့မလား... နောက်ပြီး သူ လက်စားချေနိုင်ပါ့မလား.. Quality : WEB-DL 1080p , 720p Format : mp4 Genres : Action Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie

The Bravest Escort Group II: Howling Wind ( 2021 )

Shadow Land (2024) 5.5
Shadow Land (2024)  လုပ်ကြံသတ်ဖြတ်မယ့် ရန်သူရဲ့အကြံအစည်ကြောင့်အိပ်မက်ဆိုးတွေနဲ့ နေ့စဉ်ခြောက်လှန့်ခံနေရတဲ့အမေရိကန်သမ္မတဟောင်း Wainwright ......နိုင်ငံတကာအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့သူ့ရဲ့သမ္မတရာထူးကို အသရေဖျက်ဖို့ ပူးပေါင်းကြံစည်မှုကို ရှာဖွေတွေ့ရှိခဲ့တဲ့အခါမှာတော့......သူယုံကြည်စိတ်ချရတဲ့ အကြံပေးပုဂ္ဂိုလ်နှင့်အတူအမှန်တရားကို ဖော်ထုတ်မယ့် မစ်ရှင်တစ်ခု စတင်ပြီးအန္တရာယ်ရှိတဲ့လမ်းကြောင်းကို လျှောက်လှမ်းပြီးတိုက်ပွဲဝင်နေခဲ့ပါတယ်။အက်စ်တိုးဗီးယားစစ်ဆင်ရေးမှာ နျူကလိယလက်နက်တွေကို ရှာဖွေတွေ့ရှိခဲ့မှာလား၊ လုပ်ကြံဖန်တီးခဲ့ထားတဲ့ ထောက်လှမ်းရေးအစီရင်ခံစာတွေကသူ့ဘဝနဲ့ အမေရိကန်စစ်သားတွေအတွက် ဘယ်လောက်ထိအပြောင်းအလဲဖြစ်စေခဲ့သလဲ၊ စိတ်ဖောက်ပြန်နေပြီလို့စွပ်စွဲခံရတဲ့သမ္မတကြီးက သူ့ရဲ့ရန်သူတွေကို ဘယ်လိုကျော်လွှားသွားမလဲဆိုတာ ဇာတ်လမ်းအချိတ်အဆက်မိမိနဲ့ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။ File size…1.31GB / 583MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

Shadow Land (2024)

The Bravest Escort Group ( 2018 ) 8
The Bravest Escort Group ( 2018 ) မန်ချူးခေတ်ဦးပိုင်းကာလမှာ စစ်မက်တွေဟာအဆက်မပြတ်ဖြစ်နေပြီးတော့ ပြည်သူတွေဒုက္ခရောက်ရတဲ့အချိန်ပဲဖြစ်တယ်။ အဲဒီရှုပ်ထွေးတဲ့ခေတ်ပျက်အချိန်ကာလမှာ ကတိသစ္စာတည်တဲ့ ချင်းဖျင်ဆိုတဲ့ ပို့ဆောင်ရေးလုပ်ငန်းတစ်ခုရှိပါတယ်။ကျိုးဘုရင် ဝူစန်းကွေ့နတ်ရွာစံသွားပြီးနောက်မှာ သူ့ရဲ့မျိုးဆက်နဲ့ရတနာတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ချုံအန်းကိုဘေးဘေးကင်းပို့ပေးနိုင်ဖို့ လိုအပ်လာတဲ့အချိန်မှာ ချင်းဖျင်ပို့ဆောင်ရေးလုပ်ငန်းကိုရွေးချယ်လိုက်တဲ့အတွက် ပို့ဆောင်ရေးခရီးစတင်လိုက်ပါတယ်။သိုင်းလောကမှာ သူတို့ဆီမှာရတနာသိုက်မြေပုံရှိတယ်လို့ သတင်းပြန့်နေတဲ့အတွက် လမ်းမှာအန္တရာယ်တွေတစ်လှိုင်းပြီး တစ်လှိုင်းရောက်လာတဲ့အခါ သူတို့ဟာ ဒီခရီးကိုပြီးဆုံးတဲ့အထိပို့ဆောင်နိုင်ပါ့မလား...... အဖွဲ့သားတွေရဲ့အသက်အန္တရာယ်ကြောင့် ဒီအလုပ်ကိုစွန့်လွှတ်လိုက်ဖို့အတွက်ကလဲ ဒါကစစ်မက်တွေအဆုံးသတ်သွားဖို့အတွက် အရေးကြီးနေတော့ ဘယ်လိုရွေးချယ်ရပါ့မလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Bravest Escort Group ( 2018 )

Blackbird Blackbird Blackberry (2023) 7.2
Blackbird Blackbird Blackberry (2023)  Blackbird Blackbird Blackberry ဟာ ၂၀၂၃ခုနှစ်က ထွက်ရှိခဲ့တဲ့ Romance/Drama အမျိုးအစားဖြစ်ပါတယ် IMDb rating 7.2/10၊ Rotten tomatoes 92%ထိ ရရှိထားပါတယ်အဓိကဇာတ်ကောင် အီထယ်ရိုဟာ အသက်၄၈နှစ်အရွယ် လူလတ်ပိုင်းအမျိုးသမီး တစ်ယောက်ဖြစ်ပြီး ရွာထဲမှာ စတိုးဆိုင်ဖွင့်ပြီး အေးချမ်းစွာနေထိုင်နေပါတယ် လွတ်လပ်မှုကို အလေးထားတာကြောင့် ယောက်ျားမယူ၊အိမ်ထောင်မပြုလည်း ဖြစ်တယ်လို့ ခံယူထားသူပါဒါပေမယ့် ဒီအရာကပဲ သူ့ရွာက အမျိုးသမီးတွေ ကြားမှာ အတင်းတုပ်စရာ ဖြစ်နေပါတော့တယ် တစ်ရက်မှာတော့ သူ့စတိုးဆိုင်ကို ပစ္စည်းလာပို့ပေးနေကျ မွန်းမန်ဆိုသူနဲ့ ချစ်ကြိုက်မိသွားပါတော့တယ် ဒီဆက်ဆံရေးက ငယ်ဘဝ traumaတွေနဲ့ အီထယ်ရိုကို စိတ်ပြောင်းသွားစေမှာလား နဂိုအတိုင်း လွတ်လပ်မှုကိုပဲ ရွေးချယ်သွားမှာလားဆိုတာကို အေးအေးငြိမ့်ငြိမ့်လေး ကြည့်ရှုခံစားသွားရမှာ ဖြစ်ပါတယ် File size…(1.9 GB)/(890 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Melody
movie

Blackbird Blackbird Blackberry (2023)

Divine Intervention (2023) 5.4
Divine Intervention (2023)  Divinaal Senal က မက္ကဆီကို ဒါရိုက်တာ ပတ်ဒရို ပါဘလို လာဘရာ ရိုက်ကူးထားတာ ဖြစ်ပါတယ်ဂိုင်းစတား မိုက်ကြေးခွဲနေကြသူ နှစ်ယောက် ကံကြမ္မာရဲ့ မျက်နှာသာပေးမှုနဲ့ မထင်မှတ်ထားတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေကြုံတွေ့ရတဲ့ အချိန်မှာတော့ ကောင်းတဲ့ လုပ်ရက်တွေပဲ လုပ်ဖို့ ကြိုးစားကြတဲ့ ချူးမားနဲ့ ချက်ကို ကို ကြည့်ရမှာပါမိသားစု နွေးထွေးမှုတွေ ချစ်ချင်းမေတ္တာ တရားတွေနဲ့ စိတ်ကောင်းရှိတဲ့ လုပ်ရပ်တွေ လူတွေရဲ့ နေထိုင်မှုဘဝ တွေ ကိုပါ ရှုထောင့် နှစ်ဘက်ကြည့်နိုင်အောင် ရိုက်ကူးပေးထားလို့ ကြည့်ဖို့ လက်မလွတ်သင့်တဲ့ကားပါ File size…(1.6 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar
movie

Divine Intervention (2023)

The Wedding Contract (2023) 6.2
The Wedding Contract (2023)  ဒီဇာတ်ကားက​တော့ သမီးရည်းစားနှစ်​ယောက်မြင်မြင်ချင်း ချစ်ကြိုက်ကြပြီး လက်ထပ်ဖို့စီစဥ်ကြတဲ့ အခါမှာ​သူတို့နှစ်ဦးတွေ့ကြုံရတဲ့ အခက်အခဲ​တွေကိုရိုက်ပြထားတဲ့ အချစ်ဇာတ်လမ်း​လေးဖြစ်ပါတယ်။မင်္ဂလာပွဲမတိုင်ခင် အလုပ်ကိစ္စ၊ မိဘ​တွေမမြင်မတူတာ နဲ့ တစ်ဦးနဲ့ တစ်ဦး ​သ​ဘောထားချင်းမကိုက်ညီတာ​တွေကို ဘယ်လို​​ကျော်ဖြတ်ကြမလဲဆိုတာကြည့်ရမဲ့အပြင် ဂျူးလူမျိုး​တွေရဲ့ မင်္ဂလာပွဲရိုးရာအ​ကြောင်းကိုပါ​လေ့လာရမဲ့ ဇာတ်ကား​လေးတစ်ကားဖြစ်ပါတယ်။ အဓိကဇာတ်​ကောင်နှစ်ဦးက ဖြစ်​ပေါ်လာတဲ့အခက်အခဲ​တွေ့ကို ဘယ်လို​ကျော်ဖြတ်မလဲဆိုတာက​တော့ ဇာတ်လမ်းလဲမှာ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ.. File size…(1.3 GB)/(790 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:24:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jack
movie

The Wedding Contract (2023)

What You Wish For (2024) 6.7
What You Wish For (2024)  လောင်းကစားပြဿနာတွေကြောင့် လက်တင်အမေရိကကိုထွက်ပြေးလာခဲ့တဲ့ စားဖိုမှူးရိုင်ယန်ဟာ သူ့ရဲ့မိတ်ဆွေဟောင်းတဦးဖြစ်တဲ့ ဂျက်နဲ့ဆုံတွေတဲ့အခါမှာတော့.....ဂျက်ကလည်း သူဌေးကြီးမိသားစုတစုအတွက်သီးသန့်စားဖိုမှူးအဖြစ် လုပ်ကိုင်နေတာဖြစ်ပြီးတရက်မှာတော့ ဂျက်ဟာ သူ့ကိုယ်သူ ရုတ်တရက်သေ‌ကြောင်းကြံစည်သွားခဲ့ပါတယ်။ဒီနောက်မှာတော့ ရိုင်ယန်က ဂျက်ရဲ့နာမည်ကိုယူ၊ဂျက်ရဲ့နေရာမှာ လူစားဝင်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ဖောက်သည်တွေနဲ့ ဆုံတွေ့ရတဲ့အခါမှာတော့.....သူ့ရဲ့မိတ်ဆွေဂျက်က ဘာကြောင့်ကြိုးဆွဲချသတ်သေသွားခဲ့ရတာလဲ၊ သူလုပ်ကိုင်နေတာက တကယ့်စားဖိုမှူးအလုပ်မှဟုတ်ပါ့မလား၊ သူနဲ့လက်တွဲအလုပ်လုပ်နေတဲ့သူဌေးကြီးတွေရဲ့လျှို့ဝှက်ချက်က ဘာတွေဖြစ်မလဲနောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေရှိနေမလဲဆိုတာကို အသဲတအေးအေးနဲ့ ရင်ဖိုစွာကြည့်ရှုရမယ့်သဲထိတ်ရင်ဖို ဇာတ်ကားကောင်းတခုဖြစ်ပါတယ်.... File size…2.13GB / 731MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

What You Wish For (2024)

[21+] An Affair On Her Wedding Anniversary – Natsume Saiharu (Decensored – ADN-329)
[21+] An Affair On Her Wedding Anniversary – Natsume Saiharu (Decensored – ADN-329)  ဒီတစ်ခါ တင်ဆက်ပေးမဲ့ မင်းသမီးကတော့ ရိုးရိုးယဉ်ယဉ်နဲ့ ကြည့်လေလှလေဆိုတဲ့ အလှမျိုးပိုင်ဆိုင်ထားတဲ့ Natsume Saiharu ပဲဖြစ်ပါတယ်.....ရုပ်ရည်လေးကလည်းယဉ် ခန္ဓာကိုယ်လေးကလည်း ယဉ်ယဉ်လေးလှတဲ့ ဒီမင်းသမီးရဲ့ သရုပ်ဆောင်အစွမ်းကတော့ ငြင်ငြင်သာသာလေးနဲ့ ဆွဲခေါ်သွားနိုင်တဲ့ ကျွမ်းကျင်မှုမျိုးပါပဲ......အဲဒီလိုယဉ်လှတဲ့ မင်းသမီးလေးရိုက်ထားတဲ့ ADN-329 ဆိုတဲ့ကားလေးထဲမှာတော့ သူ့ရဲ့ မင်္ဂလာနှစ်ပတ်လည်မှာမှ ဖောက်ပြန်မိတဲ့ကားလေးဖြစ်ပါတယ်.....မခို့တရို့လေး ရှက်ရှက်နဲ့ပဲ ရှိသမျှ ကျွမ်းကျင်ပိုင်နိုင်မှုတွေကို ချပြသွားတာများ ကြည့်နေတဲ့သူပါ စခရင်ထဲရောက်သွားသလိုထိပါ ခံစားမိနိုင်စေတာကြောင့် ကြည့်ရှုလိုက်ကြပါဦးလို့......(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…(2.7 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Galone Translated by Eren
movie

[21+] An Affair On Her Wedding Anniversary – Natsume Saiharu (Decensored – ADN-329)

Mothers’ Instinct (2024) 6.3
Mothers’ Instinct (2024)  The idea of youထဲက လန်ဒန်ဘွိုင်းလေးရဲ့ မမကြီးAnne Hathaway ရဲ့ crime dramaလေးကိုတင်ဆက်ပေးချင်ပါတယ်။ဒီတစ်ခါတော့ ချစ်တတ်တဲ့မမ မဟုတ်ဘဲအချစ်ကြီးလွန်းတဲ့ မိခင်တစ်ယောက်ရဲ့ ကာရိုက်တာနဲ့တွေ့မြင်ရမှာပါ။စီလင်းတို့လင်မယားနှစ်ယောက် ခက်ခက်ခဲခဲကြိုးစားပြီးတော့မှ မက်စ်ဆိုတဲ့သားငယ်လေးကိုမွေးလာတာပေါ့။ ဖြစ်ချင်တော့ မက်စ်လေးကိုမွေးအပြီးမှာ စီလင်းတစ်ယောက် ချို့ယွင်းမှုတစ်ခုရှိနေတာသိလိုက်ရပြီး မက်စ်လေးဟာ သူ့ဘဝရဲ့တစ်ယောက်တည်းသောကလေးဆိုတာ သိလိုက်ရချိန်မှာတော့ ကလေးရူးရူးနေတဲ့စီလင်းတို့မက်စ်လေးကို ပိုးလိုဥထားကြတာပေါ့။စီလင်းတို့အိမ်ဘေးမှာရှိနေတာကတော့စီလင်းရဲ့သူငယ်ချင်း အဲလစ်တို့လင်မယားဖြစ်ပြီးတော့သူတို့မှာလည်း သီအိုဆိုတဲ့သားငယ်လေးတစ်ယောက်ကိုပိုင်ဆိုင်ထားတာပေါ့။စီလင်းနဲ့ အဲလစ်တို့ခင်မင်ကြသလိုပဲ မက်စ်လေးဟာလည်းသီအိုရဲ့ကစားဖော်ဖြစ်နေခဲ့တာပေါ့။ဒီလိုသာယာနေတဲ့ မိသားစုနှစ်ခုရဲ့အလယ်ကိုကံကြမ္မာဆိုးဝင်လာပြီးတော့ မက်စ်လေးကိုခေါ်ဆောင်သွားရာကစလို့ စီလင်းတစ်ယောက်တစ်စစနဲ့ပြောင်းလဲသွားတဲ့အခါ...မူရင်း French versionမှာကလည်း လူကြိုက်များသလိုဝတ္ထုကလည်းအောင်မြင်ထားတဲ့ ဒီရုပ်ရှင်လေးကိုAnne Hathaway ရဲ့သရုပ်ဆောင်စွမ်းရည်နဲ့ပေါင်းစပ်လို့ပဟေဠိအဖြေညှိလိုက်ကြပါစို့လား။ File size…1.13GB / 558MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD
movie

Mothers’ Instinct (2024)

Dwelling by the West Lake ( 2024 ) 6
Dwelling by the West Lake ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ Dwelling ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်ကားလေးကတော့ (၄) လပိုင်းမှာအတော်လေးခေတ်စားပြီးအခုထိတိုင် နာမည်ကြီးနေဆဲဖြစ်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အလွန်အေးချမ်းလှတဲ့ရွာလေးတစ်ရွာမှာ လက်ဖက်ရွက်ခူးတဲ့အလုပ်ကို အေးအေးချမ်းချမ်းလုပ်ကိုင်နေတဲ့ ဝူထိုင်ဟွား။အဖေဖြစ်သူက (၁၀) နှစ်ကြာ အဆက်အသွယ်မလုပ်လို့ သေပြီလို့ထင်နေကြပေမဲ့ အသက်ရှင်ဆဲလို့ခံယူပြီး အဖေကိုလိုက်ရှာမယ့်အိပ်မက်ရှိသူ ဟယ်မုလျန်။အိပ်မက်ကြောင့် ဟန်ကျိုးမှာအလုပ်ရှာဖွေအခြေချနေဖို့ အမေဖြစ်သူဝူထိုင်ဟွားကို ပြောတဲ့အခါမှာ သားဖြစ်သူဆန္ဒကိုမလွန်ဆန်နိုင်တာကြောင့် ခွင့်ပြုခဲ့ပေမဲ့ အမေဖြစ်သူပါလိုက်လံနေထိုင်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့တစ်နေ့မှာ လက်ဖက်ခင်းရွာလေးကနေ ထွက်လာပြီး သားဖြစ်သူ ဟန်ကျိုးရှိရာဆီလာခဲ့တာပေါ့။ ဝူထိုင်ဟွားမှာအချစ်ဆုံးသူငယ်ချင်းဖြစ်သူရဲ့ မောင်လေးက စီးပွားရေးလုပ်တာအရမ်းအောင်မြင်ချမ်းသာပြီး ဇိမ်ခံကားတွေ တိုက်တွေ ပိုင်ဆိုင်နေတာကြောင့် မောင်ဖြစ်သူမှာအလုပ်လုပ်ဖို့ ဆုံးဖြတ်လာကြတဲ့လူနှစ်ယောက်။တကယ်တမ်းမောင်ဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်းက MLM တိုင်းရင်းဆေးခြေထောက်ကပ်လုပ်ငန်း ဖြစ်ပြီး MLM ဆိုတဲ့အတိုင်းလူစုစည်းရုံးရေးဆင်းတဲ့အပေါ် ဝူထိုင်ဟွားတို့သူငယ်ချင်းနှစ်ယောက် စိတ်နစ်မြောသွားပြီး အဲ့အပေါ်မှာအရူးအမူးဖြစ်နေတာကို သားဖြစ်သူဟယ်မုလျန်တစ်ယောက် ကယ်ထုတ်ဖို့ ကြိုးစားပေမဲ့အချိန်လွန်သွားတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ။ဒီလုပ်ငန်းစုကြီးနောက်ကွယ်မှာ ဘယ်လောက်တောင် လိမ်လည်လှည့်စားမှုတွေရှိနေမလဲ။ ဘယ်လိုတွေဖော်ထုတ်သွားကြမလဲ။ စတဲ့အကြောင်းရာတွေနှင့်အတူ ယနေ့ခေတ်မှာ ခေတ်စားနေတဲ့ MLM လုပ်ငန်းကိုပေါ်ပေါ်ထင်ထင် ရိုက်ကူးထားတာမို့လို့ လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama Runtime : 1h 58 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie

Dwelling by the West Lake ( 2024 )

Dog Days Are Over ( 2024 ) 5.9
Dog Days Are Over ( 2024 ) မာရှန့်ဟာ သက်လတ်ပိုင်းအရွယ်မှာ မိန်းမနဲ့ ကွာရှင်းခဲ့ရပြီး အကြွေးတွေ တင်နေတဲ့အတွက် ဘဝကြီးဟာ လမ်းဆုံးကို ရောက်နေသလို ခံစားနေရပါတယ်။ နေ့စဉ်နဲ့အမျှ သေဖို့ စဉ်းစားနေတဲ့ သူ့အပေါ် ကံကြမ္မာရဲ့ စနောက်မှုဟာ မပြီးဆုံးသေးပါဘူး။သူ့အရင်ဇနီးကို လုသွားတဲ့လူကို လိုက်သတ်ဖို့အတွက် လိုက်ရင် လမ်းမှာ တောင်ပြိုတဲ့အတွက် လှိုဏ်ခေါင်းထဲမှာ ပိတ်မိနေပါတော့တယ်။ လှိုဏ်ဂူထဲမှာ သူ့အရင်ဇနီးနဲ့ လက်ထပ်သွားသူ မိုက်ကယ်၊ မင်္ဂလာပွဲက ထွက်ပြေးလာသူ ရွှယ်လီ ကုန်ကားဒရိုင်ဘာ လောင်ဝမ်တို့နဲ့ ပိတ်မိနေတဲ့အခါ......သူတို့တွေ အသက်ရှင်ဖို့ ဘယ်လို ကြိုးစားကြမလဲ...... နောက်ပိုင်းမှာရော ဘယ်လို အန္တရာယ်ကြီးတွေက စောင့်နေလိမ့်မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded ...
movie

Dog Days Are Over ( 2024 )

Woof Woof Daddy ( 2024 ) 6
Woof Woof Daddy ( 2024 ) တစ်ယောက်တဲ့သမီးလေးကို ပျိုးထောင်လာတဲ့ ကျန်းစီးဝမ်(Aaron Kwok)ဟာ တစ်နေ့မှာ မထင်မှတ်ပဲ လူ့လောကကနေထွက်သွားခဲ့ရပြီး ခွေးတစ်ကောင်အဖြစ်ပြောင်းသွားခဲ့တယ် အသက်(၇)နှစ် လူမမယ်အရွယ်သမီးလေးကို စိတ်မချနိုင်ပဲ သမီးလေးကိုလိုက်ရှာခဲ့တယ်။သမီးလေးကိုရှာတွေ့တဲ့အချိန်မှာတော့ သမီးလေးကအရွယ်ရောက်ပြီး အဆိုတော်တစ်ယောက်ဖြစ်နေပါပြီ။ အဆင်ပြေနေသလိုထင်ရပေမယ့် အခက်အခဲတွေနဲ့ကြုံနေရပါတယ်။ အဖေတစ်ယောက်အနေနဲ့ ခွေးလေးအဖြစ်နဲ့ သမီးလေးရဲ့အနားမှာနေပြီး အခက်အခဲတွေကိုကျော်ဖြတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ လူနဲ့ခွေး ဘဝချင်းခြားနေပေမယ့်လဲ အဖေတစ်ယောက်ရဲ့မေတ္တာကိုပေါ့ပေါ့ပါးပါးနဲ့ အကောင်းဆုံးပြသသွားတာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Family , Fantasy Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Woof Woof Daddy ( 2024 )

Bade Miyan Chote Miyan (2024) 5
Bade Miyan Chote Miyan (2024) Bade Miyan Chote Miyan (2024)Sultan (2016)၊ Bloody Daddy (2023)တို့လိုရုပ်ရှင်တွေရဲ့ ဖန်တီးသူ ဒါရိုက်တာကြီး Ali Abbas Zafarရဲ့လက်ရာ ဆရာကြီးအရှေးနဲ့ ဆရာလေးတိုက်ဂါးတို့တွဲဖက်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်ကြီးကတော့ဖြင့် လူကြီးမင်းတို့ရှေ့မှောက်မှာ မြန်မာစာတမ်းထိုး ကြည်တောက်ရှင်းရယ်နဲ့ ရောက်ရှိလို့လာခဲ့ပါပြီ။ ဆိုနက်ခ်ရှီ၊ အာလေယာနဲ့ မာနူရှီတို့လို မင်းသမီးချောတွေလည်းပါဝင်အားဖြည့်ထားပါတယ်။နာမည်မရှိ၊ အကြောက်တရားမရှိ၊ မျက်နှာကိုတောင်မသိမမြင်ရဘဲ သူ့ကိုယ်သူကြမ္မာဆိုးလို့ခေါ်တဲ့ မကောင်းဆိုးဝါးလို ဗီလိန်ကြီးလိုချင်တာက လက်စားချေမှု။အားအပြင်းဆုံး အန္တရာယ်အပေးနိုင်ဆုံးလက်နက်ကို စစ်တပ်ယာဉ်တန်းနဲ့ သယ်ဆောင်လာတုန်းမှာပဲ ဖြတ်လုခံလိုက်ရပြီး လိုက်ပါစောင့်ရှောက်တဲ့လူတွေပါ အသတ်ခံလိုက်ရတယ်။ လုယူသွားတဲ့သူက လက်စားချေဖို့ ဆန္ဒပြင်းပြနေတဲ့ အကြမ်းဖက်သမားဗီလိန်ကြီး။ဒီလိုစိတ္တဇဆန်ဆန် ဗီလိန်ကို ရင်ဆိုင်နိုင်ဖို့က သူ့ထက်ပိုစိတ္တဇဆန်နိုင်မဲ့ စစ်သည်နှစ်ယောက်ကိုစုစည်းဖို့ပဲရှိတယ်ဆိုတဲ့ ဗိုလ်မှူးအမိန့်နဲ့ မီရှာတစ်ယောက် ဆရာကြီးအရှေးနဲ့ ဆရာလေးတိုက်ဂါးတို့ကို သွားပင့်ရပါတော့တယ်။ဘာအထောက်အထားမှမသိရတဲ့ ဗီလိန်ဆရာကြီးလိုချင်တဲ့ လက်စားချေမှုကဘာလဲ။ အရွှန်းတွေဖောက်ရင်း မျက်နှာကြောမတည့်ကြတဲ့ အရှေးနဲ့ တိုက်ဂါးတို့ကရော အဲဒီဗီလိန်ကိုတားဆီးနိုင်မှာလား။ အပစ်အခတ် အတိုက်အခိုက်ခပ်ကြမ်းကြမ်းတွေနဲ့ အိန္ဒိယအက်ရှင်ရုပ်ရှင်ကားကြီးပီသစွာ ပုံဖော်တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 3.5GB / 1.6GB  Quality…WEB ...
movie

Bade Miyan Chote Miyan (2024)

2024
Christmas with the Kranks (2004)
Christmas with the Kranks (2004) ဇာတ်လမ်းအစမှာတော့ လူသာနဲ့ နိုရာတို့ရဲ့ တစ်ဦးတည်းသောသမီးလေးက တောင်အမေရိကမှာရှိတဲ့ ပီရူးနိုင်ငံကို ခရီးထွက်သွားပါတယ်။ နောက်နှစ်ခရစ်စမတ်မှ ပြန်လာတော့မှာ ဖြစ်ကြောင်းလည်း မိဘနှစ်ပါးကို ပြောခဲ့ပါသေးတယ် အထီးကျန်ပြီးကျန်ခဲ့တဲ့ ခရန့်ခ်တို့လင်မယားက ဒီနှစ် ခရစ်စမတ်မှာ သမီးလေးမရှိတဲ့အတွက် ပါဝင်ဆင်နွှဲခြင်းမပြုတော့ဘူးလို့ ရပ်ကွက်ထဲမှာရော အသိမိတ်ဆွေတွေကိုရော လိုက်လံပြောကြားပါတော့တယ်။ဒါပေမဲ့ ခရစ်စမတ်နေ့ ရောက်မှ သူတို့ရဲ့ သမီးလေးက အိမ်ပြန်လာတဲ့ လမ်းမှာ ရောက်နေပြီဖြစ်ကြောင်း အကြောင်းကြားပြီး မိဘနှစ်ပါးကို အံ့အားသင့်အောင် လုပ်လိုက်တဲ့အခါ သူတို့လင်မယားနှစ်ယောက် ခရစ်စမတ်ပွဲကို အမြန် ဘယ်လိုစီစဉ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ မိသားစုဟာသကားဖြစ်တဲ့အလျောက် ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Christmas with the Kranks (2004)

Half Baked: Totally High (2024)
Half Baked: Totally High (2024)   စတုန်နာ ဟာသရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ‌ဂျေအာ၊ ဘရုစ်၊ ကော်ရီနဲ့ မိုင်းလ်စ်ဆိုတဲ့ အလယ်တန်းကတည်းကပေါင်းလာကြတဲ့ စတုန်နာသူငယ်ချင်းလေးယောက်ရှိကြတယ်ပေါ့။ တစ်နေ့မှာ ဘရုစ်က Holy Trinity လို့ခေါ်တဲ့ ဆေးခြောက်ပင်သုံးမျိုးကိုပေါင်းထားတဲ့အတိုင်ကိုသောက်မိပြီး နတ်ပြည်ရောက်သွားတာ နတ်ပြည်ကနေပြန်မဆင်းလာတော့ဘူးပေါ့။အဲဒီလိုနဲ့ ကျော်မကောင်းကြားမကောင်း ဝိပြဲရင်းရှောသွားတဲ့သူငယ်ချင်းဘရုစ်ရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ သူ့ရဲ့မွေးရပ်မြေမှာ သင်္ဂ်ြုဟ်ပေးဖို့ကိစ္စကို အကောင်အထည်ဖော်ဖို့အတွက် သူငယ်ချင်းသုံးယောက်ကဆုံးဖြတ်လိုက်တော့တယ်။ ဘရုစ်ရဲ့အလောင်းကိုရွေးပြီး နယူးဂျာစီ၊ ပါဆေးအထိသယ်ဖို့ဆိုရင် ‌ဒေါ်လာလေးသောင်းတောင်ကျမှာဖြစ်တာကြောင့် စတုန်နာသူငယ်ချင်းတသိုက်ဟာ သတ်မှတ်ရက်အတွင်းမှာ လိုအပ်နေတဲ့ငွေကိုရှာဖို့ကြိုးစားကြရင်း မူးယစ်ရာဇာတွေနဲ့ပါဇာတ်ရှုပ်ကုန်ပါတော့တယ်။ဒီလိုနဲ့ နောက်ဆုံးမှာ သူငယ်ချင်းဖြစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မလားဆိုတာကိုတော့ လေပေါ်မှာလွင့်ရင်းဆက်ကြည့်လိုက်ပါဦး။ ဟာသကားမို့အများကြီးတော့မမျှော်လင့်ထားစေချင်ပါဘူး။File size…(1.7 GB)/(991 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

Half Baked: Totally High (2024)

Archives