Channel Myanmar

New releases (2025)

Content at random


Movies

(18+) Stranger by the Lake (2013) 6.9
(18+) Stranger by the Lake (2013)  ဒီရုပ်ရှင်ကတော့ ၂၀၁၃ ခုနှစ်ထွက်ပြင်သစ် Thriller/Drama ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ တမျိုးလေးဆွဲဆောင်မှုရှိတဲ့ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ဇာတ်ညွှန်းဖရန့်ခ်ဆိုတာကတော့ ကိုယ်တုံးလုံးချွတ်ပြီးနေရတဲ့ ကမ်းခြေမှာ အမြဲလာအပန်းဖြေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူဟာကမ်းခြေလာရင်း ဟင်နရီလို့ခေါ်တဲ့ လူတစ်ယောက်နဲ့ အသိဖြစ်သွားခဲ့ပါတယ်။ ကမ်းခြေမှာ မီချယ် ဆိုတဲ့ခပ်မိုက်မိုက် ဘဲတစ်ယောက်ကလည်းရှိနေပြန်ပါတယ်။ ဖရန့်ခ် ဟာ မီချယ်ကိုမြင်မြင်ချင်းချစ်မိသွားပါတယ်။တစ်ညနေမှာတော့ ကန်ထဲမှာလူတစ်ယောက်က တခြားလူတစ်ယောက်ကိုရေနှစ်သတ်နေတာကို ဖရန့်ခ်တွေ့သွားခဲ့ပါတယ်။ဇာတ်လမ်းက တစ်ဆစ်ချိုးပြောင်းလဲသွားတာမလို့ ကြည့်ကြည့်ကြပါ။ပွင့်လင်းမြင်သာတဲ့ ရိုက်ကွင်းရိုက်ကွက်တွေကြောင့် မိသားစုနဲ့အတူကြည့်ရှုရန်မသင့်ပါဘူး File size…(980 Mb) Quality….Blu-Ray - 720p Format…mp4 Duration….01:40:00 Genre...Drama, Romance, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff
movie

(18+) Stranger by the Lake (2013)

Hell’s Angels (1930) 7.3
Hell’s Angels (1930)  Hell’s Angels က ၁၉၃၀ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စစ်ပွဲ ကာလအတွင်း ကိုဖော်ပြရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်၊ရိုင် မွန်တဲတို့ နှစ်ယောက် စစ်ပွဲကာလအတွင်း နိုင်ငံ့တာဝန်ထမ်းဆောင်နေရတဲ့အချိန် သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့အတွေးအခေါ်စိတ်နေစိတ်ထားနဲ့ စစ်ပွဲတွင်းအခြေအနေတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်ဟယ်လန်ဆိုတဲ့ ကောင်မလေးနဲ့ သူတို့ကြားက ဆက်ဆံရေးကိုလည်း ခံစားကြည့်ရှုရမှာဖြစ်တဲ့အပြင် IMDB မှာလည်း rating 7.3 ရရှိထားတာမို့ စစ်ပွဲကာလကို ထင်ဟပ်ချင်ရင်တော့ ကြည့်ရှုသင့်တဲ့ အဖြူအမဲ ဇာတ်ကားကောင်းပါ File size…(2.9 GB)/(2.6 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:07:00 Genre...Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar
movie

Hell’s Angels (1930)

Green Lantern: First Flight (2009) 7.0
Green Lantern: First Flight (2009) Green Lantern: First Flight 2009 IMDb 7.0/10 Genre: Animation/Action/AdventureGreen Lantern ဆိုတဲ့ Ryan Reynolds ရဲ့ ၂၀၁၁ က ရုပ်ရှင်ကို ကြည့်ဖူးကြမှာပါ။ ဒါက မူလပထမ ကာတွန်းရုပ်ရှင် Green Lantern ဖြစ်ပါတယ်။ Green Lantern တစ်ဖြစ်လဲ ဟဲလ်ဂျော်ဒန်ဟာ ကမ္ဘာမြေပေါ်မှာ လေ့ကျင့်ပျံသန်းနေတုန်း အစိမ်းရောင် ရောင်ခြည်တန်းတွေရဲ့ ခေါ်ဆောင်ရာနောက်ပါသွားပါတယ်။ပျက်ကျလာတဲ့ ယာဥ်ပျံပေါ်မှာပါလာတာက Lantern Corps ရဲ့ ထိပ်သီးတစ်ယောက်ပါ။ သူမသေဆုံးခင် စွမ်းအင်လက်စွပ်ကို ဟဲလ်ဂျော်ဒန်ဆီ လွှဲပေးလိုက်ပြီးနောက်မှာ တာဝန်တွေ ဝတ္တရားတွေက ဟဲလ်ဂျော်ဒန်အတွက် ဖြစ်လာပါတော့တယ်။ ကစဥ့်ကလျား စကြဝဠာကြီးမှာ ဟဲလ်ဂျော်ဒန် တစ်ယောက် အသားကျပါ့မလား။ တာဝန်တွေကို ထမ်းဆောင်နိုင်ပါ့မလားဆိုတာကို စောင့်ကြည့်ရတော့မှာပါFile size…    1.4 GB /  678 MB Quality… BluRay ...
movie

Green Lantern: First Flight (2009)

Hunting Games (2023) 5.0
Hunting Games (2023)  ပျောက်ဆုံးနေတဲ့ ပိုက်ဆံအိတ်ကြီးတစ်ခုအတွက် ပြန်ပြီးရှာဖွေဖို့ စစ်သားဟောင်းတွေကို ငှားရမ်းထားပေမဲ့ဒေသခံ မုဆိုးတစ်ယောက်က သူတို့အရင် ငွေထုပ်ကိုတွေ့သွားတဲ့အခါ …..ဒီဇာတ်ကားထဲမှာ အဲဒီငွေထုပ်နောက်ကို ဘယ်လိုလိုက်မလဲ ..မုဆိုးတစ်ယောက်ကို သားကောင်အဖြစ်ထားပြီးလိုက်ဖမ်းရတဲ့အခါ အဲဒီ စစ်တပ်ထွက် အဖွဲ့တစ်ဖွဲ့ဟာဘာတွေ ကြုံကြိုက်ရမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမှာ ဖြစ်ပြီး Action, Thriller ဇာတ်ကားတွေကိုပဲကြည့်တတ်တဲ့သူတွေအတွက် ကြည့်ရှုရမယ့်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်... File size…1.58GB / 754MB Quality…WEB-DL  1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW
movie

Hunting Games (2023)

IF (2024) 6.7
IF (2024)  ဒက်ပူးမင်းသား ရိုင်ရန်ရေးနိုးရဲ့ လူတစ်ဝက်ကာတွန်းတစ်ဝက် ရုပ်ရှင်အသစ်လာပါပြီ။ဒါရိုက်တာနဲ့ ဇာတ်ပို့ကတော့ The Officeဇာတ်လမ်းတွဲထဲက မင်းသား John Krasinski ပါပဲ။Walking Dead ထဲက မင်းသမီးလေးCailey Fleming ကတော့ အဓိက မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း***************ကလေးတိုင်းမှာ စိတ်ကူးယဉ်သူငယ်ချင်းတွေရှိတတ်ကြပါတယ်။ သူတို့ အကျင့်စရိုက်အတိုင်း၊သူတို့ဆန္ဒအတိုင်း ပုံဖော်မိထားတဲ့ သူငယ်ချင်းလေးတွေပေါ့။ ပုံစံအစုံ ရှိနိုင်ပါတယ်။ အဲဒီသူငယ်ချင်းတွေက သူတို့ကိုယ်သူတို့ What If"အကယ်၍" ဆိုပြီး နာမည်ပေးထားတယ်။အဲဒီလို စိတ်ကူးယဉ်သူငယ်ချင်းတွေရဲ့သနားစရာကောင်းတဲ့အချက်ကတော့ သူတို့ကိုဖန်တီးတဲ့ ကလေးတွေ ကြီးလာတဲ့အခါ သူတို့ကိုမေ့သွားပြီး မမြင်နိုင်တော့သလို သူတို့အချင်းချင်းကလွဲပြီး ဘယ်သူမှမမြင်နိုင်ပါဘူး။ တစ်နေ့မှာတော့အဲဒီ စိတ်ကူးယဉ်သူငယ်ချင်းတွေ အကုန်လုံးကိုမြင်နိုင်တဲ့ ကလေးမလေးတစ်ယောက်ကသူတို့အားလုံးကို ကလေးသူငယ်ချင်းတစ်ယောက်စီပြန်ရှာပေးဖို့ ကြိုးစားပါတော့တယ်... File size…2.13GB / 972MB Quality…WEB-DL  1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Animation  , Comedy , Drama Subtitle….Myanmar Subtitle ...
movie

IF (2024)

Pulp Fiction (1994) 8.9
Pulp Fiction (1994) Pulp Fiction (1994) IMDb Rating (8.9) / Rotten Tomatoes (94%) အကောင်းဆုံးရုပ်ရှင် ၁၀၀ ဆိုပြီး ရှာကြည့်လိုက်ရင် ဒီကားက နံပါတ် ၄ခုမြောက်မှာရှိပါတယ်.. ကောင်းဆို ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာက သူ့ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဒီဖက်ခေတ်ရဲ့ လွမ်းမိုးမှုကြီးမားတဲ့ ဒါရိုက်တာ Quentin Tarantino  ဖြစ်ပါတယ်... Pulp Fiction (1994) က သူ့ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ကားကနေ သူဟာ နာမည်ကျော်ဒါရိုက်တာဘဝကို စလှမ်းနိုင်ခဲ့တယ် ဆိုရပါမယ်။ .အကောင်းဆုံးဆိုတာကိုရွေးချယ်တဲ့နေရာမှာ ရွေးချယ်တဲ့စံနှုန်း ရွေးချယ်တဲ့ အဖွဲ့တွေမတူညီပေမယ့် ဒီကားက တော်တော်များများရဲ့ စာရင်းထဲမှာပါနေတယ်... အမေရိကန်ရုပ်ရှင်လောက်ကမှာ အကောင်းဆုံးဆိုတဲ့ ကာလအဖြစ်သတ်မှတ်ထားတဲ့ ၁၉၉၀ ခုနှစ်ကာလကို မသိနားမလည်စွာ မှတ်ချက်ချမိတာကဒီဘက်ခေတ်အမြင်နဲ့ဆို အံမဝင်ဘူးလို့ ကလေးဆန်ဆန်တွေးမိသွားတယ်.. တကယ့်လို ကျွန်တော့်လိုအတွေးမျိုးခင်ဗျားတို့ဆီမယ်ရှိနေရင် နီးစပ်ရာမြောင်းထဲကိုသာလွှင့်ပစ်လိုက်ပါလို့အကြံပြုပါရစေ.. .ဒီကားက ခပ်ဆိုးဆိုးလူတွေ ဒိုင်ယာလော့ စကားလုံး ခပ်ကြမ်းကြမ်းတွေနဲ့တည်ဆောက်ထားတယ်....ဆဲဆိုတဲ့စကားလုံး၂၆၅ လုံးတောင်ပါသတဲ့...ပြီးတော့ ဒိုင်ယာလော့တွေက ဘာသာပြန်အတွက် အတော်လေးအခက်အခဲရှိခဲ့ပါတယ်.. တစ်ချို့စကားပြောတွေက အဆဲလေးနဲ့မှပိုရုပ်လုံးကြွတဲ့သဘောရှိပေမယ့် ...
movie

Pulp Fiction (1994)

1994
4K HEVC
Poolman (2023) 5.5
Poolman (2023)  Poolman ဇာတ်ကားဟာ ၂၀၂၃ ခုနှစ်ထွက်နာမည်ကျော်မင်းသား Chris Pine ပါဝင်တဲ့Comedy, Mystery ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။နည်းနည်းဆန်းတဲ့ Genre အတွဲဖြစ်သလိုဇာတ်ကားလေးကလည်း နည်းနည်းလေးဆန်းပါတယ်။အတိုပြောရရင် မင်းသားဟာ ဇာတ်ကားထဲမှာDarren ဆိုတဲ့ ရေကူးကန်ထိမ်းသိမ်းရေးဝန်ထမ်းတစ်ယောက်ပါ။ သူက သူနေတဲ့ Los Angeles မြို့ကိုအရမ်းချစ်လို့ မြို့ကို တိုးတက်အောင် အမြဲကြိုးစားနေတဲ့လူတစ်ယောက်ပါ။ သူ့မှာ သူ့ကိုအမြဲအပြစ်မမြင် ကူညီပေးတဲ့မိတ်ဆွေတွေရှိသလိုသူ့ကို ရန်သူလိုမြင်နေတဲ့လူတွေလည်း ရှိပါတယ်။တစ်နေ့မှာ အများပြည်သူအကျိုးအတွက်လို့နာမည်ခံထားတဲ့ မြို့ရဲ့ အိမ်ရာစီမံကိန်းနောက်ကွယ်တစ်ခုမှာ လာဘ်ပေးလာဘ်ယူတွေ ရှိနေတာကို သူသိသွားတဲ့အခါမှာ အဲဒါကို ဖော်ထုတ်ဖို့ ကြိုးစားရင်းနောက်ကွယ်မှာ ဘယ်လိုတွေ ရှိနေမှာလဲသူထင်တာတွေကရော မှန်ပါ့မလား ဘယ်သူတွေထိခိုက်ပြီး ဘယ်သူတွေ အသာစီးရသွားမှာလဲစတာတွေကို တစ်ကားလုံး ဟာသဆန်ဆန် ရိုက်ပြထားတာမို့ Mystery လည်း ကြိုက် comedy လည်ကြိုက်တဲ့လူတွေ ကြည်သင့်ပါတယ်လို့ လက်တို့လိုက်ပါရစေခင်‌ဗျ.......... File size…1.87GB / 741MB Quality…WEB-DL 1080p 5.1CH ...
movie

Poolman (2023)

Once Upon a Time in China V (1994) 5.9
Once Upon a Time in China V (1994)  ဒီဇာတ်ကားလေးမှာတော့ ဝမ်ဖေးဟုန်ဟာ မိသားစုဝင်တွေ တပည့်တပန်းတွေနဲ့ ဟောင်ကောင်ကို ပြန်တဲ့လမ်းတစ်ထောက်မှာ သုဿန်တလင်းလို ခြောက်ကပ်နေတဲ့ မြို့တစ်မြို့ကို ရောက်ရှိလာပါတော့တယ်။ ဖြစ်ပုံကတော့ မဟာမိတ်တပ်တွေက မြို့တော်ကို သိမ်းပိုက်လိုက်တဲ့အချိန်မှာ ဒေသခံအာဏာပိုင်တွေက တစ်ကိုယ်ကောင်းဆန်ပြီး မြို့နယ်ဘဏ္ဍာငွေတွေကို ခိုးယူကာ ထွက်ပြေးသွားပါတော့တယ်။ဒါကြောင့် တစ်မြို့လုံးက တရားဥပဒေစိုးမိုးမှုမရှိဘဲ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလို ပင်လယ်ဓားပြတွေကလည်း သောင်းကျန်းချင်တိုင်း သောင်းကျန်းနေပြီး မြို့သူ့မြို့သားတွေခမျာ စားစရာမရှိ လျော်စရာရှိ ဖြစ်နေပါတော့တယ်။ ဒါကို သိလိုက်ရတဲ့ ဝမ်ဖေးဟုန်ဟာ တရားဥပဒေစိုးမိုးရေး နှင့် ငြိမ်ဝပ်ပိပြားရေး ပြန်လည်ဖြစ်တည်လာအောင် ပင်လယ်ဓားပြတွေကို တိုက်ထုတ်ဖို့အတွက် အကြောင်းဖန်လာပါတော့တယ်။ ဂျက်လီ၊ ဂျက်ကီချန်း၊ ဝမ်ဖေးဟုန်တို့ဆိုတာ ငယ်ငယ်ကတည်းက မသိတဲ့သူ မရှိလောက်အောင် နာမည်ကြီးတဲ့အတွက် ဒီဇာတ်ကားလေးကတော့ ငယ်ဘဝကို လွမ်းဆွတ်စရာ ဇာတ်ကားကောင်းလေးမို့လို့ ကြည့်လိုက်ကြပါဦးခင်ဗျာ။ File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre... Action, ...
movie

Once Upon a Time in China V (1994)

Once Upon a Time in China IV (1993) 5.9
Once Upon a Time in China IV (1993)  ဒီလေးကားမြောက် ဇာတ်ကားလေးမှာတော့ ဝမ်ဖေးဟုန်ဟာ ခြင်္သေ့သိုင်းအကကို သူမတူအောင် ယှဉ်ပြိုင်နိုင်ခဲ့တာမို့ ထူးချွန်ပြောင်မြောက်စွာ အနိုင်ရခဲ့ပြီး ခြင်္သေ့ဘုရင်လို့ ခေါ်ဆိုချီးမြှောက်ခံခဲ့ရပါတယ်။ ဒါကြောင့် တရုတ်ပြည်နဲ့ ပြည်ပနိုင်ငံ (၈) နိုင်ငံတို့ စုပေါင်းပြီး ယှဉ်ပြိုင်ကြမဲ့ ခြင်္သေ့အကပြိုင်ပွဲမှာ ဝမ်ဖေးဟုန်ဟာ တရုတ်ပြည်ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ဒါပေမဲ့ တကယ်တော့ ဒီပြိုင်ပွဲက နိုင်ငံရပ်ခြားတပ်မတော်တွေက တရုတ်ပြည်တွင်းကို ဖြည်းဖြည်းချင်း ကျူးကျော်ဝင်ရောက်လာပြီး တရုတ်ကို သိမ်းပိုက်ဖို့ ကြံစည်နေတဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ တရုတ်ဖက်ကလည်း ပေါ်တင် ချေပလို့မရတဲ့အတွက် ပြိုင်ပွဲမှာ နိုင်ငံ့ရပ်တည်ချက်ကို ပြရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မီးအိမ်နီ မျိုးချစ် အမျိုးသမီး ကွန်ဖူး အဖွဲ့အစည်းက တရုတ်ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံခြားသားတွေကို သတ်ဖြတ်ချေမှုန်းပြီး တော်လှန်ပါတော့တယ်။ဒါကြောင့် ဒီဇာတ်ကားလေးမှာတော့ ဝမ်ဖေးဟုန်တစ်ယောက် တရုတ်ပြည်ကို ကာကွယ်ပြီး နိုင်ငံခြားတပ်မတော်နှင့် မီးအိမ်နီ မျိုးချစ်အဖွဲ့အစည်းကြားမှာ တင်းမာမှုတွေ ပြင်းထန်လာပြီး ...
movie

Once Upon a Time in China IV (1993)

Superman: Doomsday (2007) 6.9
Superman: Doomsday (2007) Superman: Doomsday (2007) IMDB: 6.9/10 Rotten Tomatoes: 57%Superman: Doomsday (2007) ရုပ်ရှင်ဟာ DC Comics Book တစ်ခုဖြစ်တဲ့ The Death of Superman ကိုအခြေခံကာ ရိုက်ကူးထားတဲ့ DC Animation ဖြစ်ပါတယ်။ဇာတ်ညွှန်းစူပါမန်းရှိတဲ့ ကမ္ဘာဟာငြိမ်းချမ်းပါတယ်။ စူပါမန်းဆိုတာ နှိုင်းယှဉ်လို့မရနိုင်တဲ့ စံပြု ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ခုလိုမျိုး အနှိုင်းမဲ့တဲ့လူတောင်မှ နေဝင်ချိန်ဆိုတာရှိလာတတ်ပါတယ်။ လက်စ်လူသာဟာသူ့ရဲ့ထုံးစံအတိုင်း လက်စ်ကော်ပိုရေးရှင်းကိုအကြောင်းပြပြီး တစ်ဖက်မှာ မှောင်ခိုလုပ်ငန်းတွေကိုလုပ်နေပါတယ်။တစ်ရက်မှာတော့ လက်စ်ကော်ပိုရေးရှင်းက သိပ္ပွံပညာရှင် အချို့ဟာမြေအောက်မှာ လုပ်ငန်းတစ်ခုဆောင်ရွက်နေရင်း ပြင်ပကမ္ဘာကလာတဲ့ ယာဉ်ပျံတစ်စီးကိုတွေ့ခဲ့ပါတယ်။ အဆိုပါယာဉ်ပျံထဲမှာပါနေတဲ့အရာဟာ Doomsday ဖြစ်ပြီး မြင်မြင်သမျှကို ဖျက်ဆီးမယ့်လူတစ်ယောက်ဖြစ်ပါတယ်။ နောက်ဆုံးတော့ Doomsday ကိုတိုက်ခိုက်နိုင်မယ့် တစ်ဦးတည်းသောသူက စူပါမန်းဖြစ်လို့လာပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ....File size…    1.2 GB /  654 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

Superman: Doomsday (2007)

Batman Unlimited: Monster Mayhem (2015) 5.6
Batman Unlimited: Monster Mayhem (2015) Batman Unlimited: Monster Mayhem(2015) IMDb: 5.6/10 Rotten Tomatoes : 80%Batman Unlimited: Monster Mayhem ဟာ DC မှထုတ်ထားတဲ့ Animation ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ အတော်လေးလည်းကြည့်လို့ကောင်းတဲ့ Animation ဆိုလည်းမမှားပါဘူး။ဇာတ်လမ်းအညွှန်းဆေးဗားလ် ဘန်ရှီးနဲ့ ဆော်လမွန် ဂရမ်ဒီတို့နှစ်ယောက် အာခမ်ကနေ ဟော်လိုးဝင်းညမှာ ဖောက်ပြေးလာခဲ့ပါတယ်။ နှစ်ယောက်သားထွက်ပြေးရင်း စကဲခရိုးနဲ့တွေ့ခဲ့ပါတယ်။ စကဲခရိုးဟာအစည်းအဝေးလုပ်မယ့်နေရာကိုခေါ်သွားတော့ ရှိနေတဲ့လူဆိုးတွေက စကဲခရိုး၊ ဆော်လမွန်ဂရန်ဒီ၊ ဆေးလ်ဗားဘန်ရှီး၊ ကလေးဖေ့စ် တို့ပဲဖြစ်ပါတယ်။သူတို့အားလုံးကိုအစည်းအဝေးခေါ်လိုက်သူကတော့ ဂျိုကာပဲဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ဂိုဂိုရိုတိုဆိုတဲ့ ဂိမ်းဒီဇိုင်နာတစ်ယောက်ကို ဖမ်း၊ အင်ကာပြတိုက်ထဲကနေပြီး အဖိုးတန်နှင်းဆီ ကျောက်တုံးကိုခိုးခဲ့ပါတယ်။ ဂျိုကာတို့ဘာတွေကြံစည်နေတာလဲ။အဲဒါကို ဘတ်မန်း၊ အိုလီဗာ(ဂရင်းအဲရိုး)၊ တင်မ်ဒရိတ်(ရက်ဒ်ရော်ဘင်)၊ ဆိုက်ဘော့တို့ကဘယ်လိုများတားဆီးသွားမှာလဲ။File size…    1.2 GB /  590 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 21m Genre ..... Animation, Action, Adventure Subtitle…. ...
movie

Batman Unlimited: Monster Mayhem (2015)

The Primevals (2023) 5.5
The Primevals (2023)  နှစ်တွေဘယ်လောက်ကြာကြာ အခုထက်ထိ မဖြေရှင်းနိုင်သေးတဲ့ ကမ္တာကြီးပေါ်က လျှို့ဝှက်ဆန်းကြယ်ဖြစ်စဉ်တွေထဲမှာ ဂြိုလ်သားတွေအပြင် Yeti ဆိုတဲ့နှင်းလူကြီးတွေလည်း ပါဝင်နေပါသေးတယ်။ဟိုနားလေးမှာတွေ့လိုက်ရတယ် ဒီနားလေးမှာတွေ့လိုက်ရတယ်ဆိုပြီး တကယ်ကွက်ကွက်ကွင်းကွင်းမမြင်ရတာတွေ ခိုင်မှာတဲ့သက်သေမပြနိုင်‌တာတွေဆိုမှအများကြီးပါပဲ။အခုတင်ဆက်ပေးမဲ့ဇာတ်ကားကလည်းအဲ့ဒီနှင်းလူကြီးတွေအကြောင်းကို စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။၂၀၂၃ ထွက်ဇာတ်ကားဖြစ်ပေမဲ့အရင်ခေတ်ပုံစံ အရင်ခေတ် CGI တွေနဲ့ပြန်လည်အသက်သွင်းရိုက်ကူးထားတာကိုတွေ့ရမှာပါ။ဇာတ်လမ်းလေးရဲ့နာမည်ကတော့ The Primevals ဖြစ်ပြီးIMDb Rating 5.5 ရရှိထားပါတယ်။ဒေါက်တာကလယ်ရာနဲ့ မက်သရူးတို့ကတက္ကသိုလ်ကဆရာတပည့်တွေဖြစ်ပြီး ၂ ယောက်စလုံးက နှင်းလူကြီးတွေအကြောင်းကိုစိတ်ဝင်စားကြတဲ့သူတွေပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်က မတွေ့ရတာကြာပြီဖြစ်ပြီး တစ်နေ့မှာတော့ကလယ်ရာကျင်းပတဲ့ပွဲတစ်ပွဲမှာ ပြန်လည်တွေ့ရှိခဲ့ပါတော့တယ်။အဲ့ဒီပွဲကတော့ နီပေါနိုင်ငံမှာ အသေဖမ်းမိခဲ့တဲ့ နှင်းလူကြီးကိုပြသတဲ့ပွဲပဲဖြစ်ပါတယ်။ကိုယ့်မျက်စိရှေ့မှာ ဒီလိုနှင်းလူကြီးကိုကွက်ကွက်ကွင်းကွင်းတွေ့နေရပြီ ဖြစ်တဲ့အတွက် နီပေါနိုင်ငံမှာတခြားကျန်လောက်ဦးမဲ့ နှင်းလူတွေကိုသွားရှာဖို့ ဆရာတပည့်နှစ်ယောက်စကားစပ်မိခဲ့ကြပါတော့တယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်သား နီပေါကို ခရီးနှင်ခဲ့ကြပြီး ခရီးစဉ်မှာလိုအပ်မဲ့တခြားသူတွေကို စုဆောင်းပြီး နှင်းလူရှာဖွေရေးခရီးစဉ်ကိုစတင်ခဲ့ပါတော့တယ်။ဒါပေမယ့် သူတို့ကိုစောင့်ကြိုနေတဲ့အရာက နှင်းလူတွေတင်မကဘဲ တခြားကမ္ဘာက လျှို့ဝှက်ဆန်းကြယ်တဲ့ သက်ရှိတွေပါရှိနေတဲ့အခါမှာတော့ ဒေါက်တာကလယ်ရာတို့ အဖွဲ့ ဘယ်လိုအရာမျိုးတွေကို လေ့လာစူးစမ်းနိုင်ခဲ့မလဲဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…3.64GB / 1.11GB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h ...
movie

The Primevals (2023)

Stress Positions (2024) 5.5
Stress Positions (2024)  ဒီတစ်ခေါက်မှာတော့ရယ်လည်းရယ်ရ ခေါင်းလည်းစားရအဓိပ္ပာယ်အနှစ်သာရလေးတွေလည်းပါတဲ့ LGBT တွေရဲ့ဘ၀ကိုပုံစံတစ်မျိုးတစ်ဖုံထူးထူးခြားခြားလေးရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Stress Positions ဖြစ်ပြီးLGBT ဒရာမာ ဟာသအမျိုးအစားလေးပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာ တယ်ရီနဲ့ခါလာဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကအဓိကအနေနဲ့ပါဝင်ထားပြီး တယ်ရီကသာမန် Gay ခါလာကတော့လိင်ပြောင်းထားတဲ့ Transgender ပဲဖြစ်ပါတယ်။တယ်ရီကမကြာသေးခင်ကမှ ယောက်ျားဖြစ်သူနဲ့ကွာရှင်းထားတာဖြစ်ပြီးလက်ရှိမှာတော့ပိုက်ဆံအပြင်အလုပ်အကိုင်ပါမယ်မယ်ရရမရှိတဲ့အတွက် ယောက်ျားဖြစ်သူရဲ့ ဂေးပါတီတွေလုပ်တဲ့ ပါတီအိမ်လို့ခေါ်တဲ့အိမ်ကြီးထဲမှာ နေနေရတာပဲဖြစ်ပါတယ်။အဲ့ဒါအပြင်မတော်တဆမှုတစ်ခုဖြစ်ပြီး ခြေထောက်ကျိုးထားတဲ့ သူ့ရဲ့တူဖြစ်သူမော်ဒယ်လေးကိုပါ အိမ်ပေါ်ခေါ်တင်ပြီး ပြုစုပေးနေရတဲ့အတွက် တယ်ရီ့ဘ၀ကတော့ လွယ်ကူတယ်လို့တော့မဟုတ်ပါဘူး။သူက ကိုဗစ်ကိုအရမ်းစိတ်ပူတတ်တဲ့သူဖြစ်ပြီး သူငယ်ချင်းအကြောင်းကိုသိနေလို့ သူ့တူအဆင်လေးနဲ့တောင်တစ်ခါမှတောင်ပေးမတွေ့ပါဘူး။ဒါပေမယ့်လည်း နောက်ပိုင်းမှာတွေ့ဖြစ်အောင်တွေ့သွားကြပြီး သူတို့သူငယ်ချင်းတွေကြားထဲက စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ LGBTတွေရဲ့ဘ၀တွေကခက်ခဲပုံတွေအကြောင်း ပွင့်ချိန်တန်ရင်တော့ပွင့်သင့်ကြောင်းတွေကို ဟာသလေးတွေနဲ့နှောပြီး တင်ဆက်သွားမဲ့ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…2.06GB / 806MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Stress Positions (2024)

Pilecki’s Report (2023) 6.0
Pilecki’s Report (2023)  ဒီဇာတ်ကားကတော့ ဇာတ်ကားပြီးသွားတဲ့အခါသူရဲကောင်းတွေကို ဘာကြောင့် သတ်ပစ်ကြတာလဲဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်တစား ကြည့်ရမယ့်ဇာတ်ကားမျိုးပါ။၂ နာရီစာ ဒီဇာတ်ကားက တကယ့်ဖြစ်ရန်မှန်ကို အခြေခံထားတဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ဒုတိယ ကမ္ဘာစစ်မှာ ပိုလန် လူမျိုး ဝစ်တိုး ပီလက်ကီဆိုတဲ့တော်လှန်ရေး တပ်သားတစ်ယောက်ဟာ အရမ်း ဆိုးဝါးတဲ့အော့ဇ်ဝစ်ချ် ဂျာမန် အကျဉ်းထောင်ထဲကို ဝင်ရောက်ခဲ့ပါတယ်။စစ်ကြီးပြီးသွားတဲ့အခါမှာတော့ ကွန်မြူနစ် အရာရှိတွေရဲ့ဖမ်းဆီးခြင်းကို သူ့အနေနဲ့ ခံလိုက်ရတယ်။ စစ်အတွင်းမှာသူကြုံခဲ့ရတာတွေ .. အော့ဇ်ဝစ်ချ်ဆိုတဲ့ ငရဲခန်းထဲမှာ သူ့ရဲ့အတွေ့အကြုံတွေနဲ့ မျက်မြင်ကိုယ်တွေ့ သူကြုံခဲ့ရတဲ့ အနိဌာရုံမြင်ကွင်းတွေအကြောင်း ကွန်မြူနစ်အရာရှိတွေက သိချင်ခဲ့ကြတာဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့၁၉၄၈ ခုနှစ်မှာ ဆိုဗီယက်အစိုးရကို ဆန့်ကျင်မှုကြောင့်သူဟာ ကွပ်မျက်ခံလိုက်ရတာပါပဲ။ပထမ စစကြည့်ချင်းမှာ ဇာတ်ကားကို သိပ်နားမလည်နိုင်ပေမဲ့နောက်ပိုင်းမှာ အော့ဇ်ဝစ်ချ် အကျဉ်းထောင်ထဲက ရိုက်ကွင်းတွေကြောင့် ဇာတ်ကားက ပိုကြည့်လို့ ကောင်းလာပြီး ဇာတ်ရည်လည်းလည်လာမှာဖြစ်ပါတယ်။ သမိုင်း ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ဒီဇာတ်ကားက ကြည့်ရမယ့်ဇာတ်ကားကောင်း တစ်ကားပါပဲ လို့ ပြောရင်း ...
movie

Pilecki’s Report (2023)

The Light of the Moon (2017) 6.3
The Light of the Moon (2017) IMDb 6.3/10The light of the Moon (2017) ဟာ ဘွန်နီဆိုတဲ့အမျိုးသမီးတစ််ယောက် လိင်ပိုင်းဆိုင်ရာစော်ကားမှုအပြီးမှာ စိတ်ဒဏ်ရာများနှင့် တစ်ခြားသော ရှုပ်ထွေးမှုများကို သိမ်မွေ့စွာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဒါရိုက်တာ Jessica M. Thompson ရိုက်ကူးထားပြီး ဆိုးရွားသောအတွေ့အကြုံရဲ့ နောက်ကွယ်ကအဖြစ်တွေကို Stephanie Beatriz က သဘာဝကျကျသရုပ်ဆောင်ထားပြနိုင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့မတ်ထ်နဲ့ ဘွန်နီဆိုတဲ့ ချစ်သူလေး ၂ယောက်ရှိပါတယ်။ မတ်ထ်ကတော့ အလုပ်ထဲနှစ်နေလေ့ရှိပြီး အိမ်ပြန်နောက်ကျတာတွေ ချစ်သူကိုအမြဲလိုလို အချိန်မပေးနိုင် ဖြစ်နေလေ့ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း ချစ်သူ၂ယောက် အမြဲပြောနေကြရတာပေါ့။ဘွန်နီတစ်ယောက်ကတော့ အလုပ်နဲ့အိမ်က သိပ်မဝေးတာကြောင့် ညတိုင်းလိုလို လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံပြီး လမ်းလျှောက်ပြန်လေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်ညမှာ ဘွန်နီတစ်ယောက် ကံဆိုးမိုးမှောင်ကျပြီး သူတို့ချစ်သူ၂ယောက်အကြားအလှည့်အပြောင်းတစ်ခု ဖြစ်လာပါတော့တယ်။အဲ့ကိစ္စဖြစ်အပြီးမှာ သူတို့ချစ်သူ၂ကြားက ကတောက်ကဆတွေ ချစ်ခြင်းမေတ္တာနားလည်ပေးနိုင်မှုတွေ သည်းခံခွင့်လွှတ်ပေးနိုင်မှုတွေနဲ့အတူ မတော်မတရားပြုကျင့်ခံရတဲ့ မိန်းမသားတို့အနေနဲ့ ကြုံတွေ့ရတဲ့ စိတ်ဒဏ်ရာ ဒုက္ခပင်လယ်ဝေပုံကို ကရုဏာသက်ရင်းကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ခင်ဗျာ။File size…    1.2 GB /  549 MB Quality… ...
movie

The Light of the Moon (2017)

[18+] Mahal ko ang Mahal Mo (2024) 5..9
[18+] Mahal ko ang Mahal Mo (2024) [18+] Mahal ko ang Mahal Mo (2024)===========================လတ်စလီနဲ့ကာမီနာတို့ဟာ တစ်ဦးနဲ့တစ်ဦးဘာမှသက်ဆိုင်ပတ်သက်မှုမရှိခဲ့တဲ့ မိန်းမနှစ်ယောက်ပါ။ တစ်နေ့တော့ သူတို့နှစ်ဦးဟာ ယောက်ျားတစ်ယောက်တည်းကိုတွဲမိရက်သားဖြစ်နေပြီး အဲ့ဒီယောက်ျားက သူတို့နှစ်ယောက်လုံးကို လှည့်စားထားတာကိုသိလိုက်ရပါတယ်။ အဲ့ဒါတင်မကပဲ အဲ့ဒီလူမှာ သူတို့နှစ်ယောက်အပြင် ထပ်ရှိနေသေးတာကိုပါသိလိုက်ရချိန်မှာတော့ နှစ်ယောက်ပေါင်းပြီးပညာပေးဖို့ကြံခဲ့ပါတယ်။ ဒါပေမယ့် အနေနီးစပ်ရင်း အချင်းချင်းလက်ဖက်ဆီပြန်အချစ်တွေပေါက်ပွားလာခဲ့ချိန်မှာ ဘယ်လိုအခြေအနေမျိုးနဲ့ ရှေ့ဆက်ကြမလဲဆိုတာ စဉ်းစားဆုံးဖြတ်ဖို့ဖြစ်လာပါတော့တယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(660MB)/(330MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:48:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

[18+] Mahal ko ang Mahal Mo (2024)

Tainted Soul (2023)
Tainted Soul (2023) Tainted Soul (2023)============== Genre – Horrorခုနောက်ပိုင်း ထိုင်းခေတ်ပြီးတဲ့နောက် သရဲကားတွေကို တွင်တွင်ကျယ်ကျယ် ဖန်တီးရိုက်ကူးနိုင်လာကြတဲ့ အင်ဒိုနီးရှား သရဲကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူက သရဲကားဆိုပေမဲ့လည်း အချစ်ဆန်ဆန် ဒရမ်မာလေးလည်း ပါသေးတာမို့ ရသတစ်မျိုးပဲ ပေးစွမ်းနိုင်တာ မဟုတ်ပါဘူး။ ဇာတ်လမ်းလေးကို ပြောပြပေးရမယ်ဆို ရာကာဆိုတဲ့ အထက်တန်းကျောင်းသားလေးက မျိုးရိုးစဉ်ဆက် အကြားအမြင်ပညာသည်ဖြစ်နေတော့ ငယ်စဉ်ကတည်းက သရဲပေါင်းစုံကို မြင်တွေ့နေရပြီး လိုအပ်တဲ့အခါတိုင်း အလျဉ်းသင့်သလို ကူညီပေးနေရတဲ့ လူငယ်လေးပါ။ ဒါပေမဲ့ ဆိုးကျိုးအနေနဲ့ ကျောင်းတွေမှာ အပေါင်းအသင်းမရှိပဲ အမြဲတမ်း အထီးကျန် အနိုင်ကျင့်ခံလေး ဖြစ်ပါတယ်။ ဒါကြောင့် ရာကာတစ်ယောက် ဦးလေးရှိရာ ငယ်ဘဝကနယ်မြို့လေးကို ပြန်လာပြီး ကျောင်းပြောင်းတက်ပါတယ်။ ဒီလိုနဲ့ ပြန်လာတဲ့အခါမှာတော့ ရာကာတစ်ယောက် အထက်တန်းကျောင်းသူ သရဲမချောချောလေးနဲ့ သူငယ်ချင်းဖြစ်ပြီး အထီးကျန်နေတဲ့ ဘဝလေးကို ကြည်နူးစွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ရာကာတက်နေတဲ့ကျောင်းမှာ သူများတွေကို ...
movie

Tainted Soul (2023)

Nemesis the Movie: Mystery of Golden Spiral (2023) 5.0
Nemesis the Movie: Mystery of Golden Spiral (2023) Eiga Nemesis : Ougon Rasen no Nazo (2023) =======================================(2021)ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်စုံထောက်စီးရီး Nemesis ရဲ့နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်သွားပြန်ရှင်းပြထားပြီး ပါဝင်တဲ့အကြောင်းအရာတွေက အရမ်းကြီးဆက်စပ်မနေတာမို့ စီးရီးကိုမကြည့်ဖူးလည်း အခုမူဗီကိုကြည့်လို့ရပါတယ်။ 99.9 Criminal Lawyer လိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ ဂျပန်စုံထောက်ကားဖြစ်ပါတယ်။ အောက်မှာဇာတ်ညွှန်းလာပါပြီ။ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ်သုတေသနကို အောင်မြင်သွားတဲ့ သိပ္ပံပညာရှင်တာချိဘနဟာဂျိမဲ အသတ်ခံရပြီးတဲ့နောက် ကမ္ဘာပေါ်မှာ သူ့အမွေဆိုလို့ သူ့သမီးတဖြစ်လဲ ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ် မီခမိအန်နာနဲ့ လည်ဆွဲထဲက သုတေသနဒေတာတွေပဲ ကျန်ခဲ့ပါတယ်။ အဲဒီဒေတာတွေကိုလိုချင်နေတဲ့ မသမာသူလူချမ်းသာတစ်စုက အန်နာ့နောက်ကို လိုက်ကြနေတာပေါ့။ အန်နာ့မှာ သူမတူတဲ့စွမ်းရည်တွေရှိပြီး Nemesis စုံထောက်အေဂျင်စီမှာ သူ့ဒုတိယအဖေတို့၊ သူငယ်ချင်းတွေတို့နဲ့အတူ အလုပ်လုပ်နေပါတယ်။ ဒါပေမဲ့ Nemesis ခမျာ နှစ်လလုံးလုံး အမှုအပ်သူမရှိတာကြောင့် မွဲကိန်းဆိုက်ပြီး ရုံးခန်းပါပြောင်းလိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ အန်နာဟာ ဒေတာတွေကိုလက်လွှဲမပေးရင် သူတန်ဖိုးထားရတဲ့သူတွေတစ်ယောက်ပြီးတစ်ယောက် အသတ်ခံရတဲ့ အိပ်မက်ဆိုးကို ညတိုင်းထပ်ခါထပ်ခါမက်နေရပါတယ်။ ...
movie

Nemesis the Movie: Mystery of Golden Spiral (2023)

Your Mother’s Son (2024) 5.6
Your Mother’s Son (2024) Your Mother's Son (2024) ==================မကြာခင်လာတော့မယ့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကားတစ်စီးဖြတ်မောင်းသွား၊ လှုံ့ဆော်သွားသလို၊လက်ကမ်းစာစောင်တွေပါဝေသွားပေမယ့် ဆင်းရဲပြီးတစ်နေ့စာတစ်နေ့အနိုင်နိုင်ရှာစားနေရတဲ့ ရွာသားတွေကတော့ ဘာကိုမှဂရုမစိုက်နိုင် သတိမထားမိနိုင်ပါဘူး။အဲ့ဒီရွာမှာသက်လတ်ပိုင်းအမျိုးသမီး ဆာရာနေထိုင်ပါတယ်။ ဆာရာဟာ တစ်ချိန်ကကျောင်းဆရာမတစ်ယောက်ဖြစ်ခဲ့ပြီး အခုချိန်မှာတော့ ကိုဗစ်ကပ်ဆိုက်နေတဲ့အတွက် ကျောင်းသားတွေကို အွန်လိုင်းကနေ စာသင်သလို၊တစ်ဖက်ကလည်း အွန်လိုင်းပေါ်ကပဲ မုန့်ရောင်း၊အဝတ်လျှော်တဲ့ အလုပ်တွေကိုပါ မနေမနားလုပ်ကိုင်ရုန်းကန်နေသူပါ။သူ့မှာဆယ်ကျော်သက်သားတစ်ယောက်ရှိပြီး မကြာသေးခင်ကမှ သူအလုပ်လုပ်နေတဲ့စားသောက်ဆိုင်ပိတ်ခံထားရလို့ အလုပ်ပြုတ်ထားပါတယ်။ဒါပေမယ့်လည်းအလုပ်ရှာဖို့မကြိုးစားသလို ဆာရာရဲ့အလုပ်တွေကိုလည်း ဝင်မကူပဲ အိပ်ယာထဲမှာပဲ လူးလှိမ့်နေရင်းအချိန်ကုန်တတ်ပါတယ်။ဆာရာ့ဆီမှာ မုန့်လုပ်၊အဝတ်လျှော်အကူလုပ်နေတဲ့ အေမီဆိုတဲ့ကောင်မလေးနဲ့လည်း အီစီကလီဆက်ဆံရေးရှိပါသေးတယ်။ ဒါပေမယ့်လည်း ဒါတွေဟာ အပြင်က သူတို့အပေါ်မြင်ရတဲ့ အမြင်ပဲဖြစ်ပါတယ်။ တကယ်တမ်းအိမ်တွင်းထဲမှာတော့..။တကယ်တမ်းတော့ ဆာရာနဲ့သူ့သားလို့အများကိုပေးသိထားတဲ့ အမ်မန်းတို့ဟာ လင်မယားတွေဖြစ်ပါတယ်။သားအမိအသက်အရွယ်လောက် ကွာနေတဲ့အတွက်ပတ်ဝန်းကျင်ရဲ့စူးစမ်းမှုတွေကိုရှောင်ဖို့အတွက် ဒီလိုပဲသတင်းလွှင့်ထားတာဖြစ်ပါတယ်။သူတို့ဟာ တစ်နေရာမှာအမြဲမနေပဲ လူတွေသိလာ ရင်းနှီးလာပြီဆိုရင် တစ်ခြားနေရာကိုရွှေ့ပြောင်းနေထိုင်လေ့ရှိပါတယ်။တစ်နေ့တော့ ဆာရာစာသင်နေတဲ့ကျောင်းသားတစ်ယောက်ကို သူ့အိမ်ကိုဖိတ်ခေါ်လာရာကနေ နဂိုကတည်းက တအုံနွေးနွေးဖြစ်နေတဲ့ မနာလိုမှု၊ ဖောက်ပြန်မှု၊ ရမ္မက်တွေဟာ အဆုံးစွန်အထိအကြမ်းဖက်ပေါက်ကွဲထွက်ဖို့အကြောင်းဖန်လာပါတော့တယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1GB)/(500MB) Quality_Blu-Ray ...
movie

Your Mother’s Son (2024)

[18+] Himas (2024) 7.6
[18+] Himas (2024) Himas (2024)==========ဒါနာဟာ တစ်ချိန်က ပြည့်တန်ဆာတစ်ဦးဖြစ်ခဲ့ပေမယ့် လက်ရှိကာလမှာတော့ ငယ်သူငယ်ချင်း မီးသတ်သမားဟောင်းတစ်ယောက်နဲ့အိမ်ထောင်ကျပြီး ရိုးရှင်းတဲ့ဘ၀ကိုတည်ဆောက်ဖိုကြိုးစားနေပါတယ်။သူ့ခင်ပွန်းဖြစ်သူ အက်ဒ် ဟာ ဖာတန်းမီးလောင်တုန်း သူ့အသက်ကိုကယ်တင်ခဲ့ရာက ရခဲ့တဲ့ဒဏ်ရာနဲ့မျက်စိကွယ်နေသလို အဲ့ဒီစိတ်ဒဏ်ရာတွေကြောင့် ယောက်ျားကိစ္စစွမ်းဆောင်ရည်မှာပါ ချိုယွင်းစပြုနေပါပြီ။ အဲ့ဒါကြောင့်ပဲ ဒါနာစာကြည့်တိုက်တစ်ခုမှာ အလုပ်ရသွားတဲ့နောက် အက်ဒ်အတွက် သူဖွင့်ထားတဲ့ Spa မှာကူဖော်လောင်ဖက်ရဖိုအဖော်တစ်ယောက်လိုအပ်လာပါတယ်။ အဲ့ဒီလိုအဖော်အဖြစ် အက်ဒ်ရွေးချယ်လိုက်တဲ့သူကတော့ သူတိုရွာမှာ ကြုံရာကျပမ်းလုပ်နေတဲ့ ကိုကွိင်းဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပါ။သူ့ရဲ့စွမ်းဆောင်ရည်လိုအပ်ချက်ကြောင့် ဟာစလာဖြစ်နေတဲ့ ဇနီးဖြစ်သူနဲ့သန်သန်မြန်မြန်သွေးသားဆန္ဒတက်ကြွတဲ့ လူငယ်လေးတိုနှစ်ဦးကိုအနေနိးစပ်အောင်ဖန်တီးပေးလိုက်တာဟာ သူ့အတွက်အမှားတစ်ခုဖြစ်လာမလား? ဒါမှမဟုတ် သူ့ဇနီးဟာ တကယ်ပဲအရင်လိုအကျင့်စရိုက်တွေကိုမေ့ပစ်ပြီးသူ့အပေါ်သစ္စာစောင့်ထိန်းသူတစ်ယောက်ဖြစ်နေပြီလား? ဆက်လက်ရှုစားကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.4GB)/(650MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:48:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

[18+] Himas (2024)

Genres

Archives