Channel Myanmar

New releases (2025)

Content at random


Movies

Nanu Ki Jaanu (2018) 5.4
Nanu Ki Jaanu (2018) Nanu Ki Jaanu 2018 လူကြမ်းကြီးရဲ့နှလုံးသားIMDb -5.4/10အိမ်ငှားလုပ်ပြီး အိမ်တွေကို မတရားသဖြင့် ဈေးနှိမ်ပြီးတော့ အပိုင်သိမ်းတတ်တဲ့ လူမိုက်ကြီး နာနူတစ်ယောက် တစ်နေ့ အိမ်တစ်အိမ်ကိုသိမ်းဖို့ လမ်းမှာသွားနေရင်း လမ်းပေါ်မှာ လူတွေစုရုံးစုရုံးလုပ်နေတာ တွေ့လိုက်ရပါတယ်။ ထုံးစံအတိုင်းပဲ ဝင်စပ်စုကြည့်တော့ သွေးအိုင်ထဲမှာ လဲနေတဲ့ကောင်မလေးတစ်‌ယောက်ကို မြင်လိုက်ရတာပေါ့။ဘေးမှာရပ်နေတဲ့ လူတစ်အုပ်ကတော့ရဲအမှုအခင်းထဲပါမှာကြောက်ပြီး ကူညီပေးဖို့ လက်တွန့်နေကြပေမဲ့ ကောင်မလေးကိုကရုဏာသက်သွားတဲ့ နာနူကတော့ ကောင်မလေးကို ပွေ့ချီပြီး ဆေးရုံပို့ဖို့လုပ်ပါတယ်။ဒါပေမဲ့ ကံကြမ္မာက ကျီစယ်ချင်တော့ နာနူရဲ့ကားပေါ်က အားပေးမှုတွေနဲ့ ဂရုစိုက်ပေးမှုကြောင့် ဆေးရုံတော့ရောက်သွားရှာပေမဲ့ ရောက်ရောက်ချင်းပဲ အသက်ထွက်သွားတဲ့အခါ....လူတွေက သေခါနီးနောက်ဆုံးမှာမြင်ရတဲ့အရာကို စွဲကျန်တတ်ကြသလိုပဲ သေသွားတဲ့ဆစ်ဒီလေးကလည်း သေခါနီးမှာ ဂရုတစိုက်ကူညီပေးခဲ့တဲ့ နာနူကိုမှ စိတ်စွဲသွားတဲ့အခါမှတော့......(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size…2.3Gb  /1.2GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Nanu Ki Jaanu (2018)

Jatt & Juliet (2012) 7.5
Jatt & Juliet (2012) Jatt And Juliet (2012)"ကနေဒါ ဖူးစာ" ==============================နာမည်ကြီး ပန်ချာပီမင်းသား ဒီလ်ဂျစ်ဒိုဆန်ဂျ်ရဲ့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် သူ့ခေတ် သူ့အခါက အောင်မြင်မှုတွေရရှိခဲ့တဲ့အတွက် နောက်ဆက်တွဲ ရုပ်ရှင် နှစ်ကားထိထွက်ရှိထားပြီး IMDb မှာလည်း 7.5 ထိ ရိတ်တင်းရထားပါသေးတယ်။ဇာတ်လမ်းကတော့.. ဘိုစာကို နကန်းတစ်လုံးမှမသိဘဲ ကနေဒါကိုသွားပြီး ကနေဒါမှ အဖြူမလေးနဲ့ အိမ်ထောင်ပြုအခြေချချင်နေတဲ့ ဖာတယ်ဆင်းဂ်နဲ့ ဖက်ရှင်ဒီဇိုင်နာဖြစ်ချင်လို့ ကနေဒါကို ကျောင်းလာတက်တဲ့ ပူဂျာဆိုတဲ့ အိမ်ထောင်ပြုခါနီးကောင်မလေး။သူတို့နှစ်ယောက် ကနေဒါမှာ တွေ့ဆုံကြပြီး အစပိုင်းမှာ တစောင်းစေးနဲ့ မျက်ချေးလို အချင်းချင်း ရန်ဆောင်ခဲ့ကြပေမဲ့ တဖြည်းဖြည်းချင်း ငြိတွယ်လာကြပုံကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသနှောပြီး တင်ဆက်ထားတဲ့ရုပ်ရှင်လေးဖြစ်လို့ ချ န်နယ်မြန်မာ Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်...။ File size…3.2GB / 1.4GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Jatt & Juliet (2012)

The Face Reader (2013) 6.8
The Face Reader (2013) The Face Reader (2013)_____IMDb - 6.8/10အရာအားလုံးကဖြစ်ဖို့ကံပါလာရင် ဘယ်အရာကမှတားဆီးလို့မရပါဘူး။ ကင်နမ့်ဂျောင်းဟာ လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့ အဲ့လူတစ်ယောက်ရဲ့စိတ်အခြေအနေတွေ အမူအကျင့်တွေအနာဂတ်မှာဖြစ်နိုင်တာတွေကို ပြောနိုင်တဲ့ Face Reader ကြီးပါ။ လူသတ်မှုတစ်ခုကိုဖော်ထုတ်ပေးရာကနေ ဘုရင်ကခေါ်တွေ့ပြီး ထီးနန်းလုနိုင်တဲ့လူတွေကိုမျက်နှာကိုဖတ်ပြီးဖော်ထုတ်ခိုင်းပါတော့တယ်။ ကင် ဘယ်လိုအခက်အခဲတွေတွေ့မယ်။ သြဇာအာဏာကြီးတဲ့လူနှစ်ယောက်ဖြစ်တဲ့ ကင်ဂျောင်ဆိုနဲ့ မင်းသားဆုရန်းကြားမှာဘယ်လိုတွေဆုံးဖြတ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ပေါ့ဗျာ။ ဝင်ငွေအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။ IMDb rating လည်း 6.8/10 ရရှိထားပါတယ်။ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးသရုပ်ဆောင်ဆုတွေနဲ့အတူဆုပေါင်း ၅ဆုကို အကြိမ် ၅၀မြောက် Grand Bell Awards မှာရရှိထားတာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  Saw Wuua ပါ)File size…  1.9 GB / 1 GB Quality… WEB-DL  1080p / 720p Format… mkv / mp4 Duration…. 2h 22m Genre ..... History / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Saw Wunna
movie

The Face Reader (2013)

2013
The Book of Life (2014)
The Book of Life (2014) တော်တော်ကြည့်ကောင်းတဲ့ ကာတွန်းကားဖြစ်သလို ပေးချင်တဲ့ မက်ဆေ့တွေကလဲ တကယ်ကို ကောင်းမွန်လှပါတယ် မကြည့်ရသေးသူများ ကြည့်လိုက်ကြပါဦး ဇာတ်လမ်းအညွန်းကတော့... ဇာတ်ကားဟာ မိသားစုရဲ့ မျှော်လင့်ချက်တွေပြည့်မှီအောင်လုပ်ဖို့နဲ့ သူ့စိတ်ဆန္ဒအတိုင်း နေထိုင်ဖို့ ဆိုတဲ့အရာနှစ်ခုအကြား ရွေးချယ်ရခက်နေတဲ့ လူငယ်လေး Manolo (Diego Luna) ရဲ့ ခရီးလမ်းကိုတင်ဆက်တာဖြစ်ပါတယ်။ ချောမောလှပတဲ့ Maria (Zoe Saldana) ကိုချစ်မိသွားပြီး ဆွဲဆောင်မှုရှိတဲ့ ပြိုင်ဘက် Joaquin (Channing Tatum) နဲ့ အချစ်ရေးယှဉ်ပြိုင်ရာမှာဖြစ်တဲ့အတွက် ဝိဉာဉ်တွေဖြစ်တဲ့ La Muerte (Kate del Castillo) နဲ့ Xibalba (Ron Perlman) တို့က Maria ကိုဘယ်သူရမလဲ အလောင်းအစားလုပ်ကြပါတယ်။ Maria က Manolo ဘက်ကိုယိမ်းသွားတဲ့အခါ အလောင်းအစားကိုရူံးနိမ့်မှာစိုးရိမ်တဲ့အတွက် Joaquin ကို Maria ရဲ့ချစ်သူဖြစ်စေနိုင်ဖို့မျှော်လင့်ပြီး Xibalba က Manolo ကိုသတ်ဖို့ မြွေတစ်ကောင်ကိုလွှတ်လိုက်ပါတယ်။ Maria ရှိရာ လူသားတွေနေတဲ့ ကမ္ဘာကိုပြန်လာဖို့အတွက် Manolo တစ်ယောက် အကြီးမားဆုံးအကြောက်တရားနဲ့ ရင်ဆိုင်ရမယ့် စိတ်ကူးယဉ်ကမ္ဘာသုံးခုပါဝင်တဲ့ မယုံနိုင်ဖွယ် ခရီးစဉ်တစ်ခုကိုစတင်ရတာဖြစ်ပါတယ်။ အမေရိကန် 3D computer-animated အချစ်၊ စွန့်စားခန်း၊ ဟာသဇာတ်ကား The Book of Life ...
movie

The Book of Life (2014)

2014
The Shaukeens (2014) 4.8
The Shaukeens (2014) The Shaukeens (2014) "ခြောက်ဆယ်ကျော်အချစ်" IMDb - 4.8/10၁၉၈၂ခုနှစ်ကထွက်ရှိခဲ့တဲ့ Shaukeenကို ပြန်လည်ဆန်းသစ်ထားတဲ့ ၂၀၁၄ထွက် ဟိန္ဒူရုပ်ရှင်အဟောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။မင်းသားကြီးအက်ရှေးကူးမားနဲ့ ရုပ်ရှင်ကားကြီးတွေမှာ ဇာတ်ပို့နေရာကတွေ့ရတတ်တဲ့အဘိုးကြီးသုံးယောက်အဓိကပါဝင်ထားကြပါတယ်။လာလီ၊ ကေဒီနဲ့ ပင်ကီဆိုတဲ့ ခြောက်ဆယ်ကျော်အဘိုးကြီးသုံးယောက်။ ရတာမလို လိုတာမရနဲ့ ဘ၀မှာ အထီးကျန်နေကြပြီး အသက်ကြီးပေမဲ့ မပျက်စီးချင်ကြသေးဘဲ ရင်ခုန်သံတွေပျိုမြစ်လတ်ဆတ်နေတုန်းအချိန်။ သုံးယောက်တည်းမှာ လူပျိုကြီးဘ၀နဲ့ ဖြတ်သန်းလာခဲ့ရသူ ကေဒီက အချမ်းသာဆုံးနဲ့ တအားပွေးချင်တဲ့သူ။ သူငယ်ချင်း လာလီနဲ့ပင်ကီကိုမြှောက်ပေးပြီး သူ့အပန်းဖြေအိမ်မှာ စကီလေးတွေခေါ်ပြီးပျော်ပါးဖို့ ကြိုးစားရာကစ သူတို့တွေစွဲလန်းမိသွားတာ အဟာနာဆိုတဲ့ အမျိုးသမီးလေး။ အဟာနာက ဆိုရှယ်မီဒီယာကို တအားစွဲလန်းနေတဲ့သူတစ်ယောက်။ဒီမှာပဲ အက်ရှေးရဲ့ဖန်ဖြစ်တဲ့ အဟာနာကို အက်ရှေးနဲ့တွေ့ပေးဖို့အရေး အဘိုးကြီးသုံးယောက်ကြိုးစားရာကစဘယ်လိုအလွဲတွေကြုံရမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 3.2GB /1.4GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

The Shaukeens (2014)

The Monkey King (2014) 4.9
The Monkey King (2014) The Monkey King (2014)_____IMDb - 4.9/10  2014 ခုနှစ်မှာထွက်ရှိခဲ့ပြီး အထူးသဖြင့် မြန်မာပရိတ်သက်အများအပြားအထူးကြိုက်နှစ်သက်အားပေးခဲ့ကြတဲ့ စွန်းဝူခုန်းဇာတ်ကားလေးပါ။ Visual Effect အလန်းစားတွေနဲ့စွန်းဝူခုံး မွေးဖွားလာပုံကနေစပြီး နဂါးပြည်သို့သွားရောက်မွှေနှောက်ပြီး သူ့ရဲ့လက်စွဲတော်ရွှေတုတ်တံရှာပုံတော်ဖွင့်ပုံ . နတ်ပြည်သို့သွားရောက်ပြီး မွှေနှောက်ခဲ့ပုံများကို အလန်းဆုံးသရုပ်ဆောင်မှုတွေနဲ့ ကြည့်ရမယ့်ကားလေးပါ။ နောက်ဆုံးမှာ မိစ္ဆာတွေနှိမ်နှင်းပြီးတဲ့နောက်မှာတော့ နတ်ပြည်ကိုဖျက်ဆီးခဲ့မှုတွေကြောင့် ဘုရားရဲ့အပြစ်ပေးခြင်းကို ခံခဲ့ရပြီး လက်ငါးချောင်းတောင်အောက်မှာ အနှစ် ၅၀၀ တိတိ ချုပ်နှောင်ခံခဲ့ရပါတယ်။ အနောက်ဘက်ကိုသွားပြီး ကျမ်းစာတွေကိုသွားရောက်ပင့်ဆောင်မယ့် ဘုန်းကြီးနဲ့တွေ့မှသာ လက်ငါးချောင်းတောင်အောက်ကလွတ်ပြီး အနောက်ဘက်ကကျမ်းစာတွေပင့်ဆောင်ပြီးမှသာ အပြီးလွတ်ကျွတ်ဖို့ သတ်မှတ်ခံခဲ့ရပါတယ်။ ( Part 2 မှာ ကျမ်းစာပင့်ဆောင်ဖို့ စတင်မှာပါ။ )   (ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Ko Nyein Saeyar Aung ပဲဖြစ်ပါတယ်။)   (ဒီဇာတ်ကားကို ကျွန်တော်ကိုယ်တိုင်ဘာသာပြန်ထားခြင်းဖြစ်ရာ အမှားအယွင်းနှင့် လိုအပ်ချက်များရှိပါက... ကျွန်တော့်မှာသာတာဝန်ရှိကြောင်းကြိုတင်အသိပေးပါရစေခင်ဗျာ...)  Filesize : 9.90 GB / 3.06 GB / 1.49 GB Quality : WEB-DL 4K HEVC , 1080p HEVC  , 720p HEVC Format ...
movie

The Monkey King (2014)

2014
4K HEVC
White Coats (2004) 5.4
White Coats (2004) ဒီဇာတ်ကားက ဆေးရုံတိုင်းမှာဖြစ်တတ်တဲ့ အလွဲတွေကိုအမေရိကန်က စိန့်အဲလ်ဘတ်ဆိုတဲ့ ဆေးရုံမှာဖြစ်နေသလိုပုံဖော်ရိုက်ကူးထားတဲ့ comedyဇာတ်ကားပဲ ဖြစ်ပါတယ်။အမေရိကန်တစ်နိုင်ငံလုံးမှာ အညံ့ဆုံးဆေးရုံလို့ပြောရမယ့်စိန့်အဲလ်ဘတ်ဆေးရုံကို တတိယနှစ်အလုပ်သင်ဆရာဝန်တစ်သိုက်ရောက်လာပြီးမှ ကြုံတွေ့ရတဲ့ အလွဲအချော်တွေ၊ပေါက်ကရတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။စာမေးပွဲအချကြမ်းတဲ့ ဆရာဝန်ကြီး၊ ဆေးရုံသုံးစက်တွေရောင်းစားပြီး အောက်ဆိုက်ရှာဖို့ပဲ အမြဲတွေးနေတတ်တဲ့ဆေးရုံအုပ်ကြီး၊ ဘယ်သူမှလူမထင်တဲ့ နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးတို့ လက်အောက်မှာ မအူမလည်နဲ့ တလွဲ‌တွေပဲလုပ်တတ်တဲ့သူ၊ မြင်သမျှ မိန်းကလေးတိုင်းကို နှာဘူးထဖို့ပဲတွေးနေတဲ့သူ၊ တတ်‌ယောင်ကားလုပ်တတ်သူ၊ ရိုးမလိုလိုနဲ့ကုတ်ကမြင်းဖြစ်နေသူ၊ ကျောင်းစရိတ်ကို နိုက်ကလပ်မှာရှာရတဲ့သူ၊ နှလုံးခွဲစိတ်ဆရာဝန်ဖြစ်ချင်တဲ့သူ စသဖြင့်စရိုက်ပေါင်းစုံနဲ့ အလုပ်သင်တွေရဲ့ အမှားတွေ၊ ပေါက်ကရလုပ်ရပ်တွေကြား ဆေးရုံကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်မသွားအောင် ထိန်းရပုံကို ဟာသနှောပြီးကြည့်ရမှာပါ။ဆေးလောကအလွဲတွေကို သဘောကျသူတွေ ကြည့်သင့်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size…  1.8 GB / 914 MB Quality… WEB-DL  1080p / 720p Format…  mp4 Duration…. 1h 30m Genre ..... Comedy / Dark Comedy Subtitle…. Myanmar Subtitle ...
movie

White Coats (2004)

Hotel Belgrade (2020) 6.2
Hotel Belgrade (2020)  ဒီဇာတ်လမ်းလေးကတော့ ၂၀၂၀ ပြည့်နှစ်ကထွက်ရှိခဲ့တဲ့ ရုရှား-ဆာဘီးယန်း အချစ်/ဟာသ ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ပါဗန်က ချမ်းသာတဲ့သူဌေးတစ်ယောက်ဖြစ်ပြီး ဘဲလ်ဂရိတ်မြို့လယ်ခေါင်မှာ ခမ်းနားထည်ဝါလှတဲ့ ဟိုတယ်တစ်လုံးကိုပိုင်ထားသူပါ။ သူက တစ်နေ့မှာ လူမိုက်ခေါင်းဆောင်တစ်ယောက်နဲ့ ပြဿနာတက်ရာကနေ အဲ့ဒီလူရဲ့ သမီးက သူ့ကိုတစ်ဖက်သတ်ချစ်ကြိုက်စွဲလန်းနေသူတစ်ယောက်ဖြစ်နေတော့ ပြဿနာကိုလည်း မဖြေရှင်းနိုင်တဲ့ပါဗန်တစ်ယောက် လူမိုက်ခေါင်းဆောင်ရဲ့သမီးကို လက်ထပ်ဖို့ဖြစ်လာပါတော့တယ်။ မင်္ဂလာပွဲအတွက် ပြင်ဆင်နေစဉ်မှာပဲ ပါဗန်ရဲ့တစ်ချိန်က အဆက်ဟောင်းက သူ့ဟိုတယ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပါ။အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:46:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw
movie

Hotel Belgrade (2020)

Lore (2024) 5.0
Lore (2024)  ဒီဇာတ်ကားလေးက သူငယ်ချင်းလေး ယောက် ခရီးတစ်ခုကိုသွားတာကနေ အစပျိုးထားပါတယ် သူတို့ဟာ တောင် တက်ခရီးစဥ်အတွက် တောထဲကနေရာ တစ်ခုကိုသွားနေကြတာပါ သူတို့သူငယ် ချင်းလေးယောက်က နွေရာသီရောက် တိုင်း ခရီးသွားနေကြပေါ့ ဒါမဲ့သူတို့ စခန်းချတဲ့နေရာကိုရောက်တော့ ထူးဆန်းတဲ့လူကြီးကလွဲပြီး ဘယ်သူမှမရှိပါဘူး သူကတော့လမ်းပြလိုပုံစံပေါ့သူတို့အဲ့ညမှာပဲအဲ့မှာနားကြရတော့ အဘိုးကြီးက ကြောက်မက်ဖွယ်ကောင်းတဲ့ပုံပြင်ပြောတဲ့ရိုးရာကိုပြောပြပါတယ် အဲ့တော့သူငယ်ချင်းလေးယောက်လုံးက သူတို့ရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ ပုံပြင်တစ်ခုစီကိုပြောပြမှာဖြစ်ပါတယ် ဒီဇာတ်ကားလေးက တခြားHorrorကား တွေနဲ့မတူတာက ဇာတ်လမ်းတွေ အများကြီးပါတာကြောင့် ကြည့်မပျင်းပါဘူးအချိန်လည်းမရှိတာကြောင့်ဇာတ်လမ်းတစ်ခုချင်းစီတိုင်းကိုအတိုချုပ် ရိုက်ပြထားတာဆိုတော့ပျင်းဖို့လုံးဝကောင်းမနေပါဘူး ဒါမဲ့ဒီကားကဇာတ်လမ်းလေးခုနဲ့ပြီးမသွားပါဘူးအဲ့အဘိုးကြီးကသူတို့ကိုဘာလို့ အဲ့လိုပုံပြင်တွေပြောခိုင်းရတာလဲ သူကရောဘာလဲ ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှူပေးကြပါဦး File size…(1.6 GB)/(690 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:32:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe
movie

Lore (2024)

Hum Chaar (2019) 5.8
Hum Chaar (2019) Hum Chaar (2019) ဘဝတစ်ကွေ့IMDb 5.7/10 ဇာတ်လမ်းပုံစံမြူးမြူးကြွကြွလေးနဲ့ကောလိပ်ဆေးကျောင်းသားအချစ်ဇာတ်လမ်းတစ်ခုကိုတင်ဆက်ပေးပါမယ်ဆေးကျောင်းတက်နေကြတဲ့မတည့်အတူ‌နေသူငယ်ချင်းသုံးယောက် နမ်မစ်၊အဘီယာနဲ့ဆိုဂျူးတို့ ဆေးကျောင်းမှာဗရုတ်ကျနေကြရင်း တစ်ရက်တော့ ဆေးကျောင်းကို မန်ဂျယ်ရီဆိုတဲ့ ကောင်မလေးတစ်ယောက်ရောက်လာပါတယ်။မကြာခင်မှာပဲသူတို့သုံးယောက်လုံး ကောင်မလေးနဲ့သူငယ်ချင်းတွေဖြစ်သွားကြပါတယ်။ ဒါပေမဲ့လည်းသုံးယောက်လုံးကမန်ဂျယ်ရီအပေါ်ခံစားချက်ရှိနေတာကိုသိပြီးကြပြီးနောက် သူမမွေးနေ့မှာပဲတစ်ပြိုင်တည်းအချစ်ကိုဖွင့်ဟပြီး သူမချစ်တာဘယ်သူလဲဖော်ထုတ်ဖို့ကြိုးစားကြပါတော့တယ်။ ‌မန်ဂျယ်ရီကမူးမူးရူးရူးနဲ့သုံးယောက်လုံးကိုအဖြေပြန်ပေးလိုက်မိပြီး နောက်ရက်‌ေရာက်တော့ဘာမှမမှတ်မိတော့ပါဘူး ကောင်လေးတစ်ယောက်ကအဲဒီညကအဖြစ်ကိုရိုက်ထားတဲ့ဗီဒီယိုကို YouTube မှာတင်လိုက်တော့ သူငယ်ချင်းသုံးယောက်ပြဿနာတက်ကြရင်းထိုကောင်လေးအပါ်ကို chemical ဆေး‌ရည်တွေမှောက်ကြကုန်ရင်း အချင်းပိုပွားလာကြကာ တစ်ယောက်နဲ့အပြီးတိုင်တစ်ယောက်လမ်းခွဲလိုက်ကြပါတော့တယ်။လေးနှစ်ကြာပြီးနောက်သူငယ်ချင်း‌လေးယောက် အချင်းချင်းပြန်တွေ့ကြတဲ့အချိန်မှာတော့.......(အညွှန်းရေးသားသူ Bluri ဖြစ်ပြီး ဘာသာပြန်ဆိုသူ CM Bollywood Team မှ ဖြစ်ပါတယ်) File size… 1.86GB / 862MB Quality…WEB DL 1080p / 720p Format… mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Hum Chaar (2019)

Aitraaz (2004) 6.6
Aitraaz (2004) Aitraaz (2004) “ကန့်ကွက်ချက်” Genre – Drama, Romance, Thriller IMDB – 6.6/10ဟောင်းပေမဲ့ ကောင်းနေဆဲ ဖြစ်တဲ့အပြင် သရုပ်ဆောင်တွေကလည်း ဆရာကြီးတွေဖြစ်ကြတဲ့ Akshay Kumar တို့ Kareena Kapoor တို့ Priyanka Chopra တို့ အုပ်လိုက်အစွမ်းပြထားကြတဲ့ ၂၀၀၄ ခုနှစ်ထွက် အချစ်လျှို့ဝှက်သည်းဖို ဘောလိဝုဒ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ရပါစေဗျာ။ဒါရိုက်တာဆိုရင်လည်း ဘောလိဝုဒ်ရဲ့ နာမည်ကျော် မင်းသားတွေနဲ့ လက်တွဲလုပ်ကိုင်ဖူးခဲ့တဲ့ Burmawalla ညီအစ်ကိုနှစ်ယောက်ပါ။ သူ့ခေတ်သူ့အခါက ရုံတင်ဝင်ငွေ ၂၆ ကုဋေ ရရှိခဲ့တဲ့ကားလည်း ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင် မိုက်ကယ်ဒေါက်ဂလပ်နဲ့ ဒယ်မီမိုးလ်တို့ရဲ့ Disclosure ကို အနည်းငယ် အခြေခံထားတယ်လို့ဆိုပြီး ဒီရုပ်ရှင်နဲ့ Chopra ရဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ် အသိအမှတ်ပြုခဲ့ကြကာ ဆုပေးပွဲတွေမှာလည်း စကာတင်တွေ ဝင်ခဲ့တာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုရင်တော့ အစပိုင်းကို ပျော်ရွှင်ဖွယ်ရာ အချစ်ကားဆန်ဆန် အစပျိုးထားပါတယ်။ ဖုန်းကုမ္ပဏီမှာ လုပ်နေတဲ့ ...
movie

Aitraaz (2004)

Grendel (2017) 5.8
Grendel (2017) Grendel (2017)လူတစ်ယောက်ရဲ့ သေဆုံးမှုက ကိုယ့်ဘဝရဲ့ အောင်မြင်မှုလမ်းစဆိုရင်... သင် ဘာလုပ်မလဲ?? လူ့သဘာဝ၊ မီဒီယာတွေရဲ့ သဘော၊ ကိုယ်အဆင်ပြေဖို့ကိုပဲ ရှေ့တန်းတင်တတ်တဲ့ လူ့အသိုင်းအဝိုင်းအကြောင်းကို ဒီဇာတ်ကားမှာ ကြည့်ရှုရမှာပါပဲ။စာရေးဆရာဟန်ဂျွန်းဟာ သည်းထိတ်ရင်ဖိုဝတ္ထုတွေ ရေးသားသူဖြစ်ပေမဲ့ အားပေးသူတော့ သိပ်မရှိလှပါဘူး။ တစ်နေ့ သူ့ဝတ္ထုထဲက လူသတ်မှုအတိုင်း ပုံစံတုလူသတ်မှု‌ ပေါ်ပေါက်လာတဲ့အခါ လူစိတ်ဝင်စားမှု မြင့်တက်လာပြီး သူ့စာအုပ်ကလည်း ရောင်းမလောက်ဖြစ်လာတော့တာပါပဲ။ ဒီလိုနဲ့ ဟန်ဂျွန်းတစ်ယောက် သေဆုံးသူကိုတောင် အားမနာနိုင်ဘဲ နာမည်ကြီးလာဖို့အတွက် ရဲတွေလှည့်စား၊ မီဒီယာကို အသုံးချ လုပ်ပါတော့တယ်။ ဒါပေမဲ့ ဇာတ်လမ်းက အဆုံးမသတ်ရသေးတဲ့အခါ...လက်သည်မပေါ်တဲ့ အမှုရဲ့နောက်ဆက်တွဲကို သူ ဘယ်လိုဖြေရှင်းမလဲ အောင်မြင်မှုကို ဖက်တွယ်တတ်ကြတဲ့ လူတွေအကြောင်းကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ်)Genre..... Crime, Drama, Mystery, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 1.1GB | 554MB Format… mp4 Duration…. ...
movie

Grendel (2017)

A Costa Rican Wedding (2024) 6.1
A Costa Rican Wedding (2024)  ကော်စတာရီကာဆိုတာနဲ့ ကမ်းရိုးတန်းတွေ၊ အပူပိုင်းသစ်တောတွေနဲ့ ဌာနေတောရိုင်းတိရစ္ဆာန်တွေကြောင့် နာမည်ကြီးလှပါတယ်။ နောက်တစ်ခုကတော့ ချစ်သူတွေအတွက် ပျားရည်ဆမ်းခရီးထွက်ဖို့ရာနေရာတစ်ခု အနေနဲ့လည်း နာမည်ကြီးပြန်တယ်။ အချစ်ရဲ့အငွေ့အသက်တွေပြည့်နေတဲ့ ကော်စတာရီကာက ချစ်သူတွေအတွက် လောကနိဗ္ဗာန်ဘုံ တစ်ခုဖြစ်သလို အသည်းကွဲနေတဲ့သူတွေအတွက်လည်း အချစ်ကို ပြန်လည်တွေ့ရှိနိုင်တဲ့နေရာတစ်ခုလို့ဆိုရင် မှားနိုင်မယ်မထင်ဘူး။အသည်းကွဲနေတဲ့ ဆရာဝန်မလေး အမ်မလီတစ်ယောက် အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဖိုဘီ နဲ့ ဂျမဲလ်တို့ရဲ့ ကော်စတာရီကာမှာလုပ်မယ့် မင်္ဂလာပွဲအတွက်ကူညီပြင်ဆင် ပေးနေသူပေါ့။ နှစ်ဖက် မိသားစုဆုံချိန်မှာတော့ သူလုံးဝကြည့်မရခဲ့တဲ့ ရိုင်ယန်ဆိုတဲ့ အမျိုးသားကပါ သတို့သားရဲ့မိသားစုဝင်အနေနဲ့ပါလာတော့ အမ်မလီတစ်ယောက် စိတ်ရှုပ်သွားခဲ့ရတယ်။ ပိုဆိုးတာကတော့ ရှပ်ပြာပြာအမ်မလီတစ်ယောက် လက်ထပ်လက်စွပ်ထည့်လာတဲ့ ကျောပိုးအိတ်ကို ‌မျောက်တွေလုသွားတဲ့အခါ သူတို့ဘာဆက်လုပ်ကြမလဲ? မင်္ဂလာပွဲကရော ဆက်လက်ကျင်းပနိုင်မှာလား? အမ်မလီရဲ့ကြေကွဲနေတဲ့ နှလုံးသားကိုရော ကော်စတာရီကာက ကုစားပေးနိုင်မှာလား?အချစ်ဟာသကားလေးမို့ကြည့်ရတာ ပေါ့ပေါ့ပါးပါးလေးဖြစ်မှာပါ။ ကိုယ့်ကိုအမှတ်ပေးဆိုရင်တော့ 7.5/10 လောက်တော့ ပေးပါမယ်။ File size…(1.8 GB)/(1.1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. ...
movie

A Costa Rican Wedding (2024)

(18+) Sex-Positive (2024)
(18+) Sex-Positive (2024)  CM ပရိသတ်ကြီးအတွက် မဖြစ်မနေ ၁၈ ယောက် စုကြည့်ရမယ့် ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဒီရုပ်ရှင်ဟာဆိုရင် ပွင့်လင်းရှင်းလင်းတဲ့ ပြကွက်ပေါင်းများစွာ ပါဝင်နေပေမယ့် p-o-r-n လို နှိုးဆွစေရန် မရည်ရွယ်ဘဲ လိင်ပိုင်းဆိုင်ရာ အသိပညာပေး ဟာသရုပ်ရှင် ပုံစံမျိုး တင်ဆက်ထားပါတယ်Virginia က ဇာတ်လမ်းအစမှာ ကောင်လေးတစ်ယောက် ပစ်တာခံလိုက်ရပြီး ပေါက်ကွဲနေချိန်မှာ Jake ဆိုတဲ့ ကောင်လေးနဲ့တွေ့ပြီး Jake က သူ့စံအိမ်ကို ခေါ်လာပါတယ်ဟိုရောက်တော့ ယောကျာ်း မိန်းမမျိုးစုံ အဝတ်တွေမကပ်ကြဘဲ ပွင့်လင်းမြင်သာစွာ လိင်အပျော်ကြူးနေတာကို မြင်လိုက်ရတော့ Virginia တစ်ယောက် အံ့အားသင့်သွားရပါတယ်Jake က သူ့ပရောဂျက်အတွက် Virginia ကို ကမ်းလှမ်းလာတဲ့အခါမှာ Virginia တစ်ယောက် အလုပ်လည်း မရှိ နေစရာလည်းမရှိသေးတာကြောင့် အရာရာစမ်းသပ်ကြည့်ဖို့ လက်ခံလိုက်ပါတယ်ဒီရုပ်ရှင်မှာဆိုရင် အမျိုးစားစုံလင်အောင် မူမမှန်တဲ့ ကာမစိတ်အမျိုးမျိုးနဲ့အတူ BDSM, Group Sex စတဲ့ ...
movie

(18+) Sex-Positive (2024)

Turtle (2018) 6.9
Turtle (2018) Turtle (2018) "လိပ်ကလေး" IMDb - 6.9/10၂၀၁၈ကထွက်ရှိခဲ့ပြီး အားလုံးနဲ့မစိမ်းတဲ့ ဇာတ်ပို့သရုပ်ဆောင် ဆန်ဂျေးမီရှရာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားတဲ့ အိန္ဒိယကျေးလက်ဇာတ်လမ်းလေးကို တင်ဆက်ပေးပါရစေ။ရွာမှာ မိုးခေါင်ရေရှားဖြစ်ပြီး ရေတွင်းရေကန်တွေ ခန်းခြောက်ကုန်တာ ရှစ်နှစ်ကြာခဲ့ပါပြီ။ ဒါကို ရွာလူကြီးရမ်ကာရန်ရဲ့ ကျိန်စာသင့်နေတဲ့မြေးဖြစ်သူကံဆိုးမှုကြောင့်လို့ ယိုးမယ်ဖွဲ့ကြပါတယ်။မြေးဖြစ်သူကိုအပြစ်တင်ကြတာ မခံနိုင်တဲ့ရမ်ကာရန်က သူ့ခြံဝင်းထဲမှာ ဘိုးဘေးတွေမြှုပ်ထားခဲ့တဲ့ ရွှေချောင်းတွေရှိတယ်။ အဲဒါတွေကို တူးပြီး ရေကန်အကြီးကြီးဆောက်ပေးမယ်လို့ ကတိပြုလိုက်ပါတယ်။ ဒီမှာပဲ ရွာသူရွာသားတွေစုရုန်းပြီး ရွာလူကြီးရမ်ကာရန်ရဲ့ခြံဝန်းထဲမှာ ရွှေချောင်းတွေရှာဖို့ မြေတူးကြရာကစ မထင်မှတ်ထားတဲ့အရာတွေ ဖြစ်လာခဲ့ပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ Yunniတို့ဖြစ်ပါတယ်) File size… 1.2GB / 531MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by V ~ BpL ~ Yunni
movie

Turtle (2018)

Scam 1770 (2024)
Scam 1770 (2024) Scam 1770 ( 2024 ) လှည့်ကွက်များ IMDb 7.4/10ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ 2024 ထွက် Scam ဆိုတဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ NEET စာမေးပွဲရဲ့ ရက်စက်တဲ့အဖြစ်မှန်တွေနဲ့ ပညာရေးလောကရဲ့ရိုက်စားလုပ်ကွက်တွေကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ -ဇာတ်လမ်းအစမှာပဲ နစ်သရာဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့ဆေးကျောင်း၀င်ခွင့်ကိုလက်လျှော့လိုက်တာနဲ့စထားပါတယ်။ ကောင်မလေးဟာ ၀င်ခွင့်ကိုလက်လျှော့လိုက်ရုံတင်မကဘဲ ရထားလမ်းပေါ်မှာပါ သေကြောင်းကြံသွားပါသေးတယ်။ လူတွေကတော့ စာမေးပွဲမအောင်လို့ လုပ်မိလုပ်ရာလုပ်တယ်လို့ပဲထင်ကြတာပေါ့ဗျာ။ဘာကြောင့်များလဲ။ ဘယ်လိုအခက်အခဲတွေကြောင့် ဆရာ၀န်ဖြစ်ချင်လှတဲ့နစ်သရာတစ်ယောက် အိပ်မက်တွေအကောင်အထည်ဖော်ရခါနီးမှာ ဘာကြောင့်များ လက်လျှော့ပြီး ဘ၀ကိုအရှုံးပေးသွားတာပါလဲ။ ဖိအားတွေကြောင့်များလား။ ဒါမှမဟုတ် ပျက်စီးခြစားနေတဲ့ပညာရေးစနစ်ကပဲ သူ့ကိုအဆုံးစွန်ထိတွန်းပို့ခဲ့တာလား။ နစ်သရာရဲ့သေဆုံးမှုနောက်ကွယ်မှာ ဘာတွေရှိဦးမလဲ။( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် ) File size… 2.15GB / 1.1GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 10mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Scam 1770 (2024)

Boat (2024) 7.7
Boat (2024) Boat (2024)လှေIMDb-7.9/10အခုနောက်ပိုင်း ယိုဂီဘာဘူရဲ့ဇာတ်လမ်းတွေက ကြည့်ပျော်ရုံအဆင့်ထက်ပိုတဲ့ အတွေးတွေ စဉ်းစားစရာတွေနဲ့ ပိုကြည့်ကောင်းလာတယ်ဆိုတာ ဘောလိဝုဒ်ပရိသတ်ကြီး သတိထားမိမယ်ထင်ပါတယ်ဒုတိယကမ္ဘာစစ်အတွင်း မဖွံ့ဖြိုးသေးတဲ့ဒေသတစ်ခုမှာ လာဗိုလ်ကျစိုးမိုးတဲ့ဗြိတိသျှတွေရဲ့ နိုင်လိုမင်းထက်ပြုမူကတစ်မျိုး ၊ ဂျပန်ဗုံးကြဲလေယာဉ်ဒဏ်တွေကို ရှောင်ပြေးဖို့ကြိုးစားရတာတစ်မျိုးနဲ့ ဒုက္ခပင်လယ်ဝေနေကြတဲ့ကာလတစ်ခုမှာ ....။ယိုဂီဘာဘူက အသက်ကြီးနေတဲ့ အဘွားနဲ့အတူ ဒီခေတ်အခြေအနေမှာ သင့်တော်ရာလူတွေ့ထားပြီးတဲ့ ညီမ‌ကို အိမ်ထောင်ချပေးဖို့အရေး ၊ ဘုမသိဘမသိဖမ်းခံလိုက်ရတဲ့ညီဖြစ်သူလွတ်ဖို့အရေးတွေနဲ့ ခေတ်နဲ့ စစ်ကို မပူအားသေးတဲ့အစ်ကိုကြီးတစ်ယောက်....။ညီကို သွားကယ်ဖို့ကြိုးစားနေချိန်မှ ဂျပန်ဗုံးကြဲလေယာဉ်တွေလာတယ်ဆိုလို့ အဘွားနဲ့ ညီကိုခေါ်ပြီးလှေနဲ့ ပင်လယ်ထဲပြေးဖို့ကြံတော့ ရှေ့ပြေးလမ်းကိုပဲ အာရုံစိုက်မိနေချိန် ညီဖြစ်သူကကျန်နေခဲ့ပြီး လွတ်လမ်းဆိုတာနဲ့ အချောင်လိုက်ချင်တဲ့ လူတစ်ဖွဲ့ပဲ သူ့လှေပေါ်ပါလာခဲ့တယ်....။ပင်လယ်ပြင်ကြီးထဲက လှေတစ်စီးပေါ်မှာ နိုင်ငံရေးသမား ၊ တစ်ကိုယ်ကောင်းစိတ်ဓာတ်နဲ့ စီးပွားရေးသမား ၊ အကြောက်လွန်သူ ၊ လက်တွေ့သမား လူအမျိုးမျိုးပါလာကြတယ်....။တစ်လှေတည်းစီးတစ်ခရီးတည်းသွားအချင်းချင်း နားလည်ဖေးမကူညီသူရှိသလို ဗိုလ်ကျအနိုင်ကျင့်ချင်သူနဲ့ ၊ မိတ်ဆွေယောင်ဆောင်ရန်သူတွေလည်းရှိနေပြန်တော့....။ဒီတစ်ခါရော ယိုဂီဘာဘူကြီးက သဘာဝကျကျ ဘဝကိုဘယ်လိုသရုပ်ဖော်ပြဦးမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် File size…3.3GB / 1.4GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 6m Subtitle….Myanmar Subtitle ...
movie

Boat (2024)

Jism (2003) 5.3
Jism (2003) Jism (2003) "ညှို့ယူဖမ်းစားတတ်သော" IMDb - 5.3/10စူးရှတဲ့အကြည့်တွေနဲ့ မင်းသားကြီး ဂျွန်အဘရာဟမ်၊ Dhoom 2(2006)ထဲမှာပါခဲ့တဲ့ ညှို့အားပြင်းပြင်းနဲ့မင်းသမီးချော ဘီပါရှာဘာဆူးတို့နှစ်ယောက် ပတ်ညှို့နေကြတဲ့ ဒရာမာရုပ်ရှင်ဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ကဘီးရ်က လမ်းပျောက်နေတဲ့ ရှေ့နေတစ်ယောက်။ ဘာပြဿနာရယ်လို့ မယ်မယ်ရရမရှိဘဲ ပြဿနာတက်နေတဲ့ဘဲ။ တစ်ရက် ဘားတစ်ခုမှာ အချောလေးတွေ့လို့ တစ်ညတာပျော်ရွှင်မှုအတွက်ဝင်လုံးရင်း စွဲလန်းသွားခဲ့မိသူ။ သူသွားပြီး ပတ်သက်စွဲလန်းမိတာက အသိုင်းကြီးအဝိုင်းကြီးက သူဌေးတစ်ယောက်ရဲ့ဇနီးသည်။ ဘယ်လောက်ပဲစိတ်ထိန်းထိန်း စွဲလန်းသွားမိသူလေးဆီကိုပဲသွားချင်စိတ်က ထိန်းချုပ်မရ။ အမျိုးသမီးလေးဆီမှာက သူမသိရသေးတဲ့ အရှုပ်ထုပ်တွေနဲ့။ဒီမှာပဲ ပြဿနာရယ်မယ်မယ်ရရမရှိဘဲ ပြဿနာတက်နေသူ မောင်ကဘီးရ်တစ်ယောက် ပြဿနာတောထဲကို တိုးဝင်သွားပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.88GB / 865MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Jism (2003)

2003
FryDay (2018) 5.3
FryDay (2018) FryDay (2018)"ပျော်ရွှင်စရာ သောကြာနေ့လေး" ====================================နာမည်ကြီး ဘောလိဝုဒ် ဟာသ သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသားကြီး ဂိုဗင်ဒါနဲ့ ဗာရွန်ရှာရ်မာတို့ရဲ့ ၂၀၁၈ က ထွက်ရှိခဲ့တဲ့ တုတ်ထိုးအိုးပေါက် ဟာသဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ဖြစ်သူ ရာဂျစ်ဗ်ကတော့ အလုပ်မထွက်ရဖို့ကို မနည်းရုန်းကန်နေရတဲ့ ရေသန့်စက်ကုမ္ပဏီက ခပ်ညံ့ညံ့ အရောင်းသမားတစ်ယောက်ပဲဖြစ်ပါတယ်။တစ်လလုံးနေလို့ ရေသန့်စက်တစ်လုံးတောင် ရောင်းမထွက်တဲ့သူ့ကို သူ့ရဲ့ဘော့စ်ဖြစ်သူက လာမယ့်သောကြာနေ့ရောက်လို့မှ ရေသန့်စက်တစ်လုံး ရောင်းမထွက်ရင် မင်းအလုပ်ထွက်လို့ ရာဇသံပေးလိုက်ပါတယ်။အဲဒီလို ဘော့စ်က အကြပ်ကိုင် စော်ပစ်သွားတာလည်း ခံရလို့ ကျဉ်းထဲကြပ်ထဲရောက်ပြီး တိုင်ပတ်နေတဲ့ ရာဂျစ်ဗ်ဟာ မိတ်ဆွေတစ်ယောက်ရဲ့ ချိတ်ဆက်ပေးမှုနဲ့ ရေသန့်စက်ဝယ်မယ့်သူကို ရှာတွေ့ခဲ့ပေမဲ့ အဲဒီ ဝယ်သူရဲ့အိမ်ကိုရောက်တဲ့အချိန်မှာ ကိစ္စတစ်ခုနဲ့ ပက်ပင်းတိုးခဲ့ရပြီး ရာဂျစ်ဗ်ရဲ့ဘဝ ပိုမိုရှုပ်ထွေးကာ ဘဝတဆစ်ချိုးပြောင်းလဲသွားရပုံကို ဟာသဖောက်ပြီးတင်ဆက်ထားတာကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခံစားရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 1.9GB / 866MB Quality…WEB DL 1080p / 720p Format...mp4 Duration….1h 54m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

FryDay (2018)

Genres

Archives