Channel Myanmar

New releases (2025)

Content at random


Movies

Radhaamadhavam (2024) 7
Radhaamadhavam (2024) Radha Madhavam 2024 အတ္တကြားကစတေးခံနှလုံးသားIMDb - 8.7/10Bollywood အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ကို မျှော်လင့်နေတဲ့ချစ်ပရိသတ်တို့အတွက် သာမန်ချစ်ကြိုက်ညား romanceနဲ့မတူဘဲ မေတ္တာနဲ့သစ္စာကို အလေးပေးရိုက်ကူးထားတဲ့ တေလဂူဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ကျေးရွာဇနပုဒ်လေးတစ်ခုက MCCဆိုတဲ့ ပြန်လည်ထူထောင်ရေးစင်တာတည်ထောင်သူ ရာဒါဆိုတဲ့မိန်းကလေးရဲ့ အချစ်ဇာတ်လမ်းလေးပေါ့။ပရဟိတသမားတစ်ယောက်ရဲ့ နှလုံးသားကိုနားလည်ချင်ရင် တစ်စုံတစ်ယောက်ကို ကိုယ့်ဘဝထက်ပိုပြီး ချစ်ကြည့်လိုက်စမ်းပါတဲ့။ ဒါဆို မိသားစုရဲ့ အိမ်ထောင်ဦးစီးနေရာကို လျစ်လျူရှုလို့ လမ်းဘေးမှာမူးရူးနေတဲ့ ယမကာလုလင်တစ်စုကို လိုလေသေးမရှိကူညီနေတဲ့MCCစင်တာ၊ ယောက်ျားဖြစ်သူ သားဖြစ်သူတွေ အသိတရားပြန်ဝင်သွားလို့ အဆင်ပြေအောင် ကူညီပေးခဲ့တဲ့ ရာဒါတစ်‌ယောက် ဒီMCCစင်တာကို စထောင်ဖြစ်ခဲ့တဲ့အကြောင်းရင်း တစ်နည်း ရာဒါနဲ့မာဒါဗာတို့ရဲ့အချစ်ဇာတ်လမ်းက ဘယ်လိုစခဲ့လဲဆိုတာကို ဒီဇာတ်ကားလေးမှာ ရှုစားရမှာပါ။ရာဒါနဲ့မာဒါဗာဟာ ငယ်စဉ်ကျောင်းသားအရွယ်ကတည်းက ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းနှစ်ယောက်၊ ရာဒါကတော့ ခင်မင်ရုံပဲဆိုပေမဲ့ အဲဒီအချိန်ကတည်းကတော့ မာဒါဗာကတော့ တိတ်တခိုးချစ်နေခဲ့ရသူပါ။ ဒါပေမဲ့ ရာဒါရဲ့အဖေဖြစ်သူရဲ့ အမျိုးဇာတ်ကွာခြားမှု မူဝါဒတွေ ရိုက်သွင်းခံရပြီးမှာတော့ ရာဒါတစ်ယောက် ပြောင်းလဲပြီး မာဒါဗာနဲ့လည်း ဝေးကွာသွားခဲ့ရတာပေါ့။ဖူးစာပါရင် ဘယ်သူခွဲခွဲ တစ်ချိန်ချိန်တော့ ပြန်ဆုံရသလိုပဲ ရာဒါနဲ့မာဒါဗာတို့ ပြန်ဆုံချိန်မှာတော့ မာဒါဗာရဲ့အချစ်တွေ မပြောင်းလဲခဲ့သလို ရာဒါလည်း သူတောင်မသိလိုက်ဘဲ အချစ်တွေ ...
movie

Radhaamadhavam (2024)

2024
Peach Blossom Origin (2023) 5.0
Peach Blossom Origin (2023) Peach Blossom Origin (2023)====================ခူရွီးနဲ့ ရှန်းဂူ စစ်ပွဲတွေမှာ နဂါးနီအစည်းအရုံးက အရေးနိမ့်ပြီး လူပြည်လောကကနေ နှောင်ထုတ်ခံလိုက်ရပါတယ်...နတ်ဆိုးနယ်မြေလို့ သတ်မှတ်ထားတဲ့ မီးတောက်နယ်မြေက ခေါင်းဆောင်ယန်ကတော့ ဒါကို လက်မခံနိုင်ဘဲ တစ်ချိန်လုံး လူ့ပြည်လောကကို ပြန်သိမ်းပိုက်ဖို့ ကြိုးစားနေတာပေါ့ဒါပေမယ့် အဲ့လို လူပြည်ကို ပြန်သွားဖို့ဆိုရင် အစောင့်အရှောက်မြေပုံ လိုပါတယ်အဲ့အစောင့်အရှောက်မြေပုံကို သူတော်စင်တွေက ဘယ်မှာ၀ှက်ထားကြလဲနတ်ဆိုးတွေက ဘယ်လိုရအောင်ရှာပြီး လူလောကကို ချုပ်နှောင်ဖို့ကြိုးစားကြမလဲဆိုတာကို ကြည့်ကြရမှာပါ..( ဘာသာပြန်ပြီး အညျွန်းရေးသားထားသူကတော့ Chen ပါ )File size_(1.4GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:12:00 Genre_Action Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Chen
movie

Peach Blossom Origin (2023)

The Old Garden (2006) 6.5
The Old Garden (2006) The Old Garden (2006) - အညွှန်းဒီတစ်ခေါက်မှာဝောာ့ CM ပရိသတ်ကြီးကို ၁၉၈၀ ခုနှစ်ကာလ တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှု‌တွေကို နောက်ခံထားပြီးရိုက်ကူးထားတဲ့ Korean Old Movie ကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဟျွန်းဝူကတော့ စိတ်အားထက်သန်တဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ပြီး ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေမှာလည်း မကြာခဏပါဝင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ အစိုးရဟာ ဆန္ဒပြသူတွေကိုရက်ရက်စက်စက် ဖြိုခွဲနှိမ်နှင်းရာကနေ ပုန်းရှောင်ထွက်ပြေးလာခဲ့တဲ့ ဟျွန်းဝူတစ်ယောက်ဟာ နယ်ဝေးရွာလေးတစ်ရွာကို ရောက်ရှိလာခဲ့ရင်း အဲဒီရွာလေးက ထက်မြက်တဲ့ ကျောင်းဆရာမလေး ဟန်ယွန်းဟီးနဲ့ ‌တွေ့ဆုံခဲ့ပါတော့တယ်။ရှုပ်‌ထွေးလှတဲ့အခြေအနေတွေကြားမှာ ဟျွန်းဝူနဲ့ ယွန်းဟီးတို့ကြားက ချစ်ခြင်းဟာ တဖြည်းဖြည်းပေါက်ဖွားလာခဲ့ပြီး ချစ်သူနှစ်ဦးဟာ အခက်အခဲတွေကို မသေချာမရေရာမှုတွေကြားက အတူတူကျော်လွှားဖို့ကြိုးစားကြပါတော့တယ်။ ဒါပေမဲ့ ကံအကြောင်းမလှစွာဘဲ ဟျွန်းဝူဟာ ပြန်လည်ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၇ နှစ်ကျသွားတဲ့အခါ..။ ဘာတွေများဆက်ဖြစ်ကြမှာလဲ။ ထောင်ကပြန်လွတ်မြောက်လာတဲ့ ဟျွန်းဝူကရော ဘယ်လိုပြောင်းလဲနေတဲ့အခြေအနေကို ကြုံတွေ့ရမလဲ ၊ ချစ်ရတဲ့ဆရာမလေး ယွန်းဟီးနဲ့ရော ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကို တမြေ့မြေ့နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. ...
movie

The Old Garden (2006)

2006
Dead Wrong (2024)
Dead Wrong (2024) Dead Wrong ( 2024 )ဒီရုပ်ရှင်က ဇာတ်က စစချင်း ဘာဇာတ်လဲဆိုတာ အသိရခက်တဲ့ပုံမျိုးနဲ့အရင်စပြီး တဖြည်းဖြည်းချင်း အထုပ်ဖြည်ဖြည်လာရင်း သူ့ကာရိုက်တာတွေကို development ကောင်းကောင်းလုပ်ထားတယ်။ စစချင်းကတော့ ဘယ်သူလူကောင်းလဲ လူဆိုးလဲ တော်တော်သိရခက်တယ်။ အကုန်လုံး ဂန်းစတားတွေ ဆေးရောင်းသမားတွေ သူတို့နဲ့ပတ်သက်နေတဲ့လူတွေချည်းပဲ။ အဲဒီကာရိုက်တာတွေရဲ့အလုပ်အကိုင်တွေ ပတ်သက်ဆက်နွယ်နေပုံတွေကို သူပြချင်တဲ့ဇာတ်ကြောင်းဆီ ချိတ်ဆက်သွားတာက ဇာတ်ကားအစကို တော်တော်တော့ စိတ်ဝင်စားစရာကောင်းစေခဲ့တယ်။ character developmentကောင်းတဲ့ ရုပ်ရှင်လို့တော့ ပြောရမှာပဲ။ ခမ်းကြီးနားကြီးရိုက်ထားတဲ့ ကားတော့မဟုတ်တော့ အရမ်းကြီးတော့ ပြည့်စုံမနေပေမဲ့ တော်တော်တော့ ကြည့်ကောင်းတယ် စိတ်ဝင်စားဖို့ကောင်းတယ်။ မှုခင်းဇာတ် စုံထောက်ဇာတ်ကြည့်ချင်နေတဲ့လူတွေနဲ့တော့ အံကိုက်လိမ့်မယ်။ Gone baby Gone လိုဇာတ်မျိုးကြိုက်တဲ့လူတွေလည်း ကြိုက်ကောင်းကြိုက်လိမ့်မယ်။ အဲဒီလောက်ကောင်းတယ်လို့တော့ မဆိုလိုဘူး။ဇာတ်ကတော့ မြို့လေးတစ်မြို့မှာ နာမည်ကျော်မူးယစ်ရာဇာတွေရှိတယ်။ သူတို့က လောင်းကစားကြွေးပိနေတဲ့ ကလေးမွေးစားရေးကိစ္စတွေကို အဓိကကိုင်တဲ့ ရှေ့နေတစ်ယောက်ကို သူတို့လူအဖြစ် ခြိမ်းခြောက်ပြီး အရသိမ်းသွင်းလိုက်ကြတယ်။ အဲဒီရှေ့နေက သူတို့အလုပ်တွေမှာ ဝင်မပါချင်ပေမဲ့ ရွေးစရာရှိတော့ဝင်ပါလိုက်ရတယ်။ သူက အဲဒီလက်ကနေလွတ်အောင်ကြံနေတယ်။တစ်ဘက်မှာလည်း မြို့ပေါ်က အာဏာအကြီးဆုံးမူးယစ်ရာဇာက သူ့သူငယ်ချင်းတစ်ယောက်ကို သူ့ကိစ္စတွေထဲ ဆွဲသွင်းခဲ့တယ်။ သူကလည်း သူ့မိန်းမနဲ့ကလေးနဲ့အတူတူနေနိုင်ဖို့ ငွေများများရအောင်ကြိုးစားဖို့ ဝင်သက်မိတယ်။ ဒီလိုနဲ့ အဲဒီလူက ...
movie

Dead Wrong (2024)

2024
Our Mother’s Secret Affair (2024) 6
Our Mother’s Secret Affair (2024) Our Mothers Secret Affair ( 2024 )မိသားစုတစ်ခုရှိတယ်။ ကျိကျိတက်ချမ်းသာလို လုပ်ငန်းကြီးထူထောင်ထားတဲ့ မိသားစုပေါ့။ သူတို့မိသားစုမှာ အမေရယ် သမီးရယ် သူ့မောင်ရယ်ရှိတယ်။ သူ့သမီးယောက်ျားကတော့ လုပ်ငန်းရှင်။ သူတို့လင်မယားရဲ့အိမ်ထောင်ရေးက ကျန်တာတွေတော့ အဆင်ပြေပေမဲ့ ကလေးမရနိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ သူ့ယောက်ျားက လမ်းသွားရင် ကားတစ်စီးးကို နောက်ကနေ ဝင်ကြုံးလိုက်မိတယ်။ ကားက စုတ်ပြတ်သတ်သွားတယ်။ ဟိုဘက်ကားပိုင်ရှင် မိန်းကလေးကို နောက်နေ့မှာ သူက ကားအသစ်တစ်စီးပို့ပေးလိုက်တယ်။ ဒီလိုနဲ့ သူတို့ရဲ့ဇာတ်လမ်းလေးက စခဲ့တယ်။ သူ့မိန်းမနဲ့မရနိုင်ခဲ့တဲ့ ကလေးတွေကိုလည်း ဒီမိန်းကလေးနဲ့ ရခဲ့တယ်။ ဒီနောက် ဒါကိုသူ့မိန်းမသိသွားတယ်။ ဗုံးဗုံးလဲသွားတယ်။ သူ့မိန်းမရဲ့မောင်နဲ့အမေကလည်း သူ့မိန်းကလေးကို ခြိမ်းခြောက်လာတယ်။ သူ့မိန်းကလေးက နောက်ဆုတ်ပေးလိုက်ရတယ်။ ဒီလိုနဲ့ မွေးလာတဲ့ကလေးနှစ်ယောက်မှာ တစ်ယောက်ကို သူနဲ့သူ့မိန်းမကယူ တစ်ယောက်ကို အဲဒီမိန်းကလေးကယူ ။ ကလေးတစ်ယောက်စီယူထားလိုက်ကြတယ်။ ဒီလိုနဲ့ ကလေးတွေကြီးလာတဲ့တစ်နေ့ ကလေးတွေသိသွားတဲ့အခါ သူတို့အိမ်တွင်းရေး ဇာတ်လမ်းမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဒီဇာတ်အဖွင့်မှာ စပြထားတယ်။ ဘယ်လိုဆုံးမလဲတော့ အကောက်တွေအကွေ့တွေကြား ကိုယ်တိုင်သွားကြည့်လိုက်အညွှန်း နဲ့ ဘာသာပြန်ကတော့ M ပဲ ...
movie

Our Mother’s Secret Affair (2024)

2024
Chinatown Cha Cha (2024)
Chinatown Cha Cha (2024) တရုတ်တန်း ဒိုင်ယာရီ(၂၀၂၄)ဂျိုင်ဖိဆွတ်အပြီးမှာလာမယ့် ထည်ဝါခမ်းနားချစ်ပုံပြင်များအတွဲ ၂ ရဲ့ လေးတွဲမြောက်က မင်းသမီးချောလေး Mint ရဲ့ ဒုတိယ movie ခြေလှမ်းဖြစ်တဲ့ Chinatown Cha Cha ဝါရင့်သရုပ်ဆောင်တွေနဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ဒီဟာသဇာတ်မြူးလေးကရော ဘယ်လိုတွေခွီရမလဲ ရှုစားကြပါဦး။တစ်မိသားစုလုံး တစ်မျိုးမဟုတ်တစ်မျိုး ချွတ်ချော်ကံဆိုးနေတဲ့မိသားစုရဲ့သမီးဖြစ်တဲ့ကီး သူ့ရဲ့ကံကောင်းပုံကိုပြောရမယ်ဆို မွေးမွေးချင်းမှာပဲ ဆရာဝန်လက်ထဲကချောပြီးပြုတ်ကျလို့ အူဝဲပေါက်စထဲက ကံတွေ မဟားတရား ဆိုးတဲ့ ကီးတစ်ယောက် ခုချိန်မှာလည်း စာတမ်းအတွက်အကြံမထွက်လို့ တိုင်ပတ်နေပြန်ပါပြီ။ဒီလိုနဲ့ ဘုရားကျောင်းမှာ ဝတ်သွားပြုရင်း သူ့အကြောင်းအကုန်သိနေတဲ့ ထူးဆန်းတဲ့အဘိုးကြီးနဲ့တွေ့ပြီး အတိတ်က ကျိန်စာဆိုတဲ့အရာကို သိလိုက်ရတဲ့အခါ... ကျိန်စာရဲ့အရင်းအမြစ် သူ့ရဲ့အဘေးဖြစ်တဲ့ခွန်၊ တစ်ချိန်ကနာမည်ဆိုးထွက်တဲ့ ဘိုင်ဆွန်ဂိုဏ်းခေါင်းဆောင်ဖြစ်နေပါသတဲ့။ ဒီကံဆိုးမှုတွေကနေ လွတ်ကင်းဖို့ ‌ကီးတစ်‌ယောက် အခေါင်းထဲဝင်အိပ်ရင်းကနေ အဘေးခွန်သက်ရှိထင်ရှားရှိနေတဲ့အတိတ်ကာလက ထိုင်ဆိုတဲ့လူရဲ့ခန္ဓာကိုယ်ထဲရောက်သွားပါတော့တယ်။ ကံဆိုးမှုတွေပပျောက်ဖို့ သူ့ရဲ့ဘဝပေးမစ်ရှင်ကို ကီးတစ်ယောက်ထမ်းဆောင်နိုင်ပါ့မလားဆိုတာ အခွီအလွဲလေးတွေနဲ့ရောစပ်လို့ ရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary & Char Ou ပဲ ဖြစ်ပါတယ်.Genre..... Action, Comedy, Drama Quality…. 1080p | 720p File size… ...
movie

Chinatown Cha Cha (2024)

Gam Gam Ganesha (2024) 7
Gam Gam Ganesha (2024) Gam Gam Ganesha (2024)"ဂျင်ပေါ်က ထုံးများ" =====================================Baby (2023) ရုပ်ရှင်ထဲက အချစ်ကံခေသူ သုံးဘီးဆရာလေး၊ ဗီဂျေးအသေးရဲ့ကလုန်း မင်းသား အာနန်ဒေဗီရာကွန်ဒါရဲ့ IMDb 7.7 ရထားတဲ့ အသစ်ထွက် အက်ရှင်ဟာသရုပ်ရှင်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ထဲမှာ ဇာတ်လိုက်ကတော့ ဂန်းနစ်ရှ်ဆိုတဲ့ တက်သစ်စ အချိန်ပိုင်း လူငယ်ဖောက်ထွင်းဝိဇ္ဇလေးပါ။ သူဟာ လုပ်ရည်ကိုင်ရည် သေသပ်လွန်းလို့ ဖောက်ထွင်းမှုတစ်ခါလုပ်တိုင်း တစ်ခါလူမိခံနေရတဲ့သူပေါ့။တစ်နေ့မှာတော့ ဂန်းနစ်ရှ်ဟာ ရွာတစ်ရွာရဲ့ ဘုရားပွဲထဲထဲမှာ ဖောက်ထွင်းမှုကြီးတစ်ခု ကျူးလွန်ဖို့ကြိုးစားနေတုန်းမှာ အဲဒီဘုရားပွဲထဲမှာပဲ ကိစ္စကြီးတစ်ခုလုပ်ဖို့ ကြံစည်နေတဲ့ လက်ရဲဇတ်ရဲအမတ်မင်းတစ်ယောက်ရဲ့ လက်မရွံ့လက်ပါးစေ ရူဒရာဆိုတဲ့ လူမိုက်တစ်ယောက်နဲ့ ထိပ်တိုက်တွေ့ပြီး ငြိကုန်ကြပါတော့တယ်။ဂန်းနစ်ရှ်က ဘာတွေခိုးဖို့ ကြံစည်နေတာလဲ၊ ရူဒရာကရောဘုရားပွဲထဲမှာ ဘာတွေလုပ်နေတာလဲ၊ ရူဒရာ့လို လက်မရွံ့တစ်ယောက်ကို ဂန်းနစ်ရှ် ဘယ်လိုရင်ဆိုင်မလဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.46GB / 1.17GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 20m Subtitle….Myanmar ...
movie

Gam Gam Ganesha (2024)

2024
Back to Black (2024)
Back to Black (2024) Amy Winehouse ကိုတော့ လူတော်တော်များများသိကြမယ်ထင်ပါတယ် မသိရင်တောင် သူ့သီချင်းတွေတော့ တစ်နေရာရာမှာကြားဖူးနေပါလိမ့်မယ် 2008 မှာ Grammy 5 ဆုဆွတ်ခူးနိုင်ခဲ့ပြီး 2006-2008 ဝန်းကျင်မှာ US ထိထိုးဖောက်နိုင်ခဲ့သူလည်းဖြစ်ပါတယ် စိတ်မကောင်းစွာနဲ့ဘဲ 2011 Amy အသက် 27 မှာတော့ alcohol အဆိပ်သင့်ပြီး နေအိမ်မှာပဲသေဆုံးခဲ့ပါတယ် ဇာတ်ကား နာမည် Back To Black ဆိုတာကတော့ သူ့ချစ်သူနဲ့ လမ်းခွဲထားချိန် ထွက်ရှိခဲ့တဲ့သီချင်း အမည်ဖြစ်ပြီး သူ့ဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်တွေဆီ ရောက်ရှိခဲ့တဲ့အကြောင်းပါ၊ဒီဇာတ်ကားက 2024 မှာထွက်ရှိထားပြီး သူ့ရဲ့ biography ကို Musical/Biography အနေနဲ့ ပြန်ရိုက်ထားတာပါ ဒီဇာတ်ကားမှာ Amy ရဲ့ စတင်အောင်မြင်လာတဲ့အချိန် ဖြတ်ကျော်ရတဲ့အခက်အခဲတွေ မူးယစ်ဆေးနဲ့ alcohol စွဲသွားတာတွေ Relationship ပြဿနာတွေအကြောင်း သေချာမီးမောင်းထိုးပြထားပါတယ် Marisa Abela က ...
movie

Back to Black (2024)

The Merchant of Venice (2004)
The Merchant of Venice (2004) အလယ်ခေတ် ၁၆ ရာစု ဝန်းကျင်မှာ ဥရောပဒေသတစ်လျှောက် ဖြန့်ကျက်နေထိုင်တဲ့ ဂျူးတွေက ဘာသာရေးအရ ခွဲခြားဖိနှိပ်ခြင်းကို ခံရပါတယ်။ ဖွံ့ဖြိုးလွတ်လပ်လှပါချည်ရဲ့ဆိုတဲ့ ဗင်းနစ်မြို့မှာတောင် ဂျူးဘာသာဝင်တွေက ခရစ်ယာန်ဘာသာဝင်တွေနဲ့ တန်းတူအခွင့်အရေး မရကြပါဘူး။ ဗင်းနစ်ရဲ့ 'ဂက်တို' လို့ခေါ်တဲ့ ရှေးဟောင်းဒေသတစ်ခုမှာပဲ ဂျူးလူမျိုးတွေကို စုစည်းနေထိုင်ခိုင်းပြီး ညနေ နေဝင်တာနဲ့ အဲဒီဒေသရဲ့ ဂိတ်တံခါးကို ခရစ်ယာန်တပ်တွေနဲ့ ပတ်လည်ဝိုင်း ပိတ်ချပါတယ်။နေ့ဘက်ဆိုရင် ဂက်တိုဒေသကနေ ထွက်ခွာတဲ့ ဘယ်ဂျူးမဆို ဂိတ်ရိုးကို ကျော်တာနဲ့ အနီရောင်ဦးထုပ်ကို ဝတ်ဆင်ရပါတယ်။ ခရစ်ယာန်တွေနဲ့ မရောသွားအောင်ပေါ့။ အဲဒီနည်းနဲ့ ဗင်းနစ်ရဲ့ ဥပဒေထဲမှာ ဂျူးတွေကို တရားဝင်ခွဲခြားထားတာပါ။ နောက်ပြီး ဘယ်ဂျူးမဆို စည်းစိမ်ဥစ္စာ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ ဒီတော့ ဗင်းနစ်မြို့မှာ နေတဲ့ ဂျူးဘာသာဝင်တွေက ဘာစီးပွားမှ လုပ်မရမဲ့ တူတူဆိုပြီး ရှိတဲ့ငွေကို အတိုးချေးစားကြပါတယ်။ အဲဒီငွေတိုးချေးစားတာကိုလဲ ခရစ်ယာန်ဘာသာမှာ တားမြစ်ပညတ်ထားပြန်တယ်။ဗင်းနစ်မြို့က ...
movie

The Merchant of Venice (2004)

Cruel Encounters (2023)
Cruel Encounters (2023) ဒီဇာတ်ကားကတော့ မိသားစုအမွေအရှုပ်အရှင်းတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးလိုက် ပြန်ခံရလိုက်နဲ့ လုံးချာလည်နေတဲ့မိသားစုကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ ဒေါ်လာဘီလီယံနဲ့ချီပြီးတန်ကြေးရှိတဲ့ကုမ္ပဏီကြီးရဲ့ပိုင်ရှင်ဟာ ကိုယ်ပိုင်လေယာဉ်နဲ့ခရီးသွားတုန်း လေယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့ပါတယ်။ဒီတော့လဲ ကျန်ခဲ့တဲ့မိသားစုဝင်တွေက ကျန်ခဲ့တာတွေမှန်သမျှကိုမောင်ပိုင်စီးဖို့ကြိုးစားတော့တာပေါ့။ ဒီလိုနဲ့တစ်ယောက်ကိုတစ်ယောက်ချောက်ချလိုက် အရှက်ခွဲလိုက်နဲ့အလုပ်ရှုပ်နေတုန်းမှာ သူတို့မသိသေးတာက လေယာဉ်ပျက်ကျတာက သွေးရိုးသားရိုးမဟုတ်ဘဲ တစ်စုံတစ်ဦးရဲ့ပယောဂကြောင့်ဖြစ်နေတာပါ။ ဒီလိုနဲ့ ထိုသို့လေယာဉ်ပျက်ကျအောင် ဘယ်သူလုပ်ခဲ့တာလဲ, ဘယ်လိုလှည့်ကွက်တွေနဲ့ နောက်ဆုံးမှာ ကုမ္ပဏီကို ဘယ်သူကရသွားမှာလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါဦး။File size…(1.5 GB)/(690 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre... Thriller, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

Cruel Encounters (2023)

End of the Rope (2023)
End of the Rope (2023) ကြိုးရဲ့အဆုံးတစ်ဖက် Rotten Tomatoes 76%အထိ ရရှိထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကတော့ ရင်ထဲမှာ လှိုက်ကနဲခံစားသွားစေရမယ့် အီမိုရှင်းအနိမ့်မြင့်အတက်ကျဖြစ်အောင် လုပ်ပေးနိုင်မှာတော့ သေချာပါတယ်။ စီအေဂျေကော့ဆန်ကတော့ တစ်မြို့လုံးရဲ့ အထင်ကြီးလေးစားမှုကို ခံနေရတဲ့ မြောက်ဒက်ကိုတာပြည်နယ်၊ Schaferမြို့က ရဲမှူးတစ်ဦးဖြစ်ပါတယ်။တဖက်မှာလည်း ချာလ်းစ်ဘန်နွန်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ သူကတော့ စီအေနဲ့မတူဘဲ တစ်မြို့လုံးရဲ့ မုန်းတီးခြင်းခံနေရသူဖြစ်ပါတယ်။ သူ့ရဲ့ဘဝလေးက ဇာတ်ကြောင်းတော့ မလှရှာပါဘူး သူ့ဖခင်ကိုယ်တိုင်က သူ့ကိုထားခဲ့ပြီး သူ့မိခင်ကလည်း သူ့ကိုအိမ်ပေါ်ကနေ နှင်ချထားတာပါ။ ဒီလိုကြုံရာကျပန်း လယ်အလုပ်တွေမှာ ဝင်လုပ်ရင်းနဲ့ နေထိုင်နေသူပါ။ ဘဝပေးကုသိုလ်ကံမကောင်းလှတဲ့ ချာလ်းစ်ကို တမြို့လုံးက သူ့ကို အကုသိုလ်ကောင်လေးလို့ သတ်မှတ်ကာ မုန်းတီးနေကြပါသေးတယ်။ဒီလို အမုန်းခံနေရတဲ့ ချာလ်းစ်အတွက် ပိုမိုဆိုးရွားတဲ့အဖြစ်ပျက်တစ်ခုက စောင့်ကြိုနေပါတယ်။ ထိုအရာကတော့ ရဲမှူး စီအေရဲ့သမီးတွေ ရှိနေတဲ့ အိမ်ကို မတော်တဆ မီးရှို့ပြီး သတ်လိုက်မိသွားပါတယ်။ စီအေတစ်ယောက်လည်း ဆုံးသွားတဲ့သမီးတွေအတွက် ပူဆွေးသောက ...
movie

End of the Rope (2023)

September Babies (2024)
September Babies (2024)  September Babies ရုပ်ရှင်ဟာ ၂၀၂၄ ထွက် ဂျာမနီ စကားပြော အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ညွှန်း: အဖွဲ့ တစ်ခုကထိန်းချုပ်နေတဲ့ လောကကြီးမှာ ဘွန်နီနဲ့ဘိုနို လို့ခေါ်တဲ့ ဘွန်နှစ်ယောက်ရယ် ညှင် ဆိုတဲ့လူတစ်ယောက်ရယ် ၁၂ နှစ်အရွယ် ဇီယာ ဆိုတဲ့ကောင်မလေးတစ်ယောက်ရယ်ရှိနေပါတယ်။ဇီယာဟာ အဖွဲ့က ကျွေးမွေးထားပြီး လေ့ကျင့်ပေးထားတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ဘွန်နှစ်ယောက်ရော ညှင်ရောက အတော်လေးကိုကျွမ်းကျင်တဲ့ လုပ်ကြံရေးသမားတွေဖြစ်ပါတယ်။ ဒါပေမယ့် ဇီယာမသိခဲ့တာက ခါးသီးတဲ့အမှန်တရားရှိနေတယ်ဆိုတာပါပဲ။ အဖွဲ့မှာ ပရင့်စ်(မင်းသား) ဆိုတဲ့လူတစ်ယောက်ရှိနေပြီး သူကပဲအကုန်လုံးကိုထိန်းချုပ်ထားပါတယ်။လက်တွေ့မှာ ၁၂ နှစ်အရွယ်ကောင်မလေးအတွက် ဒီလောကကြီးက ကြမ်းတမ်းလှပါတယ်။ အဲတော့ ဇီယာ ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် ဇီယာပြန်လာတဲ့အခါမှာတော့....File size…(741 MB)/(361 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre... Drama, Thriller, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lucifer
movie

September Babies (2024)

Part-Time Daddy (Tati Part Time) (2024)
Part-Time Daddy (Tati Part Time) (2024) Tati Part Time ဆိုတဲ့ဇာတ်ကားလေးက 2024 ခုနှစ်မှာထွက်ရှိလာတဲ့ကားသစ်လေးဖြစ်ပါတယ်။အလုပ်လုပ်တဲ့နေရာမှာ အမြဲတမ်းပေါ့ပျက်ပျက်လုပ်တတ်လို့ ခဏခဏအဆူခံရတဲ့ lustin ဆိုတဲ့ရှေ့နေလေးဆီကို အမေဖြစ်သူက lustin ခေါင်းကိုင်ဖခင်လုပ်ပေးရမယ့် 8 နှစ်အရွယ် ကလေးမလေးတစ်ယောက်ကိုခေါ်လာပြီး တစ်လတိတိကြည့်ရှုစောင့်ရှောက်ပေးရမယ်လို့ပြောပြီး ကလေးမလေးကိုသူ့ဆီထားခဲ့ပါတယ်။ကလေးမလေးကလဲ ခေသူမဟုတ်တဲ့စွာစိလေးဖြစ်နေတဲ့အခါ ရှေ့နေလေး lustin ဟာ ကလေးကိုလည်းထိန်းရ အလုပ်လည်းလုပ်ရသေးတာမလို့ ဘယ်လိုအလွဲလေးတွေကြုံရမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုလို့ရနိုင်မယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။File size…(2.1 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie

Part-Time Daddy (Tati Part Time) (2024)

The Couch : Black Girl, Erupted (2023)
The Couch : Black Girl, Erupted (2023)  IMDb 6.5 ရထားတဲ့ဒရာမာရုပ်ရှင်ကားကောင်းလေးပါ။ ရိန်နာဆိုတဲ့ လူမည်းအမျိုးသမီးတစ်ဦးက ဥပဒေကုမ္ပဏီတစ်ခုမှာ ရှေ့နေအလုပ်ကိုလုပ်ကိုင်နေပါတယ်။ ရိန်နာဟာ လုပ်ဖော်ကိုင်ဖက်တွေအကြားမှာ လူမျိုးရေးခွဲခြားမှုတွေ၊ ဘက်လိုက်မှုတွေကိုသည်းခံလာပြီး ရာထူးတက်ဖို့အတွက် ကြိုးစားနေတဲ့သူတစ်ယောက်ပါ။ရိန်နာတို့မိသားစုကလည်း ရှေးရိုးစွဲပြီး စံနှုန်းတွေကိုမြင့်မြင့်သတ်မှတ်ကြတဲ့မိသားစုပါ။ ရိန်နာမှာ ငယ်ငယ်ကတည်းက ပြိုင်ဆိုင်လာတဲ့ညီမတစ်ယောက်လည်းရှိပါတယ်။ ဒီလိုနဲ့ ရိန်နာဟာ လုပ်ငန်းခွင်မှာရော မိသားစုအကြားမှာပါ ဖိအားတွေကိုခံစားရပါများလာတဲ့အခါမှာတော့ ဒေါသ နဲ့ စိုးရိမ်စိတ်တွေကို မထိန်းချုပ်နိုင်တော့ဘဲ အရာရာ ကမောက်ကမဖြစ်ကုန်ပါတော့တယ်။ ရိန်နာဟာ သူမခံစားနေရတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် သူမ မလုပ်ချင်ဆုံးအရာတစ်ခုဖြစ်တဲ့ ကုထုံးဆရာ၀န်ဆီသွားပြဖို့ရာကို ရွေးချယ်လိုက်ရပါတော့တယ်။ရိန်နာတစ်ယောက် သူမရဲ့ပြဿနာတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းဖို့ကြိုးစားမလဲ၊ နောက်ဆုံးမှာရော သူမအတွက်မကောင်းတဲ့အရာတွေကို သူမ ပြင်ဆင်သွားနိုင်မလား၊ သူမရဲ့ဘ၀‌မှာ ဘာတွေဘယ်လိုဆက်ကြုံတွေ့ရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.3 GB)/(656 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:17:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

The Couch : Black Girl, Erupted (2023)

Three Dates to Forever (2023)
Three Dates to Forever (2023)  Online Dating ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ရှားပါသေးတယ်။ Tinder လို app ဟာ အောင်မြင်နေခဲ့တာ ကြာပါပြီ။ ရည်ရွယ်ချက်က ဖူးစာရှင် ရှာတွေ့နိုင်ဖို့ online ပေါ်ကနေ ရှာဖွေကြတာပါ။ဒီဇာတ်ကားကလည်း dating scene တွေအပေါ် မှီတည်ပြီးရိုက်ပြထားတာပါ။ ရေဒီယို ကြေညာသူ မက်ဒီက online dating လုပ်ဖို့ မပြောနဲ့ အလုပ်တွေထဲမှာသာ အာရုံအပြည့်ထည့်ထားသူ တစ်ယောက်ပါ။ Application အသစ်တစ်ခုဖြစ်တဲ့ Tripledate က သုံးကြိမ် ချိန်းဆိုပြီးတာနဲ့ ဖူးစာရှင် အစစ်ကိုတွေ့နိုင်မယ် မဟုတ်ရင် ငွေပြန်အမ်းမယ်လို့ ရဲရဲဝံ့ဝံ့ အာမခံပေးပြီး online dating scene ထဲ ဝင်လာဖို့ ကြိုးစားနေပါတယ်။Online dating ကို အယုံအကြည်မရှိတဲ့ မက်ဒီကလဲ ဒီ app ကို အလိမ်အညာဆိုပြီး ရေဒီယိုကနေ လှော်ပါတော့တယ်။ ...
movie

Three Dates to Forever (2023)

The Deep Dark (2023)
The Deep Dark (2023)  IMDB 5.7/10 ရရှိထားတဲ့ ပြင်သစ် Horror/Adventure ဇာတ်ကားလေးဖြစ်ပြီး ဆု ၁၃ ဆုနဲ့ nomination ၂၅ ခု ဝင်ထားပါတယ်။ horror ဆိုပေမဲ့ အကောင်အထည်မမြင်ရဘဲ ခြောက်တာမျိုးမဟုတ်ဘဲ သွေးထွက်သံယိုတွေနဲ့ တချို့အခန်းတွေမှာ jump scare အခန်းတွေ ပါတာမျိုးပါ။ဇာတ်လမ်းအကျဉ်းကို ပြောရရင် ကျောက်မီးသွေး မိုင်းတွင်းတူးဖော်တဲ့ အဖွဲ့တစ်ဖွဲ့ဆီကို ပါမောက္ခတစ်ယောက်က ရှေးဟောင်းတူးဖော်ရေး နမူနာတွေလိုချင်တယ်ဆိုပြီး ရောက်လာပါတယ်။ အထက်လူကြီးရဲ့အမိန့်နဲ့ ဘောနပ်စ်လည်း ပိုပေးမယ်လို့ဆိုတာမို့ ပါမောက္ခအလိုကျ သူလိုချင်တဲ့ အနက်အထိ ဆင်းပြီး မိုင်းတွင်းထဲ ခေါ်သွားမိတဲ့ အဖွဲ့ခမျာ သူတို့ကို ဘာတွေစောင့်ကြိုနေလဲဆိုတာကို မသိဘဲ အန္တရာယ်တွင်းထဲ သက်ဆင်းမိသွားရာမှာတော့...ပါမောက္ခလိုချင်တဲ့ နမူနာဆိုတာ ဘယ်လိုအရာများလဲ။ သူတို့ကို စောင့်ကြိုနေတဲ့ မမြင်နိုင်တဲ့ အန္တရာယ်ဆီကရော သူတို့တစ်ဖွဲ့လုံး လွတ်အောင်ပြေးနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦး။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်က Emily ပါ) File ...
movie

The Deep Dark (2023)

South Park: The End of Obesity (2024)
South Park: The End of Obesity (2024) ယခုအခါမှာတော့ South Park ရဲ့ special episode တစ်ခုဖြစ်တဲ့ The end of obesity ဆိုတဲ့ အပိုင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်... South Park ဆိုတာကတော့ လက်တွေ့ကမ္ဘာမှာဖြစ်နေတဲ့အကြောင်းအရာတွေအပေါ်မူတည်ပြီး လှောင်ပြောင်သရော်တဲ့ adult animation ဖြစ်ပါတယ်...ဇာတ်လမ်းအကြောင်းကတော့ ကတ်ဒ်မန်းဆိုတဲ့လူငယ်လေးဟာအဝလွန်ရောဂါဖြစ်နေတဲ့အတွက် Ozempic ဆိုတဲ့ဆေးကိုသုံးဖို့ဆရာဝန်ကညွှန်းပါတယ်... semaglutide ပါဝင်တဲ့ Ozempic ဆေးဟာ ဈေးကြီးလွန်းတဲ့အတွက် ကတ်ဒ်မန်းတို့မိသားစုမတတ်နိုင်ပါဘူး... အာမခံကုမ္ပဏီကလည်း လူနာမှာ ဆီးချိုရောဂါရှိမှသာ ဆေးဖိုးကိုကျခံပေးမှာဖြစ်ပါတယ်...Ozempic ဆေးဟာ ‌ဆီးချိုရောဂါအတွက်သာ FDA ထောက်ခံချက်ရရှိထားတာဖြစ်ပြီး အဝလွန်ရောဂါအတွက်မထောက်ခံထားလို့ပါ....တစ်ဖက်မှာလည်း သက်လတ်ပိုင်းအမျိုးသမီးတွေအကြား Ozempic, Mounjaro, Zepbound စတဲ့အဆီချဆေးတွေဟာ ရေပန်းစားလာခဲ့ပါတယ်...လူသုံးများလွန်းလို့ဆေးပြတ်တောက်တဲ့အထိပါဖြစ်လာပါတယ်.... ဒီတော့ ကတ်ဒ်မန်းဟာသူ့ရဲ့အဆီချဆေးရဖို့ဘယ်လိုလုပ်မလဲ....သူ့သူငယ်ချင်းတွေကဘယ်လိုကူညီကြမလဲ....ဆေးကိုအလွန်အကြူးသုံးစွဲနေတဲ့သက်လတ်ပိုင်းအမျိုးသမီးအုပ်စုကရော နောက်ထပ်ဆေးထပ်ရဖို့ဘယ်လိုလုပ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှူကြပါခင်ဗျာ....South Park ရဲ့ ဒီ End of obesity ဆိုတဲ့အပိုင်းဟာ တကယ့်လက်‌တွေ့ဘဝက semaglutide ဆေးနဲ့ပတ်သက်ပြီးလူကြိုက်များမှု...ဆေးပြတ်တောက်မှုအကြောင်းကိုရိုက်ပြထားတာပါ (၂၀၂၃-၂၀၂၄ ...
movie

South Park: The End of Obesity (2024)

Antigang : La Releve (2023)
Antigang : La Releve (2023) ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ပြစ်သစ် ရဲကားလေး တင်ဆက်ပေးလိုက်ပါတယ်... ရဲနှစ်ယောက် ရုပ်ရှင်တွေလိုမျိုး ဆိုပေမယ့် ဒီတစ်ခါက အဖေဖြစ်သူရယ် မျက်နှာကြောမတည့်တဲ့ ၁၄ နှစ်အရွယ်သမီးလေးရယ် ဇာတ်လမ်းပါ နီးလ်က အကြမ်းဖက်သမားတွေကြောင့် သူ့ရဲ့မိန်းမကို ဆုံးရှုံးလိုက်ရပြီး ရဲဝန်ထမ်းဘဝကနေပါ အနားယူခဲ့ရပါတယ်...၁၄ နှစ်အရွယ် သမီးဖြစ်သူ ရှားလော့က ဆရာမနိုင်၊ထိန်းကျောင်းရခက်တဲ့ ကလေးမလေးဖြစ်ပြီး တစ်နေ့မှာတော့ တစ်ချိန်က ရှားလော့ရဲ့ အမေကို သတ်သွားတဲ့ အကြမ်းဖက်အဖွဲ့ ပြန်ပေါ်လာတာကြောင့် နီးလ်က ရဲတပ်ဖွဲ့ရဲ့ အကူအညီမပါဘဲ ပြန်စုံစမ်းရဖို့ ဖြစ်လာကာ... သမီးလေးကလည်း အမေ့အတွက်် လက်စားချေမယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ ... ဒရာမာတွေ ခပ်ပါးပါးသာပါပြီး စိတ်ပြေလက်ပျောက်ကြည့်လို့ရမယ့် ဇာတ်လမ်းလေးကို အားပေးကြပါဦးလို့ ...File size…(1.4 GB)/(825 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre... Action, Drama, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Antigang : La Releve (2023)

Genres

Archives