Channel Myanmar

New releases (2025)

Content at random


Movies

Legacy of Rage (1986) 6.0
Legacy of Rage (1986)  ဒီတစ်ခေါက်ကတော့ ကွန်ဖူးအက်ရှင်ကားကြိုက်တဲ့ သူတွေအတွက် အပျင်းပြေစေမယ့် ရုပ်ရှင်လေးတစ်ကားပါ ၁၉၈၆ ခုနှစ်ကထွက်ခဲ့ပြီး ကွန်ဖူးရုပ်ရှင်လောကရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Bruce Lee ရဲ့ သားဖြစ်သူ Brandon Lee ခေါင်းဆောင်မင်းသားအနေနဲ့ ပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့ သာမာန် ကွန်ဖူးအက်ရှင် ဇာတ်လမ်းဆိုပေမယ့် Brandon lee ရဲ့ သရုပ်ဆောင်ကွက်တွေနဲ့ တိုက်ခိုက်ရေးဟန်တွေမှာ ဖခင်ဖြစ်သူရဲ့ ပုံရိပ်တွေကို ထင်ဟပ်နေတာကြောင့် Bruce Lee ကိုလေးစားအားကျရတဲ့သူတွေအတွက်တော့ အလွမ်းပြေစေမှာပါ။ Crow ဇာတ်ကားနဲ့ အောင်မြင်မှုတော်တော်ရခဲ့တဲ့ Brandon Lee ကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့လည်း ဒိရုပ်ရှင်ကြည့်ပြီး သူ့ကို ပြန်လည်အမှတ်ရစေဖို့ ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။T Hmue မှ ဘာသာပြန်၊ အညွှန်းရေးသည် File size…(1.8 GB)/(1 GB) Quality….Blu-Ray  1080p / 720p Format…mp4 Duration….01:30:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

Legacy of Rage (1986)

Dounia et la princesse d’Alep (2023) 6.8
Dounia et la princesse d’Alep (2023)  ကိုယ့်​မွေးရပ်​မြေမှာ ​နေထိုင်ဖို့ရာ မဖြစ်နိုင်​တော့လို့ နိုင်ငံကို အပြီးတိုင်စွန့်ခွာကြရတာ ဝမ်းနည်းစရာ​ကောင်းလွန်းပါတယ်။ ဆီးရီယား နိုင်ငံ ပရိပက္ခ​တွေကြား ​မွေးဖွားလာတဲ့ Dounia ​​​​လေးဟာ တ​​နေ့မှာ​တော့ လှပလွန်းတဲ့ သူမရဲ့ ​မွေးရပ်​မြေ Aleppoမြို့ ကို စွန့်ခွာဖို့ဖြစ်လာပါ​တော့တယ်။ကံ​ကောင်း​စေတဲ့ Barake စေ့​လေး​တွေကို လက်ထဲဆုပ်လို့၊ ကမ်းမမြင် လမ်းမမြင် ခရီးကြမ်းကို သူတို့ ​မြေးအဖွားတစ်စု ​လျှောက်ရပါ​တော့မယ်။ Dounia ​လေး အိမ်အသစ်ကိုရှာ​တွေ့ပါ့မလား။ တခြား​သော Dounia ​လေး​လို က​လေး​လေးတွေ​ရော ဘယ်နှ​ယောက်​တောင်ရှိ​နေဦးမလဲ။Syriaနိုင်ငံ Aleppoမြို့ဇာတိဖြစ်တဲ့ ဇာတ်လမ်းဖန်တီးသူ Marya Zarif အတွက် Dounia et la princesse d'Alep ဟာ သူမရဲ့ ဘဝတစိတ်တပိုင်းဆိုလည်း မမှားပါဘူး။ ဆီးရီးယန်း ရိုးရာ ယုံတမ်းပုံပြင်​တွေ၊ ရိုးရာ အစားအ​သောက်​​တွေ၊ ယဥ်​ကျေးမှု​တွေ၊ ယုံကြည်သက်ဝင်မှု​တွေကို ချစ်စဖွယ် ပုံ​ဖော်ဆွဲသားမှုများနှင့် မြိုင်မြိုင်ဆိုင်ဆိုင် ...
movie

Dounia et la princesse d’Alep (2023)

Disco Boy (2023) 6.4

Disco Boy (2023)

Hellboy (2004) 6.8
Hellboy (2004) Hellboy (2004) IMDb - 6.8/10 Genre - Action, Adventure, FantasyHell Boy ဆိုရင် အားလုံး သိကြတဲ့ အမှီးပါတဲ့ အနီရောင်လူသားကြီး ပေါ့သူ့ ဂျိုတွေကိုလဲ ဖြတ်ထားသေးတယ်...Hell Boy ဇတ်လမ်း အစက နာဇီ ခေတ်ကတည်းက လို့ ဆိုရမယ် ဟစ်တလာ က သူ့ တပ်တွေ အနိုင်ရဖို့ အတွက်မှော်ပညာရှင် အဖွဲ့အစည်းတစ်ခုကို စေခိုင်းပြီး ငရဲတံခါး ကို ဖွင့်ခိုင်းခဲ့တယ်...အဲ့ဒီတံခါးကနေ အတော်ဆုံး မကောင်းဆိုးဝါးတွေကို ဆင့်ခေါ်ပြီး ဟစ်တလာ ကမ္ဘာကို သိမ်းပိုက်မယ့်အကြံဆိုးနဲ့ပေါ့ ဒါပေမဲ့ အစိုးရ အဖွဲ့က အချိန်မှီ ရောက်လာပြီး တိုက်ပွဲတွေ ဖြစ်ပြီးနောက်ဟစ်တလာ ရဲ့ မကောင်းဆိုးဝါး အဖွဲ့လဲ အစ ပျောက်သွားခဲ့ပါတယ်...ဒါပေမဲ့ စစ်တပ် နဲ့ အတူ ပါလာတဲ့ ဒေါက်တာ ...
movie

Hellboy (2004)

2004
4K HEVC
Angrezi Medium (2020) 7.6
Angrezi Medium (2020) Angrezi Medium (2020)IMDb Rating (7.2/1)ဘောလိဝုဒ်ဖန်တွေအတွက် သဘာဝမင်းသားကြီး Irrfan Khan ရဲ့  Angrezi Medium (2020) ရုပ်ရှင်ကို တင်ဆက်လိုက်ပါတယ်။Hindi Medium (2017) နဲ့ဆက်စပ်မှုတော့မရှိပေမယ့် Theme တူပါတယ်။မိသားစု ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်မိသားစုတွေနဲ့အတူ ရယ်ရယ်မောမောနဲ့ ခံစားလိုက်ကြပါဦးဇာတ်လမ်းကတော့အိန္ဒိယမုန့်အချိုဆိုင်ပိုင်ရှင် လူလတ်တန်းစားတစ်ယောက်ဖြစ်တဲ့ ချမ်ပက်ဟာသမီးတစ်ယောက်နဲ့ မုဆိုးဖိုးတစ်ယောက်ဖြစ်ပါတယ်ငယ်စဉ်ကတည်းက မိခင်ဖြစ်သူဆုံးပါးသွားတဲ့အတွက် သူ့သမီးကို အဖေလိုရော အမေလိုပါ လိုလေသည့်မရှိရအောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ်ဒါပေမဲ့ သူ့သမီးဖြစ်သူ တာရူးဆီမှာတော့ ငယ်ငယ်ကတည်းက နိုင်ငံခြားသွားချင်တဲ့အိပ်မက်တစ်ခုရှိပါတယ်ဒီလိုနဲ သူ့သမီးအရွယ်ရောက်လာတဲ့အခါ အထက်တန်းကျောင်းပြီးတော့လန်ဒန်မှာ တက္ကသိုလ်ဆက်တက်ချင်တဲ့ အိပ်မက်ကိုလူလတ်တန်းစားချမ်ပက်တစ်ယောက် ဘယ်လိုကြိုးစားအကောင်အထည်ဖေါ်ပေးမလဲဆိုတာ......။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။) File size….(2 GB )/(1 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:25:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Zaw Htoo
movie

Angrezi Medium (2020)

2020
War of the Worlds (2005) 6.5
War of the Worlds (2005) War of the Worlds (2005)IMDb Rating  (6.5) / Rotten Tomatoes (76%)ဒီဇာတ်ကားက ဒါရိုက်တာကြီး Steven Spielberg ရဲ့လက်ရာဖြစ်ပြီး မင်းသား Tom Cruise , မင်းသမီး Dakota Fanning က ကလေးသရုပ်ဆောင်တို့အဖြစ် အဓိကပါဝင်ထားပါတယ်။ နာမည်ကြီး ဂန္တဝင်စာရေးဆရာ H.G Wells ရဲ့  Science fiction ဝတ္ထုဖြစ်တဲ့ " War of the Worlds ” ကိုရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ရေးဖာရာက သင်္ဘောကျင်းမှာ ကုန်တင်ကုန်ချလုပ်တဲ့ ကရိန်းအော်ပရေတာတစ်ယောက်။ သမီးတစ်ယောက် သားတစ်ယောက်ရှိပေမဲ့ ဇနီးဖြစ်သူနဲ့အိမ်ထောင်ကွဲနေတာကြောင့် သူနဲ့အတူမနေကြပါဘူး။ တစ်ရက် ဇနီးဖြစ်သူက သူ့ရဲ့နောက်ယောကျ်ားနဲ့အတူ ဘော်စတွန်မှာရှိတဲ့မိခင်ဖြစ်သူဆီသွားမှာမို့ ရေးဆီကို ရက်ပိုင်းလောက်နေဖို့ သားနဲ့သမီးကို လာပို့သွားပါတယ်။ သားဖြစ်သူက ဆယ်ကျော်သက်ဆိုတော့ ရေးနဲ့မတည့်ပေမဲ့ ဉာဏ်ကောင်းတဲ့သမီးငယ်လေးကတော့ အဖေကိုချစ်ရှာပါတယ်။အဲ့လိုနေနေကြတုန်းမှာပဲ ရေးတို့သားအဖတွေနေတဲ့နေရာမှာ လျှပ်စီးမုန်တိုင်းတွေတိုက် မိုးကြိုးတွေတရပ်စပ်ပစ်ပါတော့တယ်။ အကုန်ငြိမ်သွားတဲ့အချိန် မြေကြီးမှာ အက်ကြောင်းရာကြီးဖြစ်ပြီး ဘာမှန်းမသိတဲ့အရာကြီးတွေပေါ်လာပါတယ်.... ကမ္ဘာကြီးက ...
movie

War of the Worlds (2005)

4K HEVC
PT Sir (2024) 7
PT Sir (2024) PT Sir 2024 (ကာယဆရာ) IMDb - 7.6/10ကျောင်းတစ်ကျောင်းမှာ စာပေပိုင်းတင်မဟုတ်ဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာ, အားကစားကျွမ်းကျင်မှုတွေပါ သင်ကြားပေးကြတာကတော့ ကျောင်းတိုင်းရဲ့ ထုံးစံပါပဲ။ ကျောင်းတစ်ကျောင်းကတော့ နှစ်အစပိုင်းမှာ သင်ရိုးညွှန်းတန်းကို သေချာမသင်ဘဲ ကျောင်းပိတ်ခါနီးပြီဆိုတော့မှ အတင်းတွေ ဇွတ်သင်ရင်း အချိန်မလောက်တဲ့အချိန်မှာ ကာယအတန်းချိန်ကိုပါ မျက်စောင်းထိုးလာကြရင်း ကျောင်းရဲ့နှစ်စဉ်ပြုလုပ်မြဲဖြစ်တဲ့ အားကစားနေ့ကိုပါ ဖျက်သိမ်းဖို့အတွက် ဆရာ/ဆရာမတွေစုပြီး ကျောင်းအုပ်ကြီးကို ပြောကြပါတော့တယ်။ဒီအချိန်မှာ ကာယဆရာဖြစ်တဲ့ ကာနာဂါဗယ်လ်ကတော့ အားကစားနေ့ဖျက်သိမ်းတာကို လက်မခံဘဲ ပြန်လည်တိုက်ခိုက်ပါတော့တယ်။ကာယဆရာရဲ့အကြောင်းလေးကိုလည်း ပြောပြချင်ပါတယ်၊ ဗယ်လ်ဟာ ထူးခြားတဲ့ဇာတာခွင်နဲ့လာသူဖြစ်ပြီးတော့ သူဟာ အိမ်ထောင်မကျခင်မှာ ဒုက္ခအကြီးကြီးနဲ့ တွေ့ကြုံရနိုင်တယ်လို့ ဗေဒင်ဆရာက ဟောကြားခဲ့ပါတယ်။ ဒီအတွက်နဲ့ပဲ မိခင်ဖြစ်သူဟာ သူ့သားကို မျက်စိအောက်က အပျောက်မခံနိုင်ဘဲ အိမ်ထောက်ဖက်ကောင်းတွေ့နိုင်ဖို့အတွက် အမြဲကြိုးစားနေသူပါ။ ထူးဆန်းတာကတော့ ဇာတာခွင်တွက်ကြည့်လိုက်တဲ့အခါမှာ ဗယ်လ်ဟာ ဘယ်သူနဲ့မှ လိုက်ဖက်မနေတာပါပဲ။ ဗယ်လ်ကတော့ သူတို့ကျောင်းက အင်္ဂလိပ်စာဆရာမဖြစ်တဲ့ ဗာနသီကိုတော့ စိတ်ဝင်စားနေပါတယ်။ ဒီလို သူ့ရဲ့ထူးခြားတဲ့ဇာတာနဲ့ သူစိတ်ဝင်စားတဲ့ ဆရာမလေးနဲ့တွေ့တဲ့အခါမှာရော ရှေ့ဆက်အဆင်ပြေနိုင်ပါ့မလား ....ကာယဆရာတစ်ယောက်အနေနဲ့ သူ့ကလေးတွေအတွက် အားကစားနေ့ပြန်လုပ်ဖြစ်အောင် ဘယ်လိုတိုက်ခိုက်သွားမလဲ ....... ဆိုတာတွေကို ကြည့်ရှုရမယ့် ပေါ့ပေါ့ပါးပါး ...
movie

PT Sir (2024)

2024
Trouble Makers ( 2019 ) 5.7
Trouble Makers ( 2019 ) အိမ်ထောင်ရေးသက်တမ်းကြာလာတဲ့အခါ လင်မယားကြားမှာပြောစရာစကားတွေနည်းသွားပြီး သံသယတွေများလာတတ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ကိုယ့်ထင်ကြေးနဲ့သံသယတွေလျှောက်တွေးရင်း လင်မယားကြားမှာ မလိုအပ်တဲ့ပြဿနာတွေဖြစ်လာတဲ့အကြောင်း ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။မာစန်းဟာအသက်လတ်ပိုင်းရောက်လာတဲ့အခါ အရင်လိုမသန်စွမ်းတော့တာကြောင့် မိန်းမကိုအရင်လိုပျော်ရွှင်မှုတွေမပေးနိုင်ဖြစ်ရပါတယ်။ အဲဒါကမိန်းမဖြစ်သူက သူ့ကိုမချစ်တော့လို့လား အပြင်မှာတခြားတစ်ယောက်ရှိနေပြီလားဆိုပြီး သံသယဝင်ကာ အသက်ငယ်ငယ်သရုပ်ဆောင်မလေးကိုငှားပြီး ယောင်္ကျားကို စမ်းသပ်လိုက်မိတဲ့အတွက်အခြေနေတွေပိုဆိုးသွားခဲ့ပါတယ်။အစမ်းသပ်ခံလိုက်ရတဲ့ မာစန်းဟာလဲမကျေမချမ်းဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်ကိုပြန်ငှားပြီး မိန်းမကိုပြန်လက်စားချေဖို့စီစဉ်ပါတယ်။ တဖြည်းဖြည်းနဲ့ မိန်းမဖြစ်သူက သူများလက်ထဲပါသွားနိုင်တာကိုတွေးရင်း ကြောက်လာတဲ့အတွက် ရပ်တန့်ဖို့ကြိုးစားပေမယ့် သူနောက်ကျသွားပါပြီ။ မာစန်းတစ်ယောက် မဟေသီကိုပြန်ရအောင်ကြိုးစားခွင့်ပြန်ရနိုင်ပါဦးမလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Romance Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Trouble Makers ( 2019 )

Singappenney (2024)
Singappenney (2024) Singappenney (2024)"အာဂအမျိုးသမီးလေးများ"နိုင်ငံတကာအမျိုးသမီးများနေ့မှာ ရုံတင်ပြသခဲ့ပြီး အားပေးချီးကျူးမှုတွေရခဲ့တဲ့ တမီလ်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြတယ်။ ကလေးလေးတွေကို သူတို့ရည်မှန်းချက်တွေ မေးကြည့်ကြရင် ဆရာဝန်ကြီးဖြစ်ချင်တယ် အင်ဂျင်နီယာကြီးဖြစ်ချင်တယ် စသဖြင့် လူ့အသိုင်းအဝိုင်းက ဂုဏ်မြင့်ပါတယ်လို့ လက်ခံကြတဲ့အရာတွေကို စိတ်ကူးအိပ်မက်တတ်ကြတယ်။ မိန်းကလေးတစ်ယောက် သူ့ရည်မှန်းချက်ကိုအောင်မြင်ဖို့ဆိုရင်တော့ မိသားစုနဲ့ လူ့အဖွဲ့အစည်းတွေဆီက အခက်အခဲပေါင်း သောင်းခြောက်ထောင်ကို ကျော်ရဖို့ပိုများကြတယ်။ဒီလိုအခက်အခဲတွေကို ကျော်လွန်ပြီး ရည်မှန်းချက်ထိရောက်တဲ့ အမျိုးသမီးတွေကို "ဆင်ဂါပန်"လို့ခေါ်တယ်။ ဒီရုပ်ရှင်ထဲမှာလည်း အားကစားကိုချစ်မြတ်နိုးတဲ့ အမျိုးသမီးလေးတွေ မိသားစုနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ ဝေဖန်ပြစ်တင်မှု တားဆီးမှုတွေကြားက မိမိတို့အိပ်မက်ဆီကိုတက်လှမ်းဖို့ ကြိုးစားကြတာကို အားတက်ဖွယ် ကြည့်ရှုခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.48GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Singappenney (2024)

2024
[18+]Bikini Valley Car Wash (2020)
[18+]Bikini Valley Car Wash (2020) ဒီတစ်ခါ Dark Side က ညိုကီတွေကိုတင်ဆက်ပေးမယ့်ကားအကြောင်းမပြောခင် တစ်ခုလောက်အရင်မေးချင်ပါတယ်ညိုကီတို့ Friends စီးရီးထဲက ဘော်ဒါနှစ်ကောင် ဂျိုဝီနဲ့ချန်ဒလာတို့တူတူထိုင်ကြည့်ကြတဲ့ တီဗီအစီအစဉ်ကိုသိကြလားမသိဘူး Baywatch လို့ခေါ်တာလေ အဲ့အစီအစဉ်ကို သူတို့ဘာလို့ကြိုက်လဲဆိုတော့ စော်အလန်းလေးတွေကမ်းခြေမှာ ဘီကီနီနဲ့ပတ်ပြေးနေတာကို မကြိုက်တဲ့သူဘယ်သူရှိမှာလဲပေါ့ညိုကီတို့ထဲမှာလည်း ဂျိုဝီနဲ့ချန်ဒလာနဲ့ရင်ဘတ်ချင်းနီးလို့ ဂျက်ပင်ထိုးချင်တဲ့သူပါရင် အခုတင်ဆက်ပေးတဲ့ကားလေးကို ပြေးကြည့်လို့ရပါတယ်ဇာတ်လမ်းဇာတ်ကွက်လေးကလည်း အဘိုးအိမ်အပေါင်ဆုံးခံနီးမှာ မြေးမလေးက ကြံမိကြံရာကြံပြီး ကားရေဆေးဆိုင်ကို ဘီကီနီနဲ့ဆေးပေးမယ်ဆိုပြီး အကွက်ဆန်းကြီးလုပ်ပြပြီးတော့ အဘိုးရဲ့ချေးငွေကိုပြန်ဆပ်ဖို့ကြိုးစားပေးတဲ့အကြောင်းလေးပါပဲ ကောင်မလေးတွေ တူးပိစ်လေးတွေဝတ်ပြီး ကားကိုတိုက်ချွတ်ဆေးကြောပြနေပုံက ကိုယ့်မှာမရှိတဲ့ကားပါပြေးဆေးချင်စိတ်ပေါက်သွားလောက်အောင် လုပ်ပြမယ့်အကွက်တွေကို ခံစားနိုင်ဖို့ ခုပဲပြေးကြည့်ကြဖို့ ညွှန်းဆိုပေးချင်ပါတယ်....(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size… 2.58GB / 1.04GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Andrew Mason
movie

[18+]Bikini Valley Car Wash (2020)

2020
The Plot (2024)
The Plot (2024) The Plot (2024)****************အကွက်ကျကျ လူသတ်တဲ့ကားတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ထိပ်ထိပ်ကြဲတွေဖြစ်တဲ့ Kang Dong Won , Lee Jong Suk, Lee Mi Suk,Lee Moo Saeng တို့လို မင်းသားမင်းသမီးကြီးတွေ ပါဝင်ထားတဲ့The Plot ဆိုတဲ့ ရုပ်ရှင်က ကွက်တိဖြစ်မှာ အသေချာပါပဲ...ဇာတ်လမ်းအညွှန်း-ကြေးစားလူသတ်တဲ့အဖွဲ့အစည်းတစ်ခုရှိတယ်.....သူတို့က တခြားသူတွေလို ချောင်းမြောင်းသေနတ်နဲ့ ပစ်ခတ်တာမျိုးထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ပြီး သတ်ဖြတ်တာမျိုးတွေမလုပ်ဘူး...ဘာလို့ဆို ဒီလိုမျိုးလုပ်ရပ်တွေဟာ သဲလွန်စပေါင်းများစွာကျန်တတ်တာကြောင့်အလွယ်တကူ ရဲတွေခြေရာခံနိုင်ပြီး တရားခံကို အချိန်တိုအတွင်းဖမ်းဆီးနိုင်တာကြောင့်ပါပဲ..ဒါ့ကြောင့် သူတို့အဖွဲ့ဟာ အလုပ်အပ်သူရှိရင် ပစ်မှတ်ရဲ့ နေထိုင်မှုပုံစံကို စနစ်တကျလေ့လာပြီးမတော်တဆမှုပုံစံနဲ့သေသွားအောင် ဖန်တီးလေ့ရှိပါတယ်...ဉပမာ ယာဉ်မတော်တဆမှု၊ ဓာလိုက်သေဆုံးမှု၊ အမြင့်ပေါ်က မတော်တဆပြုတ်ကျမှု၊စသည့် မတော်တဆမှုပေါင်းများစွာပေါ့...ဒီလိုမတော်တဆမှုဖြစ်အောင် ဖန်တီးရတာ တကယ်တော့မလွယ်ပါဘူး...အလုပ်ဖြစ်မြောက်သွားရင်လည်း သူတို့အဖွဲ့ကို လုံးဝ ရဲတွေမရိပ်မိဘဲနေနိုင်သလိုအလုပ်အပ်တဲ့သူအတွက်လည်း သံသယဖြစ်စရာမလိုအောင် ဆက်လက်နေထိုင်နိုင်တာမို့အလုပ်အပ်ကြေးမြင့်မားလှသလို တကယ့်ထိပ်သီးနိုင်ငံရေးသမားတွေ စီးပွာရေးသမားတွေကသာသူတို့ကိုအလုပ်အပ်နိုင်တာမျိုးဖြစ်ပါတယ်...ဒီလိုနဲ့ ဒီကြေးစားအဖွဲ့ထဲက အဖွဲ့ဝင်တွေက သူတို့နည်းလမ်းအတိုင်း မတော်တဆမှုဖြစ်ဟန်တွေနဲ့ပြန်လည်အသတ်ခံလာရတဲ့အချိန်မှာတော့....မှုခင်းကားကိုမှ ခေါင်းစားရပြီး ...
movie

The Plot (2024)

Bridgend (2015) 5.5
Bridgend (2015)  ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တုန်းကဘရစ်ဂျန့်ဆိုတဲ့မြို့တစ်မြို့မှာ လူငယ်အနည်းဆုံး ၂၆ ခန့်ကကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခဲ့ကြတဲ့ဖြစ်ရပ်မှန်တစ်ခုရှိပါတယ်။ပိုထူးဆန်းတာကတော့ အဲ့လိုသေကြောင်းကြံတဲ့လူငယ်တွေအားလုံးထဲမှာတစ်ယောက်ကလွဲပြီးကျန်တဲ့သူတွေအားလုံးဆွဲကြိုးချသေခဲ့ကြတာပါပဲ။ရဲတင်ပြချက်တွေအရတော့ သေကြောင်းကြံတဲ့ဂိုဏ်းတစ်ခုကို အပြစ်တင်ရမယ်ဆိုပေမဲ့ တကယ်တမ်းအမှုတွေနဲ့ ဆက်စပ်နေတဲ့သက်သေတွေကိုတော့ မတွေ့ခဲ့ကြပါဘူး။အခုတင်ဆက်ပေးမဲ့ Bridgend ဆိုတဲ့ဇာတ်ကားကအဲ့ဒီအဖြစ်အပျက်ကိုပဲအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။IMDb Rating 5.4 နဲ့နိုင်ငံတကာကပေးအပ်ထားတဲ့ရုပ်ရှင်ဆုများစွာလည်းရရှိခဲ့ပြီး အဲ့ဒီဖြစ်ရပ်မှန်ကိုသည်းထိပ်ရင်ဖိုပုံစံလေးရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ဆာရာဆိုတဲ့ ကောင်မလေးကအဖေဖြစ်သူနဲ့ အတူတူဘရစ်ဂျန့်မြို့ကို ပြောင်းရွှေ့လာခဲ့ပြီးအဲ့ဒီမြို့က ကျောင်းမှာပဲ သွားတက်ရောက်ခဲ့ပါတယ်။အဲ့ဒီကျောင်းမှာဆာရာက ဂျိန်းမီဆိုတဲ့ကောင်လေးနဲ့သူ့အဖွဲ့တွေနဲ့ အဖွဲ့ကျသွားခဲ့ကြပြီး။ရေကန်ထဲ ကိုယ်တုံးလုံးရေဆင်းချိုးတာတွေအပြင် တခြားသောလူငယ်ဘ၀ပေါက်ကရတွေများစွာလည်း အတူတူလုပ်ခဲ့ကြပြီးပျော်ရွှင်နေခဲ့ကြပါတယ်။အဲ့လိုပျော်ရွှင်နေတာတွေကတစ်နေ့မှာတော့ အားလုံးအတွက် ပျောက်ကွယ်သွားတော့ပါတယ်။ဘာလို့လဲဆိုတော့ သူတို့အဖွဲ့ထဲက ကောင်လေးတစ်ယောက်က ဆွဲကြိုးချပြီးသေသွားတဲ့ သတင်းကိုကြားလိုက်ရလို့ပါပဲ။ဒါပေမယ့်လည်း လူငယ်ပီပီပဲခဏကြာတော့ မေ့ပျောက်သွားခဲ့ပြီး အရင်လိုပဲပြန်ကဲနေခဲ့ပါတယ်။ကဲလို့မကြာသေး သူငယ်ချင်းတွေတစ်ယောက်ပြီး တစ်ယောက်ဆွဲကြိုးချပြီးသေကြောင်းကြံနေကြတဲ့အခါမှာတော့ ဆာရာတို့လည်း ကြောက်လန့်လာပြီးအဲ့လိုဖြစ်ရပ်ဆိုးတွေကြားမှာ ရှင်သန်အောင်ဘယ်လိုကြိုးစားကြမယ်ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.61GB / 635MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 44m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Bridgend (2015)

100 Streets (2016) 5.8
100 Streets (2016)  မိသားစုတိုင်း ၊ လူတိုင်းမှာ ဖြေရှင်းစရာပြဿနာကိုယ်စီရှိကြပါတယ်။ တစ်ချို့ကျတော့လည်းဒီပြဿနာတွေ အရှုပ်ထုတ်တွေကြားထဲ နှစ်မွန်းရင်းတဝဲလည်လည်နဲ့ပဲ ဘဝကြီးကိုပြီးဆုံးသွားကြရတယ်။တစ်ချို့ကြတော့ ပြဿနာဖြေရှင်းပြီး လမ်းမှန်ပေါ်ကိုပြန်တက်လာနိုင်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ်သူတို့ကတော့ဘဝမှာကောင်းတာရော ဆိုးတာရောနှစ်ခုလုံးခံစားလိုက်ရတာဆိုတော့ တန်တယ်ပဲဆိုရမှာပေါ့။ဒီဇာတ်လမ်းမှာ မိသားစုသုံးစုရဲ့ အိမ်တွင်းရေးပြဿနာတွေကိုရိုက်ပြထားတာပါ။ အင်္ဂလန် ရပ်ဂ်ဘီဘောလုံးကပ္ပတိန်ဟောင်းဖြစ်တဲ့ မက်စ်မိုးက အရင်က‌‌အရမ်းတော်ခဲ့သလောက်အခုချိန်မှာ မိန်းမ နဲ့လည်းအဆင်မပြေ၊စီးပွားရေးဆိုတာကလည်း လက်ကျန်ဂုဏ်ရှိန်လေးနဲ့လုပ်စားနေရတယ်၊ ဒီကြားထဲ မိန်းမဖြစ်သူနဲ့‌ရောသားသမီးတွေနဲ့ပါ ခဏတာခွဲနေရတယ်။ နောက်မိသားစုတစ်ခုကျောင်းတွင်း ရပ်ဂ်ဘီဘောလုံးအသင်းရဲ့ လေ့ကျင့်ရေးဆရာလည်းဖြစ် အငှားကားမောင်းသူလည်းဖြစ်တဲ့ ဂျော့၊သူတို့မိသားစုကတော့ ကလေးအရမ်းလိုချင်ကြတယ်၊နောက်တစ်‌ယောက်တော့ မူးယစ်ဆေးရောင်းတဲ့ဘဝကြီးကိုစိတ်ကုန်နေတဲ့ ကင်းစ်လေ၊ မူးယစ်ဆေးလောကဆိုတာကဝင်ပြီးရင်ပြန်ထွက်ဖို့ခက်တယ်‌ေလ၊ တစ်ခါထောင်ကျဖူးတဲ့အပြင် မိခင်ဖြစ်သူ လည်းစိတ်မဆင်းရဲစေချင်တဲ့အတွက်ဒီလောကကနေထွက်ဖို့နည်းလမ်းရှာနေတယ်၊ သူတို့တွေအကုန်လုံး ဒီပြဿနာဆီကနေဘယ်လို‌ဖြေရှင်းပြီးရုန်းထွက်နိုင်မလားဆိုကတော့ဆက်လက်ကြည့်ရှုပေးပါဦး။ File size…1.40GB / 686MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 33m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

100 Streets (2016)

Dearly Beloved (2024) 5.5
Dearly Beloved (2024)  လူရယ်လို့ဖြစ်လာပြီးကတည်းက အသက်ရှင်နေထိုင်တဲ့ဘ၀တစ်လျှောက်မှာ လူသားတိုင်းကရှုပ်ထွေးမှုပေါင်းများစွာကို ကြုံတွေ့နေရတာပါပဲ။ကလေးဘ၀ကတည်းကအသက်ကြီးလာတဲ့ အချိန်အထိ ရှုပ်ထွေးမှုတစ်ခုမဟုတ်တစ်ခုတော့ရင်ဆိုင်ရမှာပါပဲ။ဒီလို ရှုပ်ထွေးမှုပေါင်းများစွာထဲကမှ ပျော်ရွှင်မှုကို ရှာဖွေရင်းနဲ့ ကိုယ်ရဲ့အသက်ရှင်သန်နေတဲ့ ဘ၀ကို အဓိပ္ပာယ်ရှိအောင် ကိုယ်တိုင်ကြိုးစားရမှာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့ ဖိလစ်ပိုင်ဇာတ်ကားလေးကလည်း ရှုပ်ထွေးမှုတွေကို ကျော်ဖြတ်ရင်း ဘ၀ရဲ့ပျော်ရွှင်မှုအစစ်အမှန်ကို ရှာတွေ့ခဲ့ကြတဲ့ ချစ်သူနှစ်ဦးအကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ဒရာမာ မိသားစုဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်ကားနာမည်ကတော့Dearly Beloved ပဲဖြစ်ပါတယ်။ဒီနဲ့မီတို့နှစ်ယောက်စလုံးက အိမ်ထောင်ကွဲထားကြသူတွေဖြစ်ပြီး နှစ်ယောက်လုံးမှာ သားသမီးကိုယ်စီရှိကြပါတယ်။ဒါပေမယ့် အဲ့ဒီသားသမီးဆိုတဲ့ ရှုပ်ထွေးမှုတစ်ခုကိုအတူကျော်ဖြတ်ကြရင်း သာယာတဲ့ အိမ်ထောင်လေးတစ်ခုကို တည်ထောင်ထားကြပါတယ်။ဒါပေမယ့်နှစ်ယောက်စလုံးက တရားဝင်မကွာရှင်းရသေးတဲ့အတွက်လက်တော့မထပ်ရသေးပါဘူး။ဒါပေမယ့် သူတို့နှစ်ယောက်ကြားက တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေအပြည့်နဲ့ သားသမီးတွေကလည်း အဆင်ပြေနေတော့သူတို့ရဲ့ ဘ၀လေးက ပျော်ရွှင်စရာကောင်းနေခဲ့ပါတော့တယ်။ဒါပေမယ့် ဒီလိုရှုပ်ထွေးမှုတွေ များလွန်းတဲ့ အိမ်ထောင်ရေးတစ်ခုက တစ်ချိန်ချိန်မှာ ပေါက်ကွဲတော့မဲ့ ဗုံးတစ်လုံးကိုလက်ထဲမှာ ကိုင်ထားရသလိုပါပဲ။ဒီလိုနဲ့ နောက်ပိုင်းမှာပြဿနာအသေးအမွှားလေးတွေကနေ ရှုပ်ထွေးမှုဗုံးကြီးပေါက်ကွဲသွားတဲ့အခါမှာတော့ ပြဿနာအကြီးကြီးတွေဖြစ်လာပြီး ဒီနဲ့မီတို့ချစ်သူနှစ်ယောက်ရှေ့ဆက်ဘယ်လိုတွေအတူတူကျော်ဖြတ်သွားကြမလဲဆိုတာကို ကြည့်ရှုရမဲ့ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…1.58GB / 726MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Drama Subtitle….Myanmar ...
movie

Dearly Beloved (2024)

Aranmanai 2 (2016) 4.4
Aranmanai 2 (2016) Aranmanai 2 (2016) ကျိန်စာသင့်ကလဲ့စား Imdb 4.4လက်ရှိမှာ ၄ကားထိထွက်ရှိထားပြီးတော့ တစ်ခေတ်တစ်ခါက ရုံတင်ကားဖြစ်ခဲ့ပြီး box office အနေနဲ့ ၃၉၀ မီလီယံရရှိခဲ့တဲ့ ဝက်ဝက်ကွဲလူကြိုက်များခဲ့တဲ့ သရဲကားတစ်ကားပါ‌ဘုရားကျောင်းပြုပြင်ဖို့ မြို့ကိုကာကွယ်ပေးထားတဲ့မယ်တော်ရုပ်ထုကို ခဏရွှေ့ဆိုင်းဖို့အကြောင်းဖန်လာတယ် ၁၀ရက်တာ ရတနာသေတ္တာထဲထည့်ပိတ်ထားရမှာဖြစ်ပြီး ဒီ၁၀ရက်အတွင်းမှာ မယ်တော်ရုပ်ထုကစွမ်းအားတွေပျောက်ဆုံးသွားမှာပါဒါအခွင့်အရေးကို အောက်လမ်းနဲ့ကမ္ဘာကြီးကိုအုပ်စိုးချင်ကြတဲ့ဘာဘာတို့အဖွဲ့က အမိအရအသုံးချပါတော့တယ် မယ်တော်ရုပ်ထုကိုဖယ်ပြီဆိုတည်းက အောက်လမ်းသုံးပြီး အိပ်ပျော်နေတဲ့ ပရလောကသားတွေကိုလှုပ်နှိုးခဲ့တယ် နိုးထလာခဲ့တဲ့ပရလောကသားတွေထဲမှာ သူတို့မကိုင်တွယ်နိုင်လောက်အောင်စွမ်းအားကြီးတဲ့မကောင်းဆိုးဝါးတစ်ကောင်ပါလာခဲ့ပါတယ် ထိန်းချုပ်မရတဲ့အဆုံး အုပ်လိုက်ထွက်ပြေးကြရင်း လူ့လောကထဲ ထွက်ပေါ်မလာသင့်တဲ့မကောင်းဆိုးဝါးတစ်ကောင်က ရောက်ရှိလာပါတော့တယ်ဒီ‌မကောင်းဆိုးဝါးကနိုးနိုးချင်းပဲ အိမ်ကြီးတစ်လုံးဆီ ရန်ငြိုးအပြည့်နဲ့ ဒေါသတကြီးထွက်သွားခဲ့တယ် သူတို့ကြားကဇာတ်လမ်းကဘာများဖြစ်မလဲ ဒီမကောင်းဆိုးဝါးကိုနှိမ်နင်းနိုင်သူရော ပေါ်လာပါ့မလားဆိုတာကိုတော့။။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ ToMo ~ V ~ Zwe Yan ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size… 4.78GB / 2.16GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ ToMo ...
movie

Aranmanai 2 (2016)

2016
Aranmanai (2014) 5.3
Aranmanai (2014) Aranmanai (2014) "ကျိန်စာသင့်ကလဲ့စား"IMDb 5.3ရုံတင်ငွေ သန်း ၂၂၀ ရခဲ့တဲ့ နာမည်ကြီး တမီးလ် ဟာသသရဲကား လေးကားမှ ပထမဆုံးရုပ်ရှင်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်မြို့စွန်တစ်နေရာက ခမ်းနားလှတဲ့ ဘိုးဘွားပိုင်စံအိမ်ကြီးတစ်လုံးရှိတယ် ဘယ်သူမှမနေတာကြာပြီဖြစ်တဲ့ ဒီအိမ်ကြီးကို အိုက်ယာနာ ဆိုသူက ဝယ်ဖို့လုပ်လာတော့စံအိမ်ကြီးရဲ့ အမွေခံသားသမီးသုံးယောက်ရဲ့ သဘောတူလက်မှတ်ရဖို့ လူလိုက်စုရတယ် တစ်ချိန်က မခေါ်မပြောတဲ့ မောင်နှမတွေလည်း အိမ်ကြီးကို ပြန်လာရတာရှိသလို ဘယ်ကမှန်းမသိတဲ့ စံအိမ်ပိုင်ရှင်အဘိုးကြီးရဲ့ မယားငယ်ရဲ့ မြေးဆိုသူကလည်း ပေါ်လာပါလေရောအမျိုးတွေစုံစုံလင်လင် စုဝေးနေတဲ့ အိမ်ကြီးမှာ ထူးဆန်းတဲ့ သဘာဝလွန်ခြောက်လှန့်မှုတွေ ဆက်တိုက် ကြုံလာရတဲ့အခါမှာ အိမ်ကိုရောင်းဖို့အရေး တစ္ဆေမရဲ့ အတိတ်ဇာတ်လမ်းကို အားလုံးပြန်လည်တူးဖော်ဖို့လုပ်ရင်းက …ဘယ်လိုတွေဆက်ဖြစ်မှာလဲ တမီးလ်သရဲကားတို့ရဲ့ ထုံးစံအတိုင်း အကြောက်တစ်ခါ အဖောက်တစ်လှည့်တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးကို အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Zwe Yan ~ KKKZ တို့ ဖြစ်ပါတယ် File size… 4.74GB / 2.23GB Quality…WEB ...
movie

Aranmanai (2014)

2014
We Grown Now (2023) 7.1
We Grown Now (2023)  We Grown Now ရုပ်ရှင်ကတော့ အမေရိကန်နိုင်ငံရဲ့လူမည်းအိမ်ရာစီမံကိန်းမှာ မွေးပြီး ကြီးပြင်းလာကြတဲ့ဆယ်ကျော်သက်သူငယ်ချင်းနှစ်ယောက်ရဲ့ သူတို့ကြုံတွေ့ရတဲ့ ပြဿနာတွေကို ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။မာလစ်နဲ့ အဲရစ်တို့သူငယ်ချင်းနှစ်ယောက်ဟာဘဝရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့အခါ ရိုးသားတဲ့ကလေးတွေရဲ့ စိတ်နှလုံးသားတွေအကြောင်း၊သူတို့ရဲ့ရုန်းကန်မှု၊ သူတို့ရဲ့စူးစမ်းလေ့လာလိုစိတ်နဲ့ဘဝအိပ်မက်တွေအကြောင်း ထိထိမိမိမြင်တွေ့လာရတာပါ။ လက်လုပ်လက်စားမိသားစုမှာအရွယ်ရောက်လာတဲ့ တကယ့်လက်တွေ့ဘဝထဲကကလေးငယ်တွေအကြောင်း သရုပ်ဖော်တင်ဆက်ထားတာဖြစ်ပြီး ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…1.20GB / 534MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

We Grown Now (2023)

Hindi Medium (2017) 8.0
Hindi Medium (2017) Hindi Medium (2017)IMDb Rating (7.8 )/ Rotten Tomatoes (83%)"မိဘတိုင်းက သူတို့ သားသမီးတွေကို ကိုယ်ရည်ကိုယ်သွေး တောက်ပြောင် စေချင်တယ်။" "အထူးသဖြင့် သူတို့ထက်ပိုသာစေချင်ကြတယ်။" ***************************************** Bollywood မှာ ဒိတ်ဒိတ်ကြဲ မင်းသားတွေ အများကြီး ရှိတဲ့ ကြားကနေ Irrfan Khan က မတူကွဲပြားတဲ့ပုံစံနဲ့ နာမည်ကြီးအောင်မြင်တဲ့မင်းသားတစ်လက်ပါပဲ။ Bollywood တင်မက Hollywood ထိအောင်မြင်တဲ့ မင်းသားတစ်ယောက်။ အထူးသဖြင့် The Lunchbox (2013) မှာလည်း ပရိတ်သတ် အကြိုက်တွေ့ခဲ့ပါတယ်။ ဒီရုပ်ရှင်ကားမှာလဲ လိုက်ဖက်တဲ့ဇာတ်ကောင်အဖြစ် မြင်တွေ့ကြရမှာပါ။Hindi Medium ဆိုတော့ မြန်မာလိုဆိုရင် ဟန္ဒီလူလတ်တန်းစားပေါ့ ဟုတ်ပါတယ် ကိုယ်တိုင် ပညာရေးမှာ မထူးချွန်ခဲ့တော့ ကိုယ်တွေလို သမီးလေးကို ပညာရေးမှာ မထူးချွန်မှာ စိုးရိမ်လွန်နေတဲ့ ရာဂျ် ဘတ်တရာ နှင့် မီတား ဘတ်တရာ တို့ဟာ သူတို့ သမီး ပညာရေး အတွက် ဘက်ပေါင်းစုံကြိုးစားခဲ့ပါတယ်။ဒေလီမြို့ရဲ့ ထိပ်တန်းကျောင်းတွေမှာ ကျောင်းအပ်ခွင့်ရဖို့ နေရပ်ကနေ လူ့အထက်တန်းစားတွေကြားထဲကို ပြောင်းရွှေ့နေထိုင်ကြတယ်။ လူလတ်တန်းစား ...
movie

Hindi Medium (2017)

2017

Genres

Archives