Channel Myanmar

New releases (2025)

Content at random


Movies

Croupier (1998) 7.0
Croupier (1998)  Croupier ဇာတ်ကားဟာ ၁၉၉၈ ခုနှစ်ကထွက်ခဲ့တဲ့Crime Drama ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဝါရင့် မင်းသား Clive Owen အဓိကပါဝင် သရုပ်ဆောင်ထားတဲ့စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးတစ်ခုပါ။ဇာတ်ကားထဲမှာ Clive သရုပ်ဆောင်ထားတဲ့ Jack ဟာနာမည်တစ်ခုရဖို့ ကြိုးစားနေတဲ့ စာရေးဆရာတစ်ယောက်ပါ။သူလမ်းကြောင်းပျောက်နေတုန်း သူ့အဖေက သူ့ကိုကာစီနိုတစ်ခုမှာ ဖဲဝိုင်းကိုင်တစ်ယောက်အနေနဲ့အလုပ်သွင်းပေးခဲ့ပါတယ်။ အဲဒီအလုပ်က သူ့ရဲ့တည်ငြိမ်နေတဲ့ဘဝကို ဘယ်လိုရှုပ်ထွေးစေမှာလဲ ဘာတွေ ထိခိုက်စေမှာလဲသူ ရုန်းထွက်နိုင်မှာလား သူပဲ ကြုံလာတဲ့ ပြဿနာတွေကိုအရှုံးပေးလိုက်ရမလား အမြတ်ထုတ်သွားမလားဆိုတာကိုစိတ်ဝင်စားဖွယ် ခံစားရမှာ ဖြစ်ပါတယ်ဖဲဝိုင်းကိုင်းတစ်ယောက်ရဲ့ ခံစားချက်၊ ကာစီနိုရဲ့ သဘောသဘာဝ၊လူတွေရဲ့ စိတ်နေစိတ်ထား စတာတွေကို ထင်သာအောင်ရိုက်ပြထားလို့ စိတ်ဝင်စားဖို့ အတော်ကောင်းတဲ့ကားလေးတစ်ကားဖြစ်ပါတယ်,.......... File size…1.99GB / 966MB Quality…Blu-Ray 1080p   / 720p Format…mp4 Duration….1h 34m Genre ….. Drama , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung
movie

Croupier (1998)

Querelle (1982) 6.6
Querelle (1982)  ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို rating 6.6/10အထိရရှိထားတဲ့( Querelle )ဆိုတဲ့ ဇာတ်ကားလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်..ဒီဇာတ်ကားကို ဒါရိုက်တာ Rainer Werner Fassbinder ကရိုက်ကူးပုံဖော်ထားပြီး မင်းသား Brad Davis , FrancoNero နဲ့မင်းသမီး Jeanne Moreau တို့က ပါဝင် သရုပ်ဆောင်ထားပါတယ် ဒီဇာတ်ကားက နိုင်ငံတကာအကောင်းဆုံးရုပ်ရှင်ဆု(Jupiter Award) , အကောင်းဆုံး ဇာတ်ဝင်တေးဆု(Razzie Award ) စတဲ့ဆုတွေကိုလည်း သိမ်းပိုက်ရရှိထားပါတယ်....ဇာတ်လမ်းအကျဉ်းကတော့ LGBT တစ်ယောက်ဖြစ်တဲ့ရေတပ်အရာရှိ လက်ဖ်တင်နင် ဆဲလ်ဘွန်က ဘရက်စ်မြို့ကိုဆိပ်ကမ်းကပ်ပါတယ် အဲ့ဒီအချိန်မှာ ရေတပ်သားလေးတစ်ယောက်ဖြစ်တဲ့ကော်ရယ်တစ်ယောက် ဘရက်စ်မြို့ရဲ နာမည်ကြီးဖယ်ရီယာပြည့်တန်ဆာစံအိမ်ရဲ့ သူဌေးမဖြစ်တဲ့ လီဆန်ဆိုတဲ့ အမျိုးသမီးနဲ့အိမ်ထောင်ကျနေတဲ့ အစ်ကိုဖြစ်သူ ရော့ဘတ်ကို တွေ့လိုက်ပါတယ်ဒါပေမဲ့ထူးဆန်းတာက လီဆန်ဆိုတဲ့အမျိုးသမီးရဲ့ယောကျ်ားဖြစ်သူနိုနိုး ဆိုတဲ့ အားကောင်းမောင်းသန်ဗလကြီးကလည်း အဲ့ဒီစံအိမ်ကြီးမှာပဲနေပါတယ် နောက်ပြီးသူက ယောကျ်ားချင်း လိင်ဆက်ဆံရတာကိုအထူးကြိုက်နှစ်သက်သူ တစ်ဦး ဖြစ်ပါတယ် အဲ့ဒါအပြင် အဲ့ဒီဖယ်ရီယာစံအိမ်မှာ ...
movie

Querelle (1982)

Folk Tales of Treasure ( 2024 ) 5.7
Folk Tales of Treasure ( 2024 ) တုန်းပေ စန်းသောက်ရွာမှာ မိသားစုလေးတစ်စုရှိပါတယ် ။ သူတို့မိသားစုလေးက အစကတော့ အေးအေးချမ်းချမ်းနေထိုင်ကြပေမဲ့ တစ်နေ့မှာ သားဖြစ်သူက မြွေပါကတိုးဝါအသိုက်ကို မီးသွားရှို့ရာကနေ မြွေပါကတိုးဝါဆီက လက်စားချေခံရသလိုဖြစ်ပြီး အမေရောအဖေပါဆုံးပါးသွားပါတော့တယ် ။အဲဒီကလေးကို ရတနာစုဂိုဏ်းက ဂိုဏ်းချုပ်ကခေါ်ပြီး ပညာသင်ပေးရာက ရတနာစုသူ ခုံကျောင်းစူးဖြစ်လာခဲ့ပါတယ် ။ သူတို့ရတနာစုသူတွေက ကောင်းကင်နဲ့မြေကြီးရဲ့ သန့်စင်တဲ့ဝိညာဉ်နဲ့ ဖြစ်တည်လာတဲ့ရတနာတွေကိုပဲစုစည်းရတာပါ ။ ဒီလိုနဲ့ ခုံကျောင်းစူးအရွယ်ရောက်တော့ တောင်အောက်ဆင်းပြီး ရတနာစုဖို့လုပ်ပါတော့တယ်။သူနေရာအနှံ့သွားရင်း ရွာတစ်ရွာအရောက်မှ ာ ‌သူ့မိဘတွေကိုသတ်သွားတဲ့ ဟွမ်ဖိကျစ် ( မြွေပါကတိုးဝါ ) သောင်းကျန်းနေတယ်ဆိုတဲ့သတင်းကြားရပါတော့တယ် ။ တကယ်တမ်းသွားကြည့်လိုက်တော့ ပြဿနာတွေက ထင်သလိုမရိုးရှင်းမှန်းသိသွားချိန်မှာတော့..ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ပြီး ဘာတွေဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ပါဦး Filesize : 725 MB Quality : WEB-DL 1080p  Format : mp4 Genres : Thriller , Mystery Runtime : 1h 16 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded ...
movie

Folk Tales of Treasure ( 2024 )

I’ll Sleep When I’m Dead (2003) 5.8
I’ll Sleep When I’m Dead (2003)  I'll Sleep When I'm Dead ကတော့ ၂၀၀၃ ခုနှစ်ကထွက်ရှိခဲ့တဲ့မှုခင်းရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ထူးဆန်းတဲ့အခြေအနေတွေနဲ့သေဆုံးသွားတဲ့ညီဖြစ်သူအကြောင်းစုံစမ်းဖို့ ဇာတိမြေကိုပြန်လည်ရောက်ရှိလာတဲ့ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးအကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာတော့ လိင်ပိုင်းဆိုင်ရာအသုံးအနှုန်းတွေပါဝင်တာကြောင့် ကလေးငယ်တွေနဲ့အတူမကြည့်ရှု့သင့်ပါဘူး။ တစ်ချိန်က တစ်မြို့လုံးကဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ရတဲ့ ရာဇဝတ်ဂိုဏ်းဆောင်ဟောင်းဝီလ်ဂရေဟမ်ဟာ အရာအားလုံးကိုစွန့်လွှတ်ပြီး တောအုပ်လေးတစ်ခုထဲမှာ အလုပ်သမားတစ်ယောက်အဖြစ်မထင်မရှားလာရောက်လုပ်ကိုင်နေခဲ့ပါတယ်။ တစ်ရက်မှာတော့အလုပ်ပြုတ်သွားပြီးတဲ့နောက် ဘယ်သွားရမှန်းမသိဖြစ်နေတဲ့ဝီလ်ဟာ လမ်းမှာ ညီဖြစ်သူဒေဗီကိုမြင်တွေ့လိုက်ရပေမယ့်ထင်ယောင်ထင်မှားမြင်မိတာသာဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့စိတ်ထင့်သွားတဲ့ဝီလ်ဟာ ဒေဗီဆီဖုန်းဆက်ကြည့်ခဲ့ပေမယ့်ဆက်သွယ်လို့မရတာကြောင့် မတတ်သာတဲ့အဆုံးမှာ ဇာတိမြို့ကိုပြန်လာခဲ့ရပါတော့တယ်။ ဝီလ်ပြန်ရောက်ချိန်မှာတော့ ဒေဗီကသေဆုံးနေခဲ့ပြီဖြစ်ပြီး သာမန်သေဆုံးမှုမျိုးမဟုတ်ဘဲသံသယဖြစ်စရာတွေများတာကြောင့် ဝီလ်ဟာ အကြောင်းရင်းမှန်ကိုသိရဖို့ စတင်စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဝီလ်ရဲ့ပြန်လည်ရောက်ရှိလာခြင်းက မြို့တွင်းမှာလက်ရှိမင်းမူနေတဲ့ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ဖရန့်ခ်တန်နာကို ထိတ်လန့်စေခဲ့ပြီးဖရန့်ခ်ကလည်း ဝီလ်ကို မြို့ကပြန်လည်ထွက်ခွာသွားအောင်အစွမ်းကုန်ကြိုးစားလာပါတော့တယ်။ File size…1.95GB / 837MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 43m Genre ….. Drama , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

I’ll Sleep When I’m Dead (2003)

The Slick Guy ( 2024 ) 5.7
The Slick Guy ( 2024 ) တစ်ခါတုန်းကဘုရင်ကြီးတစ်ပါးဟာ ရောဂါအပြင်းအထန်ဖြစ်နေတဲ့အတွက် ရောဂါအားလုံးကိုပျောက်စေနိုင်တဲ့နတ်ဆေးလုံးဝူကော်ကို တော်ဝင်သမားတော်၂ယောက်ကိုရှာဖို့စေလွှတ်ခဲ့တယ်။ (၁၅)နှစ်ကြာမှ သမားတော်၂ယောက်ဟာပြန်ရောက်လာပြီ း ဝူကော်ဆေးလုံးဟာ ၂မျိုးရှိနေပါတယ်။ တစ်လုံးကတော့ ရောဂါအားလုံးကိုပျောက်စေနိုင်တဲ့နတ်ဆေးဖြစ်ပြီးတော့ နောက်တစ်လုံးကတော့ကုရာဆေးမရှိတဲ့ အဆိပ်ဆေးလုံးဖြစ်နေပါတယ်။ဒီဆေးနှစ်လုံးကိုဘယ်သူမှမခွဲခြားနိုင်တော့ မင်းကြီးဟာစွန့်စားပြီး ဆေးကိုစမ်းသောက်ကြည့်ရာကနေပြီးတော့ အသက်ရှင်နေရက်လှုပ်မရတဲ့ ရှင်ရက်နဲ့သေတဲ့အဖြစ်ကိုရောက်သွားခဲ့ပါတယ်။ သမားတော်နှစ်ယောက်ဟာလဲ ပြစ်ဒဏ်ပေးခံလိုက်ရပါတယ်။ အဲဒီအချိန်ကစပြီး နတ်ဆေးလို့ယူဆရတဲ့ဝူကော်ဆေးလုံးက ပျောက်သွားခဲ့ပါတယ်။ နောက်(၁၅)နှစ်ကြာသွားတဲ့အချိန်မှာ နတ်ဆေးလုံးကို ပြန်ရှာဖို့ကြိုးစားကြတဲ့အခါ အတိတ်က ရန်ငြိုးတွေဟာ ပြန်အသက်ဝင်လာပါတော့တယ်။ Filesize : 940 MB / 558 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Mystery Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Slick Guy ( 2024 )

The Rising Waves 3 ( 2021 ) 5.7
The Rising Waves 3 ( 2021 ) ပါးစပ်မပိတ်အောင်ကိုရယ်နေစေရမဲ့ မာမိသားစုရဲ့ဂယက်လှိုင်းတွေအကြောင်း တတိယကားဖြစ်ပါတယ်။ အရှေ့ ၂ ကားကိုလဲတင်ဆက်ပေးပြီးသားပါ ၃ ကားလုံးကိုဒီလင့်မှာ ကြည့်ရှုနိုင်ပါတယ်မာလျို့တို့မိသားစုဟာ မချမ်းသာပေမယ့် တည်ငြိမ်အေးချမ်းတဲ့ ဘဝလေးနဲ့ နေလာခဲ့တယ်။ ဒါပေမယ့် ဒီပျော်ရွှင်မှုလေးဟာ မာလျို့ရဲ့အဖေတစ်ယောက် ပတ်ဝန်းကျင်ကမကြားသင့်တဲ့ အတင်းအဖျင်းတွေကြားခဲ့တဲ့အချိန်အထိပဲတည်မြဲခဲ့တယ်။ပြဿနာကတော့ မြေးအဖိုးနှစ်ယောက်ရုပ်မတူရာကနေစတာပါပဲ။ မြေးအဖိုးနှစ်ယောက်ရုပ်မတူတဲ့အတွက် မြေးအရင်းမဖြစ်နိုင်ဘူးလို့ အတင်းအဖျင်းတွေပြောကြတဲ့အတွက် အဖိုးဖြစ်သူကမြေးနဲ့ DNAစစ်ကြည့်လိုက်တော့ သွေးသားမတော်စပ်ပါဘူးဆိုပြီးအဖြေထွက်လာခဲ့တယ်။ အဲဒီလိုနဲ့ချွေးမကိုအပြစ်တင်စွပ်စွဲပြီး နောက်တစ်နေ့မှာ မာလျို့တို့သားအဖက DNA ထပ်သွားစစ်ကြည့်လိုက်ပါတယ်။ အဲဒီမှာတင်ပြဿနာကပိုရှုပ်သွားတော့တာပါပဲ။ကလေးကမာလျို့ရဲ့သားအရင်းဖြစ်ပေမယ့် အဖိုးနဲ့သွေးမတော်ဘူးဆိုတော့ မာလျို့တို့သားအဖက သားအဖအရင်းမဟုတ်တဲ့သဘောဖြစ်သွားခဲ့တယ်။ ကဲ...... ဒီသပွတ်အူဇာတ်လမ်းရဲ့အဆုံးသတ်ဟာဘယ်လိုများဖြစ်နေမလဲ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Romance Runtime : 1h 16 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Rising Waves 3 ( 2021 )

Making Waves 2 ( 2021 ) 5.7
Making Waves 2 ( 2021 ) ပါးစပ်မပိတ်အောင်ကိုရယ်နေစေရမဲ့ မာမိသားစုရဲ့ဂယက်လှိုင်းတွေအကြောင်းဒုတိယကားဖြစ်ပါတယ်။ စုစုပေါင်းသုံးကားရှိပြီး ၃ ကားလုံးကို ဒီလင့်မှာကြည့်နိုင်ပါတယ်ဒီဇာတ်ကားမှာ တစ်ချိန်က မိုက်ခဲ့တဲ့ လူမိုက်ကြီးတစ်ယောက် ဈာန်လျှောသွားခဲ့ရတဲ့ ဘဝကို ပုံဖော်ပြထားခဲ့တာပါ..ဒီဇာတ်လမ်းလေးကို အကျဉ်းလေးကတော့. အစ်ကိုကြီးနောက်လိုက်ရင်း အသက်ကြီးလာတဲ့ လောကျစ်တစ်ယောက် လုံခြုံရေးတံခါးစောင့်ဘဝကို ရောက်သွားခဲ့တာပါပဲ.. သူက လုံခြုံရေးတံခါးစောင့်ဖြစ်တော့ တုန်းယိကရော တစ်ခုလတ်ကို ယူပြီး သူ့သားကို ထိန်းကျောင်းပြီး အလုပ်နဲ့လက်မပြတ်ခဲ့ဘူးပေါ့... သူတို့ရဲ့အစ်ကိုကြီးကတော့ မိန်းမလုပ်စာစားပြီး မိုက်ကြည့်ဖို့ ကြိုးစားနေခဲ့တာပေါ့...ဒါပေမယ့်လည်း စိတ်ကသာရှိတာ လူက အိုပြီလေ လူမိုက်အသစ်တွေနဲ့ ယှဉ်ထိုးဖို့မပြောနဲ့ ကြည့်တောင် မကြည့်နိုင်ရှာပါဘူး... ဒီလိုနဲ့ တုန်းယိတစ်ယောက် ကိုရီးယားက စက်ရုံကို သွားပြီး အလုပ်လုပ်ဖို့ဖြစ်လာတယ်... သူလည်း သွားရော သူ့မိန်းမတစ်ခုလတ်က အမူအကျင့်တွေပြောင်းနေတာကြောင့် လူမိုက်ကြီး ၂ ယောက်က စုံထောက်ဖြစ်လာခဲ့တာပေါ့.. ဒီလိုနဲ့ တုန်းယိမိန်းမနောက်မီးလင်းတာကို စုံစမ်းရင်း... ဘာတွေဖြစ်မလဲဆိုတာကို မပြောတော့ဘူး..ဘဝအမောတွေကို ရယ်မောရင်းဖြေဖျောက်ဖို့ဇာတ်ကားလေးကို ကြည့်လိုက်ကြရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Romance Runtime : 1h 07 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Making Waves 2 ( 2021 )

Phalana Abbayi Phalana Ammayi (2023) 5
Phalana Abbayi Phalana Ammayi (2023) Phalana Abbayi Phalana Ammayi (2023) "အချစ်နယ် ကန့်သတ်ချက်"ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2023 ခုနှစ်ထွက် အိန္ဒိယတေလူဂူးဘာသာစကားပြော အချစ်ဟာသရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကို Srinivas Avasarala ရိုက်ကူးပေးထားပြီးတော့ Naga Shaurya နဲ့ Malvika Nair တိုက အဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ဆန်ဂျေးနဲ့ အာနူပါမာတိုနှစ်ယောက် ကောလိပ်မှာ ဆုံတွေ့ရာကနေ တဖြည်းဖြည်း ရင်းနှီးသွားပြီး အချစ်တွေနဲ့အတူ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကို အတူတူ တည်ဆောက်လိုက်ကြပါတော့တယ်။သူတိုနှစ်ယောက်ဟာ ကောလိပ်အပြီးမှာတော့ တူတူနေထိုင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ အဆင်မပြေ ဖြစ်လာရာကနေ လမ်းခွဲလိုက်ရပါတယ်။ ဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ဆန်ဂျေးတစ်ယောက် သူဖွင့်ထားတဲ့ စားသောက်ဆိုင်မှာ အာနူပါမာနဲ့ ပြန်တွေ့ဆုံရင်း သူတိုနှစ်ယောက်ကြား ဘာတွေ ဆက်ဖြစ်ကြဦးမလဲဆိုတာ‌ကိုတော့ ဒီဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးလို တိုက်တွန်းပါရစေရှင်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ် File size… 1.9GB / 847MB Quality…WEB DL 1080p / ...
movie

Phalana Abbayi Phalana Ammayi (2023)

2023
Raundal (2023) 7
Raundal (2023) Raundal (2023) "လယ်သမား"IMDb 7.2 ရထားပြီး အက်ရှင် ဇာတ်ကြမ်း အချစ်အလွမ်းတို ရောယှက်ထားတဲ့ အိန္ဒိယကျေးလက်ဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်ရှီဗာဟာ အမိမြေကို အလုပ်အကျွေးပြုချင်လို တပ်ထဲဝင်သွားပေမယ့် လေ့ကျင့်ရေးမှာ မလိုက်နိုင်တာရယ် အသက်ပြည့်သွားတာရယ်ကြောင့် ဝင်ခွင့်ကျသွားတော့ …ဘိုးဘွားပိုင် လယ် ၇ ဧကကို အထွက်တိုးအောင်လုပ်ပြီး တိုင်းပြည်ကို စိုက်ပျိုးရေးနဲ့ အလုပ်အကျွေးပြုဖို ဆုံးဖြတ်လိုက်တယ်စိုက်ပျိုးတာအောင်မြင်သလောက် ရိတ်သိမ်းရောင်းချဖိုကျ အခက်အခဲရှိတာကို သိရပြီး စက်ရုံပိုင်ရှင်တစ်ယောက်က သူတိုရွာကိုမှ ခွဲခြားနှိမ်ထားတဲ့ အကြောင်းတစ်ခုကလည်း ရှိနေပြန်တယ်သူ့အိပ်မက်အကောင်အထည်ဖော်ဖို ကြိုးစားရပုံတွေနဲ့အတူ တစ်ဖက်မှာလည်း ဘေးအိမ်က အထာတွေပေးနေတဲ့ ကောင်မလေးနဲ့ရော ဘယ်လိုဇာတ်လမ်းဆက်မှာလဲ အချစ်နဲ့ ဘဝ ဘက်မျှမျှ တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါကြောင်းအညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Alex ~ KKKZ တို ဖြစ်ပါတယ် File size… 3.2GB / 1.4GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Raundal (2023)

2023
Furiosa: A Mad Max Saga (2024) 7.8
Furiosa: A Mad Max Saga (2024) ကမ္ဘာကျော် Mad Max ရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ ဖြူရီအိုဆာ လာပါပြီ။ ဒါရိုက်တာ ဂျော့မေလာ ရိုက်ကူးထားပြီး မင်းသမီး အာညာတေလာဂျွိုင်း နဲ့ ခရစ်ဟမ်းဆွာ့တို့ ပါဝင်ထားပါတယ်။IMDb 7.8 အထိ ရရှိထားတာမို့ ရုံတင်ကားတွေထဲမှာတော့ အကောင်းစားလို့ပြောရမှာပါပဲ။ Mad Max နဲ့ မပူးပေါင်းခင် ဖြူရီအိုဆာရဲ့ ရာဇဝင်ကို ပြန်ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ Mad Max ဇာတ်ကား(၄)ကားစလုံးကို 4K BluRay နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။Mad Max ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=mad+max မှာ Download ရယူပါ။)+++++++++++++++++++++++Mad Max ဇာတ်ကားအကုန်လုံးအတွက် ပြည့်စုံလှတဲ့ အောက်ပါအညွှန်းကို International Movie News – IMN Facebook Page ကနေကူးယူဖော်ပြလိုက်ပါတယ်။+++++++++++++++++++++++Mad Max: Fury Roadဒီ review ကို မဖတ်ခင် အရင်ဆုံး မေးခွန်းတစ်ခု မေးချင်ပါတယ်။ “သင် ...
movie

Furiosa: A Mad Max Saga (2024)

4K HEVC
Vinveli Devathai (2023) 6
Vinveli Devathai (2023) Vinveli Devathai 2023 ချစ်ခြင်းငယ်ပြိုင်ကျောင်းသားအချစ်ဇာတ်လမ်းတွေကို သဘောကျသူတွေအတွက် တမီလ်ကျောင်းသားအချစ်ဇာတ်လမ်းလေး တင်ဆက်ပေးချင်ပါတယ်။ ငယ်ချစ်နှစ်တစ်ရာမမေ့သာဆိုတဲ့ ခရစ်ရှ် ၊ နောက်မှဆုံပေမဲ့ နွေးထွေးမှုပေးနိုင်တဲ့ အာကက်ရှ်နဲ့ ဗန်နီလာဆိုတဲ့ကောင်မလေးတို့ကြားက 3 ပွင့်ဆိုင်ချစ်ဇာတ်လမ်းကို ရှုစားရမှာပါ။ဖခင်ကအမြဲနှိပ်စက်ရိုက်နှက်တတ်သလို အမေကလည်း အဖေ့ကိုမနိုင်တဲ့အတွက် အိမ်ဆိုတာငရဲပမာဖြစ်နေတဲ့ ဗန်နီလာတစ်ယောက် ကျောင်းမှာသူ့ကိုကာကွယ်ပေးတဲ့ကိုကြီး ခရစ်ရှ်ဟာ သူ့အတွက်တစ်ကမ္ဘာပါပေါ့။ဒါပေမဲ့ အတ္တတွေကြားမှာ အချစ်ဦးနဲ့လွဲချော်ရဖို့ဖြစ်လာပြီး နွေးထွေးတဲ့ရင်ခွင်ပိုင်ရှင် အာကတ်ရှ်နဲ့ထပ်ဆုံရဖို့ဖြစ်လာတဲ့အခါ....တစ်ဖက်က အာကာသယာဉ်မှူးဖြစ်ချင်တဲ့ အိပ်မက်ကတစ်ဖက်၊ ချစ်သူနဲ့မိသားစုရေးရာတွေကတစ်ဖက်နဲ့ ဗန်နီလာတစ်ယောက် သူ့ရဲ့ရည်မှန်းချက်အတွက် ဘယ်လိုကြိုးစားမလဲ‌ဆိုတာ ရှုစားကြပါဦးစို့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File size…2.37GB / 969MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Vinveli Devathai (2023)

2023
Son of Batman (2014)
Son of Batman (2014) Son of Batman (2014) IMDb: 6.7/10 Rotten Tomatoes: 64% Genre: Animation/Action/AdventureSon of Batmanဟာ ၂၀၁၄ ခုနှစ်ထွက် DC Animated Original Movies ရဲ့ အခု ၂၀ မြောက် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ထွက် "Batman and Son" comic ကိုအခြေခံထားတာဖြစ်ပါတယ်။ ဘတ်မန်းရဲ့ သားဖြစ်တဲ့ ဒေမီယမ်ဝိန်း ကိုမိတ်ဆက်တဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ အဖေနဲ့သားရဲ့ချစ်စဖွယ် ဇာတ်လမ်းလေးပေါ့ဗျာ :)ဇာတ်ညွှန်း League of Assassins ဦးဆောင်နေသူဟာ ရေရှယ်ဂူးလ် ဖြစ်တယ်ဆိုတာကို ဘတ်မန်းနဲ့ မစိမ်းသူတိုင်းသိပါတယ်။ ဘရုစ်ဝိန်းဆိုတဲ့ လူတစ်ယောက်မရောက်လာခင်အထိ ဆလိတ်ဝီဆင်လ်(Deathstroke) ဟာ ရေရှယ်ဂူးလ် ရဲ့ ညာလက်ရုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘရုစ်ဝိန်းရောက်လာတဲ့အချိန်မှာတော့ ဆလိတ်ကို လက်လွှတ်လိုက်တာသိကြမှာပါ။တစ်ရက်မှာတော့ ဆလိတ်ဝီဆင်လ်ဟာ ရေရှယ်ဂူးလ်တို့တည်ရှိနေတဲ့နေရာကိုလာရောက်တိုက်ခိုက်ခဲ့ပါတယ်။ သေမင်းကိုခဏခဏကလိမ်ကျပြီး အသက်ရှင်ခဲ့တဲ့ ရေရှယ်ဂူးလ် ဟာ ဒီတစ်ကြိမ်မှာတော့ အသက်ဆုံးခဲ့ပါတယ်။ ဒါပေမယ့် မသေပဲလွတ်သွားတဲ့လူနှစ်ယောက်ရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်ကတော့ တာလီယာနဲ့ ဒေမီယမ်တို့နှစ်ယောက် ဖြစ်ပါတယ်။ တာလီယာကတော့ရေရှယ်ဂူးလ်ရဲ့သမီးဖြစ်ပြီး ...
movie

Son of Batman (2014)

Unseen Enemy (2017)
Unseen Enemy (2017) Unseen Enemy (2017) IMDb - 7.3/10 Genre - Documentaryကမ္ဘာမှာ လူဦးရေတွေများပွား၊ လူမှုအဆင့်အတန်းတွေမြင့်တက်လို့ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ နောက်ကနေကပ်ပါလာတာကတော့ အမျိုးမျိုးသော အမည်မဲ့ကပ်ဘေးများပါပဲ။ ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း မတော်တဆသော်လည်းကောင်း ကပ်ဘေးဟေ့လို့ဆိုလိုက်တာနဲ့ ရင်စည်းပြီးခံရတာဟာလည်း ဖန်တီးသူလူသားတွေပါပဲ။လတ်တလောမှာဖြစ်ပွားခဲ့ပြီး၊ ဖြစ်ပွားနေဆဲဖြစ်တဲ့ ကိုဗစ်ဟာ ကမ္ဘာမှာဖြစ်ခဲ့တဲ့ တစ်ခုတည်းသော ရောဂါကပ်တော့ မဟုတ်ခဲ့ပါဘူး။ ဆားစ်ရောဂါ၊ H1N1 စသည်ဖြင့် ရောဂါကပ်ဘေးတွေအမြောက်အများမှာ အမျိုးမျိုးသော ဖြစ်ရပ်ပေါင်းများစွာနဲ့ ကျွန်မတို့ရင်ဆိုင်ခဲ့ကြရပြီးပါပြီ။ဒီ Documentary မှာတော့ နာမည်ကြီးရောဂါကပ်တွေမှာ ဘာတွေဖြစ်ခဲ့သလဲ ဘယ်လိုတွေကျော်လွှားခဲ့လဲ ဘာတွေကဖြစ်စေခဲ့လဲဆိုတာကို ကြည့်ရှုရမှာမို့ ရောဂါကပ်တွေနဲ့ပတ်သတ်တဲ့ အသိဉာဏ်ပြတင်းပေါက် တစ်ချပ်လှပ်ပေးလိုက်နိုင်မယ်လို့မျှော်လင့်ရင်း CM မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။File size…    2.8 GB /  1 GB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by ...
movie

Unseen Enemy (2017)

Twilight of the Warriors: Walled In (2024) 6
Twilight of the Warriors: Walled In (2024) Louis Koo ၊ Sammo Hung ၊ Richie Jen ၊ Lam Raymond စတဲ့ ဟောင်ကောင်မင်းသားတွေတစ်သီကြီးသရုပ်ဆောင်ထားတဲ့ အက်ရှင်ဝေဝေဆာဆာနဲ့ ဟောင်ကောင်မြို့ထဲက သီးခြားတံတိုင်းမြို့အကြောင်းအက်ရှင်ကားကိုတင်ပေးလိုက်ပါပြီ။ဇာတ်လမ်းကတော့ ၁၉ရာစုနှစ် ဟောင်ကောင်ရဲ့အုပ်ချုပ်ရေး မတည်ငြိမ်တဲ့ကာလကိုအခြေခံထားတာဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ မဟာမိတ်အဖွဲ့က ဟောင်ကောင်ကိုပထမဆုံးခိုလှုံခွင့်ရဆိပ်ကမ်းအဖြစ် သတ်မှတ်လိုက်တဲ့အတွက် ဟောင်ကောင်ကိုခိုလှုံလာတဲ့ ဒုက္ခသည်တွေအများကြီးရောက်လာကြတယ်။ဟောင်ကောင်ရဲ့တစ်ချို့အပိုင်းတွေမှာ အုပ်ချုပ်ရေးမဲ့တဲ့အနေအထားဖြစ်နေတဲ့အတွက် လူမိုက်အုပ်စုဂိုဏ်းတွေဖွဲ့ပြီး ပိုင်နက်ရဖို့ အင်အားပြိုင်တိုက်ခိုက် နေကြတဲ့အချိန်ဖြစ်တယ်။ ဒုက္ခသည်လူငယ်တစ်ယောက်က လူမိုက်ခေါင်းဆောင်တစ်ယောက်ကို ပြဿနာရှာမိရာကနေပြီးတော့ ကျိုလုံတံတိုင်းမြို့ကိုရောက်သွားပြီး ခိုလှုံရာကနေစတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းအများကြီးမပြောတော့ပါဘူး မင်းသားကြီးတွေနဲ့ အရည်အသွေးရှိရှိရိုက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် အက်ရှင်ကားကြိုက်သူတွေ ဟောင်ကောင်ဂိုဏ်းစတားကား ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်လို့ပဲပြောပါရစေ။ Filesize : 3.5 GB / 1.19 GB / 716 MB Quality : WEB-DL 2160p (4K), 1080p , 720p Format : mp4 Genres : Action , Crime , Thriller Runtime : 2h 5 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Twilight of the Warriors: Walled In (2024)

4K HEVC
LSD 2: Love, Sex aur Dhokha 2 (2024) 4.2
LSD 2: Love, Sex aur Dhokha 2 (2024) Love Sex Aur Dokha 2 (2024) အချစ် တဏှာနှင့် လှည့်စားခြင်းများဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2010 တုန်းက ထွက်ရှိထားတဲ့ Love Sex Aur Dokha ဇာတ်ကားလေးရဲ့ ဒုတိယကားဖြစ်တဲ့ Love Sex Aur Dokha 2 လေးပဲ ဖြစ်ပါတယ်ဒီဇာတ်ကားကိုတော့ Dibakar Banerjee က ရိုက်ကူးပေးထားပြီးတော့ သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်ပါတယ် အဲဒီထဲကမှ Naagin ဇာတ်ကားထဲမှာ မြွေမင်းသမီးလေး ရှီဗန်ညာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီးချောလေး Mouni Roy လည်း ပါဝင်တာမလို့ သူ့ရဲ့ပရိသတ်တွေကတော့ လက်မလွတ်တမ်း ကြည့်ရှု့သင့်တယ်နော်ဒီဇာတ်လမ်းထဲမှာဆိုရင် ခေတ်သစ်ဆက်ဆံရေးအရှုပ်‌အထွေးတွေ ခေတ်မီနည်းပညာတိုးတက်လာမှုတွေပါဝင်ပါတယ်ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ လျှို့ဝှက်ကင်မရာတွေနဲ့ မတူညီတဲ့ဇာတ်လမ်းသုံးခုကို အခြေခံထားသလို ခေတ်မီချစ်ခြင်းမေတ္တာ၊ ခင်မင်ရင်းနှီးမှုနှင့် မိမိကိုယ်ကိုရှာဖွေတွေ့ရှိမှုတို့၏ ရှုပ်ထွေးမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဘဝကို သရုပ်ဖော်ရိုက်ကူးထားတာမလို့ ဘာတွေများ စိတ်ဝင်စားစရာကောင်းစွာနဲ့ မြင်တွေ့ရမလဲဆိုတာ ဒီဇာတ်လမ်းလေးထဲမှာ စောင့်မျှော်ကြည့်ရှု့အားပေးကြပါဦးရှင့်အညွှန်းနဲ့ ဘာသာပြန်ကတော့ Cyrah ဖြစ်ပါတယ်ရှင် File ...
movie

LSD 2: Love, Sex aur Dhokha 2 (2024)

2024
Full Metal Jacket (1987) 8.3
Full Metal Jacket (1987) Full metal Jacket ( 1987 )IMDb Rating (8.3) / Rotten Tomatoes (90%)အမေရိကန်ဒါရိုက်တာတွေထဲ အတော်ဆုံးဆိုတဲ့ ဒါရိုက်တာတွေ တော်တော်တော့များတယ်ပေမဲ့ စတန်လေကူးဘရစ်ကတော့ အဲဒီအတော်ဆုံးတွေရဲ့ အတော်ဆုံးထဲကမှ အတော်ဆုံးလို့တောင် ပြောလို့ရလောက်ပါတယ်။ Genre ပေါင်းစုံရိုက်ခဲ့ပြီး ရိုက်ခဲ့သမျှလဲ သူ့Genreမှာသူ အနုပညာအရထိပ်ဆုံးက အောင်မြင်နေတဲ့ ရုပ်ရှင်တွေချည်းရိုက်ထားတဲ့သူပါပဲ။ သူ့ရုပ်ရှင်တွေဟာ ဟောလိဝုဒ်နယူးဝေ့ရဲ့ အရေးပါတဲ့ ရုပ်ရှင်တွေဖြစ်ခဲ့သလို ၂၀ရာစု ကမ္ဘာ့ရုပ်ရှင်ရဲ့ အရေးအပါဆုံး ရုပ်ရှင်တွေလည်းဖြစ်ခဲ့တယ်။ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးရုပ်ရှင်လို့လည်း ပြောကြတဲ့ Citizen Kaneရဲ့ ပဲ့ကိုင်ရှင် အော်ဆန်ဝဲလ်က သူ့အောက်မျိုးဆက်မှာ ကူးဘရစ်ဟာ တော်တော်အထင်ကြီးစရာကောင်းတယ်လို့ ပြောခဲ့ဖူးတယ်။ စပီးဘာ့ချ်, စကောဆေးစိ,ကော်ပိုလာ,လူးကတ်စ်,ကလင့်အိစ်ဝုဒ်, ကင်မရွန်း,ဝူဒီအယ်လန်, တင်ဘာတန်, တာရတန်တီနို ,ဒေးဗစ်လင်း, ပေါလ်သောမတ်အန်ဒါဆန်, ဝက်စ်အန်ဒါဆန်, အာရွန်နော့စကီး, နိုလန်, ရစ်ချက်လင့်လိတ်တာ, မိုက်ကယ်မန်း, ဒယ်တိုရို, ဂျော့အေရိုမီရို ...
movie

Full Metal Jacket (1987)

Thaaram Theertha Koodaram (2023) 7
Thaaram Theertha Koodaram (2023) Thaaram Theertha Koodaram (2023) သောကမျက်ရည်စက်များ IMDb- 7.8/10အမေဖြစ်သူက နောက်ယောကျ်ားယူသွားပြီး ပထွေးဖြစ်သူ နှင်ချခံထားရတဲ့ အကြွေးနွံနစ်နေတဲ့ အိမ်ခြေရာမဲ့ညီမနှစ်ယောက်။အခန်းခကလည်း မပေးနိုင်တဲ့အပြင် အကြွေးရှင်တွေကလည်း သတ်မှတ်ရက်အတွင်း အကြွေးကို ဆပ်ဖို အတင်းတိုက်တွန်းနေတဲ့အခြေအနေမှာ သူငှားနေတဲ့အခန်းရဲ့ ဘေးအခန်းက ကောင်လေး ဆန်ဂျေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ဆန်ဂျေးဆိုသူကတော့ နှစ်ကိုယ်ခွဲစိတ်ရောဂါခံစားနေရပြီးတော့ မိသားစုကနေ ပစ်ပယ်ခြင်းကို ခံထားရသူတစ်ဦးပေါ့။ ဒီလိုနဲ့ ဆန်ဂျေးဟာ အိမ်ခြေရာမဲ့ညီမနှစ်ယောက်ကို သူဟာ လူမှုစိတ်ဓာတ်အပြည့်အဝရှိသူပါဆိုတာကို သက်သေပြနိုင်ဖို ကူညီပေးဖို ကြိုးစားရင်းနဲ့ ဘယ်လိုတွေ ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် ဒရာမာရိုမန့်စ် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~V~Alex~ToMo တိုပဲဖြစ်ပါတယ်) File size…1.8GB / 736MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~Alex~ToMo
movie

Thaaram Theertha Koodaram (2023)

2023
[18+] Sisid Marino (2024) 6.3
[18+] Sisid Marino (2024) [18+] Sisid Marino (2024)==================အယ်လ်မာနဲ့ဆူဇန်တို့ဟာ ငယ်ချစ်တွေဖြစ်ပြီး အခုချိန်မှာသာယာတဲ့အိမ်ထောင်တစ်ခုကို တည်ထောင်ထားနိုင်ပါတယ်။ ဘ၀မှာတင့်တင့်တယ်တယ်နေနိုင်ဖို့အယ်လ်မာက သင်္ဘောသားအဖြစ်နှစ်တွေကြာ ပင်ပန်းဆင်းရဲခံခဲ့ရပြီး အခုချိန်မှာတော့ ငွေတွေကို ငါးဖမ်းလှေတစ်စီးထောင်၊ကျန်တာတွေကို အစုစပ်လုပ်ငန်းတစ်ခုမှာရှယ်ယာထည့်ထားပါတယ်။သူတို့ရဲ့သားဦးလေးဟာ ဝမ်းတွင်းပါရောဂါနဲ့သေဆုံးသွားခဲ့တဲ့နောက်မှာတော့ ဆူဇန်ဟာအရူးတစ်ပိုင်းဖြစ်သွားခဲ့ပြီး အဲ့ဒီအဖြစ်ကစလို့ သူတို့ဘ၀ထဲကို ကြမ္မာဂြိုလ်ဆိုးတွေစပြီး ဝင်ရောက်စပြုလာပါတော့တယ်။ သူတို့နှစ်ယောက်ကတော့ လိင်ကိစ္စကို coping mechanism တစ်ခုအဖြစ်အသုံးချပြီး ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုံးနဲ့ကင်းကွာလာတဲ့နောက်မှာတော့..။ ဒီဇာတ်ကားမှာလည်း Vivamax ရဲ့မျက်နှာသစ် မျက်နှာဟောင်းမင်းသမီးလေးတွေအစုံအလင်ပွဲကြမ်းထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2GB)/(950MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

[18+] Sisid Marino (2024)

[18+] Nurse Abi (2024) 5.8
[18+] Nurse Abi (2024) [18+] Nurse Abi (2024)===============ရွိုင်းဟာ ကြေငြာကုမ္ပဏီတစ်ခုရဲ့ ဂရပ်ဖစ်ဒီဇိုင်နာဖြစ်ပြီး လစာနည်းပြီး ဖိအားများလွန်းတာကြောင့်လုပ်ဖော်ကိုင်ဖက်တွေအလုပ်ထွက်ကုန်ကြပြီး သူတစ်ယောက်တည်း ပင်တိုင်တာဝန်ယူပေးနေရပါတယ်။တစ်နေ့တော့ အလုပ်ပင်ပန်းမှုဒဏ်နဲ့မေ့လဲသွားခဲ့ပြီးနိုးလာတဲ့အချိန်မှာ နတ်သမီးလေးတစ်ပါးကိုတွေ့ခဲ့ပါတယ်။သူအပြည့်အ၀ပြန်သတိရလာချိန်မှာတော့ အဲ့ဒီနတ်သမီးလေးဟာ သူတို့ရုံးခန်းရှိတဲ့အဆောက်အအုံက သူနာပြုမလေးတစ်ယောက်ဖြစ်ပြီး အက်ဘီလို့ခေါ်ကြောင်းသိခဲ့ရပါတယ်။ခြောက်သွေ့ငြီးငွေ့ဖွယ်သူ့ဘ၀ဟာ အက်ဘီကိုတွေ့ခဲ့ပြီးတဲ့နောက်အရောင်တွေစုံလာခဲ့ပြီး မနက်တိုင်းမှာအလုပ်ကိုလာဖို့တွန်းအားတွေအပြည့်နဲ့စိုပြေလာခဲ့ပါတော့တယ်။ဝါရင့်မင်းသမီးတွေကားရိုက်ကြဲသွားတဲ့နောက်မှာ Vivamax ကမင်းသမီးအသစ်လေးတွေ အင်တိုက်အားတိုက်ထုတ်ပြလာပါတယ်။ ဒီဇာတ်ကားမှာတော့ တောင့်တောင့်တင်းတင်းအကိတ်လေးတစ်ယောက်ဖြစ်တဲ့ Alessandra Cruz ကိုမိတ်ဆက်ပေးထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(670MB)/(300MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:47:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

[18+] Nurse Abi (2024)

Rooftop (2023) 5.5
Rooftop (2023) Rooftop (2023)===========မိုးအေးအေးလေးနဲ့စောင်ခြုံပြီးဇိမ်နဲ့ကြည့်ရမယ့် ရှယ်ကြမ်းတဲ့သရဲကားပါ။ အဆောင်ရဲ့အုပ်ထိန်းသူတွေကျောင်းအားလပ်ရက်ခရီးထွက်သွားတုန်း ပိတ်ရက်အိမ်မပြန်တဲ့အဆောင်နေကျောင်းသားတစ်စုကျန်ခဲ့ပါတယ်။ အဆောင်မှာသူတို့ချည်းပဲ လွတ်လွတ်လပ်လပ်ကျန်ခဲ့တာမို့ လူငယ်တွေပီပီ ခေါင်မိုးထပ်မှာသောက်ကြစားကြပျော်ကြပါးကြဖို့စီစဉ်ကြပါတယ်။တကယ်တမ်းတော့ခေါင်မိုးထပ်ဟာ တာဝန်ရှိသူတွေကလွဲလို့ဘယ်သူမှမတက်ရတဲ့တားမြစ်နယ်မြေပါ။ အဲ့ဒါကြောင့် သူတို့နဲ့ရွယ်တူကျောင်းစောင့်ကောင်လေးကို သိမ်းသွင်းပြီး သူ့ကိုပါအတူတူခေါ်ပြီး သောက်စားမူးယစ်ကြပါတယ်။အသောက်များလာ ညနက်လာတာနဲ့အမျှ အသိစိတ်တွေလွတ်ပြီးစကြနောက်ကြရာကနေ ကျောင်းစောင့် ပေါလ်ဟာခေါင်မိုးပေါ်ကလိမ့်ကျသေဆုံးသွားပါတော့တယ်။အဲ့ဒီကျမှ အမူးတွေပြေ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတဲ့ သူတို့တစ်စုဟာ အဆောင်မှာ မသိသလိုနေလိုက်ပြီး မနက်လင်းအလောင်းကိုရှာတွေ့တဲ့သူနဲ့ချော်လဲရောထိုင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါပေမယ့်လည်း အငြိုးကြီးလွန်း ဇပြင်းလွန်းတဲ့ ပေါလ်ကတော့ လိမ့်ကျသေတဲ့နေရာမှာမနေပဲ သူတို့တစ်အုပ်လုံးကိုကလဲ့စားချေတော့မှာပါ။ ခြောက်လှန့်ခန်းတွေ၊မိတ်ကပ်အထူးပြုလုပ်ချက်တွေ ပီပြင်ပြီး အစကနေအဆုံးအထိ ရင်မသည်းဖိုကြည့်ရမယ့် ဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:24:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Rooftop (2023)

Genres

Archives