Channel Myanmar

New releases (2025)

Content at random


Movies

Maximum Overdrive (1986) 5.4
Maximum Overdrive (1986) Maximum Overdrive (1982) Genre – Action, Comedy, HorrorIT တို့ The Shining တို့ Carrie တို့အပြင် တခြားနာမည်ကြီး စိတ်ဝင်စားစရာ ထိတ်လန့်ခြောက်ခြားဖွယ်အကြောင်းအရာတွေကို ရေးသားခဲ့ပြီး King of Horror လို့ ဂုဏ်ဘွဲ့ရထားတဲ့စာရေးဆရာ Stephen King ဆို မသိသူ မရှိလောက်ပါဘူး။ ဒီရုပ်ရှင်ကိုတော့ Stephen King ကိုယ်တိုင်သူ့ဝတ္ထုတို ဖြစ်တဲ့ Truck ဆိုတာကို အခြေခံပြီး ကိုယ်တိုင်ဒါရိုက်တာလုပ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်(သူ့ဘဝမှာ ဒီကားတစ်ကားပဲ ဒါရိုက်တာ လုပ်ခဲ့တာပါ) ဒါ့အပြင် လာလာချင်းခန်းမှာတောင်Cameo အနေနဲ့ ဝင်ပါထားပါသေးတယ်။ နောက်ထပ် ထူးခြားတဲ့အချက်ကတော့ဇာတ်ကားရဲ့ ဇာတ်ဝင်တေးတစ်ခုလုံးကို နာမည်ကျော် ရော့ခ်အဖွဲ့ဖြစ်တဲ့ AC/DC ကတီးခတ်ပြီး သူတို့သီချင်းတွေချည်းပဲ ရွေး အသုံးပြုထားတာပါ။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့ သူ့ခေတ်သူ့ဟာနဲ့သူ ခပ်ဆန်းဆန်း ပြောရပါမယ်။ကမ္ဘာဂြိုလ်ဟာ သင်းကွဲကြယ်တံခွန်တစ်ခုရဲ့ အမြီးနားကို ...
movie

Maximum Overdrive (1986)

Batman Unlimited: Mechs vs. Mutants (2016) 5.8
Batman Unlimited: Mechs vs. Mutants (2016) Batman Unlimited Mechs vs. Mutants(2016) IMDB: 5.8 Rotten Tomatoes: 90% Genre: Animation/Action/Sci-fiBatman Unlimited Mechs vs. Mutants ဟာ DC Animation ဇာတ်လမ်းတစ်ခုဖြစ်ပြီးBatman Unlimited ရဲ့သုံးကားမြောက် (သို့) နောက်ဆုံးကားဖြစ်ပါတယ်။အတော်လေးလည်းကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ ဇာတ်ညွှန်း ပင်ဂွင်းတစ်ယောက် ဘတ်မန်းရဲ့နယ်နှင်ခြင်းကိုခံလိုက်ရပြီး မစ္စတာဖရိဇ်ရဲ့ နယ်မြေကိုရောက်နေပါတယ်။သိတဲ့ အတိုင်း မစ္စတာ ဖရိဇ်ဆိုတာကလည်း အတိတ်မှာသနားစရာဇာတ်လမ်းတွေရှိခဲ့ပြီးဗီလိန်ဆိုတာထက် တစ်ယောက်တည်းနေချင်နေတဲ့ ကြေကွဲလူကြီးဖြစ်ပါတယ်။ခက်တာက ပင်ဂွင်းဆိုတာက လည်း အကျော်အခွလေးတွေနဲ့ ကုတုံးပေါ်ထိပ်ကွက်တဲ့ကောင်ခေါင်းကိုမှခေါက်တတ်တဲ့အကျင့်လေးကရှိတော့ နှစ်ယောက်သားဘုဘောက်ဖြစ်နေပါတယ်။ မစ္စတာဖရိဇ်ဟာတကယ်တမ်းပြောရရင် တစ်ယောက်တည်းပဲနေချင်ခဲ့တာဖြစ်ပါတယ်။သူ့ဆီမှာအကောင်သေးသေးလေးတွေကိုတောင်အကြီးကြီးအဖြစ်ပြောင်းလို့ရတဲ့စက်ကရှိနေပြန်ပါတယ်။ သိတဲ့အတိုင်းပင်ဂွင်းဆိုတဲ့ကောင်ကလည်း အမြဲကွက်ကျော်ရိုက်ဖို့ချောင်းနေတာဆိုတော့ ဘာများဆက်ဖြစ်မှာလဲ။ File size…    1.2 GB /  628 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 12m Genre ..... Animation/Action/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

Batman Unlimited: Mechs vs. Mutants (2016)

Wildlike (2014) 6.6
Wildlike (2014)  သိပ်မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Fallout video game ရဲ့live action series ထဲက မင်းသမီး Ella Purnellပါဝင်သရုပ်ဆောင်‌ထားတဲ့ ဇာတ်ကားဟောင်းလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီကားထဲမှာတော့ Ella Purnell ဟာ 14နှစ်အရွယ်ဆယ်ကျော်သက်မလေး Mckenzie နေရာကနေပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင်ထဲက မက်ကန်ဇီဟာ 13နှစ်အရွယ်မှာပဲ ဖခင်ဖြစ်သူကိုဆုံးရှုံးခဲ့ရပြီး အမေဖြစ်သူကလည်း ဆေးကုသမှု ခံယူနေတာကြောင့် ဦးလေးနဲ့အတူနေထိုင်ဖို့အတွက် အလက်စကာကိုအပို့ခံလိုက်ရပါတယ်။အဲဒီမှာ ဇာတ်လမ်းကို တစ်ဆစ်ချိုးသွားစေတာက ဦးလေးဖြစ်သူဟာ မြီးကောင်ပေါက်အရွယ် မက်ကန်ဇီကို ၅၂၈မေတ္တာမျိုးနဲ့မစောင့်ရှောက်ပေးဘဲ လူ့တိရစ္ဆာန် တဏှာမျက်လုံးနဲ့ကြည့်ပြီး မက်ကန်ဇီအိပ်နေချိန်မှာ sexual harassment တွေတစ်စတစ်စလုပ်လာပါတော့တယ်။ အသက်ကလည်းငယ်၊အားကိုးစရာရယ်လို့လည်းမရှိတဲ့ မက်ကန်ဇီခမျာ ကြံရာမရဘဲအခွင့်အရေးရတုန်း ဦးလေးဆီကနေ ထွက်ပြေးပါတော့တယ်။ဒီလို ထွက်ပြေးရင်းနဲ့ ရီနေး ဘာ့ဒ်လက် ဆိုတဲ့လူတစ်‌ယောက်နဲ့မတာ်တဆ ဆုံမိသွားတဲ့အခါ.......ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…1.53GB / 713MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 44m Genre ….. Adventure , Drama ...
movie

Wildlike (2014)

Simón (2023) 7.7
Simón (2023)  ဆီမွန် ဟာ ဗင်နီဇွဲလားနိုင်ငံရှိဖိနှိပ်နေတဲ့အာဏာရှင်စစ်အုပ်စုအစိုးရကိုဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခံရပြီးတဲ့နောက် မိုင်ယာမီကိုထွက်ပြေးခဲ့တယ်လူကိုယ်တိုင်လွတ်မြောက်ခဲ့ပြီး အမေရိကန်မှာခိုလှုံခွင့်တောင်းဖို့ကြိုးစားနေပေမယ့် သူ့ရဲ့အတိတ်ကစိတ်ဒဏ်ရာတွေ သူ့ရဲ့ဆန္ဒပြဖော်သူငယ်ချင်းတွေကိုထားခဲ့ရလို့အပြစ်ရှိသလိုခံစားနေရတဲ့စိတ်မလုံခြုံမှုတွေကနေလွတ်မြောက်နိုင်မှာလားလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့တဲ့ ဆီမွန်ဆိုတဲ့ဗင်နီဇွဲလားနိုင်ငံသားလေးတစ်ယောက် ဖြတ်သန်းခဲ့ရတဲ့စိတ်ဝင်စားဖွယ်အလွန်ကောင်းတဲ့ နိုင်ငံရေးဖြစ်ရပ်မှန် ခရီးကြမ်းကြီးကိုကြည့်ရူခံစားကြရမှာဖြစ်ပါတယ်။ File size…(1.4 GB)/(760 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Paing
movie

Simón (2023)

Serial Mom (1994) 6.8
Serial Mom (1994)  ဗယ်ဗလီဆပ်ဖင်း ဆိုတဲ့ အိမ်​ထောင်ရှင် အမျိုးသမီး၊ ​ယောက်ျားအတွက်​ရော သားသမီးဘအတွက်​ရော တာဝန်​ကျေပွန်တဲ့ အမျိုးသမီး တ​ယောက် သူ့မိသားစု က​တောင် မသိတဲ့ သူရဲ့စိတ်​နေစိတ်ထား တခြားတဘက်မှာ​တော့ သူက ​ကြောက်စရာ​သွေး​​အေး​အေး စိတ်​တဇ လူတ​ယောက်ဖြစ်​နေ​သောအခါ .... ၁၉၉၄ ခုနှစ်က ထွက်ရှိထားပြီး ယခုအချိန်ထိ ​ပြော​နေကြရတဲ့ classic ဇာတ်ကားဖြစ်ပါတယ်ဇာတ်ကားတခုလုံး တရှိန်ထိုးကြည့်ရှုရမှာမို့လို့ ဒီလိုဇာတ်ကား​တွေ ကြိုက်နှစ်သက်တဲ့သူ ​​တွေ လက်မလွတ်သင့်တဲ့ကားပါ က​လေးငယ်​တွေ၊နှလုံးမ​ကောင်းတဲ့သူ​တွေ အတွက် မသင့်​တော်တဲ့ ​သွေးထွက်သံယို အခန်း​တွေ ပါဝင်တာကို​တော့ သတိ​ပေးချင်ပါတယ် File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre... Comedy, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar
movie

Serial Mom (1994)

Cecil B. Demented (2000) 6.3
Cecil B. Demented (2000)  ဒီရုပ်ရှင်လေးကတော့၂၀၀၀ခုနှစ်ကထွက်ရှိခဲ့တဲ့black comedyရုပ်ရှင်အမျိုးအစားကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့Hollywood ကအခုနောက်ပိုင်း mainstream ရုပ်ရှင်တွေကို sequel ထုတ်လိုက် remake ထုတ်လိုက်နဲ့ပိုက်ဆံပဲရှာနေပြီး original ဇာတ်ကားကောင်းတွေမထုတ်တော့တာကိုသတိထားမိကြမှာပါ အဲဒီလိုဖြစ်နေတာကိုသဘောမကျတဲ့ရူးနေတဲ့ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Cecil B. Demented က Honey Whitlock ဆိုတဲ့နာမည်ကြီးရုပ်ရှင်မင်းသမီးကိုဖမ်းခေါ်ပြီးတော့သူ့ရဲ့ရုပ်ရှင်မှာဝင်သရုပ်ဆောင်ခိုင်းတာကနေဖြစ်လာတာတွေကိုဟာသနှောပြီးရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် File size…(1.9 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:27:00 Genre... Comedy, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie

Cecil B. Demented (2000)

Chaos on the Farm (2023)
Chaos on the Farm (2023)  ဒီဇာတ်လမ်းလေးကတော့ မိုးအေးအေးလေးနဲ့ အေးဆေးကြည့်လို့ကောင်းမဲ့ သည်းထိတ်ရင်ဖိုလူသတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ မိခင်ကွယ်လွန်ထားတာမကြာသေးတဲ့ဂျက်စီကာဆိုတဲ့ကောင်မလေးတစ်ယောက် သူ့မိခင်သေဆုံးရလို့ ဖြည်မဆည်နိုင်ဖြစ်နေပါတယ် အဲဒီကြားထဲ သူအမေချန်ခဲ့တဲ့သေတမ်းစာအရ သူငယ်ငာ်လေးထဲကအဆက်အသွယ်မရှိတာကြာပြီဖြစ်တဲ့ သူ့အဒေါ်တို့လင်မယားဆီကိုလည်းအမွေခွဲပေးဖို့ပါလာပါတယ်ဖြစ်ချင်တော့ ကိုယ်ပိုင်လယ်လေးနဲ့အေးအေးချမ်းချမ်းနေနေတဲ့ အဲဒီအဒေါ်ဖြစ်သူတို့စုံတွကိုဘယ်လိုဆက်သွယ်ဆက်သွယ်မရဖြစ်နေပါတယ် အဲဒီလိုနဲ့ သူ့အဒေါ်ဆီကိုခရီးထွက်ဖို့အကြောင်းဖန်လာပါတော့တယ် အဲဒီလိုနဲ့ပဲ သူနဲ့‌သူ့ကောင်လေးတို့ ရုပ်တောင်သေချာတောင်မမှတ်မိတော့တဲ့သူ့အဒေါ်ဆီ ခရီးထွက်လာကြပါတော့တယ်သူ့အဒေါ်တို့အိမ်မှာကတော့ သူ့အဒေါ်တို့စုံတွဲကိုtတ်ပြီး အိမ်မှာပုန်းခိုနေထိုင်နေတဲ့လူသတ်သမားအတွဲရှိနေပါတယ် သူတို့လာနေတယ်ဆိုတာကိုအကြောင်းသိပြီးတော့ သူ့အဒေါ်တို့လို့ဟန်ဆောင်ပြီးငွေတွေကိုရအောင်ယူဖို့ကြံပါတော့တယ် ဒီလိုနဲ့ ဂျက်စီကာတို့စုံတွ လူသတ်သမားတွေနဲ့ထိပ်တိုက်တိုးဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ရင်ခုန်စွာ‌နဲ့ကြည့်ရမဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ် File size…(1.6 GB)/(830 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:28:00 Genre... Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M.Minhtike
movie

Chaos on the Farm (2023)

Wheelman (2017) 6.4
Wheelman (2017)  လူတစ်ယောက်၊ ညတစ်ည၊ ကားတစ်စီး၊ အိတ် ၂ အိတ်၊ဖုန်း ၁ လုံး။ ဒါတွေနဲ့ပဲ ဇာတ်လမ်းဆင်ထားတဲ့ Netflix ကThriller ကားကောင်းလေးပါ။ဇာတ်ကားနာမည်အတိုင်း မင်းသားက ဘဏ်ဓားပြတိုက်တဲ့လူတွေကို ကားမောင်းပို့ပေးရတဲ့ အမောင်းသမား ဝှီးမန်းပါ။တစ်ညကျ ခါတိုင်းလိုပဲ သူ့အလုပ်သူ လုပ်မယ့်အချိန်မှာသူနဲ့ တွဲလုပ်နေကြ သူ့ဘော်ဒါမဟုတ်ပဲ ဒီအလုပ်အပ်တဲ့လူဆိုသူက ဖုန်းဆက်လာပြီး ခု ဓားပြတိုက်နေတဲ့ကောင်တွေကားထဲကို ပိုက်ဆံထည့်ပြီးတာနဲ့ ပစ်ထားခဲ့လိုက် အဲဒီကောင်တွေက မင်းကို သတ်မှာ ဘာညာဆိုပြီးပြောနေတော့ယုံရခက် မယုံရခက်နဲ့ နောက်ဆုံး အသက်သေမှာကိုကြောက်တော့ ပိုက်ဆံတွေ ကားထဲရောက်တာနဲ့ ဟိုလူတွေကိုထားခဲ့ပြီး မောင်းပြေးလာခဲ့တယ်။ပြီးတာနဲ့ ဒီ ထူးဆန်းတဲ့ဖုန်းပေါ်ကလူက မင်းသားကို အကျပ်ကိုင်တာတွေ ခြိမ်းခြောက်တာတွေ ပေါင်းစုံနဲ့ သူခိုင်းတဲ့အတိုင်းတွေလုပ်ရင်း ပြဿနာကြီးတစ်ခုထဲကို မဆီမဆိုင် ဝင်ရောက်သွားတဲ့အခါမှာတော့ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲဆိုတာကိုစိတ်လှုပ်ရှားစွာနဲ့ ကြည့်ရမှာပါ။ဒီကားထဲက အဓိက သရုပ်ဆောင်ကတော့ ဟောလိဝုဒ်အက်ရှင်ကားတော်တော်များများမှာ အရန်နေရာတို့ လူဆိုးနေရာတို့ပါနေကြ ဖြစ်ပြီး အထင်ရှားဆုံးပြောရရင် ကပ္ပတိန်အမေရိကကားထဲက ...
movie

Wheelman (2017)

Phulrani (2023) 5.8
Phulrani (2023) Phulrani (2023)"ပန်းဘုရင်မလေး" =============================ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားလို့ရမယ့် ၂၀၂၃ ခုနှစ်ထွက် မာရသီစကားပြော အချစ်ဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးဟာဆိုရင် နာမည်ကြီး အိုင်းရစ်ရှ်လူမျိုး ပြဇာတ်ရေးဆရာ ဂျော့ဂျ်ဘားနတ်ရှောကို အော်စကာဆုရစေခဲ့တဲ့ Pygmalion ဆိုတဲ့ ဂန္တဝင်ပြဇာတ်ကို အိန္ဒိယမှုပြုပြီး တမူဆန်းသစ်ရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့.. Pretty Princess ဆိုတဲ့ အလှမယ်ပြိုင်ပွဲတစ်ခုမှာ အကယ်ဒမီတစ်ခုတည်းက အလှမယ်တွေဟာ ၅ နှစ်ဆက်တိုက် အနိုင်ရနေပါတယ်။အဲဒီအကယ်ဒမီကို ဦးစီးလေ့ကျင့်ပေးနေတာကတော့ ဗစ်ကရမ်ဆိုတဲ့ စိတ်မြန်လက်မြန် သင်တန်းဆရာပါ။ သူဟာ ပြိုင်ပွဲဆုပေးပွဲ့နေ့မှာ အရက်မူးပြီး သူငယ်ချင်းဖြစ်သူနဲ့ ငြင်းခုန်ရင်း သူတို့နားကိုရောက်လာတဲ့ အခြေခံလူတန်းစား ဆတ်ဆတ်ကြဲ ပန်းသည်မလေးကို အလှဘုရင်မဖြစ်အောင် လုပ်ပေးပြမယ်လို့ လူသိရှင်ကြားစိန်ခေါ်မိသွားပါတယ်။သူဟာ အဲဒီအလောင်းစားကို အနိုင်ရမှာလား၊ ရပ်ကွက်ထဲက အော်ကြောလန်ကောင်မလေးကို အလှမယ်ဖြစ်အောင်ဘယ်လိုလုပ်ပေးမှာလဲ၊ သူတို့နှစ်ယောက် ဘယ်လိုဇာတ်လမ်းဆက်ကြမလဲဆိုတာကို လူတန်းစားခွဲခြားမှုတွေကို ဆန့်ကျင်ပြထားတဲ့ ဒီရုပ်ရှင်လေးထဲမှာ ချစ်စဖွယ်မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.35GB / 1.13GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Phulrani (2023)

2023
Justice League: War (2014) 7.2
Justice League: War (2014) Justice League War (2014) IMDB: 7.2 Rotten Tomatoes: 57% Genre: Action/Sci-fiJustice League War ဟာ ၂၀၁၄ ခုနှစ်ထွက် DC Animation ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။အတော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုလည်းဖြစ်ပါတယ်။Justice League အဖွဲ့စတင်ဖြစ်ပေါ်လာပုံကိုရိုက်ထားတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပြီးဆိုက်ဘော့တောင်မှာ ဆိုက်တော့မဖြစ်သေးတဲ့ကာလဖြစ်ပါတယ်။ဇာတ်ညွှန်း မြို့ကြီးတွေတိုင်းမှာ အမည်မသိအကောင်ကြီးတွေက ဗုံးတွေလာထောင်နေပါတယ်။ဘာကြောင့်လည်းမသိသလို ဘယ်ကလာတယ်ဆိုတာလည်းမသိခဲ့ရပါဘူး။ဒီလိုလာရောက်ပြီးကျူးကျော်မှုကို ကာကွယ်ဖို့ ဂရင်းလန်သန် တစ်ယောက်အလုပ်တွေရှုပ်နေပါတယ်။ဒီလိုမျိုးကာကွယ်နေတုန်းမှာ ဘတ်မန်းရောက်ရှိလာကာ ဘုနဲ့ဘောက်ဖြစ်ကြရင်းစူပါမန်းဆီကိုရောက်သွားပါတယ်။ တစ်ဖက်မှာလည်း ဖလက်ရှ်က အဆိုပါဗုံးကိုဒေါက်တာစတုန်း(ဆိုက်ဘော့အဖေ) ဆီကိုအဖြေရှာဖို့အပ်ခဲ့ပါတယ်။ဝါရှင်တန်ဒီစီမြို့ကတော့ ဒိုင်ယာနာကို သံတမန်အနေနဲ့ဆင့်ခေါ်ထားပါတယ်။ တစ်ခုမှတ်ထားရမှာကဒီဇာတ်လမ်းဇာတ်အိမ်တည်ထားတဲ့အချိန်မှာလူတွေက စူပါဟီးရိုးတွေကိုကြောက်ရွံကြပြီးမထောက်ခံတဲ့အချိန်ဖြစ်ပါတယ်။ အမည်မသိအကောင်းကြီးတွေ(ပါရာဒီးမွန်း)တွေရဲံနောက်ကွယ်မှာတော့ဒါ့ခ်ဆိုက်ဒ် ရှိနေပါတယ်။ဒါ့ခ်ဆိုက်ဒ်ကို ဘတ်မန်း၊ စူပါမန်း၊ ဖလက်ရှ်၊ ဆိုက်ဘော့၊ ရှဇမ်း၊ ဝန်ဒါဝူးမန်း၊ ဂရင်းလန်သန် တို့၇ ယောက်ပေါင်းပြီးဘယ်လိုများ ကာကွယ်ကြမှာလဲ။File size…    1.4 GB /  686 MB Quality… BluRay 1080p / 720p Format… ...
movie

Justice League: War (2014)

2014
Closed Circuit (2013) 6.2
Closed Circuit (2013) Closed Circuit (2013)IMDb Rating (6.2)လန်ဒန် ရဲ့ အထင်ကရဈေးတခုမှာ ပေါက်ကွဲမှုတခု ဖြစ်ပွဲခဲ့ပြီး လူပေါင်း ၁၂၀ ကျော် သေဆုံးခဲ့ပါတယ်… ဒီဖြစ်ရပ်မှာ သံသယရှိသူ တစ်ဦးကို ဖမ်းဆီးပြီး စစ်ဆေးခဲ့ကြပါတယ်…တရားလိုရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်နေတဲ့ ဆိုင်မွန်ဟာ ရုတ်တရတ် သေဆုံးသွားခဲ့ပြီးနောက် ဒီအမှုကိုဆက်လက်စစ်ဆေးဖို့ ရှေ့နေ Martin Rose ကို လွှဲပြောင်းပေးခြင်းခံရသလို တချိန်ထဲမှာပဲ တရားခံဖက်က ရှေ့နေအဖြစ် Claudia Simmons ကို ဆောင်ရွက်စေခဲ့ပါတယ်…ထူးခြားတာက သူတို့ ၂ ဦးဟာ မကြာခင်အချိန်တခုကမှ ပြတ်စဲထားတဲ့ လင်မယားတွေဖြစ်ကြတာကြောင့် ဒီအမှုကို ပေးအပ်လိုက်ချိန်ကစလို့ တဦး နဲ့ တဦး မည်သည့် အကြောင်းနဲ့မှ ပက်သက်ဆက်နွယ်ခွင့်မရှိကြောင်း ကတိပေးထားရပါတယ်..တရာခံရှေ့နေ Claudia ဟာ MI5 agent Nazrul Sharma ရဲ့ ထိမ်းသိမ်းမှုအောက်မှာသာ လှုပ်ရှားခွင့်ရှိပြီး တရားခံ Farroukh  ...
movie

Closed Circuit (2013)

Sniper (1993) 6.1
Sniper (1993)  သမ္ဘာ့ရင့် လက်ဖြောင့်စနိုက်ပါသမားဖြစ်တဲ့ တပ်ကြပ်ကြီးThomas Beckett သူ့ရဲ့အထောက်တော် Papich တောတွင်းကပနားမားသူပုန်ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ပြီးမစ်ရှင်တစ်ခုအောင်ပြီးချိန်မှာ မမျှော်လင့်တဲ့အမှားတခုကြောင့်Papich တိုက်ပွဲကျသွားခဲ့ပါတယ်။ဒီနောက်မှာတော့ ဆရာကြီး Beckett အတွက် အတွေ့အကြုံနုနယ်တဲ့ Richard Miller အထောက်တော်အဖြစ် ခန့်အပ်ပေးပြီးသူတို့နှစ်ဦးဟာ ကိုလံဘီယာဘိန်းရာဇာက ငွေအင်အားထောက်ပံ့ပေးထားတဲ့ ပနားမားသူပုန်ဗိုလ်ချုပ်ကို လုပ်ကြံဖို့ မစ်ရှင်စတင်ခဲ့ကြပါတယ်။ကျွမ်းကျင်တဲ့ ဝါရင့်စနိုက်ပါသမားနှင့် အတွေ့အကြုံမရှိတဲ့အထောက်တော်တို့ဟာ အန္တရာယ်ရှိတဲ့ တောတွင်းမြေပြင်ကိုသွားလာရင်း မမျှော်လင့်ထားတဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ကြရမှာလဲ၊ အမြင်မတူတဲ့ သူတို့နှစ်ယောက်ကြားဘယ်လိုတင်းမာမှုတွေ ဖြစ်ပေါ်လာမှာလဲ၊ အသက်လုပြေးရတဲ့အခက်အခဲတွေကြားထဲမှာ Beckett က ဆရာကောင်းပီသနိုင်ပါ့မလားဒီမစ်ရှင်ကို အောင်မြင်အောင် ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမယ့် စနိုက်ပါအသားပေးအက်ရှင်ရုပ်ရှင်ကားကောင်းတကားဖြစ်ပါတယ်။ File size…3.69GB / 1.39GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Action , Thriller , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Sniper (1993)

Sniper 2 (2002) 5.5
Sniper 2 (2002)  အမေရိကန်အထူးတပ်ဖွဲ့ရဲ့ တပ်ကြပ်ကြီး၊ မရိန်းစနိုက်ပါဟောင်းတဦးဖြစ်တဲ့ ဘက်ကက်ဟာ လွတ်မြောက်နယ်မြေမှာမွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုမစ်ရှင်တွေလုပ်ဆောင်နေတဲ့ ဆားဘီးယားဗိုလ်ချုပ်ကြီးကို ရှင်းပစ်ဖို့တာဝန်ပေးခံခဲ့ရပါတယ်။ဒီမစ်ရှင်မှာ သူနဲ့အတူ အထောက်တော်တယောက်ပါဝင်လာခဲ့ပြီးဒီအထောက်တော်ဟာ ထောင်ထဲမှာ သေဒဏ်ပေးခံထားရာကနေမစ်ရှင်မှာ ပါဝင်ခွင့်ရလာတာဖြစ်ပါတယ်။ကျွမ်းကျင်တဲ့ ဝါရင့်စနိုက်ပါသမားနဲ့ သေဒဏ်ကနေလွတ်ပြီး‌မစ်ရှင်အောင်မြင်ချင်တဲ့ အထောက်တော်တို့ဟာ အန္တရာယ်ရှိတဲ့လွတ်မြောက်နယ်မြေထဲ သွားလာရင်း စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ကြရမှာလဲ၊ သူတို့နှစ်ယောက်ကြား ဘယ်လိုတင်းမာမှုတွေဖြစ်ပေါ်လာမှာလဲ၊ အသက်လုပြေးရတဲ့ အခက်အခဲတွေကြားထဲမှာဒီမစ်ရှင်ကို အောင်မြင်အောင် ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမယ့် စနိုက်ပါအသားပေးအက်ရှင်ရုပ်ရှင်ကားကောင်းတကားဖြစ်ပါတယ်။ File size…2.12GB / 964MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Action , Thriller , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

Sniper 2 (2002)

Sniper 3 (2004) 5.5
Sniper 3 (2004)  အမေရိကန်မရိန်းတပ်ရဲ့ လက်အဖြောင့်ဆုံး စနိုက်ပါလူသတ်သမားမာစတာတပ်ကြပ်ကြီး Thomas Beckett ကို စစ်ဆင်ရေးတခုဆောင်ရွက်ဖို့ CIA က တာဝန်ပေးခဲ့ပါတယ်။သူ့ရဲ့မစ်ရှင်တာဝန်က ဟိုချီမင်းမြို့ရဲ့ အရက်စက်ဆုံးဒုစရိုက်မှောင်ခိုဂိုဏ်းချုပ်ကြီးကို ရှင်းပစ်ဖို့ပါ။ဒါပေမဲ့ အဲဒီ ဘိန်းမှောင်ခိုဆရာကြီးဟာ Beckett ရဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်နေတဲ့အပြင် သူနဲ့ အတူတူတာဝန်ထမ်းဆောင်ဖူးတဲ့ စစ်ပြန်ဟောင်းတဦးဖြစ်နေတဲ့အခါမှာတော့သစ္စာတရားနဲ့ သစ္စာဖောက်မှုကြားက မျဉ်းပါးပါးလေးကိုဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမှာလဲ၊ စီအိုင်အေက သူ့ကိုအသုံးချခဲ့တယ်ဆိုတာကို သိရှိသွားတဲ့အခါမှာ တကိုယ်တော်စွန့်စားမှုနဲ့အမှန်တရားကို ဘယ်လိုရှာဖွေသွားမလဲဆိုတာ အမိုက်စားစောင့်ကြည့်ရမယ့် အက်ရှင်ကားကောင်းတကားဖြစ်ပါတယ်။ File size…1.92GB / 966MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 30m Genre ….. Action , Thriller , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

Sniper 3 (2004)

Sniper: Reloaded (2011) 5.5
Sniper: Reloaded (2011)  Sniper Reloaded ဇာတ်ကားဟာ ၂၀၁၁ ခုနှစ်ထွက်Rating R ရှိတဲ့ Sniper အသားပေး အက်ရှင်ဒရမ်မာကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ Sniper နဲ့ military အက်ရှင်ကားတွေကိုကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားပါပဲ။အတိုက်အခိုက် အပစ်အခတ်တွေက ကြမ်းတမ်းရက်စက်သလိုဇာတ်လမ်းကလည်း မဆိုးလှပါဘူး။ တချိန်က နာမည်ကျော်Sniper သမားတစ်ယောက်ရဲ့သား မရိန်းတပ်သားတစ်ယောက်လည်းဖြစ်တဲ့ မင်းသား Brandon ဟာ သူတာဝန်ကျရာ ကွန်ဂိုနိုင်ငံမှသူပုန်နှိမ်နင်းရေး တာဝန်ထမ်းဆောင်ရင်း သူ့ရဲ့အဖွဲ့သားအားလုံးဟာSniper သမားတစ်ယောက်ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရပြီးသူတစ်ယောက်ပဲ ကံသီပြီး အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။သူ့ဘော်ဒါတွေအတွက် လက်စားချေချင်တဲ့ မင်းသားတစ်ယောက်သတ်တဲ့သူကို အစရှာ လိုက်လံစုံစမ်းတဲ့အခါမှာ ထွက်လာတဲ့အစကဘယ်လောက်ထိ ရှည်လျားပါဝင်ပတ်သက်နေမလဲ မင်းသားအနေနဲ့ရုန်းထွက်နိုင်ပါ့မလား ကြားထဲမှာ မိတ်ဆွေတွေ ချစ်သူခင်သူတွေကရောထိခိုက်သွားမှာလား စတာတွေကို ရင်ခုန်စွာ စောင့်ကြည့်ရမဲ့အက်ရှင်ကားကောင်းဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်........... File size…1.97GB / 1.05GB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 31m Genre ….. Action , Thriller ...
movie

Sniper: Reloaded (2011)

Sniper: Legacy (2014) 5.5
Sniper: Legacy (2014)  Sniper Legacy (2014) ဇာတ်ကားဟာ 2011 ခုနှစ်ထွက်Sniper Reloaded ရဲ့အဆက်ဖြစ်ပြီး ရှေ့ကားရဲ့ ခြေရာကိုကောင်းကောင်းလိုက်နင်းထားနိုင်တဲ့ Sniper အသားပေးAction ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။အရင်ကားထဲက မင်းသားကျော် သရုပ်ဆောင်ထားတဲ့Brandon Beckett ဟာ ဒီကားထဲမှာလဲ အဓိကအနေနဲ့ဆက်လက်ပါဝင်နေတုန်းပါပဲ။ဇာတ်လမ်းလေးရဲ့အစမှာတော့ ယခင်စစ်သားဟောင်းတစ်ယောက်က အကြောင်းတစ်စုံတစ်ခုကြောင့်အာဖဂန်နစ္စတန်က မစ်ရှင်တစ်ခုမှာ ပါဝင်ခဲ့ဖူးတဲ့ အရာရှိတွေအားလုံးကို တစ်ယောက်ပြီးတစ်ယောက် လိုက်လံလုပ်ကြံနေတာနဲ့ စထားပါတယ်။ သူ ဘာအကြောင်းတွေကြောင့်ဒီလိုလုပ်ကြံနေတာလဲ။ အဲဒါတွေကို အဖြေရှာဖို့ မင်းသားရဲ့ဆရာအပေါ် တာဝန်ကျလာတဲ့အခါမှာ မင်းသားနဲ့ ဘယ်လိုပူးပေါင်းပြီး အဖြေရှာမလဲ သူတို့ရဲ့ ရည်မှန်းချက်ကရောအောင်မြင်မှာလား မင်းသားရဲ့အဖေ တစ်ချိန်က နာမည်ကျော်Sniper ဖြစ်ခဲ့တဲ့သူကရော နောက်ကွယ်မှာ ဘာအကြောင်းတွေရှိနေမှာလဲ မင်းသားအနေနဲ့ လုပ်ကြံမှုတွေကို တားဆီးနိုင်ပါ့မလားစတာတွေကို ပစ်ခတ်ခန်း အကောင်းစားတွေနဲ့ R rating အဆင့်မျိုးကြည့်ရမှာဖြစ်လို့ အက်ရှင်ကားကြိုက်သူတွေ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်..... File size…2.14GB / 1.15GB Quality…WEB-Rip 1080p  ...
movie

Sniper: Legacy (2014)

The Apartment (1996) L’appartement 7.5
The Apartment (1996) L’appartement The Apartment (1996) L'appartementIMDb Rating (7.3) / Rotten Tomatoes (86%)မမ Monica Bellucci  နဲ့ Irreversible (2002) မှာအတွဲညီခဲ့တဲ့ မင်းသား Vincent Cassel တို့ရဲ့ ပထမအကြိမ်ဆုံတွေ့ထားတဲ့ ပြင်သစ်ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းကတော့....မက်စ်ဟာ ပြင်သစ်သား တစ်ဦးဖြစ်ပြီး အနည်းငယ်ပွေရှုပ်တတ်တဲ့ စရိုက်ရှိပေမယ့် အခုချိန်မှာတော့ စေ့စပ်ထားပြီးပါပြီ။ တစ်နေ့ အလုပ်ကိစ္စနဲ့ တိုကျိုကိုသွားမယ့်လမ်းမှာ တစ်ချိန်က အချစ်ဆုံး အချစ်ဟောင်း တစ်ဦးဖြစ်ခဲ့တဲ့ လီဆာလို့ ထင်ရတဲ့ အမျိုးသမီး တစ်ယောက်ကို အတွေ့မှာတော့ သူဟာ အားလုံးကိုမေ့လျော့ပြီး အဲ့ဒီအမျိုးသမီးကို နောက်ယောင်ခံလိုက်ပါတော့တယ်။ အဲ့ဒီအမျိုးသမီး ရဲ့ တိုက်ခန်းမှာ ပုန်းအောင်းနေပြီး သူရောက်အလာထွက်တွေ့ချိန်မှာတော့ အဲ့ဒီအမျိုးသမီးဟာ လီဆာ မဟုတ်ပဲ ရုပ်ချင်း ခပ်ဆင်ဆင်တူတဲ့ အဲလက်စ် ဆိုတဲ့ တစ်ခြားမိန်းကလေးတစ်ယောက်ဖြစ်နေတာကို သိလိုက်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ အချစ်နယ်ကျွံမိခဲ့ကြတယ်။ တကယ်တမ်း သူတို့မသိသေးတာက အဲလက်စ်ဟာ မက်စ်ရဲ့ ...
movie

The Apartment (1996) L’appartement

1996
Kill Command (2016) 5.8
Kill Command (2016)  ၂၀၁၆ ကထွက်ရှိထားတဲ့ဗြိတိန်သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်Kill Command ကတော့ မရိန်းစစ်သားတွေနဲ့ AIစက်ရုပ်တွေကြမ်းကြမ်းတမ်းတမ်းချကြမယ့် အက်ရှင်ကားတစ်ကားဖြစ်ပါတယ်။ Mission: Impossible ရုပ်ရှင်တွေထဲကမင်းသမီးချော Vanessa Kirby က အဓိကဇာတ်ကောင်တစ်ခုဖြစ်တဲ့ Cyborg မလေး Mills အဖြစ် ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။နည်းပညာအရမ်းတိုးတက်နေတဲ့ခေတ်ကာလ တစ်ခုကိုအခြေခံထားပြီး Harbinger Corporation အတွက်အလုပ်လုပ်တဲ့ Cyborg မလေး Millsဟာ လူသူကင်းမဲ့တဲ့ကျွန်းတစ်ခုမှာတည်ရှိတဲ့ Harbinger I လေ့ကျင့်ရေးကွင်းမှာတိုက်ခိုက်ရေး AI စနစ်တစ်ခုက တစ်စုံတစ်ခုလွှဲမှားနေမှန်းရိပ်စားမိနေခဲ့ပါတယ်။အဲဒီအချိန်မှာပဲ Mills ဟာ ကပ္ပတိန် Bukes ခေါင်းဆောင်တဲ့Reaper I မရိန်းအဖွဲ့အတူ Harbinger I ကို သွားရောက်ရဖို့ဖြစ်လာခဲ့ပါတယ်။ ကပ္ပတိန် Bukes နဲ့အဖွဲ့က သာမန်စစ်ရေးလေ့ကျင့်မှုတစ်ခုလို့ပဲထင်ပြီး ခပ်ပေါ့ပေါ့ပဲလာခဲ့ကြပေမယ့်တပ်ဖွဲ့ဝင်တချို့သေဆုံးသွားပြီးတဲ့နောက်မှာမှ ကျွန်းပေါ်ကစနစ်ချွတ်ယွင်းနေတဲ့ AI တိုက်ခိုက်ရေးစနစ်နဲ့ အသေအကြေရင်ဆိုင်တိုက်ခိုက်ရမှာကိုသိရှိလာခဲ့ရပါတယ်။Mills နဲ့ကပ္ပတိန်  Bukes တို့အဖွဲ့ဟာ နည်းပညာအဆင့်မြင့်ပြီးသူတို့ကိုသားကောင်တွေလိုသဘောထားအမဲလိုက်မယ့်ခေတ်လွန်စက်ရုပ်ကြီးတွေလက်က ဘယ်လိုလွတ်အောင်ပြေးမလဲဆိုတာ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…1.48GB ...
movie

Kill Command (2016)

Paint it Gold (2023)
Paint it Gold (2023) Paint It Gold [2023] (IMDb 5.6/10)ရန်ဇို နာဗီဆိုတာ ခေတ်ဟောင်းက ပန်းချီဆရာတစ်ယောက်... ပန်းချီကားရောင်းရငွေလေးနဲ့ပဲ ရှင်သန်နေတယ်... သိပ်ချစ်ရတဲ့ ဇနီးသည်ဆုံးသွားပြီးကတည်းက သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေလည်း လွင့်ပါးသွားခဲ့ရတယ်... ပန်းချီဆရာတို့ ထုံးစံ လူ့လောကနဲ့ ဆန့်ကျင်ဘက်… ဘောင်တို့ရဲ့ ပြင်ပက လူတစ်ယောက်ပေါ့... နာဗီ့မှာ အာသာဆိုတဲ့ ပြတိုက်မှူးမိတ်ဆွေတစ်ယောက် ရှိတယ်... အာသာက နာဗီကို အမြဲတစေ ကူညီတယ် ဒါပေမယ့် နာဗီက အကုန်လုံးကို သဲထဲရေသွန်ဖြစ်အောင်ပဲ လုပ်လေ့ရှိတယ်... ဒီလိနေ့မှာတော့ အာသာ သည်းခံနိုင်တဲ့အတိုင်းအတာကို ကျော်လွန်သွားခဲ့ပါတယ်... အဲ့နောက်တော့ ဆယ်စုနှစ်ပေါင်းများစွာတိုင် တည်တံ့ခဲ့တဲ့ သူငယ်ချင်းဆက်ဆံရေးလည်း ပျက်စီးသွားလေတော့သတည်းပေါ့... ဒါပေမယ့်လည်း အချိန်တစ်ခုအကြာမှာတော့ သူတို့ ပြန်ခေါ်ပြန်ပြော ဖြစ်သွားပါတယ်... ပြန်တည့်သွားကြတဲ့နောက် နာဗီတစ်ယောက် သူ့အချိန်ပြီးသွားပြီ သူသေဖို့ အသင့်ဖြစ်ပြီလို့ ဆိုကာ သူ့ကိုယ်သူ သတ်သေမယ့်အစီအစဉ်မှာ ကူညီပေးဖို့ အာသာကို အကူအညီတောင်းပါတယ်... အာသာကတော့ မကူညီခဲ့ပါဘူး... အဲ့နောက်တော့ နာဗီလည်း သူလုပ်စရာ ရှိတာကိုသာ လုပ်ဖို့ ကြိုးစားရင်းက ဘာတွေဆက်မဖြစ်လဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ Tun Aung ...
movie

Paint it Gold (2023)

Touched with Fire (2015) 6.2
Touched with Fire (2015)  Touched with Fire ဟာ 2015 ခုနှစ်ကထွက်ရှိထားတဲ့အမေရိကန်ဒရာမာဇာတ်ကား‌ကောင်းဖြစ်ပြီး ဒါရိုက်တာPaul Dalio က ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးကတော့ စိတ်ကျန်းမာရေးဆေးရုံမှာဆုံတွေ့ပြီး ချစ်ကျွမ်းဝင်သွားတဲ့ ကဗျာဆရာနဲ့ကဗျာဆရာမနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးက အနုပညာနဲ့ စာပေရေးသားဖန်တီးခြင်းကို ဝါသနာထုံပြီး ကဗျာပါရမီကောင်းကြပေမဲ့တဖက်မှာလည်း စိတ်ကြွစိတ်ကျ အစွန်းနှစ်ဖက်ရှိတဲ့Bipolar စိတ်ရောဂါခံစားနေရတဲ့ စိတ်ဝေဒနာရှင်တွေဖြစ်ပါတယ်။မာကိုနဲ့ ကာလာတို့နှစ်ဦးဟာ အဖွဲ့လိုက်ကုထုံးခံယူမှုမှာတယောက်ကိုတယောက် စသတိထားမိခဲ့ကြပြီးတော့တဖြည်းဖြည်းနဲ့ သိပ်ချစ်ကြတဲ့စုံတွဲတွေဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ မိသားစုနဲ့ ဆရာဝန်ရဲ့ အကြံပေးစကားတွေကိုပါဆန့်ကျင်ပြီး သူတို့နှစ်ဦးရဲ့ နှစ်ကိုယ်တူဘဝတခုတည်ဆောက်ဖို့ကြိုးစားကြပုံကို ရင်ဖိုလှိုက်မောစွာ ကြည့်ရှုခံစားကြရမှာပါ။ File size…1.62GB / 759MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 46m Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

Touched with Fire (2015)

Genres

Archives