Channel Myanmar

New releases (2025)

Content at random


Movies

Sharp Teeth ( 2024 ) 5.6
Sharp Teeth ( 2024 ) သဲထိတ်ရင်ဖိုဇာတ်လမ်းတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် Sharp Teeth ဆိုတဲ့ သဲထိတ်ရင်ဖိုဇာတ်ကားကောင်းလေးကို CM ကတင်ဆက်ပေးလိုက်ပါပြီ ။ ဇာတ်လမ်းအညွှန်းလေးကတော့ : ဦးလေးနျိုနဲ့သူ့နောက်လိုက်ငယ်သားတွေက ပင်လယ်ထဲကနေ ရှားပါးသတ္တဝါတွေကိုဖမ်းယူပြီး တရားမဝင် ကုန်သွင်းကုန်ပို့လုပ်ငန်းတွေနဲ့ ပိုက်ဆံအများကြီးရှာကြတဲ့သူတွေပါ။တစ်နေ့မှာတော့ ထူးဆန်းတဲ့ငါးအကြီးကြီးကိုဓာတ်တို့ဖမ်းမိလာခဲ့ရာကနေ အဲဒီငါးကြီးနဲ့မျိုးတူငါးပေါက်စလေးတွေပါပါလာခဲ့ပါတော့တယ် ။ ဒီငါးကြီး လူစားတတ်တဲ့အကြောင်းကိုတော့ အပြင်ကိုပေါက်ကြားမသွားအောင် ဖုံးထားဖိထားရင်းနဲ့ပေါ့ ။တစ်ဖက်မှာလည်း မုန့်ရှန်နဲ့သူ့ချစ်သူကျန်းရှောတို့သူငယ်ချင်းအုပ်စုက အရင်တည်းဖို့လုပ်ထားနဲ့ဟိုတယ်ကနေ အကြောင်းအမျိုးမျိုးကြောင့် မတည်းဖြစ်ရာကနေ နောက်ထပ်ဟိုတယ်တစ်ခုရှာရပါတော့တယ် ။ အဲဒီမှာ မထင်မှတ်ထားဘဲ လူသားစားငါးကြီးရှိတဲ့ ဟိုတယ်ကို‌သူငယ်ချင်းအုပ်စုရောက်သွားပါတော့တယ်။အဲဒီမှာ ဟိုတယ်ရဲ့တရားမဝင်အလုပ်တွေကိုဘယ်လိုဖော်ထုတ်သွားမလဲ သူတို့သူငယ်ချင်းအုပ်စုကရော လူသားစားငါးကို ဘ ယ်လိုမျိုးရင်ဆိုင်သွားမလဲဆိုတာကို စိတ်ဝင်စားစွာ ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 896 MB / 530 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Thriller , Adventure , Mystery Runtime : 1h 12 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Sharp Teeth ( 2024 )

First Kill (2017) 5.0
First Kill (2017) First Kill (2017) IMDb: 5.0/10 Genre: Action/ThrillerWall Street Broker တစ်ယောက်ဖြစ်တဲ့ ဝီလ်ဘီးမန်းရဲ့ဘဝဟာ ဇနီးနဲ့သားဖြစ်သူအတွက် အချိန်ပေးဖို့ကြိုးစားနေတဲ့ သာမန်စီးပွားရေးသမားအပြင် မပိုခဲ့ပါဘူး။တစ်ရက်မှာတော့ သားဖြစ်သူ ဒန်နီရဲ့ ကျောင်းမှာအနိုင်ကျင့်ခံရမှုကို ကြားခဲ့ရပြီးနောက်မှာတော့ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းချိတ်ဆက်ဖို့ သူ့မွေးရပ်မြေကို အလည်အပတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဆယ်စုနှစ်များစွာ အေးဆေးငြိမ်သက်နေတဲ့ ဂရန်းဗီးလ်မြို့လေးမှာ လတ်တလော ဘဏ်ဓားပြမှုခင်း တစ်ခုကြောင့်ကျီးလန့်စာစားဖြစ်နေခဲ့ပါတယ်.။ ထိုအချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် ပြန်လည်ရောက်ရှိလာတဲ့ ဝီလ်ဘီးမန်းတို့မိသားစုကတော့ သူတို့ကို ဘယ်လိုအန္တရာယ်တွေ စောင့်ကြိုနေမှန်း ကြိုမသိနိုင်ခဲ့ပါဘူး။သူကြီးပြင်းခဲ့တဲ့အရပ်ကို ပြသချင်တာကြောင့်ရော၊ ကြမ်းတမ်းတဲ့လောကကို ရင်ဆိုင်နိုင်ဖို့ သင်ခန်းစာပေးဖို့ ရည်ရွယ်ရင်းနဲ့ ဝီလ်ဟာ ဒန်နီကို အမဲလိုက်ခရီး ခေါ်သွားခဲ့ပါတယ်။ တောတွင်းတစ်နေရာအရောက်မှာ မမျှော်လင့်ဘဲ လူ ၂ ယောက် အချင်းများရန်ဖြစ်နေတာကို ချောင်းကြည့်ရင်း သေနတ်နဲ့ချိန်ထားသူက ကျန်တဲ့သူကို ပစ်လိုက်တာကို တွေ့လိုက်ရပါတယ်။သေနတ်သံကြောင့် အာမေဋိတ်ထွက်သွားတဲ့ ဒန်နီကြောင့် သေနတ်သမားရဲ့ ရန်မှုပစ်ခတ်ခြင်းကို ခံရပါတယ်။ သားဖြစ်သူရဲ့ အသက်အန္တရာယ်ကြောင့် ဝီလ်အနေနဲ့ သေနတ်သမားကို အမဲလိုက်သေနတ်နဲ့ ပြန်ပစ်ခဲ့ရပါတယ်။ နေရာမှာတင် ပွဲခြင်းပီး သေဆုံးခဲ့တာကြောင့် ...
movie

First Kill (2017)

Sharmajee Ki Beti (2024) 6.5
Sharmajee Ki Beti (2024) Sharmajee Ki Beti (2024) "ရှာမာဟူသော အမျိုးသမီးများ"IMDb 6.5 ရထားတဲ့ ဟင်ဒီ ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ တင်ဆက်လို့မကုန်နိုင်တဲ့ အမျိုးသမီးတို့ ဗဟိုပြု female empowerment ရုပ်ရှင်လေးပါဒီရုပ်ရှင်လေးမှာ မတူတဲ့အရွယ်သုံးပါးက ရှာမာ အမည်ရှိအမျိုးသမီး ၅ ယောက်ရဲ့ ဘဝ၊ အိပ်မက်နဲ့ အခက်အခဲတို့ကို ဟာသလေးနှောပြီး တင်ဆက်ထားပါတယ် ယောကျာ်းက ချမ်းသာပေမယ့် ဂရုစိုက်မခံရတဲ့ အိမ်ရှင်မ အမျိုးသမီး ကီရန်ရှာမာ၊ တစ်ဖက်မှာကျ ဆရာမအလုပ်နဲ့ လုံးပမ်းနေရလို့ သမီးလေးကို အချိန်မပေးနိုင်တဲ့ ဂျိုတီရှာမာ စီနီယာအမကြီးတွေရဲ့ ရင်သားဖွံ့ထွားမှု၊ ကောင်လေးတွေ အာရုံစိုက်ခံရတာတွေကို အားကျလို့ မိမိကိုယ်ကို အားမလိုအားမရဖြစ်နေကြတဲ့ ၁၄ နှစ်အရွယ်ကျောင်းသူလေးနှစ်ယောက် ငယ်ရွယ်နုပျိုပြီး ထက်မြက်တဲ့အပြင် သည်းသည်းလှုပ်ဂရုစိုက်တတ်တဲ့ ချစ်သူကောင်လေးကို ပိုင်ဆိုင်ထားတဲ့ ခရစ်ကတ်မယ်လေး တန်ဗီတို့ရဲ့ …အလှနဲ့ ဘဝ၊ အခက်အခဲ အကျပ်အတည်းတို့ကို ပေါ့ပါးပါးပါးကြည့်ရမယ့် ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်ခင်ဗျာအညွှန်းနဲ့ ဘာသာပြန်ကတော့ Cyrah ~ ToMo ~ Alex ~ KKKZ တို့ ...
movie

Sharmajee Ki Beti (2024)

2024
If Only (2004) 7.0
If Only (2004) If Only (2004) IMDb: 7.0/10 Genre: Comedy / Drama / Fantasyတစ်ခါတစ်လေမှာ လူတွေက ဘဝအတွက် ကြိုးစားရုန်းကန်ရင်းနဲ့ အနားမှာရှိတဲ့ကိုယ်ချစ်ရတဲ့သူတွေကို နားလည်ပေးဖို့ အချိန်ပေးဖို့ တန်ဖိုးထားဖို့တွေကို မေ့လျော့နေတတ်ကြပါတယ်။ ဒီကားလေးကတော့ ကိုယ်ချစ်ရတဲ့သူတွေကို တန်ဖိုးထားသင့်ကြောင်းကို သင်ခန်းစာပေးထားတဲ့ဇာတ်ကားလေးတစ်ခုလို့ပြောရရင် မမှားပါဘူး။Ian Wyndham က လန်ဒန်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ချစ်သူ Samantha Andrewsက ဂီတပညာရှင်တစ်ဦးဖြစ်ပါတယ်။ Ian က Samantha နဲ့ ကတောက်ကဆဖြစ်ပြီး နှစ်ဦးသားပြတ်စဲတော့မလိုဖြစ်ပြီးတဲ့ နောက်မှာ Ian က သူ့ရဲ့ချစ်သူကို လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။ဒါပေမဲ့ ထူးဆန်းစွာနဲ့ နောက်နေ့မနက်ရောက်တဲ့အခါမှာ Samantha ကအသက်ပြန်ရှင်နေတာကိုတွေ့ရပြီး အဖြစ်အပျက်အားလုံးကလဲ မနေ့ကအတိုင်းနီးပါးဖြစ်နေတဲ့အခါမှာ....Ian တစ်ယောက် ချစ်သူရဲ့ ကံကြမ္မာကို ဘယ်လိုဘယ်ပုံတားဆီးဖို့ကြိုးစားမလဲဆိုတာကိုဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…    3.3 GB /  1.1 GB Quality… BluRay 1080p ...
movie

If Only (2004)

All That Heaven Allows (1955) 7.6
All That Heaven Allows (1955) All That Heaven Allows (1955) IMDb: 7.6/10 Genre: Drama / Romanceအရမ်းအောင်မြင်ခဲ့တဲ့ ဂန္ထဝင် romanceရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးမယ်ဗျ။ဒီရုပ်ရှင်က 1955ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ ရုပ်ရှင်လို့ပြောရမယ်ဗျ။ဘာလို့လဲဆိုရင် မင်းသားကြီး ဝင်းဦးကိုယ်တိုင် ဒီရုပ်ရှင်ကိုမှီငြမ်းပြီး "နှစ်ယောက်တည်းနေချင်တယ်" ဆိုတဲ့ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးခဲ့တယ်လို့ ပြောကြလို့ပါပဲ။ ဒီရုပ်ရှင်ကတော့ စတုန်နင်ဟမ်လို့ခေါ်တဲ့မြို့လေးမှာနေထိုင်တဲ့ မုဆိုးမတစ်ယောက်ဖြစ်သူ ကယ်ရီဟာသူ့အိမ်ကို သစ်ပင်အကိုင်းအခက်တွေ လာရောက်ပြုပြင်ပေးသူ ဥယျာဉ်မှူး လူငယ်လေး ရွန်ကာဗီနဲ့ချစ်ကြိုက်မိတဲ့ အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ကယ်ရီဟာ ကြွယ်ဝပြီး အပေါင်းအသင်းနည်းတဲ့သူတစ်ယောက်လို့ ပြောရပါမယ်။သားသမီးတွေဟာလည်း အားလပ်ရက်မှ ပြန်လာတတ်တာမို့ ကယ်ရီဟာ အိမ်မှာပဲ အေးဆေးစွာနေထိုင်သူတစ်ဦးပါ။ ရွန်ကတော့ ရင့်ကျက်ပြီး ဘဝကို ရှိတာနဲ့ရောင့်ရဲတင်းတိမ်နိုင်တဲ့ငယ်ရွယ်တဲ့ လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ငွေကြေးနဲ့ဂုဏ်ဒြပ်တွေကို မက်မောတဲ့ ကယ်ရီရဲ့ အသိုင်းအဝိုင်းက တစ်ဖက်၊ ရိုးရှင်းတဲ့ဘဝကိုသာလိုချင်တဲ့ ရွန်က တစ်ဖက်၊ ဒီလိုရင်ဆိုင်လာရချိန်မှာတော့ ကယ်ရီတစ်ယောက် သူ့ရဲ့ ခံစားချက်တွေကိုဘယ်လိုပြုပြင်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဒီရုပ်ရှင်မှာ အချိန်တွေပြောင်းလဲသွားပေမယ့်လိုက်ပြောင်းလဲမသွားတဲ့ လူ့အသိုင်းအဝိုင်းရဲ့ ...
movie

All That Heaven Allows (1955)

(18+)Mercuriales (2014) 6.1
(18+)Mercuriales (2014) Mercuriales (2014) (imdb 6.1/10)ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ သက်ငြိမ် အင်ပရက်ရှင်နစ်ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပဲလို့ တင်စားပြောရမလားတော့မသိပါဘူးရိုက်ကူးတင်ဆက်ထားတဲ့ နိုင်ငံကလည်း ပြင်သစ်ဖြစ်နေတော့ ပြောရရင် သိပ်ညွှန်းစရာမလိုဘူးပေါ့ အနုပညာကို အပြည့်အဝနဲ့အတွင်းကျကျခံစားတတ်တဲ့သူတွေရဲ့ လက်ရာဆိုတော့ ဒီလောက်တော့ရှိမှာပါပဲလေ ဇာတ်လမ်းကထွေထွေထူးထူးတော့ မဟုတ်ပါဘူး ကောင်မလေးနှစ်ယောက် နေရာသစ်မှာ အလုပ်သစ်ရှာတဲ့အကြောင်းလေးပါပဲဒါပေမဲ့ ဒဿနတွေက ကျွတ်လွန်းလို့ ဘာမှန်းတောင်သိပ်နားမလည်ပါဘူး ၁၈ အပေါင်း အခန်းဆိုတာကလည်း ဒါရိုက်တာက ရိုက်ကွင်းကို ပန်းချီဆွဲသလို ဒဲ့ကြီးတွေချွတ်ပြနေလို့ အဲ့လို rating ဖြစ်သွားတာပဲပြောရပါမယ်နောက်ဆုံးပြောချင်တာကတော့ အနုပညာလက်ရာတစ်ခုကို သက်ငြိမ်ပန်းချီတစ်ခုကို ပိတ်ကားပြင်ပေါ်ခံစားချင်တဲ့ညိုကီတွေအတွက် မြည်းစမ်းသင့်တဲ့ ဇာတ်ကားတစ်ကားလို့ပဲ ညွှန်းဆိုပေးလိုက်ပါရစေ File size… 2.45GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Andrew Mason
movie

(18+)Mercuriales (2014)

2014
Switch Case N (2024) 7
Switch Case N (2024) Switch Case N 2024 မယုံနိုင်စရာ ဘဝအချိုးအကွေ့ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ 2024 ခုနှစ်ထွက် ကန်နာဒါဒရာမာဇာတ်လမ်းလေးဖြစ်တဲ့ Switch Case N ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ IMDb ratingကလဲ အတော်သင့်  ရရှိထားသလို IT နဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ ပရိသတ်တွေအတွက်တော့ အံကိုက်ဖြစ်မှာ သေချာပါတယ်။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးမှာ အဓိကဇာတ်ဆောင် အိုင်တီပညာရှင်လေး ဆစ်ဒါ့သ်ဟာရစ်ရှ်ရဲ့ ဘဝတစ်ဆစ်ချိုး‌ပြောင်းလဲမှုကို မြင်တွေ့ရမှာပါ။ ဆစ်ဒါ့သ်ဟာ သူ့ရဲ့ကိုယ်ရေးကိုယ်‌တာ ကိစ္စတွေနဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကြားက ရှုပ်ထွေးမှုတွေ‌ကို ဖြေရှင်းရင်း အောင်မြင်ကြီးပွားလာသလို တိုးတက်ပြောင်းလဲခြင်းတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ဒီဇာတ်ကားလေးမှာဆိုရင်တော့ ဆစ်ဒါ့သ်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေရင်း အခက်အခဲမျိုးစုံကြားမှာ ဘယ်လိုရွေးချယ်မှုတွေက သူ့ဘဝအတွက် သက်ရောက်မှုရှိနေမလဲဆိုတာ မီးမောင်းထိုးပြပေးထားတာမလို့ ဆစ်ဒါ့သ်ရဲ့ ဘဝတစ်ဆစ်ချိုးအပြောင်းအလဲက ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ် File size… 1.98GB / 900MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 22m Subtitle….Myanmar ...
movie

Switch Case N (2024)

2024
Savoring Paris (2024) 7.0
Savoring Paris (2024)  အလုပ်အကိုင်ကောင်းကောင်းဝင်ငွေကောင်းကောင်းရှိနေတဲ့ အမေရိကန် အမျိုးသမီးငယ်လေး ပဲရစ်ကို အားလပ်ရက်ထွက်သွားတဲ့အချိန်မှာတော့ ........သူ့ရဲ့ အလုပ်မှာ မပျော်ပဲ ဘဝ အနှစ်သာရပြောက်ဆုံးနေသလိုခံစားနေရတဲ့ အယ်လာက ပြင်သစ်နိုင်ငံပဲရစ်မြို့ကို အလည်အပတ် ၁၄ ရက်သွားတဲ့အခါ သူဘာတွေကြုံရမလဲ သူ့ခံစားချက်တွေ ဘယ်လိုပြောင်းလဲသွားမလဲ တကယ့် ဘဝအနှစ်သာရကို သူရှာတွေ့ သွားမလားဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားကောင်း တခုပါပဲရစ်မြို့ပေါ်က ရူခင်းတွေ လူနေမှုပုံစံတွေကို လိုက်ပါကြည့်ရူရမှာဖြစ်ပြီး အယ်လာရဲ့ စိတ်အပြောင်းအလဲ အတက်အကျ emotion ပါ ထပ်တူခံစားလို့ရမယ့် ဇာတ်ကားလေးမို့ စိတ်ဝင်စားသူတွေ လက်မလွတ်သင့်ပါဘူး File size…(1.6 GB)/(890 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre... Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar
movie

Savoring Paris (2024)

Lucky Hearts (2023) 5.6
Lucky Hearts (2023)  ဒီနေ့တော့ Lucky hearts ဆိုတဲ့ ပေါ့ပေါ့ပါးပါး Romance Comedy ကားလေးနဲ့မိတ်တက်ပေးပါရစေ စိတ်ပြေလက်ပျောက် ရယ်မောရစေမယ့်အချစ်ဟာသဇာတ်မြူးလေးပါပဲဇာတ်လမ်းအညွှန်းကတော့သဘာဝအလှကုန်တွေဖန်တီးတဲ့နေရာမှာ ပါရမီပါတဲ့ ရိုစီအန်း။ သူ့ကြောင့် အနီးနားကလူတွေကံကောင်းတတ်ကြလို့ lucky charmလေးလို့ခေါ်ကြပေမယ့် သူ့မှာတော့ အချစ်ရေးကျိန်စာသင့်နေသလို အလွဲလွဲအချော်ချော်ဖြစ်နေကျပါ။ Lucky clover ဆိုတဲ့သူ့ကိုယ်ပိုင် မိတ်ကပ်ကုမ္ပဏီလေး ဆက်လည်ပတ်ဖို့ ရင်းနှီးမြှုပ်နှံသူရှာရင်းနဲ့ ဆိုင်မွန် ဆိုတဲ့ လူချောလေးနဲ့ဆုံမိရာမှ ရိုစီအန်းရဲ့ အမြဲတမ်းဆိုးနေတတ်တဲ့ အချစ်ရေးကံတစ်ပတ်ပြန်လည်လာမလားဆိုတာကတော့ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦး။ File size…(1.7 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre... Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew
movie

Lucky Hearts (2023)

A Greek Recipe for Romance (2024) 6.5
A Greek Recipe for Romance (2024)  နယူးယောက်မှာ ဟိုတယ်မန်နေဂျာအဖြစ် ရာထူးတိုးဖို့ မျှော်လင့်ထားတဲ့ အက်ဘီတစ်ယောက် ဝန်ထမ်းလျှော့တဲ့အထဲပါသွားပြီးနောက် သူ့အမေရှိတဲ့ ဂရိကိုသွားလည်ခဲ့တယ်ဂရိမှာလဲ သီရိုတစ်ယောက် ၂ပတ်အတွင်း စားသောက်ဆိုင်မဖွင့်ရင် အမေဖြစ်သူရဲ့ဆိုင် အသိမ်းခံရတော့မှာကြောင့် အပူတပြင်းဖြစ်နေပြီး သူငယ်ချင်းတစ်ယောက်မိတ်ဆက်ပေးရာကနေ အက်ဘီနဲ့ အချင်းချင်းသိသွားပြီး နှစ်ယောက်သား စားသောက်ဆိုင်ကိုဖွင့်တာ အဆင်ပြေသွားကြမှာလားသီရိုရဲ့ ဘဝလမ်းကြောင်း ရွေးချယ်မှုအပေါ် သဘောမကျဖြစ်နေတဲ့ အဖေကရော စားသောက်ဆိုင်မဖွင့်ဖြစ်အောင် ဘယ်လိုတွေတားဆီးနှောက်ယှက်မလဲဆိုတာကိုတော့ A Greek Recipe for Romance ဆိုတဲ့ ကားလေးကို ကြည့်ရှုပေးကြပါဦး File size…(1.4 GB)/(730 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:24:00 Genre... Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana
movie

A Greek Recipe for Romance (2024)

(18+) Desperate Living (1977) 7.0
(18+) Desperate Living (1977)  Desperate Livings က 1977 ထွက် Comedy/Horror Film အမျိုးအစားဖြစ်ပါတယ်။ IMDb 7 နဲ့ RT 70% ရရှိထားပါတယ်ဇာတ်လမ်းကတော့ စိတ်မနှံ့တဲ့ မိန်းမ Peggy Gravel က သူ့‌ယောက်ျားကို သတ်မိပြီး လွတ်သွားတယ်..အဲဒါကို သူ့အိမ်ဖော်မ ဂရီဇယ်ဒါက ပက်ဂီကိုကူညီရင်း ထွက်ပြေးရင်း မော့ဗေးဆိုတဲ့ ဒုစရိုက်သမားတွေ စုနေတဲ့ မြို့တစ်မြို့ကိုရောက်သွားတယ်။မော့‌ဗေးမှာ ပက်ဂီနဲ့ ဂရီဇယ်ဒါဟာ ထူးထူးခြားခြား characters တွေ အဖြစ်အပျက်တွေ နဲ့ တွေ့ကြံကြရတယ် ဇာတ်လမ်းတစ်လျှောက် characters တွေရော events တွေရောက ယုတ္တိမတန်ပြီး မသတီစရာကောင်းကြတယ်။ ကောင်းတဲ့ဘက်ကနေ တော်တော် chaotic ဖြစ်တဲ့ကားပါ။Dark comedy ကြိုက်တဲ့သူတွေ ကြိုက်မှာပါ။ File size…(2.3 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Comedy, Crime, ...
movie

(18+) Desperate Living (1977)

Unarvugal Thodarkadhai (2024) 7
Unarvugal Thodarkadhai (2024) Unarvugal Thodarkadhai(2024)"ချစ်ခြင်းပုစ္ဆာ" ======================================စိတ်ကြည်နူးစရာကောင်းတဲ့ တမီလ်စကားပြော အချစ်ရုပ်ရှင်လေးတစ်ပုဒ်ကို cm ပရိသတ်တွအတွက် တင်ဆက်ပေးချင်ပါတယ်။တမီလ်ဟာသမင်းသားကြီး ယိုဂီဘာဘူလည်း ဒီရုပ်ရှင်ထဲမှာ အားဖြည့်ပါဝင်ထားပါသေးတယ်။ ကာသစ်နဲ့ ရွှယ်သာတို့ဟာ လစ်ဗင်းတူဂဲသားနေကြတဲ့ စုံတွဲတွေပါ။ အဲဒီလိုနေလာကြရင်း ကာသစ်ဟာ အဆင့်တက်ချင်လာတဲ့အတွက် ရွှယ်သာ့ကို လက်ထပ်ခွင့်တောင်းခဲ့ပေမဲ့ ရွှယ်သာကတော့ လက်မခံခဲ့ပါဘူး။မာနထိခိုက်သွားတဲ့ ကြေကွဲလူငယ်လေး ကာသစ်ဟာ သူ့မိဘတွေ အတင်းပေးစားနေတဲ့ ပရီယာဆိုတဲ့ကောင်မလေးကို ဓာတ်ပုံတောင်မကြည့်ဘဲ မျက်စိမှိတ်ပြီး လက်ထပ်ဖို့သဘောတူလိုက်ပါတယ်။Long term RS တစ်ခု ပျက်စီးသွားလို့ လောကကြီးကို အရွဲ့တိုက်ချင်နေတဲ့ ကာသစ်နဲ့ ရည်းစားတောင်မထားဖူးတဲ့ ချစ်စရာအဖြူထည်ကောင်မလေး ပရီယာတို့ အိမ်ထောင်ရေးဇာတ်ကို ဘယ်လိုကကြမှာလဲ.. သူတို့နှစ်ယောက်ကြားမှာ အချစ်စိတ်တွေမွေးဖွားလာမှာလားဆိုတာကို ဒီရုပ်ရှင်လေးထဲမှာ ကြည့်ရှုခံစားကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…1.29GB / 605MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 50mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Unarvugal Thodarkadhai (2024)

2024
[18+]Grand Jeté (2022) 4.8
[18+]Grand Jeté (2022) Grand Jeté (2022) Genre – Drama(ပွင့်လင်းမြင်သာသော လိင်မှုဆိုင်ရာ ပြကွက်များနှင့် သာမန်လူအနေဖြင့် လက်မခံနိုင်စရာ ရှုပ်ထွေးသော လူမှုဆက်ဆံရေးများ ပါဝင်သောကြောင့် အသက် ၁၈ နှစ်အောက် မကြည့်ကြစေရန် သတိပေးလိုပါသည်။)နာဂျာဆိုတာ နာမည်ကြီး ဘဲလေးအကမယ်တစ်ယောက်၊ ကလေးဘဝကတည်းက ဒီအသက်မွေးကြောင်းကို ခန္ဓာကိုယ်တောင် မညှာတာပဲ အပြင်းအထန်လုပ်ခဲ့လို့ ဘဝမှာ အခက်အခဲတွေ ဖြစ်လာပြီး အစဉ်မပြတ် နာကျင်ကိုက်ခဲမှုတွေကို ခံစားနေရသူပါ။ဒါနဲ့ သင်တန်းနည်းပြ ပြောင်းလုပ်တော့လည်း ရင်ထဲက ဗလာဟင်းလင်းပြင်ကို မဖာထေးနိုင်ပဲ စိတ်ညစ်နေရသူပေါ့။ ဒါကြောင့် မိခင်ဖြစ်သူ ရှိတဲ့ ဇာတိမြို့လေးကို သူ့စိတ်သူ ကုစားဖို့အတွက် ပြန်သွားခဲ့ပါတော့တယ်။ နာဂျာငယ်စဉ်ဘဝ ဆယ်ကျော်သက်တုန်းက ကိုယ်ဝန်တစ်ခုကို အမှတ်မထင် ရရှိခဲ့ပါတယ်ဒါပေမဲ့ ဘဲလေးအကမယ်လုပ်ဖို့အတွက် ကလေးဖြစ်သူကို သူ့ မိခင်ဆီ အပ်ထားခဲ့ပြီး သားဖြစ်သူကို မတွေ့တာကြာပြီး သူစိမ်းဆန်ဆန်တောင် ဖြစ်နေပါပြီ။ ယခု သူ ပြန်ရောက်လာတော့ သားဖြစ်သူ မာရီယိုက ခန္ဓာကိုယ် လေ့ကျင့်ရေးသမားတစ်ယောက် ဖြစ်နေပြီး ကြီးကောင်ပေါက် လူပျိုတစ်ယောက် ...
movie

[18+]Grand Jeté (2022)

2022
Detective Dee and the Great Illusionist ( 2024 ) 5.9
Detective Dee and the Great Illusionist ( 2024 ) စုံထောက်ကြီးဒီးနဲ့ ရုပ်ပြောင်းရုပ်လွှဲအတတ်ကျွမ်းကျင်တဲ့ လူသတ်တရားခံတို့ အားပြိုင်ကြတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ နင့်ကျိုးနယ်မှာ မကောင်းဆိုးဝါးထကြွသောင်းကျန်းတယ်လို့ ဘုရင်မကြီးကြားတဲ့အတွက် စုံထောက်ကြီးဒီးကိုစေလွှတ်ခဲ့တယ်။လူသတ်မှုဖြစ်ခဲ့တဲ့ နင့်ကျိုးကလီအိမ်တော်ကိုစုံထောက်ကြီးဒီး ရောက်သွားတဲ့အခါ မူမမှန်တာကိုသိနေပေမယ့် ဘာသဲလွန်စမှမရခဲ့ပါဘူး။ ရန်သူဟာအရာအားလုံးကိုသိနေပြီ ခြေတစ်လှမ်းအမြဲဦးနေခဲ့တယ်။ဉာဏ်များတဲ့လူသတ်တရားခံကို ဒီးရန်ကျယ်က ဘယ်လိုများအမိဖမ်းမလဲ...... နောက်ကွယ်ကအမှန်တရားကဘာတွေဖြစ်နေမလဲ...... Filesize : 962 MB / 513 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Mystery Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Detective Dee and the Great Illusionist ( 2024 )

Love Mouli (2024) 7
Love Mouli (2024) Love Mouli (2024) "စိတ်ကူးထဲက မိန်းကလေး"IMDb 7.1ဒီတစ်ခါမှာ တောတောင်ရှုခင်းတွေနောက်ခံ တေလဂူး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် မိုလီဟာ ပန်းချီဆရာ၊ လူ့ဂွစာ၊ အထီးကျန်လူသားတစ်ယောက်။ မိဘမဲ့ဖြစ်သလို လူတွေနဲ့ဝေးရာမှာ တစ်ယောက်တည်းနေထိုင်တဲ့လူ အမူအကျင့်ကစလို့၊ စိတ်နေစိတ်ထားအလယ်၊ ပုံပန်းသွင်ပြင်အဆုံး အများသူငှာနဲ့ ဆန့်ကျင်ဘက် လူရိုင်းတစ်ယောက်လို နောက်ဆက်ပြောရရင် မိန်းကလေးတွေကိုမယုံသူ၊ အချစ်ကို တကယ်လုံးဝမရှိဘူးလို့ ယုံတဲ့လူ၊ သူ့စိတ်ကူးထဲက အိပ်မက်ဆန်ဆန် မိန်းကလေးတစ်ယောက်တော့ ရှိတယ်စံနှုန်းတွေက စိတ်ကူးယဥ်ဆန်လွန်းလို့ တကယ်မရှိဘူးလို့ သူလက်ခံထားတဲ့ မိန်းကလေးဟာ တကယ်ပဲ သူ့ဘဝထဲရောက်လာချိန်မှာတော့ …အရိုင်းဆန်တဲ့ နှလုံးသားကို ပြီးပြည့်စုံဆုံး ဆိုတဲ့ မိန်းကလေးကရော ယဥ်လာအောင် လုပ်နိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.02GB /876MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Love Mouli (2024)

Sniper Elite: Nano Crisis ( 2024 ) 5.7
Sniper Elite: Nano Crisis ( 2024 ) ရွှေတြိဂံနယ်မြေရှိ S နိုင်ငံဟာ ဒုစရိုက်အဖွဲ့တွေနဲ့ ငြိမ်းချမ်းမှုမရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ S နိုင်ငံရဲ့ အထူးတပ်ဖွဲ့ဝင် စနိုက်ပါသမား ပိုင်ယဲ့ဟာ နာ့မီနည်းပညာမှာ ပါရဂူဖြစ်တဲ့ ပါမောက္ခဝေကို ကာကွယ်ပို့ဆောင်ပေးဖို့ တာဝန်ကျခဲ့ပါတယ်။ ပို့ဆောင်တဲ့လမ်းမှာ ကင်းမြီးကောက်အဖွဲ့ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ပိုင်ယဲ့တစ်ယောက် ဒဏ်ရာ အပြင်းအထန်ရသွားခဲ့ပါတယ်။ပါမောက္ခဝေက နာ့မီနည်းပညာနဲ့ ပြန်လည်ကုသပေးခဲ့တဲ့အတွက် အမြန်ဆုံး သက်သာသွားတဲ့ ပိုင်ယဲ့ဟာ ကင်းမြီးကောက်လက်ထဲ ကျန်ခဲ့တဲ့ ညီအစ်ကိုကို သွားကယ်ခဲ့ပါတယ်။ နာ့မီနည်းပညာနဲ့ ကမ္ဘာကြီးကို အုပ်ချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ ကင်းမြီးကောက်က နာ့မီစမ်းသပ်ရေးစခန်းကို ရှာတွေ့သွားခဲ့ပြီး ပုန်းခိုတိုက်ခိုက်ခဲ့တဲ့အတွက် ပါမောက္ခဝေကလွှဲပြီး ကျန်တဲ့လူအကုန် သေသွားခဲ့ပါတယ်။ပါမောက္ခဝေကို ပြန်လည်ကယ်တင်ဖို့အတွက်...... ရွှေတြိဂံနယ်မြေက ပြည်သူတွေရဲ့ ငြိမ်းချမ်းလုံခြုံရေးအတွက်...... ပိုင်ယဲ့တို့အဖွဲ့က ဘယ်လို ကြိုးစားတိုက်ခိုက်ကြမလဲ ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.26 GB / 660 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 22 ...
movie

Sniper Elite: Nano Crisis ( 2024 )

Kleks Academy (2023) 5.5
Kleks Academy (2023)   ဒီတစ်ခါ စိတ်ကူးယဉ်ဆန်ဆန် ကလေးတိုအကြိုက်ဇာတ်ကားတစ်ကား ဖြစ်မယ့် Kleks Academy ဆိုတဲ့စိတ်ကူးယဉ် ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါမယ်..ဆယ်ကျော်သက် အရွယ် အာဒါဆိုတဲ့ ကောင်မလေးဟာကလက်စ်အကယ်ဒမီ နတ်သမီးပုံပြင်ကျောင်းတော်မှာတက်ရောက်ဖို ဖိတ်ကြားခံခဲ့ရပါတယ်။ဒီကျောင်းဟာ ကမ္ဘာတဝှမ်းက ထူးခြားတဲ့ စွမ်းအင်ရှိပြီးအလားအလာကောင်းတဲ့ ကလေးတွေသာ တက်ရောက်နိုင်တာပါ။ အာဒါရဲ့ မိဘနှစ်ယောက်လုံးကလည်း ဒီကျောင်းမှာတက်ရောက်ခဲ့ကြပြီး အချင်းချင်း တွေ့ဆုံခဲ့ကြပါတယ်။ဒီနယ်မြေနဲ့ အပြင်လောကနဲ့အကြား အာဒါတိုလို ကလေးအရွယ်တွေသာ ကူးလူးသွားလာနိုင်တာ ဖြစ်ပြီးစိတ်ကူးယဉ်ဖန်တီးမှုတို ကွန့်မြူးရာ နယ်မြေဆိုရင်လည်းမမှားပါဘူး။ ကိုယ်တိုင်ရဲ့ ထူးခြားတဲ့စွမ်းအင်က ဘာလဲဆိုတာမသိသေးတဲ့ အာဒါတစ်ယောက် ဘဝရဲ့ စွန့်စားခန်းဖွင့်ဖိုအတွက် ဒီကျောင်းတော်ကြီးကို တက်ရောက်ဖိုဆုံးဖြတ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ဝံပုလွေမျိုးနွယ်စုတွေက သူတိုရဲ့ယခင်ခေါင်းဆောင်ဟောင်းကို သတ်ခဲ့တဲ့သူဟာပုံသဏ္ဍန်ပြောင်းလဲပြီး ဒီကျောင်းမှာ ရှိနေတာကို သိလိုက်တဲ့အချိန်မှာ ဒီနယ်မြေကို ဝင်ရောက်ဖို နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။အာဒါတစ်ယောက် ကလက်စ်အကယ်ဒမီမှာ တက်ရောက်ရင်းသူမရဲ့ ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူရဲ့ သဲလွန်စတချိုနဲ့အတူမိသားစု လျှိဝှက်ချက်ကိုပါ သိရှိလိုက်ရတဲ့ အချိန်မှာတော့....။ File size…2.15GB / 1.02GB Quality…NF WEB-DL ...
movie

Kleks Academy (2023)

A Shine of Rainbows (2009) 7.1
A Shine of Rainbows (2009)  သက်တန့်အလင်းရောင် "A Shine of Rainbows" ရတော့ကြည်နူးစရာဇာတ်ကားလေးတကားဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ အိုင်ယာလန်က မိဘမဲ့ကလေးတောမတ်စ်ဟာ စရိုက်ကြမ်းတဲ့ မိဘမဲ့ဂေဟာတခုမှာအထီးကျန်ဆန်စွာနေထိုင်ပြီး ဘဝကို ရင်ဆိုင်နေရတာပါ။သူက လူကောင်‌သေးပြီး ရှက်ရွံ့တတ်သလို စကားထစ်တာကြောင့်ဂေဟာမှာ အနိုင်ကျင့်ခံနေရပါတယ်။‌ဒါပေမဲ့ အပြုံးအလှပိုင်ရှင် မိုင်ယာဆိုတဲ့ အမျိုးသမီးနဲ့တွေ့ဆုံတဲ့အခါမှာတော့ တောမတ်စ်ရဲ့ဘဝက တဆစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။ သူ့ရဲ့စိတ်ဝိညာဉ်နဲ့ နှလုံးသားကိုတောက်ပစေတဲ့ မိုင်ယာဟာ သူ့ကို သဘာဝကျွန်းတခုမှာခေါ်ယူမွေးစားပြီး ခင်မင်ရင်းနှီးမှု၊ လက်ခံမှုနဲ့ ချစ်ခြင်းမေတ္တာရဲ့စွမ်းအားတွေကို ရှာဖွေတွေ့ရှိစေခဲ့ပါတယ်။သဘာဝတရားနဲ့ သက်တန့်အလင်းရောင်ရဲ့ သာယာအေးချမ်းတဲ့အလှအပတွေထဲမှာ တောမတ်စ်ဟာ အတိတ်က ဒဏ်ရာတွေကိုကုစားတတ်ဖို့ သင်ယူပြီး ပိုမိုတောက်ပတဲ့ အနာဂတ်အတွက်မျှော်လင့်ချက်ကို ရှာဖွေနေပုံကို ကြည်နူးဆွတ်ပျံ့စွာခံစားရမယ့်မိသားစုဒရာမာဇာတ်ကားကောင်းတခုဖြစ်ပါတယ်။ File size…1.86GB / 869MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

A Shine of Rainbows (2009)

Drawing Closer (2024) 7.9
Drawing Closer (2024)  "အချစ်ဟာ ကံဆိုးတဲ့လူတစ်ယောက်ရဲ့ကမ္ဘာကြီးထဲကအနက်ရောင်စုတ်ချက်တွေကိုတောင် မျက်စိကျိန်းလောက်အောင်တောက်ပတဲ့အရောင်တွေအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်” တဲ့။ ဇွန်လ ၂၇ ရက်ကမှထွက်ရှိထားတဲ့ Drawing Closer ရုပ်ရှင်ဟာRomance ၊ Drama အမျိုးအစားဖြစ်ပါတယ်။အသက်ရှင်ဖို့တစ်နှစ်ပဲ ကျန်တော့တယ်ဆိုတာသိလိုက်ရတဲ့အသက် ၁၇ နှစ်အရွယ်ကောင်လေးအာကီတိုအတွက် ဘဝကရုတ်တရက်အဓိပ္ပါယ်မဲ့သွားပြီး သူအကြိုက်ဆုံးပန်းချီဆွဲတဲ့ဝါသနာကိုတောင် စွန့်လွှတ်ခဲ့ပါတယ်။ အာကီတိုက ကျန်ရှိတဲ့အချိန်တွေမှာ မိသားစုနဲ့တခြားသူတွေအတွက်ဝန်ထုပ်ဝန်ပိုးမဖြစ်အောင်နေသွားပြီးပဲ ဘဝကိုအရှုံးပေးလိုက်တော့မယ်လို့ဆုံးဖြတ်ထားခဲ့ပါတယ်။တစ်ရက်မှာတော့ ဆေးရုံမှာ ခြောက်လသာအသက်ရှင်ရတော့မယ့်သက်တူရွယ်တူကောင်မလေးဟာရူနာနဲ့တွေ့ဆုံခဲ့ပါတယ်။ဘဝမှာနေရမယ့်​အချိန်သိပ်မကျန်တော့တဲ့ ဘဝတူတွေချင်းအတူတူဖြစ်နေတာကြောင့် အာကီတိုက ဟာရူနာမသေခင်မှာဟာရူနာဖြစ်ချင်တာအားလုံးလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ အာကီတိုထင်မထားခဲ့တာက ဟာရူနာရဲ့နောက်ဆုံးဆန္ဒတွေကိုလိုက်လံဖြည့်ဆည်းပေးခဲ့တာတွေက သူ့အတွက်ရှေ့ဆက်အသက်ဆက်ရှင်အောင်အတတ်နိုင်ဆုံးကြိုးစားကြည့်ချင်စိတ်ဖြစ်ပေါ်လာစေဖို့ ဘဝရဲ့အဓိပ္ပါယ်ကိုရှာဖွေတွေ့ရှိသွားစေခဲ့တာပဲဖြစ်ပါတယ်။ File size…1.76GB / 717MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Drawing Closer (2024)

Genres

Archives