Channel Myanmar

New releases (2025)

Content at random


Movies

Beauty And The Beast (2014) 6.4
Beauty And The Beast (2014) A Bela E A Fera ( 2014 )Beauty and the Beast ဇာတ်လမ်းက ဒစ္စနေး ကျေးဇူးနဲ့ ကျွန်တော်တို့ ဟိုးကလေးပေါက်စလေးကတည်းကရင်းနှီးလာတဲ့ ဇာတ်လမ်းပဲ။ ၁၉၄၆ကထွက်တဲ့ ပြင်သစ်ကားအပြင် ခုထိ ဒီဇာတ်လမ်းကို ရိုက်လာလိုက်တာ ၁၀ကားအထက်တော့ ရှိနေပြီ။ ဒီထဲမှာ ၁၉၉၁က ထွက်တဲ့ ဒစ္စနေးကာတွန်းကားနဲ့ ၂၀၁၇ထွက်တဲ့ အန်မာဝတ်ဆန်နဲ့ ရိုက်တဲ့ကားတော့ လူသိအများဆုံးဖြစ်လိမ့်မယ်။၂၀၁၇ကားက ၁၉၉၁ကားရဲ့ Live Actionပဲဆိုတော့ ဒီလူသိအများဆုံး ၂ခုက ဇာတ်လမ်းအတူတူနီးပါးပဲ။ ၁၉၉၁ကားကိုတော့ ၁၇၅၆ကထွက်ခဲ့တဲ့ Jeanne-Marieရဲ့ဗားရှင်း ဇာတ်လမ်းကိုသုံးထားပြီး ၁၉၄၆ရုပ်ရှင်ကနေလည်း မှီးထားတယ်။ ၄၆ရုပ်ရှင်ကလည်း Jeanne-Marieဗားရှင်းပဲ။ ဒါပေမဲ့ သူက Beauty and the Beast ရဲ့ မူရင်း စာရေးဆရာတော့မဟုတ်ဘူး။ မူရင်းကို ၁၇၄၀မှာ Gabrielle-Suzanneက ရေးခဲ့တယ်။ဒီ၂၀၁၄ ပြင်သစ်ကားကတော့ Gabrielle-Suzanneရဲ့ မူရင်းစာအုပ်ကို ရိုက်ထားတာ။ ကျွန်တော်တို့ ကြည့်နေကျဇာတ်နဲ့ တော်တော်လေးတော့ ကွဲပြားခြားနားတယ်။ ရိုက်လာခဲ့သမျှထဲမှာလည်း မူရင်းဇာတ်ကိုရိုက်တာက ဒီတစ်ကားပဲ ...
movie

Beauty And The Beast (2014)

2014
Batman Unlimited: Animal Instincts (2015) 5.7
Batman Unlimited: Animal Instincts (2015) Batman Unlimited: Animal Instincts (2015) IMDb: 5.7/10 Rotten Tomatoes: 77% Genre: Animation/Action/AdventureBatman Unlimited: Animal Instincts ဟာ Batman Unlimited Series ရဲ့ပထမဦးဆုံးဇာတ်လမ်းဖြစ်ပါတယ်။ အတော်လေးလည်းကြည့်ကောင်းတဲ့ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။ဇာတ်ညွှန်း "Midas Heart" လို့ခေါ်တဲ့ဂြိုလ်သိမ်တစ်ခု ကမ္ဘာကြီးကိုနောက် ၃ ရက်နေရင်ဖြတ်သွားပါတော့မယ်။အဆိုပါဂြိုလ်သိမ်ရဲ့ ထူးခြားချက်ကတော့ အလယ်မှာရွှေတွေပါလာတာဖြစ်ပါတယ်။တချိန်တည်းမှာပဲ ဂေါ့သမ်မြို့မှာ ဓားပြမှုတွေဖြစ်နေပါတယ်။ ဓားပြမှုတွေဖြစ်လာတာကြောင့်ဘတ်မန်းတို့အုပ်စုကလိုက်ရှင်းနေရပါတယ်။ ထူးဆန်းတာက ဓားပြတိုက်တဲ့လူတွေအအကုန်လုံးကKiller Croc, Cheetah, Silverback တို့ဖြစ်ပြီး အကုန်လုံးက တိရိစ္ဆာန်တွေနဲ့ဆက်နွယ်နေတဲ့ဗီလိန်တွေဖြစ်ပါတယ်။ အားလုံးရဲ့နောက်ကွယ်မှာတော့ ပင်ဂွင်းရှိနေပါတယ်။သူတို့ကို Batman, Green Arrow, Robin, Nightwing, Flash တို့ကဘယ်လိုများတားဆီးမှာလဲ ။ပင်ဂွင်းရဲ့အကြံအစည်ကဘာများလဲ။ File size…    1.1 GB /  551 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 18m Genre ...
movie

Batman Unlimited: Animal Instincts (2015)

JLA Adventures: Trapped in Time (2014) 5.7
JLA Adventures: Trapped in Time (2014) JLA Adventures: Trapped in Time(2014) IMDb: 5.7/10 Rotten Tomatoes: 74% Genre: Animation/Action/Sci-FiJLA Adventures: Trapped in Time ဟာ DC Animation မှဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ဇာတ်ညွှန်း လက်ရှိ ၂၁ ရာစုမှာ လက်စ်လူသာဟာ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပြီး "Legion of Doom" ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ ထုံးစံအတိုင်း ကမ္ဘာကြီးကိုအုပ်စိုးဖို့အကြံနဲ့ လုပ်ကိုင်နေတုန်းမှာ"Justice League" ရဲ့တားဆီးခြင်းကိုခံလိုက်ရပါတယ်။ ပိုပြီးဆိုးတာက လက်စ်လူသာ ဟာရေခဲထဲမှာပိတ်မိသွားပါတယ်။ ဘယ်လောက်ထိပိတ်မိသွားလဲဆိုရင် ၃၁ ရာစုမှာမှပြန်လည်တူးဖော်တွေ့ရှိခဲ့ပါတယ်။ဒါတောင်မှ ရှာလို့တွေ့တာမဟုတ်ပဲ ကမ္ဘာကြီး ဒုတိယအကြိမ်ပူနွေးလာပြီး ရေခဲတွေအရည်ပျော်ကျလာလို့ဖြစ်ပါတယ်။ ၃၁ ရာစုရောက်တဲ့အချိန်မှာတော့ စူပါမန်းနဲ့ "Justice League" တို့ဟာ ပြတိုက်ထဲမှာဂုဏ်ပြုတဲ့အနေနဲ့ပြသထားပြီး "Legion of Doom" အဖွဲ့ကိုလည်းပြသထားပါတယ်။အဲထဲမှာ ရေခဲထဲပိတ်မိနေတဲ့ လက်စ်လူသာလည်းပါပါတယ်။"Dawnstar" နဲ့ "Karate Kid" တို့နှစ်ယောက်ဟာ ၃၁ ရာစု မှ ...
movie

JLA Adventures: Trapped in Time (2014)

Aham Reboot (2024) 6
Aham Reboot (2024) ဘဝသစ် ပြန်လည်စတင်ခြင်းဒီတစ်ခေါက် ပရိသတ်ကြီးကို တင်‌ဆက်ပေးချင်တဲ့ ဇာတ်ကားကောင်းလေးကတော့ IMDb rating 6.6 အထိ ရရှိထားတဲ့ 2024 ခုနှစ်မှ ထွက်ရှိထားတဲ့ Aham Reboot ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီကားမှာတော့ Main cast အနေနဲ့ Sumanth က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ နီလေးဆိုတဲ့လူဟာ နိုင်ငံ့ကိုယ်စားပြု ဘောလုံးသမားဖြစ်ချင်ခဲ့တဲ့သူပါ ဒါပေမဲ့ ကံဆိုး‌ချင်တော့ နီလေးကြောင့် အာဗန်သီကာဆိုတဲ့ ကောင်မလေးဟာ မတော်တဆမှုတစ်ခုမှာ သေဆုံးသွားခဲ့ရပါတယ် ဒီလိုဖြစ်ရပ်ကြောင့် အပြစ်ရှိစိတ်တွေနဲ့ ရှင်သန်ရင်း ရေဒီယိုဌာနတစ်ခုမှာ အစီအစဉ်တင်ဆက်သူအနေနဲ့ အလုပ်လုပ်ခဲ့ရာ တစ်နေ့မှာတော့ အစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေတုန်း ကောင်မလေးတစ်ယောက်ဆီက ဖုန်းဝင်လာပါတော့တယ်။ဖုန်းထဲက ကောင်မလေးက နီလေးကို သူအခန်းတစ်ခုထဲမှာ ပိတ်ခံထားရလို့ သူ့ကို ကယ်ပေးဖို့ ပြောတဲ့အချိန်မှာတော့..... ဒီကောင်မလေးက ဘယ်သူလဲ နီလေးကရော K ဆီ ဘာလို့ ဖုန်းခေါ်ခဲ့တာလဲ ရဲကရော ဒီဇာတ်ကားထဲမှာ ဘယ်ကဏ္ဍနေ ပါဝင်နေတာလဲ နီလေးကရော ဒီရှိုးကနေတဆင့် ကောင်မလေးရဲ့ နေရာကို ဘယ်လိုရှာဖွေ ဖော်ထုတ်သွားမလဲ ဖမ်းခံထားရတဲ့ ကောင်မလေးကရော ...
movie

Aham Reboot (2024)

2024
All Star Superman (2011) 6.8
All Star Superman (2011) All Star Superman (2011) IMDB: 6.8/10 Rotten Tomatoes: 80% Genre: Action/Sci-fiဒီဇာတ်လမ်းလေးကနည်းနည်းရင်ထဲမှာခံစားရလိမ့်မယ်လို့ကျွန်တော်ကြိုပြောပါရစေ။Animation ထက်ကိုပိုတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးကလူဆိုးတွေကိုချနေတဲ့ဇာတ်လမ်းဆိုတာထက် စူပါမန်းရဲ့ စိတ်နေစိတ်ထားကိုရိုက်ပြသွားတာဖြစ်ပါတယ်။ဒေးလီးပလန်းနက်က လယ်သမားသားကလာ့ခ်ကန့်တ်၊ ခရစ်ပတွန်သား ကဲလ်အဲလ်၊ကမ္ဘာကြီးကိုကယ်တင်နေတဲ့သံမဏိလူသား တစ်ယောက်ရဲ့ စိတ်ထားကဘယ်လောက်ထိမြင့်မြတ်ကြောင်းပြသွားတာဖြစ်ပါတယ်။ ဇာတ်ညွှန်း ဒေါက်တာ လီယိုကွင်တမ်နဲ့သူ့အဖွဲ့တွေနေကို သွားရောက်လေ့လာနေတုန်းမှာ လက်စ်လူသာကြောင့်အဆင်မပြေထဖြစ်ပါတော့တယ်။ လက်စ်လူသာဟာ အဖမ်းခံထားရတဲ့အချိန်ဖြစ်လည်းဖြစ်ပါတယ်။ဒါပေမယ့် လက်စ်လူသာဟာ ဉာဏ်ကြီးရှင်တစ်ယောက်လည်းဖြစ်တာကြောင့်လူသားမျိုးနွယ်စုကောင်းကျိုးအတွက် တီထွင်ခိုင်းပါတော့တယ်။စောင့်ကြည့်ရေးကာလမှာ သူဟာ နေလောက်ထိအကွာအဝေးကိုကမ္ဘာကနေလှမ်းထိန်းပြီးဒေါက်တာ ကွင်တနမ်တို့ရဲ့ယာဉ်ကို တိုက်ခိုက်ပါတော့တယ်။ ဒါပေမယ့်လည်း ဒေါက်တာကွင်တမ်တို့ကိုစူပါမန်းကလာကယ်ခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ နေကြောင့် စူပါမန်းရဲ့ဆဲလ်တွေဟာမြန်မြန်ကြီးပြိုကွဲလာပါတယ်။တစ်နည်းပြောရရင်တော့ စူပါမန်းဟာသေတော့မှာဖြစ်ပါတယ်။ဒါပေမယ့်လည်း စူပါမန်းကြီးဟာဘယ်လိုမှသူသေတော့မယ်ဆိုတာကို ထုတ်မပြောခဲ့ပါဘူး။သူပြောခဲ့တာတစ်ယောက်ပဲရှိပါတယ်။ အဲဒါကတော့...သူမသေခင်မှာ သူဘယ်လိုတွေလုပ်သွားလဲ၊ ကမ္ဘာကြီးအတွက်ဘာတွေလုပ်သွားလဲဆိုတာကိုမြင်ရမှာဖြစ်ပါတယ်။ File size…    1.3 GB /  571 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 16m Genre ..... Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated ...
movie

All Star Superman (2011)

Superman/Batman: Apocalypse (2010) 7.2
Superman/Batman: Apocalypse (2010) Superman Batman: Apocalypse 2010 ကမို့ ကြာခဲ့ပါပြီ... သို့သော် Superman နဲ့ Supergirl ရဲ့ Super Action တွေဟာ ခုအချိန်ထိ မဟောင်းသေးပါဘူး။ Sir Bat က Action နည်းတယ်လို့ပြောလို့ရပေမယ့် သူ့လုပ်ကွက်တွေကလဲ ခုချိန်ထိ အရမ်းကို Batman ဆန်နေဆဲပါ။ Batman ဆန်နေမှတော့ ကြည့်လို့ကောင်းပြီရယ်ပေါ့။ အကောင်းဆုံး ဇာတ်ကားတစ်ကားလို့မပြောပေမယ့် အစကနေ ပြီး အဆုံးထိ ပေါ့ပေါ့ပါးပါးလေး သူခေါ်သွားပါလိမ့်မယ်။ DC Trinity ရဲ့ ချစ်စရာ အမူအကျင့်လေးတွေကို Supergirl ရဲ့ အပြစ်ကင်းစစ် ချစ်စရာကောင်းမှု နဲ့ အတူ ကြည့်ရမှာပါ။ BatFan တွေ ကြိုက်ကြသလို Superman Fan တွေလဲ အားရကြပါတယ်... DC ဟာ Animation မှာ နာမည်ရှိပါတယ်.... အဲ့လိုဖြစ်စေတဲ့ Animations များစွာထဲမှာ ဒီ Animation လေး အပါအဝင်ပါပဲ... ဒီ Animation Movie လေးကို ဘာသာပြန်ပေးထားတာကတော့ Han Minn ဖြစ်ပြီး Review ကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။   File ...
movie

Superman/Batman: Apocalypse (2010)

2010
Kids (1995) 7.0
Kids (1995) Kids (1995) IMDB: 7.0/10 Rotten Tomatoes: 47% Genre: Drama(လိင်ပိုင်းဆိုင်ရာ ပြကွက်များ နှင့်စကားပြောကြမ်းတမ်းမှုများ ပါဝင်သောကြောင့် ၁၈ နှစ်အောက်များ သို့မဟုတ် မိသားစုနဲ့အတူ မကြည့်ဖို့ တိုက်တွန်းလိုပါသည်။)ဆယ်ကျော်သက်ဘဝဆိုတာအပြစ်ကင်းစင်ပါတယ်။ ဒါမှမဟုတ် တကယ်ပဲအပြစ်ကင်းတာလား။ ဒီရုပ်ရှင်က ဆယ်ကျော်သက်ဘဝဆိုတာ လမ်းမှားရောက်နိုင်တဲ့ အရွယ်ဖြစ်ကြောင်း ပညာပေးထားသောဇာတ်လမ်းဖြစ်ပါတယ်။ လိင်ဆက်ဆံတာကကောင်းပါတယ်။ ဒါပေမယ့် စိတ်အလိုလိုက်ပြီး အကာအကွယ်မသုံးပဲ လိင်ဆက်ဆံတဲ့အခါမှာဖြစ်လာမယ့် နောက်ဆက်တွဲတွေကခန့်မှန်းလို့မရပါဘူး။ ဒီဇာတ်လမ်းမှာ ဒါကိုသေချာပြမှာဖြစ်ပါတယ်။ ဇာတ်ညွှန်း တယ်လီနဲ့ ကက်စ်စပါ တို့နှစ်ယောက်ဟာ ဆယ်ကျော်သက်တွေဖြစ်ပါတယ်။ တယ်လီက ယောင်ရင်တောင် "ပူစီ၊ ပူစီ" လို့အသံထွက်လောက်တဲ့အထိကို "ပူစီ"ကြိုက်တဲ့လူဖြစ်ပါတယ်။ တယ်လီကြိုက်တာနောက်တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ အပျိုပါ။ တယ်လီက အပျိုပန်းတွေကိုပဲ လိုက်ဆွတ်ခူးနေတဲ့လူဖြစ်ပါတယ်။ဂျန်းနီဆိုတာကတော့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူ(မ)ဘဝမှာ လိင်တစ်ခါပဲဆက်ဆံဖူးပါတယ်။ အဲဒီလူကတော့ တယ်လီနဲ့ဖြစ်ပါတယ်။ ဆေးသွားစစ်ကြည့်လိုက်တဲ့အခါမှာတော့ ဂျန်းနီမှာ "HIV" ဖြစ်နေပါတယ်။ ခက်တာက သူကလည်းတစ်ယောက်ထဲနဲ့ပဲ လိင်ဆက်ဆံဖူးပါတယ်။ အဲတော့ဆိုလိုတာက တယ်လီမှာ "HIV" ရှိနေပါပြီ။ ဂျန်းနီတစ်ယောက် တယ်လီကိုလိုက်ရှာပါတော့တယ်။ ဇာတ်လမ်းကအရမ်းကိုအေးပါတယ်။ အကြိုက်တွေ့ရန်လည်းခက်နိုင်ပါတယ်။ လိင်ဆက်ဆံသည့်အခန်းများ စကားအသုံးအနှုန်းများကြမ်းများ ဖောဖောသီသီ ပါဝင်ပါသော်လည်း ဆယ်ကျော်သက်ညီငယ် ညီမငယ်များ အတုယူ လမ်းမှားမရောက်ဖို့ ပညာယူဆင်ခြင်နိုင်ရန် ...
movie

Kids (1995)

Acne (2008) 5.2
Acne (2008) Acne 2008ဒီဇာတ်လမ်းလေးကတော့ Rafael Bregman လို့ခေါ်တဲ့ လူပျိုဖော်ဝင်စ ကောင်လေးအပေါ်အခြေခံထားတာ ဖြစ်ပါတယ်။ Rafael ဟာ သူ့ရဲ့ လူငယ်ဘဝမှာစိတ်မလုံခြုံစရာတွေပြောင်းလဲမှုတွေ နဲ့အခက်အခဲတွေ ကြုံရပါတော့တယ်။ ဇာတ်လမ်းနာမည်အတိုင်း ဝက်ခြံကတော့အဆိုးဆုံးပေါ့။လူပျိုဖော်ဝင်ကာစ ကောင်လေးဆိုတဲ့အတိုင်း Rafael ဟာ ပထမဆုံးအနမ်းရဖို့မဆုတ်မနစ်ကြိုးစားပါတော့တယ်။Rafael ရဲ့ လူတောတိုးနိုင်အောင်ကြိုးစားတာတွေမိဘတွေရဲ့ အဆင်မပြေမှုတွေကြား နေရတာတွေ ဆန့်ကျင်ဖက်လိင်ကို မတရားစိတ်ဝင်စားတာတွေစတဲ့ လူပျိုဖော်ဝင်ချိန်ဖြစ်နေကျ အကြောင်းတွေကို ဟာသလေးနှောပြီးတော့တင်ဆက်ထားတာ ဖြစ်လို့ တော်တော်လေး ကြည့်လို့ကောင်းမယ့်ဇာတ်လမ်းလေး ဖြစ်ပါတယ်ခင်ဗျာ။ရှုစားကြပါ။ File size…    1.4 GB /  670 MB Quality… WEBRip 1080p / 720p Format… mp4 Duration…. 1h 27m Genre ..... Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Moe Zac
movie

Acne (2008)

Hack Your Health: The Secrets of Your Gut (2024) 6.5
Hack Your Health: The Secrets of Your Gut (2024) Hack Your Health: The Secrets of Your Gut (2024)မိတ်ဆွေတို့ ဘာစားစားမဝတဲ့လူတွေကို မြင်ဖူးကြတယ်မလား အဲဒီလိုပဲ အစားဆင်ခြင်ရဲ့သားနဲ့ဝိတ်မကျပဲဝနေတဲ့လူတွေရောမြင်ဖူးတယ်မလား။ ဘာကြောင့်လဲဆိုတဲ့အဖြေကိုရှာချင်ရင်တော့ဒီ Netflix က တင်ဆက်ပေးထားတဲ့ အူလမ်းကြောင်းနဲ့ပတ်သက်တဲ့ Documentary လေးကိုကြည့်ဖို့ညွှန်းချင်ပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ မတူညီမှုတွေကိုဖော်ပြထားပြီး အဲဒီမတူညီမှုတွေရဲ့ မတူညီတဲ့သက်ရောက်မှုတွေကြောင့် လူတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေး‌အပေါ်သက်ရောက်မှုလည်းမတူညီနိုင်ကြောင်းကိုတင်ဆက်ပေးထားပါတယ်။ ကျန်းမာ‌တဲ့ဘဝရဖို့အတွက် ဘယ်အရာတွေကအဓိကကျနေလဲ၊ လူတစ်ယောက်နဲ့တစ်ယောက် အူလမ်းကြောင်းအတွင်းက ပါဝင်နေတဲ့ဇီပိုးမွှားဖွဲ့စည်းပုံတွေမတူညီတာကြောင့် ရှိလာတဲ့ကွဲပြားမှုတွေကိုသေချာရှင်းလင်းပြောပြထားပြီးရိုက်ကူးတင်ဆက်ပေးထားပါတယ်။ကျန်းမာပျော်ရွှင်တဲ့ဘဝအတွက် အူလမ်းကြောင်းတွေရဲ့ အခန်းကဏ္ဍအရေးပါပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ File size…    1.4 GB /  696 MB Quality… WEBRip 1080p / 720p Format… mp4 Duration…. 1h 19m Genre ..... Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia
movie

Hack Your Health: The Secrets of Your Gut (2024)

Home on the Range (2004)
Home on the Range (2004)  Disney ရဲ့ ဇာတ်​ကား​ဟောင်း​လေး တစ်ကားဖြစ်တဲ့ Home​on the Range ဆိုတဲ့​ ဟာသ animation ရုပ်ရှင်​လေးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့ old but gold ဇာတ်​ကား​ဖြစ်​ပြီး ရုပ်ရှင်​ရဲ့​အမည်​Home​ on the Range​ က အမေရိကန်​တောင်​ပိုင်း​ဒေသ​ရဲ့ ဂန္တဝင်​သီချင်း​ကနေ ယူထားတာဖြစ်ပါတယ်။ အမေရိကရဲ့ Wild Wild West လို့ခေါ်တဲ့ အနောက်​ဘက်​ဒေသ​ရဲ့ ကောင်း​ဘွိုင်​ခေတ်​မှာ အခြေ​ပြု​ထားတာဖြစ်ပေမဲ့ အဓိက​ဇာတ်​ကောင်​တွေက ကောင်း​ဘွိုင်​တွေ မဟုတ်​ဘဲ နွား​မတွေပါ။ဇာတ်လမ်း​အကျဥ်း​ကတော့ နီဘရာစကားပြည်နယ်တစ်နေရာမှာ ကောင်း​ကင်​ဘုံ​စား​ကျက်​မြေ ဆိုတဲ့ ယာတောလေးတစ်ခုရှိပြီး အဲဒီခြံမှာနေတဲ့ တိရစ္ဆာန်​တွေ​ကို ခြံရှင်ဖြစ်သူ မစ္စ​ပါးလ်က မိသားစု​ဝင်တွေလို သဘော​ထား​ပြီး အတူပျော်ရွှင်စွာ နေထိုင်​ကြပါ​တယ်။ ဒါပေမဲ့​ ပြည်နယ်​တဝိုက်မှာ အလာမီဒါဆလင်း ဆိုတဲ့​ နာမည်​ကျော်​နွားခိုးသမား လက်​ချက်​ကြောင့် ခြံရှင်လယ်သမား အတော်များများ​ ဒုက္ခ​ရောက်​နေကြ​ပါတယ်။အလာမီဒါဆလင်း​ရဲ့ ပယောဂ​ကြောင့်​ ...
movie

Home on the Range (2004)

Mean Creek (2004)
Mean Creek (2004)  IMDb - 7.0 Rt - 89%ဂျော့က စာလေ့လာသင်ယူမှုပြဿနာရှိပြီး အိမ်ကလည်းအလိုလိုက်ခံထားရတဲ့ ခပ်ဆိုးဆိုးကောင်လေးပါ။ တနေ့ကျောင်းမှာ သူဗီဒီယိုရိုက်နေတုန်း ကြားဖြတ်ဝင်လာတဲ့ ဆမ်ကို စိတ်မထိန်းနိုင်ပဲ ဆွမ်းကြီးလောင်းလိုက်မိပါတယ်။ ဆမ်ကတော့ မာတင် လူသာကင်းတို့၊ ဂန္ဒီတို့လို သည်းခံတတ်တဲ့လူအေးဖြစ်လို့ ပြဿနာကခဏလေးနဲ့ပြီးသွားခဲ့ပါတယ်၊ ဒါပေမဲ့ ဆမ်ရဲ့အကိုဖြစ်သူ ရော့ကီနဲ့ သူ့သူငယ်ချင်း မာတီနဲ့ ကလိုက်ဒ်တို့ကတော့ ဖက်တီးဂျော့ကို ပညာပေးဖို့ စီစဉ်လိုက်ကြပါတယ်။ ဒီအစီအစဉ်ကတော့ မြစ်ထဲမှာ လှေစီးထွက်ရင်း Truth or Dare ဆော့ပြီး ဂျော့ကို ကိုယ်လုံးတီးနဲ့မြစ်ထဲပစ်ချဖို့ပါ။ဒီလိုနဲ့အကုန်စီစဉ်ပြီး ဂျော့နဲ့အတူ မြစ်ထဲလှေစီးထွက်ကြရင်း 24 နာရီအတွင်းမှာ ဘယ်လိုတွေပြောင်းလဲသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Drama,  Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

Mean Creek (2004)

The Nightingale of Bursa (2023) 6.8
The Nightingale of Bursa (2023)  ဒီရုပ်ရှင်လေးက ၁၉၈၆ ခုနှစ် မူဒန်ညာ ကမ်းခြေမြို့လေးတစ်မြို့မှာ ဇာတ်အိမ်တည်ထားတဲ့ တူရကီ စကားပြော Musical Drama ရုပ်ရှင်ကားလေးပါ။ အချစ်၊ အလွမ်း၊ ဟာသ၊ ဂီတ ရသအမျိုးမျိုးပေးနိုင်တဲ့ ရုပ်ရှင်ကားမျိုး ဖြစ်ပြီး ကဗျာဆန်တဲ့ အချစ်ဇာတ်လမ်းကိုကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်တော့ ဒီရုပ်ရှင်က အချိန်ပေးရတာတန်တဲ့ ရုပ်ရှင်လေးပါကန်ဂျစ်ဆယ်ဇန်ဟာ တစ်နေ့မှာ သီချင်းအခွေထုတ်မယ်ဆိုတဲ့ အိပ်မက်တွေ ထွေးပိုက်ထားတဲ့ ဂီတပညာရှင် တစ်ယောက်ပါ။ တစ်ရက်မှာတော့ ကံအကြောင်းတိုက်ဆိုင်စွာနဲ့ ကနွန်းတူရိယာ တီးတဲ့ သူငယ်ချင်း တက်စ်ကင်နဲ့ သူ့ ညီမ အာဇူ တို့နဲ့ ဆုံတွေ့ခဲ့ပြီး သုံးယောက်အတူ တီးတိုင်းတစ်ဖွဲ့ဖို့ အကြောင်းဖန်လာပါတော့တယ်။ ဂီတကို ဝါသနာ အသီးသီးရှိကြတဲ့ ဒီလူသုံးယောက်ဟာ အခက်အခဲတွေကျော်ဖြတ်ပြီး ခွေထုတ်ဖို့ကြိုးစားကြပုံတွေ အလွဲတွေကနေ ရယ်စရာမောစရာ အဖြစ် ပြောင်းလဲရပုံတွေ ကန်ဂျစ်နဲ့ အာဇူတို့ရဲ့ ဆက်ဆံရေးအခြေအနေ စတာတွေကို ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးခင်ဗျာT ...
movie

The Nightingale of Bursa (2023)

Paradise Is Burning (2023) 6.9
Paradise Is Burning (2023)  ဒီတစ်ခါမှာ‌တော့ Paradise is Burning ဆိုတဲ့ ဆွီဒင်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ လော်ရာ၊ မီရာ နဲ့ စတက်ဖီဆိုတဲ့ ညီအမသုံးယောက် တစ်ယောက်ကိုတစ်ယောက်မှီခိုရင်း အတူတကွနေထိုင်ကြပါတယ်။ သူတို့ရဲ့ အမေကတော့ အိမ်ကနေထွက်သွားပြီး ပျောက်ချင်းမလှပျောက်သွားလိုက်တာ ပြန်ကိုမလာတော့ပါဘူး။ ‌တစ်ရက်တော့ လူမှုကူညီရေးအသင်းက သူတို့အမေနဲ့တွေ့ဆုံဖို့ အကြောင်းကြားလာတဲ့အခါမှာတော့ အစ်မအကြီးဆုံးဖြစ်တဲ့ လော်ရာဟာ သူတို့အမေအဖြစ်ဟန်ဆောင်ပေးဖို့ လူတစ်ယောက်ကို ရှာရဖို့ အကြောင်းဖန်လာပါတော့တယ်။ကလေးတုန်းကဆို ငါမြန်မြန်လူကြီးဖြစ်ချင်ပြီ ဆိုတာမျိုးကို ကိုယ်တိုင်လည်းပြောဖူးကြမှာပါ။ သူတို့ဆီမှာတော့ ပါတီနဲ့တောင် ဒါမျိုးကို ဂုဏ်ပြုကြတာမျိုးတွေ နောက်ပြီး ကလေး တစ်ယောက်ရဲ့အပြုအမူ အမူအကျင့်တွေ က ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်နဲ့လူတွေအပေါ်မှာ ဘယ်လောက်မူတည်သလဲဆိုတာကိုလည်း မြင်တွေ့နိုင်မှာပါ။ဒီဇာတ်ကားက ‌ပျိုဖော်ဝင်ချိန်မှာ ကြုံတွေ့ရတဲ့ ပြဿနာလေးတွေ၊ ညီအစ်မတွေကြားမှာ ဖြစ်တတ်တဲ့ ကတောက်ကဆလေးတွေ နဲ့ ချစ်ခြင်းမေတ္တာတရားတွေ ကို ဖော်ပြထားတဲ့အပြင် အခက်အခဲတွေကြားမှာမှ ထားမိတဲ့ ...
movie

Paradise Is Burning (2023)

The Watchers (2024)
The Watchers (2024)  မင်းသမီး ဒါကိုတာဖန်းနင်းရဲ့ ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ ပဟေဠိဆန်ဆန်ကြည့်ရမှာပါ။ တောအုပ်တစ်ခုထဲကို ရောက်သွားတဲ့လူတွေဟာ ပြန်ထွက်လို့မရတော့ဘူး။ သူတို့အတွက်ခိုလှုံစရာ အိမ်တစ်လုံးတော့ ရှိနေတယ်။ ညဘက်ရောက်တိုင်း ဘာမှန်းမသိတဲ့အရာတွေက သူတို့ကို လာစောင့်ကြည့်တယ်။ နေ့ဘက်ဆိုရင်အဲဒီအရာတွေက အပြင်ထွက်မရဘူး။ညဘက်မှာထွက်တဲ့လူတွေလည်း ပြန်မလာနိုင်ကြတော့ဘူး။ အဲဒီကိုနောက်ဆုံးရောက်လာတဲ့ မင်းသမီး ဒီလိုနေနေရတဲ့အခြေအနေကို လက်မခံဘဲ ထွက်လမ်းရှာဖို့ အသက်နဲ့ရင်းပြီးကြိုးစားတဲ့အခါဘာတွေဆက်ဖြစ်လာလဲ ကြည့်ရမှာပါ...File size…(1.4 GB)/(772 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Horror, Mystery, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr Anderson
movie

The Watchers (2024)

Sheriff: Narko Integriti (2024) 7.6
Sheriff: Narko Integriti (2024)  မလေးရှားအက်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့Sheriff: Narko Integriti ကတော့ မလေးရှားနိုင်ငံရဲ့ဒုတိယရုံတင်ဝင်ငွေအများဆုံးရုပ်ရှင်ကားဖြစ်ပါတယ်။ရုပ်ရှင်ရိုက်ကူးမှု၊ ဇာတ်လမ်းရေးသားမှု၊ သရုပ်ဆောင်ကောင်းမွန်မှု၊ကင်မရာလှုပ်ရှားမှုနဲ့ ထင်မှတ်မထားတဲ့ဇာတ်လမ်းဇာတ်ကွက်အပြောင်းအလဲတွေအတွက် ချီးကျူးမှုတွေရရှိထားပြီးနောက်ဆက်တွဲရုပ်ရှင် ထပ်မံရိုက်ကူးဖို့အထိ ကြေညာထားပါတယ်။ဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီး တရားရုံးကိုဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ မလေးရှားနိုင်ငံရဲ့အကြီးဆုံးဘိန်းဖြူဂိုဏ်းခေါင်းဆောင်တိုနီကို မူးယစ်နှိမ်းနှင်းရေးရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့နာဇရီကဥပဒေနဲ့မဟုတ်ဘဲ ဘိန်းဖြူလူသတ်သမားဆိုတဲ့နာမည်နဲ့ကိုယ်တိုင်ရှင်းလင်းဖို့လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲတိုနီရဲ့လူတွေကိုသတ်ဖြတ်နေတဲ့နာမည်ကြီးဘိန်းဖြူလူသတ်သမားကို စစ်ဆေးဖော်ထုတ်ဖို့ ရှရစ်ဖ်ဆိုတဲ့ရဲတစ်ဦးရောက်ရှိလာပြီး မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့ထဲက နာဇရီနဲ့အပေါင်းအပါတွေကို စတင်စုံစမ်းစစ်ဆေးလာခဲ့ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေကြား တိုနီရဲ့သူလျှိုတွေကဘယ်သူလဲ..ဘိန်းဖြူလူသတ်သမားက ဘယ်သူလဲဆိုတာ အချင်းချင်းသံသယတွေနဲ့ဖော်ထုတ်သွားကြပုံကို ရင်တမမနဲ့ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…2.12GB / 977MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 13m Genre ….. Action , Adventure , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Sheriff: Narko Integriti (2024)

Mean Streets (1973) 7.2
Mean Streets (1973)  ချာလီက မာဖီးယားဂိုဏ်းရဲ့ မိသားစုဝင်တစ်ယောက်ပါ။ သူ့ဦးလေးက စီးပွားရေးလုပ်ငန်းတစ်ချို့ကို ဦးစီးခိုင်းစေချင်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ သူငယ်ချင်းလို ညီတစ်ယောက်လို ချစ်ခင်ရတဲ့ ဂျွန်နီကို လိုက်လံစောင့်ရှောက်ပေးနေရတာနဲ့ပဲ ပြဿနာပေါင်း သောင်းခြောက်ထောင် တက်နေခဲ့တာပါ။ဂျွန်နီက တကယ့်မလည်ရှုပ် လောင်းကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ငွေကြေးအရှုပ်အရှင်းလည်း အရမ်းများတဲ့သူပါ။ ဂျွန်နီတစ်ယောက် ချာလီရဲ့ မိတ်ဆွေ မိုက်ကယ်ဆီကနေ ငွေချေးပြီး ပြန်မဆပ်ရာကနေ ပြဿနာတွေ စတော့တာပဲ။ချာလီက ဂျွန်နီရဲ့ ဝမ်းကွဲအမဖြစ်တဲ့ ထရီစာနဲ့လည်း ချစ်ကြိုက်နေတာပါ။ ထရီစာက စိတ်သိပ်မမှန်လို့ ချာလီက သနားလည်းသနားပါတယ်။ ဂျွန်နီနဲ့ ထရီစာတို့ မောင်နှမအရေးနဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘဝကြားမှာ ကြားညပ်သွားတဲ့ ချာလီရဲ့အဖြစ်ကို ရှုစားရမှာပါ။ငြိမ့်ငြိမ့်လေးနဲ့ပဲ ဆွဲခေါ်သွားတဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး စဉ်းစားစရာ သင်ခန်းစာယူစရာတွေလည်း အများကြီးပါပဲ။တကယ့်ဇာတ်အေးကြီး ဖြစ်ပေမယ့် ဝါရင့်သရုပ်ဆောင်ကြီးတွေရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေ အသက်ဝင်လှတဲ့ ဇာတ်ကွက်တွေကြောင့် လုံးဝမြောပါသွားပါလိမ့်မယ်။Vintage ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေနဲ့ဆိုရင် ကွက်တိပါပဲ။၁၉၇၃ ...
movie

Mean Streets (1973)

Love Marry Kill (2023) 5.6
Love Marry Kill (2023)  ဒီဇာတ်လမ်းကတော့ New Orleans က ပရဟိတသမား Elisa Harrington ရဲ့ ယာဉ်တိုက်ခိုက်မှု ခံရပြီး သေဆုံးသွားမှုကို အခြေတည်ထားတဲ့ သည်းထိတ်ရင်ဖို အချစ်စုံထောက်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်လူရင်းတွေ အချင်းချင်းကြား ဖုံးဖိမှုများ၊ မူးယစ်ဆေးဝါးဂိုဏ်းများ၊ New Orleans ရဲဌာနရဲ့ အကျင့်ပျက် ခြစားမှုများ၊ အိမ်ခြံမြေအငြင်းပွားမှုများနှင့် မိသားစု၏ဂုဏ်အသရေနှင့် အာဏာတို့ရဲ့ အားပြိုင်မှုတွေကို ခပ်ပါးပါးလေး ရိုက်ပြထားတာပါဇာတ်လမ်းအကျဉ်းဝါရှင်တန်ဒီစီရှိ အောင်မြင်သော မှုခင်းဆေးပညာ ပညာရှင် Jordan Toussaint ဟာ ဇာတိမြို့ဖြစ်တဲ့ New Orleans ကို ညီလာခံ တက်ဖို့ လာရင်း အချစ်ဆုံးသူငယ်ချင်း Elisa Harrington ကားတိုက်သေဆုံးမှုကို ကြုံတွေ့ခဲ့ရပါတယ်။ Elisa ရဲ့ ယောက္ခမဖြစ်သူ Grace Harrington က လူမည်းတွေ ကျွန်စနစ်က လွတ်မြောက်ခဲ့တဲ့ အထိမ်းအမှတ်ပွဲမှာ Elisa ကိုယ်စား ပါဝင်ဖို့ ...
movie

Love Marry Kill (2023)

Katak: The Brave Beluga (2023) 6.1
Katak: The Brave Beluga (2023)  ခတဒ်ဆိုတဲ့ဝေလငါးလေးဟာ အဘွားပြောပြတဲ့ဘယ်သူမှမယုံကြည်‌တဲ့အဘိုးရဲ့ပုံပြင်တွေကို ယုံကြည်သဘောကျတဲ့သူပေါ့။ အဘွားရဲ့နောက်ဆုံးအချိန်လေးမှာ သူ့အဘိုးနဲ့ပြန်ဆုံစည်း‌စေချင်တဲ့ဆန္ဒရှိလို့ မြစ်ထဲနေရာကနေ အဘိုးရှိရာသမုဒ္ဒရာဘက်ကိုခရီးဆက်ခဲ့တယ်။အခြားဝေလငါးတွေနဲ့မတူပဲ ဖွံဖြိုးဖို့နောက်ကျနေတဲ့ခတဒ် မြစ်ထဲမှာပဲ နေဖူးတဲ့ ခတဒ် သမုဒ္ဒရာထဲမှာဘယ်လိုခရီးဆက်မလဲ ဘယ်လိုအခက်အခဲတွေနဲ့တွေ့မလဲ အဘိုးကိုရောတွေ့ခွင့်ရ‌သွားလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှူနိုင်ပါတယ်။ဒီကားလေးကြည့်ပြီး စိတ်ခွန်အားတွေရရှိမယ်လို့မျှော်လင့်ပါတယ်။ File size…(1.2 GB)/(620 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:22:00 Genre... Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Inzali
movie

Katak: The Brave Beluga (2023)

Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb (1964) 8.3
Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb (1964)  ဒီကားလေးကတော့ ၁၉၆၄တုန်းကထွက်ခဲ့တဲ့ War/Comedy အဖြူအမည်းအမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ Ratingတွေကိုကြည့်လိုက်ရင် old but goldထဲကတစ်ကားဖြစ်မှန်းသိမှာပါ။ Oscarဆုလေးဆုအတွက်လည်း ဆန်ခါတင်၀င်ခဲ့ပါသေးတယ်။ စစ်အေးခေတ် အမေရိကန်လေတပ်က ရုရှားပိုင်နက်အနီးမှာ နျုဗုံးသယ်လေယာဉ်တွေကို အချိန်ပြည့်ဖြန့်ကျက်ထားခဲ့တဲ့အချိန်ကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းက‌တော့ လေတပ်ဗိုလ်မှူးတစ်ယောက်အရူးထပြီး လေယာဉ်တွေကို ရုရှားပိုင်နက်ထဲပစ်မှတ်တွေကို နျူဗုံးကျဲခိုင်းတာကနေစပြီး အဲဒီကနေမီးခိုးကြွက်လျှောက်သလိုပြဿနာတက်ပြီး အမေရိကန်သမ္မတ ရုရှား၀န်ကြီးချုပ်ပါမနေရဘဲ ပြဿနာဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။(ဇာတ်လမ်းအရသာပျက်မှာစိုးလို့ reviewအရှည်ကြီးမရေးတော့ပါဘူး အားလုံးပဲကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါ။) File size…(1.8 GB)/(950 Mb) Quality….Blu-Ray  1080p / 720p Format…mp4 Duration….01:35:00 Genre... Comedy, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe
movie

Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb (1964)

Breaking the Waves (1996) 7.8
Breaking the Waves (1996)  ဒီဇာတ်လမ်းလေးကတော့ မိုးအေးအေးလေးနဲ့ အေးဆေးကြည့်လို့ကောင်းမဲ့ သည်းထိတ်ရင်ဖိုလူသတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ မိခင်ကွယ်လွန်ထားတာမကြာသေးတဲ့ဂျက်စီကာဆိုတဲ့ကောင်မလေးတစ်ယောက် သူ့မိခင်သေဆုံးရလို့ ဖြည်မဆည်နိုင်ဖြစ်နေပါတယ် အဲဒီကြားထဲ သူအမေချန်ခဲ့တဲ့သေတမ်းစာအရ သူငယ်ငာ်လေးထဲကအဆက်အသွယ်မရှိတာကြာပြီဖြစ်တဲ့ သူ့အဒေါ်တို့လင်မယားဆီကိုလည်းအမွေခွဲပေးဖို့ပါလာပါတယ်ဖြစ်ချင်တော့ ကိုယ်ပိုင်လယ်လေးနဲ့အေးအေးချမ်းချမ်းနေနေတဲ့ အဲဒီအဒေါ်ဖြစ်သူတို့စုံတွကိုဘယ်လိုဆက်သွယ်ဆက်သွယ်မရဖြစ်နေပါတယ် အဲဒီလိုနဲ့ သူ့အဒေါ်ဆီကိုခရီးထွက်ဖို့အကြောင်းဖန်လာပါတော့တယ် အဲဒီလိုနဲ့ပဲ သူနဲ့‌သူ့ကောင်လေးတို့ ရုပ်တောင်သေချာတောင်မမှတ်မိတော့တဲ့သူ့အဒေါ်ဆီ ခရီးထွက်လာကြပါတော့တယ်သူ့အဒေါ်တို့အိမ်မှာကတော့ သူ့အဒေါ်တို့စုံတွဲကိုtတ်ပြီး အိမ်မှာပုန်းခိုနေထိုင်နေတဲ့လူသတ်သမားအတွဲရှိနေပါတယ် သူတို့လာနေတယ်ဆိုတာကိုအကြောင်းသိပြီးတော့ သူ့အဒေါ်တို့လို့ဟန်ဆောင်ပြီးငွေတွေကိုရအောင်ယူဖို့ကြံပါတော့တယ် ဒီလိုနဲ့ ဂျက်စီကာတို့စုံတွ လူသတ်သမားတွေနဲ့ထိပ်တိုက်တိုးဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ရင်ခုန်စွာ‌နဲ့ကြည့်ရမဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ် File size…(3.1 GB)/(1.9 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:39:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M.Minhtike
movie

Breaking the Waves (1996)

Genres

Archives