Channel Myanmar

New releases (2025)

Content at random


Movies

How I Learned to Fly (2023) 6.2
How I Learned to Fly (2023)  IMDb 6.2 / RT 63% ရရှိထားတဲ့ဒရာမာရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးကိုကြည့်မိရင်း "အစ်ကိုကြီးတော့ အဖအရာ"တဲ့စကားလေးကိုတောင် သတိရသွားပါတယ်။ ဒန်နီရယ် နဲ့ အီလိုင်ဆိုတဲ့ အာဖရီကန်-အမေရိကန် ဆယ်ကျော်သက်ညီအစ်ကိုနှစ်ယောက်ဟာ မိဘနှစ်ယောက်ရဲ့ရုတ်တရက်စွန့်ပစ်မှုကို ခံလိုက်ကြရပါတယ်။ အစ်ကိုဖြစ်သူ ဒန်နီရယ်ဟာ အီလိုင်ကို ဖခင်တစ်ယောက်နေရာကနေ အမြဲဂရုစိုက်စောင့်ရှောက်ပေးလာခဲ့သူပါ။ အီလိုင်က ငယ်ဘ၀က မိသားစုထရော်မာတွေကြောင့် စကားက မပြောသလောက်ကို နည်းတဲ့သူတစ်ဦးပါ။ဒီလိုနဲ့ မိဘနှစ်ပါးမရှိတော့တဲ့နောက် ညီအစ်ကိုနှစ်ယောက်ဟာ အချင်းချင်းဖေးမကူညီရင်း ခက်ခဲကြမ်းတမ်းတဲ့လောကဓံကြီးကို အံတုရင်ဆိုင်ပြီး ဆက်လက်ရှင်သန်နိုင်ကြဖို့ကြိုးစားကြပါတော့တယ်။ ဒီရုပ်ရှင်လေးက တော်တော်လေးကိုနွေးထွေးတဲ့ရုပ်ရှင်လေးပါ။ ညီအစ်ကိုနှစ်ယောက်အကြားက ချစ်ခြင်းမေတ္တာသံယောဇဉ်ကို လှလှပပပုံဖော်ထားတဲ့အပြင် ဘ၀မှာ အမြဲရှောင်ပြေးနေရတဲ့ ပြောမပြနိုင်လောက်အောင် နာကျင်ခဲ့ရတဲ့ ဒဏ်ရာတွေရှိခဲ့ရင်တောင်မှ တချိန်မှာဒါတွေကို ရင်ဆိုင်လက်ခံလိုက်ပြီး ရှေ့ဆက်အသက်ရှင်ဖို့အတွက် ခွန်အားမွေးကြရမယ့်အကြောင်းကို ပြသသွားပါတယ်။ တစ်ကားလုံးမှာ ဂျက်ဇ်တေးသီချင်းတွေနဲ့ ဆိတ်ငြိမ်တဲ့ဇာတ်၀င်ခန်းတွေနဲ့အတူ လှလှပပရိုက်ကူးပုံဖော်ထားတာမလို့ ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…(1.7 GB)/(850 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama Subtitle….Myanmar Subtitle ...
movie

How I Learned to Fly (2023)

GG: Good Game (2024) 5.7
GG: Good Game (2024)  ဂိမ်းနဲ့ပတ်သတ်တဲ့ ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ဖိလစ်ပိုင် ဂိမ်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဆသ်ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်လေးကတည်းက မိခင်ဖြစ်သူက စွန့်ပစ်သွားခဲ့လို့ အဘွားဖြစ်သူနဲ့ပဲ အတူတူနေထိုင်ရင်း ကြီးပြင်းလာခဲ့ရသူလေးတစ်ယောက်ပါ။ စာဘက်မှာ မထူးချွန်ပေမယ့် ဂိမ်းဘက်မှာ ပိုအားသာပြီး ထူးချွန်သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒီလိုနဲ့ ဆသ် တက္ကသိုလ်တက်နေတဲ့အရွယ်မှာပဲ အဘွားဖြစ်သူဟာ ဆုံးပါးသွားခဲ့ပြီး ငယ်ငယ်က စွန့်ပစ်သွားခဲ့တဲ့ မိခင်ဖြစ်သူနဲ့ အတူတူနေထိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဆသ်ဟာ ဂိမ်းဘက်ကိုပဲအားသာသူဖြစ်ပြီး ပရော်ဖက်ရှင်နယ် ဂိမ်းမာတစ်ယောက်ဖြစ်ချင်နေသူဖြစ်တဲ့အလျောက် Requiem National ဖိုင်နယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုတွေ ရယူချင်နေသူလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ Tokwa't Bad Boisဆိုတဲ့ အဖွဲ့ကို ဝင်ရောက်ပြီးတော့ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ကြုံရမလဲ ...... အခက်အခဲတွေကို ဖြတ်ကျော်ပြီး အောင်မြင်မှုတွေကို ဘယ်လိုအရယူသွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဂိမ်းဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်) File size…(1.9 GB)/(1 ...
movie

GG: Good Game (2024)

Babes (2024) 6.7
Babes (2024)  သားသမီးဆိုတာ ရတနာပေမယ့် သားသမီးယူရတာကမိဘတွေအတွက်တော့ အရမ်းပင်ပန်းတဲ့အလုပ်တစ်ခုပါပဲ။အမေရိကန်ဟာသရုပ်ရှပ် Babes မှာတော့ ကလေးယူဖို့ဆုံးဖြတ်တဲ့အချိန်၊ ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်၊ လောကထဲရောက်လာတော့မယ့် ကလေးတစ်ယောက်အတွက် ပြင်ဆင်ရတဲ့အချိန်၊ ကလေးမွေးတဲ့အချိန်၊ ကလေးမွေးလာပြီးတဲ့အချိန်တွေမှာမိဘတွေရုန်းကန်ရတာတွေကို ဟာသနှောပြီးတင်ဆက်ပြသထားပါတယ်။လိင်ပညာပေးတင်မကဘဲ ကလေးမွေးပြီးတဲ့နောက် မိခင်မှာခံစားရတဲ့စိတ်အလိုမကျမှုတွေ၊ ပြောင်းလဲမှုတွေ၊ ဘယ်သူမှနားလည်မပေးနိုင်ဘဲ ငရဲရောက်နေသလိုခံစားရတဲ့ အခက်အခဲတွေကိုပါ မြင်တွေ့ရမှာပါ။ ကိုယ်တိုင်ကလေးမမွေးရပေမယ့်စိတ်ရောကိုယ်ပါပင်ပန်းနေတဲ့ကလေးအမေကို နားလည်မှုအပြည့်ပေးထားရတဲ့အပြင် ကလေးတွေကိုလည်း ကြိုးစားကြည့်ရှု့စောက်ရှောက်ပေးရတဲ့ ဖခင်တွေရဲ့အခက်အခဲတွေကိုပါပေါ့ပေါ့ပါးပါးလေးထည့်သွင်းရိုက်ကူးပြသွားတာမြင်တွေ့ရပါတယ်။အခက်အခဲတွေကြားကပဲ မိသားစုရဲ့နွေးထွေးမှု၊ ပျော်ရွှင်မှုဆိုတာတွေကို အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ဒွန်းနဲ့အီဒင်က ဟာသနှောသရုပ်ဖော်ပေးထားပါတယ်။ကလေးယူဖို့ဆုံးဖြတ်ထားတဲ့စုံတွဲတွေအတွက်တော့မဖြစ်မနေကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုလို့ အကြံပေးချင်ပါတယ်။  File size…1.70GB / 735MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Babes (2024)

Sorority Row (2009)
Sorority Row (2009)  Sorority Row ဟာ 1982 ရုပ်ရှင် The House on Sorority Row ရဲ့ Remake ဖြစ်ပြီးရှားရှားပါးပါးမူရင်းကိုလိုက်မှီတဲ့ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ရော့စ်မန်းတက္ကသိုလ် Theta P Sorority ညီအစ်မတစ်စုဖြစ်တဲ့ Cassidy, Jessica, Ellie, Claire, Chugs နဲ့ Megan တို့ဟာ စီနီယာပါတီကိုတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီညမှာပဲ ချက်ဂ်ရဲ့မောင်ဖြစ်သူ ဂဲရတ်အပေါ်သူ့ရည်းစား မီဂန်နဲ့ပေါင်းပြီး ဇာတ်လမ်းဆင်ဟာသတစ်ခုလုပ်ပြီး စနောက်ရာကနေ မီဂန်သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီမှာပဲအားလုံးတိုင်ပင်ပြီးတော့ မီဂန်အလောင်းကို မိုင်းတွင်းဟောင်းကြီးထဲပစ်ချဖျောက်ဖျက်ခဲ့ပြီးနောက်အားလုံး ဘာမှမဖြစ်သလိုပြန်နေခဲ့ကြပါတယ်။အဲ့ဒီဖြစ်ရပ်အပြီးနောက်ရှစ်လအကြာ သူတို့ရဲ့ကျောင်းဆင်းပွဲပါတီနေ့မှာတော့ ခေါင်းစွပ်ဘွဲ့ဝတ်စုံနဲ့မီဂန်ကိုသေဆုံးစေခဲ့တဲ့ တာယာတံတစ်ချောင်းကိုကိုင်ထားတဲ့လူသတ်သမားဟာ သူတို့အုပ်စုကိုအမှည့်ချွေပါတော့တယ်။ Horror ကားပီသစွာ Rated R ကိုယူထားတဲ့အတွက် သတ်ခန်းဖြတ်ခန်းတွေ ရှယ်ကြမ်းပါတယ်။ အမျိုးသမီးဆောင်ကိုအခြေခံပြီး ဗရုတ်ကျကျမိန်းကလေးငယ်တစ်စုဦးဆောင်တဲ့အတွက် အဖော်အချွတ်လေးတစ်ချို့လည်းပါပါသေးတယ်။ Slasher ကားကောင်းငတ်မွတ်နေတဲ့ ပရိသတ်တွေအတွက် Old but gold တစ်ကားပါပဲ။ File size…(1.7 GB)/(894 MB) Quality….Webrip ...
movie

Sorority Row (2009)

Dragon Stone Password ( 2024 ) 5.7
Dragon Stone Password ( 2024 ) ဒီဇာတ်ကားလေးကတော့ ဖုန်းရွှေသဘာဝတွေကြိုက်တဲ့ ပရိသတ်ကြီးအကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးကတော့ : ချန်ယုံလို့ခေါ်တဲ့လူငယ်လေးက မျိုးရိုးစဉ်ဆက် ဖုန်းရွှေပညာနဲ့ ရှေးဟောင်းယဉ်ကျေးမှုပညာတွေကို အမွေဆက်ခံလာခဲ့တဲ့သူပါ ။ သူငယ်စဉ်ကလည်း မိခင်နာမကျန်းဖြစ်နေတုန်း အဖေဖြစ်သူက ဝေ့ဖုန်းနဂါးကျောက်တုံးသွားရှာရင်း ပျောက်ဆုံးသွားခဲ့ပါတယ် ။ဒီလိုနဲ့ တစ်နေ့မှာ သူချစ်ရတဲ့သူငယ်ချင်းကောင်မလေးက ပျောက်သွားတဲ့သတင်းကြားရပြီး ကောင်မလေးအိမ်ကနေ လာပြောတဲ့အခါ ချန်ယုံတစ်ယောက် မနေနိုင်ဘဲ လိုက်ရှာရင်း ဆန်းကြယ်မှုတွေနဲ့ ရှောင်ဖုန်းရွာကိုရောက်လာခဲ့ပါတော့တယ်။ ရှောင်ဖုန်းရွာကလည်း ဝေ့ဖုန်းတိုင်ပြည်ဟောင်းတည်ရှိတဲ့နေရာဖြစ်နေတော့ နဂါးကျောက်တုံးရှိတယ်ဆိုတဲ့ ဒဏ္ဍာရီတွေအရ ပျောက်သွားတဲ့ သူငယ်ချင်းကိုရှာရင်း မထင်မှတ်ထားဘဲ သင်္ချိုင်းဟောင်းကြီးကိုတွေ့သွားပြီး နဂါးကျောက်တုံးရှာ‌ပုံတော်ကြီး စတင်ခဲ့ပါတော့တယ် ။ Filesize : 745 MB / 419 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Adventure  Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe ...
movie

Dragon Stone Password ( 2024 )

Unsung Hero (2024)
Unsung Hero (2024) ဒီတစ်ခါတင်ဆက်ပေးမှာကတော့ For King&Country pop duoနှစ်ယောက်ဖြစ်တဲ့ Joelနဲ့Luke smallbone တို့ညီအစ်ကိုနှစ်ယောက်ရဲ့ငယ်ဘဝမိသားစုအကြောင်းကိုရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ ဒေးဗစ်နဲ့ဟယ်လန်စမောဘုန်းတို့ရဲ့သားသမီးခြောက်ယောက်ထဲမှာ ဂျိုအယ်လ်နဲ့လုခ်တို့ညီအစ်ကိုနှစ်ယောက်က "For King&Country"ဆိုတဲ့အမည်နဲ့အနုပညာအလုပ်များလုပ်ပြီး သူတို့ရဲ့အစ်မဖြစ်တဲ့ Rebecca St.James ကလည်းအောင်မြင်တဲ့အနုပညာဖြစ်လာပါတယ်သူတို့တွေဟာ ဂရမ်မီဆုတွေအများကြီးဆွတ်ခူးထားနိုင်တဲ့အနုပညာရှင်တွေပါ ဒီဇာတ်ကားမှာ သူတို့ရဲ့ငယ်ဘဝက ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေနဲ့ မိသားစုဝင်တွေအချင်းချင်းဖေးမကူညီအားပေးပြီး ချစ်ခြင်းမေတ္တာတွေအကြောင်းကိုရိုက်ကူးထားတာပါ ဖခင်ဖြစ်သူ ဒေးဗစ်စမောဘုန်းဟာ ဖျော်ဖြေပွဲတွေကိုစီစဥ်ပေးရတဲ့အောင်မြင်တဲ့ပွဲစီစဥ်သူpromoter တစ်ယောက်ပါ. ဒါပေမဲ့ တစ်ခေါက်ကအလုပ်လုပ်ရင်းအမှားဖြစ်သွားပြီး ပိုင်ဆိုင်သမျှဆုံးရှုံးလိုက်ရပါတယ် အဲ့ဒါကြောင့် ပိုကောင်းတဲ့အနာဂတ်ကိုရှာမယ်ဆိုပြီး သြစတြေးလျကနေ အမေရိကားကိုပြောင်းလာပြီး ဘဝအသစ်စတင်ပါတယ်အဲ့မှာနေရင်း အခက်အခဲတွေကိုဖြတ်သန်းရင်းနဲ့ သူတို့ရဲ့သားသမီးတွေမှာ ဂီတပါရမီပါလာတာကိုသိပြီး အခက်အခဲတွေကြားမှ သားသမီးတွေရဲ့အိပ်မက်ကိုမြေတောင်မြှောက်ပေးဖို့ကြိုးစားခဲ့ပုံတွေကိုရိုက်ကူးထားတာပါ ထူးခြားတာက ဒီဇာတ်ကားကို ဂျိုအယ်လ်စမောဘုန်းကိုယ်တိုင်ဒါရိုက်တာအနေနဲ့ပါဝင်ရိုက်ကူးထားပြီး ဖခင်ဖြစ်သူ"ဒေးဗစ်"နေရာမှာလည်း သူကိုယ်တိုင်ပဲပါဝင်သရုပ်ဆောင်ထားတာပါ IMDB rating လည်း 7.3/10အထိရရှိထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကောင်းလေးတစ်ခုဖြစ်ပါတယ်File size…(1.6 GB)/(983 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre... Drama, Music  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Unsung Hero (2024)

Le Samouraï (1967) 8
Le Samouraï (1967) Le Samouraï (1967)~ IMDb - 8/10, Rotten Tomatoes - 100% ~Jean-Pierre Melville ဟာ ပြင်သစ်နယူးဝေ့ကို စတင်ခဲ့တဲ့ဒါရိုက်တာတချို့ရဲ့ စိတ်ကူးတွေမြစ်ဖျားခံရာဖြစ်သလို ပြင်သစ်နယူးဝေ့ရဲ့ အမြင်တွေပေါ်ပေါက်လာစေခဲ့တဲ့သူတွေထဲက တစ်ယောက်လည်းဟုတ်တယ်။ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ ဒါရိုက်တာစာရင်းမှာတော့ မထည့်ကြပေမဲ့ ပြင်သစ်နယူးဝေ့ရဲ့ Spiritual Father လို့ဆိုကြတယ်။ ပြင်သစ်နယူးဝေ့ထွက်ပေါ်လာတဲ့အထဲ သူ့လွှမ်းမိုးမှုတော်တော်ကြီးခဲ့တယ်။ သူ့ရဲ့ Independence ဖြစ်တဲ့ တင်ပြပုံနဲ့ အတုလုပ်ထားတဲ့ရိုက်ကွင်းမသုံးဘဲ တကယ့်နေရာအစစ်မှာ ရိုက်ကူးခြင်းတွေကို နယူးဝေ့ဒါရိုက်တာတွေဟာ အတုယူခဲ့ကြတယ်။ ပြင်သစ်နယူးဝေ့ရဲ့ နာမည်အကျော်ဆုံးတွေထဲက တစ်ယောက်ဖြစ်တဲ့ Jean-Luc Godard ဟာ ရိုက်ထားတာတွေကို တည်းဖြတ်တဲ့နေရာမှာ အခက်အခဲဖြစ်နေတဲ့အချိန် Melville က ဂိုးဒတ်ကို သူဆို သူရိုက်ထားတဲ့ထဲက အကောင်းဆုံးအပိုင်းတွေကို ဖြတ်ယူလိုက်တာပဲလို့ ပြောပြခဲ့တယ်။ ဂိုးဒတ်ကလည်း အဲဒီနည်းကို နောက်ပိုင်းလည်း ဆက်တိုက်သုံးခဲ့တယ်။Melville ဟာ ...
movie

Le Samouraï (1967)

1967
The Searchers (1956) 7.8
The Searchers (1956) The Searchers (1956)~ IMDb - 7.8/10, Rotten Tomatoes - 87% ~ဂျွန်ဖို့ဒ်ဟာ ဟောလိဝုဒ်ရွှေခေတ်က အအောင်မြင်ဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ပါပဲ။ အဓိကကတော့ သူ့ကို Western ကားတွေနဲ့ လူသိပိုများပါတယ်။ Western ကားတွေရဲ့ Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ဝိန်းနဲ့တွဲဖက်ပြီးတော့လည်း သိကြတယ်။ Western လိုင်းရဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာနဲ့ မင်းသားအတွဲပေါ့။ သူ့ဒါရိုက်တာသက်တမ်း အနှစ်၅၀ ၁၉၁၇ကနေ ၁၉၆၅အတွင်းမှာ ရုပ်ရှင်ပေါင်း ၁၄၀ရိုက်ခဲ့ပြီး Best Director ဆု လေးဆုရထားတဲ့ ဒါရိုက်တာပါပဲ။ သူရိုက်ခဲ့တဲ့အသံတိတ်ရုပ်ရှင်တွေကတော့ ပျောက်ရှကုန်ပါပြီ။ ဂျွန်ဝိန်း၊ ဟင်နရီဖွန်ဒါ၊ မော်ရန်အိုဟာရာနဲ့ ဂျိမ်းစတီးဝတ်တို့လို ထိတ်ထိတ်ကြဲတွေနဲ့ပဲ အရိုက်များခဲ့တယ်။ ဖို့ဒ်ရဲ့ထူးခြားချက်ကတော့ သူ့ခေတ်ပြိုင်ဒါရိုက်တာတွေအပါအဝင် ကျွန်တော်တို့ သိသမျှ ထိတ်ထိတ်ကြဲဒါရိုက်တာတွေဟာ ဖို့ဒ်ကို ချီးကျူးကြတာပါပဲ။ Frank Capraဆို "King of ...
movie

The Searchers (1956)

1956
My Little Bride (2004) 7.1
My Little Bride (2004) My Little Bride (2004)IMDb Rating (7)/Rotten Tomotoes (70%)ဒီဇာတ်ကားလေးကတော့ ကိုရီးယားကားတွေကို ကမ္ဘာကသတိထားမိစေခဲ့တဲ့  ၂၀၀၀ ခုနှစ်နှောင်းပိုင်း အချစ်ဟာသရုပ်ရှင်ကားလေးဖြစ်ပြီး ကိုရီးယားလှိုင်း စတင်လှုပ်ခတ်မှုမှာ နေရာတစ်နေရာကပါဝင်ခဲ့ပါတယ်။ချစ်စရာအမူအယာတွေနဲ့ ကိုရီးယားတို့ရဲ့ ရှေးရိုးစွဲရိုးရာယဉ်ကျေးမှု လူမှုဘဝနေထိုင်မှုပုံစံတချို့ကို ပေါ့ပေါ့ပါးပါးမိတ်ဆက်နိုင်ခဲ့ပြီး ကြည့်မိသူတိုင်းမှတ်မိလွယ်စေခဲ့ပါတယ်။အဓိက သရုပ်ဆာင်တွေအဖြစ် Love story in Harvard, Doctors စတဲ့ ဇာတ်လမ်းတွဲများနဲ့ နာမည်ကြီးတဲ့ မင်းသား Kim Rae Won နဲ့ အတူ အွန်စောအငယ်လေးလို့ မြန်မာတွေ အသိများတဲ့ မင်းသမီးလေး Moon Geun Young တို့ တွဲဖက် သရုပ်ဆောင် ထားပါတယ်။ဒီဇာတ်ကားမှာ  Kim Rae Won ရဲ့ အစ်ကိုကြီးတစ်ယောက်လို ရုပ်တည်ကြီးနဲ့ ပေါက်ကရတွေရော နစ်နာခံမှုတွေရောမြင်တွေ့ရမှာဖြစ်ပြီးMoon Geun Young ရဲ့ ချစ်စဖွယ် ဟန်ပန်နဲ့ ...
movie

My Little Bride (2004)

Beverly Hills Cop: Axel F (2024) 6.7
Beverly Hills Cop: Axel F (2024)  Beverly Hills Cop: Axel F" (2024) ဟာ ဒါရိုက်တာMark Molloy ရိုက်ကူးထားတဲ့ အမေရိကန် အက်ရှင်ဟာသဇာတ်ကားဖြစ်ပါတယ်။ဒီကားမှာတော့ မင်းသားကြီး Eddie Murphy ရဲ့ နာမည်ကျော်ဇာတ်ကောင်ဖြစ်တဲ့ Axel Foley ကို တကျော့ပြန်မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒက်ထရွိုက်လမ်းမတွေပေါ်မှာထက်မြက်ပြီးဦးဆောင်နိုင်စွမ်းရှိတဲ့ ရဲအရာရှိကြီး Axel Foley ဟာ ရှေ့နေဖြစ်သူသူ့သမီးရဲ့အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့အခါမှာBeverly Hills ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ရဲတယောက်အသတ်ခံရတဲ့အမှုမှာ တရားခံဘက်နေရှေ့နေလိုက်နေတဲ့ သူ့သမီးကိုကာကွယ်ဖို့ ပြန်လာခဲ့တယ်ဆိုပေမဲ့Axel ဟာ သူ့ရဲ့မိ‌တ်ဆွေဟောင်းကြီးတွေဖြစ်တဲ့ ရဲမှူးကြီးJohn Taggart၊ စုံထောက် Billy Rosewood တို့နှင့်အတူလက်တွဲပြီး အစိုးရအတွင်းစည်းထဲကပူးပေါင်းကြံစည်မှုတခုကိုဖော်ထုတ်သွားမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ Beverly Hills လမ်းမထက်က အက်ရှင်၊ ဟာသနဲ့မိသားစုသံယောဇဉ်ကို ပေါင်းစပ်တင်ပြထားတာမို့ လုံးဝမပျင်းရမယ့်ဇာတ်ကားကောင်းဖြစ်ပါတယ်။ File size…2.25GB / 911MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Action  , ...
movie

Beverly Hills Cop: Axel F (2024)

Single8 (2023) 6.8
Single8 (2023) Single 8 (2023)ဒီရုပ်ရှင်က ခမ်းခမ်းနားနားရုပ်ရှင်တော့မဟုတ်ဘူး။ ဒါပေမဲ့ ခမ်းခမ်းနားနားရုပ်ရှင်တစ်ခုကြောင့် ရုပ်ရှင်ရိုက်ဖြစ်သွားတဲ့အကြောင်း ရုပ်ရှင်။ အဲဒီခမ်းခမ်းနားနားရုပ်ရှင်ဆိုတာက ကမ္ဘာ့ရုပ်ရှင်လောကကို ကိုင်လှုပ်တဲ့ Star Wars ။ အမေရိကန်မှာပြပြီးတစ်နှစ်အကြာ ၁၉၇၈ဇွန်လမှာ Star Warsက ဂျပန်ကိုရောက်လာခဲ့တယ်။ အဲဒီရုပ်ရှင်ဟာ သမားရိုးကျ သိပ္ပံရုပ်ရှင်တွေရဲ့ သမားရိုးကျပုံစံတွေအားလုံးကနေခွဲထွက်ပြီး ဝေဖန်ရေးသမားတွေချီးကျူးတာခံခဲ့ရတယ်၊။ ဒီဇာတ်လမ်းက Star Warsကနေ အနုပညာဓာတ်ခံနိုးကြားပြီး သူတိုကိုယ်ပိုင် ရုပ်ရှင်ကိုရိုက်ဖိုဆုံးဖြတ်လိုက်တဲ့ ဆယ်ကျော်သက်လေးတွေအကြောင်းပဲ။ဒီရုပ်ရှင်က ပြောရရင် ရုပ်ရှင်ရိုက်ချင်တဲ့ လူငယ်လေးတွေ ကျောင်းနှုတ်ဆက်ပွဲမှာ ပြဖို ရုပ်ရှင်ရိုက်ကြတဲ့အကြောင်း ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ဇာတ်အိမ်က ၁၉၈၀မတိုင်ခင်ကာလတွေမှာ တည်ထားတယ်။ ဒီကောင်လေးတွေက စစချင်း စပီးဘာ့ချ်ရဲ့ Jawsကို ဝက်ဝံလိုက်တဲ့ ပုံစံနဲ့ ပြောင်းရိုက်ခဲ့တယ်။ တော်တော်တော့ မအောင်မြင်ခဲ့ပါဘူး။ ဒီနောက် စတာဝါးစ်ထွက်လာတော့လည်း စတားဝါးစ်ကို တော်တော်လေးရူးသွပ်ခဲ့ကြတယ်။ စတားဝါးစ်ထဲကလို အာကာသယာဉ်အရုပ်တွေလိုက်လုပ်ပြီး စတားဝါးစ်လို ရုပ်ရှင်ကိုပါ ရိုက်ချင်ခဲ့ကြတယ်။ ဒီလိုနဲ့ ...
movie

Single8 (2023)

Touch Guy Sniper ( 2024 ) 5.7
Touch Guy Sniper ( 2024 ) ကြေးစား စနိုက်ပါ သမားတစ်ယောက်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ကားလေးပေါ့... အသက်ကိုလောင်းကစားလုပ်ပြီး ရှာနေတဲ့အလုပ်ထဲမှာ စနိုက်ပါအဖွဲ့လည်း ပါတာပေါ့...ဒီဇာတ်လမ်းထဲမှာ ရှောင်လုံဆိုတဲ့ စနိုက်ပါအဖွဲ့ခေါင်းဆောင်ဟာ ဓားစာခံတွေကို ကယ်တင်တဲ့မစ်ရှင်ကို ၈ ယောက်အုပ်စုနဲ့ဆောင်ရွက်ခဲ့တာပေါ့.. အဖွဲ့တိုင်းမှာ စုန်းပြူးပါသလို သူတို့အဖွဲ့မှာလည်း အားထိုက်ဆိုတဲ့ စုန်းပြူးပါတာပေါ့.. အုပ်စုလိုက်လှုပ်ရှားမှုမှာ အကြောင်းမပြန်ချင် အမိန့်မနာခံချင်ပဲ... ငါသိပ်တော်တာပါလို့ သက်သေပြချင်နေတဲ့သူတစ်ယောက်ပေါ့...ဓားစာခံကို ဘိန်းကျွေးပြီး မေးနေတာကို သိလိုက်ရချိန်မှာ ဓားစာခံကိုကယ်လည်း သေမှာပဲဆိုပြီး ရှောင်လုံရဲ့ အမိန့်ကို မျက်ကွယ်ပြုပြီး လှုပ်ရှားလိုက်တဲ့ အားထိုက်ကြောင့် သူတို့အဖွဲ့သားတစ်ယောက် သေဆုံးခဲ့ရတယ်...ဒီအပြင် နောက်မစ်ရှင်တစ်ခုလာတော့ အစတည်းက အလုပ်အပ်သူ ဘယ်သူမှန်းမသိလို့ ထူးဆန်းရတဲ့ထဲ တစ်ဖက်ရန်သူအင်အားလည်း အတော်လေး အတွေ့အကြုံရှိသူတွေပီပီ ယှဉ်ရခက်နေတာပေါ့... အပေါ်မှာ ပြောခဲ့ဖူးတဲ့ စုန်းပြူးကပါထဖောက်တဲ့အခါမှာတော့... တဖွဲ့လုံးဘယ်လိုတွေဖြစ်ကြမလဲ..စွန့်စားခန်းကိုရော အောင်မြင်နိုင်ပါတော့မလား အမည်မဖော်လိုတဲ့ အလုပ်အပ်နှံသူကရော ဘယ်သူဖြစ်မလဲ.. ဇာတ်လမ်းလေးထဲမှာအဖြေရှာကြည့်ကြရအောင် Filesize : 815 MB / 469 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Mystery Runtime : 1h ...
movie

Touch Guy Sniper ( 2024 )

Dhanussh (2024)
Dhanussh (2024) Dhanussh (2024) လွတ်လပ်မှုပတ်ဝန်းကျင်ရဲ့အမြင်တွေ ယူဆချက်တွေ လွှမ်းမိုးနေတဲ့ လောကကြီးမှာ မရှင်သန်နိုင်ခဲ့တဲ့ အိပ်မက်တွေ အများကြီး ရှိမှာပါ။ အဲဒီထဲကမှ ရုန်းထွက်ပြီး အိပ်မက်တွေရှင်သန်ဖို့ ကြိုးစားတဲ့ကောင်လေးတစ်ယောက် သူ့ရဲ့ရည်မှန်းချက်က လောကသတ်မှတ်ချက်တွေနဲ့ ကွဲထွက်နေတဲ့အခါ.... နောက် ကျေးလက်တောရွာက ရွာသားဖြစ်နေလို့ တက္ကသိုလ်မှာ ဝိုင်းအနိုင်ကျင့်တာတွေ ခံရတဲ့အခါ... မိသားစုတာဝန်တွေနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ကြား လွန်ဆွဲရတဲ့အခါ... ဘယ်လိုတွေ ကြုံဆုံရမလဲ ဘယ်လိုတွေ ဆုံးဖြတ်ရမလဲဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ လေးနက်တဲ့အဖြစ်အပျက်တွေ ပါတဲ့ကားမျိုး ကြည့်ချင်ရင်တော့ ဒီဇာတ်ကားက ရွေးကိုရွေးသင့်တဲ့ထဲ ပါပါတယ် လွယ်မလိုနဲ့ ရဖို့ခက်တဲ့ လွတ်လပ်မှု, ပြီးတော့ ဘေးကြပ်နံကြပ်ဖြစ်တဲ့အခြေအနေမှာ မှ ပိုင်ဆိုင်ရတဲ့ ငယ်ရွယ်မှု အခက်အခဲတွေကို ဘယ်လိုဖြတ်သန်းမလဲ နောက်ဆုံးဘာဖြစ်သွားမလဲဆိုတာကိုတော့ ကြည့်ရှုပြီး အကဲဖြတ်ပေးကြဖို့ တိုက်တွန်းပါရစေ(အညွန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်) File size…2.2GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie

Dhanussh (2024)

2024
24 Jam Bersama Gaspar (2024) 5.0
24 Jam Bersama Gaspar (2024) 24 Hours with Gaspar (2024) ========================= Original Title: 24 Jam Bersama Gaspar Genre – Action, Crime, Dramaဂက်စပါဆိုတာ ငယ်စဉ်ကတည်းက မိဘတွေမရှိပဲ အဖိုးကြီးတစ်ယောက်ရဲ့ ပြုစုပျိုးထောင်မှုနဲ့ ကြီးပြင်းခဲ့ရတဲ့ အလွတ် စုံထောက်တစ်ယောက်ပါ။ ငယ်စဉ်ကတည်းက စုံထောက်ဝတ္ထုတွေ ဖတ်ပြီး ရူးသွပ်ခဲ့လို့ ကြီးတော့လည်း ဆက်လုပ်နေတာပေါ့။ သူ့မှာ ထူးခြားတာက သူ့ နှလုံးက ဘယ်ဖက်မှာမရှိပဲ ညာဖက်မှာပဲ ရှိနေတာပါ အဲဒါလေးကို စက်အထိန်းလေးနဲ့ ထိန်းထားရတာပေါ့။ ဒီလိုနဲ့ လူအများအပြား သေဆုံးမှုတစ်ခုနောက်ကို အမှုလိုက်ရင်း သူ ငယ်စဉ်တုန်းက အင်မတန်ချစ်ခင်ရတဲ့ ငယ်သူငယ်ချင်း ထူးခြားစွာ ပျောက်ဆုံးနေတဲ့အမှုနဲ့ ဆက်စပ်နေတဲ့ ရာဇဝတ်ခေါင်းဆောင်တစ်ယောက်ကို ခြေရာခံမိသွားပါတော့တယ်။ ဒီမှာတင် နှလုံးက အထိန်းက စက်ချို့ယွင်းခဲ့ပြီး အသက်ရှင်ဖို့ ၂၄ နာရီပဲ လိုတော့မယ့်အချိန် အဲဒီလူဆိုးခေါင်းဆောင်ကြီးကို လက်စားချေဖို့ ...
movie

24 Jam Bersama Gaspar (2024)

Market Mahalakshmi (2024) 8.7
Market Mahalakshmi (2024) Market Mahalakshmi (2024) "ပျံကျဈေးသည်မလေး"IMDb 8.7 ရထားတဲ့ တေလဂူး အချစ်ဟာသကားလေးဖြစ်ပါတယ် တေလဂူးရိုမန့်ဆိုတဲ့အတိုင်း အထည်ကြီး အထက်တန်းလွှာအချစ်ထက် လမ်းဘေးအချစ်ကိုသာ ဦးစားပေးထားတဲ့ ရုပ်ရှင်လေးပါဒီကားထဲက ဇာတ်လိုက်ကျော်ဟာဆိုရင် အဖေရဲ့ဇွတ်တိုက်တွန်းမှုကြောင့် အင်ဂျင်နီယာကျောင်းကိုတက်ခဲ့ရပြီး လစာဝင်ငွေကောင်းရလာတဲ့အချိန်မှာလည်း အဖေဖြစ်သူက မိန်းမအတင်းပေးစားချင်ပြန်ပါတယ်အိန္ဒိယသားရှင်တို့ထုံးစံအတိုင်း တင်တောင်းငွေ အပုံလိုက်လိုချင်တဲ့ အဖေအမေတို့ တိုက်တွန်းတဲ့ ကြင်ယာလောင်းတွေ တစ်ယောက်ပြီးတစ်ယောက် တွေ့ခဲ့ပေမယ့်လည်း သူလိုချင်တဲ့ အရည်အသွေးမျိုး ရှိမနေလို့ ကြံရခက်နေချိန်မှာစွာတေးလန်ဈေးသည်မလေး မဟာလက်ရှ်မီးနဲ့ ဆုံခဲ့ရတယ် မတူခြားနားလှတဲ့ ဘဝနှစ်ခုပေါင်းဆုံဖို့ စိန်ခေါ်မှုမျိုးစုံ တွေ့ကြုံရပုံကို ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size… 2.63GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Market Mahalakshmi (2024)

2024
Ancika (2024) 6.9
Ancika (2024) Ancika: Dia yang Bersamaku 1995  ( 2024 )ဒီအင်ဒိုနီးရှားအချစ်ကားက ၁၉၉၅မှာ ဆန္ဒပြပွဲတွေဖြစ်တဲ့အချိန်မှာ ဇာတ်အိမ်တည်ထားတယ်။ အထက်တန်းကျောင်းသူလေးနဲ့ တက္ကသိုလ်ကျောင်းသား ငပေငရေကောင်လေးနဲ့ရဲ့ အချစ်ဇာတ်လမ်းကို ခေတ်ဟောင်းစတိုင်လေးနဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ကြည့်ရမယ့် ရုပ်ရှင်ဆိုလည်း မမှားဘူး။  ဘတ်ဆဲလ်လားစာအုပ်ကို ပြန်ရိုက်ထားတယ်။ ကောင်လေးက မော်တော်ဆိုင်ကယ်ဂိုဏ်းခေါ် လမ်းသရဲဂိုဏ်းက အဖွဲ့ဟောင်း။ ကောင်မလေးက စာကြမ်းပိုးမလေး။ ကောင်မလေးအစ်ကိုနဲ့ ကောင်လေးက ရင်းနှီးတော့ ကောင်မလေးအိမ်ကို လာရာကနေ ကောင်လေးက ကောင်မလေးကို ကြိုက်သွားတယ်။ ကောင်လေးက ဆိုးတဲ့မိုက်တဲ့နေရာမှာ နာမည်ကျော်သလို ရုပ်ချောချမ်းသာတော့ တစ်မြို့လုံးက ကောင်မလေးတွေကြား နာမည်ကြီးတာမို့ သူ့ရည်းစားဟောင်းကို သူမမေ့သေးတဲ့အကြောင်း တစ်မြို့လုံးကသိတယ်။ ကောင်မလေးကလည်း သိတယ်။ ဒီတော့ လိမ္မာတဲ့ကောင်မလေးက ဆိုးတဲ့ကောင်လေးကို ပြန်မကြိုက်ဘူး။ သူ့ကိုရန်စလာတဲ့ကောင်လေးတွေကိုပါ ကောင်လေးက တီးတီးပစ်တော့ မိုက်တဲ့ကောင်လေးကို လိမ္မာတဲ့ကောင်မလေးက နားလည်မှုထပ်လွဲပြီး ပြန်မကြိုက်ဘူး။ ပြန်မကြိုက်ဘူးတွေထပ်နေပေမဲ့  ဣတ္ထိဝင်္ကံ ...
movie

Ancika (2024)

Red Shoes (2023) 6.8
Red Shoes (2023) Red Shoes (2023) =================သမီးလေး အဲရီ အတွက် လက်ဝှေ့သမားဘဝနဲ့ ကြိုးစားရုန်းကန်နေရရှာတဲ့ တစ်ခုလတ်မိခင် မာနာမီ။ လင်ယောင်္ကျားဆုံးပါးသွားပြီးနောက် စီးပွားရေးကြပ်တည်းလာတဲ့အခါမှာတော့ ကလေးအုပ်ထိန်းခွင့်ကို ယောက္ခမဖြစ်သူနဲ့တရားရုံးမှာအချေအတင်ပြိုင်ရပါတော့တယ်။ အဲရီ့ကို သူကိုယ်တိုင်ရအောင်ပြုစုပျိုးထောင်ပေးမယ်ဆိုတဲ့ပြတ်သားစိတ်နဲ့ ရရာအလုပ်တွေဝင်လုပ်ပါတော့တယ်။ဒါပေမဲ့လည်း အဆင်ပြေလာတယ်ဆိုတာမရှိဘဲ အဆိုးတွေပဲထပ်ထပ်ဖြစ်လာပြီးနောက် အဲရီလေးပါ ယောက္ခမဖြစ်သူလက်ထဲရောက်သွားပါတော့တယ်။ မာနာမီတစ်ယောက် ဘယ်လိုကြိုးစားရုန်းကန်းရင်း သမီးလေးကိုပြန်ခေါ်မလဲဆိုတာ ကြည့်ရှုရမဲ့ ဂျပန်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မာနာမီ့ရဲ့သွားလေသူ လင်ယောင်္ကျားနေရာမှာ ဂျပန်-မြန်မာ အဆိုတော်မင်းသားချော မိုရီဆာကီဝင်း ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.9GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:40:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie

Red Shoes (2023)

[18+] Huwad (2024) 5.0
[18+] Huwad (2024) [18+] Huwad (2024) ===============ရိုမီနာနဲ့လန်ဒိုတို့က ငယ်လင်ငယ်မယားတွေဖြစ်ပြီး တစ်ချိန်ကတော့ချစ်လို့ယူခဲ့ပေမယ့် အခုချိန်မှာ ခင်ပွန်းဖြစ်သူလန်ဒိုက သူ့အပေါ်အေးစက်စပြုနေပါပြီ။ဒါကို ရိုမီနာကိုယ်တိုင်ခံစားမိသလို အနားမှာရှိတဲ့ သူ့မိခင်ကလည်း ရိပ်မိပါတယ်။ လန်ဒိုခြေလှမ်းတွေပျက်နေတာကို ဖိနပ်ပေါက်လို့ထင်ပါတယ်ဆိုပြီးမသိကျိုးကျွံထားခဲ့ပေမယ့် တစ်နေ့မှာတော့ လန်ဒို့အိမ်ထဲက မိန်းမစီးဖိနပ်တစ်ရံကိုတွေ့တဲ့အချိန်မှာ သံသယဟာပိုခိုင်မာစရာဖြစ်သွားခဲ့ပါတယ်။ ဒီအဖြစ်ကိုအတည်ပြုလိုက်နိုင်တာကတော့ လန်ဒိုအလုပ်လုပ်တဲ့စားသောက်ဆိုင်နားက စျေးဆိုင်ရှင်မိန်းမတစ်ယောက်ဆီမှာ အဲ့ဒီဖိနပ်ကိုတွေ့လိုက်ရတာပါပဲ။ မခံချိမခံသာ အူနုကျွဲခတ်ခံလိုက်ရတဲ့ ရိုမီနာဟာ ဒေသခံဗိန္ဓောဆရာတစ်ယောက်နဲ့ပေါင်းပြီးအစီအရင်တွေ ပီယဆေးတွေနဲ့သူ့ချစ်သူကိုပြန်ရဖို့ တစ်ဖက်ဇနီးကိုဒုက္ခပေးဖို့ကြံစည်ပါတော့တယ်။ ကားရိုက်ကြဲသွားတဲ့ ကာလသားတွေရဲ့အချစ်တော် မင်းသမီးချောလေး Azi acosta ကိုပြန်တွေ့ရမယ့်ကားပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.6GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

[18+] Huwad (2024)

Superman: Brainiac Attacks (2006)
Superman: Brainiac Attacks (2006) Superman: Brainiac Attacks (2006) IMDb: 5.8/10 Rotten Tomatoes: 60% Genre: Action/Sci-fi/Animationဇာတ်ညွှန်း ဘရိန်းနီးရာ့ခ်တစ်ယောက် ကမ္ဘာကိုတဖန်ပြန်ရောက်လာခဲ့ပြီး လက်စ်လူသာ ပိုင်ဆိုင်တဲ့ လက်စ်ဓာတ်ခွဲခန်းတစ်ခုကို အနုကြမ်းဝင်စီးခဲ့ပါတယ်။ ဓာတ်ခွဲခန်းမှာရှိသမျှ အသိဉာဏ်တွေအားလုံးကို စုပ်ယူနေတဲ့အချိန်မှာ စူပါမန်းရောက်လာပြီး ဘရိန်းနီးရာ့ခ်ကိုအနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း စူပါမန်းမသိခဲ့တာက ဘရိန်းနီးရာ့ခ်ရဲ့ အစိတ်အပိုင်းလေးတစ်ခုကျန်ခဲ့တယ်ဆိုတာပါပဲ။အဲဒါကိုပထမဦးဆုံးမြင်ခဲ့တဲ့လူကတော့ လက်စ်လူသာဖြစ်ပါတယ်။ လက်စ်လူသာဟာလည်းခေသူမဟုတ်တော့ ဘရိန်းနီးရာ့ခ်ကိုအသက်ပြန်သွင်းခဲ့ပြီး အရင်ကထက်ပိုကောင်းတဲ့ ဝတ်စုံတစ်ခုကိုပေးခဲ့ပါတယ်။နောက်ထပ်ကျန်ခဲ့တဲ့အရာတစ်ခုကတော့ စူပါမန်းရဲ့ ဒီအန်အေပဲဖြစ်ပါတယ်။ လက်စ်လူသာနဲ့ ဘရိန်းနီးရာ့ခ်တို့နှစ်ယောက်လက်တွဲပြီး စူပါမန်းကိုဘယ်လိုမျိုးတိုက်ခိုက်မှာလဲ။ ကမ္ဘာကိုအုပ်စိုးချင်နေတဲ့လူနှစ်ယောက်လက်တွဲလိုက်ခြင်းက မက်ထရိုပိုလစ်မြို့ကိုရော၊ ကမ္ဘာကိုရော ဘယ်လောက်ထိ အန္တရာယ်များစေလဲ။ File size…    1.2 GB /  544 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 16m Genre ..... Animation/Action/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff
movie

Superman: Brainiac Attacks (2006)

Emanuelle and the Last Cannibals (1977) 5.0
Emanuelle and the Last Cannibals (1977) Emanuelle and the Last Cannibals (1977) Original title: Emanuelle e gli ultimi cannibali Genre – Adventure, Horror(ရှေးခေတ် အီတလီကားဖြစ်လို့ ရှင်းလင်းသော လိင်မှုဆိုင်ရာပြကွက်များ ပါဝင်တဲ့အပြင် လူသားစားလူရိုင်းရုပ်ရှင် ဖြစ်တဲ့အတွက် သွေးထွက်သံယို အော်ဂလီဆန်စရာအခန်းများ ပါဝင်သောကြောင့် ကြည့်ရှုသူများအနေနဲ့ သတိချပ်စေလိုပါတယ်။) ဂျာနယ်လစ်တစ်ဦးဖြစ်သူ အီမာနူရယ်ဟာ စိတ်ကျန်းမာရေးဆေးရုံအကြောင်း ဇာတ်လမ်းရေးဖို့ အသွင်ယူနေတုန်း ဆေးရုံကို လူသားစားလူရိုင်းတွေလက်ကနေ လွတ်မြောက်လာတဲ့ ကောင်မလေးတစ်ယောက် ရောက်ရှိလာပါတယ်။တစ်ရက်ကျ ဒီကောင်မလေးဟာ သူ့ကို လိင်ပိုင်းဆိုင်ရာ အမြတ်လာထုတ်တဲ့ သူနာပြုတစ်ယောက်ရဲ့ ရင်သားကို ကိုက်ဖြတ်ပြီး စားသောက်လိုက်တော့ နာမည်ကြီးပြီး အီမာနူရယ်တစ်ယောက် သူ့ကို လေ့လာကြည့်တဲ့အခါ ဒီကောင်မလေးကိုယ်ခန္ဓာကိုယ်ပေါ် ပါလာတဲ့အမှတ်အသားက မျိုးတုန်းသွားပြီလို့ ယူဆရတဲ့ အမေဇုန်လူရိုင်းမျိုးနွယ်တစ်ခုရဲ့ သင်္ကေတ ဖြစ်နေပါတယ်။ဒီအတွက် အီမာနူရယ်ဟာ ဒီထက်ပိုကြီးမားတဲ့ဇာတ်လမ်း လိုက်နိုင်ဖို့ မနုဿပညာရှင် ပရော်ဖက်ဆာတစ်ယောက်ရယ် တောတွင်းလမ်းပြကောင်မလေးရယ် သူနာပြုတစ်ယောက်ရယ် အမေဇုန်တောထဲမှာ နောက်ဆုံးလက်ကျန် လူသားစားမျိုးနွယ်တွေကို လိုက်ရှာဖို့ စွန့်စားခန်းထွက်ကြရင်း ဘယ်လို ခြောက်ခြားစရာ အန္တရာယ်ဒုက္ခတွေနဲ့ တွေ့ကြမလဲဆိုတာကို ...
movie

Emanuelle and the Last Cannibals (1977)

Genres

Archives