Channel Myanmar

New releases (2025)

Content at random


Movies

The Beast (2024)
The Beast (2024) မနှစ်က ထွက်ရှိထားတဲ့ Sci-fi/Romance ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ မင်းသမီး Léa Seydoux နဲ့ မင်းသား George MacKay တို့ ဦးဆောင်ပါဝင်ထားပြီး rotten tomatoes - 86% ရရှိထားပါတယ်။ Artificial Intelligence တွေ စိုးမိုးတဲ့ ခေတ်မှာ လူသားတွေဟာ ခံစားချက်တွေကို ခြိမ်းခြောက်မှု တစ်ခုအနေနဲ့ မြင်နေကြပါတယ်။ဒီ ခံစားချက်တွေကို ရှင်းထုတ်ပြီး DNA ကို သန့်စင်ဖို့ အတွက် Gabrielle ဟာ သူ့ရဲ့ အရင်ဘဝတွေကို ခုန်ကူးရမှာဖြစ်ပါတယ်။ သူ့ရဲ့ အတိတ်ဘဝမှာ မသေဆုံးဘဲ ထာဝရရှင်သန်နေတဲ့ အချစ်ကို ရှာတွေ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစွာနဲ့ ဝမ်းနည်းဖွယ်ရာ အဆုံးသတ်တွေပဲ ကြုံခဲ့ရပါတော့တယ်။File size…(2 GB)/(976 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:26:00 Genre... Drama, Romance , ...
movie

The Beast (2024)

Road Wars: Max Fury (2024)
Road Wars: Max Fury (2024)  ကပ်ဘေးကြီးအပြီးမှာ လူသားတွေတစထက်တစလျော့နည်းလာခဲ့တယ်။ ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်မှုတွေနဲ့အတူ ရှင်ကျန်ရစ်တဲ့ လူနည်းစုတွေစုပေါင်းပြီး နယ်မြေတွေအုပ်စိုးနေခဲ့ကြတာပေါ့။ ဒီဇာတ်လမ်းကတော့ ရှင်ကျန်ရစ်ခဲ့တဲ့အုပ်စုတွေထဲက အုပ်စုတစ်စုရဲ့ဇာတ်လမ်းပါ။ သူတို့အုပ်စုမှာ ချမှတ်ထားတဲ့စည်းကမ်းတွေကိုမလိုက်နာဘဲ အပြစ်မဲ့တဲ့သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့အတူ လူတစ်ယောက်ကို နယ်နှင်ဒဏ်ပေးခဲ့လိုက်ကြတယ်။နယ်နှင်ဒဏ်ပေးတဲ့အချိန်မှာပဲ တိုက်ခိုက်မှုတွေဖြစ်ပြီး ခေါင်းဆောင်တစ်ယောက် ဆုံးပါးသွားခဲ့ပေမဲ့ နယ်နှင်ဒဏ်ပေးခံရတဲ့သူကတော့ နာကျည်းမှုတွေနဲ့ လွတ်မြောက်သွားခဲ့ပါတယ်။ အချိန်ကာလတစ်ခုအကြာမှာတော့ သေဆုံးသွားသူရဲ့ ကျန်နေခဲ့တဲ့ သမီးနှစ်ယောက်အရွယ်ရောက်လာပြီး လက်စားချေလိုမှုတွေနဲ့ သူ့ကိုနယ်နှင်ဒဏ်ပေးလိုက်တဲ့ ကျန်ရစ်တဲ့ခေါင်းဆောင်တွေကို လိုက်ရှာနေခဲ့တဲ့လူနဲ့ ထိပ်တိုက်တွေ့ကြပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)File size…(1.7 GB)/(993 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre... Action,  Adventure, Science Fiction  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Road Wars: Max Fury (2024)

What Happens in Miami (2024)
What Happens in Miami (2024) IMDb 6.3 ရရှိထားတဲ့ Thriller ရုပ်ရှင်တစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကောလိပ်ကျောင်းသူသူငယ်ချင်းတစ်စုက ကျောင်းပိတ်ရက်မှာ မိုင်ယာမီကမ်းခြေကို နွေရာသီအပန်းဖြေခရီးထွက်လာကြပါတယ်။ ဒီအချိန်မှာ သူငယ်ချင်းတွေထဲကတစ်ယောက်ဖြစ်တဲ့ ရိုင်ယန်ဆိုတဲ့ ‌ဆယ်လီမိန်းကလေးဟာ ပျောက်ဆုံးသွားခဲ့တဲ့ပါတယ်။ရိုင်ယန်မပျောက်ဆုံးခင်မှာ သူမဟာ မိုင်ယာမီက ‌မူးယစ်ဆေးရောင်းသမားတစ်ယောက်နဲ့တွဲသွားတွဲလာလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ရိုင်ယန်ပျောက်ဆုံးသွားပြီးနောက်မှာတော့ ကျန်သူငယ်ချင်းတွေဟာ အဓိကသံသယရှိသူတွေအဖြစ် စုံစမ်းစစ်ဆေးတာကို ခံကြရပါတော့တယ်။ ရိုင်ယန်ရဲ့အမှုနောက်ကွယ်မှာ ဘယ်လိုအရှုပ်တော်ပုံတွေရှိနေတာလဲ၊ ရိုင်ယန်ကရော ဘာကြောင့်ပျောက်ဆုံးသွားခဲ့တာလဲ၊ နောက်ဆုံးမှာရော ရိုင်ယန်ကိုရှာတွေ့သွားပါ့မလား၊ အဓိကတရားခံကရော ဘယ်သူဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။File size…(939 MB) Quality…. 720p Format…mp4 Duration….01:47:00 Genre... TV Movie, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

What Happens in Miami (2024)

The Final Cut (2004)
The Final Cut (2004) လူသားတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ထဲကို မိုက်ခရိုချစ်ပ်လေး ထည့်လိုက်ပြီးတော့ လူသားတွေရဲ့ မွေးဖွားလာတဲ့အချိန်မှစ ဘဝတလျှောက်လုံးကို မှတ်တမ်းတင်ထားနိုင်တဲ့ အချိန်ကာလတစ်ခုမှာ ဒီဇာတ်လမ်းကို တည်ထားပါတယ်။ Implant ထည့်ထားတဲ့ လူသားက သေဆုံးသွားရင်တော့ ကွယ်လွန်သူမိသားစုရဲ့ ခွင့်ပြုချက်နဲ့ ကွယ်လွန်သူရဲ့ ဘဝအတွေ့အကြုံတွေ၊ အပျော်ရွှင်ရဆုံး အချိန်တွေ၊ အမှတ်တရတွေ၊ ဂုဏ်ယူရတဲ့ အခိုက်အတန့်တွေကို ပြန်ယူထားပြီး မိသားစုက သိမ်းထားခွင့် ရှိပါတယ်။အဲ့လိုမျိုး အမှတ်တရတွေကိုပဲ တည်းဖြတ်ပေးရတဲ့ လူတွေကို Cutter လို့ ခေါ်ပြီးတော့ အဓိကဇာတ်ဆောင် အယ်လန်ဟက်ခ်မန်း (Robin Williams) က အတော်ဆုံးကတ်တာ/ တည်းဖြတ်သူ ဖြစ်ပါတယ်။ အယ်လန်က ငယ်ရွယ်စဉ်အချိန်မှာတုန်းက မတော်တဆမှုတစ်ခုဖြစ်ဖူးတာကြောင့် စိတ်ဒဏ်ရာလည်း ရှိထားသူပါ။သူ့အနေနဲ့ ချားလ်စ်ဘန်နစ်စတာ ဆိုတဲ့ ရှေ့နေတစ်ယောက် ကွယ်လွန်သွားလို့ သူ့ဘဝရဲ့ အမှတ်တရအချိန်တွေကို တည်းဖြတ်မှုပြုဖို့ ဇနီးဖြစ်သူက သူ့ကို လာရောက်ငှားရမ်းတဲ့အခါ... ဖလက်ချာ (Jim ...
movie

The Final Cut (2004)

The Hangman (2023)
The Hangman (2023) သားအဖနှစ်ယောက် တောတွင်းတစ်နေရာမှာ စခန်းချရင်း မနက်နိုးလာတဲ့အခါ သားလုပ်တဲ့သူ ပျောက်သွားလို့ ဖခင်ဖြစ်သူ လီယွန်က အနီးအနားမှာ လိုက်ရှာရင်း အကူအညီတောင်းကြည့်လိုက်တဲ့အခါ နယ်ခံအချို့က Hangman လို့ခေါ်တဲ့ နတ်ဆိုးတစ်ကောင်ကို ကိုးကွယ်ကာ ထိုနတ်ဆိုးကို ငရဲကနေ လွှတ်ပေးဖို့ ကြိုးစားနေတဲ့အပြင် သူ့သားကိုလည်းထိုနတ်ဆိုးကိုးကွယ်သူတွေက ဖမ်းသွားတာကို သိလိုက်ရပါတော့တယ်။ သူ့သားလေးကို နတ်ဆိုးကိုးကွယ်သူတွေက ဘာလို့လိုချင်တာလဲ။ လီယွန်ကရော သူ့သားလေးကို နတ်ဆိုးကိုးကွယ်သူတွေနဲ့ နတ်ဆိုးလက်ထဲကနေ ကယ်တင်ပေးနိုင်ပါ့မလား။ နတ်ဆိုးကရော ငရဲကနေ လွတ်ပြီးကမ္ဘာမြေပေါ်ကို တက်လာမလား စတာတွေကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။File size…(1.2 GB)/(652 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre...Horror  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw
movie

The Hangman (2023)

Vera Drake (2004)
Vera Drake (2004) ဒီကားကတော့ ဇာတ်ကားနာမည်အတိုင်းပဲဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို အဓိကဦးစားပေးပြီး ရိုက်ပေးထားတာပါ။ ဇာတ်လမ်းအညွှန်းကိုပြောရရင် ၁၉၅၀ခုနှစ်ဝန်းကျင်က လန်ဒန်မှာ ဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ သူမက ကြင်နာတတ်ပြီး တစ်ကိုယ်ကောင်းဆန်မှုလုံးဝမရှိတဲ့ သဘောအကောင်းဆုံးလူပေါ့။သူက သူများအိမ်တွေမှာ သန့်ရှင်းရေးလုပ်ရပေမယ့် အိမ်ရှင်တွေကရော သူ့မိသားစုကရော ချစ်ခင်တာကိုခံရတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူနဲ့ရင်းနှီးတဲ့သူတွေမသိကြတာတစ်ခုက သူမဟာ ကိုယ်ဝန်မလိုချင်တဲ့မိန်းကလေးတွေကို သူတို့သဘောအတိုင်း ကိုယ်ဝန်ဖျက်ချပေးတာတွေကို လျို့ဝှက်စွာလုပ်နေခဲ့တာပါ။ သူမအနေနဲ့ကတော့ ကောင်းစေချင်တဲ့စိတ်နဲ့ ပိုက်ဆံတောင်မယူဘဲ မိန်းကလေးတွေကိုအခမဲ့ဖျက်ချပေးပြီး ကူညီပေးနေတာပေါ့။တစ်ကယ်တမ်း အဲဒီလိုဖြစ်သလိုဖျက်ချတာက အရမ်းအန္တရာယ်ရှိကြောင်းကို အရမ်းနောက်ကျပြီးမှသိလိုက်ရတဲ့အပြင် ရဲတွေကပါလိုက်ပြီးစုံစမ်းနေတာကို သိလိုက်ရတဲ့အချိန်မှာတော့ ဘယ်လိုဖြစ်သွားမလဲ? တစ်သက်လုံးချစ်ခင်လေးစားလာတဲ့ သူ့မိသားစုကရော ခွင့်လွှတ်နိုင်မလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။File size…(2.4 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:05:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

Vera Drake (2004)

The Consequences of Love (2004)
The Consequences of Love (2004)  IMDb Rating(7.5/10) The Consequences of Love ကိုတော့ ဇာတ်ကောင်တခုအပေါ်မှာအခြေပြုပြီးဇာတ်လမ်းတွေကိုဖန်တီးတဲ့နေရာမှာနာမည်ကြီးတဲ့ ဒါရိုက်တာ Paolo Sorrentino ကရိုက်ကူးထားတာပါ၊ ဆွတ်ဇာလန်နိုင်ငံက ဟိုတယ်တခုမှာဇာတ်အိမ်ကိုအခြေတည်ထားပြီး သတ်လက်ပိုင်းအရွယ် အထီးကျန်ဆန်နေတဲ့ Titta Di Girolamo အကြောင်းကိုရိုက်ကူးထားတာပါ၊Titta ဟာ မာဖီးယား‌ေတွနဲ့ ငွေရေးကြေးရေးပြဿနာတွေကြောင့် ဟိုတယ်မှာအကျယ်ချုပ်သဘောမျိုးအနေနဲ့နေနေရတာပါ၊မိန်းမနဲ့ကွဲနေတာကြာပြီး သာသမီးတွေ‌ရှိပေမယ့် အထီးကျန်နေရတဲ့လူတယောက်ဖြစ်ပါတယ်၊ဒီလိုနဲ့ဟိုတယ်ဘားကောင်တာက Sofia တယောက်နဲ့ရင်းနှီးစပြုလာပါတော့တယ်၊ဒီရင်းနှီးမှုက Titta တယောက်ရဲ့အထီးကျန်ဆန်မှုတွေကိုကုစားသွားနိုင်မလား သူတို့နှစ်ယောက်ကကောဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုစောင့်ကြည့်သွားရမှာပါ၊ဇာတ်ကားကခပ်အေးအေးလေးနဲ့ တွေးတောနေတာတွေများတာမို့ ပျင်းစရာကောင်းတယ်လို့ထင်ရပေမယ့် ဒရမ်မာ၊အချစ်၊သည်းထိပ်ရင်ဖို ရသသုံးမျိုးလုံးကိုဖော်ကျုးထားတာကြောင့် ကြည့်ရူသင့်တယ့်ဇာတ်ကားလေးတကားပါ File size…(1.6 GB)/(866 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Drama,  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Kyaw 
movie

The Consequences of Love (2004)

Ezra (2024)
Ezra (2024) မင်းသားကြီး Robert dinero , Bobby cannavale တို့ဦးဆောင်ထားတဲ့ ဒရမ်မာ ကားကောင်းလေးပါ .. ငယ်ငယ်က အော်တစ်ဇင်ရောဂါနဲ့ ကြီးပြင်းလာပြီး comedian ဖြစ်လာတဲ့ မက်စ်ဟာ သူ့သားလေး အက်ဇရာကို ရလာတဲ့အခါမှာလည်း မျိုးရိုးလိုက်ပြီး အော်တစ်ဇင်တစ်ယောက်ဖြစ်လာပါတယ် ..ကျောင်းမှာလည်း အက်ဇရာနဲ့တစ်ခြားကလေးတွေနဲ့မတည့်လို့ ကျောင်းပြောင်းရတာ ခဏခဏပါပဲ.. သာမန်လူ့လောကအသိုင်းအဝိုင်းမှာ သားကို၀င်ဆံ့စေချင်တဲ့ ဖခင်ဖြစ်သူ မက်စ်နဲ့ မိခင် ဂျန်နာနဲ့လည်း ကွာရှင်းလိုက်ကြပြီး ကလေးကို အုပ်ထိန်းခွင့်ကို ဂျန်နာကရသွားတာကြောင့် မက်စ် တစ်ယောက် အရူးမီးဝိုင်းဖြစ်နေသလိုပါပဲ ဒါပေမယ့် တစ်ဖက်မှာလည်း မက်စ်ဟာ အောင်မြင်တဲ့ comedian တစ်ယောက်ဖြစ်လာပြီး အမေရိကရဲ့ နာမည်ကြီး late night talkshowလုပ်တဲ့ ဂျင်မီကင်မယ်ကနေ သူ့ပွဲမှာ မက်စ်ကို ဖျော်ဖြေဖို့ကမ်းလှမ်းလာပါတယ်..သားရှိတဲ့ နယူးဂျာစီကနေ လော့အိန်ဂျလိစ်ကို ပြောင်းရွှေ့ရတော့မယ့် မက်စ်ဟာ ... တစ်ညမှာ အက်ဇရာကို ...
movie

Ezra (2024)

A Whole Life / Ein Ganzes leben (2023)
A Whole Life / Ein Ganzes leben (2023) ယခုအခါတက်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် ဂျာမနီဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်....ဆုတစ်ခုရရှိထားပြီးဇကာတင် ၁၀ ခုရရှိထားပါတယ် ဇာတ်ကားရဲ့နာမည်ကတော့ ဘဝတစ်ခု(A Whole Life) လို့အမည်ရပါတယ်....အမည်အတိုင်းပဲ ဒီဇာတ်ကားဟာ လူတစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကိုရိုက်ပြထားတာပါ....ဇာတ်လမ်းရဲ့အစကတော့ ၂၀ ရာစုနှစ်လောက်မှာစပါတယ်....အဓိကဇာတ်ကောင်ဖြစ်တဲ့ အန်ဒရီယာစ်အက်ဂါလို့အမည်ရတဲ့ မိဘမဲ့ကလေးလေးဟာ သူရဲ့ဦးလေးဖြစ်သူဆီကိုရောက်ရှိလာခဲပါတယ်....ဦးလေးဖြစ်သူဟာသူ့ကိုမိသားစုဝင်လို့မသတ်မှတ်ပဲ အလုပ်သမားတစ်ယောက်အနေနဲ့သာခိုင်းစေပါတယ်....တခါတလေရိုက်နှက်တာမျိုးလည်းရှိပါတယ်....သူအရွယ်ရောက်လာတဲ့အခါမှာတော့ဦးလေးဖြစ်သူဆီကနေထွက်ခွာသွားပြီး သူ့ခြေထောက်ပေါ်သူရပ်တည်ခဲ့ပါတယ်... ဇာတ်လမ်းဟာ အန်ဒရီယာစ်အက်ဂါရဲ့ဘဝဖြတ်သန်းရပုံ....လောကဓံအနိမ့်အမြင်‌ကြုံတွေ့ရပုံကို ငယ်စဥ်ကနေသေဆုံးတဲ့အထိရိုက်ပြထားပါတယ်....ခံစားကြည့်ကြပါခင်ဗျာ....File size…(1.8 GB)/(897 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:56:00 Genre... Drama,  History  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

A Whole Life / Ein Ganzes leben (2023)

Srikanth (2024) 7.8
Srikanth (2024) Srikanth (2024) ဆရီကန့်သ်ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်‌ဆက်ပေး‌ချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating မှာ 7.8 အထိ ရရှိထားတဲ့ 2024 ခုနှစ်ထွက် အိန္ဒိယဟိန္ဒူစကားပြော ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ ဘိုလန့်စက်မှုလုပ်ငန်းတည်ထောင်သူ အမြင်အာရုံချို့တဲ့တဲ့ စက်မှုလုပ်ငန်းရှင် ဆရီကန့်သ်ဘိုလာရဲ့ ဘဝဇာတ်ကြောင်းလေးကို ရိုက်ကူးဖော်ပြထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Rajkummar Rao က အဓိကပါဝင်သရုပ်ဆောင်ထားပြီး တွဲဖက်သရုပ်ဆောင်တွေအနေနဲ့ကတော့ Jyothika, Alaya F နဲ့ Sharad Kelkar စတဲ့ သရုပ်ဆောင်တွေ ပါဝင်ပါတယ်။ဇာတ်လမ်းအစမှာတော့ ဆရီကန့်သ်လေးဟာ မွေးလာကတည်းက လုံးဝမျက်စိမမြင်ဘဲ မွေးလာတာပါ ဒါကို ပတ်ဝန်းကျင်ကလူတွေသိတော့ သူ့မိဘနှစ်ပါးကို ဝိုင်းစွန့်ပစ်ဖို့ ပြောကြရော အဲဒီမှာ အဖေဖြစ်သူကလည်း မြေမြှုပ်သတ်ပစ်ဖို့ လုပ်တဲ့အခါ အမေဖြစ်သူက ငိုယိုပြီး မလုပ်ဖို့ တောင်းပန်တော့ သေမင်းခံတွင်းဝကနေ သီသီလေး လွတ်လာရတာပေါ့။ကြီးလာတော့ ပညာသင်ရတဲ့အချိန် ဆရီကန့်သ်လေးက တခြားကလေးတွေထက် ပိုပြီး ထူးခြားနေခဲ့ပါတယ်။‌ နောက်တော့ မျက်မမြင်ကျောင်းပြောင်းတက်ရင်း ကျောင်းစာမှာ ပိုမိုထူးချွန်လာသလို ကျောင်းရဲ့ ကျောင်းသားခေါင်းဆောင်လည်း ဖြစ်လာပါတယ်။ ...
movie

Srikanth (2024)

2024
Bu Tejo Sowan Jakarta (2024) 6.2
Bu Tejo Sowan Jakarta (2024)  ဒီတစ်ခါကတော့ အင်ဒိုနီးရှားဟာသကားလေးနဲ့ မိတ်ဆက်‌ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့တယ်ဂျိုတို့မိသားစုမှာ မိခင်ဖြစ်သူကတော့ရွာထဲကအမျိုးသမီးခေါင်းဆောင်လို့ ဆိုရမလားပဲ။အိမ်ထောင်သည် အမျိုးသမီးတွေကို ဦးဆောင်ပြီးတစ်နှစ်တစ်ခါခရီးထွက်မယ့် အကြောင်းတိုင်ပင်နေကြတယ်။ဘယ်မြို့ကဘယ်လိုကောင်းကြာင်း တစ်ယောက်တစ်ပေါက်တိုင်ပင်နေတုန်းမှာ သားဖြစ်သူတက်ဒီကဂျာကာတာမြို့ကနေ ပြန်လာတယ်။အနေဝေးနေတဲ့ သားအိမ်ပြန်ရောက်တော့ တစ်မိသားစုလုံးပျော်ကြတာပေါ့။ ရောက်တဲ့နေ့မှာပဲ တက်ဒီကသူအိမ်ထောင်ပြုတော့မယ့်အကြောင်းပြောပြတယ်။ အဖေဖြစ်သူကသဘောတူပေမယ့် အမေဖြစ်သူကတော့ သူသားနဲ့လက်ထပ်မယ့်သူကလူမျိုးမတူတဲ့ တရုတ်လူမျိုးဖြစ်နေတော့ သူ့အပေါင်းအသင်းဘေးပတ်ဝန်းကျင်က ဝေဖန်မှာကိုမခံနိုင်လို့သဘောမတူဘူးဖြစ်နေတယ်။ မနက်ဈေးထွက်ဝယ်တော့ တက်ဒီကသူအမေနောက်ကိုမသိမသာလိုက်သွားပြီး သူ့အမေအပေါင်းအသင်းတွေကို သူစေ့စပ်တော့မယ်ဖြစ်ကြောင်း သူ့စေ့စပ်ပွဲကဂျာကာတာမြို့မှာလုပ်မယ့်အကြောင်း လိုက်မယ်ဆိုရင်လည်းစီစဉ်ပေးနိုင်ကြောင်း ပြောပြလိုက်တဲ့အခါမှာတော့....  File size…2.40GB / 1.07B Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Bu Tejo Sowan Jakarta (2024)

Kidnapping Granny K (2007) 6
Kidnapping Granny K (2007) Kidnapping Granny K (2007)ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ ၂၀၀၇ တုန်းကထွက်ရှိထားတဲ့ Kidnapping Granny Kဆိုတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ် ဘဝကို ခက်ခဲစွာရုန်းကန်ဖြတ်သန်းနေရတဲ့ သူငယ်ချင်း ၃ ယောက်ဟာ ကံအကြောင်းမလှစွာနဲ့ ကြီးမားတဲ့ငွေကြေးပြဿနာနဲ့ရင်ဆိုင်နေကြရပါတယ် ဒါကြောင့် သူတို့ရဲ့ပြဿနာကို ဖြေရှင်းဖို့ သိပ်နာမည်ကြီးတဲ့ ထမင်းစွပ်ပြုတ်ဆိုင်က အဘွားကို ပြန်ပေးဆွဲဖို့လုပ်ကြပါတော့တယ် ပြန်ပေးဆွဲလာတဲ့သူတို့ကို အဘွားက နွေးထွေးကြင်နာပေးသလို သားသမီးတွေကို ခက်ခက်ခဲခဲပျိုးထောင်လာခဲ့တဲ့ အဘွားဟာလည်း သူ ပြန်ပေးဆွဲခံရတဲ့အချိန်မှာ သားသမီးတွေကို ဆက်သွယ်ပေမယ့် တစ်ဦးမှ သူ့အနားကိုရောက်မလာကြတဲ့အတွက် ပြန်ပေးဆွဲသူ သူငယ်ချင်းတစ်သိုက်ပါ လက်မှိုင်ချရတဲ့အထိ ဖြစ်လာပါတော့တယ် နုံအအ သူငယ်ချင်း ၃ ဦးမှာ ငွေလို၍သာ လုပ်ခဲ့ရသော်လည်း လူမိုက်များမဟုတ်သလို ကြင်နာတတ်သည့် ဓာတ်ခံရှိကြသည့်အခါ ပြန်ပေးဆွဲသမား ၃ ယောက် နဲ့ အဘွားတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာက ဆက်လက်စောင့်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော် ရယ်လည်းရယ်ရ စိတ်ဝင်စားဖို့တကယ်ကောင်းတဲ့ကားမို့ ကြည့်လို့ နောင်တရရမှာမဟုတ်ပါဘူးအညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin Shin, CharOu, Su Myat တို့ပဲ ...
movie

Kidnapping Granny K (2007)

Love Syndrome: The Beginning (2024) 5.7
Love Syndrome: The Beginning (2024) Love Syndrom : The Beginning (2024)၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ Love Syndrome 3 စီးရီးရဲ့prequelလေးဖြစ်တဲ့ Love Syndrome: The Beginning movieထွက်ရှိလို့လာပါပြီ။အချစ်ကြမ်းတာလေးမှကြိုက်တယ်ဆိုတဲ့ သင်္ဘောမမတို့အကြိုက် Day-Itt coupleလေးကို တစ်ဖန်ပြန်လည်ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီဗျ။ အချစ်ကြမ်း အနမ်းလည်းကြမ်း ကြမ်းစရာရှိတာအကုန်ကြမ်းတဲ့ ဒီကားလေးမှာ BDSMလေးတွေလည်း ဝေဝေဆာဆာပါဝင်တာမလို့ ၁၈ ယောက်စုပြီးမှပဲ သိုက်သိုက်ဝန်းဝန်းလေး ကြည့်ရှုခံစားပေးကြပါဦး။လွန်ခဲ့တဲ့ ၆ လက ‌လူချမ်းသာသားသမီးပီပီ အလိုလိုက်ခံထားရပြီး ပျက်စီးနေတဲ့ အစ်တို့သူငယ်ချင်းတစ်သိုက် မလုပ်သင့်တဲ့ အလောင်းအစားတစ်ခုကို လုပ်ခဲ့ကြပါတယ်။ အဲဒါကတော့ နိုက်ဆိုတဲ့မနူးမနပ်ကောင်လေးကို လှည့်ဖြားပြီးတော့ အစ်ရဲ့သူငယ်ချင်းဂီယာက နိုက်ကို အညွန့်ချိုးမုဒိမ်းကျင့်လိုက်တာပါပဲ။လုပ်ချင်ရာလုပ်ပြီး ဘားမှာသောက်စားပျော်ပါးနေတဲ့ အစ်တစ်ယောက် သူ့ကားကို ဝင်တိုက်မိတဲ့သူနောက် အလျော်တောင်းဖို့လိုက်သွားမိပြီးခါမှ ကျားဂူထဲအောင်းမိမှန်း သိလိုက်ရပါတယ်။သူ့ကားကိုဝင်တိုက်တဲ့သူက နိုက်ရဲ့အစ်ကိုဒေးဖြစ်ပြီးတော့ အစ်တို့ကို လက်စားချေချင်လို့ ကားကိုတမင်ဝင်တိုက်ပြီး အကွက်ဆင်ထားတာမှန်း အသိနောက်ကျသွားတဲ့အစ်တစ်ယောက် နိုက်လိုထပ်တူအဖြစ်မျိုး ကြုံရဖို့ဖြစ်လာပါတော့တယ်။အမုန်းတရားတွေ ရန်ငြိုးတွေ ကလဲ့စားတွေနဲ့ အစပျိုးခဲ့တဲ့ အစ်နဲ့ဒေးကြားကပတ်သက်မှုက ဘယ်လိုခရီးဆက်မလဲဆိုတာ ကြည့်ရှု အဖြေရှာရအောင်ပါ။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ ...
movie

Love Syndrome: The Beginning (2024)

Revolver LILY (2023) 5.2
Revolver LILY (2023) Revolver LILY (2023)ဒီဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Revolver Lily ဆိုတဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။၁၉၂၄ ခုနှစ်ကို အခြေတည်ရိုက်ထားတာဖြစ်ပြီး သုံးနှစ်ကျော်အတွင်းလူပေါင်း ၅၇ ယောက်ကို သတ်ခဲ့တဲ့ Yuri ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို အဓိကရိုက်ကူးထားတာ ဖြစ်ပါတယ်။ Yuri Ozone ဟာ အသက် ၁၆ နှစ်ကတည်းက လျှို့ဝှက်ထောက်လှမ်းရေးဖြစ်ခဲ့ရာကနေ သုံးနှစ်အတွင်းမှာ လူပေါင်း ၅၀ ကျော်ကိုသတ်ပြီးတဲ့နောက် ပျောက်ကွယ်သွားခဲ့ပြီး ဆယ်နှစ်ကျော်ကြာအောင် တိုကျိုက ပြည့်တန်ဆာအိမ်ရဲ့ပိုင်ရှင်အဖြစ် နေထိုင်နေခဲ့တာဖြစ်ပါတယ်။တစ်ရက်မှာတော့ တစ်မိသားစုလုံးအသတ်ခံလိုက်ရတဲ့ Hosomi Shinta ဆိုတဲ့ကလေးက သူ့ကိုကူညီပေးဖို့တောင်းဆိုလာပါတော့တယ်။ Shinta ဟာ သူ့အဖေဖြစ်သူ Hosomi Kinya ချန်ထားခဲ့တဲ့ ပျောက်ဆုံးနေတဲ့ရန်ပုံငွေတွေရဲ့ အဓိကသော့ချက်စာရွက်စာတမ်းတွေကို ကိုင်ဆောင်ထားတာဖြစ်ပြီး စစ်တပ်ရဲ့လိုက်လံဖမ်းဆီးခြင်းကို ခံနေခဲ့ရတာပါ။ Yuri ဟာ Shinta ရဲ့တောင်းဆိုမှုကို လက်ခံပြီး Shinta ကိုကာကွယ်ပေးခဲ့ပါတော့တယ်။ အဲဒီနောက်ပိုင်း Shinta ရဲ့အဖေဖြစ်သူနဲ့ လူသတ်သမားရဲ့ပတ်သက်ဆက်နွယ်မှုတွေ၊ ဂျပန်စစ်တပ်ကဘာကြောင့်မို့ အဲဒီစာရွက်စာတမ်းတွေကို အသည်းအသန်လိုချင်နေခဲ့ရလဲဆိုတာတွေကို Yuri က ဘယ်လိုတွေစုံစမ်းဖော်ထုတ်ပြီး ...
movie

Revolver LILY (2023)

2023
Kings of Mulberry Street: Let Love Reign (2023)
Kings of Mulberry Street: Let Love Reign (2023)  King of Mulberry Street ကဒါရိုက်တာ Judy Naidoo ရဲ့လက်ရာဖြစ်ပြီး ၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဟာသ ဒရမ်မာ ရုပ်ရှင် အမျိုးအစားဖြစ်ပါတယ်အဘွားချက်တီ ကို ကောက်ကျစ်တဲ့ရဲမှုးဟောင်း က ပြန်ပေးဆွဲပြီး သူတို့ကို ဆွဲကြိုးခိုးခိုင်းတဲ့ အခါမှာတော့ သူငယ်ချင်းနှစ်ယောက် က ဘောလိဝုဒ်ရူးသွပ်သူတွေပီပီဘယ်လိုတွေဖြေရှင်းပြီး သူတို့အဘွားကို ကယ်ကြမလဲ အကအလှတွေ နဲ့ မိသားစုမေတ္တာကိုပါ လှလှပပ ဖော်ဆောင်ထားပါတယ် အားလက်ရက်မှာမိသားစုနဲ့ ကြည့်ဖို့ အတွက် ရွေးချယ်သင့်တဲ့ ဇာတ်ကား တကားဆိုလည်း မမှားပါဘူး File size…(2 GB)/(1.1 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:49:00 Genre... Adventure, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar
movie

Kings of Mulberry Street: Let Love Reign (2023)

Ayo Balikan (2024) 7.2
Ayo Balikan (2024) Ayo Balikan (2024)ဆဲလ်တန်လိုခေါ်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးဟာ အရမ်းရိုတတ်လို့ တက္ကသိုလ်မှာ ကောင်မလေးတွေကြား ရေပန်းစားလျက်ရှိပါတယ်။ သူဟာ ကောင်မလေးတစ်ယောက်ကို သုံးရက်ထက် ပိုပြီးတော့ မတွဲတာတောင်မှ ကောင်မလေးအများစုက သူ့အချစ်ကို ရယူနိုင်ဖို ကြိုးစားနေကြတုန်းပါပဲ။ဒီလိုနဲ့ တစ်ရက်မှာတော့ ဆဲလ်တန်ဟာ သူ့ရဲ့နှလုံးသားကို နားလည်သွားပြီး သူ့ရင်ထဲမှာ တစ်ယောက်သောသူရှိနေတယ်ဆိုတာကို သိသွားပြီးတဲ့နောက်မှာတော့ ရည်းစားမပွေမရှုပ်တော့ဘဲ သူချစ်ရတဲ့ အယ်မာဆိုတဲ့ ကောင်မလေးကို ပြန်ပြီးတော့ လိုက်ဖိုကြိုးစားပါတော့တယ်။ အယ်မာဆိုတာကလည်း သူနဲ့တစ်ချိန်တခါက တွဲခဲ့ပြီးတော့ သူ့သမိုင်းမှာ ထူးထူးခြားခြား သုံးရက်မကတွဲခဲ့တဲ့ကောင်မလေးပေါ့။ဒီလိုနဲ့ ဆဲလ်တန်ဟာ အယ်မာရဲ့အချစ်ကိုပြန်ရဖို ဘယ်လိုတွေ ကြိုးစားသွားမလဲ ..... အယ်မာနဲ့ ဆဲလ်တန်တိုရဲ့ အချစ်ခရီးလမ်းကြားမှာ ဘယ်လိုအနှောင့်အယှက်တွေ ဝင်လာမလဲဆိုတာတွေကို ဟာသလေးတွေနှောပြီးတော့ ကြည့်ရှုရမယ့် အချစ်ဒရာမာဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p File size… 1.3GB | 663MB Format… mp4 Duration…. 1h 26min Subtitle…. ...
movie

Ayo Balikan (2024)

2024
Malayalee from India (2024) 6
Malayalee from India (2024) Malayalee From India 2024 ကြုံရဆုံရ ဒီဘဝIMDb - 6.1/10Heavy plotတွေပဲကြည့်ရတာ ရိုးအီနေသူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဟာသခပ်များများပါတဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ ယဉ်ကျေးမှုမတူ လူမျိုးမတူ အတွေးအမြင်မတူတဲ့ ဆရာတပည့်နှစ်ယောက်ကြားက သံယောဇဉ်အကြောင်းလေးကို ပုံဖော်ထားတာပါ။မလေယာလီသား ဂိုပီဟာ သူငယ်ချင်းနဲ့ပေါင်းပြီး ပြဿနာအိုးလုပ်နေတဲ့ ဇိုးတစ်ယောက်၊ ဒီလိုနဲ့ အရေးအခင်းတစ်ခုမှာ သူငယ်ချင်းနှစ်ယောက် ပဲလှော်ကြားဆားညှပ်အဖြစ်ရောက်ပြီး ဂိုပီတစ်ယောက် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ ပို့ခံလိုက်ရပါတော့တယ်။ ဖြစ်ချင်တော့ ဂိုပီရဲ့ဆရာက ပါကစ္စတန်လူမျိုးအိန္ဒိယနဲ့ပါကစ္စတန်ရဲ့ ရန်စတွေက အခုထိလည်း မငြိမ်းသေးတာမလို့ ဘုနဲ့ဘောက်ဖြစ်ရတဲ့ထဲ ဆရာသမားက မလေယာလီသားတစ်ယောက် တစ်ပတ်ရိုက်တာခံရဖူးတာကြောင့် မလေယာလီသားကို ပိုပြီးတော့ မျက်စိဆံပင်မွေးစူးနေတဲ့အခါ....အလွဲလွဲအချော်ချော်နဲ့ ဘယ်လောက်ပဲမတည့်အတူနေဖြစ်နေပါစေ အရေးကြုံလာတော့ သွေးစည်းရသလိုပဲ ဒီဆရာတပည့်နှစ်ယောက်လည်း ရန်ဖြစ်ငြင်းခုန်ရင်းနဲ့ ဘယ်လိုသံယောဇဉ်တွယ်လာကြမလဲ။ ဘဝကပေးတဲ့အတွေ့အကြုံတွေကြောင့် ဇိုးလေးဂိုပီတစ်ယောက်ရော လူကောင်းတစ်ယောက်ဖြစ်လာမလားဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.8GB / 946MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Malayalee from India (2024)

2024
Shame on Dry Land (2023) 6.2
Shame on Dry Land (2023)  ဒင်မ်မန်က လူလိမ်တစ်ယောက်ဖြစ်ပြီးတော့ ထွက်ပြေးတိမ်းရှောင်နေရာကနေ အခင်ဆုံးသူငယ်ချင်းဟောင်းဖြစ်သူ တွဲဖက်ဟောင်းလည်းဖြစ်သူ ဖရက်ဒရစ်ရဲ့ မင်္ဂလာဆောင်နဲ့ အချိန်ကိုက် မော်လ်တာကို ရောက်လာပါတော့တယ်။မော်လ်တာမှာ သူ့သူငယ်ချင်း ဖရက်ဒရစ်နဲ့ ဆာရာတို့ စုံတွဲက ဆွီဒင်လူမျိုးအွန်လိုင်းလောင်းကစားအဖွဲ့ကြီးတစ်ခုမှာ ပါဝင်နေပြီးတော့ ငွေကိစ္စအရှုပ်အရှင်းတွေ ဖြစ်လာတဲ့အခါ ... ကျွန်းပေါ်ကို စုံထောက်တစ်ယောက်ကလည်း ရောက်လာတဲ့အခါ ... ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:31:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw
movie

Shame on Dry Land (2023)

Nightmare Pageant Moms (2023) 5.1
Nightmare Pageant Moms (2023)  Thriller ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမ်မလီနဲ့ ဆိုဖီတို့က သားအမိတွေပါ။ အမေဖြစ်သူ အမ်မလီက စီးပွားရေးလုပ်ငန်းတစ်ခုစဖို့ ပြင်ဆင်နေပြီး သမီးဖြစ်သူဆိုဖီကတော့ ကောလိပ်ဆက်တက်ရမယ့်ကျောင်းသူတစ်ဦးပါ။ ဒါပေမဲ့ အမ်မလီတို့သားအမိဟာ စီးပွားရေးကျပ်တည်းနေကြပါတယ်။တစ်ရက်မှာတော့ သူတို့သားအမိဟာ သူတို့ရဲ့အကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းတစ်ခုကိုရှာတွေ့သွားပါတယ်။ ဒါကတော့ အမေနဲ့သမီး တွဲလျက်ပြိုင်ရတဲ့ အလှမယ်ပြိုင်ပွဲကို ၀င်ပြိုင်ပြီး ဆုကြေးငွေရယူဖို့ပါ။ ဒါပေမဲ့ အမ်မလီတို့သားအမိ သတိမထားမိလိုက်တာက ပြိုင်ပွဲက သူတို့ရဲ့ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ အက်ဒါလိုင်းလို့အမည်ရတဲ့အမေတစ်ဦးဟာ ဒီပြိုင်ပွဲကိုနိုင်ရဖို့အတွက် ဘာမဆိုလုပ်မယ့်သူတစ်ယောက်ဖြစ်နေတာကိုပါ။ ဒီလိုနဲ့ အလှမယ်ပြိုင်ပွဲကို၀င်ပြိုင်ကြရင်းနဲ့ အက်ဒါလိုင်းရဲ့ မကောင်းတဲ့လုပ်ရပ်တွေနဲ့ လျှို့ဝှက်ချက်တွေကိုပါ ဖော်ထုတ်ရဖို့ကြုံလာရတဲ့အခါမှာတော့... File size…(1.6 GB)/(800 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:26:00 Genre... Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie

Nightmare Pageant Moms (2023)

Genres

Archives