Channel Myanmar

New releases (2025)

Content at random


Movies

Superman/Batman: Public Enemies (2009)
Superman/Batman: Public Enemies (2009) Superman/Batman: Public Enemies(2009) IMDb: 7.1/10 Rotten Tomatoes: 67% Superman/Batman: Public Enemies(2009) ဟာ DC Universe Animated Original Movies ရဲ့ ခြောက်ကားမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ စူပါမန်းနဲ့ဘတ်မန်းတို့ နှစ်ယောက်ရဲ့လက်တွဲညီမှုကိုတွေ့ရမှာဖြစ်ပါတယ်။ အတော်လေးလည်းကောင်းမွန်လှတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဇာတ်ညွှန်း ဥက္ကာခဲ ကြီးတစ်ခု ကမ္ဘာကိုတည့်တည့်ကြီးဝင်လာနေပါတယ်။ ဂေါ့သမ်တစ်မြို့လုံးလည်း ကဗြောင်းကိုသတ်နေပါတယ်။ အားလုံးထဲမှာအဆိုးဆုံးကတော့ လက်စ်လူသာတစ်ယောက် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်လာတာပါပဲ။စူပါဟီးရိုးဆိုရင်ကြည့်မရတဲ့ လက်စ်လူသာတစ်ယောက် စူပါဟီးရိုးတွေကို လိုက်လံဖမ်းဆီးပါတော့တယ်။ လူသာဟာစူပါမန်းကိုလူသတ်ကောင်လို့ အကွက်ဆင်ပြီး လူထုနဲ့သွေးခွဲလိုက်ပါတော့တယ်။ တစ်ဖက်မှာက ဥက္ကာခဲ၊ တစ်ဖက်မှာက အာဏာရော ဉာဏ်ရည်ရောပြည့်စုံတဲ့ လက်စ်လူသာ၊ အဲဒီလူနှစ်ယောက်ကို စူပါမန်းနဲ့ဘတ်မန်းတို့နှစ်ယောက်ဘယ်လိုများ ရင်ဆိုင်သွားမှာလဲ။ File size…    1.2 GB /  577 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 7m Genre ..... Animation/Action/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff
movie

Superman/Batman: Public Enemies (2009)

Underground (1995) 8.0
Underground (1995)  IMDb 8/10 ဒုတိယကမ္ဘာစစ် နာဇီတွေ ဥရောပမှာအင်မတန်တန်ခိုးထွားနေချိန်.... နာဇီဆန့်ကျင်ရေးအတိုက်အခံ ယူဂိုစလပ်ကွန်မြူနစ်တွေကို လက်နက်မှောင်ခိုထုတ်ပြီးရောင်းတဲ့ ''မာကို''နဲ့ ''ဘလက်ကီ''(ဆိုးဖော်ဆိုးဖက်သူငယ်ချင်းနှစ်ယောက်) ဘလက်ကီတစ်ယောက် နာဇီနှိပ်စက်ခံရပြီး မာကို့အိမ်အောက်က လက်နက်မှောင်ခိုထုတ်တဲ့ဧရာမမြေအောက်ခန်းကြီးထဲမှာ ဆေးကုရင်း တခြားရဲဘော်တွေနဲ့အတူ နေထိုင်ဖို့ဖြစ်လာရာကနေ မာကိုဟာ ဘလက်ကီတို့တစ်သိုက်ကို သွေးအေးအေးနဲ့အချိုသပ်ပြီး ရက်ရက်စက်စက် ကြိုးကိုင်ဖို့ကြိုးစားခဲ့ပါတော့တယ်.....ဒီရုပ်ရှင်ဟာ dark comedy,drama ဖြစ်ပြီး ဒုတိယကမ္ဘာစစ်၊ စစ်အေးခေတ်နောက်ခံနဲ့ နိုင်ငံရေးရှုပ်ထွေးမှုတွေကိုအခွင့်ကောင်းယူပြီိး ခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့တဲ့ လူတန်းစားနဲ့ သူတို့ကြောင့်ဘဝပျက်သွားရတဲ့လူတန်းစားနှစ်ရပ်အကြောင်းကို dark comedy ဝေဝေဆာဆာနဲ့ ဇာတ်ကောင်တစ်ခုချင်းစီ ပီပီပြင်ပြင်ပုံဖော်ထားတာမို့ ကြည့်ရတာတန်မဲ့ ကားကောင်းတစ်ကားပါပဲ File size…(3.8 GB)/(2.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:47:00 Genre... Comedy, Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C An Dy
movie

Underground (1995)

In a Violent Nature (2024) 5.8
In a Violent Nature (2024)  Gore Slasher တွေအထွက်နည်းနေတဲ့အချိန်မှာတော့ အသစ်စက်စက်ဒီကားလေးဟာ Slasher ကြိုက်တဲ့သူတွေအတွက် ရေငတ်ပြေစေမှာပါ။ Personal အရတော့ Jason X တို့ Wrong Turn တို့လောက်တော့ သိပ်အားမရတာအမှန်ပဲ။ ဒါပေမယ့် ဒါရိုက်တာကလည်းတက်သစ်စ၊ ဘက်ဂျက်ကလည်းနည်းတော့ ဒီလောက်ကွာလတီရတာကိုပဲ မဆိုးဘူးလို့ဆိုရမယ့်ပုံပါ။ ဇာတ်လမ်းအရလည်း Prequel အတွက်လမ်းခင်းပေးထားတာတွေ့ရပါတယ်။ CM ပရိသတ်ကြီးကြိုက်မယ်ထင်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ လူငယ်တစ်စုပျော်ပွဲစားထွက်ရင်း မယူသင့်တဲ့နေရာကပစ္စည်းကိုယူမိတဲ့အခါ မကျွတ်မလွတ်သေးတဲ့လူသတ်သမားဟာ ပြန်အသက်ဝင်လာပြီးတော့ သူ့ပိုင်နက်ထဲလာသမျှလူ အကုန်သတ်ပါတော့တယ်။ ဒါပါပဲ။ အဓိကကတော့ လူငယ်ခြေတက်ဒါရိုက်တာလေးရဲ့ Low budget movie လေးဟာ ဘယ်လောက်ကွာလတီရှိတယ်၊ ဘယ်လိုတွေပီပြင်အောင်လုပ်နိုင်တယ်ဆိုတာကို slasher ကြိုက်သူတွေအတွက် ရေငတ်ပြေ ခံစားကြရမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ Alex666 ပါ။ File size…(1.8 GB)/(1.5 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:34:00 Genre... Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie

In a Violent Nature (2024)

(18+) Borders of Love (aka) Hranice Lásky (2022) 5.6
(18+) Borders of Love (aka) Hranice Lásky (2022)  ဒီကားလေးကတော့ Hranice Lásky လို့ခေါ်တဲ့ erotic drama ရုပ်ရှင်ကားလေးဖြစ်ပါတယ် အင်္ဂလိပ် နာမည်ကတော့ Borders of Love ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့...Petr နဲ့ Hana ကတွဲတာကြာပြီဖြစ်တဲ့အတွဲတစ်တွဲဖြစ်ပါတယ် တနေ့မှာသူတို့သူငယ်ချင်းအတွဲဆီကနေတစ်ခြားသူတွေနဲ့လွတ်လွတ်လပ်လပ်အတူအိပ်ကြောင်းကြားပြီးတဲ့နောက်မှာသူတို့လည်းကိုယ်တိုင်စမ်းကြည့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဒီလိုနဲ့တခြားသူတွေနဲ့ဘယ်လောက်အထိတစ်ယောက်နဲ့တစ်ယောက်လက်ခံနိုင်လဲ သူတို့နှစ်ယောက်ဆက်ဆံရေးဘယ်လိုဖြစ်မလဲကိုစိတ်ဝင်စားစရာကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ပါတယ် File size…(1.5 GB)/(770 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:35:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Galone Translated by Shin
movie

(18+) Borders of Love (aka) Hranice Lásky (2022)

For Love & Honey (2024) 6.4
For Love & Honey (2024)  ဘာဇာတ်အိမ်အရှုပ်အထွေးတွေလှည့်ကွက်တွေမှမပါပဲ နားရက်မှာစိတ်အပန်းပြေစေ ဖို့ romance ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအညွှန်းကတော့ ကျွန်းပေါ်မြို့လေးတစ်ခုမှာ မိခင်ရဲ့အမွေဖြစ်တဲ့ ပျားမွေးမြူရေးခြံကို ဆက်ခံထားပြီး အလုပ်ထဲမှာပဲ တစ်ဘဝလုံး နှစ်မြှုပ်ထားတဲ့ အီဗာ။ မြို့ရဲ့စာကြည့်တိုက်ကပျားအုံတစ်ခုကိုထိန်းသိမ်းဖို့သွားယူရင်း ရှေးခေတ်နံရံဆေးရေးပန်းချီတစ်ခုကိုရှာတွေ့ပြီးနောက် မြို့ကိုအလည်ရောက်နေတဲ့ သမိုင်းပညာရှင်လေး အော်စတင်နဲ့တွေ့ဆုံခဲ့တယ်။အော်စတင်ကလည်း ဒီပန်းချီဟာ သူ့ရဲ့သုတေသနအတွက်အရေးကြီးတယ်လို့ ယုံကြည်ထားပြီး နယ်ခံ အီဗာကို ကျွန်းတစ်လျှောက် လေ့လာရေးအတွက် ကူညီပေးဖို့တောင်းဆိုလာပါတော့တယ်။ အချစ်နဲ့ဝေးကွာနေတာကြာပြီဖြစ်တဲ့ အီဗာ ဘုကလန့်တစ်ဇွတ်ထိုးပညာရှင်လေး အော်စတင်နဲ့တွေ့ပြီးနောက် ရင်ခုန်သံတွေတစ်ဖန်ပြန်ပြီးနိုးထလာမလားဆိုတာ ကျွန်းတစ်ဝိုက် စွန့်စားခန်းလေးနဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ File size…(1.5 GB)/(840 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:24:00 Genre... Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew
movie

For Love & Honey (2024)

Baltimore (aka) Rose’s War (2023) 5.7
Baltimore (aka) Rose’s War (2023)  Baltimore ဟာ 1974 ခုနှစ် ဧပြီ 26 ရက်နေ့က အဖြစ်အပျက်ကို အခြေခံပြီး ချမ်းသာပြီး ငယ်ရွယ်တဲ့ မိန်းကလေး Rose Dugdale တစ်ယောက် IRA ကို ဝင်ပြီးနောက်ဆက်တွဲ အဖြစ်အပျက်တွေကို ရိုက်ကူးထားပါတယ်Rose Dugdale ဟာ IRA အဖွဲ့ဝင်ပြီးနောက် ရဲဘော် Eddie, Martin, Dominic တို့နဲ့အတူ Wicklow မြို့ Russborough အိမ်မှ ၁၉ရာစုရဲ့အနုပညာလက်ရာ ပန်းချီကားတွေကို ခိုးယူပြီး IRA အတွက် လက်နက်ထောက်ပံ့ပေးဖို့ ကြိုးပမ်းရာမှ သူတို့ရဲ့ကြိုးပမ်းမှုအောင်မြင်သွားမလား၊ အစိုးရဘက်က Rose တို့အဖွဲ့ကို လိုက်လံဖမ်းဆီးရာ သူတို့ကိုဖမ်းမိသွားမလားဆိုတာကိုတော့ Baltimore ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ရှုပေးကြပါဦး File size…(1.1 GB)/(580 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:38:00 Genre... Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie

Baltimore (aka) Rose’s War (2023)

From the Shadows (2022)
From the Shadows (2022) Hidden Wisdom လို့အမည်ရတဲ့ သဘာ၀လွန် အစွန်းရောက်ဂိုဏ်းတစ်ခုဟာ မီးလောင်မှုကြီးတစ်ခုနဲ့ကြုံတွေ့လိုက်ရပြီး အသက်သေဆုံးမှုတွေဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်ဆိုးကနေ လွတ်မြောက်နိုင်ခဲ့တဲ့ ဂိုဏ်းသား လူငယ်ငါးယောက်နဲ့ ဒေါက်တာရို၀မ်လို့အမည်ရတဲ့ စိတ်ပညာပါမောက္ခတစ်ဦးက မှတ်တမ်းရုပ်ရှင်တစ်ခုရိုက်ကူးဖို့အတွက် Zoom meeting နဲ့တွေ့ကြပါတယ်။ဒီလိုနဲ့ ဒေါက်တာရို၀မ်နဲ့ ဂိုဏ်းသားလူငယ်ငါးယောက်တို့ဟာ Hidden Wisdom မီးလောင်မှုကြီးနဲ့ လူသေမှုတွေရဲ့နောက်ကွယ်ကအကြောင်းအရာတွေကို ဆွေးနွေးရင်းကနေ အားလုံးရဲ့မျက်စိရှေ့မှာတင် ဒီကျန်ရစ်သူငါးယောက်ဟာ မမျှော်လင့်ထားတဲ့အသက်ဘေးတွေနဲ့ကြုံတွေ့ရပါတော့တယ်။ ဒါကတော့ ဘယ်ကနေ ဘယ်လိုရောက်လာလဲဆိုတာမသိတဲ့လူတစ်ယောက်ဟာ Zoom Meeting ခေါ်ဆိုနေချိန်အတွင်းမှာပဲ ဂိုဏ်းသားတစ်ယောက်ပြီးတစ်ယောက်ကို လိုက်လံသတ်ဖြတ်တာပါ။ဒီလိုနဲ့ Hidden Wisdom ဂိုဏ်းရဲ့နောက်ကွယ်က အဖြစ်မှန်ကဘာလဲ၊ ဂိုဏ်းသားတွေကိုလိုက်သတ်နေတဲ့ သဘာ၀လွန်ပုဂ္ဂိုလ်ကရော ဘယ်သူလဲ၊ ဒေါက်တာရို၀မ်ကရော ဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းပေးဖို့ရာ ကြိုးစားရမလဲ၊ နောက်ဆုံးမှာရော ဒီပဟေဠိတွေကို ဖြေရှင်းနိုင်သွားပြီး အသက်ဘေးကလွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။File size…(932 MB)/(532 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre... Thriller, Science Fiction, ...
movie

From the Shadows (2022)

The Sintern (2024)
The Sintern (2024) Verity ဆိုတဲ့ အမျိုးသမီးငယ်လေးက ဘဝကို ဖြစ်သလို နေထိုင်ရင်း လမ်းပေါ်မှာ ခိုးဝှက် လုယက်မှုတွေကို Sam ဆိုတဲ့သူနဲ့ အတူ လုပ်နေတာပါ။ တစ်ရက် အမေဖြစ်သူဆီက အသံ message တစ်ခု လက်ခံရလာပါတယ်။ အမေဖြစ်သူဟာ နာမည်ကြီး Church ကျောင်းက သင်းအုပ်ဆရာ Dean Humphreys နဲ့ပတ်သတ်ပြီး ပြောသွားတာ ဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာ အမေဖြစ်သူကို ရှာလို့မရတော့ဘဲ Vကလည်း သူငယ်ချင်းဖြစ်တဲ့ Ruby ဆီ သွားပြီး အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းခဲ့ပါတယ်။ သူငယ်ချင်းနှစ်ယောက် ရှာပုံတော် ထွက်ကြရင်း Peter Fredrick ဆိုတဲ့ ရဲတစ်ယောက်က ဆက်သွယ်လာပြီး V ရဲ့ အမေကို ရှာတွေ့ထားကြောင်းပြောပြပါတယ်။အမေ့ကို သေလျက်နဲ့ ပြန်တွေ့လိုက်တဲ့ V ဟာ သူ့အမေ သေဆုံးရခြင်း နောက်ကွယ်က ဖြစ်ရပ်တွေကို စုံစမ်းဖို့ သင်းအုပ်ဆရာ ...
movie

The Sintern (2024)

Crimson Rivers II: Angels of the Apocalypse (2004)
Crimson Rivers II: Angels of the Apocalypse (2004) နာမည်ကြီးရုပ်ရှင် Leon: The Professional ထဲက မင်းသား Jean Reno ခေါင်းဆောင်ပါဝင်တဲ့ ပြင်သစ်စကားပြော လျှို့ဝှက်သည်းဖို/မှုခင်းရုပ်ရှင်လေးပဲ ဖြစ်ပါတယ် ပြင်သစ်ဘုရားကျောင်းတစ်ခုရဲ့နံရံထဲမှာ အလောင်းတစ်လောင်းရှာတွေ့ပြီးနောက် ရဲအုပ်နီးမန်းစ်နဲ့ စုံထောက်ရီဒို‌နှစ်ယောက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပါတော့တယ်။ဒီလူသတ်မှုက ကွင်းဆက်လူသတ်မှုဖြစ်ပြီး ယေရှုရဲ့တမန်တော်တွေဆိုတဲ့ လူ ၁၂ နှစ်ယောက် တစ်ယောက်ပြီးတစ်ယောက်အသတ်ခံလိုက်ရတယ်။ အဲဒီအချိန်မှာပဲ ဘာသာရေးသိပ္ပံပညာရှင်မလေး မာရီတစ်ယောက် စုံစမ်းဖို့ပူးပေါင်းလာပါတော့တယ်။ လျှို့ဝှက်နက်နဲလွန်းတဲ့ ဒီအရှုပ်အထွေးမှာ တကယ်ပဲ အဖြေမှန်ပေါ်သွားမှာလား ပြင်သစ်ရုပ်ရှင်တို့ရဲ့ ထုံးစံအတိုင်း မညှာစတမ်း အနိဌာရုံတို့ကို ပေါ်ပေါ်လွင်လွင် ဒီကားမှာ မြင်တွေ့ရမှာပါFile size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Action, Thriller ,  Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

Crimson Rivers II: Angels of the Apocalypse (2004)

Immortal (2004)
Immortal (2004) အနာဂတ်ကာလကို အခြေခံပြီးတော့ နတ်ဘုရားတွေနဲ့ လူသားတွေကြားက ဖြစ်ရပ်ကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ၂၁ရာစုအနှောင်းပိုင်းကာလခေတ်ကို အခြေခံထားပြီးတော့ အဲဒီခေတ်အခြေအနေမှာ ကမ္ဘာကြီးကို နတ်ဘုရားတွေနဲ့ လူသားတွေက ပိုင်စိုးထားပါတယ်။ ဒီလိုနဲ့ နတ်ဘုရားတစ်ပါးဟာ မသေနိုင်ဖို့အတွက်နဲ့ လူသားအမျိုးသမီးတစ်ယောက်နဲ့ ကလေးရအောင်လုပ်ဖို့ ကြိုးစားဖို့ လိုအပ်လာပါတော့တယ်။ဒီလိုလုပ်နိုင်ဖို့အတွက်လက်ခံကောင်လိုအပ်လာပြီး လက်ခံကောင်ကို ရှာဖွေကာ လူသားအမျိုးသမီးတစ်ယောက်ကို ချည်းကပ်ပြီး ကိုယ်ဝန်ရအောင် ကြိုးစားတဲ့အခါမှာတော့ ......... နတ်ဘုရားက လက်ခံကောင်အဖြစ်ရွေးထားတဲ့ လူသားကရော အသာတကြည်နဲ့ လက်ခံပေးလိုက်လား..... လူသားအမျိုးသမီးနဲ့ ကိုယ်ဝန်ရဖို့ကြိုးစားတဲ့နေရာမှာရော ဘယ်လိုတွေဖြစ်ပျက်မလဲ .... ဆိုတာတွေကို ကြည့်ရှုရမယ့် Sci-fi ဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်)File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Drama,  Action, Science Fiction  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Immortal (2004)

Twisted (2004)
Twisted (2004) ဂျက်စီကာ(Ashley Judd)က ကင်းလှည့်ရဲအဖြစ်ကနေ လူသတ်မှုစုံစမ်းစစ်ဆေးရေးဌာနကို ရာထူးတိုးပြောင်းရွှေ့သွားပြီး သိပ်မကြာခင်မှာပဲ သူမ ပထမဆုံးကိုင်ရတဲ့ လူသတ်မှုက သူနဲ့ တစ်ချိန်က One Night Stand သဘောမျိုး ပတ်သက်ခဲ့ဖူးတဲ့သူ တစ်ယောက် သတ်ခံရတာ ဖြစ်နေပါတယ်။ ဂျက်စီကာရဲ့ မိဘတွေက သူ ခြောက်နှစ်သမီး အရွယ်လောက်မှာတည်းက ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီးတော့ သူ့ဖခင်ရဲ့ တွဲဖက်ဟောင်းဖြစ်တဲ့ ဂျွန် (Samuel L. Jackson) က သူမကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့တာပါ။ဂျွန်က လက်ရှိမှာ ရဲချုပ်ကြီး ဖြစ်တဲ့အတွက် ဂျက်စီကာရဲ့ ရာထူးတိုးမှုကို မနာလိုတဲ့သူတွေကလည်း ရှိနေပါတယ်။ သူမအနေနဲ့ လူသတ်မှုကို သူမရဲ့ တွဲဖက် မိုက်ခ် (Andy Garcia) နဲ့ အတူ စုံစမ်းနေတုန်းမှာပဲ နောက်ထပ် လူသတ်မှုတွေက ဆက်တိုက်ဆိုသလို ဖြစ်လာပြီး သတ်ခံရသူတိုင်းက သူမနဲ့ One Night ...
movie

Twisted (2004)

Billion Dollar Bluff (2024)
Billion Dollar Bluff (2024) စတော့ခ်ဟုမ်းမ် ဆိုင်ဒရုမ်းဆိုတာကို Money Heist ပရိသတ်တွေဆိုရင် သေချာပေါက် သိကြပါတယ်။ ပြန်ပေးဆွဲခံရတာ၊ ဓားပြတိုက်ခံရတာ၊ အဖမ်းခံရတာလို အခြေအနေမျိုးမှာ ဓားစာခံတွေဘက်က ဖြစ်လေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျားရောဂါ တစ်မျိုးပေါ့။ ဒီရောဂါကို ခံစားရတဲ့သူတွေက သူတို့ကို ဖမ်းခေါ်ထားတဲ့ . . . သူတို့ကို အန္တရာယ်ပြုနိုင်တဲ့လူတွေနဲ့ တစ်ဖက်တည်း သွားပူးပေါင်းလိုက်တာမျိုး၊ ကူညီပေးတာမျိုးတွေ လုပ်လေ့ရှိတာပါ။'Billion Dollar' Bluff လို့ခေါ်တဲ့ ပြီးခဲ့တဲ့ လပိုင်းကမှ ထွက်ထားတဲ့ ရုပ်ရှင်ကလဲ အဲဒီအိုင်ဒီယာပေါ်မှာ အများကြီး အခြေခံထားပါတယ်။ ဆာရှာဂျွိုင်းအမည်ရတဲ့ ကောင်မလေးက 'ဖလစ်ခ်မို' လို့ အမည်ရ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုပေါ်မှာ သန်းနဲ့ချီတဲ့ ဖော်လိုဝါကို ပိုင်ဆိုင်ထားတဲ့ ဆိုရှယ်အင်ဖလူဝမ်ဇာမလေးပါ။ အင်ဖလူဝမ်ဇာတွေရဲ့ ထုံးစံအတိုင်း လိုက်ဖ်တွေလွှင့်၊ သူ့ရဲ့ နေပုံထိုင်ပုံတွေနဲ့ ပတ်သက်လို့ စတေးတပ်စ်တွေ အမြဲတင်နေတော့ လူတွေကလဲ အဟုတ်မှတ်ကြပါတယ်။ဘီလျံနာသူဌေးကြီး ...
movie

Billion Dollar Bluff (2024)

The Courier (2024)
The Courier (2024) ဒီရုပ်ရှင်ကားဟာ စပိန်နိုင်ငံရဲ့ စီးပွားပျက်ကပ် နဲ့ ငွေကြေးခဝါချမှုတွေ ငွေကြေး လိမ်လည်မှုတွေကို နောက်ခံပြီး ဇာတ်လမ်းတည်ထားတာ ဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်ကတော့ Ivan ဆိုတဲ့ ဂေါဖ့်ကွင်းက အလုပ်သမားလေး ဖြစ်ပြီး တစ်နေ့မှာ မူးနေတဲ့ ကောင်စီဝင် တစ်ယောက်ကို ကားနဲ့ ပြန်ပို့ ရင်းနဲ့ သူ့ဘဝတိုးတက်လမ်းကို ရှာတွေ့သွားတာ ဖြစ်ပါတယ်။Anne ဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ပြီး သူဟာ ငွေကြေးတွေကို လက်ဆွဲသေတ္တာထဲ ထည့်ပြီး တစ်နေရာကနေ တစ်နေရာကို ကူးပြီး ပို့ပေးရတဲ့ အလုပ်ကို စလုပ်ပါတော့တယ်။ သူ့ရဲ့ ပထမဆုံး အလုပ် လုပ်ရင်း Escamez ဆိုတဲ့ လူနဲ့ သိကျွမ်းခဲ့ပါတယ်။ ဒီလူကလည်း ငွေကြေးတွေကို သယ်ပို့ပေးသူ ဖြစ်ပြီး ကော်မရှင်ခအနေနဲ့ ငွေကြေးရဲ့ 3% ကို ယူတာ ဖြစ်ပါတယ်။Ivan က Yannick ...
movie

The Courier (2024)

Wild Eyed and Wicked (2023)
Wild Eyed and Wicked (2023) အသစ်ထွက်ရှိထားတဲ့ ဟော်ရာဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ် လီလီဟာ လက်စဘီယန်တစ်ယောက်ဖြစ်ပြီး ဓားရေးလေ့ကျင့်ပေးတဲ့ နည်းပြပါ ဆုံးသွားတဲ့ သူ့အမေကတော့ မကောင်းဆိုးဝါးအဖြစ် သူ့အိပ်မက်တိုင်းမှာ လာရောက်ခြောက်လှန့်လေ့ရှိတယ် မခေါ်မပြောတော့တဲ့ အဖေဖြစ်သူက တစ်နေ့မှာ လီလီ့အမေရဲ့ နှစ် ၂၀ ပြည့်ဈာပနအတွက် အရင်အိမ်ကို ပြန်လာခိုင်းတဲ့အခါ... အဖေ့ကို မုန်းနေတဲ့ လီလီ သူ့အဖေနဲ့ဆက်ဆံရေးကို ဘယ်လိုပြန်တည်ဆောက်မှာလဲ အိပ်မက်ထဲက မကောင်းဆိုးဝါးကိုရောအလယ်ခေတ် ချပ်ဝတ်တန်ဆာတွေသုံးပြီး အထာကျကျ ဘယ်လိုနှိမ်နင်းသွားမလဲ ဆိုတာကို ပရိသတ်ကြီး အားပေးကြပါဦးလို့ ...File size…(1.1 GB)/(618 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre... Horror, Fantasy, Drama, Mystery. Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

Wild Eyed and Wicked (2023)

Godsend (2004)
Godsend (2004) ပေါလ်နဲ့ ဂျက်စီတို့မှာ အဒမ်ဆိုတဲ့သားလေးတစ်ယောက်ရှိပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာပဲ အဒမ်က အသက် ၈ နှစ်ပြည့်မွေးနေ့ကျင်းပကာ နောက်တစ်ရက်မှာ မတော်တဆတစ်ခုဖြစ်ပြီး ဆုံးပါးသွားပါတော့တယ်။ယူကျုံးမရဖြစ်နေတဲ့ လင်မယားနှစ်ယောက်က သူတို့သားလေးရဲ့ ဆဲလ်ကိုပွားလိုက်ပြီး ချွတ်စွတ်တူတဲ့ ကလုန်းတစ်ယောက်ကို တရားမဝင် ထပ်မံမွေးဖွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ အဒမ် (ကလုန်း) အသက် ၈ နှစ်ပြည့်ပြီး ကျော်လွန်တဲ့ရက်ကစလို့ ကျောင်းမှာရော အိမ်မှာပါ အပြုအမူတွေက အရမ်းကို ဆိုးဝါးလာပါတော့တယ်။သူတို့ သားလေးရဲ့ အမူအကျင့်တွေပြောင်းလဲလာပုံကို လင်မယားနှစ်ယောက် လိုက်လံစုံစမ်းရင်းနဲ့ ဘာတွေကို သိလာရမလဲဆိုတာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအမျိုးအစားက Horror/ Sci-fi ဖြစ်ပြီးတော့ ကလုန်းဖန်တီးပေးတဲ့ ဆရာဝန်ကြီးအဖြစ် Robert De Niro က အဓိကဇာတ်ဆောင်တစ်ဦးနေရာက ပါဝင်ထားပါသေးတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။File size…(1.6 GB)/(670 ...
movie

Godsend (2004)

Creep (2004)
Creep (2004) မြေအောက်ရထားဘူတာမှာ ပျားပန်းခတ်လှုပ်ရှားနေတဲ့လူတွေကြားမှာ ဆေးစွဲနေသူ၊ အိမ်ခြေရာမဲ့တွေရှိသလို ဟိုးအောက်ကို ဆက်သွားလိုက်ရင် ရေဆိုးပိုက်မှာ နေတဲ့ ပုံပျက်ပန်းပျက်မကောင်းဆိုးဝါးတစ်ကောင်လည်း ရှိနေတယ်ခပ်လှလှကောင်မလေး Kate မှာတော့ ဘတ်မန်းမင်းသား ဂျော့ကလူနေး ရောက်နေတယ်ဆိုလို့ သူရှိတဲ့နေရာဆီသွားဖို့ရာအတွက် ညမြေအောက်ရထားဘူတာကို အပြေးကလေးလာရင်းမှ ရထားစောင့်နေတဲ့ ထိုင်ခုံတန်းလေးမှာ အိပ်ပျော်သွားလေရဲ့… နိုးလာတော့ ညဥ့်နက်သန်းခေါင် ဘယ်သူမှ မရှိတော့ဘူး ဂိတ်တံခါးတွေလည်း အားလုံးပိတ်နေပြီ ထွက်မရပြုမရ အိပ်မက်ဆိုးသဖွယ် တစ်ညတာကနေ Kate လွတ်မြောက်နိုင်မှာလားFile size…(1.5 GB)/(819 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre... Horror, Thriller, Mystery  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

Creep (2004)

Killer Body Count (2024)
Killer Body Count (2024) ဒီတစ်ခါမှာတော့ Killer Body Count ဆိုတဲ့ လူငယ်တွေကိုလိုက်သတ်တဲ့လူသတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ကမ်မီဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးဟာ မိတဆိုးလေးဖြစ်ပြီး ဖခင်ဖြစ်သူ"ဘရိုင်ယန်"နဲ့အတူတူ​နေပါတယ် ဘရိုင်ယန်ဟာ ကမ်မီ့ကို လိင်မှုကိစ္စစွဲလန်းနေသူဟုအထင်မှားပြီး ဝေးလံခေါင်ဖျားတဲ့နေရာမှာရှိတဲ့ ကတ်သလစ်ကုသရေးစင်တာကိုပို့ခဲ့ပါတယ် အဲ့ဒီမှာ ကမ်မီလိုပဲ လိင်မှုကိစ္စကိုအလွန်အကျွံစွဲလန်းတာကြောင့်ဆိုပြီး စင်တာကိုရောက်လာတဲ့အခြားဆယ်ကျော်သက်များလည်းရှိပါတယ်အဲ့ဒီစင်တာကိုတော့ တော်နီနဲ့ယူဂျင်းတို့မောင်နှမနှစ်ယောက်ကဦးစီးပြီးအုပ်ချုပ်ပါတယ် ဒါပေမဲ့ နတ်ဆိုးမျက်နှာဖုံးစွပ်ထားတဲ့လူတစ်ယောက်က အဲ့ဒီစင်တာမှာ လိင်မှုကိစ္စကျူးလွန်တဲ့သူတွေကို လိုက်လံသတ်ဖြတ်နေပါတယ် အဲ့ဒီအကြောင်းကိုစင်တာကိုရောက်နေတဲ့လူငယ်တွေသိသွားတဲ့အခါမှာ ဘယ်လိုလွတ်အောင်ပြေးကြမလဲ လိုက်သတ်နေတဲ့လူကရော ဘယ်သူဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ ဒီဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ဝင်ခန်းတချို့ကြောင့် မိသားစုနှင့်အတူကြည့်ရှုရန်မသင့်တော်ပါဘူးFile size…(848 MB) Quality…. 720p Format…mp4 Duration….01:47:00 Genre... Horror, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

Killer Body Count (2024)

Yumi’s Cells: The Movie (2024)
Yumi’s Cells: The Movie (2024) Yumi's Cells: The Movie (2024)******************************ဒီ Animation လေးကတော့ webtoon မှာ အောင်မြင်မှုအကြီးကြီးရပြီးအဲဒီကနေတဆင့် Drama, Musical တို့ထွက်ရှိထားပြီးအခု Animated movie version ပါ ထွက်ရှိလို့လာပါပြီ။Drama ထဲမှာတော့ Kim Go Eun၊ Ahn Bo Hyun နဲ့ JinYoungတို့ ပါဝင်ထားပြီးSeason 2ခု ထွက်ရှိခဲ့တဲ့ဇာတ်ကားကောင်းလေးမလို့ မကြည့်ရသေးရင်လည်းကြည့်ရှုဖို့ ညွှန်းချင်ပါတယ်နော်။Movie Version မှာလည်းပဲ ကုမ္ပဏီ ဝန်ထမ်းမ‌လေး ယူမီရဲ့ ဦးနှောက်ထဲမှာရှိနေတဲ့ချစ်စရာကောင်းတဲ့ ဆဲလ်မျိုးစုံနဲ့အတူ ယူမီရဲ့ နေ့စဉ်ဘဝကို ခံစားကြည့်ရှူရဦးမှာဖြစ်ပါတယ်။စိတ်ခံစားချက်တွေကို မဖော်ပြတတ်တဲ့ ယူမီနဲ့ သူ့ဦးနှောက်ထဲက ဆဲလ်လေးတွေရဲ့လမ်းညွှန်လုပ်ဆောင်ချက် အဖုံဖုံကို ရသမျိုးစုံနဲ့ ကြည့်ရှူရဦးမှာပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Treasure Htet မှ ရေးသားထားပေးပါတယ်) File size…1.66GB / 720MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 30m Genre ….. ...
movie

Yumi’s Cells: The Movie (2024)

Inu-Oh (2021) 7.1
Inu-Oh (2021) Inu-oh (2021)အေးချမ်းတဲ့ ဒါနိုအူရာရွာ‌လေးမှာ နေထိုင်တဲ့ တိုမိုနာတစ်ယောက် တစ်နေ့မှာ မတရားမှုနဲ့ ကြုံတွေ့လိုက်ရတာကြောင့် အဖေသေပြီး မျက်စိအမြင်ကွယ်ခဲ့ရပါတယ်။ မတရားသေဆုံးသွားရတာကြောင့် ငြိမ်းချမ်းရာမရနိုင်တဲ့ အဖေအတွက် လက်စားချေရမဲ့ တိုမိုနာတစ်ယောက် ဟီကဲတွေရဲ့ ပျောက်ဆုံးသွားတဲ့ရွာတွေကို လိုက်လံရှာဖွေနေပါတယ်။ တစ်နေ့ ဘီဝါဘုန်းတော်ကြီး ထီအိချီနဲ့ တွေဆုံပြီး တပည့်အဖြစ်လက်ခံသင်ကြားရင်း ဘီဝါတီးခတ်ဖျော်ဖြေသူတစ်ယောက် ဖြစ်လာပါတော့တယ်။ကျောမှာအကြေးခွံ ဗိုက်မှာအမွေးအမျှင်တွေနဲ့ မျက်စိကလည်း ရှိသင့်တဲ့နေရာမှာမရှိ ခြေတံလက်တံတွေ ရှည်လျားပြီး လူနဲ့မတူတာကြောင့် မကောင်းဆိုးဝါးလို့ အများက သမုတ်ခံထားရတဲ့ အီနူအို။ ကျိန်စာမိထားတယ်လို့ သတ်မှတ်ခံထားရတဲ့ အကျည်းတန်ရုပ်ရည်ကြောင့် မျက်နှာဖုံးစွပ်ထားရသူ အီနူအိုတစ်ယောက် ဘီဝါတီးခတ်နေတဲ့ တိုမိုနာနဲ့အတွေ့ အနုပညာဂီတပိုးတွေ နိုးကြွလာပါတော့တယ်။အီနူအိုနဲ့ တိုမိုနာနှစ်ယောက်ပေါင်းလို့ ကျဆုံးဟီကဲစစ်သည်တွေရဲ့ ဇာတ်လမ်းကို ကပြဖျော်ဖြေရင်း သာမန်ပြည်သူတွေကြားမှာ တစ်စတစ်စနာမည်ကြီးလာပါတော့တယ်။ ပြည်သူတွေရဲ့ အသည်းကျော် အီနူအိုဇာတ်အဖွဲ့ရဲ့ ကောင်းသတင်းက ရှိုးဂန်းတွေဆီကို ရောက်သွားလေတော့ ရှိုးဂန်းကြီးရဲ့ အိမ်တော်မှာ လာဖျော်ဖြေဖို့ အဖိတ်ခံရပါပြီ။ တောင်းဆိုချက်ကတော့ တစ်ခုတည်းပါပဲ။ နောက်ဆုံးအပိုဒ်မှာ အီနူအို မျက်နှာဖုံးချွတ်ပြီး ဖျော်ဖြေရမှာပါ။ငြိမ်းချမ်းရာမရနိုင်တဲ့ ဟီကဲဝိညာဉ်တွေအစား တစ်လောကလုံးသိအောင် ဇာတ်လမ်းတွေ ပြောပြရင်း ဖျော်ဖြေနေတဲ့ အီနူအိုနဲ့ တိုမိုနာတို့မိတ်ဆွေနှစ်ဦးရဲ့ ဂီတတွေဟာ တိုင်းပြည်အာဏာစုစည်းရမဲ့ ...
movie

Inu-Oh (2021)

Haraa (2024) 7
Haraa (2024) Haraa (2024) တစ်ကိုယ်တော်ပုစ္ဆာရှင်းတမ်း Genre – Thriller, Action IMDB – 7.8/10အသစ်စက်စက်ထွက်ရှိထားတဲ့ တမီးလ်စကားပြော သည်းထိတ်ရင်ဖို အိန္ဒိယ အက်ရှင်ကားလေး ဖြစ်ပါတယ်။ မင်းသားကြီး Mohan တစ်ယောက် ၁၄ နှစ်ကြာ ဇာတ်ကားမရိုက်ပဲ အနားယူနေခဲ့ရာကနေ ယခုမှ ပြန်လည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ကွိုင်တာပူရ်မြို့မှာ ဘုရားပွဲ စီတန်းလှည့်လည်မှာကို ရဲတွေတသိုက် ပြဿနာမတက်အောင် လုံခြုံရေးတွေ တင်းကြပ်စွာ ချမှတ်ပြီး အလုပ်တွေ များနေကြတယ်။ အဲဒီမှာလည်း ပဟေဠိဆန်ဆန်နဲ့ ရမ်ဆိုတဲ့ဘဲတစ်ပွေဟာ သမီးဖြစ်သူ အဆုံးစီရင်ပြီး ဆုံးပါးခဲ့ရတာကို ပူဆွေးနေခဲ့တဲ့အတွက် တစ်ကိုယ်တော် စုံစမ်းထောက်လှမ်းနေတယ်။ သူ့နောက်ကိုလည်း ရဲလိုလို ဘာလိုလို လူတွေအုပ်လိုက်က အသည်းအသန် လိုက်ဖမ်းနေကြတယ်။သမီးလေးဖြစ်သူ သေဆုံးမှုရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ရမ်တစ်ယောက် ကြက်သွန်နွှာသလို တစ်ဆင့်ချင်း ဖော်ထုတ်နေရင်းနဲ့ မြေအောက်လောက လူမိုက်ဂိုဏ်းတွေရဲ့ နိုင်ငံရေး မသမာမှုတွေရဲ့ ကမ္ဘာထဲကို တစ်စတစ်စ ချည်းနင်းဝင်ရောက်မိခဲ့တဲ့အချိန်မှာတော့….။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File size… 1.9GB / ...
movie

Haraa (2024)

2024

Genres

Archives