Channel Myanmar

New releases (2025)

Content at random


Movies

Juna Furniture (2024) 7
Juna Furniture (2024) Juna Furniture (2024) အမေ့လျော့ခံ အာဃာတ Genre – Drama IMDB – 7.8/10ဇာတ်လမ်း၊ ဇာတ်ညွန်း၊ ဒါရိုက်တာနဲ့ ဇာတ်ဆောင်နေရာအားလုံးကို မင်းသားကြီး Mahesh Manjrekar တစ်ယောက်တည်းတာဝန်ယူ ရိုက်ကူးဖော်ဆောင်ထားတဲ့ အသစ်ထွက် အိန္ဒိယဒရမ်မာကားကောင်းလေးဖြစ်ပါတယ်။ ဂိုဗင်ပတ်သာခ်ဆိုတဲ့ အသက် ၇၀ အရွယ် ဘဲကြီးဟာ ဇနီးဖြစ်သူနဲ့ လင်မယားနှစ်ယောက်တည်း အေးအေးဆေးဆေး ဖြတ်သန်းနေလျက်ရှိပါတယ်။ရပ်ကွက်ထဲမှာလည်း မတရားတာမြင်ရင် မနေနိုင်ပဲ ဝင်ဝင်ပါမိလို့ ရပ်ကွက်ဇိုးလေးတွေနဲ့လည်း မကြာခဏ နောင်ဂျိန်ပလေးရသူပါ။ မဟုတ်မခံလူမှန်ကြီးတစ်ယောက် ဆိုပါစို့။ သားဖြစ်သူကတော့ နေရာကောင်းရထားတဲ့ အစိုးရအရာရှိဖြစ်ပြီး ချမ်းသာတဲ့ လုပ်ငန်းရှင်ရဲ့သမီးနဲ့ လက်ထပ်ထားပြီး ယောက္ခမဖြစ်သူနဲ့ အဆင်ပြေပြေရှိပြီး သူတိုနဲ့သာ အတူတူနေထိုင်တာပါ။ မိဘရင်းတွေဆီလည်း သိပ်မတွေ့ဖြစ်ပဲ ငွေရေးကြေးရေးလောက်သာ ထောက်ပံ့ထားသူပေါ့။တစ်ရက်ကျ ဖခင်ဖြစ်သူဆီကို လစဉ်ငွေပို့ဖို့ မေ့ပြီး နောက်ကျတာတွေရယ် ရေပေါ်ဆီဘဝမှာ သာယာယစ်မူးနေပြီး မပေါ့ဆအပ်တာတွေ ဖြစ်သွားတဲ့အခါ ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာပြီး သားအဖရင်းနှစ်ယောက်ကြား အာဃာတမီးတောက်တစ်ခု ပေါ်ထွန်းလာတဲ့အခါမှာတော့…..။ရုပ်ဝါဒီတွေ ...
movie

Juna Furniture (2024)

2024
{21+} Tarzan-X: Shame of Jane (1995) 6.8
{21+} Tarzan-X: Shame of Jane (1995) {21+} Tarzan-X: Shame of Jane (1995)ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ တာဇံကာတွန်းကားလေးကို ညိုကီတို့အားလုံးသဘောကျကြမှာပါ တောတွင်းသားလေး တာဇံနဲ့ မြို့ကြီးသူလေးဂျိန်းတို့ရဲ့ ရိုးရှင်းတဲ့အချစ်ဇာတ်လမ်းလေးဟာ ကလေးဘဝတုန်းကတော့ ဒီတိုင်း ကြည်နူးပျော်ရွှင်စရာလေးတစ်ခုပေါ့အခုအရွယ်တွေလည်း ရောက်လာပြီဆိုတော့ တာဇံကို လူကြီးဗားရှင်းကြည့်ချိန်တန်ပြီပဲဆိုရမှာပေါ့ခေတ်ဟောင်းကားဆိုပေမယ့် မင်းသမီးလေးတွေကလည်းချော တာဇံ Live action ကို ၁၈ အပေါင်းခန်းမြိုင်မြိုင်နဲ့ကြည့်ရတဲ့ တမူထူးတဲ့ရသလေးမို့ ညိုကီတို့အားပေးနိုင်ဖို့ လက်တို့တင်ဆက်ပေးလိုက်ပါတယ် File size… 807MB Quality…HD DVD RIP Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by  Andrew Mason
movie

{21+} Tarzan-X: Shame of Jane (1995)

1995
Bhoothaddam Bhaskar Narayana (2024) 6.4
Bhoothaddam Bhaskar Narayana (2024) Bhoothaddam Bhaskar Narayana 2024 (နတ်ဆိုး)Imdb 6.4မျက်နှာဖုံးလူသတ်မှု : ဒီလူသတ်မှုက ကာနာတာကာနားက ချင်ချိုလီတောအုပ်မှာဖြစ်ပွားခဲ့တာပါ သေဆုံးသူအရေအတွက်က ၁၅ဦးထိရှိလာပြီးတော့ နစ်နာသူတွေက မသေခင်မှာအတော်လေးနှိပ်စက်ခံခဲ့ရတဲ့ အနေအထားမျိုးနဲ့တွေ့ခဲ့ရတယ် ဦးခေါင်းမပါတဲ့အမျိုးသမီးတွေကိုပါတွေ့ခဲ့ရတော့ ဒီဒေသခံတွေက ကျီးလန့်စာစားဖြစ်ကုန်ကြပြီး ရဲတွေလည်းကြံရာမရဖြစ်လာကြရတယ်။။။ဘူသာဒမ် ဒီလူကတော့ အတော်ဆုံးရှေ့နေလို့ပြောရမလားပဲ သူမရှင်းနိုင်တဲ့အမှုမရှိလို့ နာမည်ကြီးလူသိများတယ်ပေါ့ ငယ်စဉ်က အစ်ကိုဖြစ်သူကို လူသတ်သမားလို့စွပ်စွဲပြီး ထောင်သွင်းလို့ အစ်ကိုကရှက်စိတ်ကြောင့်သတ်သေသွားခဲ့တယ် ဒီတော့ မွေးရာပါပါရမီပါလာတဲ့ဒီကလေးက စုံထောက်ကားတွေကြည့်ပြီး ဘယ်လိုသင်ယူရမယ်ဆိုတာလေ့လာခဲ့ပြီး အခင်းနေရာသွား သဲလွန်စတွေစုလာခဲ့တယ် သူယူလာတဲ့သဲလွန်စက တစ်မှုလုံးအတွက် အဓိကဖြစ်နေပေမဲ့လည်း ကလေးတစ်ယောက်ရဲ့စကားကို ဘယ်ရဲမှမယုံကြည်ပေးကြလို့ အစ်ကိုကသေဆုံးခဲ့တာတောင် လူသတ်သမားဘဝနဲ့နေသွားခဲ့ရရှာတယ် ဒီလိုထရော်မာတွေကြောင့် ရဲလုပ်မယ်ဆိုပြီးလျှောက်တော့ မျက်စိမှုန်တာကြောင့် မရခဲ့ဘူးပေါ့ ကျန်တဲ့လူတွေ သူ့အစ်ကိုလိုဖြစ်မှာစိုးလို့ အမှုတွေကို ထောင့်စေ့အောင်စုံစမ်းဖော်ထုတ်ရင်း အတော်ဆုံးဖြစ်လာခဲ့တာပါမျက်နှာဖုံးအမှုမတိုင်ခင် သူရဲ့အမှုကိုင်တွယ်ဖြေရှင်းပုံတွေနဲ့ မျက်နှာဖုံးအမှုကိုရင်ဆိုင်ရပုံတွေကို ကြည့်ရှုလိုက်ကြပါဦး( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ KKKZ ~ Alice Wai တို့ပဲဖြစ်ပါတယ် ) File size… 2.03GB ...
movie

Bhoothaddam Bhaskar Narayana (2024)

2024
Polyester (1981) 7.0
Polyester (1981)  Polyester ကို ဒါရိုက်တာ ဂျွန်​ဝေတာ ထုတ်လုပ်ခဲ့ပြီး ၁၉၈၁ မှာဖြန့်ချီခဲ့တဲ့ အ​မေရိကန်ဟာသကား ဖြစ်ပါတယ်လူတန်း​စေ့​နေနိုင်ပြီး ပိုက်ဆံရှာနိုင်တဲ့​ယောက်ျား သားနဲ့ သမီး တ​ယောက်စီ ပိုင်ဆိုင်ထားတဲ့ အိမ်​ထောင်ရှင်မတ​ယောက် သူ့​ယောက်ျားရဲ့ သူမသိ​သေးတဲ့ တခြား တဖက်ကို မြင်လိုက်ရတဲ့ အချိန်မှာ​တော့ သူတို့ မိသားစုကြီး ဘယ်လို​တွေ ဖြတ်​ကျော်ရမယ် ရင်ဆိုင်ရမယ် ​နောက်ဆုံးအချိန်အထိ အခက်အခဲ​တွေ လူ​တွေရဲ့ ​လောဘစိတ်နဲ့ ယုတ်မာမှု​တွေကို ဒီဇာတ်ကားထဲမှာ သရုပ်​ဖော် ပြသသွားပါတယ် အ​မေရိကန် old movie ​တွေကို ကြိုက်နှစ်သက်တဲ့ သူ​တွေအတွက် အဲဒီ​ခေတ်ကာလ အ​နေ​အထားကို ပါကြည့်ရူရမှာမို့ လက်မလွတ်သင့်တဲ့ဇာတ်ကားပါ File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:26:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar
movie

Polyester (1981)

On Our Way (2021) 5.4
On Our Way (2021)  ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ဟာ သူ့ရဲ့အိမ်မက်ကို လိုက်ခဲ့ပြီး မမျှော်လင့်တဲ့ ခရီးတစ်ခုကို ကြုံတွေ့ရတဲ့ လူငယ်တစ်ဦး ဖြစ်ပါတယ်။ဇာတ်လမ်းမှာ အဓိက ဇာတ်ကောင်ဟာ သူ့ရဲ့ အိမ်မက်ဆိုး Trauma တွေရှိတဲ့တဲ့ ဘဝတစ်ခုကနေ လွတ်မြောက်ဖို့ ကြိုးစားနေသူ ဖြစ်ပြီး သူ့ရဲ့ ပန်းတိုင်တွေကို ပြည့်ဝစေဖို့ သင်ယူနေရတဲ့ အကြောင်းအရာတွေကို ဖော်ပြထားပါတယ်။ဇာတ်လမ်းမှာ လူငယ်တွေရဲ့ အိမ်မက်တွေ၊ ပန်းတိုင်တွေကို ဆီလျော်စွာဖော်ပြထားပြီး လမ်းခရီးတစ်ခုမှာ ကြုံတွေ့ရမယ့် အတားအဆီးတွေကို ကူးဖြတ်ရင်း ဘယ်လိုအောင်မြင်နိုင်မလဲ ဆိုတာကိုလည်း ဆွေးနွေးထားပါတယ်။ဒီဇာတ်ကားဟာ ရိုးရှင်းပြီး ထိထိမိမိရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပရိသတ်တွေ ကြည့်ရှုခံစားနိုင်အောင် ဖန်တီးထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ File size…(1.5 GB)/(680 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:31:00 Genre... Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie

On Our Way (2021)

How to Marry a Millionaire (1953) 6.8
How to Marry a Millionaire (1953)  မယ်ရီလင် မွန်ရိုး ဆိုရင်တော့ မသိတဲ့သူရှိမယ်မထင်ပါဘူး။ 1953 တုန်းကထွက်ခဲ့တဲ့ ဒီအချစ်ဟာသ ကားထဲမှာဆိုရင် မယ်ရီလင်မွန်ရိုးက အဓိက မင်းသမီးသုံးလက်ထဲက တစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။ ရှေးခေတ်ဟောလိဝုဒ် ရဲ့ ရိုက်ချက်တွေ ၁၉၅၀ ဝန်းကျင်က ဖက်ရှင် တွေနဲ့ အတူ ဇာတ်မြူးလေးတစ်ခုကိုကြည့်ရှုနိုင်မှာပါ။ပိုလာ၊ ရှော့ဇီ နဲ့ လိုကို ဆိုတဲ့ မိန်းကလေးသုံးယောက်ဟာ နယူးယောက်က သူဋ္ဌေးရပ်ကွက်မှာ တိုက်ခန်းတစ်ခန်းငှားပြီး လူချမ်းသာတစ်ယောက်နဲ့ လက်ထပ်နိုင်ဖို့ ကြိုးစားကြတာနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ဒီလိုနဲ့ပဲ အလွဲ အလွဲတွေဖြစ်ကြတာတွေ အချစ်နဲ့ ပိုက်ဆံကြား ဗျားများရတာတွေကို ကြည့်ရှုရမှာပါ။ ရှေးခေတ် ဟောလိဝုဒ်ကားတွေကို ကြိုက်လို့ပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးရယ်ချင်တာပဲ ဖြစ်ဖြစ် ဆိုရင် ဒီကားလေးက ကြည့်လို့အဆင်ပြေမှာပါ။ File size…(1.6 GB)/(820 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

How to Marry a Millionaire (1953)

Aggro Dr1ft (2023) 5.9
Aggro Dr1ft (2023)  ဒီဇာတ်ကားက ဒါရိုက်တာ​ ဟာမိုနီကိုရင်းရဲ့ experimental ရုပ်ရှင်​ဖြစ်​ပြီး ဝါရင့်ကြေးစား လူသတ်​သမား​တစ်ယောက်​ အကြောင်း​ကို ပုံဖော်​ဖန်တီး​ထားတဲ့ Action Thriller ဇာတ်လမ်း​တစ်ခုဖြစ်ပါတယ်။ ဇာတ်​လမ်း​တစ်​လျှောက်​လုံး​ကို အနီ​အောက်​ရောင်ခြည် ဓာတ်​ပုံ​ပညာအသုံးပြုပြီး ရိုက်​ကူး​ထားတာ​ပါ။ဇာတ်လမ်း​ကို မိုင်​ယာမီနဲ့ ဖလော်ရီဒါပြည်နယ်မှာ တည်ထားခြင်းဖြစ်ပြီး ကြေး​စား​လူသတ်သမားတစ်ဦး​ဖြစ်​တဲ့ Bo ရဲ့ သူလုပ်ကြံရမဲ့ ရာဇဝတ်​ဂိုဏ်း​ခေါင်း​ဆောင်​တစ်ဦးကို လိုက်လံရှာဖွေပုံကို စိတ္တဇ​ဆန်​ဆန်​ တင်​ဆက်​ထား​ခြင်းဖြစ်ပါတယ်။ တစ်​ချိန်​တည်း​မှာ Bo ရဲ့ မိသားစု​ဘဝနဲ့ လူမှု​ရှုထောင့်​ကိုလည်း ​ပုံ​ဖော်​ထား​ပါသေးတယ်။ဒီဇာတ်ကားထဲမှာ Travis Scott ကလည်း​ Zion ဆိုတဲ့​ ဇာတ်​ကောင်​နေရာ​က ပါဝင်​ထားတာ​ကို တွေ့ရ​ပါတယ်။ ဇာတ်လမ်း​ဇာတ်​အိမ်​က ရိုး​ရှင်း​ပြီး အမြင်​ပိုင်း​ကို အဓိက​အသား​ပေး ပုံ​ဖော်​ထားတယ်လို့ ခန့်​မှန်း​ရပါတယ်။ experimental ရုပ်ရှင်​ဖြစ်​တာနဲ့အညီ လူတိုင်း​အတွက်​ မဟုတ်​တာတော့ သေချာ​ပါတယ်။ File size…(2.4GB)/(2.2 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:20:00 Genre... Action, Crime, Drama Subtitle….Myanmar ...
movie

Aggro Dr1ft (2023)

Once Upon a Time in China I (1991) 7.2
Once Upon a Time in China I (1991)  ဒီဇတ်လမ်းကတော့ အများရင်းနှီးပြီးသား ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ရာဇဝင်မှာ ကျော်ကြားလှတဲ့ မဟုတ်မခံစိတ်ရှိသူ သနားတက်သူ ကြင်နာတက်သူ သဘောကောင်းလွန်းသူ သိုင်းအကျော်အမော် ဒေါက်တာ ဝမ်ဖေးဟုန် အကြောင်း ရိုက်ကူးထားသော ရုပ်ရှင်ကားဖြစ်ပြီး ကွန်ဖူးမင်းသားကြီး ဂျက်လီ မှ သရုပ်ဆောင်ရိုက်ကူးပေးထားပါတယ်...အင်္ဂလိပ်လက် ကျရောက်နေပြီး လူတွေက စိတ်ဓါတ်ပျက်ပြား အကျင့်တွေ ဖောက်ပြား နိုင်ငံခြားကို အထင်ကြီးစိတ်ဝင် ကိုယ့် လူမျိုးအချင်းချင်း အနိုင်ကျင့် ဗိုလ်ကျ တောကြောင် လက်ခမောင်း ခက်တာတွေ က အစ စိတ်ထဲ မဟုတ်မခံစိတ် ဝင်ရောက်လာအောင် ရိုက်ပြထားခဲ့ပြီး ရင်သက်ရှုမောဖွယ် သိုင်းကွက် များကို လဲ မြင်တွေ့ရမှာဖြစ်ပါတယ် ကြာမြင့်ချိန် ၂ နာရီကျော်တာမို့ မိသားစု နှင့် ကြည့်ရှုအပန်းပြေနိုင်သော ရုပ်ရှင်ကားကောင်းအဖြစ် ညွှန်းဆိုလိုက်ပါရစေ.... File size…(3.3 GB)/(2.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:14:00 Genre... Action, ...
movie

Once Upon a Time in China I (1991)

1991
Quantum Cowboys (2023)
Quantum Cowboys (2023) Criticsနဲ့Audienceတွေရဲ့တခဲနက် အားပေးမှုတွေ ရထားတဲ့ animation ကိုမှ live actionနဲ့ပေါင်းစပ်ကာ ပုံစံအဆန်းနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း Killers of the Flower Moon, Fancy Dance, The Last Manhunt, The Walking Outတို့ထဲက Lily Gladstoneအပြင် Twilight saga ရုပ်ရှင်ထဲက Kiowa Gordonနှင့်အတူ Geoff Marslett၊ David Arquette၊ Patrick Pageတို့လို သရုပ်ဆောင်တွေနဲ့ ဇာတ်ကိုကွန့်မြူးအောင် ပုံဖော်ထားပါတယ်။ဇာတ်လမ်းကို မပြောခင်မှာ အချိန်နဲ့ အပြိုင်စကြာဝဠာအကြောင်းကို နည်းနည်းတော့ ပြောဖို့လိုမယ်။ အချိန်ဆိုတာက ဘာလဲ၊ ကျွန်တော်တို့ သိထားသလို အမြဲတသတ်မတ်တည်း သွားနေတဲ့အရာလား ဒါမှမဟုတ် အချိန်ဆိုတာက ဖန်တလဲလဲ ပြန်ဖြစ်တတ်တဲ့ loopလိုမျိုးလား၊ အချိန်ဆိုတာက ဘာလဲ၊ အချိန်ကို ...
movie

Quantum Cowboys (2023)

The New One-Armed Swordsman (1971) 7.2
The New One-Armed Swordsman (1971) ဒီကားလေးကတော့ 1971ခုနှစ်ကရိုက်ကူးထားတဲ့ လူတော်တော်များများသိကြမယ့် David Chiang ကားလေးပါ ဒီဇာတ်လမ်းလေးထဲမှာတော့ သိုင်းလောကမှာဖြောင့်မတ်မှန်ကန်တဲ့ သူရဲကောင်းလို့ နာမည်အတွင်ခံချင်လို့ တက်သစ်စထူးချွန်တဲ့သိုင်းသမားလူငယ်တွေကို ထောင်ချောက်ဆင် သတ်ဖြတ်နေတဲ့ လုံယိကျီး။သူ့ထောင်ချောက်ထဲမှာပထမဆုံးကျဆင်းသွားတဲ့ လူကတော့ ဓါးနှစ်လက်သုံးပြီးတိုက်ခိုက်တဲ့နေရာမှာ ထူးချွန်ပြောင်မြောက်တဲ့ ဓါးနှစ်လက်လူငယ်သိုင်းသမား လေလိတစ်ယောက် ထောင်ချောက်ထဲကျသွားပြီ လုံယိကျီးနဲ့သိုင်းယှဉ်ပြိုင်ခဲ့ချိန်မှာ အလောင်းအစားအနေနဲ့ ရူံးတဲ့လူ လက်တစ်ဖက်ဖြတ်ပြီးသိုင်းလောကကနေ ထွက်သွားဖို့ လောင်းကြေးထပ်ခဲ့ကြတယ်။နောက်ဆုံးမှာတော့ လေလိတစ်ယောက် လုံယိကျီးရဲ့အကွက်သုံးကွက် သိုင်းကွက်ရဲ့ဒုတိယအကွက်မှာကျရူံးသွားပြီး လက်တစ်ဖက်ဖြတ်ကာ သိုင်းလောကကနေထွက်သွားပြီး သာမာန်လူဘဝအနေနဲ့ နေထိုင်ခဲ့တယ်။ ဒီလိုနဲ့ လုံယိကျီးတစ်ယောက်တော့ သူ့နာမည်ကျော်ဇော်ဖို့အရေး ရှိသမျှသိုင်းလောကသားလူငယ်တွေကိုတစ်ယောက်ပြီး တစ်ယောက်ဒီနညမ်းလမ်းအတိုင်း အသုံးချသတ်ခဲ့တာပေါ့။ဒီလိုနဲ့ တစ်နေ့လေလိလိုမျိုး ဓါးနှစ်လက်မှာ ထူးချွန်တဲ့သူရဲကောင်း ဖုန်းကျွင်းကျဲသူရဲကောင်း ထပ်မံထွက်ပေါ်လာပြန်တယ်။သူကိုလည်း ထိုနည်းတူစွာထပ် ထောင်ချောက်ဆင်သတ်ဖြတ်ဖို့ ကြိုးစားတဲ့အခါမှာ ဘာတွေဆက်ဖြစ်လာမလဲ။ Filesize : 1.08 GB / 674 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Martial Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann ...
movie

The New One-Armed Swordsman (1971)

Yatra 2 (2024) 6.5
Yatra 2 (2024) Yatra 2 2024၂၀၀၉ခုနှစ်တုန်းက ထွက်ရှိထားတဲ့ နိုင်ငံရေးဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Yatraရဲ့ အဆက် Yatra 2 ထွက်ရှိလို့လာခဲ့ပါပြီ။အရှေ့ဇာတ်လမ်းကို ပြန်နွှေးပေးရမယ်ဆိုရင် ရာဂျာရှက်ခါရာရက်ဒီဟာ ဖခင်ဖြစ်သူရဲ့ နိုင်ငံ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးမှုကို ခံခဲ့ရပြီး ဝန်ကြီးချုပ်တစ်ယောက်ဖြစ်လာအောင် ကြိုးစားလှုပ်ရှားခဲ့ပုံကို ရိုက်ကူးတင်ဆက်ထားပါတယ်။အခု Yatra2 မှာတော့ ရာဂျာရှက်ခါရာရက်ဒီရဲ့ သားဖြစ်သူ ဂျာဂန်မိုဟန်ရက်ဒီရဲ့ နိုင်ငံရေးလမ်းကြောင်း လျှောက်လှမ်းပုံကို ဆက်လက်ပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရာဂျာရှက်ခါရာရက်ဒီဟာ ပြည်သူတွေရဲ့ အကျိုးကို လိုလားသူတစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူတွေကလည်း သူ့ကို အရမ်းကို ချစ်မြတ်နိုးကြပါတယ်။ ဝန်ကြီးချုပ်ဆိုပြီး သူ့ကိုယ်ကျိုးကို မကြည့်ဘဲ ပြည်သူတွေရဲ့ အကျိုးကိုပဲ ကြည့်ပေးတဲ့ ဝန်ကြီးချုပ်ကောင်းတစ်ယောက်ပေါ့။ ဒီလိုနဲ့ သူ့ရဲ့သားဖြစ်သူ ဂျာဂန်မိုဟန်ရက်ဒီကိုလည်း နိုင်ငံရေးလောကထဲဆွဲသွင်းပြီး သားဖြစ်သူ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်တာ ၉လလောက်ပဲ ရှိတဲ့အချိန်မှာပဲ ရာဂျာရှက်ခါရာရက်ဒီဟာ ဟယ်လီကော်ပတာနဲ့ ခရီးသွားစဉ် ရုတ်တရက်ပျောက်ဆုံးသွားခဲ့ရင်း ရှာလို့မတွေ့တဲ့အဆုံးမှာ သေလူအဖြစ်နဲ့ ဈာပနာပွဲပြုလုပ်လိုက်ရပါတော့တယ်။ပြည်သူချစ်တဲ့ ဝန်ကြီးချုပ်မရှိတော့တဲ့အချိန်မှာ ပြည်သူတွေ, ပါတီဝင်တွေ အကုန် ဝမ်းနည်းကြပေမယ့် ဝန်ကြီးချုပ်ရဲ့လစ်လပ်နေရာကိုတော့ အစားထိုးဖို့ လိုအပ်လာတဲ့အချိန်မှာ ပါတီဝင် MLAအယောက်၁၅၀ဟာ ...
movie

Yatra 2 (2024)

2024
The Price of Nonna’s Inheritance (2024) 5.2
The Price of Nonna’s Inheritance (2024)  ဒီတစ်ခါမှာတော့ ၂၀၀၃ ခုနှစ်ကထွက်ခဲ့တဲ့ မိသားစု ဟာသ ဇာတ်မြူးလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အိမ်တစ်အိမ်မှာ အလုပ်အရမ်းလုပ်တဲ့ အမေ တစ်ယောက်ရှိပါတယ်။ သူ့သမီး အန်နာက တော့ Rock ဆိုမှ Rock ဖြစ်နေပြီး သူဝါသနာပါတာကိုပဲ လုပ်နေသလို ကျောင်းမှာလဲ သိပ်တော့ အဆင်ပြေမနေပါဘူး။ ယောက်ျားဆုံးသွားလို့ တစ်ခုလပ် အမေ ဖြစ်တဲ့ တက်စ် ကိုးလ်မန်းကလည်း သူ့ယောကျ်ားအသစ်လေးနဲ့ လက်ထပ်ဖို့အတွက်ပြင်ဆင်ရင်း စိတ်လှုပ်ရှားနေပါတယ်။တစ်ရက် သူတို့ နှစ်ယောက် အိပ်ရာက နိုးလာတဲ့ မနက်ခင်းလေးမှာတော့ ထူးဆန်းစွာပဲ အမေနဲ့သမီး ဟာ စိတ်ချင်းလဲသွားပါတော့တယ်။ မင်္ဂလာဆောင်ဖို့ တစ်ရက်အလိုမှာပဲ စိတ်ချင်းလဲသွားကြတဲ့အတွက် နှစ်ယောက်သား အကြပ်ရိုက်ပြီး ဖြေရှင်းကြပုံကို ဟာသနှောပြီး တင်ဆက်ထားတာကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ဒီဇာတ်ကားလေးက အမေနဲ့ သမီးကြားက အသက်အရွယ်ကွာခြားမှုကြားမှာ ရှိတဲ့ စိန်ခေါ်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကို ရယူသွားပုံတွေနဲ့ မိဘနဲ့ သားသမီးကြားက ...
movie

The Price of Nonna’s Inheritance (2024)

Rekha (2023) 6.4
Rekha (2023) Rekha 2023 ရေခါIMDb -6.4/10သူများအလုပ်ကို စပ်စပ်စုစုရှိတတ်တဲ့ ရပ်ကွက်စီစီတီဗီတွေများတဲ့ရပ်ကွက်မှာနေရတဲ့ရေခါဟာ ရှက်ရွံ့တတ် ကြောက်တတ်တဲ့ သာမန်မိန်းကလေးတွေမတူတဲ့ မိန်းကလေးတစ်ယောက်ပတ်ဝန်းကျင်က ဘယ်လောက်ပဲ အတင်းအဖျင်းတွေပြောပြော ရေခါကတော့ သူ့ရဲ့ရပ်တည်ချက်အတိုင်းပဲ လုပ်တတ်တဲ့သူပါ။ရှေးရိုးစွဲတဲ့ အမေကြီးကတော့ ရေခါနဲ့မကြာခဏစကားများတတ်ပေမဲ့ သူ့ကိုအမြဲအလိုလိုက် နားလည်ပေးတဲ့အဖေကိုတော့ အရမ်းချစ်တဲ့ အဖေချစ်သမီးလေးပေါ့။ရှေးရိုးစွဲလူကြီးတွေကြားမှာ နေရသူပီပီ ရေခါက သူ့မှာချစ်သူရှိတာကိုထုတ်မပြောဘဲ ညတိုင်းဖုန်းနဲ့ပဲ တီတီတာတာလုပ်‌နေပေမဲ့ ချစ်သူအာဂျွန်ကတော့ ဖုန်းနဲ့စကားပြောရတာလောက်နဲ့ မတင်းတိမ်နိုင်ပဲ တစ်လက်မပေးတစ်မိုင်လိုချင်လာပြီး အဓမ္မရယူဖို့ကြံလာတဲ့အခါ...အရာရာတိုင်းမှာ ဆုံးဖြတ်ချက်ပြတ်သားခဲ့တဲ့ ရေခါတစ်ယောက် အချစ်နဲ့ပတ်သက်ပြီး မရေရာမသေချာရာကနေ စလိုက်တဲ့မီးပွားက ဘယ်လောက်ထိပြဿနာကြီးသွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ ToMo ~ KKKZတို့ပဲဖြစ်ပါတယ်။) File size… 1.5GB / 649MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alex ~ ToMo ~ KKKZ
movie

Rekha (2023)

2023
Thirteen Generals of Han Dynasty ( 2019 ) 5.7
Thirteen Generals of Han Dynasty ( 2019 ) CMကနေ ယခုတစ်ခေါက် တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ သမိုင်းဖြစ်ရပ်ကိုနောက်ခံထားပြီးရိုက်ကူးထားတဲ့ ရှေးခတ်စစ်ကား‌ပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင်‌တော့ အေဒီ၇၄ခုနှစ်ဝန်းကျင်က ဟန့်မင်းဆက်ကို ပြန်လည်ထူထောင်ပြီးကာလအတွင်း ‌ အနောက်ဘက်မြို့လေးဖြစ်တဲ့ စူးလဲမြို့လေးကို ‌တပ်အင်အားကြီးမားတဲ့ မော့ပေစစ်တပ်က ဝိုင်းထားခဲ့တာ လအတော်ချီနေခဲ့ပါပြီတပ်အင်အားနှစ်သောင်းကျော်ရှိတဲ့ မော့ပေတပ်ကြီးက တပ်အင်အား၃၀၀ပဲရှိတဲ့ ဟန့်ပြည်ရဲ့တပ်လေးကို အနိုင်မတိုက်နိုင်ရတဲ့အကြောင်းအရင်းကတော့ လက်ရုံးရည်ရော နှလုံးရည်ရောပြည့်စုံတဲ့ စစ်သူကြီး ကန်ကုန်းကြောင့်ပါပဲ ဟန့်မင်းဆက်ရဲ့ နန်းတွင်းမှာလည်း တိုင်းပြည်ရေးရာတွေ ရှုပ်ထွေးနေချိန်နဲ့ သွားတိုက်တဲ့အချိန်မှာတော့ လော့ယန်မြို့ကနေ တပ်ကူလွှတ်ဖို့အချိန်ကြန့်ကြာနေခဲ့ပါတယ်ဒီလိုနဲ့ တိုက်ပွဲတိုင်း ရှုံးပွဲမရှိတဲ့ မော့ပေတပ်ကြီးနဲ့ ဗျူဟာကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကန်ကုန်းရဲ့ တဖြေး‌ဖြေးနဲ့ လူအင်အားလျော့နည်းလာတဲ့ ဟန့်ပြည်တပ်လေး လာတိုက်လိုက် တပ်ဆုတ်လိုက်နဲ့နေရင်း အချိန်တစ်နှစ်ပြည့်လုနီးပါးဖြစ်လာတဲ့အချိန်မှာတော့ မော့ပေတပ်ကြီးက နောက်ဆုံးအနေနဲ့ စစ်ပွဲကို အပြီးသတ်ဖို့ စစ်ချီလာခဲ့ချိန်မှာတော့ တပ်သား၁၃ ယောက်နဲ့ စူးလဲမြို့ကို မော့ပေတပ်ရန်ကနေခုခံကာကွယ်နေတဲ့ ကန်ကုန်းတို့ လက်နက်ချလိုက်ရပါတော့တယ်ကံကောင်းစွာနဲ့ပဲ လော့ယန်က တပ်ကူတွေရောက်ရှိလာချိန်မှာတော့ ဟန့်ပြည်ရဲ့မြေပေါ်ကနေ ရန်သူတွေကို မောင်းထုတ်နိုင်ခဲ့ပါတော့တယ် သမိုင်းဖြစ်ရပ်မှန်ကို နောက်ခံရိုက်ကူးထားတဲ့ကားလေးဖြစ်တာမို့လို့ စစ်ကားကြိုက်နှစ်သက်သူတွေနဲ့ သမိုင်းနောက်ခံကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအဖို့ ကြည့်ရှုဖို့ ညွှန်းပေးချင်ပါတယ်နော် Filesize : 1.03 GB / 636 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , ...
movie

Thirteen Generals of Han Dynasty ( 2019 )

The Legend of Lake Hollow (2024)
The Legend of Lake Hollow (2024)  ဒဏ္ဍာရီလာ ဟော်လိုးရေကန်ဒီကားလေးကတော့ ၂၀၂၄ခုနစ်ကထွက်ထားတဲ့ တုန်လှုပ်ချောက်ခြားစရာ သရဲကားလေးပါ ဒီဇာတ်ကားကိုတော့ Legacy (2013)၊ change is good (2018) တို့နဲ့နာမည်ကြီးတဲ့ ဒါရိုက်တာ Chris Halloကရိုက်ကူးထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ မာခ့် ကာဆန် ဒမ် သူငယ်ချင်းတစ်စုက ဝေးလံခေါင်သီတဲ့ဟော်လိုးရေကန်ဘေးနားက သစ်သားအိမ်တစ်အိမ်မှာ အပျော်ခရီးထွက်လာကြတယ် ဒမ်က သူ့စေ့စပ်ထားတဲ့ ရှေးယ်နဲ့ ရှေးသူငယ်ချင်း လော်ရီရယ်တို့ကိုပါ ခရီးထဲခေါ်လာတယ် ပျော်ပျော်ပါးခရီးစဉ်ဖြစ်မယ်လို့ ထင်ထားတဲ့သူတို့ချင်းတစ်စု ရေကန်ပတ်ဝန်းကျင် ကင်မရာတွေကနေတစ်ဆင့် သရဲတစ္ဆေနှင့် နတ်ဆိုးပုံရိပ်များကို မြင်တွေ့လာကြသော်အခါ…..သူတို့သူငယ်ချင်းတစ်စု ဒီဖြစ်ရပ်ဆိုးကြီးနှင့် တုန်လှုပ်ချောက်ချားစွာ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကိုတော့ The Legend of Lake Hollow ဇာတ်ကားတွင် သည်းထိတ်ရင်ဖို ခံစားကြည့်ရှုနိုင်ပါတယ်ဇာတ်လမ်းအညွှန်းအား April Snowက ရေးသားတင်ပြထားပါသည်။ File size…(1.1 GB)/(530 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:28:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by April ...
movie

The Legend of Lake Hollow (2024)

Kinderfanger (2023)
Kinderfanger (2023)  ဆွံ့အနားမကြားသင်တန်းကျောင်းဆရာမလေး အိုလီဗီယာဟာ ရုတ်တရက်ပျောက်ဆုံးသွားတဲ့ အရင်းနှီးဆုံးသင်တန်းကျောင်းသား မားရ်ကပ်စ်ကို လိုက်ရှာရင်း ဝါးလေ့စ်ဆိုသူနဲ့ တွေ့ဆုံခဲ့ရပါတယ်။ဝါးလေ့စ်နဲ့ တွေ့ဆုံမှုကနေတစ်ဆင့် ကလေးပျောက်တရားခံ "ပုလွေသမား" လို့ခေါ်တဲ့ ကြောက်စရာသတ္တဝါအကြောင်းသိခဲ့ရပြီး မားရ်ကပ်စ်ကိုပြန်ခေါ်ဖို့ အတူတူကြိုးစားခဲ့ကြပါတယ်။ "ပုလွေသမား"ဆီကနေ မားရ်ကပ်စ်ကို ကယ်နိုင်မလား၊ အိုလီဗီယာဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုနိုင်မယ့် ခပ်သွက်သွက် Horror ဇာတ်လမ်း‌လေးပါ။ File size…(1.7 GB)/(850 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:34:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie

Kinderfanger (2023)

Genres

Archives