Channel Myanmar

New releases (2025)

Content at random


Movies

[18+] Maliko (2024) 5.9
[18+] Maliko (2024)  ဆွီတီကဆေးကိုယ်စားလှယ်မလေးတစ်ယောက်ဖြစ်ပြီး သူ့ဆေးတွေအရောင်းသွက် စျေးကွက်ရစေဖို့အတွက် ဘာမဆိုပေးမဆပ်ဖို့ဝန်မလေးသူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့တော့ စျေးကွက်ချဲ့ထွင်ဖို့အတွက် မာလီကိုဆိုတဲ့ တောမြို့လေးတစ်ခုကိုရောက်လာခဲ့ပြီး အဲ့ဒီမြို့သူ ပြောင်းဖူးသည် ရွာသူမလေးတစ်ယောက်ကိုသဘောကျသွားရာကနေ နည်းမျိုးစုံနဲ့ချဉ်းကပ်ပါတော့တယ်။ဒီကားမှာတော့ မာလီကိုမြို့ရောက် ဆွီတီရဲ့စွန့်စားခန်းတွေကိုရှုစားရမှာဖြစ်ပါတယ်။ ဆွီတီအဖြစ် စင်တင်မိတ်ဆက်ပေးထားတာကတော့ တစ်တော့ဆယ်လီမလေး Aica Veloso ပါပဲ။File size_(650MB)/(320MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:49:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

[18+] Maliko (2024)

Vanished in Yosemite (2023)
Vanished in Yosemite (2023) အခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် လျှိ့ဝှက်သည်းဖိုဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဂျနီဖာနဲ့ကတ်ထရီနာဆိုတဲ့ ညီအစ်မနှစ်ဦးဟာ Yosemite အမျိုးသားဥယျာဉ်ကို အားလပ်ရက်အလည်အပတ်ခရီးထွက်လာပါတယ်... Yosemite ဥယျာဉ်ကိုရောက်ပြီး ညရောက်တော့ သူတို့ညီအစ်မတည်းတဲ့ဟိုတယ်ရဲ့စားသောက်ဆိုင်မှာ ရစ်ခ်လို့ခေါ်တဲ့လူတစ်ယောက်နဲ့ အမှတ်မထင်ဆုံမိပါတယ်...ရစ်ခ်ကဓါတ်ပုံဆရာတစ်ယောက်ဖြစ်ပြီး ဥယျာဉ်ထဲမှာဓါတ်ပုံလိုက်ရိုက်ဖို့ ဂျနီဖာနဲ့ကတ်ထရီနာတို့ကိုဖိတ်ပါတယ်....နောက်နေ့ကျတော့ ဂျနီဖာကအစာအဆိပ်သင့်ပြီး နေမကောင်းဖြစ်နေတဲ့အတွက် ကတ်ထရီနာတစ်ယောက်ထဲ ရစ်ခ်နဲ့လိုက်သွားခဲ့ပါတယ်....နေ့လည်ပြန်ရောက်မယ်လို့ပြောခဲ့ပေမဲ့ ညနေအထိပြန်မရောက်လာတဲ့အခါ ဂျနီဖာဟာကတ်ထရီနာကိုစိတ်ပူလာပါတယ်....ဒီလိုနဲ့ဂျနီဖာဟာ ကတ်ထရီနာကိုလိုက်ရှာဖို့အတွက် ရည်းစားဟောင်းဖြစ်သူ ဝေါ်လီကိုဥယျာဉ်ကိုလိုက်လာခဲ့ဖို့ပြောပြီး ကတ်ထရီနာကိုလိုက်ရှာပါတော့တယ်....File size…(1 GB) Quality….Webrip  720p Format…mp4 Duration….01:20:00 Genre... TV Movie, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

Vanished in Yosemite (2023)

The Woodsman (2004)
The Woodsman (2004) မင်းသားကြီးKevin Baconပါဝင်တဲ့ တစ်ချိန်က အတော်လေးနာမည်ကြီးခဲ့တဲ့ IMDb 7.1 ရ old but goldလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ sensitive plot ဆိုပေမဲ့ သရုပ်ဆောင်တွေနဲ့ဒါရိုက်တာတွေရဲ့ ကောင်းမွန်တဲ့သရုပ်ဖော်မှုကြောင့် ရင်ထဲအတွေးတစ်ခုရောက်စေမယ့် ဇာတ်လမ်းလေးတစ်ခုပါ။ဝေါ်လ်တာဟာ သက်ငယ်မုဒိမ်းမှုနဲ့ ဂျေး ၁၂ နှစ်အောင်းရပြီးတော့ အခုမှပဲ ပြင်ပလောကနဲ့ ထိတွေ့ခွင့်ရသူတစ်ယောက်၊ ဒါပေမဲ့ ၁၂ နှစ်တာကာလက ဝေါ်လ်တာကို သူ့ရဲ့အတိတ်ကနေ ရုန်းထွက်နိုင်ဖို့ မကူညီနိုင်သေးပါဘူး။ တစ်ချိန်က ကိုယ့်ရဲ့လုပ်ရပ်ကို ကိုယ်တိုင်ရွံရှာနေတာကတစ်ကြောင်း ပတ်ဝန်းကျင်ရဲ့Social punishment‌ တွေပုတ်ခတ်မှုတွေကတစ်ကြောင်းနဲ့ ဆိုက်ကိုဖြစ်နေလို့ ဆရာဝန်နဲ့ ဆွေးနွေးနေရသူပေါ့။ဒီလိုနဲ့ တစ်နေ့ သူ့အိမ်ရှေ့က မူလတန်းကျောင်းလေးနားမှာ သံသယဝင်စရာလူတစ်ယောက် ပေါ်လာပြီး ကလေးပျောက်မှု မုဒိမ်းမှုတွေဖြစ်လာပါတော့တယ်။ မြွေမြေချင်းခြေမြင်တဲ့ဝေါ်လ်တာကတော့ ဒီလူရဲ့လှည့်ကွက်တွေကိုသိနေပေမဲ့ ရဲဘက်ကတော့ သက်ငယ်မုဒိမ်းကောင်တံဆိပ်တပ်ခံရတဲ့ဝေါ်လ်တာကိုပဲ သံသယရှိနေတဲ့အခါမှာတော့....ပုံပြင်ထဲက Woodsmanက ဝံပုလွေဗိုက်ထဲက ကလေးမလေးကို ကယ်တင်ခဲ့သလို ဝေါ်လ်တာရော အတိတ်ကနေ ရုန်းထွက်ပြီး ...
movie

The Woodsman (2004)

Good Bye, Lenin! (2003)
Good Bye, Lenin! (2003) IMDb Rating – 7.7/10အဲလက်စ်ကာနာ (Daniel Bruhl) ရဲ့ ဖခင် ရောဘတ်က ၁၉၇၈ ခုနှစ်မှာ အနောက်ဂျာမဏီကို ထွက်ပြေးသွားပြီးနောက် မိခင် ခရစ်စတီယန်းကပဲ သားဖြစ်သူ အဲလက်စ်နဲ့ သမီးလုပ်သူ အာရီယန်းကို အရှေ့ဂျာမဏီဘက်မှာ တစ်ယောက်တည်း ပြုစုပျိုးထောင်လာရသူပါ။ ခရစ်စတီယန်းက လူမှုတိုးတက်ရေးလုပ်ငန်းစဉ်တွေအတွက် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ပေးသူဖြစ်ပြီး နိုင်ငံတော်ကောင်စီက ပေးအပ်တဲ့ ဆုတံဆိပ်တွေကိုတောင် ရရှိလာတဲ့အထိ ပြည်သူအကျိုးကို သယ်ပိုးနိုင်သူတစ်ဦးဖြစ်လာပါတယ်။အရှေ့ဂျာမဏီ နှစ် ၄၀ ပြည့်ပြီးနောက်တစ်နေ့မှာ လူတွေက ဘာလင်တံတိုင်းကြီးကို ဖြိုချဖို့အရေး သတင်းလွတ်လပ်ခွင့်ရရှိရေးတို့အတွက် ဆူပူအုံကြွလာတဲ့အထဲမှာ အဲလက်စ် တစ်ယောက်ကလည်းပါဝင်ခဲ့ပါတယ်။ အဲ့လိုအုံကြွတဲ့အတွက် သူ့ကို ရိုက်နှက်ဖမ်းဆီးသွားတာကို ခရစ်စတီယန်း တစ်ယောက် တွေ့သွားတဲ့အခါ မူးလဲသွားပြီး ဆေးရုံကို အချိန်မီမပို့နိုင်တဲ့အတွက် ကိုမာဝင်သွားပါတော့တယ်။ရှစ်လအကြာ သူမ သတိပြန်လည်လာတဲ့အခါမှာတော့ ဘာလင်တံတိုင်းကြီးလည်း မရှိတော့တဲ့အပြင် တိုးတက်မှုတွေ များစွာဖြစ်နေပြီဖြစ်ပေမယ့် ဆရာဝန်က သူမအနေနဲ့ ...
movie

Good Bye, Lenin! (2003)

The Alamo (2004)
The Alamo (2004) IMDb rating - 6/10 Award - 1 nomination ဒီကားလေးကတော့ 1836ခုနှစ်မှာဖြစ်ခဲ့တဲ့ တက္ကဆက်ပြည်လွတ်လပ်ရေးမှာအရေးပါခဲ့တဲ့ အမေရိကန်သမိုင်း၀င်စစ်ပွဲတစ်ခုအကြောင်းရိုက်ထားတာပါ။အမေရိကန်တက္ကဆက်ပြည်နဲ့ မက္ကဆီကန်နယ်ကြားက သာသနာပြုနေရာ ချာ့ခ်ျကျောင်းတစ်ခုဖြစ်တဲ့ အလာမိုခံတပ်‌ကို တက္ကဆက်သားတွေဖြစ်ကြတဲ့ ဂျင်မ်ဘိုဝီနဲ့ ဒေဗီခရော့ကတ် ကာနယ်ထရာဗစ်တို့ မက္ကဆီကန်အာဏာရှင်ဆန်တာအန်နာရဲ့သိမ်းပိုက်မှုကနေ ကာကွယ်တဲ့သမိုင်း၀င်ဖြစ်ရပ်ကို စိတ်၀င်စားစရာကြည့်ရမှာပါ။ reviewတွေအရတော့ သမိုင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်‌ဖော်ပြထားတယ်လို့လဲဆိုပါတယ်။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။File size…(1.1 GB) Quality….Webrip  720p Format…mp4 Duration….02:17:00 Genre... Drama,  History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe 
movie

The Alamo (2004)

First Daughter (2004)
First Daughter (2004) ဒီဇာတ်ကားလေးက ၂၀၀၄ ခုနှစ်ကထွက်ရှိထားပြီး IMDB 5.1 ရရှိထားတဲ့ ကောလိပ်ကျောင်းသူဇာတ်ကားလေးပါ။ ကောလိပ်ကျောင်းသူဘဝဆိုပေမယ့် ခေါင်းကြီးတို့မျှော်လင့်သလို ဘာညာတွေပါမှာမဟုတ်ဘဲ အချစ်ဆိုတာနဲ့ ဘဝဆိုတာကြီးကိုပထမဆုံးကြုံတွေ့ရတဲ့ သမ္မတသမီးလေးတစ်ယောက်အကြောင်းကိုတွေ့ရမှာပါ။ဇာတ်လမ်းအကျဥ်းကတော့ အရွယ်ရောက်လို့ကျောင်းသွားတက်တဲ့ သမ္မတသမီးလေး Samantha ဟာ ကောလိပ်တက်ရင်း သူလိုချင်တဲ့ သာမန်ဘဝနဲ့အပေါင်းအသင်းဆိုတာကတစ်ဖက်၊ ရင်ခုန်တက်စအရွယ်မှာပဲ သူကြိုက်မိတဲ့ကောင်လေးက သူ့အဖေရဲ့လျှို့ဝှက်အေးဂျင့်ဖြစ်နေလို့အသည်းကွဲတာကတစ်ဖက်၊ သူ့အဖေရဲ့သမ္မတဖြစ်ရေးကိုပံ့ပိုးပေးချင်တဲ့စိတ်ကတစ်ဖက်နဲ့ သူ့ဘဝရဲ့ကျောင်းသူဘဝကိုဘယ်လိုတွေကျော်ဖြတ်မလဲ ဆိုတာကတော့ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ပြောရရင်တော့ အချစ်ဆိုတာကို ဂုဏ်ပကာသနအောက်မှာချုပ်တည်းရင်း ရင့်ကျက်တဲ့ကောလိပ်ကျောင်းသူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံလေးကို ဆွတ်ပျံ့ဖွယ်ရှုစားရမှာဖြစ်ပဲပါတယ်။ဟုတ်ကဲ့ ကျွန်တော်ကတော့ Alex 666 ပါ။File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Family, Comedy, Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alex
movie

First Daughter (2004)

Dreamcatcher (2003)
Dreamcatcher (2003) IMDb - 5.5 ဆရာကြီး Stephen King ရဲ့ Dreamcatcher စာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းရိုက်ကူးထားတဲ့ သဘာဝလွန်သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားအမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျုံးစီ၊ ဘီဗာ၊ ပိပ်နဲ့ ဟင်နရီဆိုတဲ့ သူငယ်ချင်းလေးယောက်မှာ ငယ်ငယ်လေးကတည်းက ထိန်းသိမ်းလာခဲ့ကြတဲ့ လျို့ဝှက်ချက်တစ်ခုရှိပါတယ်။သူတို့ အသက်ကြီးသွားပြီး ကိုယ့်အလုပ်နဲ့ကိုယ်ဖြစ်နေတောင်မှ တစ်နှစ်ကို တစ်ကြိမ်တော့ မိန်းပြည်နယ်မှာရှိတဲ့ တောအုပ်ထဲကိုစခန်းချသွားနေကျပါပဲ။ ဒီနှစ်မှာလည်း စခန်းချသွားကြရင်း နှင်းမုန်တိုင်းတိုက်တာနဲ့ ကြုံခဲ့ရပြီး သူတို့ရဲ့စခန်းချအိမ်ရှိတဲ့ တောအုပ်တဝိုက်မှာ ကူးစက်ရောဂါတမျိုးပြန့်နှံ့လာတဲ့အချိန်မှာတော့ ထူးခြားတဲ့ လက်ဆောင်မွန်တွေရရှိထားကြတဲ့ သူငယ်ချင်း‌ေလး‌ယောက် ဒီဖြစ်ရပ်ဆိုးကို ဘယ်လိုတားဆီးကြရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။R-rated ဖြစ်ပြီး သွေးထွက်သံယိုပြကွက်တွေအပြင် ကြမ်တမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် 18 နှစ်အောက် ကလေးတွေမကြည့်သင့်ပါဘူး။File size…(2.9 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Drama, Horror, Science Fiction,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Dreamcatcher (2003)

Thirteen (2003)
Thirteen (2003) IMDb rating- 6.8/10 Award - 14wins & 49nominations ဒီကားလေးကတော့ နာမည်အတိုင်းပဲ ၁၃နှစ်အရွယ် ကောင်မလေးနှစ်ယောက်အကြောင်းကိုရိုက်ထားတဲ့ ဒရာမာကားလေးပါ။ မြီးကောင်ပေါက်အရွယ်တွေက သစ်ရွက်လှုပ်ရင်တောင် စိတ်လှုပ်ရှားတတ်တဲ့အရွယ်တွေဖြစ်ပြီး မိုက်ရူးရဲဆန်တတ်ကြတဲ့အရွယ်ပါ။ထရေစီက အစတုန်းတော့ စာတော်ပြီးလိမ္မာတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူနဲ့အတူနေတာပါ။ ကျောင်းမှာ အီဗီဇိုမိုရာဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ပေါင်းမိပြီး နောက်မှာတော့ အလစ်သုတ်တာ ခိုးတာ ဆေးသုံးတာနဲ့ လိင်ကိစ္စတွေကိုပါ အစုံလုပ်လာခဲ့ပါတယ်။ ဒီကားလေးက လက်တွေ့ဆန်ပြီး တချို့ဇာတ်၀င်ခန်းတွေက တော်တော်disturbing ဖြစ်ပါတယ်။သရုပ်ဆောင်နှစ်ယောက်ကလည်း အဲဒီအချိန်မှာ ၁၄နှစ်သာရှိကြပါသေးတယ်။ ပြီးတော့ အီဗီအဖြစ်သရုပ်ဆောင်တဲ့ Nikki Reedက ဒီကားဇာတ်ညွှန်းကို co-writerအဖြစ် ပါ၀င်ရေးသားထားပြီး သူ့ဘ၀တစ်စိတ်တစ်ပိုင်းကိုထည့်ရေးသားထားတာပါတဲ့။ ဆုတွေလည်းအများကြီးရထားတဲ့အပြင် အော်စကာဆုတစ်ဆုအတွက်လည်း ဆန်ခါတင်၀င်ထားပါသေးတယ်။ (ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေနဲ့ကိုယ်လုံးတီးဇာတ်၀င်ခန်းအချို့ကြောင့် Rated-Rအမျိုးအစားဖြစ်ပါတယ်။)File size…(2.6 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Drama,   Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe ...
movie

Thirteen (2003)

Pattaya Heat (2024) 6.1
Pattaya Heat (2024) Pattaya Heat ( 2024 )ဒီ Action, Thrillerအမျိုးအစား 2024ထွက် ထိုင်းရုပ်ရှင်အသစ်က မြင်နေကျ ထိုင်းရုပ်ရှင်တွေနဲ့ ကွဲတော့ကွဲတယ်။ ကားကတော့ ဂန်းကားပဲ။ မြေအောက်လောကနဲ့ မကောင်းတဲ့ရဲတွေနဲ့ ဒုစရိုက်လောကက ပြဿနာတွေအကြောင်းပေါ့။ Color Tone တွေ ဘာတွေတော့ပုံမှန်မြင်နေကျ ထိုင်းဂန်းကား အက်ရှင်ကားတွေလိုပဲပေမဲ့ သူ့တင်ဆက်ပုံရော ကာရိုက်တာတည်ဆောက်ပုံရောက ထိုင်းရုပ်ရှင်ထက်စာရင် ဟောင်ကောင်အငွေ့အသက်ပိုရတယ်။ ဇာတ်ကို ဇာတ်ကြောင်းပြောပြတဲ့ ရဲက ဒုစရိုက်လောကက အကြီးစားပြဿနာကြီးတစ်ခုဖြစ်လာပုံကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း အချိုးအကွေ့တွေနဲ့ ACTတွေခွဲပြီး ဇာတ်ကြောင်းပြောပြနေတဲ့ပုံနဲ့ တင်ဆက်ထားတာ။ မထင်ထားလောက်တာတွေကိုလည်း ဒီရုပ်ရှင်မှာပြပြီး အဲဒါတွေကိုသုံးပြီးပဲ ဇာတ်ကိုအရှိန်တင်သွားတာလည်း ကြောင်သလိုလို ဂေါ်သလိုလိုပဲ။ ဒါပေမဲ့ အဲဒီအချက်ကလွဲ တော်တော်ကြည့်ကောင်းတဲ့ ဂန်းကားပါပဲ။ဇာတ်ကတော့ ပတ္တရားတစ်မြို့လုံးကို သူ့လက်ထဲထည့်ထားတဲ့ လူဆိုးဂိုဏ်းက ဆရာကြီးတစ်ယောက်ရှိတယ်။ သူ့ကို အဲဒီဒေသက ရဲတွေကအစရှောင်ထားကြတယ်။ တစ်နေ့ သူက ဘန်ကောက်ကို သူ့လုပ်ငန်းကရတဲ့ငွေတွေပို့ပြီး ရွှေတွေနဲ့လဲပြီး ယူလာဖို့ ရဲတစ်ယောက်ကို ခိုင်းလိုက်တယ်။ အဲဒီရွှေတွေကို ဖြတ်လုဖို့ အကွက်ချတဲ့မာစတာမိုင်းက မိန်းမတစ်ယောက်။ သူက‌ ဗေဒင်ဆရာလုပ်သလို လူဆိုးဂိုဏ်းမှာလည်းလုပ်တယ်။ သူက ...
movie

Pattaya Heat (2024)

2024
Intolerable Cruelty (2003)
Intolerable Cruelty (2003) IMDb rating - 6.3/10, RY -76% (Award - ဆန်ခါတင်သုံးဆု) ဒီကားလေးကတော့ ၂၀၀၃ခုနှစ်က ထွက်ရှိထားတဲ့ အချစ်ဟာသဇာတ်မြူးကားလေးဖြစ်ပါတယ်။ သရုပ်ဆောင်ဆိုရင်လည်း အခုထိလန်းဆန်းလတ်ဆတ်‌နေတုန်းဖြစ်တဲ့ Gorge Clooneyရဲ့ နုပျိုစဉ်ကချောမောခန့်ညားမှုကြီးကိုရှုစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မိုင်းစ်မက်ဆီက နာမည်ကြီးကွာရှင်းရှေ့နေတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့အမှုသည် ရက်စ်ရက်စ်​ရောသ့်​ရဲ့ကွာရှင်းမှုမှာ အနိုင်ရအောင်လုပ်ပေးလိုက်တဲ့အတွက် တစ်ဖက်က သိုက်တူးသမားဇနီးသည်မယ်ရီလင်းက အငြိုးအတေးထားပြီး အကွက်ဆင်ပြီးတော့ မိုင်းစ်ကိုလက်စားချေဖို့ကြံပါတော့တယ်။ မိုင်းစ်တစ်ယောက် မာရီလင်းရဲ့လှည့်ကွက်ထဲကျရှုံးသွားမလား လွတ်မြောက်နိုင်သွားမလားဆိုတာကြည့်ရှုရမှာပါ။ ပေါ့ပါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးဖြစ်လို့ စိတ်လက်အပန်းဖြေချင်သူများအတွက် ရွေးချယ်သင့်တဲ့ကားလေးပါ။File size…(1.9 GB)/(918 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Comedy, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kyawt Hay Thar
movie

Intolerable Cruelty (2003)

Freaky Friday (2003)
Freaky Friday (2003) ဒီတစ်ခါမှာတော့ ၂၀၀၃ ခုနှစ်ကထွက်ခဲ့တဲ့ မိသားစု ဟာသ ဇာတ်မြူးလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိမ်တစ်အိမ်မှာ အလုပ်အရမ်းလုပ်တဲ့ အမေ တစ်ယောက်ရှိပါတယ်။ သူ့သမီး အန်နာက တော့ Rock ဆိုမှ Rock ဖြစ်နေပြီး သူဝါသနာပါတာကိုပဲ လုပ်နေသလို ကျောင်းမှာလဲ သိပ်တော့ အဆင်ပြေမနေပါဘူး။ယောက်ျားဆုံးသွားလို့ တစ်ခုလပ် အမေ ဖြစ်တဲ့ တက်စ် ကိုးလ်မန်းကလည်း သူ့ယောကျ်ားအသစ်လေးနဲ့ လက်ထပ်ဖို့အတွက်ပြင်ဆင်ရင်း စိတ်လှုပ်ရှားနေပါတယ်။ တစ်ရက် သူတို့ နှစ်ယောက် အိပ်ရာက နိုးလာတဲ့ မနက်ခင်းလေးမှာတော့ ထူးဆန်းစွာပဲ အမေနဲ့သမီး ဟာ စိတ်ချင်းလဲသွားပါတော့တယ်။ မင်္ဂလာဆောင်ဖို့ တစ်ရက်အလိုမှာပဲ စိတ်ချင်းလဲသွားကြတဲ့အတွက် နှစ်ယောက်သား အကြပ်ရိုက်ပြီး ဖြေရှင်းကြပုံကို ဟာသနှောပြီး တင်ဆက်ထားတာကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ဒီဇာတ်ကားလေးက အမေနဲ့ သမီးကြားက အသက်အရွယ်ကွာခြားမှုကြားမှာ ရှိတဲ့ စိန်ခေါ်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကို ရယူသွားပုံတွေနဲ့ မိဘနဲ့ ...
movie

Freaky Friday (2003)

Following (2024)
Following (2024) Following (2024)*****************ဒီကားလေးကတော့ ကိုယ်တွေရဲ့ ဆရာမကြီး Shin Hye Sun, Mr.Sunshine ထဲကByun Yo-Han နဲ့ My Liberation Notes ထဲက Lee El တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားစရာကောင်းတဲ့ ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-အိမ်ခြံမြေအကျိုးဆောင်တစ်ယောက်ဖြစ်တဲ့ Gu Jung Tae ရဲ့ဝါသနာကတော့ သူများတွေကို လိုက်ကြည့်ရတာပါပဲ။အိမ်ခြံမြေအကျိုးဆောင်ဖြစ်တဲ့အလျောက် သူ့ဆီမှာ အိမ်လာအပ်ထားတဲ့အိမ်တွေသာမက သူများအိမ်တွေကိုပါ လျှို့ဝှက်နံပါတ်ဖော်ပြီး ခိုးဝင်တတ်တဲ့ စရိုက်ရှိတဲ့သူပါ။ဒါပေမဲ့ တစ်နေ့ သူတို့ရပ်ကွက်ထဲကို လက်တွေဘဝနဲ့ internet ပေါ်က ဘဝတွေ ကွာခြားနေတဲ့Instagram ဆယ်လီမလေး Han So-ra ပြောင်းလာတဲ့အခါမှာတော့...။Jung-tae တစ်ယောက် So-ra ကို စိတ်ဝင်စားပြီး သူ့အိမ်ထဲကို ခိုးဝင်ဖို့လုပ်ပေမဲ့ မရလို့မှိုင်နေတဲ့အချိန်ကံကြမ္မာမျက်နှာသာပေးပြီး So-raက Jung-tae တို့ဆီမှာ အိမ်လာအပ်တဲ့အခါ...။ပျော်ပျော်ကြီး So-ra အိမ်ကို ဝင်လိုက်ထွက်လိုက် လုပ်နေတဲ့ ...
movie

Following (2024)

The Crimson Rivers (2000)
The Crimson Rivers (2000) ပြင်သစ်လျှို့ဝှက်သည်းဖို မှုခင်းရုပ်ရှင်ကောင်းလေးတစ်ကားဖြစ်ပြီး မင်းသား Jean Reno နဲ့အတူ ဗီလိန်ဇာတ်ရုပ် သရုပ်ဆောင်တာများတဲ့ Vincent Cassel တို့ ပါဝင်ထားပါတယ် ရေခဲတောင် ချိုင့်ဝှမ်းဒေသမှာလွန်စွာမှနာမည်ကြီးတဲ့ ကောလိပ်တစ်ခုက ပရော်ဖက်ဆာတစ်ယောက် ကိုယ်လက်အင်္ဂါလှီးဖြတ်ခံရပြီး ထူးဆန်းစွာ သေဆုံးတဲ့အမှု ဖြစ်တယ်သူတို့ကောလိပ်မှာ ရွာတစ်ရွာလိုနေထိုင်တဲ့ ဓလေ့၊ ဆေးရုံ၊ လျှပ်စစ်ဓာတ်အားပေး ဘာမဆို သီးသန့်တည်ရှိပြီး အထက်တန်းလွှာဆန်ဆန် သူတို့ အလွှာချင်းသာ ပြန်လက်ထပ်ကြတဲ့ သီးသန့်ဆန်လွန်းတဲ့ အသိုက်အဝန်း တစ်နေ့တည်းမှာပဲ မူလတန်းကျောင်းတစ်ကျောင်း ဖောက်ထွင်းခံရတဲ့အပြင် သင်္ချိုင်းဂူဗိမ္မာန်တစ်ခုကိုလည်း ဖျက်လိုဖျက်စီး လုပ်သွားတဲ့အမှုနဲ့ … ဘယ်လိုတွေ ပတ်သက်နေမှာလဲ အစွန်းရောက်တဲ့ အတွေးအခေါ်တွေနဲ့အတူ၊ ခက်ထန်ရက်စက်တဲ့ ပြကွက်တွေနဲ့ ရင်တမမ ကြည့်ရမယ့် ဇာတ်လမ်းလေးပါFile size…(1.7 GB)/(842 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre... Crime, Mystery, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

The Crimson Rivers (2000)

The Devil’s Lair (2024) 5.8
The Devil’s Lair (2024) The Devil's Lair 2023အင်ဒိုသရဲမှကြိုက်တာဆိုတဲ့ ပရိသတ်ကြီးတို့ အကြိုက်ဖြစ်စေမယ့် အင်ဒိုစုန်းကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒီကားလေးမှာတော့ Jump scare typeမဟုတ်ဘဲ အောက်လမ်းဘက်တို့ စုန်းတို့ မှော်တို့ဘက်ပိုရောက်တဲ့horrorကားမျိုးပါ။ဇာတ်လမ်းကတော့ အဖေ့ရဲ့အကြွေးတွေကို ခက်ခက်ခဲခဲဆပ်ဖို့ ရုန်းကန်နေရတဲ့အာလင်းတစ်ယောက် ညီမလေးကိုလည်း တစ်ဖက်ကစောင့်ရှောက်ရ၊ အကြွေးရှင်တွေကလည်း မိန်းမရွှင်လုပ်ခိုင်းဖို့ တကဲကဲဖြစ်နေတော့ ကြံရာမရဖြစ်ပြီး ချစ်သူဖြစ်တဲ့ ဂန်တို့အဖွဲ့နဲ့အတူ ရှေးဟောင်းအိမ်တစ်အိမ်ကို ဓားပြတိုက်ဖို့လုပ်ပါတော့တယ်။ အဖွဲ့ထဲက ဖစ် ကတော့ မကြည်ဖြူပေမဲ့ လင်းရဲ့ခြိမ်းခြောက်မှုနဲ့ လက်ခံပေးလိုက်ပြီး အိမ်ကြီးဆီရောက်လာတော့တာပေါ့။ဒါပေမဲ့ အိမ်ကြီးထဲမှာ အဖိုးတန်တွေရှာနေတုန်း အမျိုးသမီး‌တစ်ယောက်ကို ချုပ်ထားတာမြင်ပြီး ကူညီချင်တဲ့ဂန်က လွှတ်ပေးလိုက်ပြီး သူတို့နဲ့အတူခေါ်လာချိန်မှာ အဲဒီအမျိုးသမီးလည်း ပျောက်သွားပြီး အိမ်ထဲမှာ သူတို့လေးယောက် ပိတ်မိသွားကြတဲ့အခါ....ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့အတိုင်း ဘုမသိဘမသိနဲ့လွှတ်ပေးမိတဲ့ အမျိုးသမီးကဘာလဲ။ သဘာဝလွန်ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့ ဒီအိမ်ကြီးထဲက ဒီလူငယ်တစ်သိုက် ရုန်းထွက်နိုင်မလားဆိုတာ ရှုစားလိုက်ရအောင်ပါ။အညွှန်းနဲ့ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Action, Fantasy, Horror Quality…. 1080p | 720p File size… ...
movie

The Devil’s Lair (2024)

2024
Willow Creek (2013)
Willow Creek (2013) 1999 နာမည်ကျော် The Blair Witch Project တို့လိုပုံစံ found footage horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာအခြေခံတာကတော့ တစ္ဆေသရဲတွေ စုန်းတွေမဟုတ်ပဲ နှင်းလူဖြစ်ပါတယ်။နှင်းလူကိုမှ သူ့ကိုတွေ့ရများတယ်ဆိုတဲ့ဒေသတွေ၊ ဒေသခံတွေရဲ့အတွေ့အကြုံတွေ၊ နှင်းလူကျွမ်းကျင်သူတွေကိုပါ ထည့်သွင်းဖန်တီးထားတာဖြစ်ပါတယ်။Blair Witch Project လိုပဲလူနည်းနည်းစရိတ်ကျဉ်းကျဉ်းနဲ့ဖန်တီးထားတာဖြစ်ပေမယ့် ပရိသတ်တွေ ဝေဖန်ရေးဆရာတွေရဲ့အားပေးမှုတွေကြောင့်ပေါက်ခဲ့တဲ့ဇာတ်ကားတစ်ကားပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ နှင်းလူအကြောင်း မှတ်တမ်းတင်ရုပ်ရှင်ရိုက်ချင်တဲ့စုံတွဲတစ်တွဲ နှင်းလူရှိတယ်ဆိုတဲ့တောနက်ကြီးထဲကိုဝင်ရောက်ကြရာကနေ အန္တရာယ်နဲ့ရင်ဆိုင်ရပုံအကြောင်းဖြစ်ပါတယ်။ဒီလိုဇာတ်ကားတွေကြိုက်ရင်ကြည့်ထားသင့်တဲ့ကားပါပဲ။File size…(1.1 GB) Quality….720p Format…mp4 Duration….01:49:00 Genre... Adventure, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie

Willow Creek (2013)

The Beast in the Jungle (2023) 5.4
The Beast in the Jungle (2023)  Beast in the Jungle ဆိုတဲ့ကားကတော့ ၂၀၂၃ ခုနှစ်က ထွက်ရှိထားတဲ့ ပြင်သစ် ဒရာမာကားလေးပဲဖြစ်ပါတယ်။ဂျွန်ဆိုတဲ့ ကောင်လေးတစ်ယောက်က ကလပ်တစ်ခုကို လာရာကနေ မေဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့တဲ့အခါမှာ မေကသူ့ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကိစ္စတစ်ခုကြောင့် သိနေခဲ့ပေမယ့် ဂျွန်ကတော့ မမှတ်မိပါဘူး။ တစ်ကယ်တော့ ဂျွန်က မေ့ကို အကြောင်းအရာ တစ်ခုခုဖြစ်မယ်ဆိုပြီး လျို့ဝှက်ချက်တစ်ခုကို ပြောပြခဲ့ဖူးပါတယ်။အဲဒါကတော့ ဘယ်လိုအကြောင်းအရာလည်း ဆိုတာ သူတို့နှစ်ယောက်လုံး အစက မသိခဲ့ပါဘူး။ အဲဒီလိုနဲ့ တဖြည်းဖြည်း ကလပ်ထဲမှာပဲ ၂၅ နှစ်လောက် အချိန်ကုန်ရင်း ဖြစ်လာမဲ့ အကြောင်းအရာကို စောင့်နေခဲ့ရာက ဘယ်သူက ဖြစ်လာမယ့် ကိစ္စကို ရိပ်မိသွားလဲ အဒီအကြောင်းအရာ တစ်ခုကရော ဘာလဲဆိုတာ ကြည့်ရှုရမယ့် ကားလေးတစ်ကားပါ။ Techno နဲ့ disco ကိုကြိုက်တဲ့သူတွေလည်း music တွေအသားပေးထားတာကြောင့် ...
movie

The Beast in the Jungle (2023)

A Family Affair (2023) 5.4
A Family Affair (2023)  အသစ်ထွက် ခပ်မြူးမြူး အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်လူငယ်ပရိသတ်အကြိုက် မင်းသမီး Zoey King နဲ့ ဟောလိဝုဒ် milf တစ်ပါးဖြစ်တဲ့ Nicole Kidman တို့ အမေနဲ့သမီးအဖြစ် သရုပ်ဆောင်ထားတဲ့ ကားလေးပါခရစ်က နာမည်ကြီးရုပ်ရှင်မင်းသားဖြစ်ပြီး သူ့ရဲ့ PA ကတော့ ငယ်ရွယ်ဖျတ်လတ်တဲ့ ဇာရာပါ ခရစ်ခိုင်းသမျှကို သူ့အလိုကျ မငြီးမငြူလုပ်ပေးရပြီးစိတ်ကုန်လာတဲ့တစ်နေ့ ရန်ဖြစ်ပြီး အလုပ်ထွက်ဖို့ ဇာရာဆုံးဖြတ်လိုက်တဲ့အခါ …ဇာရာမရှိတုန်း သဘောမနောကောင်း စာရေးဆရာမဖြစ်တဲ့ ဇာရာ့အမေ တစ်ယောက်တည်း အိမ်မှာရှိနေချိန် တောင်းပန်ဖို့ ခရစ် ရောက်လာတဲ့အခါမှာတော့ … ဇာရာ့အမေနဲ့ ခရစ်တို့ ချစ်ဇာတ်လမ်းခင်းလိုက်ကြပြီး ဘယ်လိုအလွဲတွေ ဆက်ဖြစ်ဦးမလဲ ပရိသတ်ကြီး အားပေးကြပါဦး File size…(2.1 GB)/(1.1 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:51:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan
movie

A Family Affair (2023)

Top 1 (2024) 6.0
Top 1 (2024)  Top 1 (2024)============= ဒတ်စ်နဲ့အဇီတို့ဟာအတန်းထဲမှာအတော်ဆုံးကျောင်းသားကျောင်းသူနှစ်ယောက်ဖြစ်ပြီး၊ အဇီကတော့ Top 1 နေရာကိုအမြဲရလေ့ရှိပါတယ်။ကျောင်းဆင်းပွဲကျရင် အမှတ်အများဆုံးရတဲ့ မိန့်ခွန်းပြောခွင့်ရကျောင်းသား ဖြစ်ဖို့လည်းနှစ်ဦးလုံးမှာရည်မှန်းချက်ရှိတဲ့အတွက်ပြိုင်ပွဲကပိုမိုပြင်းထန်လာပါတယ်။ အဲ့ဒီအချိန်မှာပဲ ဒတ်စ်ရဲ့ ကောင်မလေးဖြစ်တဲ့ မီရှာက အဇီကိုအာရုံထွေပြားအောင်လုပ်ဖို့အကြံပေးခဲ့တဲ့အတွက် ဒတ်စ်ကိုယ်တိုင် အဇီကို ချဉ်းကပ်ပါတော့တယ်။ သူတို့ရဲ့အစီအစဉ်အောင်မြင်သွားမလား?ထုံးစံအတိုင်းတကယ်ချစ်မိသွားဦးမလား ဆိုတာကို ဇာတ်ကားထဲမှာအဖြေရှာကြပါ။ ဒီကားထဲမှာလည်းမျက်နှာသစ်လေးတွေပဲ ပွဲဦးထွက်မိတ်ဆက်ထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(920MB)/(420MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:55:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Top 1 (2024)

Kurangu Pedal (2024) 6
Kurangu Pedal (2024) Kurangu Pedal(2024)IMDb-7.9/10နွေရာသီ ပျော်စရာလေးများနွေရာသီပိတ်ရက်မှာ ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီးတွေးပျော်ကြတာ ကျောင်းသားဘဝမှာလူတိုင်းစိတ်ကူးခဲ့ကြတာဖူးပါပဲရွာတစ်ရွာရဲ့ ပူလောင်လောင်နွေရာသီတစ်ခုမှာ ကျောင်းပိတ်ရက်ရှည်ရလို့ ပျော်နေကြတဲ့ကလေးတစ်သိုက်မှာ နွေရာသီအစီအစဉ်တွေအပြည့်နဲ့ပေါ့ လူကြီးတွေကလည်း ကလေးတွေပိတ်ရက်မှာ ဘာလေးတွေကူခိုင်းမယ် ဘယ်အမျိုးတွေဆီပို့မယ်ဆိုတဲ့အစီအစဉ်နဲ့ပေါ့ဒီနှစ်နွေရာသီမှာတော့ ကလေးတွေကနွေရာသီအစီအစဉ်အပြည့်နဲ့ လူကြီးတွေရဲ့အစီအစဉ်တွေကို ကန့်ကွက်ကြတော့တာပဲဒီနွေရာသီမှာကလေးတွေရဲ့ ထူးခြားတဲ့အစီအစဉ်လေးကတော့ စက်ဘီးစီးသင်ကြဖို့ပါပဲ စက်ဘီးစီးသင်ဖို့ စက်ဘီးငှားခဆိုတာလိုအပ်လာကြတဲ့အချိန် မိဘတွေဆီကတောင်းဖို့ခက်ခဲနဲ့ ကြံကြဖန်ကြတာပေါ့ကလေးအတွေး ကလေးအကြံလေးတွေနဲ့ နွေရာသီပိတ်ရက်ဖြတ်သန်းကြပုံလေးတွေက ခဏတာပေါ့ပါးအပျင်းပြေရှုစရာတော့ဖြစ်မှာမို့ ရှုစားကြည့်ပါဦးအညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ် File size…2.3GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Alex ~ ToMo ~ Yunni 
movie

Kurangu Pedal (2024)

2024

Genres

Archives