Channel Myanmar

New releases (2025)

Content at random


Movies

People Who Talk to Plushies Are Kind (2023) 6.0
People Who Talk to Plushies Are Kind (2023)  ဒီဇာတ်လမ်းမှာ Private စုံထောက်ဖြစ်တဲ့ Ned က ထောင်ကလွတ်လာတဲ့လက်ဝှေ့သမားဟောင်းရဲ့ စာပို့ဖော်ရည်းစား အပျော်အကမယ်ကောင်မလေးကို ရှာဖို့ အလုပ်ခန့်ခံခဲ့ရတယ်။ Ned လည်း ဘယ်သူမှမမြင်ဖူးတဲ့ အဲဒီကောင်မလေးကိုလိုက်ရှာရင်း သူစုံစမ်းဖို့လိုက်မေးခဲ့တဲ့ လူတိုင်းက အသတ်ခံလိုက်ရတဲ့အပြင် သူ့နောက်ကိုပါ နောက်ယောင်ခံတွေလိုက်လာတာကို သတိထားမိလာခဲ့တယ်။ နောက်တော့ Ned တစ်ယောက် ကောင်မလေးရှိနိုင်ခြေရှိတဲ့ လူသူနည်းတဲ့မြို့ဆီသွားပြီး မဟာစကြဝဠာစတင်ဖြစ်ပေါ်ချိန်က ပေါက်ကွဲမှုကြီးဖြစ်တဲ့ Big Bang ကို ပြန်လည်ဖန်တီးဖို့ကြိုးစားနေတဲ့ ကမ္ဘာ့17 ယောက်မြောက် အချမ်းသာဆုံးသူဌေးနဲ့တွေ့ခဲ့ပါတယ်။ Ned က အကမယ်ကောင်မလေးကို ရှာတွေ့နိုင်မလား၊ အဲဒီကောင်မလေးက တကယ်ရောရှိရဲ့လားနဲ့ ဘယ်လိုလှည့်ကွက်နဲ့အမှုတွေ ဆက်ပေါ်လာမလဲဆိုတာတော့ ဒီဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.4GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal ...
movie

People Who Talk to Plushies Are Kind (2023)

Hit List (2024) 6.2
Hit List (2024) Hit List (2024) "အပြစ်ဒဏ်"IMDb 6.2ရက်ရက်စက်စက် ပြကွက်ခပ်ကြမ်းကြမ်းတွေနဲ့ တမီးလ် လျှို့ဝှက်သည်းဖို ရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်ဗီဂျေးက အနေအေးတဲ့ လူငယ်တစ်ယောက် သားသတ်လွတ် လှုံ့ဆော်သူလည်းဖြစ်တဲ့အပြင် ကြွက်ကလေးတစ်ကောင်ကိုတောင်မှ စာနာတတ်တဲ့ ကရုဏာရှင် ဒီလို နှလုံးလှဗီဂျေးရဲ့ အမေနဲ့ ညီမလေးကိုမှ အမည်မသိ မျက်နှာဖုံးစွပ် ဆိုက်ကိုကောင်တစ်ကောင်က ပြန်ပေးဆွဲသွားလေရဲ့သူများတကာကို နာကျင်မှုပေးရတာ နှစ်ခြိုက်သူ၊ ငွေနဲ့ အာဏာလို ရုပ်ဝတ္ထုတွေကို မက်မောလို့မဟုတ်ဘဲ စေ့ဆော်မှု ရည်ရွယ်ချက်တစ်ခုရှိနေတဲ့ မျက်နှာဖုံးစွပ် မိစ္ဆာကောင်က …ဗီဂျေးကို အကြပ်ကိုင်ပြီး ရက်စက်ကြမ်းကြုတ်လာအောင် ဘယ်လိုတွေခိုင်းစေမှာလဲ… သူ့ရဲ့ ခန့်မှန်းရခက်တဲ့ ရည်ရွယ်ချက်ကရော ဘယ်လိုဖြစ်မှာလဲမညှာစတမ်း ပြကွက်တွေနဲ့ ရင်တမမ အူလှိုက်သည်းလှိုက် ကြည့်ရမယ့် တမီးလ်ရုပ်ရှင်လေးတစ်ကားပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.05GB / 976MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM ...
movie

Hit List (2024)

2024
Sarileru Neekevvaru (2020) 6.8
Sarileru Neekevvaru (2020)  Sarileru Neekevvaru (2020)တေလဂူးမင်းသားချော Mahesh Babu နဲ့ ပရိသတ်တို့ရဲ့ အချစ်တော် တောင်ပိုင်းမင်းသမီး Rashmika Mandanna တို့ရဲ့ အချစ်၊အကြမ်းကားကြီး လာပါပြီ။ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ အိန္ဒိယတပ်က စစ်ဗိုလ်တစ်ယောက်ပါ။စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါ။ဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ခွင့်လည်း တောင်းထားပြီးသား။ခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက် သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့... မင်းသားချောပါပဲ။ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲအဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော သူထင်ထားသလို ဖြစ်နေမလား ဆိုတာကိုရုပ်ရှင်ရုံထဲကြည့်ရသလို ၃ နာရီနီးပါး လိုက်ပါစီးမျောကြည့်ရှုရမှာပါ။(ရုပ်ရှင်ဘာသာပြန်နဲ့အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ ...
movie

Sarileru Neekevvaru (2020)

2020
4K HEVC
The Execution (2021) 6.7
The Execution (2021) The Execution (2022)IMDb Rating (6.7) / Rotten Tomatoes (92%)ဒီဇာတ်လမ်းကတော့ ရုရှားအစိုးရအနေနဲ့ ဆယ်နှစ်ကျော်လိုက်လံရှာဖွေအဖြေထုတ်ခဲ့ရတဲ့ ကွင်းဆက်လူသတ်သမားအမှုအကြောင်း တကယ့်ဖြစ်ရပ်မှန်ဖြစ်ပြီး အမျိုးသမီးနဲ့ကလေး အယောက်50ကျော် သတ်ခဲ့တဲ့ ရုရှားကွင်းဆက်လူသတ်သမား Andrei Chikatilo ရဲ့ လူသတ်မှုတွေကို inspireယူပြီး ရိုက်ကူးထားတာပါ။ဒီဇာတ်လမ်းထဲမှာတော့ အမျိုးသမီးတွေအများကြီးကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ ရုရှားရဲ့နာမည်အကြီးဆုံး ကွင်းဆက်လူသတ်သမားကို 10နှစ်ကျော်ရှာဖွေခဲ့ရာက နောက်ဆုံးမှာ ဖမ်းမိခဲ့တယ်။ ဒါပေမဲ့ အဲဒီသံသယရှိသူက သူ့အပြစ်ကိုဝန်မခံဘဲ သူ မသတ်ကြောင်းငြင်းဆန်ရာကနေ သံသယရှိသူနဲ့ စစ်ဆေးမေးမြန်းသူတို့ကြား တင်းမာမှုတွေပြင်းထန်လာပြီး ဘယ်လိုကိုယ်ရေးကိုယ်တာကိစ္စတွေပါလာမလဲ၊ ထင်မှတ်မထားတဲ့လှည့်ကွက်တွေကရော ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမယ့် ရုရှားမှုခင်း ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB )/(910 MB) Quality….BluRay 1080p / 720p Format…mp4 Duration….02:17:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thwal Htoo Zin
movie

The Execution (2021)

[18+] Trauma (2017)
[18+] Trauma (2017) Trauma (2017) စပိန်စကားပြော ချီလီဇာတ်ကားဖြစ်ပြီး ကြောက်မက်ဖွယ်ရာ Horror, Drama ,Thriller,Action ဆိုပြီး မတူညီတဲ့ အမျိုးအစားတွေတွဲဖက်ပါဝင်တဲ့ဇာတ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့...ညီမဖြစ်သူအပေါ် အရမ်းချုပ်ချယ်သလို ဖြစ်သော အစ်မကြီး အန်ဒရီယာ၊ ညီမဖြစ်သူက လိင်တူချင်းကြိုက်ပြီး အစ်မနဲ့ မတည့် အမေနဲ့ စကားမပြောတဲ့ ကာမီလာ၊ သူတို့နှစ်ယောက်ရဲ့ ဝမ်းကွဲညီအစ်မ မက်ဂ်ဒါလီနာ၊ ကာမီလာရဲ့ လက်စ်ဘီယန်ချစ်သူ ဟူလီယာ စတဲ့ မိန်းကလေး ၄ ယောက်ဟာ မြို့ပြင်နယ်စွန်နယ်ဖျားက ဦးလေးဖြစ်သူရဲ့ အပန်းဖြေအိမ်ကလေးကို အနားယူဖို့ ခရီးထွက်လာကြပါတယ်။ဒီအိမ်ရဲ့ရာဇဝင်နဲ့ ခြောက်ခြားဖွယ်အတိတ်တွေက ဘယ်လိုဆိုတာမသိကြဘဲ အဲဒီညမှာပဲ ထူးခြားတဲ့ သားအဖနှစ်ယောက်ဟာ အိမ်ထဲကို အကြမ်းဖက်ဝင်ရောက်လာပြီး ထပ်မံဒုက္ခပေးတဲ့အချိန်မှာတော့ အမျိုးသမီး ၄ ယောက်သား အသက်ရှင်နိုင်ဖို့ ဘယ်လိုတွေ လုပ်ကြမလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။(လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြကွက်များ၊ သွေးထွက်သံယို အော်ဂလီဆန်စရာများ ပါဝင်သောကြောင့် အသက် ၁၈ နှစ်ပြည့်ပြီးမှသာကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။)(Dark Side Production မှ တင်ဆက်သည်။) File size…(1.7 GB)/ ...
movie

[18+] Trauma (2017)

The Strange Story of Miao Ling (2024) 5.8
The Strange Story of Miao Ling (2024) မြောင်ဒေသ ၊ ယင်ယန်မြစ်ရဲ့ ဆယ်လီအတွင်း တောင်တွေကြားထဲမှာ လူသူအရောက်အပေါက်နည်းတဲ့ ရွာလေးတစ်ရွာရှိပါတယ် ။ အဲဒီရွာလေးနာမည်က သက်ရှည်ရွာတဲ့ ။သက်ရှည်ရွာရဲ့ရွာသူကြီး အဖေမာအာက တော်တော်လေးသဘောကောင်းပြီးတော့ သနားကြင်နာတတ်တယ်လို့လူသိများပါတယ် ။ ဇာတ်လမ်းကတော့ အဲဒီရွာမှာ အချမ်းသာဆုံးဖြစ်တဲ့ကျန်းယိုချိုင်က ချိုးရှန်းဆိုတဲ့လူငယ်လေးနဲ့အဖေဖြစ်သူကိုခေါ်ပြီး ရတနာရှာရကနေစတာလို့ပြောရမှာပေါ့ ။ရတနာရှာရင်းနဲ့ သုံးယောက်လုံး တရားခံမသိရဘဲ ထူးထူးဆန်းဆန်းသေသွားကြပါတယ် ။ မြို့က အရာရှိ ၊ အလောင်းစစ်နဲ့အလောင်းသိမ်းတဲ့သူကလည်း ဒီအမှုကိုအဖြေမှန်ပေါ်ဖို့ရွာကို‌ ရောက်လာကြပါတော့တယ် ။ ဒါပေမဲ့ လူ‌သတ်မှုတွေကို အဖြေရှာမရသေးဘဲ နောက်ထပ် လူသတ်မှုတွေပါ ဆက်တိုက်ဖြစ်လာချိန်မှာတော့...သူတို့ အမှုမှန်ပေါ်ပေါက်အောင်ဘယ်လိုဖြေရှင်းသွားကြမလဲ ? ရွာသားတွေပြောနေသလို အငြိုးအတေးတစ္ဆေက သတ်တာရော ဟုတ်ပါ့မလား ? ဒီလူသတ်မှုတွေက လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကအမှုနဲ့ သက်ဆိုင်နေတယ်ဆိုတာကရော တကယ်ပဲဖြစ်နေမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ကြပါဦး Filesize : 617 MB / 370 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance , Fantasy Runtime : 1h 26 ...
movie

The Strange Story of Miao Ling (2024)

BloodBath Sniper ( 2024 ) 5.7
BloodBath Sniper ( 2024 ) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်ဂျပန်ခေတ်က တော်လှန်ရေးရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ မင်ကော်ခေတ်က ဂျပန်တော်လှန်ရေးကာလကို နောက်ခံတည်ထားပြီး ဟိုင်ချန်မြို့မှာ မြေအောက်တော်လှန်ရေးအဖွဲ့တွေက ဂျပန်တွေကို နေရာတကာမှာ ခြောက်လှန့်နေခဲ့ပါတယ်။ဆရာဖြစ်သူ ကျန်းတာ့ဟိုင်က သစ္စာဖောက်ပြီး ဂျပန်တွေဆီကို ပါတီဝင်တွေရဲ့ အချက်အလက်တွေကို ရောင်းစားနေတယ်လို့ သတင်းကြားခဲ့ရတဲ့ အန်းဟယ်အတွက် မယုံနိုင်စရာပဲ ဖြစ်နေပါတယ်။အဲဒီကိစ္စကို တစ်ယောက်တည်း စုံစမ်းဖို့ ထွက်သွားချိန်မှာပဲ သူတို့လျှို့ဝှက်စခန်းကို ဂျပန်တွေက အင်အားနဲ့ လာသိမ်းတဲ့အတွက် အန်းဟယ်ကို ဂျပန်ဘက်ပါသွားပြီလို့ ကျီချိုးတစ်ယောက် သံသယဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အဖွဲ့ထဲက သူလျှိုကတော့ တခြားတစ်ယောက် ဖြစ်နေပါတယ်။အဌမလမ်းကြောင်းတပ်မတော်က ဟိုင်ချန်မြို့ကို လာရောက်သိမ်းပိုက်ဖို့အတွက် ဟိုင်ချန်မြို့ ကာကွယ်ရေးမြေပုံကို အရေးတကြီးလိုအပ်နေတဲ့အခါ...... မြေပုံကို ရယူနိုင်ဖို့ တော်လှန်ရေးရဲဘော်တွေက ဘယ်လို ကြိုးစားကြမလဲ......ကွန်မြူနစ်ပါတီထဲက ဂျပန်သူလျှိုက ဘယ်သူဖြစ်မလဲ...... အန်းဟယ်ရဲ့ ဆရာကျန်းတာ့ဟိုင်ကရော တကယ် သစ္စာဖောက်သူလား...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 938 MB / 556 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Action ...
movie

BloodBath Sniper ( 2024 )

My Dad is an Alien ( 2024 ) 6
My Dad is an Alien ( 2024 ) သမီးအတွက် အဖေကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ကြိုးစားနေတဲ့ လောင်ကျင်းဟာ သမီးလေးကိုတစ်ယောက်ထဲပျိုးထောင်လာခဲ့တယ်။ သမီးလေးမူလတန်းကျောင်းကောင်းကောင်းမှာတက်ရဖို့အတွက် ထမင်းကြော်ရောင်းရင် အဆင့်မြင့်ကွန်ဒိုအတွက်စရံငွေပေးနိုင်အောင်ကြိုးစားခဲ့တယ်။အရာအားလုံးအဆင်ပြေလို့ထင်ရတဲ့အချိန်မှာ ဦးနှောက်မှာကင်ဆာကြိတ်ရှိနေမှန်းသိလိုက်ရတဲ့အခါ...... အာကာသယာဉ်အရမ်းကြိုက်တဲ့သမီးလေးကို သူဟာဂြိုလ်သားပါ ကမ္ဘာကြီးကို ကယ်တင်ဖို့ ထွက်သွားရတော့မယ်ဆိုပြီး လိမ်ညာခဲ့တယ်။ သမီးလေးစိတ်မထိခိုက်ရအောင်ပြောခဲ့တဲ့ အဖြူရောင်မုသာဝါဒတွေကို ထိန်းဖို့ကြိုးစားရင်း သူ့ရဲ့နောက်ဆုံးအချိန်တွေကို သမီးလေးနဲ့အတူဖြတ်သန်းတဲ့ ရင်နင့်စရာကောင်းတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Filesize : 1.39 GB / 791 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Family Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

My Dad is an Alien ( 2024 )

The Exorcism (2024) 6.0
The Exorcism (2024)  မင်းသားကြီး ရက်ဆဲခရိုးရဲ့ ဟော်ရာကားသစ်ဖြစ်ပါတယ်။မနှစ်က ထွက်ထားတဲ့ The Pope's Exorcist နဲ့ နာမည်တူပေမဲ့အဆက်မဟုတ်ပါဘူး။ သီးခြားဇာတ်လမ်းပါ။ ဇာတ်လမ်းအကျဉ်း****************မင်းသားကြီး ရက်ဆဲခရိုးဟာ အန်သိုနီ(တိုနီ) ဆိုတဲ့မင်းသားကြီးတစ်ယောက်ဖြစ်ပါတယ်။ အရက်တွေစွဲဆေးလိပ်တွေစွဲ မိန်းမကသေ၊ သမီးက စိတ်နာတာခံနေရပြီးဘဝပျက်နေတာပါ။ ဒီလိုနေ့ တစ်နေ့မှာ နတ်ဆိုးတစ်ကောင်အကြောင်းရိုက်မဲ့ ဟော်ရာရုပ်ရှင်တစ်ခုမှာ မင်းသားအဖြစ်အရွေးခံလိုက်ရပါတယ်။ အဲဒီရုပ်ရှင်ကိုရိုက်နေရင်းပဲကံဆိုးတာတွေ တစ်ခုပြီးတစ်ခုဖြစ်လာပြီး မိစ္ဆာပူးသလိုကိစ္စတွေကြုံလာတာကို ပြထားတာပါ။ သရဲပူးသရဲနှင်ဟော်ရာကားကိုပဲ စတိုင်တစ်မျိုးနဲ့ရိုက်ထားတာဖြစ်လို့ခံစားကြည့်လိုက်ပါဦး။  File size…1.25GB / 379MB Quality…WEB-DL  1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson
movie

The Exorcism (2024)

Green Lantern: Emerald Knights (2011) 6.7
Green Lantern: Emerald Knights (2011) Green Lantern: Emerald Knights (2011) IMDb - 6.7/10 2011 မှာ ထွက်ခဲ့တဲ့ Green Lantern animation ရုပ်ရှင်ပါ။ ပထမပိုင်းနဲ့ ဇာတ်အိမ်အနည်းငယ် သွေဖီသွားပြီး ဆင်နက်စ်ထရိုကို ဒီကားမှာ လူကောင်းအဖြစ် ပြန်တွေ့ရမှာဖြစ်သလို "First Flight" မှာ သေသွားတဲ့ တိုးမားရီးလဲ ပြန်ပါလာပါတယ်။ဇာတ်လမ်းကတော့ အိုအာကို ဖျက်ဆီးဖို့ သံန္နိဌာန်ချထားတဲ့ ခရိုနာရဲ့ ရန်ကို တားဆီးဖို့ မီးအိမ်စိမ်းတို့ ကြိုးစားကြမှာပါ။ ဇာတ်လမ်းထဲမှာ အယ်ဘင်ဆော်ရ်ရဲ့ ဇာတ်ကြောင်း၊ ကီလိုဝေါ့ဂ်ရဲ့ ဇာတ်ကြောင်း၊ လိုင်ယာရဲ့ ဇာတ်ကြောင်းနဲ့ မိုဂိုရဲ့ ဇာတ်ကြောင်းတို့ကိုလည်း သီးသန့်ပုံစံနဲ့ ပြောပြသွားပါလိမ့်မယ် File size…    1.7 GB /  842 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 24m Genre ..... Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

Green Lantern: Emerald Knights (2011)

All Eyes Off Me (2021) 5.7
All Eyes Off Me (2021) All Eyes Off Me (2021) Genre – Drama, Comedy(ပွင့်လင်းမြင်သာသော လိင်ပိုင်းဆိုင်ရာ ပြကွက်များနှင့် အသုံးအနှုန်းများ ပါဝင်သောကြောင့် ကြည့်ရှုသူများအနေဖြင့် သတိပြုစေလိုပါသည်)၂၀၂၁ ခုနှစ်က ဂရိစကားပြော ဒရမ်မာကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ သုံးပိုင်းခွဲပြီး တင်ဆက်ထားသလိုမျိုးပါ။ပထမပိုင်း - ဒန်နီဆိုတဲ့ကောင်မလေးတစ်ယောက် ဘာလင်မှာ ကြုံဆုံခဲ့ရပြီး တစ်ညတာ ရင်းနှီးမှုကနေ ကိုယ်ဝန်ရလာတဲ့အထိ ဖြစ်ခဲ့လို့ ဒီကောင်လေးကို ပါတီတစ်ခုမှာ လာရှာတဲ့အကြောင်းအရာလေးပါ။ဒုတိယပိုင်း - မက်စ်ဆိုတဲ့ကောင်လေးနဲ့ သူ့ကောင်မလေး၊ ဒီ စုံတွဲလေးဟာ သာမန်အတိုင်း လိင်ဆက်ဆံတာတွေမကပဲ ကောင်မလေးဖြစ်သူရဲ့ စိတ်ကူးယဉ်ဆန်ဆန် လိင်ပိုင်းဆိုင်ရာ ကာမဂုဏ်အာရုံတွေကို မက်စ်က ဖြည့်စည်းပေးရတဲ့အကြောင်း။တတိယပိုင်း - အာဗီရှက်ဗ်ဆိုတဲ့ကောင်မလေးဟာ အိမ်နီးနားချင်း ဘိုးတော်ကြီးရဲ့ ခွေးတွေကို ထိန်းကျောင်းပေးရင်း ဒီဘိုးတော်ကြီးကို ဘယ်လို စွဲလမ်းသွားလဲဆိုတဲ့ အကြောင်းအရာတွေကို စကားပြောဦးစားပေးနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ File size…    1.6 GB /  690 MB Quality… WEB-Rip 1080p / ...
movie

All Eyes Off Me (2021)

Arctic Armageddon (2023)
Arctic Armageddon (2023) ဒီကားလေးကတော့ ပြီးခဲ့တဲ့နှစ်ကမှ ထွက်ရှိခဲ့တဲ့ သဘာ၀ဘေးအန္တရာယ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဘူမိဗေဒသိပ္ပံပညာရှင်နှစ်ယောက် အတ္တလန်တိတ်သမုဒ္ဒရာမှာ အချက်အလက်ယူဖို့ ရေကြောင်းပြဗော်ယာတွေကိုနေရာချနေရင်း ငလျင်ကြီးလှုပ်ခတ်ပြီး သမုဒ္ဒရာကြီး ရုတ်တရက်စတင်အေးခဲလာပြီး အဲဒီပညာရှင်နှစ်ယောက်သေဆုံးသွားပါတယ်။အဲဒီအဖြစ်အပျက်ကြောင့် စီနီယာဘူမိသိပ္ပံပညာရှင်နှစ်ယောက်ကို ပင်တဂွန်ရဲ့ အတွင်းရေးမှူးက ခေါ်ယူပြီးဖြေရှင်းချက်ရှာကြပါတယ်။ ငလျင်ကြောင့် အပျက်အစီးရေခဲထုကြီးဖြစ်လာပြီး ပင်လယ်ရေအောက်ရေနွေးစီးကြောင်းကိုပိတ်ဆို့နေတာကြောင့် အပူချိန်ထိုးကျပြီး သမုဒ္ဒရာတစ်ခုလုံးခဲသွားတဲ့အပြင် ‌ကုန်းမြေတွေပါ ထိခိုက်လာပါတယ်။ အဲဒါကြောင့် ရေငုပ်သင်္ဘောလွှတ်ပြီး ဒေတာယူ အပျက်အစီးရေခဲထုကြီးကိုဖျက်ဆီးဖို့ ကြိုးစားကြပုံတွေကို စိတ်၀င်စားစရာကြည့်ရှုရမှာပါ။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။File size…(1.3 GB)/(600 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre... Science Fiction, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe
movie

Arctic Armageddon (2023)

The Bikeriders (2024) 7.1
The Bikeriders (2024)  Sons of Anarchy စီးရီးကို ကြိုက်တဲ့လူတွေဆိုရင်ဒီမူဗီကို ကြိုက်မယ်လို့ ယုံကြည်ပါတယ်။Motorcycle Club က biker တွေရဲ့ အငွေ့အသက်တွေကိုအလွမ်းသယ်နိုင်မှာဖြစ်ပါတယ်။The Bikeriders မှာတော့ မင်းသားကြီး Tom Hardy,ပျိုမေတို့ အသည်းစွဲ Austin Butler နဲ့ မင်းသမီးJodie Comer တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။Jeff Nichols ရေးသားရိုက်ကူးပြီး Danny Lyons ရဲ့The Bikeriders photo book ကို မှီငြမ်းထားတယ်လို့သိရပါတယ်။ဒီမူဗီမှာတော့ ဗန်ဒယ်ဆိုတဲ့ မော်တော်ဆိုင်ကယ်ကလပ်ကအဖွဲ့သားတွေရဲ့ နေထိုင်ဖြတ်သန်းပုံ ဘဝအစဉ်အဆက်ကြမ်းကြပုံ ရမ်းကြပုံတွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်။သူ့ရဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်က ဒီဇာတ်ကြောင်းကိုဗန်ဒယ်ကလပ်နဲ့ နီးစပ်ခဲ့သူ အမျိုးသမီးတစ်ဦးက အဖွဲ့ဝင်ဟောင်းတစ်ယောက်ကို ဇာတ်ကြောင်း ပြန်ပြောပြတဲ့ စတိုင်လ်နဲ့အတိတ်ကိုတစ်လှည့် ပစ္စုပ္ပန်ကို တစ်လှည့် ရိုက်ကူးပြထားခြင်းပါ။ဇာတ်ကြောင်းကို အင်ထရိုဝင်ပေးနေရင် ဇာတ်ပေါ့သွားနိုင်လို့ဇာတ်လမ်းကိုပဲ အပြေးကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။အကြိုက်တွေ့စေရမယ်လို့ အာမခံပါတယ်။ File ...
movie

The Bikeriders (2024)

Summer Camp (2024)
Summer Camp (2024)  ဒီဇာတ်လမ်လေးကတော့ သူငယ်ချင်းတွေကြားထဲကချစ်ခြင်းမေတ္တာတွေရယ် သူငယ်ချင်းတွေကြားဖြစ်လေ့ဖြစ်ထရှိတဲ့ ကတောက်ကဆလေးတွေကို‌ ရိုက်ကူးဖော်ပြထားတာဖြစ်ပါတယ်ဇာတ်လမ်းအစမှာတော့ အဓိက‌ဇာတ်‌ဆောင်တွေဖြစ်လာမဲ့ သူတွေဖြစ်တဲ့ ဂျင်နီရယ် မယ်ရီရယ်နဲ့ နိုရာဆိုတဲ့မိန်းကလေးတစ်ခုဟာ နွေရာသီကမ့်တစ်ခုရောက်ရှိလာကြပါတယ် ဒီလိုနဲ့ခင်မင်သွားကြပြီး တော်တော်ကိုရင်းနှီးပြီး တစ်ယယောက်နဲ့တစ်ယောက်အရေးပါတဲ့လူတွေလူ မိသားစုတွေလိုကိုရင်းနှီးသွားကြတာပါ တစ်နှစ်ပြီးတစ်နှစ်ကမ့်ကိုတူတူလာကြတယ် ကောလိပ်တက်ရင်ပါတူတူတစ်မြို့တည်းတက်ကြမယ်ဆိုပြီးကတိတွေပေးခဲ့ကြပါတယ်ဒီလိုနဲ့အချိန်တရွေ့ရွေ့ကုန်ဆုံးလာပြီးတဲ့အခါမှာတော့ သူတို့ရဲ့ကတိတွေကတကယ်ဖြစ်မလာခဲ့ပါဘူး။ ဂျင်နီက စာရေးဆရာမတစ်ယောက်ဖြစ်လာခဲ့ပြီး သူ့သူငယ်ချင်းတွေနဲ့ပြန်တွေ့ရဖို့ကို ဘာမဆိုပြန်လုပ်မဲ့သူပါ။ ဒါပေမဲ့ မယ်ရီနဲ့ နိုရာတို့ကတော့ သူတို့ဘဝနဲ့သူ တော်တော်ကိုမအားပဲဖြစ်နေကြတာပါ။ မယ်ရီက နာစ့်မတစ်ယောက်ဖြစ်လာပြီး သူ့မိသားစုလေးနဲ့နေထိုင်နေပြီးတော့ နိုရာကသူ့‌ခင်ပွန်းဆုံးပြီးထဲက အလုပ်ကိုပဲဖိလုပ်ပြီး သူ့အချိန်တွေကိုအလုပ်မှာပဲကုန်ခံပါတယ်။တနေ့မှာတော့ ဂျင်နီက သူတို့အရင်လို့ ကမ့်ထွက်ကြမယ်လို့ စည်းရုံးလာပါတယ် ဒါပေမဲ့ သူ့သူငယ်ချင်းတွေက ဘဝပေးဒဏ်တွေနဲ့ မိသားစုပြဿနာတွေကြောင့်ပါ မတွေ့ဘဲနေခဲ့ကြပါတယ် ဒီလိုနဲ့တားမရတော့တဲ့ဂျင်နီဟာ သူ့သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းရဖို့ အစီစဉ်တစ်ခုကိုစဆွဲပါတော့တယ် အဲဒါကတော့ သူတို့ငယ်ငယ်တုန်းကလို ကမ့်လေးတစ်ခုလုပ်ပြီး ပြန်ဆုံကြမလို့ပါ ဒီလိုနဲ့သူငယ်ချင်းသုံးယောင်ပြန်ဆုံမိပြီး သူတို့ဝေးကွာနေကြတုန်းကကိစ္စတွေ အခုဖြစ်ပျက်နေတဲ့ဘဝအခြေနေတွေ အကုန်ကိုဆွေးနွေးကြရင်း ပြဿနာတွေကို‌ဖြေရှင်းကြပါတော့တယ် သူငယ်ချင်းတွေကြားအခက်မသင့် နားလည်မှုလွဲတာတွေကိုလည်းဘယ်လိုတွေဖြေရှင်းသွားကြမလဲဆိုတာ ဟာသနှောပြီး ကြည့်ရမဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…(1.7 ...
movie

Summer Camp (2024)

Inheritance (2024) 5.0
Inheritance (2024)  အနှစ်၃၀​လောက် အဆက်အသွယ်မရှိခဲ့တဲ့ တစ်ကိုယ်တည်းသမားဘီလီယံနာ ဦး​လေး ဖြစ်သူက ရုတ်တရတ်ကြီး ​​သေဆုံးသွားပြီး ကျန်ခဲ့တဲ့ ဥစ္စာဓန အားလုံးကို တူ၊ တူမ ​တွေကို အ​မွေ​ပေးခဲ့တဲ့ အခါ။လူထူးဆန်း ဖြစ်တဲ့ ဦး​​လေးက အ​မွေကို ရိုးရိုး မ​ပေးဘဲ ရသစုံဂိမ်းရှိုးလို စီစဥ်ခဲ့တဲ့အခါ ဒီအ​​​​​မွေ​တွေကို ​နောက်ဆုံးမှာ ဘယ်သူရသွားမလဲ။ ​အေးခဲ​နေတဲ့ မြို့ထဲက ပ​ဟေဠိ​တွေပြည့်​နေတဲ့ အိမ်ကြီးထဲမှာ သူတို့ကို ဘယ်လိုအရာ​တွေက ​စောင့်ကြို​နေမလဲ။မူလပိုလန်စကား​ပြောရုပ်ရှင်ဖြစ်ပြီး production design ​ကောင်း​ကောင်းနဲ့ ဖန်တီးထားတဲ့ အတွက် အမြင်အရ ဆန်းသစ်​နေပါတယ်။ စိတ်ဝင်စားစရာ ဇာတ်​ကြောင်း​ပြောပုံတွေ၊ ဟာသ​​တွေ နဲ့ စကားလုံး​တွေကို ကစားထားမှု က ဇာတ်လမ်းကို အဆုံးထိဆွဲ​ခေါ်​ပေးသွားမှာပါ။ Netflix ​ပေါ် ​ရောက်လာတဲ့ ပိုလန် ရုံတင်ကား တစ်ကားဖြစ်တဲ့ အတွက် အသစ်အဆန်းအ​နေနဲ့ ကြည့်ရှု ခံစားကြည့်ကြပါဦး ။ File size…(1.3 ...
movie

Inheritance (2024)

El Sur (1983) 7.8
El Sur (1983)  'ဒက္ခိဏတမ်းချင်း'ဒီကားကိုမကြည့်ခင် ပထမဆုံးပြောချင်တာက တစ်ခေါက်တည်းကြည့်ဖို့စဥ်းစားထားရင်၊ ကိုယ့်ကိုယ်ကိုသံသယမခိုင်ပါဘူးလို့ယူဆထားရင်၊ အချိန်မရှိလို့ ဘာလဲသိချင်ရုံစပ်စုချင်တာဆိုရင်တော့ မိတ်ဆွေအနေနဲ့ လုံးဝ မကြည့်ဖို့ တိုက်တွန်းပါရစေ။ ဒီဇာတ်ကားဟာ Life is beautiful တို့ The boy in the stripped pajamas တို့လို ကြည့်ပြီးရင်ဘာမှမျက်ရည်ချူစရာတစ်ကွက်မပါဘဲနဲ့ ဆို့ဆို့နင့်နင့်ဝေဒနါတစ်မျိုးကို ၂ ရက်လောက် ကောင်းကောင်းကြီးပေးနိုင်လို့ပါ။ ပြီးတော့ ရစ်မကြည့်မိပါစေနဲ့။ စက္ကန့်တိုင်းမှာသရုပ်ဆောင်ချက်တွေဟာ တကယ်ကိုအသက်ပါလွန်းလို့ပါ။IMDB 7.8 ထက်ပိုထိုက်တန်တဲ့ဒီစပိန်classicရုပ်ရှင်မှာ စကားလုံးနည်းနည်း တင်ပြပုံကောင်းကောင်းနဲ့ ဖခင်မေတ္တာရယ် ယောကျ်ားတစ်ယောက်နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာက တစ်စုံတစ်ယောက်အပေါ်မှာထားတဲ့အချစ်ဆိုတာရယ်ကို တစ်လွှာချင်းပြထားပြီး ခံစားပြီးတဲ့နောက်မှာတော့ မေးခွန်းတွေတသီကြီးနဲ့ ဇာတ်ကောင်တွေအပေါ်မှာရော ကိုယ့်ကိုယ်ကိုပါ မေးနေမိပါလိမ့်မယ်။ ဖခင်ဖြစ်သူရဲ့မိသားစုအပေါ်ထားတဲ့အချစ်၊ သူ့အချစ်ဦးအပေါ်ထားတဲ့အချစ်၊ နောက်ဆုံးထွက်သက်အထိ သူ့မိဘအသံလေးကြားချင်ခဲ့ရှာတဲ့ သူ့မိသားစုအပေါ်ထားတဲ့အချစ် ဘယ်ဟာကချစ်တာ ဘယ်ဟာကမေတ္တာ ဘယ်ဟာကအပြစ် ဘယ်ဟာကဘာလဲ။Spoil ရရင် နောက်ဆုံးအဖေနဲ့သမီးစကားပြောတဲ့အခန်းလေးရောက်ရင် တစ်သျှူးသာဆောင်ထားပါလို့။ Bonus Fact ပြောရရင် ဒီရုပ်ရှင်က ...
movie

El Sur (1983)

I Just Wanna Hug You (2014) 6.6
I Just Wanna Hug You (2014) I Just Wanna Hug You (2014)IMDb - 6.6 % My Drama List - 7.8 %“အချစ်ဆိုတာ ဘယ်လိုမျိုးလဲ...သူ့နားမှာ အမြဲရှိနေချင်တယ်... သူ့အတွက် တစ်ခုခုလုပ်ပေးချင်တယ်ဆိုတာ အချစ်ပဲ”...ကံမကောင်းအကြောင်းမလှလို့ မသန်စွမ်းဖြစ်ခဲ့ရတဲ့ Tsukasa က ဘုရားသခင်ရဲ့လှည့်ကွက်ကြောင့် မသန်စွမ်းဖြစ်ခဲ့ရပေမယ့် မသန်ပေမယ့် စွမ်းပါတယ်ဆိုတာကို သက်သေပြဖို့အတွက် Boccia ကစားနည်းကို စပြီးကစားခဲ့ပါတယ်... တက်စီမောင်းပြီး အသက်မွေးနေရပေမယ့် ဝါသနာဖြစ်တဲ့ ဘက်စကတ်ဘောကို အားရင်အားသလို သူငယ်ချင်းတွေနဲ့ကစားဖြစ်တဲ့ Masami...သူတို့နှစ်ယောက် တစ်ရက်မှာတော့ အားကစားရုံမှာ မတော်တဆဆုံမိကြရင်း Tsukasa ကို Masamiက အိမ်ပြန်လိုက်ပို့ပေးခဲ့ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း သံယောဇဉ်တွယ်လာခဲ့ပြီး အဆင့်တွေတက်ခဲ့ကြပါတယ်။ နှစ်ဖက်မိဘတွေကလည်း အကြောင်းအမျိုးမျိုးကြောင့် စိတ်ပူကန့်ကွက်တဲ့ကြားက သူတို့နှစ်ယောက်ရဲ့အချစ်ရေးက ဘယ်လိုမျိုးဖြစ်သွားမလဲ... ဘယ်လိုမျိုး လောကဓံတွေနဲ့ကြုံတွေ့ရပြီး ဘယ်လိုတောင့်ခံကျော်ဖြတ်ကြမလဲ... ဒါတွေကို 2014 ခုနှစ်က ထွက်ရှိခဲ့တဲ့ Romance, drama ဇာတ်ကားလေး I Just Wanna Hug You ကို ရသအပြည့်နဲ့ကြည့်ရှုခံစားလိုက်ကြရအောင်Reviewed ...
movie

I Just Wanna Hug You (2014)

What! The Heist (2023) 5.0
What! The Heist (2023) ဒီဇာတ်လမ်းကတော့ လူလိမ်တွေစု အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး ထီဆု သန်းတစ်ရာကို လိမ်လည်ဖို့ကြိုးစားကြတဲ့ ဟာသကားပဲ ဖြစ်ပါတယ်။ ရောဂါသည်သမီးလေးအတွက် ခွဲစိတ်ဖို့ပိုက်ဆံလိုနေတဲ့ ဝါရင့်သရုပ်ဆောင် Chao Yan Fatt က သူ့ငယ်သူငယ်ချင်း ထောင်ကထွက်ပြေးလာတဲ့ Choi ဆီကနေ ဆက်သွယ်ခံခဲ့ရပြီး ထီဆုကြီးလိမ်ဖို့ လူလိမ်အဖွဲ့မှာ ပါဖို့အပြောခံခဲ့ရတယ်။ ​Yan Fatt က အစတော့ငြင်းပေမဲ့ သူ့သမီးလေးရဲ့ရောဂါက အခြေအနေပိုဆိုးလာတာကြောင့် လက်ခံလိုက်ပြီး အဲဒီလူလိမ်တွေအဖွဲ့ထဲပါခဲ့တယ်။ Yan Fatt အပါအဝင် အဖွဲ့ထဲမှာပါတဲ့ အဖွဲ့ဝင်ခြောက်ယောက်က သီးသန့်နယ်ပယ်တွေမှာ တစ်ယောက်စီကျွမ်းကျင်ကြပြီး ထီကုမ္ပဏီရဲ့ ထီပေါက်နံပါတ်ကိုလိမ်လည်ဖို့ ဘယ်လိုတွေအကွက်ဆင်ကြိုးစားကြမလဲဆိုတာကိုတော့ ဒီဟာသဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.7GB)/(950MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:44:00 Genre_Comedy, Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by ...
movie

What! The Heist (2023)

Genres

Archives