Channel Myanmar

New releases (2025)

Content at random


Movies

Wild Wild Punjab (2024)
Wild Wild Punjab (2024) Wild Wild Punjab (2024)IMDb-5.7/10ဘော်ဒါမကောင်း သူကောင်းမဖြစ်ခွီလဲခွီ ဘော်ဒါကိုလဲ ပြန်သတိရစေနိုင်မယ့် netflixက ပူပူနွေးနွေးထွက်ရှိထားတဲ့ ဘော်လိဝုဒ်အခွီဟာသကားလေးကို တင်ဆက်ပေးချင်ပါတယ်အသဲကွဲလို့ သတ်သေမလို့ပါဆို ဘေးကနေ ထိုင်မြှောက်ပေးတဲ့ သူငယ်ချင်းမျိုး ရှိလား အိမ်မပိုင်လို့ ပြဿနာတက်နေပါတယ်ဆို အိမ်မပိုင်တဲ့ကောင်ကိုမှ ဝိုင်းဒုက္ခပေးတဲ့ သူငယ်ချင်းမျိုး ပိုင်ဆိုင်ထားလား မကောင်းတာလုပ်မယ်ဆို နှစ်ခါခေါ်စရာမလို အရောက်ပို့ပေးမယ့် သူငယ်ချင်းမျိုးရော တွေ့ဖူးလား သေလောက်အောင် ချမ်းသာနေပါစေ ကျပ်မပြည့်တဲ့ဘော်ဒါရော ကြုံဖူးကြလားဘာတွေဘယ်လိုပဲဖြစ်နေပါစေ အခက်အခဲကြုံလာတဲ့အခါ ကိုယ့်ဘက်မှာ ရှိနေပေးကြမှာက ဒီစောင်ရူးဘော်ဒါတွေပါပဲ ဒီကားလေးမှာတော့ သူငယ်ချင်း ၄ ယောက် ဂယက်ထကြတာကို ကြည့်ရှုရမှာပါ ဘဝဖိအားတွေခံရတဲ့အခါ, ဘယ်အရာကမှ ကိုယ့်ကိုမပျော်ရွှင်စေတော့တဲ့အခါ ငယ်တုန်းက ဂယက်အတူတူထခဲ့ကြတဲ့ သူငယ်ချင်းတွေအကြောင်း ပြန်တမ်းတတာကလည်း ထွက်ပေါက်လေးတစ်ခု ဖြစ်နိုင်ပါတယ်အဲဒီထွက်ပေါက်လေးကို ရရှိဖို့ CM Bollywood Team မှ ဘာသာပြန် တင်ဆက်ပေးလိုက်ပါပြီနော်(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်) File size… 2.5GB / 1.23GB Quality…WEB DL 1080p ...
movie

Wild Wild Punjab (2024)

2024
Leave Her to Heaven (1945) 7.6
Leave Her to Heaven (1945) Leave Her to Heaven(1945) IMDb: 7.6/10 Rotten Tomatoes: 85% Genre: Drama/Film-Noir/Romanceသဝန်တိုတယ်ဆိုတာ လုံးဝကိုမကောင်းပါဘူး။ ကိုယ်ကချစ်ဖို့သဝန်တိုပေမယ့် တဖက်လူကိုချုပ်ချယ်သလိုဖြစ်တတ်ပါတယ်။ ဒါတင်မကသေးပဲ သဝန်တိုတဲ့အချိန်မှာ ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာလည်း အတ္တဝါဒီအပေါ်ကိုပဲအခြေခံနေပါတယ်။ဒီရုပ်ရှင်ဟာ ဒါကိုအကောင်းဆုံးပြသသွားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်ဒီကားကိုဘာသာမပြန်ခင် ဇာတ်ကားအကြောင်း YouTube မှာအရင်ရှာကြည့်လိုက်တော့ကွန်မန့်တစ်ခုမှာ"မင်းသမီး Gene Tierney သတင်းစာကိုချပြီး ပထမဦးဆုံးသူ့မျက်နှာကိုပြလိုက်တဲ့အချိန်အဖေရော၊ တစ်ရုံလုံးရော သူ့အလှမှာ နစ်မြောသွားတယ်" ဆိုပြီး ရေးထားတဲ့ကွန်မန့်လေးတစ်ခုကိုတွေ့လိုက်ပါတယ်။ တကယ်လည်း Gene Tierney ရဲ့အလှကအတော်လေးကိုမှင်သက်ဖို့ကောင်းလှပါတယ်။ ဒီရုပ်ရှင်နဲ့ မင်းသမီးဟာအကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်အကယ်ဒမီဆုကိုဇကာတင်ဝင်ခဲ့ပါသေးတယ်။ သရုပ်ဆောင်မကောင်းမှာတော့ပြောစရာကိုမလိုပါဘူး။ဇာတ်ညွှန်း အဲလန် ဘီရန့်တ် ဆိုတဲ့အမျိုးသမီးဟာသူလိုချင်တာ ဘာကိုမဆိုရအောင်ယူတတ်တဲ့မိန်းမမျိုးဖြစ်ပါတယ်။ သူဟာရထားပေါ်မှာ စာရေးဆရာ ရစ်ချက်ဒ်ဟာလန်းဒ် နဲ့တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ နယူးမက္ကစီကိုမြို့က လယ်တောခြံမှာ အနားယူဖို့ဖိတ်ခေါ်ခြင်းခံထားရတဲ့လူတွေဖြစ်ပါတယ်။ အဲလန်ဟာ ကွင်တန် ဆိုတဲ့လူတစ်ယောက်နဲ့စေ့စပ်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အဲလန်ဟာ ရစ်ချက်ဒ်ကိုချစ်မိသွားပြီး ၂ ရက်ထဲနဲ့လက်ထပ်ယူခဲ့ပါတယ်။ခက်တာက အဲလန်ဟာ ရစ်ချက်ဒ်ဘေးမှာ သူ(မ)ကလွဲပြီး ဘယ်သူမှရှိနေတာမျိုးမကြိုက်ပါဘူး။ သူတို့နှစ်ယောက်ဟာ ရစ်ချက်ဒ်ရဲ့ ညီလေး ဒန်နီရှိတဲ့ ရေကန်ဘေးကတဲအိမ်လေးကို သွားလည်ခဲ့ပါတယ်။ အချစ်ကြီးလွန်းတဲ့ အဲလန် ...
movie

Leave Her to Heaven (1945)

Love Letter (1995) 7.9
Love Letter (1995) Love Letter ( 1995 )Directed by Shunji Iwaiရှုန်းဂျီအီဝေရဲ့ Love Letterက စီအမ်မှာတင်ပြီးသား သူ့ Last Letter နဲ့တော့ မဆိုသလောက်ဆင်တယ်။ ဆင်တယ်ဆိုတာက သူ့ဘဝထဲက ပျောက်သွားတာကြာပြီဖြစ်တဲ့လူတစ်ယောက်ကို ဆုံးပါးသွားပြီးမှ ခြေရာပြန်ကောက်ကြတဲ့ အကြောင်းအရာချင်းတူနေတာ။ ဇာတ်လမ်းအကြောင်းအရာအတိအကျကတော့ မပြောဘဲထားတာ ပိုကောင်းပါလိမ့်မယ်။ Love Letterဟာ အီဝေ့ပွဲဦးထွက်ရုပ်ရှင်ပေမဲ့ သူ့အကောင်းဆုံးတွေထဲတောင် စာရင်းသွင်းလို့ရပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ကိုရီးယားမှာ ပထမဆုံးပြန်ပြတဲ့ ဂျပန်ရုပ်ရှင်တွေထဲက တစ်ကားဖြစ်ခဲ့သလို highest-grossing Japanese film in South Korea လည်းဖြစ်ခဲ့တယ်။ ဂျပန်အကယ်ဒမီဆုပေးပွဲမှာလည်း ဆုတွေရခဲ့တယ်။ရှန်းဂျီအီဝေဟာ မျက်မှောက်ခေတ်ဂျပန်စီနီမာထဲက လက်ချိုးရေလို့ရတဲ့ အတော်ဆုံးဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်တော့ ရှုန်းဂျီအီဝေကို မျက်မှောက်ခေတ်ဂျပန်စီနီမာထဲက အကောင်းဆုံးဒါရိုက်တာလို့ ကိုယ့်ဘာသာ သတ်မှတ်ချင်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော် ရှုန်းဂျီအီဝေဆို All About Lily Chou-Chouလောက်ပဲ ရင်းနှီးခဲ့တဲ့အချိန်တုန်းက ...
movie

Love Letter (1995)

Latency (2024) 5.5
Latency (2024)  အိမ်ထဲကနေအိမ်ပြင်ကိုမထွက်တဲ့ Gamer တွေဆိုတာအပြင်မှာ တကယ်ကြီးကိုရှိပါတယ်။အခု တင်ဆက်ပေးမဲ့ဇာတ်ကားထဲမှာလည်း အိမ်ထဲကနေအိမ်ပြင်မထွက်ဘဲဂိမ်းတွေ အသားကုန်ဆော့လို့ရူးသွားရတဲ့ Gamer မမတစ်ယောက်အကြောင်းကို ရိုက်ကူးပြသထားတာကို တွေ့ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီဇာတ်ကားကိုလူငယ်တွေထက်ကလေးတွေကို ဆုံးမချင်တဲ့ လူကြီးတွေကတော့ပိုကြိုက်မယ်လို့ထင်ပါတယ်။ဒါပေမယ့်လည်း လူငယ်ဇာတ်ကားဖြစ်တဲ့အတွက်လူငယ်တွေ အကြိုက်တွေကို အဓိကထားရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပြီး တန်ဆေးလွန်ဘေးဖြစ်တတ်တယ်ဆိုတာကိုကောင်းကောင်းကြီး ကွက်ကွက်ကွင်းကွင်းမြင်ရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးရဲ့နာမည်ကတော့ Latency ပဲဖြစ်ပါတယ်။အထက်မှာပြောခဲ့သလိုပဲ ဒီဇာတ်ကားထဲမှာအိမ်ထဲကအိမ်ပြင်မထွက်တဲ့ Gamer ကတော့ဟန်နာဖြစ်ပြီး သူအဲ့လိုဖြစ်နေရတယ်ဆိုတာလည်းအကြောင်းအရင်းရှိပါတယ်။အဲ့ဒီအကြောင်းအရင်းကတော့ သူ့မှာဟင်းလင်းပြင်ကြောက်တတ်တဲ့ ရောဂါရှိလို့ဖြစ်ပြီး သူနေတဲ့တိုက်ခန်းထဲကနေအပြင်ကို လုံး၀ခြေတစ်လှမ်းဆို တစ်လှမ်းတောင်မထွက်ရဲတာဖြစ်ပါတယ်။အဲ့လိုအိမ်ထဲမှာပဲ နေရတဲ့အတွက်ဂိမ်းတွေက သူ့အတွက်အဖော်ဖြစ်လာပြီး အခုအချိန်မှာဆိုရင်ဂိမ်းနဲ့ ပတ်သတ်တဲ့ပစ္စည်းတွေကို စမ်းသုံးပေးရတာတွေအစမ်းဆော့ကြည့်ပေးရတာတွေလုပ်နေရပါပြီ။အဲ့လိုအပြင်မထွက်ပဲနဲ့ သူဘယ်လိုအသက်ရှင်နေထိုင်လဲလို့ မေးရင်တော့အပေါ်ထပ်မှာနေတဲ့ သူ့သူငယ်ချင်းဂျန်ကိုအားကိုးပြီးနေနေရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့တစ်နေ့မှာတော့သူ့ဆီကို Omnia လို့ခေါ်တဲ့ထုတ်ကုန်အသစ်တစ်ခုရောက်လာပြီး ပွဲမထုတ်ခင်သူ့ကိုစမ်းသပ်ခိုင်းခဲ့ပါတော့တယ်။အဲ့ဒီ Omnia လို့ခေါ်တဲ့ပစ္စည်းကအာရုံကြောနဲ့ဆက်သွယ်ပြီးလျှပ်စစ်ပစ္စည်းတွေ ဂိမ်းတွေ ပရိုဂရမ်တွေကိုစိတ်နဲ့စေခိုင်းလို့ရစေတဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ဟန်နာကလည်းအဲ့ဒီပစ္စည်းကိုအရမ်းကြိုက်သွားပြီးနောက်ပိုင်းအလွန်အကျွံတွေအသုံးပြုလာမိတဲ့အခါမှာတော့ဘယ်လိုဘေးထွက်ဆိုးကျိုးတွေကိုခံစားရပြီး ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…993MB / 370MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Action , Horror , Thriller Subtitle….Myanmar Subtitle ...
movie

Latency (2024)

Shadow of Fire (2023) 7.0
Shadow of Fire (2023)  ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန် ဂျပန်တွေ စစ်ရှုံးကာလဝန်းကျင်ကို အခြေပြု ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့ cm ပရိသတ်ကြီးကို မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားဟာ နာမည်ကြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေဖြစ်တဲ့ မြူးနစ်ရုပ်ရှင်ပွဲတော်နဲ့ ဗင်းနစ် ရုပ်ရှင်ပွဲတော်တွေမှာ၂၀၂၃ အကောင်းဆုံးဇာတ်ကားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။စစ်ကြီးအတွင်းမှာ ဂျပန်နိုင်ငံကို မဟာမိတ်တပ်ဖွဲ့တွေဗုံးကြဲတိုက်ခိုက်မှုတွေ အများအပြားရှိခဲ့ပြီး နာမည်ကြီးဟီရိုရှီးမားနဲ့ နာဂါဆာကီ အဏုမြူဗုံးကြဲချမှုတွေအပြင်"အနက်ရောင်ဆီးနှင်းကျတဲ့ည"လို့တင်စားခေါ်ဝေါ်တဲ့တိုကျိုဗုံးကြဲတိုက်ခိုက်မှုမှာ တစ်ညအတွင်း လူပေါင်းတစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ကြပြီး နိုင်ငံသားအများအပြား အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရတာပါ။ဇာတ်လမ်းကို မိသားစုတစ်ခုလုံး မီးလောင်ဗုံးကြဲမှုမှာအသက်ဆုံးရှုံးခဲ့ရပြီး ပြည့်တန်ဆာအဖြစ် အသက်မွေးနေရတဲ့အမျိုးသမီးလေး တစ်ယောက်၊ အစားအစာတွေကိုလစ်သလိုခိုးယူပြီး ရှင်သန်နေရတဲ့ မိဘမဲ့ ကောင်လေးတစ်ယောက်နဲ့ စိတ်ဒဏ်ရာအများအပြား ရရှိထားတဲ့ စစ်ပြန်စစ်သားတစ်ယောက်တို့ အတူတွေ့ဆုံမှုနဲ့ စဖွင့်ထားပါတယ်။သူတို့တွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစုဘဝတွေကို ခဏတာအစားပြန်ရသလို ပျော်ရွှင်ခဲ့ကြပေမယ့် ရရှိထားကြတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့ ပျော်ရွှင်မှုကို ရေရှည်ပိုင်ဆိုင်ခွင့် ရဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ဒီဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေအတွက် မျှော်လင့်ချက်ကင်းမဲ့မှုတွေ၊ ကြေကွဲဝမ်းနည်းမှုတွေနဲ့အတူ အထီးကျန်မှုကိုပါထင်ဟပ်ပြသထားပြီး ...
movie

Shadow of Fire (2023)

Gaslit by My Husband: The Morgan Metzer Story (2024) 6.7
Gaslit by My Husband: The Morgan Metzer Story (2024)  ဒီတစ်ခါမှာတော့ CM ကနေ Thriller ရောထားတဲ့အိမ်ထောင်ရေးကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအစကိုတော့ သားဦးလေးကို ဆုံးရှုံးလိုက်ရတဲ့ရော့ဒ်နေးနဲ့ မော်ဂန်တို့ စုံတွဲနဲ့ အစပြုထားပါတယ် ။ငယ်ချစ်ဦးတွေ ဖြစ်ခဲ့ကြတဲ့ သူတို့စုံတွဲဟာ သားဦးလေးဖြစ်တဲ့ကယ်လ်ဗင်ကို ဆုံးရှုံးလိုက်ရပြီး လက်ရှိမှာတော့အမြွှာလေး မွေးထားကြသူတွေပါ ။ ဒါပေမဲ့ သားတစ်ယောက်ဆုံးရှုံးလိုက်ရတဲ့အချက်ကို မမေ့နိုင်သေးတဲ့ မော်ဂန်ဟာအပြုအမူတွေ ထူးဆန်းလာတယ် ၊ အကြမ်းဖက်တတ်လာတယ်လို့ သူ့ယောကျ်ားဖြစ်တဲ့ ရော့ဒ်နေးကထောက်ပြလာခဲ့ပါတယ် ။ ဒီအခြေအနေမှာမှ ရော့ဒ်နေးကအလုပ်ပြုတ်သွားခဲ့ပြီး မော်ဂန်က အိမ်ပြင်ထွက်အလုပ်လုပ်ရတဲ့အခါမှာတော့ နှစ်ယောက်ကြားကအက်ကြောင်းတွေက ပိုလို့တောင် ထင်ရှားလာပါတယ် ။ဒီအချိန်မှာ ရေချိုးခန်းထဲက စတီးရွိုက်ဆေးတောင့်တွေ ၊သူမသိလိုက်ဘဲ သုံးစွဲထားတဲ့ အကြွေးဝယ်ကဒ်နောက်တစ်ခု စတဲ့ ယောကျ်ားဖြစ်သူရဲ့ မူမမှန်တဲ့အချက်တွေကို မော်ဂန် တွေ့လိုက်ရပါတော့တယ် ။သားဖြစ်သူကို ဆုံးရှုံးထားရလို့ ကုထုံးစကားဝိုင်းတွေသွား ၊ ဆေးတွေသောက်နေရတဲ့ မော်ဂန်နဲ့ မော်ဂန့်ကိုရူးနေပါတယ်လို့ တစ်ဖက်သတ်အတင်းစွပ်စွဲနေတဲ့ရော့ဒ်နေး သူတို့နှစ်ယောက်မှာ တကယ်တမ်းမှားနေတဲ့သူက ဘယ်သူဖြစ်မလဲ ။သူတို့ရဲ့ ...
movie

Gaslit by My Husband: The Morgan Metzer Story (2024)

Big Project ( 2024 ) 5.7
Big Project ( 2024 ) CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ ဟာသရသမြောက်တဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ရုပ်ရှင်တွေကို ဖြစ်ကတတ်ဆန်း ရိုက်ကူးလာတဲ့ခေတ်ကြီးထဲမှာ အစ်ကိုဝမ်နဲ့ ဒါရိုက်တာဟွမ်တို့က ဆန်းသစ်တီထွင်မှုတွေနဲ့ ရိုက်ကူးချင်ကြသော်လည်း စမ်းသပ်ကြည့်ဖို့ ဘက်ဂျက်ကရှိမနေပြန်ပါဘူး အဲ့လိုနဲ့တစ်နေ့မှာပရောဂျက်ကြီး တစ်ခုကို ရိုက်ကူးဖို့ နမူနာကို ထုတ်လုပ်သူထံပို့ပေးဖို့ သွားရောက်ရိုက်ကူးချိန်မှာတော့ ရတနာပုလဲကို ခိုးယူထားပြီး လူကိုပြန်ပေးဆွဲလာတဲ့ ဓါးပြနဲ့ဆုံပါလေရော ဖြစ်ချင်တော့ သူတို့ရိုက်ကူးမယ့်ကားကလည်း ပြန်ပေးဆွဲငွေညှစ်တဲ့ကား‌ဖြစ်နေပြန်ရော ယွမ်သိန်း100 တန်ဖိုးရှိတဲ့ပုလဲကို သူတို့လည်း ဘက်ဂျက်ရတယ်ဆိုပြီး အဲ့ဒီဓါးပြနဲ့ဝင်ရောလိုက်ပါတော့တယ်အဲ့တော့ နောက်ပိုင်းဘာတွေဆက်ဖြစ်မှာလဲဆိုတာကို ဟာသအနှောလေးနဲ့ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ဖို့ စိတ်အပန်း‌ဖြေကြည့်ရှုချင်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော် Filesize : 1.07 GB / 565 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Crime , Comedy , Mystery Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Big Project ( 2024 )

Crazy Tsunami ( 2021 ) 5.7
Crazy Tsunami ( 2021 ) ဒီနေ့တော့ Crazy tsunami ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်.. ဒီဇာတ်ကားလေးကို အမြည်းပြောပြရမယ်ဆိုရင်.. ဆင်ခြေဖုံးရပ်ကွက်ကို ပရောဂျက်ကြီးနဲ့ မြို့ပြအဖြစ်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ရှိတယ်.. ဒီလူကို ဆန့်ကျင်နေတာကတော့ အဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ နေတဲ့သူတွေပေါ့...အဲ့ဒေသလေးက ပင်လယ်နဲ့နီးလို့ ပင်လယ်ပျော်မြို့အနေနဲ့ အမှတ်သင်္ကေတ မိကျောင်းတောင် ထားဦးမှာဆိုပြီး ကျန်းဖုန်းဆိုတဲ့လူကို မိကျောင်းသယ်လာခိုင်းတယ်.. သူလည်း သယ်လာတာပေါ့..ဒါပေမယ့် ၁၀ နှစ်ကျော် ခင်မင်လာတဲ့ သူငယ်ချင်း အိမ်နီးချင်းတွေက ကန့်ကွက်ကြတယ် အဲ့ကိစ္စကို... ဒီကန့်ကွက်တဲ့ထဲ အိမ်ကပျောက်သွားတဲ့ သူ့သမီးလေးလည်း ပါနေတာပေါ့.. သူတို့အငြင်းပွားနေချိန်မှာပဲ ဆူနာမီလှိုင်းလုံးကြီးက အမှတ်မထင် နှုတ်ဆက်လိုက်ပါတယ်.. တစ်ချိန်တည်းမှာပဲ ကျန်းဖုန်းသယ်လာတဲ့ မိကျောင်းကြီးလည်း လွတ်သွားတာပေါ့... မိကျောင်းကြီးနဲ့ ဆူနာမီရေကြီးနေတဲ့ ဆင်ခြေဖုံးရပ်ကွက်လေး ဘာဆက်ဖြစ်မယ်ဆိုတာ ဇာတ်လမ်းလေးကြည့်လိုက်နော်... Filesize : 1.11 GB / 668 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Action , Drama Runtime : 1h 18 min Subtitle : Myanmar ...
movie

Crazy Tsunami ( 2021 )

The Caller ( 2024 ) 6
The Caller ( 2024 ) Horror ကားကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် Horror ကားကောင်းကောင်းလေး တစ်ကားကို CM ကနေတင်ဆက်ပေးလိုက်ပါပြီ ။ ဇာတ်ကားလေးကတော့ နာမည်အတိုင်း ဝင်လာတဲ့ ဖုန်းကောလ်တစ်ကောလ်ကနေ ပြဿနာတွေတသီတစ်တန်းကြီး တတ်တဲ့ကားပါ ။ဇာတ်လမ်းအညွှန်းလေးကတော့ လျိုမုန့်ကျားဆိုတဲ့မိန်းကလေးက ယောက်ျားဆီကနေ အိမ်တွင်းအကြမ်းဖက်ခံရတာကြောင့် ယောက်ျားနဲ့ကွာရှင်းဖို့လျှောက်ထားပြီး ရှောင်ရင်းနဲ့ နယ်မြို့လေးတစ်မြို့မှာ အိမ်ပြောင်းနေခဲ့ပါတယ် ။ သူအဲဒီအိမ်မှာနေရင်း တစ်နေ့မှာ ဖုန်းတစ်‌ကောလ်က ထူးဆန်းစွာဝင်လာခဲ့ပါတယ် ။ ဖုန်းဆက်တဲ့သူကလည်း မိန်းမတစ်ယောက်ဖြစ်ပြီးတော့ သူ့ကို လှေကားရှည်လမ်းထိပ်က ဟောင်ကောင်စားသောက်ဆိုင်ကိုလာခဲ့ပေးပါ စောင့်နေမယ်ဆိုပြီး အလောတကြီးပြောပြီးဖုန်းချသွားပါတော့တယ် ။မုန့်ကျားတစ်ယောက် မယုံသင်္ကာဖြစ်မိပေမဲ့ သွားရှာကြည့်လိုက်တဲ့ အဲဒီဟောင်ကောင်စားသောက်ဆိုင်ဆိုတဲ့နေရာက လွန်ခဲ့တဲ့နှစ် ၂၀ လောက်ကတည်းက ဖျက်ခံထားပြီး ဈေးဆိုင်တစ်ခုဖြစ်နေတာပါ ။ ဒီလိုနဲ့ ညတိုင်းဖုန်းပြောဖြစ်ကြရင်း တစ်ဖက်ကမိန်းကလေးကလည်း သူလိုမျိုး ယောက်ျားဖြစ်သူဆီကနေ အနိုင်ကျင့်ခံရဲ့ အမျိုးသမီးဖြစ်ကြောင်းသိရပြီး မုန့်ကျားက စိတ်ခွန်အားတွေပေးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ မမျှော်လင့်ထားဘဲ ဖုန်းဆက်လာတဲ့အမျိုးသမီးက သူလက်ရှိရှိနေတာက ၁၉၉၇ ခုနှစ်အကြောင်းပြောပြလာချိန်မှာတော့ ၂၀၁၇ ခုနှစ်မှာရှိနေတဲ့ မုန့်ကျားတစ်ယောက် အံ့ဩထိတ်လန့်မှုတွေနဲ့ ကြုံတွေ့လာရပါတော့တယ် ။ကဲ ဇာတ်ကားထဲမှာတော့ အတိတ်ကို မတော်တဆပြောင်းလဲမိလိုက်တဲ့ မုန့်ကျားတစ်ယောက် အချိန်နဲ့အာကာသရဲ့ အပြိုင်စကြဝဠာလမ်းကြောင်းကို‌ နှောက်ယှက်မိပြီး ဘယ်လိုထိတ်လန့်စရာတွေနဲ့ကြုံလာရမယ်ဆိုတာကို စိတ်ဝင်စားစွာနဲ့ ဇာတ်ကားလေးထဲမှာ သဲထိတ်ရင်ဖိုဆက်လက်ကြည့်ရှုလိုက်ပါအုံးနော် ။ Filesize : 451 ...
movie

The Caller ( 2024 )

The Garfield Movie (2024)
The Garfield Movie (2024) လူတိုင်းကြိုက်တဲ့ ကြောင်လေး ဂါဖီးရဲ့ စွန့်စားခန်း ရုပ်ရှင်အသစ်ဖြစ်ပါတယ် Starlord မင်းသား Chris prattt နဲ့ Samuel L Jackson တို့က Voice actor အဖြစ် အားဖြည့်ထားပါတယ်ဂါဖီးရဲ့ ငယ်ဘဝနဲ့ သူ့သခင် ဂျွန်တို့နဲ့ ဘယ်လိုတွေ့ခဲ့လဲဆိုတဲ့ နောက်ကြောင်းကို ပြန်ရိုက်ပြထားတာဖြစ်ပါတယ်.. ဂါဖီးရဲ့ အဖေဖြစ်သူ ကြောင်ကြီး ဗစ်လည်းပါဝင်လာပြီး...ဖခင်က ဘာလို့စွန့်ပစ်ခဲ့လဲဆိုတဲ့ အဖေနဲ့သားကြားက ပြဿနာတွေကို ဖြေရှင်းပြီး ဘုံရန်သူကြီး ဂျင့်စ်ဖြစ်တဲ့ ကြောင်ဖြူမရဲ့ အကြပ်ကိုင်မှုကြောင့် လက်တို့စ် နွားနို့ခြံကနေ နို့တွေ ခိုးယူပြီး စွန့်စားကြမယ့် ဂါဖီးကြောင်သားအဖ နှစ်ယောက်ရဲ့ စွန့်စားခန်းတွေကိုကြည့်ရမှာဖြစ်ပါတယ်(အညွန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)File size…(5.2 GB)/(2 GB)/(1 GB) Quality….Webrip 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:41:00 Genre... Science Fiction, Comedy, ...
movie

The Garfield Movie (2024)

4K HEVC
Take Me Away! (1978) 6.1
Take Me Away! (1978)  ကျိုကို ဟာ ဆန်ဖရန်စစ်စကိုကို အလည်သွားတုန်းမှာ တက်ဆု ဆိုတဲ့ကောင်လေးနဲ့ တွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်သား ချစ်မိသွားခဲ့ကြပါတယ်။ ကျိုကို ဟာ ဂျပန်ကိုပြန်ရတော့မယ့်အချိန်မှာ တက်ဆုကို ဂျပန်ကိုပြန်လာဖို့ပြောပါတယ်။နောက်ဆုံးမှာတော့ တက်ဆုက တိုကျိုမှာပြန်ဆုံကြမယ်လို့ ဆိုတဲ့အတွက် ကျိုကိုတစ်ယောက် ဂျပန်ကိုစိတ်အေးလက်အေးပြန်သွားပါတော့တယ်။ ဒါပေမယ့် ကျိုကို ဂျပန် ပြန်ရောက်ပြီးနောက်မှ တက်ဆုဘက်က စာမလာအကြောင်းမကြားနဲ့ ချိန်းထားတဲ့နေရာကို ရောက်မလာတဲ့အခါ... File size…(1.7 GB)/(700 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:32:00 Genre... Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie

Take Me Away! (1978)

The Present (2024) 5.7
The Present (2024)  ဒီကားလေးကတော့ ကလေးရှိတဲ့ မိဘတိုင်း ကြည့်ကိုကြည့်ရမဲ့ မိသားစု ဇာတ်လမ်းလေးပါEric နဲ့ Jennifer တို့ စုံတွဲဟာ နှင်းကျတဲ့ ညတစ်ညမှာ ပထမဆုံးဒိတ်ကျရင်း စံပြအိမိထောင် တစ်ခုကို ထူထောင်နိုင်ခဲ့ကြပါတယ်။ သူတို့မှာ လိမ္မာတဲ့ သမီးကြီး၊ ရော်ကာ သားလတ်ကလေးနဲ့ စကားမပြော အပြင်မထွက် အသားချင်းမထိချင်တဲ့ သားငယ်လေး Taylor ဆိုပြီး သားသမီး ၃ယောက် ရှိကြပါတယ်။ တစ်နေ့မှာတော့ ကလေးတွေနဲ့ ရင်းနှီးကျွမ်းဝင်မဖြစ်ဘူးလို့ ကိုယ့်ကိုကိုယ် ယူဆထားတဲ့ Eric နဲ့ ကလေး ၃ယောက်မွေးထားလည်း လှနေသေးတဲ့ Jen တို့ဟာ single life ကို ပြန်သွားဖို့ရာ ကွာရှင်းကြမယ်လို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။မိဘ ၂ပါး ကွာရှင်းမှာကို တားနိုင်ဖို့ မိသားစုလေး မပြိုကွဲရဖို့အရေး အောင်နှမ ၃ယောက်ဟာ အချိန် ခရီးသွားတာကို ၈၆ ကြိမ်တောင် ပြုလုပ်ခဲ့ကြပါသတဲ့။ ...
movie

The Present (2024)

Dragonkeeper (2024) 6.0
Dragonkeeper (2024)  စပိန်-တရုတ်ဖက်စပ်ရိုက်ကူးထားတဲ့ Dragonkeeperရုပ်ရှင်ကတော့ စိတ်ကူးယဥ်စွန့်စားခန်း Animationရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ရှေးဒဏ္ဍာရီလာနဂါးကြီးတွေကိုထိန်းကျောင်းနိုင်စွမ်းရှိသူတွေအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းကို တရုတ်နိုင်ငံ ဟန်မင်းဆက်ခေတ်မှာအခြေတည်ထားပြီး အစေခံမလေးတစ်ယောက်ဖြစ်တဲ့ပင်နဲ့ နဂါးကြီးလုံတန်စီတို့ရဲ့စွန့်စားခန်းခရီးစဥ်ကို လိုက်ပါကြည့်ရှု့ကြရမှာပါ။လူသားတွေနဲ့နဂါးတွေဟာ ရှေးတုန်းက တစ်ခေတ်တစ်ခါမှာအတူလက်တွဲစစ်တိုက်ခဲ့ကြဖူးပေမယ့် အာဏာမက်မောတဲ့လူသားတွေကြောင့် နဂါးတွေဟာ ဖမ်းဆီးချုပ်နှောင်သတ်ဖြတ်ခံရပြီး မျိုးတုန်းတော့မယ့်အရေးနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။ဒါပေမဲ့ ရဲရင့်တဲ့ပင်ဆိုတဲ့မိန်းမငယ်လေးကတော့ ရှားရှားပါးပါးနဂါးတွေကို ထိန်းချုပ်နိုင်သူပီပီ အခက်အခဲတွေကိုကျော်ဖြတ်ပြီးနောက်ဆုံးလက်ကျန်နဂါးဥလေးကို ကယ်တင်ပေးနိုင်မှာလားဆိုတာ ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…1.64GB / 771MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Animation , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Dragonkeeper (2024)

Garfield (2004) 5.0
Garfield (2004) ကဲ Garfield တဲ့ . ဒီနာမည်လေးကြားတာနဲ့ကို မကြိုက်ဘဲနေနိုင်ဦးမလားခင်ဗျ။ 2004 ခုနှစ်ကထွက်ရှိခဲ့ပြီး ကြည့်ဖူးသည့််သူတိုင်း ကလေးအစ လူကြီးအဆုံး အရမ်းကိုကြိုက်နှစ်သက်ခဲ့တဲ့ Animation နဲ့လူပေါင်းစပ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းတစ်လျှောက်လုံး ရယ်မောဖွယ်ရာဟာသတွေနဲ့ Garfield လို့ခေါ်တဲ့ အသိဉာဏ်အရမ်းကြွယ်ဝတဲ့ ကြောင်လေးတစ်ကောင်ရဲ့ သရုပ်ဆောင်မှုတွေဟာ အရမ်းကိုပြည့်စုံလွန်းတယ်ထင်ရပါတယ်။ သူ့သခင်နဲ့ သူ့ရဲ့စကားပြောဆိုဆက်ဆံမှုဟာ ကြောင်နဲ့မတူဘဲ လူတစ်ယောက်ရဲ့အသိဉာဏ်မျိုးနဲ့ပြောဆိုမှုတွေဟာ ဒီဇာတ်ကားနာမည်ကြီးတဲ့ အဓိကအကြောင်းရင်းထဲက တစ်ချက်ပါပဲ။ ကဲ . ကြည့်ပြီးသားလူတွေလည်း Channel Myanmar ရဲ့ ဘာသာပြန်တင်ဆက်မှုနဲ့နောက်တစ်ခေါက်ပြန်ကြည့်ကြပါ။ ကိုယ့်မှာကလေးတွေ တူ.တူမတွေရှိလည်း ဒီကားလေးကိုပြန်ပြကြပါ။  File size…(1.6 GB)/(930 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Animation, Comedy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

Garfield (2004)

Chestnut (2023) 5.5
Chestnut (2023)  ကောလိပ်ကျောင်းပြီးခါစအန်နီဆိုတဲ့ကောင်မလေးဟာနွေရာသီမှာ အိမ်မပြန်နိုင်သေးဘဲ ကျောင်းရှိရာဖီလာဒဲလ်ဖီးယားမြို့မှာပဲ တဝဲလည်လည်ဖြစ်နေတဲ့အချိန်ဘားတစ်ခုမှာ တိုင်လာဆိုတဲ့ကောင်မလေး၊ ဒန်နီဆိုတဲ့ကောင်လေးနဲ့သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။ တိုင်လာကအန်နီကိုမိန်းကလေးချင်းစလိုက်ရာကနေ အန်နီဟာတိုင်လာကိုတကယ်ချစ်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့သူငယ်ချင်းသုံးယောက်အတူတူရှိနေတဲ့အချိန်တွေမှာတစ်စုံတစ်ခုက သူတို့ရဲ့ဆက်ဆံရေးကိုလေးလံနေစေတယ်ဆိုတာကို အန်နီတစ်ယောက်သတိထားမိလာခဲ့ပါတယ်။ဖခင်ကိုအဖော်ပြုပေးဖို့ ဖခင်ရှိရာမှာအခြေချနေထိုင်သွားဖို့စီစဉ်ထားတဲ့အန်နီဟာ တိုင်လာနဲ့ရှေ့ရေးအတွက်ဖီလာဒဲလ်ဖီးယားမှာ ဆက်နေသွားဖို့အထိ ဆုံးဖြတ်ချက်တွေခိုင်မာခဲ့ပေမယ့် တိုင်လာဘက်ကတော့ အဲဒီလိုမဟုတ်ဘဲအန်နီ၊ တိုင်လာနဲ့ ဒန်နီတို့ရဲ့သုံးပွင့်ဆိုင်အချစ်ရေးကပိုရှုပ်ထွေးလာခဲ့ပါတော့တယ်။  File size…1.71GB / 603MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 27m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Chestnut (2023)

Genres

Archives