Channel Myanmar

New releases (2025)

Content at random


Movies

Inferno (1980) 6.5
Inferno (1980)  ဒီရုပ်ရှင်ကတော့ ၁၉၈၀ ခုနှစ်ထွက် "Inferno" ဖြစ်ပါတယ်။ ဒါရိုက်တာ Dario Argento ရဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်း ရုပ်ရှင်ဖြစ်ပြီးတော့ "Three Mothers" ဇာတ်လမ်းတွဲ၏ ဒုတိယမြောက်ကားဖြစ်ပါတယ်။ဇာတ်လမ်းက နယူးယောက်မြို့ကို နေရာယူထားပြီး Rose Elliot (Irene Miracle) ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဝင်စားဖွယ် စုံစမ်းမှုနဲ့ စတင်ပါလိမ့်မယ်။ Rose က "The Three Mothers" ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရှာဖွေတွေ့ရှိပြီး အဲဒီစာအုပ်ထဲမှာ ကမ္ဘာ့အမှောင်မိခင်သုံးဦးတွေ့ရှိတဲ့အကြောင်းကို ဖော်ပြထားပါတယ်။Rose က သူနေတဲ့ အဆောက်အအုံမှာ နက်နဲတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေရာက Mater Tenebrarum (အမှောင်၏မိခင်) နှင့် ဆိုင်တဲ့ ဖြစ်ရပ်ဆန်းတွေကို ရင်ဆိုင်တွေ့လာရတယ်။ Rose အမူအရာထူးထူးဆန်းဆန်း ဖြစ်နေတဲ့အခါမှာတော့သူရဲ့မောင်ဖြစ်သူ Mark (Leigh McCloskey) က ရောမကနေ နယူးယောက်ကို ခရီးထွက်ပြီး ...
movie

Inferno (1980)

The Convert (2023) 7.0
The Convert (2023)  မင်းသား နစ်ကလက်ကေ့ဂျ်ရဲ့ နာမည်ကျော် ရုပ်ရှင် Next ကိုဖန်တီးခဲ့တဲ့ ဒါရိုက်တာ Lee Tamahori ရဲ့ လက်ရာရုပ်ရှင်ကောင်းအသစ်ဖြစ်ပါတယ်။မင်းသားကတော့ Memento တို့ L.A. Confidential တို့ထဲကGuy Pearce ပါပဲ။ ဇာတ်လမ်းအမျိုးအစားကတော့သမိုင်းနောက်ခံ အက်ရှင် ဒရာမာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း****************သွေးဆာတဲ့ စစ်သားဘဝကနေ တရားရပြီး တရားဟောဆရာဖြစ်လာတဲ့ မွန်ရိုးဟာ ၁၈၃၀ ဗြိတိသျှ နယ်မြေသစ်တစ်ခုကို တရားဟောဆရာအဖြစ်ရောက်လာပါတယ်။အဲဒီမြေမှာ နေကြတဲ့ မော်ရီမျိုးနွယ်စုတွေက အချင်းချင်းတိုက်ခိုက်သတ်ဖြတ်နေကြပြီး လူသားစားတဲ့အဆင့်အထိပါကြမ်းကြုတ်ကြပါတယ်။ အဲဒီမျိုးနွယ်စုတွေကြားထဲမှာငြိမ်းချမ်းရေးရအောင် ကြိုးစားရတဲ့ တရားဟောဆရာအဖြစ်ပါဝင်ထားတာပါပဲ။ တရားဘယ်လိုမှ ချမရတဲ့ကောင်တွေကိုနားရင်းချမှရမယ်ဆိုတာ ပြသသွားတဲ့ကားလည်းဖြစ်ပါတယ်။ကြည့်လိုက်ကြပါဦး။  File size…2.13GB / 964MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ….. Action  , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson
movie

The Convert (2023)

Campton Manor (2024) 5.0
Campton Manor (2024)  Horror ချစ်သူများအတွက် စိတ်ဝင်စားစရာလှည့်ကွက်မျိုးစုံနဲ့ဖြဲမခြောက်ဘဲ ကျောချမ်းနေရမဲ့ သရဲကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့Campton Manor ဖြစ်ပြီးနာမည်ကြီးသရုပ်ဆောင်တွေဒါရိုက်တာတွေနဲ့ ရိုက်ကူးထားတာတော့မဟုတ်ပေမဲ့ သူဟာနဲ့သူကြည့်ကောင်းတဲ့အနေအထားတော့ရှိပါတယ်။ဒီဇာတ်ကားကHorror ဆိုပေမဲ့ လျှို့ဝှက်ဆန်းကြယ်ဖြစ်စဉ်တွေနဲ့ ပေါင်းစပ်ထားတာဖြစ်တဲ့အတွက် ပုံမှန်သရဲကားတွေလို ခြောက် လန့်ပြေးမဟုတ်ဘဲ ခေါင်းနည်းနည်းသုံးပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ အစမှာတော့ အောင်မြင်တဲ့သည်းထိတ်ရင်ဖိုစာရေးဆရာတစ်ဖြစ်လည်း ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ တက်ဒီ့ကိုတွေ့ရမှာဖြစ်ပါတယ်။သူဒီနေ့အလုပ်လာတဲ့ ရက်မှာတော့သူ့ရုံးခန်းကိုဂျက် ဆိုတဲ့လူတစ်ယောက်ကရောက်နေပါတယ်။ဂျက်ကတော်တော်ထူးဆန်းတဲ့လူတစ်ယောက်ဖြစ်ပြီး လာရင်းအကြောင်းလည်းမပြောသလို သူဘယ်သူဆိုတာကိုလည်းမပြောပြပါဘူး။ဒါပေမယ့်သူက တက်ဒီ့မှာသေဆုံးပြီးသား လူတွေကိုမြင်နေရတဲ့ အစွမ်းတစ်ခုရှိနေတာကို သိပြီးတော့ အဲ့ဒီအစွမ်းကိုအသုံးချဖို့လိုအပ်တဲ့အတွက်အကူအညီလာတောင်းတာလို့တော့ပြောပါတယ်။ဘာကိစ္စအတွက်တက်ဒီ့ အစွမ်းတွေကို လိုလဲဆိုတာကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက ကမ့်ပ်တွန်ဆိုတဲ့အိမ်တော်ကြီးမှာလူတွေအစုလိုက်အပြုံလိုက်သေဆုံးခဲ့ကြပြီး ဘာလို့သေဆုံးခဲ့ရလဲဆိုတာကိုအခုထက်ထိအဖြေမရှာနိုင်သေးတဲ့ အမှုအတွက်ပဲဖြစ်ပါတယ်။တက်ဒီကတော့စိတ်မပါပေမဲ့ ဂျက်ကအတင်းအကြပ်ခေါ်နေတဲ့အတွက်ပါသွားခဲ့ပြီးနောက်မှာတော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ကမ့်ပ်တွန်အိမ်တော်ကြီးကိုရောက်ခဲ့ပါတော့တယ်။အဲ့ဒီကစပြီးတော့တက်ဒီနဲ့ ဂျက်နှစ်ယောက်အိမ်ကြီးထဲဝင်သွားခဲ့ကြပြီးနောက် ဒီအိမ်ကြီးမှာဖြစ်ခဲ့တဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှုတွေရှိနေလဲ ဆိုတာကို အဖြေရှာကြပုံကို ကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…976MB / 395MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 32m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard ...
movie

Campton Manor (2024)

Kakuda (2024)
Kakuda (2024) Kakuda 2024 ကျိန်စာသင့်ရွာTGIFလေးမှာ ဘဝအမောတွေပြေပျောက်အောင် ဟာဒယရွှင်ဆေးလေးဖြစ်တဲ့ horror comedy ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီဗျ။ သရဲကားဆိုပေမဲ့ ဟာသဦးစားပေးထားတာဖြစ်တဲ့အပြင် castမှာဆိုရင်လဲ ဟင်ဒီနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ ဆိုနာ့ရှီးဆင်ယာနဲ့ ရီတေးရှ်တို့ ပါဝင်သရုပ်ဆောင်ထားတာကြောင့် အကြိုက်တွေ့စေမဲ့ ဟာသသရဲကားလေးပဲဖြစ်ပါတယ်မြို့တွေရဲ့အဝေးတစ်နေရာ လူသူနည်းတဲ့နေရာလေးမှာ သီးသန့်လေးဖြစ်နေတဲ့ရာတိုဒီဆိုတဲ့ရွာငယ်လေးလူသူအရောက်အပေါက်နည်းတဲ့အပြင် ဒီရွာလေးမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ အင်္ဂါနေ့တိုင်း ည ၇:၁၅ ရောက်တာနဲ့ အိမ်တိုင်းမှာရှိတဲ့ တံခါးပေါက်ငယ်လေးကို ဖွင့်ထားရပါသတဲ့။ ဒီတံခါးကိုမဖွင့်ထားရင်တော့ ကာကူဒါဆိုတဲ့သရဲက အိမ်ကယောက်ျားသားကို ကျိန်စာတိုက်ပြီး အဲဒီလူက နေ့ချင်းညချင်း ခါးကုန်းကြီးဖြစ်သွားပြီးတော့ ၁၅ ရက်နေရင် သေရတယ်ဆိုတဲ့အယူပါ။ဒါကို ချစ်သူဖြစ်တဲ့ ရာတိုဒီရွာသားဆန်နီက ယုံလည်းယုံ ကြောက်လည်းကြောက်ပေမဲ့ ခေတ်ပညာတတ်ဖြစ်တဲ့ အင်ဒီရာက‌တော့ မယုံပါဘူး။ ဒီလိုနဲ့ အိမ်ကအသည်းအသန် အိမ်ထောင်ချပေး‌တာကိုရှောင်ဖို့ ဆန်နီနဲ့ခိုးပြေးပြီး ရာတိုဒီရွာကိုသွားဖို့ အင်ဒီရာတစ်ယောက် အကြောင်းဖန်လာချိန်မှာတော့......(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ BpL ~ Thura ~ Cyrah ~ KKKZတို့ပဲဖြစ်ပါတယ်) File size…1.6GB / 721MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h ...
movie

Kakuda (2024)

2024
Man in Love (2014) 7.0
Man in Love (2014) Man in Love (2014)ယောကျ်ားတန်မယ့် မျက်ရည်နဲ့မျက်ခွက်ဆိုတာ ဒီလိုကားပါပဲ...အချစ်ကြောင့် ယောကျ်ားရင့်မာကြီးတွေ ဘယ်လိုကြွေကျကြလဲ သက်သေခံမဲ့ရုပ်ရှင်ပါ...။မင်းသားကြီးကတော့ တောင်ကိုရီးယားရဲ့ အနုပညာကြေးမြင့်မားပြီး ရုပ်ဆိုးဆိုးလို့ခပ်လွယ်လွယ်ရှုမြင်ကြတဲ့ Hwang Jung-minမင်းသမီးကတော့ ဂျူမုန်ထဲက Han Hye-jin...ဇာတ်လမ်းကတော့...ဟွမ်ဂျွန်မင်းဆိုတာ သူဌေးရဲ့အကြွေးတွေကို လိုက်တောင်းပေးနေတဲ့ လူမိုက်တစ်ယောက်။တစ်နေ့မှာ အကြွေးလိုက်တောင်းရင်း အဖေ့အတွက် အကြွေးဆပ်ဖို့ကျန်ရှိနေတဲ့ ဂျိုဟေးဂျောင်ကိုမြင်မြင်ချင်း တဖက်သတ်ချစ်မိသွားခဲ့တယ်။ ဒါကြောင့် ဂျိုဟေးဂျောင်ရဲ့ အကြွေးစာချုပ်ကို သူဌေးဆီကနေ ဘောနပ်အဖြစ်တောင်းပြီး ဂျိုဟေးဂျောင်နဲ့အပေးအယူလုပ်လိုက်ပါတော့တယ်။အဲ့ဒီအပေးအယူကဘာလဲ...လူကြမ်းကြီးနဲ့ မင်းသမီးတို့ဇာတ်လမ်းကဘယ်လိုဆက်သွားမယ်ဆိုတာ....ဟာသကားလို့ထင်ပြီး ကြည့်လိုက်မိပြီး ငိုမိသွားသူတွေ ဒုနဲ့ဒေးပါပဲ။ File size…(1.8 GB )/(880 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….02:00:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Myat Chel
movie

Man in Love (2014)

Let Me Eat Your Pancreas (2017) 7.4
Let Me Eat Your Pancreas (2017) Let Me Eat Your Pancreas (2017) IMDb - 7.1/10 My Drama List - 8.2“ငါတို့ရွေးချယ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေက ငါတို့နှစ်ယောက်ကို ဆုံစေခဲ့တာပဲ”အတန်းထဲမှာ တစ်ယောက်တည်း သီးသန့်နေတတ်တဲ့ ရှင်းဂဟာရုကိတစ်ယောက် ဆေးရုံမှာ အူအတက်ခွဲရင်း အတန်းထဲမှာ နာမည်အကြီးဆုံးဖြစ်တဲ့ ရာမာအူချီဆာကူရာရဲ့ ဒိုင်ယာရီစာအုပ်ကို မတော်တဆဖတ်မိပြီး ဆာကူရာ့ရဲ့ လျှို့ဝှက်ချက်သိသွားပါတယ်။ ဆာကူရာက ရှင်းဂတစ်ယောက် သူ့လျှို့ဝှက်ချက်ကိုအသုံးချပြီး အာရုံအစိုက်ခံရအောင်လုပ်မယ်လို့ ထင်ထားခဲ့ပေမယ့် တကယ်တမ်း ရှင်းဂကဘာမှမလုပ်လို့ စိတ်ဝင်စားပြီး ရင်းရင်းနှီးနှီးနေဖို့လုပ်လာပါတယ်။တကယ်တော့ ဆာကူရာက ပန်ကရိယရောဂါနဲ့ တစ်နှစ်အတွင်း သေရတော့မယ့်လူပါ၊ အဲဒါကို မိဘကလွဲပြီး ဘယ်သူမှမသိပေမယ့် ရှင်းဂသိသွားပြီး အဲဒါကိုအသုံးမချတဲ့အတွက် သူ့ရဲ့လက်ကျန်အချိန်တွေကို ရှင်းဂနဲ့အတူ ပျော်ပျော်ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တစ်နှစ်အတွင်း ဘာတွေကြုံရမလဲ ရှင်းဂတစ်ယောက်ကရော ပြောင်းလဲလာမလား...Let Me Eat Your Pancreas ဇာတ်လမ်းကို 2014 ခုနှစ်မှာ manga အနေနဲ့ထွက်ရှိခဲ့ပြီး 2017 ခုနှစ်မှာ live-action ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားကို 2018 ခုနှစ်မှာ ...
movie

Let Me Eat Your Pancreas (2017)

2017
You and Me / Ikaw At Ako (2023) 6.8
You and Me / Ikaw At Ako (2023) You and Me (2023)ဒီဇာတ်ကားလေးမှာ လူ့ဘဝရဲ့ဆည်းဆာနေဝင်ချိန်ကာလတွေကို ရင်ဆိုင်ဖြတ်သန်းနေကြတဲ့ အဖိုးနဲ့အဖွားတို့ရဲ့ လက်ရှိဆည်းဆာအချိန်ကာလ၊ သူတို့နှစ်ဦးရဲ့ သက်လတ်ပိုင်းအရွယ်မှာ မိသားစုဘဝတစ်ခု တည်မြဲနိုင်ဖို့အတွက် အချင်းချင်း သည်းခံအားတင်းရင်း ရင်ဆိုင်ဖြတ်ကျော်မှုတွေ၊ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ နားလည်ပေးမှုနဲ့ ဆက်လက်ညှိနှိုင်းလိုခြင်းမရှိတဲ့အတွက် ဖြစ်ပေါ်လာရတဲ့ နောက်ဆက်တွဲ ဘဝအခက်အခဲစိန်ခေါ်ချက်ကို သရုပ်ဖော်ပြသထားပါတယ်။ ဒါ့အပြင် နွေရာသီတောတွင်းစခန်းချသင်တန်းကာလအတွင်းမှာ ဆုံတွေ့ကြတဲ့ ကလေးငယ်လေးနှစ်ဦးရဲ့ တစ်ဦးကိုတစ်ဦး တွယ်နှောင်ရစ်မိကြတဲ့ သံယောဇဉ်တွေကိုလည်း ဖော်ကျူးပြသထားပါတယ်။သက်လတ်ပိုင်းအရွယ်မှာ ချစ်ရသူလက်တွဲဖော်ဆီကနေ ရယူချင်တဲ့ နားလည်ပေးမှုနဲ့ အချစ်၊ တစ်ဦးချင်းစီရဲ့ မညီမျှတဲ့ နားလည်သည်းခံပေးနိုင်မှုအတိုင်းအတာ၊ ချစ်နေကြဆဲဆိုပေမယ့်လဲ အတူတူ ဆက်မရှိနိုင်ကြတော့တဲ့ ချစ်သူနှစ်ဦးရဲ့ အချိန်တွေ၊ အတက်အကျ ခံစားချက်မျိုးစုံကို ပြန်ပြောင်းသတိရတွေးမိပုံနဲ့ ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားလေးဟာ ဘဝနေဝင်ချိန် လက်တွဲဖော်အချစ်၊ ပိုင်ဆိုင်လိုစိတ်များတဲ့ လူငယ်သက်လတ်ပိုင်း အချစ်နဲ့ ကလေးငယ်ဘဝ သူငယ်ချင်းသံယောဇဉ်ကြီးမားကြပုံ စတဲ့ မတူညီတဲ့ ချစ်ခြင်းမေတ္တာပုံစံများကို အရွယ်သုံးမျိုးနဲ့ ဖော်ကျူးပြသထားတဲ့အတွက် မလွတ်တမ်းကြည့်ရှုခံစားသင့်တဲ့ ဖိလစ်ပိုင်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ပဲ ဖြစ်ပါတယ်...Genre..... Drama Quality…. 1080p | 720p File size… 1.2GB | 580MB Format… mp4 Duration…. ...
movie

You and Me / Ikaw At Ako (2023)

2023
Layangan Putus: The Movie (2023) 6.1
Layangan Putus: The Movie (2023) layangan putus (2023) (IMDb 6.1/10)ဒီတစ်ခါ အာရှကားနှစ်သက်တဲ့ CM ပရိသတ်ကြီးအတွက် အင်ဒိုဒရာမာကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါရစေ အာရှကားတွေ ထုံးစံအရ ဇာတ်လမ်းလေးကတော့ သိပ်မထူးခြားဘူးဆိုပေမယ့် အာရှကားတွေဆိုတဲ့အတိုင်း ဒိုင်ယာလော့တွေ ဇာတ်လမ်းအချိုးအကွေ့တွေက ရသမြောက်တယ်ဆိုတာ ပြောပြချင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ အဲရစ်ဟာအောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ဇနီးကီနန်နဲ့ သမီးလေးရာယာဆိုပြီး သာယာတဲ့ဘဝလေးပိုင်ဆိုင်ထားပါတယ် ဒါပေမဲ့ ရုပ်ရှိရေလျှံကျားတို့ထုံးစံအရ စမောဆွဲပြီးတော့ အဲ့ဒါကို မယားကြီးကသိသွားတဲ့အခါ သူ့ကိုကွာရှင်းသွားပါတယ် အဲ့ဒါနဲ့ အဲရစ်လည်း အငယ်လေးလီဒီယာနဲ့ လက်ထပ်ပြီးတော့ အိမ်ထောင်သစ်ထူထောင်ခဲ့ပေမယ့် သူ့စိတ်က ငယ်ကချစ်မမေ့သာတဲ့ ကီနန်ဆီမှာပဲ တဝဲဝဲလည်နေတဲ့အခါမှာ အိမ်ထောင်ရေးဇာတ်လမ်းလေးဆိုပေမယ့်လည်း ဘဝသင်ခန်းစာယူတတ်ရင် ယူလို့ရတာမို့ ပရိသတ်ကြီးတို့ဆက်ခံစားကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ရပါတယ်...အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ဖြစ်ပါတယ်...Genre..... Dramal, Romance Quality…. 1080p | 720p File size… 1.1GB | 565MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Saii Thurein Lynn Encoder ..... Aaron
movie

Layangan Putus: The Movie (2023)

2023
Lumberjack the Monster (2024) 5.9
Lumberjack the Monster (2024) Lumberjack the Monster (2023)Thriller/ Horror/ Crime Drama အမျိုးအစားကိုမှ နှစ်သက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ ကွင်းဆက်လူသတ်မှုတစ်ခုမှာ လူသတ်သမားဟာ သေဆုံးသူတွေရဲ့ဦးနှောက်ကို ထုတ်ယူသွားတတ်ရာကနေ အစပြုထားပါတယ်။ ဦးနှောက်သူခိုး လို့ ခေါ်တွင်ထားတဲ့ ဒီလူသတ်သမားဟာ ဘာကြောင့်များ လူတွေကိုသတ်ပြီး ဦးနှောက်တွေကို ထုတ်ယူသွားတာဖြစ်မလဲ ။အသတ်ခံရတဲ့လူတွေရဲ့ ဦးနှောက်ထဲမှာ ဘာတွေများရှိနေလို့လဲ။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က တားမြစ်ပိတ်ပင်ခံထားရတဲ့ တရားမဝင် အာရုံခံချစ်ပ်ပြားတွေနဲ့ရော ပတ်သက်မှုရှိနေမလား ဒါမှမဟုတ် လူသတ်သမားဟာ စိတ္တဇသမားသက်သက်ပဲလား စတဲ့ မေးခွန်းပေါင်းမြောက်မြားစွာနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Crime Thriller ဇာတ်ကားတစ်ကားပါ။ကဲ ပိတ်ရက်လေးမှာ အတွေးပေါင်းမြောက်မြားစွာနဲ့ Thriller ကားလေး ကြည့်ချင်နေတယ်ဆိုရင်တော့ အခုပဲ ကိုယ်တိုင်ကြည့်ပြီး အဖြေရှာလိုက်ကြရအောင်လားဗျာ။အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe & Khaing ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Thriller Quality…. 1080p | ...
movie

Lumberjack the Monster (2024)

2024
Leave a Letter to God /  Titip Surat Untuk Tuhan (2024) 7.1
Leave a Letter to God / Titip Surat Untuk Tuhan (2024) Titip Surat Untuk Tuhan 2023 အညွှန်း"ဘုရားရှင်ကို ဘယ်မှာတွေ့လို့ရမလဲ" "မင်း နှလုံးသားထဲမှာ"တူလု့စ် အသက်က ၇ နှစ်။ အဖေရယ် အမေရယ် အစ်မတစ်ယောက်ရယ် မိသားစုလေးမှာ မချမ်းသာပေမဲ့ ညတိုင်းတီဗီလုရတာက လွဲရင် သူတို့မိသားစုလေးက အတော်ပျော်ဖို့ ကောင်းပါသည်။ မနက်တိုင်း မိသားစုလိုက် ဘုရားဝတ်ပြုချိန်မှာတော့ တူလု့စ်က အိပ်ပျော်နေတာ များသည်။အေးချမ်းနေတဲ့ တူလု့စ်တို့မိသားစုရဲ့ စိတ်မအေးချမ်းစရာ နေ့ရက်တွေက အစ်မဒင်ဒါ နေမကောင်းဖြစ်ရာက စသည်။ ဒင်ဒါ့အခြေအနေက ဆိုးသထက်ဆိုးလာတာမို့ ဆေးရုံတက်ဖို့၊ ခွဲစိတ်ဖို့က မလုပ်လို့ မဖြစ်ပါ။ သာမန်ဝန်ထမ်းအဖေရဲ့ လစာက မလောက်မင၊ အပိုအလျှံဆိုတာ မရှိပြန်တာမို့ မိဘတွေက ဆေးရုံစရိတ်အတွက် ပူပန်ရုန်းကန်လာရသည်။တူလု့စ်မှာလည်း နေမကောင်းဖြစ်နေတဲ့ အစ်မနဲ့ တကျက်ကျက် ရန်ဖြစ်လာတတ်တဲ့ မိဘတွေကို ကြည့်ရင်း အရင်လို မပျော်ရွှင်နိုင်တော့။ ဒီလိုနဲ့ နေ့တိုင်း၊ ဘုရားဝတ်ပြုတိုင်း ဆုတောင်းပြုခဲ့သည့် ဘုရားရှင်ထံလိပ်မူပြီး စာတစ်စောင် ပို့ခဲ့သည်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Su ...
movie

Leave a Letter to God / Titip Surat Untuk Tuhan (2024)

2024
Ship of the Damned (2024) 5.0
Ship of the Damned (2024)  ဒီတစ်ပတ် cm ပရိသတ်တွေအတွက် မိုးအေးအေးမှာအပျင်းပြေ ကြည့်ရှုလို့ရမယ့် ဇာတ်ကားလေးတစ်ကားကိုမိတ်ဆက်ပေးပါရစေ။ Ship of the damned ဇာတ်ကားဟာHorror နဲ့ Action အမျိုးအစားဝင် ဇာတ်ကားဖြစ်ပြီးဇာတ်ကားအဆုံးမှာ ကြည့်ရှုသူ ပရိသတ်တွေကိုဘာကြောင့်လဲဆိုပြီး တွေးမိစေမယ့် ဇာတ်ကားမျိုး ဖြစ်ပါတယ်။နှစ်ပေါင်း ၄၀၀ ကျော် တိမ်မြုပ်ပျောက်ကွယ်နေတဲ့ပင်လယ်ဓားပြလှေတစ်စင်းဟာ တစ်ညမှာတော့ UK ရဲ့ကမ်းစပ်မြို့ငယ်လေးတစ်ခုဖြစ်တဲ့ ဆော့ဖလိမြို့ရဲ့ပင်လယ်ရေပိုင်နက်ထဲမှာ ပေါ်လာခဲ့ပါတယ်။ဒီသင်္ဘောကို စူးစမ်းလေ့လာဖို့အတွက် ရောက်ရှိလာတာကတော့ကမ်းခြေစောင့်တပ်ဖွဲ့အေဂျင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့မိုက်ကယ်ဆိုတဲ့ သူနဲ့ ရှေးဟောင်းသင်္ဘောပျက်တွေကိုလိုက်လံရှာဖွေလေ့လာတဲ့ ပညာရှင် အယ်လီနာဆိုတဲ့အမျိုးသမီးတစ်ယောက်ပါပဲ။ သူတို့လှေပေါ်ရောက်ပြီးမကြာခင်သိလိုက်ရတာက ဒီသင်္ဘောဟာ သူတို့ထင်ထားသလိုလူသူကင်းမဲ့နေတဲ့ သင်္ဘောပျက်တစ်ခု မဟုတ်ဘဲထာဝရ ကျိန်စာသင့်နေတဲ့ လူသားစား သင်္ဘောသားတွေရှိနေတယ် ဆိုတာပါ။ ဒီသူတွေက ဘာကြောင့် မသေဆုံးနိုင်ဘဲဒီပင်လယ်ဓားပြလှေနဲ့အတူ မျောပါရွက်လွှင့်နေရတာလဲ။ဒါ့အပြင် သူတို့ကျိန်စာကို ချိုးဖျက်ဖို့အတွက် ဒီကျိန်စာသင့်လူသားတွေ လိုက်လံရှာဖွေနေတဲ့ အရာက အယ်လီနာလိုမျိုးလူသားအမျိုးသမီးတစ်ဦး ဖြစ်နေတဲ့အခါမှာတော့ ....။ File size…944MB / 370MB Quality…WEB-Rip 1080p ...
movie

Ship of the Damned (2024)

Léon: The Professional (1994) 8.5
Léon: The Professional (1994) Leon: The Professional (1994) IMDb: 8.5/10 Genre: Action, Crime, DramaThe Fifth Elementတို့ Lucyတို့ La Femme Nikitaတို့လို Annaတို့လို အက်ရှင်ကားတွေကို ရိုက်ခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ Luc Bessonရဲ့ နာမည်အကျော်ဆုံးရုပ်ရှင်လို့ ပြောရမယ်။ဒီရုပ်ရှင်က ကောင်းသောနာမည်ကျော်ခြင်းရော မကောင်းသောနာမည်ကျော်ခြင်းရော နှစ်ခုလုံးကို ရရှိခဲ့တဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ မကောင်းသောနာမည်ကျော်ခြင်းကတော့ သိကြသလိုပဲ ၁၃နှစ်ကလေးနဲ့ သံယောဇဉ်ထက်ပိုတဲ့အရာတွေကို ရိုက်ပြခဲ့တော့ paedophileဇာတ်တော်တော်ဆန်သွားလို့ပါပဲ။ ဘာပြောပြော Leon: The Professionalဟာ အက်ရှင်စီနီမာမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သလို အခုထိလည်းကိုးကားနေကျ ရုပ်ရှင်တစ်ခုဖြစ်နေပါပြီ။ မကြာသေးခင်ကထွက်ခဲ့တဲ့ The Boysရဲ့အပိုင်းတစ်ပိုင်းထဲတောင် ထည့်ပြောသွားပါသေးတယ်။ သရုပ်ဆောင်တွေကတော့ Jean Reno, Natalie Portmanနဲ့ Gary Oldmanတို့တွေပါဝင်ထားတယ်။ သုံးယောက်စလုံးက သရုပ်ဆောင်တော်တော်ကောင်းတဲ့ ဒိတ်ဒိတ်ကြဲတွေချည်းပဲ။ဇာတ်ကတော့ Leonဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ သူ့နာမည်အတိုင်း ပရော်ဖက်ရှင်နယ် မတရားကျတဲ့ ကြေးစားလူသတ်သမားပေါ့။ မြန်တယ်။ တိကျတယ်။ မလိုတာမလုပ်ဘူး။ မဆိုင်တာ ဝင်မပါတတ်ဘူး။ ဒီလိုနဲ့ သူနေတဲ့တိုက်ခန်းမှာ မိသားစုတစ်စုကို ...
movie

Léon: The Professional (1994)

1994
(18+) The Diary of a Teenage Girl (2015) 6.8
(18+) The Diary of a Teenage Girl (2015)  မီနီဆို တဲ့ ကာတွန်းရေးဆွဲသူအဖြစ်ဆန္ဒပြင်းပြတဲ့ ၁၅ နှစ်အရွယ်ကောင်မလေးက ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားမှုရှိလာတဲ့ အချိန် သူမ အမေရဲ့ ရည်းစားဖြစ်သူနဲ့ပက်သက်မိတဲ့အချိန်မှာတော့ ........ဒီဇာတ်ကားကတော့ ကာတွန်းရေးဆွဲသူလည်းဖြစ် တဲ့ စာရေးဆရာမ Phoebe Gloeckner ရဲ့ ၂၀၀၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စာအုပ်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်၊ ကဗျာရော ကာတွန်းရော နှစ်မျိုးစပ်ထားလို့ ထင်ရှားတဲ့စာအုပ်တအုပ်ဖြစ်ပါတယ်။အချိန်က ၁၉၇၆ ခုနှစ် ဆန်ဖရန်စစ္စကို ကယ်လဖိုးနီးယားမှာနေထိုင်တဲ့ ၁၅ နှစ်အရွယ် မီနီ ဆိုတဲ့ကောင်မလေးက သူ့ အပျိုစင်ဘဝကို သူမအမေရဲ့ရည်းစားဆီမှာဆုံးရှုံးလိုက်တဲ့ အချိန်မှာတော့ သူမကိုယ်တိုင် ခံစားချက်တွေ, အတွေ့အကြုံတွေ/ ဆယ်ကျော်သက်ကောင်မလေး တယောက်ရဲ့ စိတ်အတက်အကျ တွေ တိတ်ခွေဒိုင်ယာရီ နဲ့ အသံသွင်းပြောပြထားတာကို တင်ဆက်ပြသထားပါတယ် ..... File size…(1.5 GB)/(650 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

(18+) The Diary of a Teenage Girl (2015)

Tusk (2014) 5.3
Tusk (2014) Tusk (2014)Tusk ဟာ နာမည်ကျော် A24 ကနေ ၂၀၁၄က ထွက်ခဲ့တဲ့ကားပေမဲ့ A24 ပရိသတ်တွေကြား အခုထိ တခုတ်တရထည့်ထည့်ပြောနေရတဲ့ ကားပါ။ A24 က ဒီလိုကား အခုထိ ဒီတစ်ကားပဲရှိနေတော့ သူ့ဖန်တွေအတွက် ဒီကားက အမြဲအမှတ်တရလို ဖြစ်နေမယ့်ကားလည်းဖြစ်နေပါတယ်။ A24 က ဒီလိုကားတွေလည်း ဖြန့်တာလားဟလို့လည်း ပြောချင်ပြောလို့ရသလို တကယ်တမ်းပြောကြတာကတော့ ဒီကားရဲ့ စိတ်ညစ်ညူးအောင်လုပ်နိုင်စွမ်းကို ပြောကြတာက ပိုများတာပေါ့။ ဟာသမင်းသား ကီဗင်စမစ်က ရိုက်ထားတာမို့လို့လည်း ဒီကားက Comedy Horror ကားဖြစ်နေတယ်။ ဒီကားရဲ့ Horror ကတော့ Body Horror ပါ။ အားလုံးလည်းသိကြတဲ့အတိုင်း Body Horror ဆိုတာမျိုးက ကြည့်ရတဲ့သူတင်မဟုတ် တစ်ခါတလေကျ ဘာသာပြန်တဲ့လူကိုပါ တော်တော်စိတ်ထဲစွဲပြီး စိတ်ညစ်အောင်လုပ်နိုင်တယ်။ သေချာတာကတော့ ဒီဇာတ်ကားရဲ့ အကြောင်းအရာနဲ့ အပြတွေဟာ ထူးထူးခြားခြားနဲ့ ရှားပါးပါတယ်။ ...
movie

Tusk (2014)

2014
Election (2024) 6.6
Election (2024) Election (2024) =============ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2024 ခုနှစ်မှာထွက်ရှိထားတဲ့ Election ဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကိုတော့ Thamizh က ရိုက်ကူးပေးထားပြီး အဓိကဇာတ်ဆောင်အနေနဲ့ Vijay Kumar အပြင် Preethi Asrani, Richa Joshi, George Maryan, Pavel Navageethan, Dileepan နဲ့ Rajeev Anand စတဲ့ သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင် သရုပ်ဆောင်ပေးထားပါတယ်။ IMDb rating အနေနဲ့ကတော့ 6.6 အထိ ရရှိထားပါတယ်။ဒီဇာတ်လမ်းလေးမှာဆိုရင် နိုင်ငံရေးသမားတွေ ကြုံတွေ့ရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ဆုပ်လည်း စူး စားလည်း ရူးအခြေအနေတွေကိုပါ မီးမောင်းထိုးဖော်ပြထားတာမလို့ Political thriller ကားကောင်းကောင်းလေးမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တွေကိုတော့ အကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ နာဒါရာဆန်ဟာ နိုင်ငံရေးကို စိတ်မဝင်စားပေမဲ့ နောက်တော့ သူ့အဖေဂုဏ်ယူရအောင်ဆိုပြီး ရပ်ကွက်ကောင်စီဥက္ကဌနေရာအတွက် ဝင်ပြိုင်ပါတော့တယ်။ ဒီလိုမျိုး ရွေးကောက်ပွဲတွေနဲ့အတူ ရှုပ်ထွေးလွန်းလှတဲ့ နိုင်ငံရေးလောကထဲကို နာဒါရာဆန်တစ်ယောက် ခြေချလိုက်တဲ့အခါမှာတော့ ...
movie

Election (2024)

2024
Friend Zone (2019) 7.6
Friend Zone (2019) သင်ရော သင်ချစ်ရတဲ့သူငယ်ချင်းရဲ့ friend zone ထဲ ရောက်နေပြီလား??...Friendzone ဆိုတဲ့ ဒီဇာတ်ကားကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံအနှံ့အပြားမှာ ရိုက်ကူးထားခဲ့တာဖြစ်ပြီးဇာတ်ဝင်တေးကိုလည်း နိုင်ငံအစုံက အဆိုတော်တွေနဲ့ ဘာသာမျိုးစုံသီဆိုထားပါတယ်မြန်မာနိုင်ငံက အဆိုတော်ဖြူဖြူကျော်သိန်း အပါအဝင်ပေါ့ဒီဇာတ်ကားထဲမှာတော့ မင်းသမီးလေး Baifern Pimchanok က ဂင်းဆိုတဲ့ ကောင်မလေးအဖြစ်နဲ့မင်းသား Nine Naphat ကတော့ ဂင်းကို ကြိတ်သဘောကျနေတဲ့ ကောင်လေး ပမ်အဖြစ် သရုပ်ဆောင်ထားပါတယ်Friend zone ထဲရောက်နေတဲ့ သူတွေအတွက် အဆိုးဝါးဆုံးအရာကဘာလဲသိလားကိုယ်ချစ်ရတဲ့သူငယ်ချင်းက ရည်းစားရသွားတာပါပဲအဲဒီလိုပဲ ပမ်အနေနဲ့ ဆယ်နှစ်ကျော်ချစ်ခဲ့ရတဲ့ ဂင်းတစ်ယောက် ရည်းစားရပြီး တဇွတ်ထိုးလုပ်နေတာကို လိုက်ထိန်းနေရတဲ့ပမ်တစ်ယောက် အဆုံးသတ်မှာ ဆယ်နှစ်ကြာ friend zone ကနေ ရုန်းထွက်နိုင်မလားဂင်းအနေနဲ့ကရော ပမ့်အပေါ် ဘယ်လိုသဘောထားဆုံးဖြတ်ပေးသွားမလဲဆိုတာကိုငယ်သူငယ်ချင်းကြား အမှတ်တရလေးတွေ ပျော်ရွှင်စရာ ဟာသဖြစ်ရပ်လေးတွေနဲ့အတူ ရိုက်ကူးပုံဖော်ထားပါတယ်❤️❤️သင်လည်း friend zoneထဲထည့်ခံထားရသူဆို ချစ်ရတဲ့crush လေးကို ဒီကားပြပြီး ကိုယ့်အချစ်တွေမြင်လာအောင်ပြလိုက်တော့နော်..။(ဘာသာပြန်ပေးထားသူတွေကတော့ Kyi ...
movie

Friend Zone (2019)

2019
HEVC 1080p
Trigger Warning (2024)
Trigger Warning (2024) မင်းသမီး Jessica Alba ရဲ့ Netflix အက်ရှင်ဇာတ်ကြမ်းကားသစ်လေးပါ...အမေရိကန်စစ်တပ်ရဲ့ လက်ရွေးစင်စစ်သမီး ပါကာဟာ အာဖဂန်မှာ စစ်မှုထမ်းပြီး ဖခင်ဆုံးသွားတာကြောင့် သူ့အဖေရှိရာ မြို့ငယ်လေးကိုပြန်လာခဲ့ပါတယ်သူ့အဖေရဲ့ ဘားဆိုင်ကို လက်လွှဲယူပြီး အေးဆေးဖြတ်သန်းနေရင်းနဲ့... သူ့ဖခင်ဆုံးသွားတာက သွေးရိုးသားရိုးမဟုတ်ဘဲ ...မြို့တွင်းက လက်နက်မှောင်ခိုအကျင့်ပျက်ခြစားနေတဲ့ ရဲဝန်ထမ်းနဲ့ လူမိုက်ဂိုဏ်းတွေ ပါဝင်ပတ်သက်နေကြောင်းသိလိုက်ရတဲ့အခါမှာတော့....ဖခင်ရဲ့သေဆုံးမှုကို လက်စားချေရင်း ဒုစရိုက်မှုတွေကိုဖော်ထုတ်ရှင်းလင်းဖို့ ပါကာရဲ့တာဝန်ဖြစ်လာပါတော့တယ်။Rating တွေ မကောင်းလှပေမယ့် ဂျက်စီကာအယ်လ်ဘာ ပရိတ်သတ်နဲ့ အက်ရှင်ပရိတ်သတ်တွေတော့ ကြည့်လို့ကောင်းမှာပါ။(အညွန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)File size…(2.6 GB) / (1.2 GB)/(720 MB) Quality….Webrip 4K HEVC/1080p / 720p Format…mkv/mp4 Duration….01:47:00 Genre... Action,  Crime, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing 
movie

Trigger Warning (2024)

4K HEVC
Danshari Paradise (2023) 6.5
Danshari Paradise (2023) Danshari Paradise (2024)~ IMDb - 6.5/10, MyDramaList - 7.9/10 ~ဒီရုပ်ရှင်ကတော့ ဂျပန်သွားတာ တော်တော်ခေတ်စားလာတဲ့ ဒီနေ့ခေတ်မှာ အဲဒီလောကနဲ့ မကင်းတဲ့လူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်လို့ထင်တာပါပဲ။ ဒီရုပ်ရှင်မှလည်း မဟုတ်ပါဘူး။ အချစ်ကားတွေမဟုတ်ဘဲ ဂျပန်တွေရဲ့ ယဉ်ကျေးမှုတွေ လူနေမှုပုံစံတွေကို ဖော်ပြထားတဲ့ ကားတော်တော်များများ အသစ်ထဲမှာရော အဟောင်းထဲမှာရော တော်တော်များပါတယ်။ မသကာ Yasujirō Ozu တို့၊ Hirokazu Kore-eda ရိုက်တာတွေကိုတော့ ကြည့်သင့်ပါတယ်။ မဟုတ်ရင် လွန်ခဲ့တဲ့လတွေတုန်းကလို သူတို့ယဉ်ကျေးမှုမသိဘဲ ဆာကူရာကိုင်းသွားချိုးမိနေမှာ စိုးရပါတယ်။ ဒါပေမဲ့လည်း ယဉ်ကျေးမှုကို သိအောင်လုပ်ပေးတာနဲ့ ပလိန်းကြီး မလိုအပ်တာတွေပါ စည်းကမ်းတင်းကြပ်တာတွေ မလိုအပ်တာတွေ လုပ်ခိုင်းတာတွေနဲ့တော့ မတူလှဘူးပေါ့။ ဒီနှစ်ခုကြားက စည်းက တော်တော်တော့ ပါးတယ်။ ဒါပေမဲ့လည်း ယဉ်ကျေးမှုတစ်ခုကို ချစ်တတ်အောင် သင်ပေးလိုက်ရင်တော့ သူ့နှလုံးသားနဲ့သူ ခွဲခြားကြပါလိမ့်မယ်။ဒီရုပ်ရှင်ကတော့ ...
movie

Danshari Paradise (2023)

2023

Genres

Archives