Channel Myanmar

New releases (2025)

Content at random


Movies

Narc (2004) 7.1
Narc (2004) Narc ဇာတ်ကားဟာ 2002 မှာထွက်ရှိထားတဲ့Thriller/Crime အမျိုးအစား ဖြစ်ပါတယ်။IMDb7.1 ရရှိထားပြီး Rotten tomatoes 84% ရထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တာဝန်ကရပ်‌ဆိုင်းခံထားရတဲ့ရဲအရာရှိ နက်ခ် တဲလစ်ကို ရဲတစ်ယောက်အသတ်ခံရတဲ့အမှုကိုပြန်လိုက်ဖို့ တာဝန်ပေးလိုက်ကြပါတယ်။သူရဲ့တွဲဖက်ပါတနာကတော့ ဟင်နရီအုက်ခ် ဖြစ်ပြီးဆုံးသွားတဲ့ရဲအရာရှိရဲ့ တွဲဖက်ဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ဟင်နရီအုက်ခ်ဟာ သူ့ရဲ့သူငယ်ချင်းဆုံးသွားတဲ့အပေါ်လက်‌စားပြန်ချေနိုင်ဖို့ ဘာမဆိုလုပ်ဝံ့သူပါ။ဒါကြောင့် crime ဇာတ်ကားကြိုက်တဲ့သူတွေအဖို့ တဲလစ်နဲ့အုက်ခ် တို့လူသတ်မှုနောက်ကွယ်က လျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်ကြမယ်၊အဖြေရှာကြမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။  File size… 2.51 GB / 1.05GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ..... Crime /Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Paing Zay Phyo
movie

Narc (2004)

One Night Stand ( 2024 ) 5.8
One Night Stand ( 2024 ) ကျောင်းပြီးဘွဲ့တွေရကြပြီးတော့ အသီးသီးကိုယ်စီ ကိုယ့်လမ်းကိုယ်လျှောက်နေကြတဲ့အခါ ကျောင်းတုန်းကအတူတူအတန်းလစ်ခဲ့တာ၊ဆိုးခဲ့ကြတဲ့ သူငယ်ချင်းတွေနဲ့ဝေးကွာနေကြတယ်ဆိုရင် ဒီဇာတ်ကားလေးကိုကြည့်ရင်းဘဝအမောတွေဖြေဖျောက်နိုင်ဖို့ တင်ဆက်ပေးပါရစေ။ဇာတ်လမ်းလေးကတော့ကြော်ငြာကုမ္ပဏီမှာလက်ထောက် ဒါရိုက်တာရာထူးကနေ ဒါရိုက်တာရာထူးကိုလိုချင်လို့အလုပ်ကြိုးစားနေတဲ့ လင်သာ့ချုံ၊ ဘေးပတ်ပတ်လည်မိန်းကလေးတွေ ဝိုင်းရံနေတဲ့ခန့်ညားချောမောတဲ့ဓါတ်ပုံဆရာ ဖန့်သာ၊ တက္ကစီမောင်းရင်းမိန်းမနဲ့ကလေးကိုရှာကျွေးနေတဲ့ လျိုရှောင်သောင်း၊ ငယ်စဉ်တည်းကသူဌေးသား လွီဖန့်ဖန့် ၊ သူတို့လေးယောက်ကတော့ ကျောင်းနေဖက်သူငယ်ချင်းဆိုးဖော်ဆိုးဖက်တွေဖြစ်ကြတာပေါ့။တနေ့မှာ ဖန့်ဖန့်ကတော့လင်သာ့ချုံရှိရာဆီလာပြီး မတွေ့ကြာတဲ့သူငယ်ချင်းတွေနဲ့ စုံစည်းချင်တယ်လို့ပြောတယ်။ သို့ပေမဲ့သာ့ချုံက သူလိုချင်တဲ့ဒါရိုက်တာရာထူးကို မက်မောနေတာကြောင့် ငြင်းဆိုခဲ့တာကြောင့်ဖန့်ဖန့်တစ်ယောက် သူ့အမေသေဆုံးသွားပြီး သူ့မှာနှလုံးရောဂါကြောင့် ဘယ်လောက်မှမခံတော့ကြောင်းဇာတ်လမ်းဆင်ခဲ့ရာမှာ သာ့ချုံလည်းသနားသွားပြီး တစ်နေ့တာသူငယ်ချင်းတွေနဲ့ အလုပ်လုပ်ရင်းလည်ပေးဖို့ဆုံးဖြတ်ခဲ့တယ်။ဒီလိုနဲ့သူငယ်ချင်းလေးယောက်သား စကားဝိုင်းမှာ တစ်ယောက်တစ်မျိုးစီကိုယ်ဖြစ်ချင်တဲ့ဆန္ဒတစ်ခုစီပြောရင်း အဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးကြဖို့ သဘောတူခဲ့ကြတယ်။ ဒီလိုနဲ့သမီးလေးရှိတဲ့ရှောင်းသားကတော့ သူ့သမီးဆန္ဒဖြစ်တဲ့ ဝက်ဝံလေးမွေးဖို့၊ဓါတ်ပုံဆရာ ဖန့်သာကတော့ သူ့အချစ်ဦးနဲ့တွေ့ဖို့၊ရုံးမှာစိတ်ကျဉ်းကျပ်လာတိုင်း လမ်းဘေးခေါက်ဆွဲဆိုင်လေးမှာ ခေါက်ဆွဲစားချင်တဲ့ သာ့ချုံ၊ငယ်စဉ်ကချမ်းသာပေမဲ့ သူများကဘောင်းဘီခွကြားထဲကနေ ဝပ်သွားဖြတ်လျှောက်ခိုင်းတာကြောင့် လက်စားပြန်ချေချင်တဲ့ ဖန့်ဖန့်။ဒီဆန္ဒလေးခုကို အကုန်အတူတူဖြည့်ဆည်းပေးကြတဲ့ အချိန်မှာဘယ်လိုတွေဖြည့်ဆည်းပေးကြမလဲ။ ဘယ်လိုတွေများသူငယ်ချင်းတွေစုပြီး ကယက်ထကြမလဲဆိုတာတွေနှင့်အတူ ဒီဇာတ်ကားလေးထဲမှာကျောင်းနေဖက် သူငယ်ချင်းတွေနဲ့ ပြန်တွေ့ဆုံကြတဲ့ခံစားချက်မြင်ကွင်းလေးတွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့အပြင် ပေါ့ပေါ့ပါးပါးဟာသဇာတ်လမ်း ဆိုပေမဲ့လည်း ရင်ထဲမှာတခုခုစွဲကျန်သွားစေရုံတင်မက One Night Stand ဆိုသည့်အတိုင်းတစ်ညတာပျော်ပါးကြပုံတွေကို ဇာတ်လမ်းလေးထဲမှာ မြင်တွေ့ရမှာဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင် Filesize : 1.93 GB / 998 MB Quality : WEB-DL 1080p HEVC  , 720p HEVC Format : mkv  Genres : Comedy , Drama Runtime : 1h 44 min Subtitle : Myanmar Subtitle ( ...
movie

One Night Stand ( 2024 )

While You Were Sleeping (2024) 7.3
While You Were Sleeping (2024) While You Were Sleeping (2024)*******************************နာမည်ကြီး စာရေးဆရာဂင်ဂျွန်ဆော့နဲ့ ပန်းချီဆရာမ ဒေါ့ဟီတို့ဟာသာမန်ပျော်ရွှင်စရာကောင်းတဲ့ လင်မယားအတွဲလေးတစ်တွဲအဖြစ်ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေကြတဲ့သူတွေပေါ့။ဒါပေမဲ့ ဇနီးဖြစ်သူဒေါ့ဟီက အတိတ်မေ့ရောဂါရှိနေပြီးတချို့သော အကြောင်းအရာတွေကို မမှတ်မိတော့တဲ့အတွက်ပြန်ပြီးမှတ်မိလာအောင် ကြိုးစားနေရရှာသူတစ်ဦးပဲဖြစ်တယ်။တစ်နေ့မှာ ခင်ပွန်းဖြစ်သူ စာရေးဆရာဂင်ဂျွန်ဆော့ကဝတ္ထုအသစ်ရေးရန်ပြင်ဆင်ဖို့ ခရီးသွားနေတဲ့အချိန်မှာမတော်တဆမှုကြောင့် ရုတ်တရက်သေဆုံးသွားပါတော့တယ်။ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ ဒေါ့ဟီက ခင်ပွန်းဖြစ်သူဆုံးပါးသွားခဲ့တဲ့ခရီးနေရာကို တစ်ဖန်ပြန်လည်သွားရောက်ခဲ့တဲ့ အချိန်မှာတော့မမျှော်လင့်ထားတဲ့ အမှန်တရားတွေကို ရင်ဆိုင်တွေ့ရှိလာရတဲ့အခါမှာတော့...။ဇနီးဖြစ်သူ သိရှိသွားတာက ဘယ်လိုအမှန်တရားတွေဖြစ်နေမလဲ...။ဂျွန်ဆော့က ဒေါ့ဟီမသိအောင် ဘာတွေ ကွယ်ဝှက်ထားမလဲဆိုတာကိုပဟေဠိဆန်ဆန် စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။Cast တွေအနေနဲ့ကတော့ Arthdal Chronicles၊ My unfamiliar family တို့ထဲကမင်းသမီး Choo Ja Hyun နဲ့ The Glory၊ Blood Free တို့ထဲကမင်းသား Lee Moo Saeng တို့က နှစ်ယောက်ကြား chemistryကိုထိထိမိမိ သရုပ်ဆောင်ထားလို့ While you were sleeping ရုပ်ရှင်လေးကိုကြည့်ရှုပေးကြပါဦးနော်။  (ဇာတ်လမ်းအကျဉ်းကို ...
movie

While You Were Sleeping (2024)

Abbé Pierre – A Century of Devotion (2023) 6.6
Abbé Pierre – A Century of Devotion (2023)  IMDb 6.6/10 ရရှိထားတဲ့ Biography/Drama/History/War ပြင်သစ် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုဟီ ဂူဝက်စ် တစ်ဖြစ်လဲ အာဘစ်ပီယာက "ဆင်းရဲမွဲတေခြင်းနဲ့ စစ်ဖြစ်နေတဲ့သူ၊ အသံမဲ့လူသားတွေအတွက် အသံဖြစ်ပေးခဲ့သူ၊ ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်ဖို့ နည်းလမ်းမျိုးစုံနဲ့ အစွမ်းကုန် ကြိုးစားနေတဲ့သူ" အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီး သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီဇာတ်ကားကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ကတ်သလစ် ဘုန်းတော်ကြီးဖြစ်သူ အိုဟီ ဂူဝက်စ်က မေတ္တာတရားကြီးမားပြီး ဘဝရဲ့ရပ်တည်ချက်ကို အမြဲရှာဖွေနေသူပါ။ ကံမကောင်းအကြောင်းမလှစွာနဲ့ ဒုတိယကမ္ဘာစစ်အတွင်း စစ်ထဲဝင်ခဲ့ရပေမဲ့ ဘုန်းတော်ကြီးတစ်ဦးအဖြစ် သူ့ရဲ့ရပ်တည်ချက်ကို မစွန့်ပစ်ဘဲ အတတ်နိုင်ဆုံး ထိန်းသိမ်းထားခဲ့သူလည်း ဖြစ်ပါတယ်။ တော်လှန်ရေးကာလအတွင်း သရုပ်မှန်ကို ဖုံးကွယ်နေထိုင်ဖို့ရည်ရွယ်ချက်နဲ့ အာဘစ် ပီယာဆိုတဲ့ အမည်သစ်တစ်ခုနဲ့ လျှို့ဝှက်လုပ်ဆောင်ခဲ့ပါတယ်။ (အာဘစ်ဆိုတာက ပြင်သစ်လို ဘုန်းတော်ကြီးတွေကိုခေါ်တာမို့ ဘုန်းတော်ကြီး ပီယာဖြစ်ခဲ့တယ်လို့ ဆိုရမှာပေါ့လေ။)ဒုတိယကမ္ဘာစစ်အပြီး ကာလမှာတော့ ပြင်သစ်မှာ ငတ်မွတ်ခေါင်းပါးမှု၊ အိုးမဲ့အိမ်မဲ့တွေများပြားလာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သေကြေပျက်စီးမှုတွေရှိလာခဲ့ချိန်မှာတော့ အာဘစ်ပီယာတစ်ယောက် အိမ်ခြေရာမဲ့တွေအတွက် ရွတ်ရွတ်ချွံချွံ ...
movie

Abbé Pierre – A Century of Devotion (2023)

Solaris (2002)
Solaris (2002)  CM ပရိသတ်ကြီးအတွက် sci-fi romance ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်Chris ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ကို တစ်နေ့မှာ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်က Solaris အမည်ရ ဂြိုဟ်တစ်ခုကို လာရောက်ပေးဖို့ အကူအညီတောင်းလာပါတယ်အကြောင်းကတော့ Solaris က အာကာသယာဥ် အဖွဲ့သားတွေဟာ ထူးဆန်းတဲ့ ပုံရိပ်တွေကို မြင်နေရပြီး ရှင်းပြလို့မရတဲ့ စွဲလမ်းမှုတွေ ရှိနေတာကို အဖြေရှာလို့ အားလုံးကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်နိုင်ဖို့ပါဒါကို အဖြေရှာဖို့ Solaris ဂြိုဟ်ကို ရောက်လာတဲ့ Chris ကိုယ်တိုင်ကပါ သေဆုံးသွားပြီးဖြစ်တဲ့ ချစ်သူ Rheya သူ့ဆီ ပြန်ရောက်လာတာကို တွေ့ကြုံလာရတဲ့အခါမှာတော့ ....မင်းသား George Clooney ရဲ့ ရုပ်ရှင်အဟောင်းလေးကို ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦး File size…(1.4 GB)/(585 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Science Fiction, Mystery  Subtitle….Myanmar Subtitle ...
movie

Solaris (2002)

Brother Team / Kardes Takimi 2024
Brother Team / Kardes Takimi 2024  မတည့်အတူနေ မောင်နှမ ၄ ယောက် အထူးအေးဂျင့် မိဘနှစ်ပါးကို ကယ်တင်ရသောအခါ….ဒီဇာတ်ကားလေးကတော့ ဒီနှစ်ထဲမှာမှ ထွက်ရှိထားပြီး ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင် ကြည့်ရှုရမယ့် တူရကီမိသားစု စွန့်စားခန်း ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီနစ် ဒါရာ အလီ ရာ့စ် ဆိုတဲ့မောင်နှမလေးယောက်ဟာ မိဘနှစ်ပါးနဲ့အတူ ပြည့်ပြည့်စုံစုံနေထိုင်ရပြီးတော့ ပျော်ရွှင်သုခနဲ့ ပြည့်စုံတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ဟာ တစ်ယောက်တစ်မျိုးစီ ထူးချွန်ကြပြီးတော့ မိဘတွေကလည်း အလိုလိုက်ထားတော့ ကျောင်းမှာ တစ်ယောက်တစ်မျိုးပတ်မွေနေကြတာမျိုးတော့ ရှိပါတယ်။တစ်နေ့မှာတော့ သူတို့မိဘတွေဟာ အလုပ်ခရီးဆိုပြီး ထွက်သွားရာက ပြန်မလာတော့ပဲ သူတို့မိဘတွေအစား လူဆိုးတွေက လာဖမ်းတဲ့အခါ အိမ်ထဲမှာ TM-OZ 4000 ဆိုတဲ့ ဉာဏ်ရည်တုစနစ်က လျှို့ဝှက်ခန်းကို ဖွင့်ပေးရာကနေ သူတို့မိဘတွေက သူတို့ထင်ထားသလိုမဟုတ်ပဲ အထူးအေးဂျင့်တွေဖြစ်ပြီး လူဆိုးတွေဖမ်းဆီးတာ ခံထားရကြောင်း သိလိုက်ရတဲ့အခါမှာတော့ မတည့်အတူနေ မောင်နှမလေးယောက်သား သူတို့မိဘတွေကို ကယ်တင်မဲ့စွန့်စားခန်းလေးထွက်ကြပါတော့တယ်။ ဒီတော့ သူတို့မိဘတွေကို ဘယ်လိုအလွဲပေါင်းများစွာနဲ့ ...
movie

Brother Team / Kardes Takimi 2024

Treasure Planet (2002) 7.1
Treasure Planet (2002) ဒီဇာတ်လမ်းလေးဟာ 2002 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး Disney ရဲ့ အသပ်ရပ်ဆုံးသော Animation တွေထဲက တစ်ကားလို့ တင်စားခံထားရပါတယ်မူရင်းဇာတ်လမ်းကတော့ "Treasure Island" တဲ့ခင်ဗျ... ဒီမှာ ထူးခြားသွားတာက ဇာတ်ကွက်တွေကို အာကာသထဲ ပြောင်းလိုက်ပြီး ဂြိုဟ်သားတွေ၊ နဂါးငွေ့တန်းတွေနဲ့ အသက်သွင်းထားတာပါ အဲ့လိုနဲ့ ဇာတ်လမ်းလေးက "Treasure Planet" ဆိုပြီး ဖြစ်သွားတယ်ပေါ့ဗျာRating တွေအနေနဲ့ကြည့်ရင်လည်း IMDb 7.1 Tomatoes 69% နဲ့ခင်ဗျ ဝေဖန်သူတော်တော်များများရဲ့ Positive Review တွေ ရထားတဲ့ ဇာတ်လမ်းလေး ဆိုပါတော့... ကလေးဘဝက အိပ်ရာဝင်ပုံပြင်တွေ၊ အာကာသ စွန့်စားခန်းတွေ၊ ဒရာမာကို ခုံမင်သူတွေအတွက်လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါအသက် ၁၅ နှစ်အရွယ် ချာတိတ်ကလေး ဂျင်မ်ဟော့ကင်းန်စ်ရဲ့ မဟာစွန့်စားခန်းကြီးတစ်ခု... ငယ်ငယ်ကတည်းက အာကာသ ခရီးသွားတစ်ယောက် အရမ်းဖြစ်ချင်ခဲ့သူ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြံဖန်ပြီး ...
movie

Treasure Planet (2002)

2002
The Rundown (2003) 6.7
The Rundown (2003) 2003 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb မှာ Rating 6.7 ရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။2002 ခုနှစ်က The Scorpion King ဇာတ်ကားနဲ့အောင်မြင်ခဲ့တဲ့ Dwayne (The Rock) Johnson အတွက်တော့ လူပိုသိလာတဲ့ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ ကိုယ်ပိုင်စားသောက်ဆိုင်တစ်ဆိုင်မှာ စားဖိုမှူးအဖြစ်အသက်မွေးချင်တဲ့ ဘက်ခ်ဟာ သူ့သူဌေးအတွက် အကြွေးလိုက်တောင်းပေးရတဲ့ လူမိုက်တစ်ဦးပဲဖြစ်ပါတယ်။ဒါပေမယ့် သူက သေနတ်မသုံးသလို မလိုအပ်ပဲထိခိုက်အောင်မလုပ်ပဲ စည်းစနစ်ကြီးတဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့သူဌေးရဲ့သားကို ဘရာဇီးတောထဲက ပြန်ခေါ်ပေးနိုင်ရင် သူလိုချင်တဲ့စားသောက်ဆိုင်ရမှာဖြစ်ပြီး လူမိုက်ဘဝကကျွတ်မှာဖြစ်တဲ့အတွက် ဘက်ခ်က လက်ခံခဲ့ပါတယ်။ ဒါပေမယ့် ရှေးဟောင်းရတနာကို လိုက်ရှာနေတဲ့ သူ့သူဌေးရဲ့သားကို ဘရာဇီးတောထဲမှာ ဘုရင်တစ်ပါးလို မင်းမူနေတဲ့ ဟတ်ချာဆိုတဲ့ရွှေတွင်းပိုင်ရှင်က ပြန်မလွှတ်ချင်တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ .......သူ့သူဌေးရဲ့သားကရော ရှေးဟောင်းရတနာကို ဟတ်ချာမသိခင် ရှာတွေ့နိုင်မလား.......ဘားဆိုင်ထဲက ကောင်မလေးကရော ဘာတွေလျှို့ဝှက် ထားသလဲဆိုတာကို ဆက်လက်ရှု့စားကြပါ။အက်ရှင်ဇာတ်ကားဆိုပေမယ့် The Rock နဲ့ Seann William ...
movie

The Rundown (2003)

2003
Love in Wolf Creek (2022)
Love in Wolf Creek (2022)  ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးရိုမန့်စ်ကားလေးတွေ ကြည့်ချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ကားလေးပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ ဆမ်နဲ့ဆန်နီ ညီအမနှစ်ယောက်က Wolf Creekမြို့လေးမှာ တိရစ္ဆာန်ကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့သူတွေပါ။ အော်စတင်ကတော့ အဖွားဖြစ်သူကိုကူညီဖို့ မွေးမြူရေးခြံကနေ မြို့ကိုခဏရောက်နေတဲ့သူဖြစ်ပါတယ်။ တစ်ရက်ကျတော့ အလှူရှင်လာဖို့ရှိလို့ ပြင်ဆင်မှုလုပ်နေတုန်း တောအုပ်ထဲမှာ ဒဏ်ရာရနေတဲ့ ဝံပုလွေတစ်ကောင်ကိုရှာပြီး ကယ်ဆယ်ရေးလုပ်ဖို့အကြောင်းဖန်လာပါတယ်။ခြေရာကောက်ကျွမ်းတဲ့အော်စတင်က ဆမ်ကိုကူညီ‌ပြီးလိုက်ရှာကူပါတယ်။ တစ်ဖက်မှာလည်း ဝံပုလွေကို အရေခွံအတွက် လိုက်ဖမ်းနေတဲ့မှောင်ခိုသမားကိုလည်း ရင်ဆိုင်ရတဲ့ အော်စတင်နဲ့ဆမ်တို့ကြား အချစ်တွေ ဘယ်လိုပေါက်ဖွားလာမလဲဆိုတာ ပေါ့ပါးပါးပါးကြည့်ရှုရမှာပါ။ File size…(1.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Tv Movie, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe 
movie

Love in Wolf Creek (2022)

A Reel Heist (2024)
A Reel Heist (2024)  အပျော်တမ်း ရုပ်ရှင်တွေ ရိုက်တဲ့ ဆယ်ကျော်သက်လူငယ် တစ်စုရှိတယ်။ ဒီဇာတ်ကားထဲမှာတော့ သူတို့က လုယက်မှု ရုပ်ရှင်အမျိုးအစားတစ်မျိုးကို ရိုက်ကူးနေကြတာပေါ့။ တစ်ရက် ဆန်းဖို့ဒ် ကုန်တိုက် မှာ ရုပ်ရှင်သွားခိုးရိုက်ရင်း ကုန်တိုက်မန်နေဂျာဆီမှာ လက်ပူးလက်ကျပ်မိသွားပါတော့တယ်။ အဲဒါနဲ့ သူတို့ ကင်မရာထဲက မန်မိုရီကဒ်ကို သိမ်းလိုက်ပြီး ကုန်တိုက်ဆီကို ခြေချလို့မရတော့အောင်ဖြစ်သွားတာပေါ့။ဒီတော့ မင်းသားတို့ သူငယ်ချင်းအုပ်စု SD Card ပြန်ရဖို့အရေး ဘယ်လိုဉာဏ်နီဉာဏ်နက်တွေ ထုတ်ပြီး ပြန်ခိုးကြမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ File size…(1.8 GB)/(890 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:56:00 Genre... Comedy, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min  
movie

A Reel Heist (2024)

[21+] She Does As She’s Told- Eimi Fukada (MUDR-125-Decensored)
[21+] She Does As She’s Told- Eimi Fukada (MUDR-125-Decensored) Eimi Fukada ကတော့ ပြောစရာမလိုတော့တဲ့ JAV နတ်သမီးတစ်ပါးပါပဲ။JAV တွေကတောင် သူ့လောက် မဟော့ဘူး ပြောရလောက်အောင်သူကပိုပြီး JAV ဆန်နေသူလေးပါ။အမြဲတမ်းဆာလောင်မွတ်သိပ်မှုပုံစံအပြည့်နဲ့ စိတ်ပါဝင်စားစွာ ဒီလောကမှာ အခြေပြုနေသူပါ။MUDR-125-Decensored ဒီဇာတ်လမ်းကလဲ Hentai ဇာတ်လမ်းတစ်ပုဒ်ကိုပြန်လည်ရိုက်ကူးထားတဲ့ပုံစံမျိုးဖြစ်ပြီး Eimi ရဲ့ပြင်းထန်တဲ့တင်ဆက်ချက်တွေနဲ့ ကာတွန်းကိုထပ်တူကျအောင်ရိုက်ပြထားပါတယ်။JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။File Size : (2.7 GB) & (1.1 GB) Quality : HD-Rip Decensored 1080p & 720p Running Time : 01:56:00 Format : mp4 Subtitle : Myanmar ...
movie

[21+] She Does As She’s Told- Eimi Fukada (MUDR-125-Decensored)

[21+] Young Breastfeeding Mama-Konan Koyoi (SONE-201-Decensored)
[21+] Young Breastfeeding Mama-Konan Koyoi (SONE-201-Decensored) Konan Koyoi ကတော့ JAV လောကမှာ သိသာထင်ရှားတဲ့ ဝိတ်မျိုးနဲ့ နေရာတစ်နေရာရနေသူပါ။MILF Type မျိုးနဲ့ သူမကို မကြာခဏမြင်ရလေ့ရှိပြီး အမြဲတမ်းစိတ်ပါလက်ပါရှိတာကိုတွေ့ရမှာပါ။SONE-201-Decensored ဒီဇာတ်လမ်းမှာတော့ SONE စီးရီးတွေရဲ့  ထုံးစံအတိုင်းဘွင်းဘွင်းရှင်းရှင်း ပြင်းပြင်းရှရှပြသထားပြီး ဇာတ်လမ်းကတော့ Hentai ကာတွန်းတစ်ခုကို အခြေခံရိုက်ကူးထားတာပါ။JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။File Size : (2.3 GB) & (990 MB) Quality : HD-Rip Decensored 1080p & 720p Running Time : 02:00:00 Format : mp4 Subtitle : ...
movie

[21+] Young Breastfeeding Mama-Konan Koyoi (SONE-201-Decensored)

Arthur and the Invisibles (2006) 6.0
Arthur and the Invisibles (2006)  ဒီကားလေးကတော့ တောင်းဆိုသူတွေလည်းများသလို CM မှာလည်း မတင်ဆက်ဖူးသေးတာကြောင့် ပရိသတ်ကြီး ပြန်လည်ခံစားရအောင် တင်ဆက်ပေးလိုက်ပါတယ်......မီနီမွိုင်းဆိုတဲ့ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ အကောင်လေးတွေကို ၁၀နှစ်သားလေး အာဿ က ကူညီရင်း သူတို့အဖိုးအိမ်ဖောက်ခွဲခံရမဲ့ဘေးကနေ ကယ်တင်ပေးတဲ့ ကားလေးပါ.....စွန့်စားမှုတွေ စိတ်ကူးယဉ်မှုတွေ အန်နီမေးရှင်းလေးတွေနဲ့ဆိုတော့ စိတ်ကိုကြည်နူးစေပြီး ငယ်ဘဝလေးကို ပြန်ရောက်သွားစေနိုင်မှာမို့ ကြည့်ရှုလိုက်ပါဦး......ရုပ်ရှင်ကား ၃ကား ထွက်ရှိထားတာဖြစ်ပြီး ၃ ကားလုံး CM ကနေ တင်ဆက်ပေးလိုက်ပါတယ်(1) Arthur and the Invisibles (2006) (2) Arthur and the Revenge of Maltazard (2009) (3) Arthur 3: The War of the Two Worlds (2010) တို့ပဲဖြစ်ပါတယ် File size…(2.1 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:34:00 Genre... ...
movie

Arthur and the Invisibles (2006)

[21+] Drifting Girl Runaway Girl- Yura Kudou (SAME-083-Decensored)
[21+] Drifting Girl Runaway Girl- Yura Kudou (SAME-083-Decensored) JAV မင်းသမီးတွေထဲ Yura Kudou ကို သေးသေးကွေးကွေးနဲ့ ချစ်စရာကောင်မလေးအဖြစ်သိကြမှာပါ။သရုပ်ဆောင်ရင်လဲ သူမနဲ့လိုက်ဖက်တဲ့ အရည်အသွေးမျိုးတွေ ပြသထားနိုင်တာကြောင့်ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ JAV တွေမှာ မြင်တွေ့ရပါတယ်။SAME-083-Decensored ဒီဇာတ်လမ်းထဲမှာလဲ ရှေ့ကတင်ဆက်ခဲ့တဲ့ ဇာတ်ကားတွေလိုမျိုးပဲသူမကိုမအူမလည်အိမ်ပြေးကောင်မလေးအဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။File Size : (3.4 GB) & (1.9 GB) Quality : HD-Rip Decensored 1080p & 720p Running Time : 02:02:22 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Eren Encoded ...
movie

[21+] Drifting Girl Runaway Girl- Yura Kudou (SAME-083-Decensored)

Visaranai (2015) 8.4
Visaranai (2015) Visaranai (2016) "ထောင်ချောက်"CM ပရိသတ်ကြီးအတွက် ဖြစ်ရပ်မှန်ဝတ္ထုတစ်ပုဒ်အား ပြန်လည်အသက်သွင်းထားတဲ့ တကားအဟောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရီဗျူးကောင်းတွေရထားသလို ဒီရုပ်ရှင်ထဲက အကြောင်းအရာတစ်ချို့ကြောင့် အတော်လေးလူပြောစရာဖြစ်ခဲ့ပြီး သရုပ်ဆောင်တွေကိုအမှန်တကယ် ရိုက်နှက်ခဲ့တယ်ဆိုကာ ဝေဖန်ခံခဲ့ရပါသေးတယ်တေလဂူးစကားပြောတဲ့ အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာ တမီးလ်ရွှေ့ပြောင်းလုပ်သားတွေက ဘာသာစကားတောင် မတတ်ဘဲ ပင်ပင်ပန်းပန်းရပ်တည်ကြရပါတယ်အိမ်ခြေရာမဲ့ တမီးလ်အလုပ်သမားလေးယောက်ဟာ ပန်းခြံထဲမှာအိပ် ကြုံရာကျပန်းလုပ်ကိုင်ကြရင်း ဘုမသိဘမသိ ရဲဖမ်းတာခံလိုက်ရပြီး စခန်းရောက်တော့ ဘာမပြောညာမပြော ရိုက်နှက်စစ်ဆေးခံရပါတယ်ဘာအကြောင်းရင်းမှ မသိဘဲ ဒုစရိုက်ကျော့ကွင်းထဲ သွတ်သွင်းခံလိုက်ရတဲ့ သူတို့တွေ ဘာဆက်ဖြစ်မှာလဲ ဘယ်လိုမြှုပ်ကွက်တွေရှိနေမှာလဲ ...တမီးလ်မဆလာရုပ်ရှင်တွေနဲ့ ကွဲထွက်နေတဲ့ ဒီရုပ်ရှင်လေးမှာ ပရိသတ်ကြီး ခံစားအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…1.79GB / 851MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Visaranai (2015)

My Home Hero (2024) 6.9
My Home Hero (2024) My Home Hero (2024)အသစ်ထွက်ရှိလာတဲ့ ဂျပန်လျှို့ဝှက်သည်းဖိုရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။"ရာဇဝတ်ကောင်တွေမှာ ဘယ်လိုအကြောင်းပြချက်ပဲရှိရှိ သူတို့ကို ဘယ်တော့မှခွင့်မလွှတ်ဘူး" ... ။သမီးဖြစ်သူ စုံထောက်ဖြစ်ဖြစ်ချင်း ပြောလာတဲ့စကားကြောင့် အဖေဖြစ်သူရင်ထဲမှာပူပန်သွားခဲ့ရတယ်။လွန်ခဲ့တဲ့ခုနှစ်နှစ် သမီးဖြစ်သူကိုကာကွယ်ချင်စိတ်နဲ့ လုပ်မိလိုက်တဲ့ရာဇဝတ်မှုတစ်ခုကြောင့် လူဆိုးဂိုဏ်းတစ်ခုကနေ မိသားစုတစ်ခုလုံးကိုပါ ပစ်မှာထားရန်ရှာခြင်းခံရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ ဉာဏ်ကောင်းတဲ့ဖခင်ကြောင့် ခုနှစ်နှစ်လုံး အန္တရာယ်ကင်းကင်းနေလာခဲ့ပြီး ဘယ်သူမှမသိအောင် သူကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုက ပြန်ပြီးအစပေါ်လာခဲ့ပါတယ်။ မိသားစုအတွက်ဆို အသက်ပါစွန့်ရဲတဲ့ဖခင်တစ်ယောက်ရဲ့ မိသားစုကိုကာကွယ်စောင့်ရှောက်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားပုံကို စိတ်ဝင်တစားကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Crime, Mystery Quality…. 1080p WEB-DL | 720p WEB-DL File size… 1.5GB | 741MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

My Home Hero (2024)

24 Frames (2017) 6.8
24 Frames (2017) 24 Frames (2017)~ IMDb - 6.8/10, Rotten Tomatoes - 92% ~Abbas Kiarostami ရဲ့ 24 Frames က Experimental Film ဖလင်အမျိုးအစား။ သူမသေခင်နောက်ဆုံးရိုက်သွားတဲ့ လက်ရာလည်း ဟုတ်တယ်။ ရုပ်ရှင်လို့ပြောဖို့ထက် ဒီရုပ်ရှင်ကို ကြည့်ရတဲ့အရသာက ပန်းချီတစ်ချပ် ဓာတ်ပုံတစ်ပုံ အဲဒီလိုမျိုးဖြစ်ချင်ဖြစ်မယ်။ဒါပေမဲ့ အဲဒီထက်ပိုတဲ့အရာတစ်ခုတော့ရှိတယ်။ ကျွန်တော်တို့ပြတင်းပေါက်ကနေ အမြဲမြင်နေရမယ့် သစ်ပင်တွေကို မိုးဆင်းလို့ ယိမ်းနွဲ့နေတုန်း အရသာရှိရှိ ထိုင်ကြည့်လိုက်ရသလိုမျိုး... ကိုယ့်မြို့က တံတားကြီးတစ်စင်းပေါ်ကနေ ဖြတ်သွားဖြတ်လာတိမ်တွေကို ထိုင်ကြည့်နေရသလိုမျိုး... နေစောင်းလို့ တိမ်တွေအရောင်းပြောင်းတဲ့အခါ စိတ်ရှိလက်ရှိထိုင်ကြည့်နေရသလိုမျိုး အရသာမျိုးပေါ့။ဒိုင်ယာလော့မပါ၊ ဇာတ်လမ်းမပါ၊ အဖြစ်အပျက်မပါတဲ့ ဒီဇာတ်လမ်းမှာ အသေထားထားတဲ့ ဖရိန်တစ်ခုအောက် ငြိမ်သက်နေတဲ့အရာတွေ ရွေ့လျားနေတဲ့အရာတွေ သက်ဝင်နေတဲ့အရာတွေ သက်ငြိမ်နေတဲ့အရာတွေကို ဖမ်းယူထားတာတွေကိုချည်း သူတပ်ထားတဲ့ နံပါတ်အရတော့ ၂၄ဖရိန်တိတိပြထားတယ်။တံတားတစ်စင်းပေါ်က လှုပ်ခတ်နေတဲ့ရေပြင်... အဲဒီနောက်မှာ ညိုမွဲနေတဲ့တိမ်တွေ... ...
movie

24 Frames (2017)

2017

Genres

Archives