Channel Myanmar

New releases (2025)

Content at random


Movies

The Inheritance (2024) 5.0
The Inheritance (2024)  ဒီဇာတ်လမ်းလေးမှာတော့ Shawshank Redemption မှာထောင်မှူးNorton အဖြစ် ကျွန်တော်တိုသိကြတဲ့ Bob Guntun ကအဗနာသီ မိသားစုရဲ့ဖခင်ကြီးအဖြစ်သရုပ်ဆောင်ထားပြီးcharacter အနည်းငယ်နဲ့ ကျစ်ကျစ်လစ်လစ်ဖွဲစည်းထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း***************အဗနာသီမိသားစုဟာ ကျိကျိတက်ချမ်းသာတဲ့ ဘီလျံနာမိသားစုပါ။ ကျိကျိတက်ချမ်းသာကြတဲ့အလျောက်မိသားစုဝင်တွေကလည်း တစ်ယောက်နဲ့တစ်ယောက်ခပ်စိမ်းစိမ်းပါပဲ။ တစ်နေ့မှာတော့ အဗနာသီ မိသားစုရဲ့ဖခင်ကြီး ချားလ်စ် က သူ့ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့အတွက်သူ့သားသမီး ၄ယောက် ကို ဖိတ်ခေါ်ခဲ့တယ်။ သားသမီးတွေအိမ်ကြီးဆီရောက်လာတဲ့အခါမှာတော့ ထင်ထားသလိုမွေးနေ့ပွဲ မဟုတ်နေပဲ သူတိုဖခင်ကြီးချားလ်စ် ကို လာသတ်မဲ့တစ်စုံတစ်ယောက်ရဲ့ ရန်ကနေ ကာကွယ်ပေးဖိုဖြစ်နေခဲ့တယ်။ဖခင်ကြီးရဲ့ အမွေတွေကိုလည်း ဖခင်ကြီးအသက်မသေမှရရှိမှာဖြစ်တဲ့အတွက် သားသမီး ၄ယောက်တိုက ဖခင်ကြီးကိုကာကွယ်ဖိုဖြစ်လာခဲ့တယ်။ ဖခင်ကြီးကို လာသတ်မဲ့တစ်‌စုံတစ်ယောက်က ဘယ်သူလဲ၊ ဘာအတွက်ကြောင့် ကာကွယ်ဖိုသားသမီးတွေကိုပဲ ခေါ်ရတာလဲ၊ ဒီပဟေဠိနောက်ကွယ်ကထူးဆန်းတဲ့ အဖြစ်အပျက်တွေက ဘာတွေလဲဆိုတာကိုစိတ်၀င်တစား ရင်တမမ နဲ့ရှုစားကြရမှာပါ။အိမ်ကြီးတစ်လုံးအတွင်းမှာပဲ ဇာတ်အိမ်တည်ထားပြီးအဗနာသီမိသားစုက ဒီတစ်ညတာကို ဘယ်လို‌ဖြတ်ကျော်ကြမလဲဆိုတာကို ကြည့်ရှုကြရမှာပါ။Plot ကောင်းကောင်းတွေလည်းပါ၀င်ပြီး စိတ်လှုပ်ရှားစရာပဟေဠိဆန်ဆန် ရုပ်ရှင်တစ်ကားဖြစ်တာမိုထူးခြားဆန်းပြားရုပ်ရှင်နှစ်သက်သူတွေအနေနဲ့ အလွတ်မခံသင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါကြောင်း.....  File size…857MB ...
movie

The Inheritance (2024)

The Jungle Bunch Operation Meltdown (2023)
The Jungle Bunch Operation Meltdown (2023)  ဒီတစ်ခါမှာတော့ "Jungle Bunch" ဆိုတဲ့ တောအုပ်ထဲက တိရစ္ဆာန်လေးတွေရဲ့ သူတို့နေထိုင်ရာတောအုပ်ကြီးကို အန္တရာယ်ထဲကနေကယ်တင်ပေးဖို့ စွန့်စားခန်းတွေနဲ့ရင်ဆိုင်တိုက်ခိုက်ပုံတွေကိုရိုက်ကူးထားတဲ့ ကာတွန်းကားလေးကိုတင်ဆက်ပေးချင်ပါတယ်မောရစ်ဟာ သူ့ကိုယ်သူကျားတစ်ကောင်လို့ထင်မှတ်နေတဲ့ပင်ကွင်းတစ်ကောင်ပါ သူဟာတောအုပ်အကျိုးဆောင်အဖွဲ့ခေါင်း​ဆောင်တစ်ယောက်ပါ တစ်နေ့ သူတို့ရဲ့တောအုပ်ထဲက အပင်တွေမှာ အမည်မသိပန်းရောင်ဓာတ်ပစ္စည်းတစ်မျိုးပြန့်နှံ့လာပါတယ် အဲ့ဒီပစ္စည်းဟာ ရေနဲ့ထိတွေ့ရင်အပြင်းအထန်ပေါက်ကွဲတတ်တာမလို့ အဲ့ပစ္စည်းကိုချေဖျက်ဖို့ ဖြေဆေးလိုအပ်တယ်ဆိုတာသိရှိသွားပါတယ်ဒါပေမဲ့ အဲ့ဒီဖြေဆေးကို အဲလ်ဘတ်ဆိုတဲ့သိပ္ပံပညာရှင်တစ်ယောက်ကသာလျှင်ဖော်ထုတ်နိုင်မှာဖြစ်တာကြောင့် အဲလ်ဘတ်ကိုလိုက်လံရှာဖွေဖို့ မောရစ်နဲ့သူ့ရဲ့အဖွဲ့ဝင်တွေဟာ အဝေးကြီးကိုခရီးနှင်လာရပါတော့တယ် ဒါပေမဲ့ မိုးရာသီကလည်းဝင်တော့မှာဖြစ်တာကြောင့် ရေနဲ့ထိရင်ပေါက်ကွဲတတ်တဲ့အဲ့ဒီပန်းရောင်ပစ္စည်းကိုဖယ်ရှားဖို့အတွက် ဖြေဆေးကိုမိုးမကျခင်အမှီဖော်နိုင်မှဖြစ်မှာပါနောက်ပြီး အဲ့ဒီဓာတ်ပစ္စည်းကို တောအုပ်ထဲမှာ ပြန့်နှံနေအောင် ဘယ်သူကလုပ်ခဲ့တာလဲ ဘာကြောင့်လုပ်ခဲ့တာလဲ အဲ့ဒီတရားခံကပဲ မောရစ်တို့အုပ်စုကို ခရီးဖင့်အောင် လမ်းခရီးမှာ အဖျက်အမှောက်လုပ်သေးတာကြောင့် အန္တရာယ်မျိုးစုံနဲ့ရင်ဆိုင်ရပါတော့တယ် File size…(1.4 GB)/(704 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre... Animation, Adventure, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

The Jungle Bunch Operation Meltdown (2023)

Two Scoops of Italy (2024)
Two Scoops of Italy (2024)  မိတ်ဆွေတစ်ဦးရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့စားသောက်ဆိုင်ဖွင့်ထား အမေရိကန်စားဖိုမှူးမလေးတစ်ဦးဟာ သူ့ရဲ့ဆိုင်ကို အောင်မြင်အောင်လုပ်ဖို့ရာအတွက် လူတွေ အကြိုက်တွေ့စေမယ့် မီနူးတစ်ခုဖန်တီးဖို့ လိုလာပါတယ်။ သူဟာ အကြံဉာဏ်အသစ်တွေရအောင် အီတလီနိုင်ငံကျေးလက်ဒေသကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။အီတလီနိုင်ငံရဲ့ အစားအသောက်အရသာတွေ၊ ယဥ်ကျေးမှုတွေ၊ ရေခဲမုန့်တွေကို အကြိုက်တွေ့သွားအောင် ကူညီပေးတဲ့ အီတလီအမျိုးသားနဲ့ ချစ်ကျွမ်းဝင်သွားတဲ့ အမေရိကန်မလေးရဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ် File size…(1.5 GB)/(895 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Kaung San 
movie

Two Scoops of Italy (2024)

The Killer Inside: The Ruth Finley Story (2024)
The Killer Inside: The Ruth Finley Story (2024)  အသစ်ထွက်ရှိထားတဲ့ ဖြစ်​ရပ်မှန် မှုခင်းဇာတ်ကားလေးဖြစ်ပါတယ်။ Crime/Thriller အမျိုးအစားဖြစ်ပြီး ၁၉၇၀ ကျော်​ခုနှစ်​တွေက အမှန်​တကယ် ဖြစ်ပွား​ခဲ့တဲ့ Ruth Finley ဆိုသူ​ အမျိုး​သမီး​တစ်ဦး​ရဲ့ ဖြစ်​ရပ်​မှန်​ကို ရိုက်​ကူး​ထားတာ​ ဖြစ်​ပါတယ်။ Lois & Clark စီးရီးထဲက Louis Lane အဖြစ် သရုပ်ဆောင်​ခဲ့တဲ့ Teri Hatcher က Ruth Finley အဖြစ်​ ပါဝင်​ထား​ပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့​ ၁၉၈၀ မတိုင်မီကာလတွေမှာ အမေရိကန်​ပြည်ထောင်​စု ကန်း​ဆတ်​စ်​ပြည်နယ်​ Wichita မြို့​မှာ BTK killer ဆိုတဲ့ ကွင်း​ဆက်​လူသတ်သမား တစ်ဦး​ သောင်းကျန်းနေခဲ့ပါတယ်။ Ruth ဆိုတဲ့ အမျိုး​သမီး​တစ်ဦးဟာ ခင်​ပွန်း​ဖြစ်​သူ Ed Finley နဲ့အတူ Wichita မြို့​မှာနေထိုင်ပါတယ်။ တစ်နေ့​မှာ ခင်ပွန်း​ဖြစ်​သူ နှလုံး​ရောဂါ​ကြောင့်​ ဆေးရုံ​တင်​လိုက်ရပြီး မကြာခင်မှာပဲ Ruth ဆီကို​ အမည်​မသိ​လူတစ်ဦးကနေ ...
movie

The Killer Inside: The Ruth Finley Story (2024)

My Paper Dolls (aka) Le mie ragazze di carta (2023)
My Paper Dolls (aka) Le mie ragazze di carta (2023)  -ကျွန်တော်တို့ချစ်တဲ့လူတွေက ဘာလို့ ကျွန်တော်တို့အနားကနေ အမြဲထွက်သွားကြတာလဲ-ဒီဇာတ်လမ်းက တီဘာရီယိုဘိုတာချင်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အကြောင်းကို ဇာတ်လမ်း တည်ထားတာပဲ ဖြစ်ပါတယ်။အလယ်တန်းအောင်ပြီးနောက် ရွာကနေ မြို့ပေါ်ကို မိသားစုနဲ့အတူတက်လာတဲ့ တီဘာရီယိုတစ်ယောက် အိမ်အနီးက ရုပ်ရှင်ရုံပိုင်ရှင်ရဲ့သားနဲ့ သူငယ်ချင်းဖြစ်ကာ ညစ်ညမ်းရုပ်ရှင်ဆိုတာကို ပထမဆုံးကြည့်ဖူးသွားပြီး ကြည့်မိလိုက်တဲ့ ညစ်ညမ်းရုပ်ရှင်ထဲက မင်းသမီးကိုမှ စွဲလမ်းသွားမိပါတော့တယ်။ အဲ့ဒီစွဲလမ်းစိတ်ကို “အချစ်”လို့မှားယွင်းပြီး ခေါင်းစဉ်တွေတပ် .... သူ့ကို ကြိုက်လို့ ကောင်မလေးဘက်က စကားတွေလိုက်ပြောတာကိုတောင် သတိမထားမိလောက်အောင်၊ ကျောင်းမှာ အမှတ်တွေကျလောက်အောင် ညစ်ညမ်းရုပ်ရှင်ထဲကမင်းသမီးကို စွဲလမ်း ..... အဲ့လိုတွေဖြစ်နေရာကနေ “ကျွန်တော်တို့ ချစ်တဲ့လူတွေက ဘာလို့ ကျွန်တော်တို့အနားကနေ အမြဲထွက်သွားကြတာလဲ” ဆိုတဲ့မေးခွန်းကို ထုတ်မေးလာရတဲ့အထိ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ ဘဝမှာ ကြုံတွေ့ရတဲ့ ဘဝအချိုးအကွေ့လေးတွေကိုရိုက်ပြထားတာ ဖြစ်ပါတယ်။ဆယ်ကျော်သက်အရွယ်ကို Nostalgic ဖြစ်စေတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ...
movie

My Paper Dolls (aka) Le mie ragazze di carta (2023)

Something’s Gotta Give (2003)
Something’s Gotta Give (2003)  ဆန်ဘွန်လို့ခေါ်တဲ့ အသက်၆၀အရွယ်လူတစ်ယောက်ဟာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်ဖြစ်ရုံသာမက စော်ကြည်ဘဲကြီးတစ်ယောက်လည်းဟုတ်ပါသေးတယ်။ ဆန်ဘွန်ဟာ တွဲလိုက်ရင် အသက်၃၀အောက် ကောင်မလေးလန်းလန်းလေးတွေနဲ့ပဲ တွဲပြီး အသက်၆၀ကျော်လာတဲ့အထိ အိမ်ထောင်မပြုသေးတဲ့ လူပျိုကြီးအဖြစ် နာမည်ကြီးပါတယ်။ ဒီလိုနဲ့ မာရင်လို့ခေါ်တဲ့ကောင်မလေးနဲ့ ဆန်ဘွန်ပတ်သတ်မိရာက မာရင့်ရဲ့ ကမ်းခြေအိမ်မှာ အပန်းဖြေလို့ လိုက်သွားရာကနေ မမျှော်လင့်ဘဲ မာရင့်အမေ အဲရစ်ကာဟာလည်း အဲဒီအိမ်မှာ ရောက်ရှိလာတဲ့အခါမှာတော့ .......၃၀အောက်လေးတွေကိုပဲ စားသုံးနေတဲ့ လူပျိုကြီးဆန်ဘွန်ဟာ သူနဲ့ရွယ်တူအမျိုးသမီးတစ်ယောက်နဲ့ အနေနီးလာတဲ့အခါမှာ ဘယ်လိုဇာတ်လမ်းလေးတွေဖြစ်ကြမလဲ...... မာရင်နဲ့ ဆန်ဘွန်ရဲ့ ကိစ္စကရော ဘယ်လိုဆက်ဖြစ်သွားမလဲ .....ဆိုတာတွေကို ကြည့်ရှုခံစားရမယ့် ဟာသဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ် File size…(2.3 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Drama, Comedy, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura
movie

Something’s Gotta Give (2003)

Suspiria (1977) 7.3
Suspiria (1977)  ဘဲလေး အကကို တဆင့်မြင့်တင်ဖို့ ဂျာမနီမှာရှိတဲ့ အကယ်ဒမီကို ရောက်လာတဲ့ ဘဲလေးအကမယ်လေး ဆူဇီတယောက် ကျောင်းကို ရောက်တဲ့အချိန် ကျောင်းသူတွေထူးဆန်းစွာတယောက်ပြီးတယောက်သေကြတာကိုတွေ့ရှိလိုက်ရပြီးနောက် အကယ်ဒမီရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေဖို့ လုပ်တဲ့အခါမှာတော့ ....ဒီဇာတ်ကားကတော့ ဒါရိုက်တာ Dario Argento’s ရိုက်ကူးခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ စတင်ပြသခဲ့ပါတယ် သွေးသံရဲရဲအခန်းတွေ ထိတ်လန့်စရာတွေ အသဲချမ်းစရာတွေပါဝင်တဲ့ဇာတ်ကားဖြစ်လို့ Horror ကြိုက်တဲ့သူတွေသေချာပေါက်ကြည့်ရှုရမယ့်ဇာတ်ကားပါ ၂၀၁၈ ခုနှစ်မှာလည်း သူ့ကို အခြေခံပြီးပြန်ရိုက်ထားတဲ့ဇာတ်ကားထွက်လာခဲ့ပါတယ် ထိတ်လန့်သည်းဖိုကြိုက်တဲ့သူတွေအတွက် ရင်ထဲအမြဲရှိနေတဲ့ ဂန္ဓဝင်ဇာတ်ကားလေးမို့ ကြည့်ရှုလိုက်ပါဦး..... File size…(1.4 GB)/(720 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:32:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar
movie

Suspiria (1977)

Hoosiers (1986) 7.4
Hoosiers (1986)  "Hoosiers" ဆိုတဲ့ ၁၉၈၆ ခုနှစ်ထွက် ရုပ်ရှင်ဟာ အားကစားပြိုင်ပွဲပေါ်မှာ အခြေခံထားတဲ့ အားကစားဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။"Hoosiers" ဟာ Norman Dale (Gene Hackman) ဆိုတဲ့ နိုင်ငံကျော် ဘတ်စကက်ဘောနည်းပြတစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားပြီး၊ သူက မြို့ငယ်တစ်မြို့ရဲ့ အားကစားအဖွဲ့ကို သင်ကြားရင်း သူ့ရဲ့ ကစားသမားလေးတွေနဲ့အတူ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရပါမယ်။ဒီရုပ်ရှင်ဟာ အားကစားရုပ်ရှင်များထဲမှာ အထူးအဆန်းဖြစ်ပြီး၊ မျက်နှာချင်းဆိုင် သဘောထား၊ စိတ်ဓာတ်တက်ကြွမှုနဲ့ အဖွဲ့အစည်းစိတ်ဓာတ်တို့ကို အထင်ကြီးစေမှာပါ။ ဇာတ်လမ်းတစ်ခုလုံးက အားပေးမှုအပြည့်နဲ့ ရင်သပ်ရှုမောစေမှာပါ။Gene Hackman နဲ့ Dennis Hopper တို့ရဲ့ သရုပ်ဆောင်မှုကလည်း အလွန်ထူးချွန်ပြီး၊ ဇာတ်လမ်းကို ပိုမိုစိတ်ဝင်စားဖွယ်ဖြစ်စေပါတယ်။ ဇာတ်လမ်းက အားပေးစကားတွေနဲ့ ပြည့်နေပြီး၊ ပြိုင်ဘက်အားပြိုင်မှုတိုင်းမှာ ရင်ခုန်စိတ်လှုပ်ရှားစေမှာပါ။ "Hoosiers" ဟာ အားကစားရုပ်ရှင်ချစ်သူတွေအတွက် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်တဲ့အတွက် ကြည့်ရှုပေးကြပါဦး။ File size…(2.5 GB)/(1.6 GB) Quality….Blu-Ray 1080p ...
movie

Hoosiers (1986)

Southern Shaolin and The Fierce Buddha Warriors ( 2021 ) 5.7
Southern Shaolin and The Fierce Buddha Warriors ( 2021 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် ငယ်ဘဝတုန်းကရှောင်လင်ဇာတ်ကားလေးတွေကြည့်ခဲ့ရတဲ့ ပုံရိပ်ကိုပြန်အမှတ်ရစေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ တိုင်းတစ်ပါးသာားတွေစိုးမိုးခြယ်လှယ်လာကြရုံမက ပင်လယ်ဓါးပြတွေပေါများလာတဲ့အချိန်မြောက်ပိုင်းရှောင်လင် ဘုန်းကြီးကျောင်းအဖွဲ့ကနေ အစွမ်းကုန်ကြိုးစားနှင်ထုတ်ခဲ့ကြတယ်။ပင်လယ်ဓါးပြတွေက အရမ်းဆိုးသွမ်းပေမဲ့ ကျီချင်းဆိုတဲ့လူကတော့ ပင်လယ်ဓါးပြခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တယ်။ ဆင်းရဲသူတွေ၊ကိုယ်ဝန်ဆောင် မိခင်တွေကို မတိုက်ခိုက်ပဲ တိုင်းတစ်ပါးသားတွေဆီကနေ လုယူချင်စိတ်သာရှိခဲ့တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တာပေါ့။ဒါကို မကျေနပ်တဲ့လက်ထောက်ခေါင်းဆောင်ကတော့ သူ့ကိုသတ်လျက် ခေါင်းဆောင်နေရာကိုဝင်ယူခဲ့တယ်။ ဒီလိုနဲ့ကျီချင်းတစ်ယောက် မသေပဲမြောက်ပိုင်း ရှောင်လင်ဘုန်းကြီးကျောင်းကိုရောက်သွားခဲ့တယ်။ ဒီဘုန်းကြီးကျောင်းကရိုးရှင်းပြီးသေးငယ်ပေမဲ့ အင်မတန်မှဆန်းကြယ်မှုတွေပြည့်ဝနေခဲ့တာကို ကျီချင်းတစ်ယောက်သတိထားမိတယ်။ဒါကိုအမြဲဖော်ထုတ်ဖို့ကြံရွယ်နေတဲ့ကျီချင်းနဲ့ အင်မတန်မှပါးနပ်တဲ့ရှောင်လင်ဘုန်းကြီးတို့ကြားက ရယ်မောစရာတွေနဲ့ အံ့အားသင့်ဖွယ်စရားတွေကို ဒီဇာတ်ကားလေးထဲမှာ အပြည့်အဝခံစားရမှာဖြစ်တာကြောင့် ဒီဇာတ်လမ်းလေးကို စောင့်မျှော်ကြည့်ရူလိုက်ရအောင် Filesize : 698 MB / 426 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Southern Shaolin and The Fierce Buddha Warriors ( 2021 )

Kuyang (2024) 6.4
Kuyang (2024)  အသစ်ထွက်ရှိထားတဲ့  အင်ဒိုခေါင်းပြတ်စုန်းသရဲကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။သရဲကားအမျိုးအစားထဲမှာတော့ပါပေမဲ့ အဓိကအားဖြင့်ကတော့စုန်းတွေ ကဝေတွေ‌ အောက်လမ်းပညာတွေအဓိကတွေ့ရမှာပါ။ပြောရရင်တော့အမေရိကန်သရဲကားမျိုးတွေထက် ထိုင်းသရဲကားတွေရဲ့ Vibe နဲ့တော်တော်လေးသွားဆင်ပါတယ်။ဒီဇာတ်ကားရဲ့နာမည်ကတော့ Kuyang(ခေါင်းပျံကြီး)ဖြစ်ပြီးIMDb Rating 6.4 အထိရရှိထားပါတယ်။အေးချမ်းသာယာလှတဲ့ ညနေခင်းလေးတစ်ခုမှာကျောင်းဆရာဘီမို နဲ့ဇနီးဖြစ်သူဆရီတို့က ဘီမိုတာဝန်ကျရာရွာလေးတစ်ရွာကိုသွားဖို့အတွက်စောင့်ဆိုင်းနေကြပါတယ်။ရွာမှာသွားရောက်နေထိုင်ပြီး စာသင်ကြားပေးရမယ်ဆိုတာခက်ခဲပေမဲ့လည်း တာဝန်ကျရာသွားရမှာပဲမလို့ ဇနီးဖြစ်သူကပါမောင်တစ်ထမ်း မယ်တစ်ရွက်လိုက်ပါဖို့ ဆုံးဖြတ်ခဲ့ကြပါတော့တယ်။ဒီလိုနဲ့ရွာကို ကားတစ်စီးနဲ့စထွက်လာခဲ့ကြပြီး စစချင်းမှာတင်မီးလောင်နေတဲ့ခေါင်းပျံကြီးတွေ သူ့ဘာသာသူအလိုအလျောက်ရွေ့နေတဲ့အခေါင်းကြီးတွေနဲ့စတင်ကြိုဆိုပါတော့တယ်။ရောက်ရောက်ချင်းဆောက်နဲ့ထွင်းပြီး ရွာကိုရောက်သွားတဲ့အချိန်မှာတော့ ရွာရဲ့ဝမ်းနည်းစရာသမိုင်းကြောင်းကိုသိခဲ့ရပါတော့တယ်။ဒီရွာမှာ အရင်တုန်းက အကြီးအကျယ်ရေလွှမ်းမိုးခဲ့ပြီး ရွာမှာရှိတဲ့ လူတော်တော်များများကလေးလူငယ်လူကြီးမရွေးသေဆုံးခဲ့ကြပါတယ်။အသက်ရှင်ကျန်ခဲ့တဲ့လူတော်တော်များများကလည်း ဒီရွာကနေထွက်သွားကြတဲ့အတွက်အခုအချိန်မှာ ရွာသူရွာသားအနည်းငယ်နဲ့ ကျောင်းသူကျောင်းသား ၇ ယောက်သာကျန်ပါတော့တယ်။ဒါပေမယ့်ကလေးဘယ်လောက်နည်းနည်း စာသင်ပေးရမဲ့ တာဝန်ရှိတာကတစ်ကြောင်း ရွာသူကြီးအဆွယ်ကောင်းတာက တစ်ကြောင်းနဲ့လင်မယားနှစ်ယောက်လုံး နောက်ရက်မှ ာစာစသင်ခဲ့ကြပါတော့တယ်။ဒါပေမယ့်သူတို့စာစသင်တဲ့ရက်ကတည်းကစပြီးကြောက်လန့်စရာတွေတစ်ခုပြီး တစ်ခုဆက်တိုက်တွေ့လာကာဘယ်လိုအရာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.39GB / 583MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle ...
movie

Kuyang (2024)

Declaration of War (2001) 7.0
Declaration of War (2001)  'ချစ်ခြင်းဖြင့်ဖွဲ့သီသော'CM ပရိတ်သတ်ကြီးရေ ဇာတ်လမ်းထဲက မိဘတစ်ယောက်ရဲ့ သောကဗျာပါဒမီးဟာ ကြည့်ရှုသူကိုကူးစက်လာအောင်အထိ ရိုက်ပြတဲ့ဇာတ်လမ်းမျိုးမြည်းစမ်းကြည့်လိုပါသလား။ မိဘတွေဟာ သားသမီးအပေါ်ဘယ်လိုပေးဆပ်ကြောင်း မိနစ် ၁၀၀ လောက် ကောင်းကောင်းကြီးတွေ့ကြုံလိုပါသလား။ ဒါဆိုရင်တော့ ဒီရုပ်ရှင်လေးနဲ့ကိုယ်တိုင်ခံစားကြည့်ပါလို့ပြောပါရစေ။ဇာတ်ကားနာမည်က စစ်ကြေညာစာတမ်းတဲ့ ဒါပေမယ့် ဘယ်စစ်ပွဲမှလည်းမတိုက်သလို သတ်တာပုတ်တာလည်းတစ်ခုမှမပါပါဘူး။ ရှိတ်စပီးယားရဲ့ရိုမီယိုနဲ့ဂျူးလိယက်ဟာ အချစ်အတွက်မိဘတွေကိုစစ်ခင်းခဲ့ကြသလိုပဲ (တင်စားပြောတာဟ) ဒီတစ်ခေါက် IMDB 7 ရရှိထားပြီး ၂၀၁၁ ခုနှစ်ထွက် ပြင်သစ်ရုပ်ရှင်ထဲက ရိုမီယိုနဲ့ဂျူးလိယက်တို့ဟာလည်း သူတို့သားလေးအတွက် Brain Tumor နဲ့စစ်ခင်းရင်း မေတ္တာဆိုတာဘာလဲနဲ့ သစ္စာတွေ ယုံကြည်မှုတွေဆိုတဲ့ စကားလုံးတွေကိုနောက်ခံတေးဂီတကောင်းကောင်းနဲ့ ဆွတ်ပျံ့ဖွယ်ဖော်ကျူးထားတာကိုရှုစားရမှာပဲဖြစ်ပါတယ်။ တင်ပြပုံကောင်းသလို ပိုပြီးအံ့သြဖို့ကောင်းတာက ဒီရုပ်ရှင်ထဲကမင်းသားမင်းသမီးဟာ အပြင်မှာတကယ့်လင်မယားတွေဖြစ်ပြီး ဒီရုပ်ရှင်ထဲကအဖြစ်အပျက်တွေဟာလည်း တကယ့်လက်တွေ့ဘဝက သူတို့ရဲ့ကင်ဆာရောဂါရှင်သားဦးလေးနဲ့အတူ ဘဝဖြတ်သန်းခဲ့ရပုံဖြစ်ရပ်မှန်တွေကိုရိုက်ပြထားတာဖြစ်ပါတယ်။ဒီတော့ အများကြီးမညွှန်းတော့ဘူး။ တစ်ခုပဲသတိပေးချင်တာက ပြင်သစ်ရုပ်ရှင်တို့ရဲ့ထုံးစံအတိုင်း အသံက ရုတ်တရက်ဆောင့်ဆောင့်ထွက်လာတတ်တာလေးတစ်ခုပါပဲ။ကျွန်တော်ကတော့ Alex666 ပါ။ ရှုစားလိုက်ကြပါဦး။ File size…(1.6 GB)/(800 Mb) Quality….Blu-Ray 1080p / ...
movie

Declaration of War (2001)

Love in the Afternoon (1957) 7.1
Love in the Afternoon (1957)  လူဆိုတာ မလုပ်ရဘူးဆိုတာကို ပိုလို့လုပ်ချင်တတ်တဲ့ အကျင့်နဲ့ သတ္တဝါမျိုးပါ.....အဲဒီလို သတ္တဝါမျိုးကိုမှ ဘာကိုမှမမြင်တော့လောက်အောင် ကန်းစေမဲ့ အချစ်မျိုးထည့်ဖြည့်ပေးလိုက်ရင် မိုးပေါ်က သိကြားမင်းမကလို့ တဖက်၅၀၀စီရှိတဲ့ နတ်သမီးတွေ တောင်းပန်ခယလည်း နောက်ပြန်လှည့်တော့မှာမဟုတ်ပါဘူး.....အချစ်ဆိုတဲ့ စကားလုံးလေးက အင်မတန်ရိုးရှင်းပါတယ်.....ဖွင့်ဆိုရတဲ့ အဓိပ္ပာယ်တွေကတော့ ဆန်းကြယ်လွန်းတာမှ အနန္တစကြာဝဠာဆိုတာ တကယ်ရှိနေပါလားဆိုတာထက်ကို ပိုဆန်းကြယ်လွန်းပါတယ်.....ဒီအရာကို တခြားလူလုပ်ရင်မကြိုက်ပေမဲ့ ကိုယ့်မျက်စိထဲ ချစ်စရာကောင်းတယ်လို့ထင်တဲ့လူလုပ်နေရင်တော့ စိတ်ဝင်စားစရာ သည်းခံချင်စရာလေးဖြစ်သွားတဲ့အထိကို လူ့စိတ်ကိုပြောင်းလဲစေတာလည်း အချစ်ပါပဲ.......တခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်ကို မြင်တဲ့အချိန်ကနေစပြီး အသက်ဆုံးသွားတဲ့အချိန်ထိ ကိုယ့်ဘေးမှာ မပူမပင်မကြောင့်မကျဘဲ ထားချင်တာလည်း အချစ်ပါပဲ.....ဒါပေမဲ့ ကိုယ်အင်မတန်မုန်းတီးပါတဲ့ဆိုတဲ့အရာကို ကိုယ်အင်မတန်ချစ်ပါတယ်ဆိုတဲ့သူ လုပ်လို့ အသက်ဆုံးရှုံးတဲ့အထိ တုံ့ပြန်တတ်တာလည်း အချစ်ပါပဲ.....ပြောရရင်ကုန်မှာကိုမဟုတ်ပါဘူး အနန္တစကြာဝဠာဆိုတာ အချစ်ရဲ့ အဓိပ္ပာယ်ရှင်းတမ်းနဲ့ယှဉ်ရင် မြူမှုန်တဝက်သာသာရယ်ရှိတာပါ.....ဒီဇာတ်ကားလေးကတော့ ပလေးဘွိုင်းလို့ သိနေလျက်နဲ့ ကိုယ့်အဖေစုံထောက်ကြီးကလည်း စုံစမ်းနေလျက်နဲ့ကို စုံလုံးကန်း ချစ်မိသွားတဲ့ အကြောင်းလေးကို ဟာသလေးနှော အပြောကောင်းကောင်းလေးတွေပေါင်းထည့်ပြီး တင်ဆက်ရိုက်ပြထားတာပါ......ဒီခေတ်ရဲ့ ချစ်စကားတွေနဲ့ အရင်ခေတ်က ချစ်စကားတွေ ဒီခေတ်လူငယ်တွေနဲ့ ...
movie

Love in the Afternoon (1957)

Premalo (2024) 7
Premalo (2024) Premalo (2024) ချစ်ကျွမ်းဝင်ရပါသောအခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားကောင်းလေးကတော့ အက်ရှင်ဒရာမာအချစ်ဇာတ်ကားကောင်းလေး ဖြစ်တဲ့ Premalo ပဲ ဖြစ်ပါတယ်။ဒီကားလေးက IMDb rating 8/10 တောင် ရရှိထားလို့ လက်မလွှတ်တမ်း ကြည့်ရှုအားပေးသင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးကိုတော့ Chandu Koduri ရိုက်ကူးပေးထားပြီး သူကိုယ်တိုင်ပဲ ပါဝင်သရုပ်‌ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ရာဗီနဲ့ပရာရှန်တီတို့ဟာ အရမ်းကိုမှ ချစ်ကြတဲ့ ချစ်သူစုံတွဲလေးပါ ဒါပေမဲ့ တစ်ရက်မှာတော့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေကြောင့် ရာဗီတစ်ယောက် သူ့သူငယ်ချင်းတွေနဲ့အတူ ပရာရှန်တီကို အဓမ္မပြုကျင့်နေတဲ့ ဗီဒီယိုဖိုင်က ပရာရှန်‌တီ့အဖေဆီ ရောက်သွားတဲ့အခါမှာတော့..... ရာဗီ ဘာလို့ ဒီလိုလုပ်ရတာလဲ... ရာဗီ ပရာရှန်တီကို တကယ်ရော ချစ်ရဲ့လားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုအားပေးကြပါဦးရှင့်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်ရှင့် File size… 2.39GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Premalo (2024)

2024
Jilebi (2023) 7.3
Jilebi (2023) Jilebi (2023)"ဂျလေဘီ" ===================၂၀၂၃ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ IMDb 7.5 ရ ကောလိပ်ဟာသ သရဲကားလေးတစ်ခုကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။တောင်ပိုင်း ကားကောင်းတော်တော်များများမှာ ပါဝင်တတ်တဲ့ မင်းသမီးလေး ရှီဗာနီနဲ့ မင်းသား အန်ကိသ်ကိုင်ယာတို့က ဒီရုပ်ရှင်ထဲမှာ အဓိကသရုပ်ဆောင်ထားကြတာပါ။ဇာတ်လမ်းကတော့ ကောလိပ်တက်ရင်း အဆောင်မှာနေကြတဲ့ ဂျလေဘီတစ်သိုက်နဲ့စတယ်ပေါ့။ ဘာတာဝန်မှ ယူစရာမရှိသေးတဲ့ ကောလိပ်ကျောင်းသားတွေဖြစ်တဲ့အလျောက် ဆရာတွေ လက်မြှောက်ရတဲ့အထိ အရက်သောက်၊ ဖဲရိုက်၊ ရန်ဖြစ် ကဲချင်တိုင်းကဲနေကြတဲ့ ကာမယ်တို့အဖွဲ့ထဲကတစ်ယောက်က ကျောင်းသူတစ်ယောက်ကို အဆောင်ထဲ ခိုးသွင်းမိရာကစပြီး သရဲခြောက်သလိုလို အပမှီသလိုလို တလွဲတချော်တွေဖြစ်ကြပုံကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.6GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Jilebi (2023)

2023
Once Upon a Time in China III (1993) 7.3
Once Upon a Time in China III (1993)  ဒီဇာတ်လမ်းအဆက်လေးမှာတော့ ဝမ်ဖေးဟုန်ဟာ ဒေါ်လေးရီနဲ့အတူ အဖေဖြစ်သူရဲ့ ဆေးဝါးလုပ်ငန်းကိုလည်း ကြည့်ရင်း အဖေနဲ့လည်း တွေ့ချင်တဲ့အတွက် ကန်တုံကို ပြန်ခဲ့ပါတယ်။ သူပြန်ရောက်တဲ့အခါမှာတော့ ရုရှားတွေက တရုတ်ပြည်ကို ရောက်ရှိနေပြီး ဘုရင်မကြီးက တရုတ်ပြည်ဟာ တိုင်းတပါသားတွေကို မလိုအပ်ကြောင်းနှင့် စစ်အင်အားကို တစ်ဖက်လှည်နဲ့ ပြသချင်တဲ့အတွက် ခြင်္သေ့ဘုရင်ပြိုင်ပွဲကို ကျင်းပဖို့ စေခိုင်းထားပါတယ်။ရုရှားသံတမန်တွေကလည်း အကြံအစည်နဲ့လာတာဖြစ်ပြီး တစ်ဖက်မှာလည်း တိုင်ပေဆီလုပ်ငန်းပိုင်ရှင်တဖြစ်လည်း တိုင်ပေဂိုဏ်းခေါင်းဆောင်ဖြစ်သူ ကျူထန်ပါးက တခြားအဖွဲ့အစည်းတွေ ခြင်္သေ့ဘုရင် ပြိုင်ပွဲမှာ ဝင်မပြိုင်နိုင်အောင် အစွမ်းကုန်ဖျက်လိုဖျက်ဆီး လုပ်နေပါတော့တယ်။ ဒီတော့ ရုရှားနှင့် တိုင်ပေဂိုဏ်းကြားထဲမှာ ဘယ်လိုဆက်နွယ်မှုတွေရှိနေလဲ၊ ရုရှားတွေရဲ့ အကြံအစည်ကရော ဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာကို ဝမ်ဖေးဟုန်တစ်ယောက် မိသားစု တပည့်တပန်းတွေနဲ့အတူ ရှာဖွေ ဖော်ထုတ် တားဆီးသွားမှာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(3.2 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:53:00 Genre... Action, Adventure, Biography Subtitle….Myanmar Subtitle ...
movie

Once Upon a Time in China III (1993)

1993
Once Upon a Time in China II (1992) 7.3
Once Upon a Time in China II (1992)  ဒီတစ်ခေါက် ဇာတ်လမ်းလေးမှာတော့ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေက တရုတ်ပြည်နဲ့ နိုင်ငံရေးရာ ဆက်ဆံချင်ပြီး ခေတ်စနစ်နဲ့အညီ တိုးတက်စေချင်တဲ့အတွက် တရုတ်ကို ရောက်လာကြပြီး တရုတ်အာဏာပိုင်တွေကလည်း အသာတကြည်လက်ခံဆွေးနွေးကြပါတယ်။လက်မခံနိုင်တာကတော့ ဗုဒ္ဓလမ်းစဉ်လို့ နာမည်ခံပြီး နတ်ဘုရားတွေ မှော်လမ်းစဉ်တွေ ကျင့်ကြံမှုတွေနဲ့ လူတွေကို အယုံသွင်းထားတဲ့ ကြာပန်းဖြူဂိုဏ်းဖြစ်ပြီး ဒီဂိုဏ်းဟာ လူပေါင်းများစွာကို ဂိုဏ်းထဲကို အကြောင်းအမျိုးမျိုးနဲ့ ဆွဲဆောင်သွပ်သွင်းပြီး နိုင်ငံခြားသားတွေကို တိုင်းပြည်ကို ဖျက်ဆီးမဲ့ နတ်ဆိုးအနွယ်ဝင်တွေလို့ အယုံသွင်းကာ သုတ်သင်သတ်ဖြတ်ကြပါတော့တယ်။ဒီအချိန်မှာ မတရားမှုကို လက်သင့်မခံနိုင်တဲ့ ဖြောင့်မတ်မှန်ကန်တဲ့ ကျွန်တော်တို့ ကွန်ဖူးပညာရှင် ဝမ်ဖေးဟုန်က ဒီအစွန်းရောက်ဂိုဏ်းရဲ့ လူမဆန်တဲ့သတ်ဖြတ်မှုတွေကို ဘယ်လိုတားဆီးမလဲ သူတို့သွပ်သွင်းထားတဲ့ အယူမှားတွေကို ဘယ်လိုဖြေဖျောက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ဒီကားထဲမှာတော့ ဂျက်လီအပြင် အိုင်ပီမန်းဆရာကြီး ဒွန်နီယန် ပါ ပါဝင်အားဖြည့်ပေးထားပါတယ်..... File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:53:00 Genre... Action, Adventure, Biography Subtitle….Myanmar Subtitle ...
movie

Once Upon a Time in China II (1992)

1992
Karataka Damanaka (2024) 6.5
Karataka Damanaka (2024) Karataka Dhamanaka (2024) "ဆရာနှစ်ပါး"IMDb 6.5အသစ်ထွက် ကန်နားဒါး ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ရွာလေးတစ်ရွာမှာ မိုးခေါင်ရေရှားမှုတွေ နှစ်ချီကြာညောင်းခဲ့ပြီး အဆင်မပြေကြလို့ ပြောင်းရွှေ့သွားတဲ့သူတွေလည်း ဒုနဲ့ဒေးပါ နိုင်ငံရေးသမားတွေရဲ့ အကျင့်ပျက်ချစားမှုကြောင့် မြေစာပင်ဖြစ်ရတဲ့ ရွာသားတွေမှာ အံတကြိတ်ကြိတ်ပေါ့တစ်ချိန်တည်းမှာပဲ လိမ်လည်ခြင်းအတတ်ကို တစ်ဖက်ကမ်းခတ် တတ်ကျွမ်းတဲ့ နိုင်ငံကျော်လူလိမ်နှစ်ယောက်ဟာ နိုင်ငံရေးသမားတစ်ဦးကို မလှိမ့်တစ်ပတ်လုပ်ပြီး အရှက်ရစေခဲ့တဲ့အတွက် ထောင်ထဲရောက်လာတယ်သူတို့ရဲ့ အရည်အချင်းကို သိသွားတဲ့ ထောင်မှူးဟာဆိုရင် လူလိမ်နှစ်ယောက်ကို မိုးခေါင်ရေရှား ရွာလေးကို လွှတ်လို့ အထူးတာဝန်တစ်ခု ပေးလာတဲ့အခါ …ဘယ်လိုအလွဲတွေ ဆက်ဖြစ်မှာလဲ လူလိမ်နှစ်ယောက်ကရော ရွာလေးအတွက် ကယ်တင်ရှင်ဖြစ်လာမှာလား ဆိုတာကတော့ ……အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.94GB / 1.7GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by M Bollywood Team 
movie

Karataka Damanaka (2024)

2024
Proof of Innocence (2016) 6.5
Proof of Innocence (2016) Proof of Innocence (2016) ************************* Detective K ရုပ်ရှင်ကားတွေနဲ့ကြည့်ရှုသူတွေကို အူလှိုက်သည်းလှိုက်ရယ်မောစေခဲ့တဲ့ မင်းသားကြီး ဂင်မြောင်မင်း၊ရုပ်ရှင်ဇာတ်ကားပေါင်း မြောက်မြားစွာမှာ အပြစ်ကင်းတဲ့မျက်နှာနဲ့ချစ်ခင်သနားဖွယ်ဇာတ်ရုပ်တွေကို အများအပြား သရုပ်ဆောင်ခဲ့တဲ့ ဂင်ဆန်းဟို၊Along with the Gods ရုပ်ရှင်ကားတွေထဲ နတ်မင်း ၃ ပါးကြားက တစ်ဦးတည်းသောမိန်းကလေးဇာတ်ရုပ်နဲ့မြန်မာပရိသတ်တွေ စတင်လူသိများလာခဲ့တဲ့ မင်းသမီးလေး ဂင်ဟျန်းဂီ၊Reply 1988 က ဒေါ့ဆွန်းအဖေတစ်ဖြစ်လဲ သဘောကောင်းတဲ့ Character တော်တော်များများမှာ တွေ့ရတဲ့ မင်းသားကြီး ဆောင်ဒုံအီတို့လိုဇာတ်ပို့ဇာတ်ရံတွေနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ************** ဂွမ်ဆွန်းထယ်ဆိုတဲ့ တက္ကစီဒရိုင်ဘာက ကိုရီးယားရဲ့တရားဥပဒေကိုလိုက်နာတဲ့ နိုင်ငံသားကောင်းတစ်ဦးဖြစ်ပြီးအရမ်းချစ်ရတဲ့သမီးလေးတစ်ယောက်လည်း ရှိပါတယ်။တစ်နေ့မှာတော့ သူ့တက္ကစီကိုငှားစီးခဲ့တဲ့ လုပ်ငန်းစုကြီးတစ်ခုရဲ့ချွေးမက အသတ်ခံလိုက်ရတဲ့အတွက်အရင်ပြစ်မှုဟောင်းတွေရှိခဲ့ဖူးတဲ့သူ့ကို လူသတ်မှုအဓိကတရားခံအဖြစ် သတ်မှတ်လိုက်ကြပြီးသေဒဏ်ချမှတ်ကာ အကျဉ်းချလိုက်ပါတယ်။သူမသတ်ပါဘူးဆိုပြီး ဘယ်လိုပဲအသည်းအသန် ငြင်းဆန်ပေမဲ့ နားထောင်ပေးသူမရှိတဲ့အခါသတင်းစာဖြတ်ပိုင်းမှာတွေ့တဲ့ စံပြရဲအရာရှိဖြစ်သူ ရဲကြပ်ကြီး "ချွဲဖီဂျယ်" ဆီကို အသနားခံစာတစ်စောင် ရေးပို့လိုက်ပါတယ်။တစ်ဖက်မှာလည်း အဖေဖြစ်သူက ထောင်မင်းသားဖြစ်ခဲ့တာကြောင့်ကိုယ့်အတွက်ရော၊ ကိုယ့်အဘိုးအတွက်ပါ အကျိုးမပေးတဲ့အဖေကို ...
movie

Proof of Innocence (2016)

Genres

Archives