Channel Myanmar

New releases (2025)

Content at random


Movies

The 400 Blows (1959) 8.1
The 400 Blows (1959) The 400 Blows (1959)~ IMDb - 8.1/10, Rotten Tomatoes - 99% ~ပြင်သစ်နယူးဝေ့စီနီမာအရွေ့မှာ ပြင်သစ်ဒါရိုက်တာတွေဟာ သမားရိုးကျ ရုပ်ရှင်ရိုက်နည်းစံနှုန်းတွေကနေ ဖောက်ထွက်ပြီး တည်းဖြတ်မှုတွေ စီနီမာတိုဂရပ်ဖီတွေ ဇာတ်ကြောင်းပြောပုံတွေ အကုန်ဆန်းသစ်ခဲ့ကြတယ်။ သူတို့မျက်မှောက်ခေတ်ရဲ့ လူမှုရေး နိုင်ငံရေးပြဿနာတွေကို ပြသလာကြတယ်။ ဒီပြင်သစ်နယူးဝေ့အရွေ့ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးဆုံးအရွေ့တစ်ခုဖြစ်ခဲ့တယ်။François Truffaut ကတော့ ဒီအရွေ့က နာမည်ကျော်ဒါရိုက်တာတွေထဲ အရေးအပါဆုံးလို့ပြောလို့ရတယ်။ သူနဲ့အတူ ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတွေလို့ သတ်မှတ်ထားကြတဲ့ ဒါရိုက်တာတွေကတော့ Jean-Luc Godard, Eric Rohmer, Jacques Rivette နဲ့ Claude Chabrol တို့တွေပါပဲ။ François Truffaut ကို ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတစ်ယောက်လို့ သိကြရုံတင်မဟုတ်ဘဲ The 400 Blows (1959) ဟာလည်း ပြင်သစ်နယူးဝေ့ရဲ့ ကနဦးရုပ်ရှင်တွေထဲပါခဲ့ပြီး ...
movie

The 400 Blows (1959)

1959
Luv Shuv Tey Chicken Khurana (2012) 6.6
Luv Shuv Tey Chicken Khurana (2012) Luv Shu Try Chicken Khurana(2012) အိမ်ပြေးတစ်ယောက်ရဲ့အိမ်ပြန်ချိန်IMDb - 6.6/10မင်းသားကြီး Kunal Kapoorရဲ့ တစ်ချိန်က လူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ အချစ်ဟာသကားလေးဖြစ်ပြီး လက်ရှိနဲ့လည်း တိုက်ဆိုင်တဲ့ရုပ်ရှင်လေးဖြစ်တာမလို့ ကြည့်ရှုသူတွေအတွက်လည်း ခံစားချက်တစ်ခုခု ကျန်နေခဲ့စေမှာပါ။သူငယ်ချင်းတွေလည်း ကိုယ်စီ နိုင်ငံခြားထွက်ကြ အဆင်ပြေကြတာကိုမြင်ပြီး အိုမီတစ်ယောက်လည်း နိုင်ငံခြားထွက်မယ်တကဲကဲဖြစ်တာပေါ့။ ဒါကို ဦးလေးရောအဘိုးရောက လက်မခံတာကြောင့် ကလန်ကဆန်လုပ်ပြီး အိမ်ကပိုက်ဆံခိုးပြီးတော့ လန်ဒန်ကိုပြေးသွားပါတော့တယ်။ဒီလိုနဲ့ ဆယ်စုနှစ်တစ်ခုကြာပြီး စတော့ရှယ်ယာကြွေးတင်ချိန်မှာတော့ အိုမီတစ်ယောက် ဆယ်နှစ်ကြာမေ့ထားခဲ့တဲ့ မိသားစုဆီကိုပြန်ပြီး ပိုက်ဆံလာပြန်တောင်းရဖို့ ဖြစ်လာပါတော့တယ်။ဒါပေမဲ့ အိုမီပြန်ရောက်ချိန်မှာ အဘိုးကလည်းသတိမေ့ပြီး မိသားစုလက်ငုပ်လက်ရင်းစားသောက်ဆိုင်ကလည်း လျှို့ဝှက်ကြက်သားဟင်းချက်နည်းမရှိလို့ ဒုက္ခရောက်နေတဲ့အပြင် တစ်ချိန်က အချစ်ဦးကလည်း ညီဝမ်းကွဲနဲ့ လက်ထပ်တော့မှာဆိုတာကို သိလိုက်ရချိန်မှာတော့....နိုင်ငံခြားကိုအထင်ကြီးတဲ့အိုမီတစ်ယောက် မိသားစုကို ချစ်တတ် တန်ဖိုးထားကာကွယ်တတ်ဖို့ ဘယ်လိုသင်ယူသွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ BpL ~ Zwe ~ KKKZတို့ပဲဖြစ်ပါတယ်) File size…3.56GB / 976MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Luv Shuv Tey Chicken Khurana (2012)

2012
Blow Up My Life (2024) 6.7
Blow Up My Life (2024)  "Blow Up My Life" (2022) ရုပ်ရှင်ဟာ ဒါရိုက်တာRyan Dickie နဲ့ Abigail Horton တို့က ရိုက်ကူးထားတဲ့ဟာသသည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ဆိုးရွားတဲ့ opioid vape ပူးပေါင်းကြံစည်မှုကိုမတော်တဆတွေ့ရှိခဲ့တဲ့ အရှက်ကွဲတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်း Jason ရဲ့နောက်ဆက်တွဲအဖြစ်ကို ရိုက်ကူးထားတာပါ။သူနဲ့သူ့ရဲ့ဝမ်းကွဲ Charlie တို့ဟာ အိုင်တီနည်းပညာကိုအသုံးချပြီးရာဇ၀တ်မှုတွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့ကြရာမှာကမောက်ကမဖြစ်စဉ်တွေကြားထဲက ရယ်စရာအလွဲတွေကိုခံစားကြည့်ရှုရမှာဖြစ်ပြီး ဒီဇာတ်ကားထဲမှာတော့ မျှော်လင့်မထားတဲ့အလှည့်အပြောင်းတွေနဲ့ ထူးခြားတဲ့ဇာတ်ကောင်စရိုက်ကိုစောင့်မျှော်ကြည့်ရှုကြရမှာပါ။  File size…1.14GB / 487MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 20m Genre …..Comedy ,  Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

Blow Up My Life (2024)

Kaaduvetty(2024) 6
Kaaduvetty(2024) Kaaduvetty 2024 (ဘောလိဝုဒ် ရိုမီရိုနဲ့ဂျူးလိယက်) IMDb - 6.1/10နာမည်ကျော် ရှိတ်စပီးယားပြဇာတ် ရိုမီယိုနဲ့ဂျူးလိယက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို အားလုံးသိကြ နှစ်သက်ကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘောလိဝုဒ်ဗားရှင်း ရိုမီရိုနဲ့ဂျူးလိယက်ကားလေးကို ကြည့်ရှူခံစားရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းမှာ ရိုးရာအကသဘင်ပညာရှင်တစ်ဦး၏ သမီးဖြစ်သူ ဒက်ရှာရီနီနဲ့ ဇာတ်နိမ့်မျိုးနွယ်မှာ ပေါက်ဖွားကြီးပြင်းတဲ့ အခီလန်တို့ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။အခီလန်ဟာ ဒက်ရှာရီနီကိုချစ်မိသွားပြီး သူမရဲ့အချစ်ကိုမရရအောင် ကြိုးစားယူခဲ့အပြီးမှာ နောက်ပိုင်းသူတို့ ချစ်သူ၂ဦး အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အကြောင်းလေးကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်ခင်ဗျ။ဘောလိဝုဒ် အချစ်ဇာတ်လမ်းတွေ အလွမ်းအဆွေးကားတွေကို အားလပ်ချိန်မှာ ကြည့်ရှူမယ့် ပရိတ်သတ်တို့အတွက် အချိန်ပေးရတာတန်မယ့်အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျာ။( အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်) File size…2.8GB / 1.4GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kaaduvetty(2024)

2024
Unfriended (2014)
Unfriended (2014) Unfriended (2014) IMDb: 5.6/10 Rotten Tomatoes: 62% Genre: Horror/MystreryUnfriended (2014) ကိုမသိတဲ့ ပရိသတ်မရှိလောက်ဘူးထင်ပါတယ်။ အဲတော့ရှည်ရှည်ဝေးဝေးပြောမနေတော့ပါဘူး။ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဇာတ်ညွှန်း သူငယ်ချင်းတစ်သိုက် လိုင်းပေါ်မှာ Group Video Call ပြောရင်း ဘီလီဆိုတဲ့တစ်ယောက်က သူတို့ပြောတဲ့အထဲမှာပါလာခဲ့ပါတယ်။ ခက်တာက ဘီလီဆိုတဲ့ သူငယ်ချင်းမရှိတာပါပဲ။ နောက်ထပ်သိလာရတာကတော့ ဘီလီဆိုတဲ့ လူဟာ ဆုံးသွားတဲ့ သူတို့သူငယ်ချင်း လော်ရာ ရဲ့အကောင့်ကိုယူသုံးပြီးဝင်ပြောနေတာဖြစ်ပါတယ်။ ဘာတွေဆက်ဖြစ်မှာလဲ။ လော်ရာရဲ့အကောင့်ကိုဝင်သုံးနေတာဘယ်သူများလဲ။  File size…    987 MB /  371 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 23m Genre ..... Horror, Mystery, Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by  Lucifer Maximoff
movie

Unfriended (2014)

Ichigeki (2023)
Ichigeki (2023)  Ichigeki 2023 ကတော့ ဂျပန် ဆာမူရိုင်းကားပါ။ သမိုင်းမှတ်တမ်းကို အခြေခံပြီးတော့ ဟာသနှောပြီးရိုက်ကူးတင်ဆက်ထားပါတယ်။ ဒီဇါတ်လမ်းကို ရှုးထောင့်အမျိုးမျိုးက တင်ဆက်ဖူးကြပါတယ်။ ဒီတစ်ခါတော့ ပြဇာတ်အသွင်နဲ့ တက်ဆက်ထားတာပါ။ ဒါပေမယ့် လုံးလုံးလျားလျားပြဇာတ်ဟန်တော့မရှိပါဘူး။ ဇာတ်လမ်းအခြေခံက အီတိုမြို့စား ရှိုဂန်အနွယ်တွေရဲ့ နှောင်းကာလဖြစ်ပြီး မီဂျီဘုရင်က အာဏာတွေပြန်ပြီးစုလာတဲ့ကာလပါ။ ဒီကာလမှာ တိုင်းပြည်အခြေအနေကြောင့် ဆူပူမှုတွေရှိလာပြီး ဆာမူရိုင်းတွေရဲ့ရှင်သန်မှုကို ပြောင်းလဲလာစေပါတယ်။ ဒါကို မျိုနွယ်နှစ်ခုကြားက အာဏာပြိုင်ဆိုင်မှုအသွင်နဲ့ တင်ဆက်ထားပါတယ်။ဂျပန်ဆာမူရိုင်းကားတွေက အားလုံးနီးပါးကြည့်ရအဆင်ပြေပါတယ်။ ဒီတစ်ခုကိုလည်း သဘောကျကြပါလိမ့်မယ်။ ဒါရိုက်တာ Ayado Matsuda က စီစဥ်ရိုက်ကူးထားတာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thy Santa ပါ )File size_(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:27:00 Genre_Drama , History Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thy Santa
movie

Ichigeki (2023)

Sniper: Ultimate Kill (2017) 5.6
Sniper: Ultimate Kill (2017)  ဒီကားလေးကတော့ Sony ရဲ့ နိုင်ငံတကာမှာအောင်မြင်မှုရထားတဲ့စနိုက်ပါရုပ်ရှင်စီးရီးထဲမှာပါဝင်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီးHollywood စတား မိုက်ကယ်ကောလင်း က စနိုက်ပါဘရန်ဒန်အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။စနိုက်ပါရုပ်ရှင်ကောင်းကောင်းကြည့်ရှုလိုသူတွေအတွက်ချန်မထားသင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ဇာတ်လမ်းအညွှန်း **************ဘရန်ဒန် ဟာ အမေရိကန် မရိန်းတပ်ရဲ့ စနိုက်ပါတစ်ယောက်ပါ။တစ်နေ့မှာတော့ မူးယစ်ဆေးနှိမ်နင်းရေးမစ်ရှင်တစ်ခုအ‌နေနဲ့ကိုလံဘီယာနိုင်ငံကိုသွားရဖိုဖြစ်လာတယ်။ ကိုလံဘီယာမူးယစ်ရာဇာ မိုရယ်လေး က ဒီယာဘလို လိုခေါ်တဲ့ ကြေးစားစနိုက်ပါတစ်ယောက်ကိုငှါးပြီး သောင်းကြမ်းနေတယ်။မူးယစ်နှိမ်နင်းရေး တပ်ဖွဲနဲ့ မိုရယ်လေးတိုအဖွဲ ဘယ်လိုတွေအပြန်အလှန်နွှဲကြမလဲ...ဘရန်ဒန်နဲ့ ဒီယာဘလိုတိုရဲ့ စနိုက်ပါချင်း နွှဲတဲ့ အက်ရှင်အခန်းတွေကိုအမေရိကန်ကားပီပီ အက်ရှင်ခန်းတွေအပြည့်နဲ့ ရှုစားကြရမှာပါ။တစ်ကားလုံး ပျင်းစရာမရှိအောင် ဇာတ်လမ်းဇာတ်ကွက်အပိုအလိုမရှိ အနှစ်အပြည့်နဲ့ဆွဲခေါ်သွားတာကြောင့် အက်ရှင်ကားချစ်သူတွေအနေနဲ့ အားလပ်ရက်မှာ ကြည့်ဖို ရုပ်ရှင်တစ်ကားရှာနေတယ်ဆိုရင်တော့ ဒီကားလေးကိုလည်း ကြည့်ရှုသင့်ပါကြောင်း.... File size…1.76GB / 807MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

Sniper: Ultimate Kill (2017)

Falling Like Snowflakes (2024) 6.2
Falling Like Snowflakes (2024)  ဒီတစ်ခေါက် Channel Myanmar ကနေတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ နှင်းပွင့်တွေကြားထဲက ချိုမြမြအချစ်ဇာတ်‌လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။တီဂန်ဟာ နှင်းပွင့်လေးတွေကို အနီးကပ်ဓာတ်ပုံရိုက်လေ့ရှိတဲ့ဓာတ်ပုံဆရာမတစ်ယောက်ဖြစ်ပြီး သူ့ဓာတ်ပုံတွေကို ပြခန်းတစ်ခုမှာပြသထားပါတယ်။ နှင်းပွင့်‌အမျိုးအစားပေါင်း 35 မျိုးရှိပေမဲ့ တီဂန်ရဲ့ နှင်းပွင့်ဓာတ်ပုံကော်လက်ရှင်ထဲမှာတော့ 34 မျိုးပဲရှိနေပါသေးတယ်။ နောက်ဆုံး ကျန်နေတဲ့ နှင်းပွင့်အမျိုးအစားဟာအနား ၁၂ ဖက်ပါတဲ့ စတယ်လာဒန်ဒရိုက် နှင်းပွင့်ဖြစ်ပြီး လုံးဝကိုတိကျတဲ့ ရာသီဥတုမျိုးမှာပဲတွေ့ရနိုင်တာကြောင့် အရမ်းကိုရှားပါးတဲ့ နှင်းပွင့်မျိုးပါတဲ့။တစ်နေ့မှာ အနုပညာလက်ရာတွေကို ဝယ်ယူစုဆောင်းလေ့ရှိတဲ့သူဌေးကြီးတစ်ယောက်က ကျန်နေတဲ့ နှင်းပွင့်ဓာတ်ပုံကိုပါရရင်တီဂန်ရဲ့ ဓာတ်ပုံကော်လက်ရှင်တစ်ခုလုံးကိုလေလံဆွဲ ဝယ်ယူမယ်ဆိုပြီးပြောလာပါတယ်။ အဲဒါနဲ့တီဂန်လည်း မိုးလေဝသပိုင်းကျွမ်းကျင်တဲ့ သူ့ရဲ့ငယ်ချစ်ဦး နိုအာနဲ့အတူ နှင်းမုန်တိုင်းကြားထဲနှင်းပွင့်ရှာဖို့ ခရီးစတင်ပါတော့တယ်။သူတို့တွေ နှင်းပွင့်လေးကိုရှာတွေ့သွားကြမှာလား တီဂန်နဲ့ နိုအာတို့ငယ်ချစ်ဦးနှစ်ယောက်ရော ပေါင်းဖက်နိုင်သွားကြမှာလားဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ဇာတ်လမ်းအသွားအလာ ပေါ့ပေါ့ပါးပါးနဲ့ နှင်းပွင့်လေးတွေအကြောင်းပါသိရဦးမှာဆိုတော့ Christmas ကာလရောက်ရင်လည်းတစ်ခါလောက်ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.44GB / 1.01GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 24m Genre ….. Romance Subtitle….Myanmar ...
movie

Falling Like Snowflakes (2024)

Mandakini (2024) 6.6
Mandakini (2024) Mandakini 2024 (ငါနဲ့ညားတဲ့ သူများရည်းစား)IMDb-6.8/10 တစ်ရံရောအခါက လူပျိုကြီးအာရိုမာတစ်ယောက်။ တစ်သက်မှာတစ်ယောက်ကိုချစ် သူ့ကိုပဲလက်ထပ်ချင်ပါတယ်ဆိုတဲ့ ကိုလူအေးကြီးပေါ့။အရွယ်ရောက်ရုံမက ကျော်လာတဲ့အချိန်မှာတော့ စိတ်ကူးထဲကချစ်သူလေး အမ်ဘီနီနဲ့တွေ့ပြီး ဘဝကြီးပြည့်စုံသွားပြီလို့ယူဆလိုက်တဲ့သူ။ ဇာတ်လမ်းကတော့ မင်္ဂလာဦးညမှာစတာပဲ သတို့သမီးနဲ့ သတို့သား အရက်ပုလင်းနဲ့ အချိုရည်ခွက် အလွဲလွဲအချော်ချော်တွေဖြစ်ပြီး မှားသောက်မိကြတဲ့အချိန် ထုံးစံအတိုင်းရည်းစားဟောင်းဇာတ်လမ်းတွေ ပြန်ဆွရစ်ကြတော့ သတို့သားကိုလူအေးကြီးက ဘာဇယားမှမရှိခဲ့ပေမဲ့ သတို့သမီးကတော့အရမ်းချစ်ခဲ့တဲ့ရည်းစား‌ဟောင်းဆီကို ခုချက်ချင်းသွားချင်ပါတယ်ဆိုပြီး ထဂျီပါလေရော ။ရိုးရိုးကုပ်ကုပ်မိသားစုကြား အချောအလှလေးကို ဘယ်လိုများရလာတာလဲဆိုပြီး တီးတိုးပြောနေကြရာက အချောအလှအဖိုးတန်သတို့သမီးလေးရဲ့ မင်္ဂလာဦးညစကားတစ်ခွန်းက တစ်မိသားစုလုံး အံ့ဩတုန်လှုပ်သွားကြတော့တာပဲ။ အရိုးခံနဲ့ အချောအလှဘယ်လိုအလွဲတွေနဲ့ ဆက်စခန်းသွားမလဲရှုစားကြည့်ပါဦးအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ် File size… 2.06GB / 971MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Mandakini (2024)

2024
Firebrand (2023) 6.2
Firebrand (2023)  Firebrand ရုပ်ရှင်ဟာ Drama ၊ History အမျိုးအစားဖြစ်ပြီးမင်းသားကြီး Jude Law နဲ့အတူ Tomb Rider ထဲကမင်းသမီး Alicia Vikander တို့က ပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့အုပ်ချုပ်မှုကြောင့်သွေးစွန်းနေတဲ့အင်္ဂလန်နိုင်ငံမှာ ဘုရင် Henry VIII ရဲ့ခြောက်ယောက်မြောက်နဲ့နောက်ဆုံးမိဖုရားဖြစ်တဲ့ ကတ်သရင်းပါးဟာဘုရင်စစ်ထွက်သွားနေတဲ့အချိန်မှာ နိုင်ငံကိုဘုရင်ခံအနေနဲ့အုပ်ချုပ်ကျန်ရစ်ခဲ့ရပါတယ်။ကတ်သရင်းဟာ သူ့ရဲ့အစွန်းရောက်ပရိုတက်စတင့်ယုံကြည်မှုတွေကိုအခြေခံပြီး တိုင်းပြည်ရဲ့အနာဂတ်သစ်တစ်ခုကိုဖော်ဆောင်နိုင်ဖို့တွန်းအားပေးလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ သူများကိုယုံမှားသံသယလွန်ကဲတတ်ပြီး ကျန်းမာရေးလည်းချွတ်ယွင်းနေတဲ့ဘုရင်ဟင်နရီပြန်ရောက်လာချိန်မှာတော့ အစွန်းရောက်တွေကိုဒေါသပုံချပြီးအစွန်းရောက်တရားဟောဆရာမတစ်ဦးဖြစ်တဲ့ ကတ်သရင်းရဲ့အချစ်ဆုံးသူငယ်ချင်းအန်းကို ဖမ်းဆီးမီးရှို့သတ်ဖြတ်ခဲ့ပါတယ်။ သူငယ်ချင်းအတွက်ဒေါသလည်းထွက် ပူဆွေးသောကလည်းရောက်ရတဲ့ကတ်သရင်းဟာနန်းတော်ထဲမှာ အရင်မိဖုရားတွေကိုလည်းခေါင်းဖြတ်သတ်ခဲ့တဲ့ဟင်နရီရဲ့လက်ကနေ သူ့အတွက်သူလွတ်မြောက်အောင် ကြိုးပမ်းရပါတော့တယ်။  File size…1.55GB / 716MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….2h 1m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Firebrand (2023)

All Your Faces (2023) 7.0
All Your Faces (2023) ပြန်လည်ထူထောင်ရေးဆိုင်ရာ တရားမျှတမှုအစီအစဉ်များကို ပြစ်မှုကျူးလွန်သူများနှင့် သားကောင်များအကြား ဆွေးနွေးမှုများအတွက် ပညာရှင်များနှင့် စေတနာ့ဝန်ထမ်းများက ပံ့ပိုးပေးတဲ့လုံခြုံသောနေရာတစ်ခု ပေးခဲ့တယ်ပါဝင်သူများထဲမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူ Chloé , Grégoire၊ Nawelle နှင့် Sabine၊ ဖောက်ထွင်းမှုနှင့် လုယက်မှု သားကောင်များ၊ Nassim၊ Issa နှင့် Thomas တို့က အကြမ်းဖက် လုယက်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံရသော ပြစ်မှုကျူးလွန်သူများဖြစ်ကြတယ်သူတို့တွေ့ဆုံဆွေးနွေးတဲ့အခါ...( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W
movie

All Your Faces (2023)

Bully (2001)
Bully (2001) Bully (2001) IMDb: 6.9/10 Rotten Tomatoes: 54% Genre: Biography, Crime, DramaBully ရုပ်ရှင်ဟာ ၁၉၉၃ ခုနှစ် ဇူလိုင်လ ၁၄ရက်နေ့တုန်းက ဖလော်ရီဒါမှာဖြစ်ခဲ့တဲ့ ဘော်ဘီကန့်တ်ဆိုတဲ့ ဆယ်ကျော်သက်တစ်ယောက်အသတ်ခံရတဲ့အမှုကို အ‌ခြေခံထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အဖော်အချွတ်များပါပြီး စကားပြောတွေလည်းရိုင်းသောကြောင့် မိသားစုနဲ့ကြည့်ရန်မသင့်တော်ပါ။ဇာတ်ညွှန်း ခင်ဗျားတို့လူတစ်ယောက်ကိုမုန်းလွန်းလို့ သတ်ပစ်ချင်လောက်တဲ့အထိဖြစ်ဖူးလား။ ဒါပေမယ့်စိတ်အေးတဲ့အချိန်ခင်ဗျားပြန်တွေးကြည့်လိုက်ရင် သတ်မယ်သာပြောတာ အစီအစဉ်မရှိ၊ သတ်ပြီးဘယ်လိုလုပ်မှာလဲဆိုတဲ့ အရံအတွေးမရှိ၊ လူသတ်ရတာဟာမလွယ်တဲ့အလုပ်ဆိုတာကိုသိလာပါလိမ့်မယ်။ခုဒီအဖြစ်အပျက်မှာလည်းအဲလိုပဲဖြစ်ပါတယ်။ ဘော်ဘီဆိုတဲ့ကောင်လေးဟာရိုင်းစိုင်းပြီးအတော်လေးကို မောက်မာပါတယ်။ အထူးသဖြင့်ငယ်သူငယ်ချင်း မာတီကို အရမ်းအနိုင်ကျင့်ပါတယ်။ လက်ပါတယ်၊ လူကြားထဲအရှက်ခွဲတယ်။ ဘော်ဘီဟာအရမ်းကိုဆိုးပါတယ်။ သူ့ကြောင့်နစ်နာခဲ့တဲ့လူတွေလည်းများနေပါပြီ။ အဲဒါကိုမကျေနပ်တဲ့ ဘော်ဘီရဲ့ကောင်မလေး လီဆာ ဟာ ဘော်ဘီကိုသတ်ရအောင်ဆိုပြီး ပြောလာပါတယ်။နှစ်ယောက်ထဲနဲ့လုပ်လို့မရဘူးဆိုတာကိုသိတော့ ဘော်ဘီမုဒိန်းကျင့်တာကိုခံဖူးတဲ့ အယ်လီကိုခေါ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့အဆက်အသွယ်တွေနဲ့အုပ်စုကတောင့်လာပါတယ်။ ဘော်ဘီကိုသူတို့ဘယ်လိုများဆက်ကိုင်တွယ်မှာလဲ။ ဖြစ်ရပ်မှန်ဇာတ်လမ်းမလို့ကြည့်နေရင်း စိတ်မသက်မသာဖြစ်ရသလို၊ သံဝေဂလည်းရစေမှာသေချာပါတယ်။ File size…    2.4 GB /  1.1 GB Quality… BluRay 1080p ...
movie

Bully (2001)

The Lover (1992)
The Lover (1992) The Lover (1992) IMDb: 6.8/10 Genre: Biography, Drama, Romanceerotic romantic drama ဖြစ်တာကြောင့် လှပလွန်းတဲ့ အနုစိတ်ရိုက်ချက်တွေနဲ့ ဗလာကျင်းအခန်းတွေ အများကြီးပါတာမို့ အသက်မပြည့်သေးတဲ့သူတွေ မကြည့်မိဖို့ မိသားစုနဲ့အတူမကြည့်မိဖို့တို့ သတိလေးချပ်စေချင်ပါတယ်။ဗီယက်နမ်ဟာ ပြင်သစ်ကိုလိုနီဖြစ်နေဆဲ ကာလတုန်းကပေါ့ ...ဗီယက်နမ်မှာပဲ အခြေချနေထိုင်တဲ့ အသက်မပြည့်သေးတဲ့ အခြေမွဲအနေမွဲ ပြင်သစ်ကျောင်းသူလေးတစ်ဦးဟာ တရုတ်လူမျိုး ကြေးရတတ်‌အမျိုးသားတစ်ဦးနဲ့ ငြိစွန်းခဲ့ကြပါတယ်။တရုတ်ဆိုတာ အထင်သေးစရာ လူမျိုးတစ်ခုအနေနဲ့ မြင်တဲ့ လူမျိုးစုပြဿနာကို လက်ကိုင်ထားတဲ့ ပြင်သစ်မိသားစုက တစ်ဖက်၊ လူဖြူဖြစ်တယ်ဆိုတဲ့ မဆိုစလောက်ဂုဏ်ကလေးပိုက်ပြီး သွေးကြီးနေသလောက် ကုန်းကောက်စရာမရှိတဲ့ ဥရောပမိသားစုကို အထင်ကိုမကြီးတဲ့ တရုတ်ဖခင်ကြီးက တစ်ဖက်နဲ့ ရှေ့ဆက်စရာမရှိမှန်း ကိုယ်စီသိပြီးသား အခြေအနေတစ်ရပ်မှာ နှစ်ကိုယ်တူအိပ်မက်ဆိုတာကို မရှိသလိုသဘောထားပြီး ပစ္စုပ္ပန်မှာပဲ အာရုံပြုလို့ ရမ္မက်မီးပွားတွေကိုသာ အစွမ်းကုန်လောင်ကျွမ်းစေခဲ့ပါတယ်။ဒီရုပ်ရှင်ဟာ ပြင်သစ်စာရေးဆရာမ Marguerite Duras ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိဝတ္ထုကို အခြေခံထားတာဖြစ်ပါတယ်။ ကိုယ်ရေးအတ္ထုပ္ပတ္တိ ဖြစ်တာကြောင့် ...
movie

The Lover (1992)

Harom Hara (2024) 8.1
Harom Hara (2024) Harom Hara 2024 (ကယ်တင်ရှင် ဆူဘရာမာနီယမ်) IMDb - 9.1/10ဒီတစ်ခါမှာတော့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းနဲ့ ကြမ်းပါတယ်ဆိုတဲ့ကောင်တွေထက်ကို ပိုကြမ်းပြမယ့် အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ရွာတစ်ရွာမှာ တမ်မီရက်ဒီဆိုဦးဆောင်တဲ့ လူမိုက်အဖွဲ့ဟာ ကြီးစိုးနေပြီးတော့ သူ့နယ်တစ်ဝှမ်းမှာ သူ့စကားကို ပယ်ရှားဖို့မပြောလေနဲ့ သူ့လူတွေကို လက်နဲ့ရွယ်တာနဲ့တင် အဲဒီလူ အသေဘဲဆိုတာမျိုးအထိ ကြမ်းပြီးတော့ သူ့နယ်တစ်ဝှမ်းမှာ အုပ်စိုးနေသူဖြစ်ပါတယ်။ တမ်မီရက်ဒီတို့အဖွဲ့ ခေတ်ကောင်းနေတဲ့အချိန်မှာပဲ သူတို့ရွာရဲ့ကောလိပ်ကို စမ်းသပ်ခန်းလက်ထောက်ရာထူးနဲ့ ဆူဘရာမာနီယမ်ဆိုတဲ့သူ ရောက်ရှိလာပါတယ်။ တစ်ရက်မှာ ဆူဘရာမာနီယမ်နဲ့ တမ်မီရက်ဒီရဲ့ တပည့်တွေ ပြဿနာဖြစ်ကြရင်း အလုပ်ကနေ ထွက်ရဖို့ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ အိမ်ကိုပြန်လာတဲ့အချိန်မှာ ဆူဘရာမာနီယမ်ရဲ့အဖေဟာ အကြွေးပေါင်းများစွာတင်ပြီးတော့ ပြန်မဆပ်နိုင်တဲ့အဖြစ်ကို ရောက်နေကြောင်းသိလိုက်ရတဲ့အချိန်မှာ အကြွေးရှင်များက ဒီအကြွေးတွေဆပ်ဖို့အတွက် အချိန်၃လပေးလိုက်ပါတယ်။ ဒီ၃လအတွင်းမှာ အကြွေးတွေ ပြန်ဆပ်နိုင်ဖို့အတွက် ပိုက်ဆံရှာဖို့ တရားမဝင်ဂိုဏ်းတစ်ခုကို ဝင်မိရာကနေ ....... အကြွေးတွေကိုရော ပြန်ဆပ်နိုင်မှာလား .......ဆူဘရာမာနီယမ်တစ်ယောက် အဲဒီတရားမဝင်လုပ်ငန်းကနေ ဘယ်လိုတွေ လက်စွမ်းပြမလဲ ....... ဆိုတာတွေကို ကြည့်ရှုရမယ့် ခပ်ကြမ်းကြမ်း အက်ရှင်ဒရာမာကားကောင်းလေးဖြစ်ပါတယ်။( အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ BpL~ ...
movie

Harom Hara (2024)

2024
The Train of Death (2024)
The Train of Death (2024)  သရဲကားကောင်းတွေ ကြိုက်နှစ်သက်သူ cm ပရိသတ်ကြီးကိုအင်ဒိုသရဲကားကောင်း တစ်ကားဖြစ်တဲ့ The Train of Death(အင်ဒိုလို Kereta berdarah)နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပူရ်နားမားနဲ့ ကမ်ဘန်လို့ခေါ်တဲ့ ညီအစ်မနှစ်ဦးဟာ ဆန်ခါရာအပန်းဖြေစခန်းကို အလည်အပတ်သွားရောက်ဖို့ အတွက်အထူးစီစဉ်ထားတဲ့ ရထားကို စီးနင်းလာခဲ့ကြပါတယ်။ရထားစီးနင်းလာတဲ့ လမ်းတစ်လျှောက်မှာ ထူးဆန်းတဲ့အရာတွေကိုရထားပေါ်မှာ ကြုံရတဲ့အပြင် လှိုဏ်ခေါင်းတစ်ခုကို ဝင်ရောက်ချိန်မှာရထားနောက်ဆုံးတွဲဖြစ်တဲ့ ပဥ္စမမြောက်အတွဲ ပြုတ်ထွက်ကျန်တာကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ သူမတို့ ညီအစ်မနှစ်ဦးဘယ်လိုတွေဆက်လုပ်ကြမလဲ။ကျန်ရစ်ခဲ့တဲ့ ရထားတွဲထဲက ခရီးသည်တွေက ဘယ်လိုကံကြမ္မာတွေ ရင်ဆိုင်ကြရမလဲ။ ဒီရထားနဲ့ ပတ်သတ်ပြီးကြောက်မက်ဖွယ် အကြောင်းရင်းကို သိရှိလိုက်ရတဲ့ အချိန်ရထားတွဲ ခေါင်းတွဲတစ်တွဲသာ ကျန်တော့တဲ့အချိန်မှာတော့.....။ File size…1.49GB / 688MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie

The Train of Death (2024)

Better Living Through Chemistry (2014)
Better Living Through Chemistry (2014) Better Living Through Chemistry (2014) IMDb: 6.2/10 Rotten Tomatoes: 23% Genre: Comedy/Dramaတစ်ခါတလေဘဝက အရမ်းမွန်းကြပ်လာတဲ့အခါမှာ မထင်မှတ်ထားတာလေးတွေဖြစ်လာတတ်ပါတယ်။ ကောင်းတာတွေရှိသလို၊ ဆိုးတာတွေလည်းရှိပါတယ်။ ဖြစ်သင့်တာတွေရှိသလို၊ မဖြစ်သင့်တာတွေလည်းရှိပါတယ်။ Better Living Through Chemistry မှာတော့ ဒါတွေကိုဟာသလေးနှောပြီးပြသွားမှာဖြစ်ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့လိုတာက ပြောင်းလဲခြင်းပါပဲ။ ဘယ်ကိစ္စပဲဖြစ်ဖြစ် ပထမဦးဆုံးခြေလှမ်းက အခက်ခဲဆုံးပါပဲ။ဇာတ်ညွှန်း ဒေါက်ကလက်စ်ဗာနီဆိုတာကတော့ မြို့လေးတစ်မြို့က ဆေးဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပါတယ်။ အီသန်ဆိုတဲ့သားလေးတစ်ယောက်နဲ့ ကာရာဆိုတဲ့ အမျိုးသမီးရှိပါတယ်။မိသားစုတစ်ခုရှိနေပေမယ့် ဘဝရယ်လို့ရေရေရာရာ မရှိခဲ့ပါဘူး။တစ်ရက်မှာတော့ အယ်လိဇဘတ်ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ အကြောင်းပါခဲ့ပါတယ်။အယ်လိဇဘတ်ကလည်း ဒေါက် လိုပဲ အိမ်ထောင်ရေးအဆင်မပြေတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။အိုးခြမ်းပဲ့ခြင်းတွေ့တော့ အဆင်ပြေခဲ့တယ်ပဲ ဆိုရပါမယ်။ နောက်ပိုင်းဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတော့ ခံစားကြည့်လိုက်ကြပါ။သရုပ်ဆောင်တွေကလည်း ကျွန်တော်တို့နဲ့ မစိမ်းနဲ့နာမည်ကြီးတွေဖြစ်ပြီးမကြာသေးခင်ကမှ ဆုံးပါးသွားတဲ့ မင်းသားကြီး Ray Liotta လည်းပါဝင်အားဖြည့်ထားပါတယ်။ File size…    1.5 GB /  646 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

Better Living Through Chemistry (2014)

The Old Gun (1975) 7.5
The Old Gun (1975)  IMDb Rating(7.5/10)Julien Dandieu ကပြင်သစ်ခွဲစိတ်ဆရာဝန်တယောက်ဖြစ်ပြီး စစ်ပွဲကာလအတွင်းမှာ ဂျာမန်တွေအတွက်အလုပ်လုပ်ပေးနေခဲ့ရတာပါ၊ ဒါကပဲသူနဲ့သူ့မိသားစုအတွက် အသက်ရှူချောင်နေရတာပါ၊ တိုက်ပွဲတွေပိုမိုပြင်းထန်လာခဲ့တော့ သူလည်းမိသားစုကိုစိတ်မချတာနဲ့ သူ့ဇာတိမြေကိုပြန်ခိုင်းလိုက်ပါတယ်၊ အန္တရာယ်ကင်းစေဖို့ သွားခိုင်းလိုက်ပေမယ့် သူ့မိန်းမနဲ့သမီးလေးဟာ ဂျာမန်တွေရဲ့သတ်တာကိုခံလိုက်ရပါတယ်၊ ဒါကို Julien တယောက်သိသွားချိန်မှာတော့ဆောက်တည်ရာမရဖြစ်ခဲ့ရပြီး သူကိုယ်တိုင်ပဲ ဂျာမန်တွေကိုလက်စားချေပါတော့တယ်၊ဒီဇာတ်ကားလေးက ဒုတိယကမ္ဘာစစ်ပွဲကာလအတွင်းက ချစ်ခြင်း‌တွေ၊နာကျင်ခံစားရတာတွေ၊လက်စားချေခြင်းတွေ၊ပြောင်းလဲသွားတဲ့ဘဝအကြောင်းတွေအကြောင်းကိုရိုက်ကူးထားတာပါ၊ဒီလိုခံစားချက်တွေကိုလည်း ပေါ်လွင်အောင်ရုပ်ကူးထားနိုင်တာကြောင့် 1976 César Award မှာအကောင်းဆုံးရုပ်ရှင်ဆုကိုရခဲ့တာမို့ လက်မလွတ်သင့်တဲ့ဇာတ်ကားကောင်းလေးပါ၊ File size…(2 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:43:00 Genre... Drama, Thriller, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Myat Kyaw
movie

The Old Gun (1975)

Genres

Archives