Channel Myanmar

New releases (2025)

Content at random


Movies

The Edukators (2004)
The Edukators (2004)  ဒီဇာတ်ကားလေးက အရင်းရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ လူငယ်သုံးဦးဖြစ်တဲ့ ဇန်၊ ပီတာ နဲ့ ဂျူလီဆိုတဲ့ လူငယ်သုံးယောက်အပေါ် အခြေခံထားပါတယ်။ သူတို့ကတော့ ခေတ်သစ်လူ့အဖွဲ့အစည်းမှာရှိတဲ့ လူမှုရေးအရမညီမျှမှုတွေနဲ့ အစိုးရရဲ့ အုပ်ချုပ်ပုံကို စိတ်ပျက်နေကြတဲ့သူတွေလည်းဖြစ်ပါတယ်။ ဇန်နဲ့ ပီတာ က "The Edukators" ဆိုတဲ့ အဖွဲ့တစ်ဖွဲ့လုပ်ထားပြီး ညဘက်ကျရင် ချမ်းသာတဲ့အိမ်ကြီးတွေထဲဝင်ပြီး ဘာပစ္စည်းမှမခိုးဘဲ ပစ္စည်းတွေကို နေရာပြန်ချပြီး အိမ်ပိုင်ရှင်တွေကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် စာတစ်စောင်ချန်ထားတတ်ပါတယ်။ဂျူလီကတော့ ဟာဒန်ဘက်ချ် လို့ခေါ်တဲ့ ချမ်းသာတဲ့ စီးပွားရေးသမားရဲ့ကားကို တိုက်မိတဲ့မတော်တဆမှုကြောင့် အကြွေးတွေတစ်ပုံတစ်အောကြီးကို အလုပ်လုပ်ရင်းဆပ်နေရတဲ့သူပါ။ တစ်ရက်တော့ ဂျူလီနဲ့ ဇန်တို့နှစ်ယောက်သား အဲဒီ သူဌေးရဲ့ ဗီလာထဲ ခိုးဝင်ရာကနေ ဟာဒန်ဘက်ချ် နဲ့ ပင်ပင်းတိုးတဲ့အခါမှာတော့ သူ့ကိုပြန်ပေးဆွဲဖို့ကြံလိုက်ရပါတော့တယ်။ အဲဒီနောက်မှာတော့...ဟာဒန်ဘက်ချ် ကို သူတို့ ဘာဆက်လုပ်မလဲ၊ သူနဲ့ ပတ်သက်ရင်းနဲ့ သူတို့ရဲ့အယူဝါဒယုံကြည်ချက်တွေနဲ့ ဇန်၊ ပီတာ နဲ့ ဂျူလီ ...
movie

The Edukators (2004)

Space Cadet (2024)
Space Cadet (2024)  ဖလော်ရီဒါသူ ရက်စ်ကတော့ ဘားမှာ အလုပ်လုပ်ပြီး မိချောင်းတွေနဲ့ နပမ်းလုံးရင်း ဘဝကိုပျော်ပျော်ဖြတ်သန်းနေတဲ့သူပါ။ နည်းပညာကျောင်းတက်ဖို့ စကော်လားရှစ်ရခဲ့ပေမဲ့လည်း အမေဖြစ်သူရဲ့ ကျန်းမာရေးကြောင့် မတက်ဖြစ်ခဲ့ပါဘူး။တစ်နေ့မှာတော့ အထက်တန်းကျောင်းပြန်လည်တွေ့ဆုံပွဲကိုသွားရင်း အတွေးပေါက်လာခဲ့ပြီး သူငယ်ငယ်ကဖြစ်ချင်တဲ့ အာကာသယာဉ်မှူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်ပါတော့တယ်။ ဘွဲ့လည်းမရှိ၊ အထက်တန်းပဲအောင်ပြီး တခြား လိုအပ်ချက်တွေလည်း မပြည့်မှီပေမဲ့ သူ့ငယ်ငယ်ကအိပ်မက်အကြောင်းကို လျောက်လွှာထဲရေးထည့်လိုက်တာပါ။ ဒါပေမဲ့လည်း လျောက်လွှာကို သူငယ်ချင်းဖြစ်သူ နာဒင်းက အင်ထုပြီး ပြန်ပြင်ရေးလိုက်တာကနေ နာဆာရဲ့ အာကာသယာဉ်မှူအစီအစဉ်မှာ ရက်စ်တစ်ယောက်အရွေးခံလိုက်ရပါတော့တယ်။လိုအပ်တဲ့ စွမ်းရည်အပြည့်အဝမရှိပဲ ဖြတ်ထိုးဉာဏ်ကောင်းပြီး အိပ်မက်တစ်ခုနဲ့ ရက်စ်တစ်ယောက် နာဆာရဲ့သင်တန်းကျောင်းကအခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre... Comedy, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

Space Cadet (2024)

Suspect Zero (2004)
Suspect Zero (2004)  FBI အေးဂျင့် Thomas Mackelway က အာရုံထဲကနေ လူတွေဘာလုပ်နေလဲဆိုတာကိုမြင်နိုင်စွမ်းရှိနေပြီး သူ့စိတ်ထဲမှာ လူသတ်သမားတယောက်ဘာတွေလုပ်နေလဲဆိုတာတွေကိုမြင်နေရပါတယ်၊ တဖက်မှာ O'Ryan ဆိုသူကလည်း တခြားကွင်းဆက်လူသတ်မားတယောက်ရဲ့အာရုံတွေကိုရနေပြီး သူ့အနေနဲ့ ဥပဒေပြင်ပလုပ်ရပ်တွေနဲ့ ဒီလူသတ်သမားတွေကိုအပြစ်ပေးရမယ်လို့ယူဆနေသူပါ၊ဒီလိုနဲ့ O'Ryan တယောက်က ဒီလူသတ်သမားအကြောင်းကို Thomas Mackelway ကိုဖက်စစ်တွေပို့ပြီး နစ်နာသူတွေရဲ့ပျောက်ဆုံးတဲ့နေရာတွေအကြောင်းကိုသတင်းတွေပို့ပါတော့တယ်၊ဒါ့အပြင် O'Ryan ကမကောင်းတဲ့လူတွေကိုသတ်ပြီးအမှုဆင် ကွင်းဆက်လူသတ်သမားနောက်သွားမယ့်နေရာကို Thomas Mackelway ကိုသဲလွန်စတွေပေးပါတော့တယ်၊တကယ်တော့ O'Ryan ကလည်း FBI အေးဂျင့်ဟောင်းတယောက်ပါပဲ FBI ကသူတို့ကိုဒီလိုတွေမြင်နိုင်စွမ်းရှိအောင်လေ့ကျင့်ပေးထားတာပါ၊ O'Ryan တယောက်အနားယူပြီးတာတောင် ဒါတွေကိုစွမ်းလမ်းနေခဲ့တာပါ၊ O'Ryan ရဲ့လုပ်ရကကောမှန်နေတာလား၊ Thomas Mackelway တယောက်ကကော O'Ryan ရဲ့လုပ်ရပ်တွေကိုမျက်ကွယ်ပြုပြီး ကွင်းဆက်လူသတ်သမားကိုဖမ်းဆီးသွားမှာလား၊ O'Ryan Thomas Mackelway နဲ့ ကွင်းဆက်လူသတ်သမားတို့ရဲ့တွေ့ဆုံမှာကော ဘာတွေဖြစ်သွားမှာလဲဆိုတာကို ဒီဇာတ်ကားမှာဟောင့်ကြည့်သွားရမှာပါ File size…(2.8 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Crime, ...
movie

Suspect Zero (2004)

Operation Nutcracker (2024)
Operation Nutcracker (2024)  ခရစ္စမတ်ပွဲတော်ရဲ့ အငွေ့အသတ်တွေနဲ့ ခရစ္စမတ်ကို အခြေခံထားတဲ့ အချစ်ဟာသ ဇာတ်လမ်းတွဲလေးတစ်ပုဒ်ဖြစ်ပါတယ်။ ပွဲစီစဉ်သူတစ်ယောက်ဖြစ်တဲ့ လော်တီမော်ဂန်ဟာ တက်ကြွထက်မြတ်ပြီး အရာရာကိုအသေးစိတ်စီစဉ်တတ်တဲ့ အမျိုးသမီးတစ်ဦးပါ....တနေ့ သူမရဲ့အထက်လူကြီးကနေ လော်တီရဲ့ဇာတိဘော်စတွန်တွင်ကျင်းပပြုလုပ်မဲ့ ရန်ပုံငွေပွဲအတွက် အလုပ်လျှောက်ရန် လော်တီကိုလွှတ်လိုက်ပြီး ပွဲစီစဉ်ခြင်းအောင်မြင်ရင် ဘော်စတွန်ရုံးခွဲ ခေါင်းဆောင်နေရာပေးမယ်လို့ ပြောလိုက်ပါတယ်။လော်တီတစ်ယောက် အလုပ်ရသွားပေမဲ့ အလုပ်ရှင်ရဲ့ သားဖြစ်သူမှာ အိတ်မှားခဲ့လို့ လေလံတင်မဲ့ ပစ္စည်းပျောက်သွားတော့ လော်တီ နဲ့ အလုပ်ရှင်ရဲ့သားတို့ ပျောက်သွားတဲ့အိတ်ကို ဘယ်လိုပြန်ရှာကြမလဲ။ လေလံပွဲအမီ အိတ်ကိုပြန်တွေ့ပါမလား ဆိုတောတွေကို ခရစ္စမတ်ပွဲတော် အငွေ့အသက်လေးတွေရောယှက်နေတဲ့ ခရစ္စမတ်အံ့ဖွယ်တွေကိုလည်း ပျော်ရွှင်ကြည်နူးစွာကြည့်ခွင့်ရမဲ့ အချစ်ဟာသဇာတ်မြူးလေး ဖြစ်ပါတယ်။ File size…(1.4 GB)/(763 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre... Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw
movie

Operation Nutcracker (2024)

Just Retired 2 / Joyeuse (2022)
Just Retired 2 / Joyeuse (2022)  Joyeuse retraite 1 2019 ရဲ့နောက်ထပ်အပိုင်းဆက်တစ်ကားဖြစ်တဲ့ Joyeuse retraite 2 ပါ 1 တုန်းကအတိုင်း Comedy ဇာတ်ကားတစ်ကားဖြစ်ပြီး ပြင်သစ်ဇာတ်ကားကောင်းလေးတစ်ကားပါဇာတ်အိမ်လေးကတော့ ဖိလစ် နဲ့ မာရီလူး တို့လင်မယားနှစ်ယောက်ဟာ ပြင်သစ် ကနေ ပေါ်မတူဂီ ကို အားလပ်ရက်ခရီးကို သူတို့ရဲ့ မြေးတွေနဲ့အတူထွက်လာကြတာပေါ့ သူတို့မြေးတွေရဲ့အမေ/ သူတို့သမီးကို ပေါ်တူဂီမှာ အိမ်အသစ်တစ်လုံးကို စပရိုက်အနေနဲ့ပေးဖို့လည်း စီစဉ်ထားရင်းနဲ့ မြေးတွေနဲ့အတူ အားလပ်ရက်ခရီးထွက်လာကြတာပါဒါပေမယ့် စီစဉ်ထားတဲ့အတိုင်းဖြစ်မလားဘဲနဲ့ တလွဲချည်းပဲဖြစ်လာပြီး အဲဒီတလွဲကို လိုက်ဖာလေ နောက်ထပ်တစ်လွဲတစ်ခု ထပ်ဖြစ်လေနဲ့ တိုင်ပတ်ပြီး ဟာသမြောက်အောင် ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်ကျန်တာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ရယ်မောခံစားလိုက်ကြပါဦးနော်ဇာတ်ကားကို အညွှန်းရေးပြီး ဘာသာပြန်ပေးထားတဲ့သူကတော့ Leo ပဲဖြစ်ပါတယ် File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie

Just Retired 2 / Joyeuse (2022)

The Drug King(2018) 6.0
The Drug King(2018) The Drug King (2018)IMDb Rating (6.2) / Rotten Tomatoes (75%)လီဒူဆမ် ဆိုတဲ့လူတစ်ယောက် က ၁၉၇၀ ပြည့်နှစ်တွေမှာ ရွှေထည်နဲ့ တန်ဖိုးကြီးနာရီတွေ မှောင်ခိုတင်သွင်းတဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ခဲ့တယ် ရဲတွေက မှောင်ခိုသမားတွေကို ဖြိုခွင်းတဲ့အချိန်မှာတော့ လီဒူဆမ် တစ်ယောက် သူ့သူဌေးရဲ့ ကောက်ကျစ်မှုခံရပြီး သူတစ်ယောက်သာ ထောင်ကျခဲ့ပါတယ်.....ထောင်က ပြန်လွတ်လာပြီးချိန်မှာတော့ လီဒူဆမ် ဟာ မူးယဇ်မှောင်ခိုလောကထဲ ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်.....ဖြတ်သန်းခဲ့တဲ့ မကောင်းမှုလောကရဲ့ သင်ကြားမှုကြောင့် မူးယစ်မှောင်ခိုလုပ်ချိန်မှာတော့ သူဟာ အရင်လို နုံအတဲ့သူ မဟုတ်တော့ပါဘူး.....အရာရာကိုပါးပါးနပ်နပ်နဲ့ ကိုင်တွယ်တတ်လာတယ်...သူမူးယစ်မှောင်ခိုလောကမှာ အောင်မြင်လာ မလား ...ဘယ်လိုအန္တရယ်တွေကရော သူ့ကိုဆီးကြိုနေမလဲ...ရဲတွေရဲ့ အန္တရယ်ကရော ရှောင်တိမ်းနိုင်ပါ့မလား...အချိန်မရွေးနောက်ကျောဓားနဲ့ထိုးနိုင်တဲ့ဒုစရိုက်လောကသားချင်းတွေနဲ့ရော ဘယ်လိုရှေ့ဆက်မလဲ...ကိုင်း ခံစားကြည့်လိုက်ပါဦး....မင်းသားကြီး Kang-ho Song နဲ့Jung-suk Joတို့ အဓိကသရုပ်ဆောင်ထားပြီး ခပ်ကြမ်းကြမ်းအက်ရှင်တွေနဲ့မူးယစ်ဆေးဝါးဒုစရိုက်လောကနဲ့ပတ်သက်တဲ့ ကားမျိုးမှ သဘောကျတဲ့သူတွေအဖို့ကြည့်ကိုကြည့်ရမယ့် ကားဖြစ်ပါကြောင်း ညွှန်းဆိုပါရစေ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်...) File size…(2.9 GB )/(1.4 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:18:50 Subtitle….Myanmar Subtitle ...
movie

The Drug King(2018)

2018
The Madness of Humpty Dumpty (2023)
The Madness of Humpty Dumpty (2023)  Horror/Thriller အမျိုးအစားရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဘေလီလို့ခေါ်တဲ့မိန်းကလေးက စိတ်ကစဉ့်ကလျားရောဂါကိုခံစားနေရတဲ့သူတစ်ယောက်ပါ။ ဘေလီ့အမေဟာလည်း စိတ်ကစဉ့်ကလျားရောဂါကြောင့် သေဆုံးသွားခဲ့ရပါတယ်။တစ်ရက်မှာတော့ ဘေလီဟာ ရည်းစားဖြစ်သူတွမ်နဲ့အတူ ငယ်စဉ်ကအမေနဲ့အတူနေခဲ့တဲ့ လူသူဝေးလံခေါင်ဖျားတဲ့နေရာက အိမ်‌ကလေးဆီကို အပန်းဖြေဖို့ရာထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီအိမ်ကိုပြန်ရောက်လာတဲ့အချိန်မှာပဲ ဘေလီဟာ သူမရဲ့ငယ်ဘ၀ကပုံရိပ်တွေကို တဖျပ်ဖျပ်ပြန်မြင်ယောင် ကြားယောင်လာရပါတော့တယ်။ဒီလိုနဲ့ ဘေလီဟာ သူမငယ်ငယ်တုန်းကအဖော်ပြုခဲ့တဲ့ ဟမ်တီလို့အမည်ပေးထားတဲ့အရုပ်လေးကို အမှတ်မထင်ပြန်တွေ့သွားတဲ့နောက်မှာတော့ သဘာ၀လွန်အဖြစ်အပျက်တွေစတင်ဖြစ်ပေါ်လာပြီး ဘေလီတို့အတွဲဟာ အဖြစ်ဆိုးတွေနဲ့ကြုံတွေ့ရဖို့ရာအကြောင်းဖန်လာပါတော့တယ်။ File size…(1 GB)/(523 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:14:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant 
movie

The Madness of Humpty Dumpty (2023)

Temptation Under the Sun (2022)
Temptation Under the Sun (2022)  ဒီထရိုက်မြို့မှ စုံထောက်မလေး"ကာဆေဒီခရူးဇ်"ဟာ အာဏာရှိအကောင်ကြီးကြီးတစ်ယောက်ရဲ့အမှုကို အလွတ်မပေးဘဲ စုံစမ်းစစ်ဆေးနေတာကြောင့် သူမကိုခဏပထုတ်ချင်တာကြောင့် အားလပ်ရက်ခရီးတစ်ခုစေလွှတ်ခြင်းခံလိုက်ရပါတယ် သူမကို ကာရေဘီယာပင်လယ်နားက စိန့်လုခ်ဆိုတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို အပန်းခရီးထွက်ခိုင်းခဲ့တာပါ အဲ့ကျွန်းပေါ်မှာ ခရီးသွားဧည့်သည်တွေအတွက် လှေငှားတဲ့အလုပ်လုပ်တဲ့ "ထရာဗစ်ကင်း"ဆိုတဲ့ လူနဲ့ဆုံမိပြီး ရင်ခုန်သံတွေနိုးကြားခဲ့ပါတယ်ဒါပေမဲ့ တစ်ရက်မှာ ထရာဗစ်ရဲ့ရည်းစားဟောင်းဖြစ်တဲ့ "မင်နာဗာ"တစ်ယောက်အသတ်ခံလိုက်ရတာနဲ့ပက်သက်ပြီး အဲ့ကျွန်းရဲ့ရဲမှူးက တရားခံဟာ "ထရာဗစ်"ဖြစ်တယ်လို့ သတ်မှတ်ပြီး ဖမ်းခေါ်သွားခဲ့ပါတယ် အဲ့တော့ အမှုတစ်ခုကိုအမှန်တရားမပေါ်မချင်းလိုက်လံဖော်ထုတ်တတ်တဲ့ စုံထောက်မလေးဟာ ထရာဗစ်မှာအပြစ်မရှိကြောင်းသက်သေပြဖို့နဲ့ တရားခံအစစ်ကိုရှာဖွေဖို့အတွက်ကူညီပေးပါတော့တယ်မင်နာဗာကို သတ်တဲ့တရားခံကတကယ်ပဲ ထရာဗစ်လား ဒါမှမဟုတ် အခြားတစ်ယောက်လား....... သတ်ရတဲ့အကြောင်းပြချက်ကရော ဘာဖြစ်မလဲ...... ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် File size…(1.7 GB)/(888 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre... Thriller, TV Movie  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

Temptation Under the Sun (2022)

Dealing with Dad (2022)
Dealing with Dad (2022)  IMDb - 7 / RT - 78% နဲ့ ဆု ၁၁ ဆုအထိရထားတဲ့ ကော်မဒီ ဒရာမာရုပ်ရှင်တစ်ကားပါ။ဒီရုပ်ရှင်ထဲမှာ အဖေနဲ့ သားသမီးတွေအကြားကဆက်ဆံရေးကို ရိုက်ပြထားပါတယ်။ တရုတ်မိသားစုတစ်ခုမှာ မာဂရတ်ဆိုတဲ့အငယ်‌ဆုံးသမီးရယ် လယ်ရီ နဲ့ ရွိုင်ဆိုတဲ့ အစ်ကိုနှစ်ယောက်ရယ်ရှိပါတယ်။ မာဂရတ်က မိဘအိမ်ကနေပြောင်းနေပြီး အိမ်ထောင်ကျလို့ ကလေးတစ်ယောက်ရနေပါပြီ။ တစ်ရက်မှာတော့ အဖေဖြစ်သူ အိပ်ရာထဲလဲနေတယ်ဆိုတဲ့သတင်းကိုကြားပြီး မာဂရတ်တစ်ယောက် အစ်ကိုဖြစ်သူနှစ်‌ယောက်ကို ပြာပြာသလဲအကြောင်းကြားပြီး မပြန်ချင်တဲ့အိမ်ဆီပြန်လာခဲ့ပါတယ်။ တကယ်တော့ မာဂရတ်တို့မောင်နှမသုံးယောက်နဲ့ အဖေဖြစ်သူကြီးနဲ့က လုံး၀မတည့်ကြပါဘူး။ ‌အေးရှန်းမိသားစုတွေ အထူးသဖြင့် တရုတ်မိသားစုတွေမှာ မိဘတွေကသားသမီးတွေအပေါ် အရမ်းတင်းကျပ်ကြပါတယ်။ ဒီအဖေကြီးကလည်း သားသမီးသုံးယောက်လုံးကို တချိန်လုံးမျက်စိဒေါက်ထောက်ကြည့်နေပြီး အပြစ်မရှိအပြစ်ရှာ အော်ဟစ်ကြိမ်းမောင်းခဲ့တာကြောင့် သားသမီးသုံးယောက်နဲ့အကြားမှာဆက်ဆံရေးက မကောင်းခဲ့ပါဘူး။ဒါပေမဲ့ ဒီလိုအမြဲတစ်ခုမဟုတ်တစ်ခု ဆူပူနေတတ်တဲ့အဖေကြီးက ရုတ်တရက် အခန်းထဲကအခန်းပြင်မထွက်တော့ဘဲ တနေကုန် အိပ်ရာပေါ်မှာတီဗီကြီးဖွင့်လျက်နဲ့ပဲ လှဲနေ‌တဲ့အဖြစ်ကိုရောက်သွားပါတယ်။ ဒီလိုနဲ့ အငယ်ဆုံးသမီးမာဂရတ်တစ်ယောက် အိမ်ပြန်ရောက်သွားပြီး အစ်ကိုဖြစ်သူတွေဖြစ်ကြတဲ့ ...
movie

Dealing with Dad (2022)

Fresh Kills (2023) 6.0
Fresh Kills (2023)  Drama အမျိုးအစားဖြစ်တဲ့ Fresh Kills ရုပ်ရှင်ကို ၁၉၈၀ဝန်းကျင်မှာအခြေတည်ထားပြီး နယူးယောက်စီးတီးရဲ့နေရာတချို့ကိုကြီးစိုးမင်းမူခဲ့တဲ့ ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့နောက်ကွယ်က အမျိုးသမီးတွေရဲ့သစ္စာရှိမှုနဲ့ရုန်းကန်ရတဲ့အခက်အခဲတွေကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။လာရူဆိုးမိသားစုမှာ ဂျိုးက မိသားစုဝင်တွေကိုလျှို့ဝှက်ထားတဲ့မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ဖြစ်လဲ မိသားစုကိုအရမ်းချစ်တဲ့ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ချောမောလှပတဲ့ဇနီးသည် ဖရန်ဆင်းနဲ့အတူ သမီးနှစ်ယောက်ရှိပြီးသမီးကြီးကွန်နီက ဂျိုးအရမ်းလိုချင်ခဲ့တဲ့သားယောက်ျားတစ်ယောက်လိုဖြစ်အောင် ကြိုးစားနေထိုင်ပေးခဲ့သူပါ။သမီးငယ်ရို့စ်ကတော့ မိသားစုဝင်တွေကြားမှာ အမြဲရေငုံနှုတ်ပိတ်နေတတ်ပြီး အရေးမပါသလိုနေလေ့ရှိသူပါ။ဂျိုးတို့မိသားစုဟာ ပိုကောင်းတဲ့ဘဝတစ်ခုအတွက်စတက်တန်ကျွန်းကိုပြောင်းလာခဲ့ပြီးတဲ့နောက် ပတ်ဝန်းကျင်ကသူတို့မိသားစုကိုကြောက်ရွံ့ကြပုံတွေကိုကြည့်ပြီး ရို့စ်ဟာသူ့ဖခင်ရဲ့သရုပ်မှန်ကိုရိပ်စားမိလာခဲ့ပါတယ်။ရို့စ်ဟာ ဒီမိသားစုကနေခွဲထွက်ပြီး ဘဝသစ်တစ်ခုထူထောင်ချင်ပေမယ့် မိခင်နဲ့အစ်မဖြစ်သူရဲ့ဟန့်တားမှုကြောင့် တွန့်ဆုတ်နေခဲ့ပါတယ်။ဒါပေမဲ့ ဖခင်ဖြစ်သူဂျိုးအဖမ်းခံရပြီးတဲ့နောက် မိသားစုဝင်တွေကြားမှာ ပရမ်းပတာဖြစ်ပြီး ဘယ်သူမှထင်မထားတဲ့အငယ်ဆုံးမိသားစုဝင်ရို့စ်က မိသားစုကိုစောင့်ရှောက်ရဖို့ဖြစ်လာခဲ့ပါတယ်။Fresh Kills ဟာ တခြားလူဆိုးဂိုဏ်းရုပ်ရှင်တွေနဲ့မတူဘဲလူဆိုးဂိုဏ်းဝင်တွေရဲ့မိသားစုဝင်တွေဖြစ်တဲ့အမျိုးသမီးတွေမှာကြုံတွေ့ရလေ့ရှိတဲ့ကြောက်ရွံ့မှုနဲ့ဒေါသတွေကို မီးမောင်းထိုးရိုက်ကူးပြထားတာဖြစ်ပါတယ်။  File size…1.60GB / 713MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Fresh Kills (2023)

Ghost World (2001) 7.3
Ghost World (2001) Ghost World (2001)~ IMDb - 7.3/10, RT - 93%, Meta - 90% ~Coming-of-Age ကားလည်းဖြစ်တယ်၊ ရုပ်ရှင်ပိုစတာမှာလည်း ဆယ်ကျော်သက် ကောင်မလေး ၂ ယောက်ပုံနဲ့ဆိုတော့ သာမန် Rom-Com ကားလေးလို့ပဲ ထင်ရက်စရာရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုထင်ခဲ့တာပဲ။ဒါပေမဲ့ ဒီရုပ်ရှင်က Coming-of-Age ထက်ပိုတဲ့ ဒါမှမဟုတ် သာမန် Coming-of-Age တွေထက် ပိုအဓိပ္ပာယ်ရှိတဲ့ ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်က 90s နဲ့ 00s ခုနှစ်တဝိုက်ကထွက်တဲ့ ဆယ်ကျော်သက်ရုပ်ရှင်တွေလို ကျောင်းကပွဲမှာ ဒိတ်ရဖို့၊ ကျောင်းမှာ ရည်းစားရဖို့၊ သူငယ်ချင်းရဖို့၊ အလှဆုံးဖြစ်ဖို့၊ နာမည်ကြီးဖို့ ဘာဘာညာညာ ဖန်တရာတေ ဇာတ်လမ်းမျိုးမဟုတ်ဘူး။ အဲဒီဇာတ်လမ်းတွေထဲမှာက ပြဿနာတစ်ခုကို အရင်ဆုံးပြထားပြီး နောက်ဆုံး အဖြေပေါ်ရာကနေ ဇာတ်လမ်းပြီးတယ်။ ကပွဲအတွက် အတွဲရသွားတာတို့၊ အလှဆုံးဖြစ်တာတို့၊ ...
movie

Ghost World (2001)

2001
Indian (1996) 8.1
Indian (1996) Indian 1996 (အင်ဒီးယန်း)IMDb 8.1/10ဒီဇာတ်ကားလေးဟာ ၁၉၉၆ ခုနှစ်ဝန်းကျင်တုန်းက အိန္ဒိယပြည်ရဲ့ အစိုးရဝန်ထမ်းတွေ အကျင့်ပျက်ခြစားမှုကို မီးမောင်းထိုးပြထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ အသက် ၇၀ အရွယ်ရှိတဲ့အဘိုးတစ်ယောက်ဟာ အကျင့်ပျက်ခြစားနေတဲ့ အစိုးရဝန်ထမ်းတွေကို တွန်းလှန်လာရာကနေ ဇာတ်လမ်းလေးကိုအစပျိုးထားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့သူယှဉ်ပြိုင်လာရာကနေ သုံးယောက်မြောက်ကျော်လာပြီးတဲ့အခါမှာတော့ သူ့ရဲ့သားဖြစ်သူဟာလည်း ခြစားနေတဲ့သူတွေထဲကတစ်ယောက်ဆိုတာ သူသိလာရတဲ့အခါ သားနဲ့အဖေကြား ပြဿနာတွေနဲ့ရင်ဆိုင်လာရပါတော့တယ်။ သူစက်ဆုတ်ရွံရှာနေတဲ့အကျင့်ပျက်ခြစားမှုနဲ့ ချစ်ရတဲ့သားဖြစ်သူတို့ကြား လွန်ဆွဲလာရတဲ့အခါ သူဘာကိုရွေးချယ်ရမလဲဗျာများလာရပါတော့တယ်။ဒီလိုနဲ့ပဲသူမုန်းတီးနေတဲ့အရာကို ဆက်တွန်းလှန်သွားနိုင်မလား သားဖြစ်သူရဲ့အကျိုးကိုငဲ့ပြီး နောက်ဆုတ်သွားရမလားဆိုတာကို အချစ်၊ အမုန်း၊ နာကြည်းမှုတွေနဲ့စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 3.8GB / 1.76GB Quality…WEB DL 1080p / 720p Format…mp4 Duration….3h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Indian (1996)

1996
Play! Katsu Toka Makeru Toka wa Dodemo Yokute (2024) 5.0

Play! Katsu Toka Makeru Toka wa Dodemo Yokute (2024)

The Big Bang (2010) 5.4
The Big Bang (2010) ဒီဇာတ်လမ်းမှာ Private စုံထောက်ဖြစ်တဲ့ Ned က ထောင်ကလွတ်လာတဲ့လက်ဝှေ့သမားဟောင်းရဲ့ စာပို့ဖော်ရည်းစား အပျော်အကမယ်ကောင်မလေးကို ရှာဖို့ အလုပ်ခန့်ခံခဲ့ရတယ်။ Ned လည်း ဘယ်သူမှမမြင်ဖူးတဲ့ အဲဒီကောင်မလေးကိုလိုက်ရှာရင်း သူစုံစမ်းဖို့လိုက်မေးခဲ့တဲ့ လူတိုင်းက အသတ်ခံလိုက်ရတဲ့အပြင် သူ့နောက်ကိုပါ နောက်ယောင်ခံတွေလိုက်လာတာကို သတိထားမိလာခဲ့တယ်။ နောက်တော့ Ned တစ်ယောက် ကောင်မလေးရှိနိုင်ခြေရှိတဲ့ လူသူနည်းတဲ့မြို့ဆီသွားပြီး မဟာစကြဝဠာစတင်ဖြစ်ပေါ်ချိန်က ပေါက်ကွဲမှုကြီးဖြစ်တဲ့ Big Bang ကို ပြန်လည်ဖန်တီးဖို့ကြိုးစားနေတဲ့ ကမ္ဘာ့17 ယောက်မြောက် အချမ်းသာဆုံးသူဌေးနဲ့တွေ့ခဲ့ပါတယ်။ Ned က အကမယ်ကောင်မလေးကို ရှာတွေ့နိုင်မလား၊ အဲဒီကောင်မလေးက တကယ်ရောရှိရဲ့လားနဲ့ ဘယ်လိုလှည့်ကွက်နဲ့အမှုတွေ ဆက်ပေါ်လာမလဲဆိုတာတော့ ဒီဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Action, Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated ...
movie

The Big Bang (2010)

Insomniacs After School (2023) 7.0
Insomniacs After School (2023)  Insomniacs After Schoolဂျပန်ကျောင်းသားအချစ်ဒရမ်မာဇာတ်ကားကောင်းလေးဖြစ်လို မျက်ရည်ခိုင်တဲ့သူမှဆက်ကြည့်ဖိုအကြံပြုချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့... ဂန်တာ နာကာမီဆိုတဲ့ကောင်လေးဟာ အိပ်ပျော်နေတုန်း အမေအိမ်ကထွက်သွားပြီးကတည်းက ညအိပ်မပျော်တဲ့ရောဂါဖြစ်သွားတယ်။ တစ်ဖက်မှာလည်း နှလုံးရောဂါသည်မလေး မာဂရီကလည်း အိပ်ပျော်နေရင် သူ့နှလုံးခုန်သံကိုမကြားရလို ညညဆိုမအိပ်ဘဲနေရင်းကနေ အိပ်မပျော်ရောဂါဖြစ်သွားတယ်။ ဒီလိုနဲ့တစ်ရက်ကျောင်းသန့်ရှင်းလုပ်ဖို နာကာမီတစ်ယောက် ဂိုဒေါင်ထဲမှာ လှေကားသွားယူရင်း ခိုးအိပ်နေတဲ့ မာဂရီနဲ့ ပထမဆုံး ဆုံတွေ့ခဲ့တယ်။ ရောဂါတူ အကျင့်တူနေတဲ့သူတိုနှစ်ယောက်လည်း သူငယ်ချင်းတွေဖြစ်သွားကြပြီး နတ္ခတ်တာရာအသင်းတစ်ခုကို ဖွဲစည်းဖိုလုပ်ခဲ့ကြတယ်။ ဆရာမရဲ့အကူအညီတွေယူ သူငယ်ချင်းတွေရဲ့အကူအညီတွေနဲ့ ပြပွဲလေးဖြစ်မြောက်ဖိုရှိသေးတယ် နွေခေါင်ခေါင်ကြီးမိုရွာလို ပြပွဲက ပျက်စီးသွားတယ်။ နှလုံးရောဂါသည်မလေးနဲ့ အူကြောင်ကြောင်နာကာမီတိုရဲ့အချစ်ဇာတ်လမ်းက happy ending ဖြစ်သွားမလား... sad ending ပဲဖြစ်သွားမလား.... သိချင်ရင်တော့ ဇာတ်ကားလေးပဲဆက်လက်ကြည့်ရှူပေးကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nga Tay Gyi ပါ )File size_(1.7GB)/(880MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Nga Tay Gyi
movie

Insomniacs After School (2023)

The City of Violence (2006) 7.0
The City of Violence (2006) The City of Violence(2006)IMDb Rating (6.6) / Rotten Tomatoes (100%)My Wife is Gangster မင်းသားကြီး Lee Beom-soo , မာဒုံဆော့ရဲ့ FDA မင်းသားကြီး Park Ji-hwan , အက်ရှင်လူကြမ်းမင်းသား Jung Doo-hong တို့လို့ တကယ့်ဇော်ရုပ်တွေနဲ့ အကြမ်းပတမ်းရိုက်ကူးထားတဲ့ ကိုရီးယားအက်ရှင်ကားပါ။ဇာတ်လမ်းကတော့....ဆိုးလ်မြို့ရာဇဝတ်မှုနှိမ်နှင်းရေးအဖွဲ့မှ ထယ်ဆိုး တစ်ယောက်သူငယ်ချင်းဟောင်းဖြစ်သူ ဝမ်းဂျယ်ရဲ့စျာပနာပွဲကိုတက်ရောက်ဖို့အတွက် မွေးရပ်မြေကိုပြန်လာခဲ့ပါတယ်။ မထင်မှတ်ဘဲ သူငယ်ချင်းရဲ့ ဈပနပွဲမှာ မသာမှုတချို့ကို သတိထားမိသွားခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူဝမ်းဂျယ်ရဲ့သေဆုံးမှုဟာ သံသယဖြစ်စရာကောင်းတဲ့အတွက် ထယ်ဆိုးနဲ့ဆော့ဟွမ်းတို့ဟာ သူ့နည်းသူ့ဟန်နဲ့စုံစမ်းကြည့်ကြတဲ့အခါ... ဒီသေဆုံးမှုရဲ့နောက်ကွယ်မှာ မမျှော်လင့်ထားတဲ့သူတွေနဲ့ဆက်နွယ်နေတာကို တွေ့လိုက်ရပါတော့တယ်။ မတရားမှုတွေကို ထယ်ဆိုးတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ... သူမထင်ထားတဲ့သူတွေဆိုတာကရော ဘယ်သူတွေများဖြစ်မလဲဆိုတာ........။ကိုရီးယားအက်ရှင်ကြိုက်သူတွေအတွက်တော့ Rating မြင့်ပြီး လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ပါပဲ။ File size…(5.2 GB )/(2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:33:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated ...
movie

The City of Violence (2006)

I Spit on Your Grave: Deja Vu (2019)
I Spit on Your Grave: Deja Vu (2019) I Spit on Your Grave: Deja Vu ကတော့ကြားထဲက remake တွေနဲ့မသက်ဆိုင်ပဲ မူလ ၁၉၇၈ ကားကိုပဲ တိုက်ရိုက်ချိတ်ဆက်ထားပြီး မူလဒါရိုက်တာနဲ့မူရင်းမင်းသမီးတို့ပဲပြန်လည်ပါဝင်ထားတာဖြစ်ပါတယ်။၁၉၇၈ အဖြစ်အပျက်တွေအပြီး နှစ် ၄၀ အကြာမှာ ဂျနီဖာဟာသူ့ရဲ့ခြောက်ခြားဖွယ်အတွေ့အကြုံတွေကိုစာအုပ်အဖြစ် ရေးသားထုတ်ဝေခဲ့ရာကနေအောင်မြင်မှုတွေရရှိနေပြီး မုဒိမ်းမှုသားကောင်တွေကိုပညာပေးဆွေးနွေးတာတွေ၊ ဟောပြောပွဲတွေ၊စာအုပ်မိတ်ဆက်ပွဲတွေနဲ့အလုပ်များနေပါတယ်။သူ့သမီးဖြစ်သူခရစ်စတီကတော့ထိပ်သီးမော်ဒယ် တစ်ဦးအဖြစ်ရပ်တည်နေပြီး မဆုံဖြစ်တာကြာတဲ့အတွက် သားအမိနှစ်ဦးတွေ့ဆုံစကားပြောပြီး စားသောက်ဆိုင်က အထွက်မှာ နှစ်ဦးလုံးလူတစ်စုရဲ့ပြန်ပေးဆွဲမှုကိုခံခဲ့ရပါတယ်။ အဲ့ဒီလူတွေကတော့ လွန်ခဲ့တဲ့နှစ် ၄၀ က ဂျနီဖာ သတ်ဖြတ်ခဲ့တဲ့ မုဒိမ်းကောင်တွေရဲ့မျိုးဆက်တွေဖြစ်ပြီး သူတို့ရဲ့အမုန်းအငြိုးတွေနဲ့ကလဲ့စားချေဖို့စောင့်ဆိုင်းနေခဲ့ကြတာပါ။ဒီတစ်ကြိမ်မှာရော ဂျနီဖာထပ်ပြီးလွတ်မြောက်နိုင်ဦးမလား? သူ့သမီး ခရစ်စတီရော သူ့လိုကြမ္မာဆိုးကြုံတွေ့ရဦးမှာလား ဆိုတာ ဆက်လက်ရှုစားကြပါ။ ထုံးစံအတိုင်း ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေ၊ကြမ်းတမ်းရက်စက်တဲ့ သတ်ဖြတ်ခန်းတွေနဲ့စကားလုံးကြမ်းကြမ်းတွေ ဖောဖောသီသီပါဝင်ထားပါတယ်။ File size…(3.5 GB )/(1.7 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:28:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias
movie

I Spit on Your Grave: Deja Vu (2019)

Goyo (2024) 6.5
Goyo (2024)  ဒီတစ်ခါမှာတော့ မိုးအေးအေးမှာ ကြည့်ဖို့ အာဂျင်တီးနားရုပ်ရှင်ကောင်းလေး တစ်ခုကို CM ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းလေးကတော့ Asperger Syndrome လို့ခေါ်တဲ့ အော်တစ်ဇင် မျိုးကွဲရောဂါတစ်ခု ခံစားနေရတဲ့ပြတိုက်လမ်းညွှန် Goyo နဲ့ ကလေးနှစ်ယောက်အမေပြတိုက် လုံခြုံရေးဝန်ထမ်း Eva တို့ကြားထဲက အချစ်ဇာတ်လမ်းလေးကို ရိုးရိုးရှင်းရှင်း ဖော်ကြူးထားတာပါပဲ ။Asperger Syndrome ခံစားနေရတဲ့ Goyo ဟာမိုးတွေရွာနေတဲ့ နေ့တစ်နေ့မှာ ထီးကျိုးသွားလို့ ဒေါသထွက်နေတဲ့ Eva ကို မြင်မြင်ချင်း သဘောကျမိသွားပါသတဲ့ ။ပုံမှန် ချစ်ကြိုက်ညား ဇာတ်လမ်းတွေနဲ့မတူတာကတော့နှစ်ဖက်လုံးမှာ ကိုယ်စီ ချို့ယွင်းချက်တွေ အဟန့်အတားတွေပိုင်ဆိုင်ထားတာပါပဲ ။ချစ်မိသွားတဲ့အခါ Asperger Syndrome ဝေဒနာရှင် Goyoတစ်ယောက် ဘယ်လိုပြုမူမလဲ ။သူတို့လို လူမျိုးတွေရဲ့ အချစ်ကို ချဥ်းကပ်ပုံလေးတွေကိုရသပေါင်းစုံနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ် ။ တစ်ဖက်မှာလည်းEva က Goyo ထက် အများကြီး အသက်ကြီးတဲ့အပြင်ပြတ်စဲလုနီးနီးအိမ်ထောင်ရေးနဲ့ ...
movie

Goyo (2024)

Still Waiting… (2009) 4.9
Still Waiting… (2009) Still waiting (2009)အနည်းငယ်အမြင်ရိုင်းတဲ့ ဇာတ်ဝင်ခန်းနဲ့ စကားအသုံးအနှုန်းလေးတွေပါတဲ့အတွက် အသက်မပြည့်သေးသူများနဲ့ မကြည့်သင့်သလို မိသားစုနဲ့အတူကြည့်ရှုလို့မသင့်ကြောင်းတော့ သတိပေးပါရစေနော်။ပိတ်ရက်မှာပေါ့ပေါ့ပါးပါးလေးကြည့်ဖို့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးမှာတော့ ဆိုင်မန်နေဂျာလေဖြန်းသွားလို့ သောင်ပြင်မှာလွတ်ကျန်ခဲ့တဲ့ ယဉ်ကျေးလိမ္မာကျောင်းဆင်းဝန်ထမ်းတစ်သိုက်ကို တွေ့ရမှာပဲဖြစ်ပါတယ်။ ငါ့လူထိရင် ငြိမယ်ဆိုပြီး ဖောက်သည်တွေကို Lesson ပေးလွှတ်တတ်တဲ့ပွကြီးတို့တစ်သိုက်ရဲ့ အကွက်ဆန်းတွေနဲ့အတူ စတိုမန်နေဂျာနေရာကနေ ဆိုင်မန်နေဂျာနေရာတတ်ဖို့ ရှယ်ပလန်နဲ့ချောင်းနေတဲ့ FA အကြီးစားတို့စုနေတဲ့ ဂယက်တစ်သိန်းနဲ့ ဆိုင်ပါပဲ။ရှေ့လူပြုတ် နောက်လူတက်မယ်လို့ လွယ်လွယ်မှန်းထားခဲ့ပေမဲ့လည်း လက်တွေ့မှာတော့ လွယ်မနေခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Target ဒေါ်လာ ၉၀၀၀ မှ ပြည့်အောင် မရောင်းနိုင်ခဲ့ရင် ဆိုင်ပိတ်ရတော့မှာမို့လို့ပါပဲ။ ဒါပေမဲ့ ပွကြီးဟာကံကောင်းပါတယ်။ တားဂတ်ပြည့်ဖို့လိုခါမှ သူတို့ရဲ့ဆိုင်ရှေ့တည့်တည့်မှာ ဆိုင်အပြိုင်ပေါ်လာတော့တာပါပဲ။ အဝတ်ပါရုံဝတ်ထားတဲ့ စားပွဲထိုးမအလန်းလေးတွေနဲ့ ညတိုင်းအပန်းဝင်ဖြေချင်စရာ Vibe လေးနဲ့ ပုရိသအကြိုက် Performance လေးတွေနဲ့ပေါ့လေ။ဒီဆိုင်‌ရောက်လာတဲ့ကျေးဇူးကြောင့် သူတို့ဆိုင်က စကီအလန်းလေးတွေကလည်း ကိုင်းကူးချင်ချင်တွေဖြစ်လို့ပေါ့။ ဆိုင်အတွက် အာရုံစိုက်နေရပါတယ်ဆိုမှ ပွကြီးဟာ ...
movie

Still Waiting… (2009)

Lockdown Lovers (2023) 7.6
Lockdown Lovers (2023)  ဒီတစ်ခေါက်မှာတော့ ကိုဗစ်‌‌ဖြစ်တုန်းက lockdownကာလတွေကိုပြန်အမှတ်ရသွားစေမဲ့ GLဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။Kristal ဟာ ကိုဗစ်မဖြစ်ခင်တစ်ပတ်လောက်အလိုမှာAustralia ကို ခရီးထွက်လာခဲ့ပြီး Lisetteဆိုတဲ့ ခပ်မိုက်မိုက်Bartender ကောင်မလေးတစ်ယောက်နဲ့ ငြိမိသွားပါတယ်။ခရီးကမပြန်ခင် Lisette အိမ်မှာ ခဏလိုက်နေနေတုန်းကိုဗစ်ရောဂါပြန့်ပွားလာတာကြောင့် လေယာဉ်လည်းcancel ဖြစ်သွားပြီး lockdown ကျသွားပါတော့တယ်။တစ်ယောက်ကိုတစ်ယောက် one night stand လို့သာသတ်မှတ်ထားခဲ့ကြပေမဲ့ lockdown ကြောင့် တစ်အိမ်တည်းတူတူနေကြရတဲ့အခါမှာ အရာရာကချောမွေ့မနေခဲ့ပါဘူး။Kristal က အရာရာကို တိတိကျကျ အစီအစဉ်ဆွဲကြိုတင်ပြင်ဆင်တတ်တဲ့ အကျင့်စရိုက်မျိုးရှိပေမဲ့၊Lisette ကတော့ ထင်ရာစိုင်း လုပ်ချင်ရာလုပ် ဖြစ်သလိုနေတတ်တဲ့ လူမျိုးပါ။ဒီလို အကျင့်စရိုက်ချင်း ဆန့်ကျင်ဘက်ဖြစ်နေတဲ့နှစ်ယောက်ရဲ့ကြားထဲက ပဋိပက္ခတွေ သံယောဇဉ်ဖြစ်တည်လာပုံတွေကိုplot twist ပါးပါးလေးထည့်ပြီး ကျကျနနရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။Kristal နဲ့ Lisette တို့ရဲ့အချစ်လမ်းခရီးက ဖြောင့်ဖြူးနိုင်ပါ့မလားဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။  File size…1.50GB / 686MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 59m Genre …..Drama Subtitle….Myanmar Subtitle ...
movie

Lockdown Lovers (2023)

Genres

Archives