Channel Myanmar

New releases (2025)

Content at random


Movies

Laandhar (2024) 5.6
Laandhar (2024) Laandhar 2024 ( လူထူးဆန်း) Imdb -7.8လူနေထူထပ်လှတဲ့ Coimbatore မြို့တော်ကြီးမှာထူးဆန်းတဲ့အမှုကိစ္စတစ်ခုထွက်ပေါ်လာပါတယ် ဂေါ်ပြားကိုကိုင် မိုးကာကြီးဝတ်ထားတဲ့လူတစ်ယောက်က သူ့လမ်းမှာရှိသမျှလူတိုင်းကို မညှာမတာရိုက်ပစ်တာပါ သူ့ကြောင့်ဆေးရုံတင်ရပြီး အသက်လုနေရတဲ့နစ်နာသူတွေလည်းဒုနဲ့ဒေးဖြစ်လာခဲ့တယ် ဒါကြောင့်ရဲတွေဝင်ပါလာရပြီး ဒီလူကိုအင်တိုက်အားတိုက်ရှာရပါတော့တယ် ဒါပေမဲ့သာမန်လူမဟုတ်တဲ့ ဒီလူထူးဆန်းကြောင့် ရဲတွေပါဆေးရုံတင်ရတဲ့အထိဖြစ်လာတော့ ဒီအမှုထဲ ACP အာရာဗင်ဝင်ပါလာရပါတော့တယ်ACP အာရာဗင်အကြောင်းပြောရရင် ဒီလူကလာဘ်မစား တရားမျှတမှုဘက်တော်သားပေါ့ဗျာ သူ့အထက်ကလူတွေတောင် သူ့ကိုပြန်ကြောက်ရတဲ့အထိ‌ လုပ်ရည်ကိုင်ရည်လည်းရှိတယ် သူ့အမျိုးသမီးကတော့ လူတအားကြောက်ပါတယ် ပြောရရင်တစ်ယောက်တည်းနေရမှာလည်းကြောက်တတ်ပြီး ‌အကြောက်လွန်ရင် မေ့လဲတတ်တဲ့ရောဂါရှိသူတစ်ဦးပါ ကံဆိုးချင်တော့ ဒီလူထူးဆန်းကိစ္စကိုလိုက်မိရာကနေ မိန်းမဖြစ်သူပျောက်သွားလေတော့ သူဘယ်လိုတွေကြိုးစားအားထုတ်ပြီး ပြန်ရှာဖို့ကြိုးစားမယ်ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Thura ~ ToMo တို့ပဲဖြစ်ပါတယ် ) File size… 1.6GB / 713MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ Thura ~ ...
movie

Laandhar (2024)

2024
B4S – Before Sex (2024) 6.7
B4S – Before Sex (2024)  "Before Sex" ရုပ်ရှင်ကတော့ ဗီယက်နမ်လူငယ်အချစ်ဟာသဇာတ်လမ်းကောင်းတခုဖြစ်ပြီး ငယ်ရွယ်တဲ့စုံတွဲသုံးတွဲကြားက အချစ်၊ လိင်တပ်မက်မှုနဲ့ ဆက်ဆံရေးတည်ဆောက်မှုတွေရဲ့ ရှုပ်ထွေးနက်နဲမှုအကြောင်းကိုစူးစမ်းလေ့လာပြီး ထည့်သွင်းတင်ပြထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။အချစ်ကံခေတဲ့ လူငယ်လေးတွေရဲ့ ဘဝလမ်းကြောင်းတွေဟာမျှော်လင့်မထားတဲ့နည်းလမ်းတွေနဲ့ ဆုံစည်းဖို့ဖြစ်လာတဲ့အခါလူငယ်တွေကြားက ဆက်ဆံရေးမှာ ယုံကြည်မှုတည်ဆောက်မှုတွေဘဝရဲ့အားနည်းချက်တွေ၊ ရူးသွပ်မှုတွေနဲ့ မိမိကိုယ်ကိုရှာဖွေတွေ့ရှိမှုတွေအကြောင်း၊ အချစ်နဲ့ လိင်စိတ်ဆန္ဒတွေစတဲ့ လေးနက်မှုတွေအကြောင်းကို ဟာသနှောပြီး ပေါ့ပေါ့ပါးပါးတင်ဆက်ထားတာကြောင့်မိုးအေးအေးနဲ့ကွေးပြီး အရသာခံကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ။  File size…1.52GB / 731MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

B4S – Before Sex (2024)

Babumoshai Bandookbaaz (2017) 7.1
Babumoshai Bandookbaaz (2017) Babumoshai Bandookbaaz (2017)IMDb Rating -7/10 Google User - 86% Genre - Crime/Thrillerဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားက ချန်နယ်မြန်မာမှာ တောင်းဆိုမှုအများဆုံးဇာတ်ကား တစ်ကားဆိုရင် မမှားပါဘူး။ အချစ်အတွက်နဲ့ တောင်ဖြိုပြခဲ့တဲ့ မြန်မာပရိသတ်တွေရဲ့ အကြိုက်မင်းသားကြီး Nawazuddin Siddiqui ရဲ့  2017 က ထွက်တဲ့ ဂန်းစတား ဘဝ သရုပ်ဖော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။သဘာဝကျတဲ့ ဇာတ်ရုပ်တွေကိုအပိုအလိုမရှိ သရုပ်ဆောင်တတ်တဲ့မင်းသားကြီးနဝဇ်ရဲ့ ကားဆိုတော့မကောင်းမှာ မပူရသလို၊ လူ့သဘာဝနဲ့ လူ့စိတ်ကို အကောင်းဆုံး ပြသပေးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ အပစ်အခတ် အသတ်အပုတ်တွေ ကြမ်းသလို၊ အချစ်ခန်းတွေကလည်း ကြမ်းပါတယ်။ ဒါ့အပြင် ဒီကားက မင်းသမီး Bidita Bag လက်စွမ်းပြလိုက်တဲ့ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကို လက်ဖျားခါရပါတယ်။ဇာတ်ကားအကြောင်းအရာကို မညွှန်းတော့ပါဘူး။ တစ်ခါတစ်လေဇာတ်လမ်းအကြောင်းအရာကို ဖတ်ကြည့်တာထက်ကိုယ်တိုင်ကြည့်လိုက်တာက ပိုကောင်းလို့ပါ။ ပြောလိုတာကတော့မြင်နေကျ ဂန်းစတားတွေလိုစကားတွေအများကြီး မပြောပါဘူး။မျက်နှာတွေ ရှုံ့မပြပါဘူး။ မျက်နှာ အမူအရာတွေ ၊မျက်လုံးအကြည့်တွေ၊သီချင်းတွေနဲ့တင် မြိုင်ဆိုင်ပြည့်စုံနေတဲ့ကြေးစားလူသတ်သမား၂ယောက်ရဲ့ ကစားပွဲပါ။ ဒီကစားပွဲကို ...
movie

Babumoshai Bandookbaaz (2017)

2017
[18+] Sound of the Sea (2001) Son de mar 6.0
[18+] Sound of the Sea (2001) Son de mar Sound of the Sea(2001) Son De Mar IMDb Rating (6.0) Rotten Tomatoes (68%)Sound of the Sea (2001) ရုပ်ရှင်ဟာ စပိန်စကားပြော Romance/Drama ရုပ်ရှင်ကားဖြစ်ပါတယ်။ 18+ အခန်းတချို့ပါတာမလို့ မိသားစုနဲ့အတူကြည့်လို့တော့မရပါဘူး။ ဇာတ်သိမ်းမှာ ရင်ထဲတစ်မျိုးဖြစ်သွားစေမယ့် ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့.... အူလိဆက်စ်ဟာ မြို့ကိုအသစ်ပြောင်းလာတဲ့ ကျောင်းဆရာအသစ်ဖြစ်ပါတယ်။ မာတီနာကတော့ မြို့ခံဆိုင်တစ်ခုက ပိုင်ရှင်ရဲ့သမီးဖြစ်ပါတယ်။ လိုတိုရှင်းပြောရရင် မာတီနာမှာ ကိုယ်ဝန်ရှိလာတော့ နှစ်ယောက်သားလက်ထပ်လိုက်ကြပါတယ်.... သာမန်အပေါ်ယံကြည့်ရင်တော့ သူတို့ချစ်သူနှစ်ဦးဘဝလေးဟာပျော်ရွှင်ကြည်နူးအတိနဲ့ပေါ့.... ဒါပေမယ့် တကယ်ပဲပျော်ဖို့ကောင်းခဲ့သလားဆိုတာ.....။ စပိန်ရုပ်ရှင်အထိအတွေ့နဲ့ ဆွဲဆောင်မှုရှိတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။(Dark Side Production မှ တင်ဆက်သည်။) File size…(4.1 GB)/ (1.5 GB) Quality…BluRay 1080p/ 720p Format…mp4 Duration….01:35:34 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by Lucifer Maximoff
movie

[18+] Sound of the Sea (2001) Son de mar

Hush (2016) 6.6
Hush (2016) Hush (2016) IMDb rating - 6.6/10, Rotten tomatoes 93% (Award - wins ၂ ဆု nominations ၇ ဆု)အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2016 ခုနှစ်ထွက် horror/thriller ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်လမ်းကတော့....မက်ဒီဟာ စာရေးဆရာမတစ်ယောက်ဖြစ်ပြီး တစ်နေ့တော့ တောစပ်တစ်ခုကိုစာရေးဖို့ရောက်လာခဲ့ပါတယ် တောစပ်ဆိုတော့ အိမ်လေးတွေတော့ရှိပေမယ့် အလှမ်းတော့ဝေးတာပေါ့မက်ဒီကငယ်ငယ်က ရောဂါတစ်ခုကြောင့် နားမကြားနိုင်တော့ဘဲ စကားပြောဖို့လည်းခက်ခဲသွားပါတယ်။သူစာရေးလို့ရတဲ့ စာမူခတွေကိုလည်း ဆွံ့အ,နားမကြားစောင့်ရှောက်ရေးတွေမှာ ကူညီပေးနေသူလေးပါ...ဒီလိုတောစပ်ထဲကအိမ်လေးထဲမှာ သူမတစ်ယောက်ထဲဆိုပေမယ့် သူမတစ်ယောက်ထဲ မဟုတ်ခဲ့ပါဘူး...ရက်စက်တတ်တဲ့ လူသတ်သမားတစ်ယောက်က သူမကိုစောင့်ကြည့်နေပါတယ်...သူမလို ဆွံ့အ,နားမကြားသူတစ်ယောက်အတွက်က ရန်သူနဲ့ရင်ဆိုင်ရရင် ရန်သူ့လှုပ်ရှားမှုကိုလဲ မကြားနိုင်အကူအညီအော်တောင်းဖို့လဲအသံမထွက်နိုင်....အားနွဲ့တဲ့မိန်းမသားဆိုတော့ ပြေးဖို့ကလဲမလွယ်လှ။တောထဲမှာလူကလဲသိပ်မရှိတော့ ရက်စက်တဲ့လူသတ်သမားရဲ့သနားစရာပစ်မှတ်ဖြစ်သွားတာပေါ့...ဒီတော့ ရက်စက်တဲ့လူသတ်သမားနဲ့ဖြတ်ထိုးဉာဏ်ကောင်းတဲ့စာရေးဆရာမလေးတို့ရဲ့ တွေ့ဆုံမှုမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ....။ဆုတွေလည်းအများကြီးစကာတင်ဝင်ခဲ့ပြီး တကယ်လဲကြည့်လို့ကောင်းတဲ့ Horror,Thriller ကားလေးပါ...သည်းထိတ်ရင်ဖို လိုက်ပါစီးမျောခံစားကြည့်ကြပါဦး။ File size…(999 MB )/(530 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:21:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Kyawt ...
movie

Hush (2016)

2016
Summer of 85 (2020) 6.9
Summer of 85 (2020)  ဒီဇာတ်လမ်းလေးကိုအခေခံထားတာကတော့ ၁၉၈၅ခုနစ်ရဲ့ နွေရာသီတစ်ခုမှာပါ စာမေးပွဲ‌ဖြေပြီး ကြားကာလအချိန်ဆိုတော့ လူငယ်သဘာဝအချိန်ပိုင်းအလုပ်လေးလုပ်ပြီး ပျော်လိုက်ပါးလိုက်နေချိန်ပေါ့ အဲဒီလို‌လူငယ်ထဲမှာ အဲလက်စီလို့ခေါ်တဲ့ခပ်နွဲ့နွဲ့ကောင်လေးလည်းပါပါတယ်သူတို့မိသားစုကကမ်းခြေနားကိုပြောင်းလာပြီးနေတာသိပ်မကြာသေးပါဘူး ဒါပေမဲ့ အဲလက်စီကတော့သူ့သူငယ်ချင်းတွေနဲ့ တစ်ခါတစ်လေ လှေအပျော်လွင့်ဖို့သွားတတ်ပါတယ် တစ်နေ့မှာတော့ သူ့သူငယ်ချင်းမအားလို့ လှေကိုတစ်ယောက်ထဲရွက်လွင့်ရင်းနဲ့ လှေမှောက်ပါတော့တယ် ဒါပေမဲ့ကံကောင်းချင်တော့ ဒေးဗစ်ဆိုတဲ့သူနဲ့သက်တူရွယ်တူကောင်ချောလေးက အဲဒီနားမှာရှိနေပြီးသူ့ကိုကယ်နိုင်လိုက်ပါတယ် ပြီးတော့သူ့အိမ်ကိုခေါ်သွားပြီး သူ့အမေနဲ့မိတ်ဆက်ပေးကာ သူငယ်ချင်းတွေဖြစ်သွားကြပါတယ်ဒီလိုဂရုစိုက်ခံလိုက်ရတော့ ‌အဲလက်စီကဒေးဗစ်ကိုစကြွေလာပါတော့တယ် ဒီလိုနဲ့သူတို့နှစ်ယောက်အချိန်တွေတူတူကုန်ဆုံးကြရင်းလိင်တူအတွဲလေးလိုဖြစ်လာကြပါတယ် ဒီလိုနဲတစ်နေ့မှာတော့အ‌ရာအားလုံးကတစ်ခဏတွင်းပြောင်းလဲသွားပြီး သူတို့ကြားထဲက ကိတ် ဆိုတဲ့ကောင်မလေးတစ်ယောက်ကရောက်လာခဲ့ပါတယ် ဒီလိုနဲ့ပဲ ဘာတွေဆက်ဖြစ်သွားမလဲ ဒေးဗစ်နဲ့အဲလက်စီတို့ကရောလက်တွဲမြဲပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် File size…(2.7 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre... Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M.Minhtike
movie

Summer of 85 (2020)

My Life Without Me (2003) 7.4
My Life Without Me (2003)  ဘဝမှာ နေရတော့မဲ့ အချိန်သိပ်မကျန်တော့ဘူးဆိုရင် ဘာလုပ်ကြမလဲ။ ဒီမေးခွန်းက ဖြေရခက်ပါတယ်။ လုပ်ချင်တာတွေများပြီး အချိန်မကျန်တော့ရင်...အန်းဆိုတဲ့ အမျိုးသမီးဟာ သမီးနှစ်ယောက်အမေပါ။ အလုပ်ကိုအရမ်းကြိုးစားပြီး တစ်နေ့ နေမကောင်းဖြစ်လို့ ဆေးရုံသွားပြရာမှာ ကင်ဆာဖြစ်နေကြောင်း သိလိုက်ရပါတယ်။ ကျန်ရှိတဲ့ အချိန်နှစ်လမှာ ထားခဲ့ရမယ့် သူတွေအတွက် အစီအစဥ်တွေ တိတ်တဆိတ် ပြင်ဆင်ပါတော့တယ်။ မိသားစုကို မပြောပြဖို့ ဆရာဝန်ကိုလဲ မှာထားပါသေးတယ်။ ကျန်ရစ်ခဲ့မယ့်သူတွေ အတွက် သတင်းစကားတွေ အသံသွင်းရင်း လက်ကျန်အချိန်ကို အစီအစဥ်တကျ ဖြစ်အောင်ပြင်ဆင်သွားခဲ့ပါတယ် File size…(2.6 GB)/(1.3 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:46:00 Genre... Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Bommer
movie

My Life Without Me (2003)

Hummus Full Trailer (2022)
Hummus Full Trailer (2022) အားလုံးပဲ မင်္ဂလာပါ ဒီတစ်ခါမှာတော့ အရင်ကကားတွေနဲ့မတူတဲ့ရသပေးနိုင်တဲ့ကားသစ်လေးတစ်ကားတင်ဆက်သွားမှာပါဒီကားလေးကို ဒါရိုက်တာ Adam Kobrovskyနဲ့ Nimrod Reshef ဒါရိုက်တာနှစ်ယောက်က ရိုက်ကူးထားတာပဲ ဖြစ်ပြီး IMDb 7ရရှိထားတဲ့ ကားကောင်းလေးတစ်ကားပါဒီကားက ဇာတ်လမ်းအကျဉ်းလေးကတော့ အစ္စရေးကိုခိုးဝင်တဲ့ နောက်တွဲယာဉ်သုံးတွဲမှားသွားတဲ့ အခါမှာ ဖြစ်ပေါ်လာတဲ့ ကိစ္စတွေကို ဟာသနှောတင်ပြထားတာပဲဖြစ်ပါတယ် မင်္ဂလာဆောင်တော့မဲ့ မာဖီးယားဂျူးလူမျိုးရယ် ဂေးစုံတွဲရယ် ဒုစရိုက်လောကဆရာမကြီးရှင်းရစ်ရယ် သုံးဖွဲ့သား အလွှဲတွေနဲ့ ဘယ်လိုခရီးဆက်ကြမလဲ ဒီယာဉ်သုံးတွဲမှာ ဘာပစ္စည်းတွေပါလာမှာလဲ ဘယ်လိုလူတွေနဲ့ တွေ့ကြံုရမလဲဆိုတာကို ဇာတ်အလှည့်အပြောင်းများစွာနဲ့ စိတ်ဝင်တစား ကြည့်ရှုနိုင်မဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ဟာသအက်ရှင်ကားကြိုက်တဲ့ ပရိသတ်​ကြီးအတွက် ညွှန်းပေးလိုက်ပါတယ်နော်ဇာတ်လမ်းအကျဉ်းရေးသားသူ April Snow File size…(1 GB) Quality….Webrip  720p Format…mp4 Duration….01:32:00 Genre... Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by April Snow 
movie

Hummus Full Trailer (2022)

(18+) Shame (2011) 7.2
(18+) Shame (2011)  ဘရန်ဒန်ဆိုတဲ့ အောင်မြင်ပြီးရုပ်ရည်ရှိတဲ့ နယူးယောက်ကလူတစ်ယောက်က လိင်မှုကိစ္စတွေကိုအသည်းအသန်စွဲလန်းနေတဲ့တစ်ယောက်ပါ။ အိမ်မှာအပျော်မယ်တွေခေါ် လိင်မှုကိစ္စမှန်သမျှကိုစွဲစွဲလန်းလန်းနဲ့ လုပ်နေပြီးတော့ တစ်နေ့မှာ သူ့ညီမဖြစ်သူ စစ်စီက အိမ်ကို ရုတ်တရက် ရောက်လာရာကနေ သူအရင်လို လိင်မှူကိစ္စတွေလုပ်မရတော့ဘဲ အူကြောင်ကြောင်ဖြစ်လာပါတော့တယ်။ဒီဇာတ်လမ်းမှာ X- men ထဲက magneto နဲ့ The killer ထဲက သရုပ်ဆောင် Michael Fassbender က လိင်စိတ်အလွန်အကျွံစွဲလမ်းနေတဲ့ နေရာကနေသေချာသရုပ်ဆောင်ပြထားပါတယ်။ ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ အဖော်အချွတ်အခန်းတွေအများကြီးပါတာကြောင့် အနည်းဆုံး လူ ၁၈ ယောက်လောက်စုပြီးမှကြည့်စေချင်ပါတယ်။ File size…(1.2 GB)/(580 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Galone Translated by Nikobaby
movie

(18+) Shame (2011)

Anjaamai (2024) 7.5
Anjaamai (2024) Anjaamai (2024) "အကြောက်တရားမဲ့" IMDb - 7.6/10၂၀၁၇ခုနှစ်က ဖြစ်ရပ်မှန်တွေကို အခြေခံထားတဲ့ တမီးလ်ရုပ်ရှင်။ ခေတ်စနစ်ဆိုးတစ်ခုရဲ့သားကောင်ဖြစ်ရတဲ့ အောက်ခြေလူတန်းစားတွေရဲ့ ပညာရေးအတွက်ရုန်းကန်ရပုံတွေနဲ့ စနစ်ထဲက မကောင်းတဲ့အရာရှိတွေရဲ့အကျင့်ပျက်ခြစားပုံတွေကို ရိုက်ပြထားတဲ့ရုပ်ရှင်။မိုးတွေသည်းကြီးမည်းကြီးရွာနေတဲ့တစ်နေ့ ကောင်လေးတစ်ယောက် ရဲစခန်းထဲကိုဝင်လာခဲ့တယ်။ ဘာလို့လဲဆိုတော့ တိုင်ချက်ဖွင့်ချင်လို့တဲ့။ ဘယ်သူ့ကိုလဲဆိုတော့ အစိုးရကိုတဲ့။အဲဒီကောင်လေးက ပုံမှန်တမီးလ်အစိုးရကျောင်းငယ်လေးမှာတက်ရင်းနဲ့ ခရိုင်အဆင့်မှာ ထိပ်ဆုံးအဆင့်ကိုရောက်ခဲ့တဲ့သူ။ သူ ပညာရေးမှာကြိုးစားဖို့ အဖေဖြစ်သူ ဆာကာက ပန်းစိုက်ရင်းခက်ခဲပင်ပန်းစွာနဲ့ ပုခုံးထမ်းတင်ပေးခဲ့။အဖေဖြစ်သူ ဆာကာက ရပ်ရွာအကျိုးကို ကိုယ်ကျိုးစွန့်တဲ့ထိလုပ်ကိုင်ဆောင်ရွက်တတ်တဲ့သူ။ သားဖြစ်သူ ထိပ်ဆုံးအဆင့်နဲ့ စာမေးပွဲအောင်ချိန် ဆရာဝန်ဖြစ်ဖို့ကြိုးစားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကြောင့် တစ်မိသားစုလုံးပျော်ရွှင်နေကြတာပါ။ ဒီလိုကောင်လေးက ရဲစခန်းထဲကိုဝင်လာပြီး ဘာကြောင့် အစိုးရကိုတိုင်ချက်ဖွင့်ချင်ရတာလဲဆိုတာကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.14GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 1min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Anjaamai (2024)

2024
[18+] Touchless (2013) Bez Doteku
[18+] Touchless (2013) Bez Doteku Touchless (2013) Bez DotekuDark Side Production အနေနဲ့ နိုင်ငံစုံက Dark Side ကားတွေကို တင်ဆက်နိုင်ဖို့ ကြိုးစားနေတာမလို့ ခုတစ်ခါလဲ Czech စကားပြောရုပ်ရှင်တစ်ခုဖြစ်တဲ့ Touchless (2013) ကိုတင်ဆက်လိုက်ပါတယ်။ Netflix ကနေ ထွက်ရှိခဲ့တာဖြစ်ပြီး ချက်ရုပ်ရှင်တွေ ဘယ်လိုအထာရှိလဲ ခံစားကြည့်ကြည့်တာပေါ့။ဇာတ်လမ်းကတော့... ယိုလာနာဆိုတဲ့ကောင်မလေးဟာ သူမရဲ့ပထွေးဖြစ်သူနဲ့အတူတူ တစ်အိမ်ထဲနေကြပါတယ်... သူမဟာ အိမ်နဲ့အဆင်ပြေနေပေမယ့် ဆယ်ကျော်သက်တို့ထုံးစံအတိုင်း တစ်ရက်မှာတော့ ပထွေးဖြစ်သူနဲ့ ရန်ဖြစ်ပြီး အိမ်ပေါ်ကဆင်းသွားပါတော့တယ်။ စိတ်ရူးပေါက်ရာလျှောက်လုပ်ရင်းနဲ့ ဘယ်ကိုရောက်သွားလည်းဆိုတော့ ပြည့်တန်ဆာအိမ်ကိုရောက်သွားပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ......။(Dark Side Production မှ တင်ဆက်သည်။) File size…(1.3 GB)/ (650 MB) Quality…BluRay 1080p/ 720p Format…mp4 Duration….01:13:02 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by Lucifer Maximoff
movie

[18+] Touchless (2013) Bez Doteku

The Akaali (2024) 7.8
The Akaali (2024) Akaali (2024)မသေမျိုးမေလ ၃၁ ရက်နေ့မှာ စတင်ရုံတင်ပြသခဲ့တဲ့ အိန္ဒိယ Thriller ရုံတင်ကားကြီး Akaali နဲ့ မိတ်ဆက်ပေးပါရစေ အိန္ဒိယကားတွေထဲမှာမှ ထူးထူးခြားခြား အောက်လမ်းပညာပါတဲ့မှုခင်းတစ်ခုအကြောင်း ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာတော့... လွန်ခဲ့တဲ့ ၇ နှစ်က ဖြစ်ပျက်ခဲ့တဲ့မှုခင်းတစ်ခု...အစကတော့ မူးယစ်ဆေးဝါးမှုအနေနဲ့ပဲ စတင်စုံစမ်းခဲ့တာ စုံစမ်းရင်းနဲ့ နက်နဲလာတဲ့အခါ ကောင်မလေး တစ်ယောက်ပြန်ပေးဆွဲခံရတာတွေ မြို့တစ်မြို့ထဲမှာတင် လူ ၁ သောင်းကျော် ပျောက်ဆုံးသွားတာတွေ သင်္ချိုင်းဖောက် အလောင်းတွေ တူးထုတ်ခံရတာတွေနဲ့ ဆက်စပ်နေတာ တွေ့ရတယ်ဒါပေမဲ့ အဲဒီအမှုက အကြောင်းအမျိုးမျိုးကြောင့် ပိတ်သိမ်းခဲ့ပြီး ၇ နှစ်အကြာမှာမှ ပြန်စစ်ဆေးဖို့ ဖြစ်လာခဲ့တယ် အဲဒီအမှုကို ခေါ်တာက "ဂျာနစ်လူသတ်မှု"ဂျာနစ်ဆိုတာက လူလား အဖွဲ့အစည်းလားတော့ ဘယ်သူမှမသိခဲ့ကြဘူး နည်းပညာ တိုးတက်ပြီးသားနိုင်ငံမှာ အောက်လမ်းတွေ အယူသည်းတာတွေ ယဇ်ပူဇော်တာတွေက ရှိနေသေးတယ်ဆိုရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်ခဲ့တာလဲမှုခင်းတွေရဲ့ နောက်ကွယ်မှာရော ဘယ်လိုရည်ရွယ်ချက်တွေ ရှိနေတာလဲ အဖြေထုတ်ရခက်တဲ့ ပွေလီရှုပ်ထွေးမှုတွေနဲ့ အောက်လမ်းနည်းပညာတွေ၊ နောက် စုံစမ်းစစ်ဆေးမှုတွေကြားထဲက ကွက်လပ်တွေ မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့ သဲထိတ်ရင်ဖို ဖြစ်ရပ်တွေကို cinematic ရိုက်ကူးချက်အလန်းစားတွေနဲ့ ကြည့်ချင်တော့ ဒီကားလေးကို ဆက်ဆက်ကြည့်ရှုဖို့ ...
movie

The Akaali (2024)

2024
Encounter Love ( 2024 ) 5.8
Encounter Love ( 2024 ) CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ကျေးလက်အလှရှုခင်းတွေကို ခံစားလို့ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် မာစတာကျောင်းသူ တစ်ယောက်ကျိုးယွဲ့ဟာ သူ့ကောင်လေးနဲ့ အတူနေပြီး ကိုယ်ဝန်ရှိသွားခဲ့ချိန်မှာတော့ ကောင်လေးက လက်မခံခဲ့ပါဘူးအဲ့လိုနဲ့ပဲ မိဘတွေရှိတဲ့ ရွာကိုပြန်သွားတဲ့လမ်းမှာ လီဝေဆိုတဲ့ ကောင်လေးနဲ့ဆုံတွေ့ခဲ့ပါတယ် ကျိုးယွဲ့တစ်ယောက် ရွာထိပ်လမ်းမှ ာ အိမ်ရောက်ရင် အဖေရိုက်မှာကိုကြောက်ပြီး ငိုနေခဲ့တာကို လီဝေကမကြည့်ရက်ဘဲနဲ့ လက်ထပ်မှတ်ပုံတင်ထားဟန်ဆောင်ပြီး လိုက်သွားပေးခဲ့ပါတယ် သူ့အဖေကတော့ ထင်ထားတဲ့အတိုင်း သဘောမတူပေမယ့်လည်း နောက်ဆုံးမှာ သဘောတူပြီးတော့ ရွာမှာ မင်္ဂလာပွဲကျင်းပပေးဖို့ လုပ်ပါတော့တယ်လီဝေက တစ်ရက်ပဲကူညီပေးဖို့ဆုံးဖြတ်ထားခဲ့ပေမယ့် ဒီလိုမျိုး လူကြီးတွေကပါ မင်္ဂလာပွဲစီစဉ်တာတွေနဲ့ကြုံရချိန်မှာတော့ ဘာတွေဆက်ဖြစ်မှာလဲ တကယ်လက်ထပ်ဖြစ်သွားမှာလား ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှုလို့ရပါတယ်နော် Filesize : 684 MB , 394 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Romance , Drama , Family Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Encounter Love ( 2024 )

Detective Dee : The Mystery of Humanoid Puppet ( 2024 ) 5.8
Detective Dee : The Mystery of Humanoid Puppet ( 2024 ) Detective Dee ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ လူသားရုပ်သေးရုပ်အမှုဖြစ်ပါတယ်။ ဒီတစ်ခါတော့ စုံထောက်ကြီးဒီးနေရာမှာ ထိုင်ဝမ်မင်းသားချော Dylan Kuo ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မိဖုရားခေါင်ကြီးရဲ့အပန်းဖြေနန်းဆောင်မှာ မီးအကြီးအကျယ်လောင်ရာကစတင်ပါတယ်။ မိဖုရားခေါင်ကြီးရဲ့ အပန်းဖြေနန်းဆောင်မီးလောင်တဲ့အတွက် ဒါကမိဖုရားခေါင်ကြီးကို ပစ်မှတ်ထားတာဖြစ်နိုင်တယ်ဆိုပြီးတော့ စုံထောက်ကြီးဒီးကို နန်းတွင်းကိုဆင့်ခေါ်ပြီး အမှုကိုစုံစမ်းခိုင်းပါတယ်။ မီးလောင်သွားတဲ့နန်းဆောင်မှာ အရွယ်ရောက်ပြီးသားလူအရွယ်အစားရှိတဲ့ သစ်သားရုပ်တစ်ရုပ်ကိုတွေ့ရပါတယ်။ ထူးခြားတာကတော့ သစ်သားရုပ်ရဲ့နောက်ကျောမှာ မိဖုရားခေါင်ကြီးရဲ့ဇာတာကိုထွင်းထားပြီး သစ်သားရုပ်ဟာသွေးထွက်တတ်နေတာပဲဖြစ်တယ်။ဒီဂန္ဘီရဆန်တဲ့ဖြစ်ရပ်တွေရဲ့ နောက်ကွယ်ကအမှန်တရားဟာဘာဖြစ်နေမလဲ။ စုံထောက်ကြီးဒီးရဲ့ထုံးစံအတိုင်း ရှေးခေတ်မှုခင်းဇာတ်လမ်းတွေကြိုက်တဲ့သူတွေ စိတ်မပျက်စေရတဲ့အပြင် အရည်အသွေးရှိတဲ့သရုပ်ဆောင်တွေပါဝင်ထားပြီးတော့ ပီပြင်တဲ့အက်ရှင်နဲ့ Effectsတွေနဲ့သေချာရိုက်ထားတာကြောင့် စိတ်ကျေနပ်စရာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Filesize : 913 MB / 559 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Mystery Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Detective Dee : The Mystery of Humanoid Puppet ( 2024 )

A Short Film About Killing (1988) 8.0
A Short Film About Killing (1988)  Rt-90% ~ IMDb-8.0ပိုလန်ဒါရိုက်တာ Krzysztof Kieslowski ရဲ့ လက်ရာကောင်း ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ရိုက်ပြတဲ့ ကင်မရာရှုထောင့်တွေက သဘောကျစရာကောင်းတဲ့အပြင် rating တွေကလည်း ကောင်းတာမလို့ အေးဆေးခံစားကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။ဇာတ်လမ်းကတော့ တက္ကစီဆရာ ဝေါဒီမာ၊ အိမ်ခြေရာမဲ့ လူငယ် ယာဆက်နဲ့ ဘားစာမေးပွဲဖြေပြီး ရှေ့နေဖြစ်လာတော့မဲ့ ပီရော့တာတို့ကို ရှုထောင့်သုံးခုကနေ ရိုက်ပြထားပါတယ်။ သူတို့သုံး‌ ယောက်ကြားထဲက ဆက်နွယ်မှု၊ လူသ-တ်မှုတစ်ခုကျူးလွန်ပုံနဲ့ ‌ေ-သဒဏ်ကျခံရပုံတို့ရဲ့ ရက်စက်မှုကိုအပြန်အလှန်ရိုက်ပြထားတာပဲဖြစ်ပါတယ်။ မိုးအေးအေးနဲ့ခံစားကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.6 GB)/(740 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:24:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT
movie

A Short Film About Killing (1988)

Jurassic Invasion ( 2024 ) 5.7
Jurassic Invasion ( 2024 ) သိပ္ပံကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် နောက်ထပ် သိပ္ပံကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ ။ ဇာတ်လမ်းအကျဉ်းလေးကတော့ လီဝေက ဇီဝဗေဒနဲ့သိပ္ပံပညာမှာ အရမ်းထူးချွန်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ် ။ ဒါပေမဲ့ D-TACH ကုမ္ပဏီကို ရောက်ပြီးကတည်းက ကမ္ဘာဦးသက်ရှိ‌တွေနဲ့ မျိုးရိုးဗီဇပေါင်းစပ်ခြင်း စမ်းသပ်ချက်တွေအမြဲလုပ်နေပေမဲ့ မအောင်မြင်ခဲ့ပါဘူး ။သူ့ရဲ့စမ်းသပ်ချက်တွေမှာ ပြဿနာမရှိဘူးလို့သူထင်ပေမဲ့ စမ်းသပ်ချက်တိုင်းက ကျရှုံးနေတော့ သံသယဝင်စရာဖြစ်လာပါတယ် ။ အဲဒီအချိန်မှာပဲ နိုင်ငံတော်ရဲ့ ဇီဝသက်ရှိမျိုးစိတ်များကာကွယ်ရေးဌာနကနေ တရားမဝင်စမ်းသပ်မှုတွေလုပ်နေတယ်ဆိုတဲ့သတင်းကြောင့် လာရောက်စစ်ဆေးချိန်မှာတော့... ပြဿနာတစ်ခုလုံးရဲ့ အရင်းအမြစ်ကိုရှာတွေ့သွားပါတော့တယ် ။လီဝေတစ်ယောက် စမ်းသပ်ချက်တွေမအောင်မြင်ရတဲ့နောက်ကွယ်က အမှန်တရားကဘာဖြစ်နေမလဲ ? မျိုးရိုးဇဗီဇပေါင်းစပ်ပြီး အသွင်းကူးပြောင်းစေတဲ့ တရားမဝင်စမ်းသပ်ချက်ဆိုတာကရော ဘယ်လိုကိစ္စမျိုးဖြစ်နေမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ပါအုံး Filesize : 763 MB , 454 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Science Fiction Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay ...
movie

Jurassic Invasion ( 2024 )

Love in the Afternoon (1972) 7.6
Love in the Afternoon (1972)  လူဆိုတစ်မျိုးတည်းကိုပဲ ထပ်ခါတလဲလဲမြင်နေရရင် ရိုးလာကြတာပါပဲ။ ဒီဇာတ်ကားမှာလဲ ဖရက်ဒရစ်ဆိုတဲ့ ပဲရစ်က အောင်မြင်နေတဲ့ ရှေ့နေ့တစ်ယောက်က ဟယ်လင်နာဆိုတဲ့ မိန်းမနဲ့ပျော်ပျော်ရွှင်ရွှင် ကလေးတွေယူပြီး လက်ထပ်ထားတာပါပဲ။ ဒါပေမဲ့ သူ့မှာတခြား အိမ်ကမိန်းမကိုရိုးပြီးတော့ တခြားမိန်းမတွေနဲ့ ဖောက်ပြန်ချင်တဲ့စိတ်ကူးယဉ် ဇာတ်လမ်းတွေရှိနေပါတယ်။တနေ့မှာ ကလိုဝီဆိုတဲ့ သူငယ်ချင်းဟောင်း တစ်ယောက်နဲ့ပြန်တွေ့ပြီးတော့ သူလိုချင်တဲ့ စိတ်လှုပ်ရှားမှုတွေကို ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်နေပါတယ်။ ကလိုဝီနဲ့ သူ့မိန်းမကြားမှာ ခံစားချက်လွန်ဆွဲရင်း ဖရက်ဒရစ် အနေနဲ့ ဘယ်ဘက်ကိုပါသွားမလဲ ဆိုတာကတော့ ဇာတ်လမ်းထဲမှာကြည့်လိုက်ပါခင်ဗျ File size…(1.8 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie

Love in the Afternoon (1972)

Paris When It Sizzles (1964) 6.3
Paris When It Sizzles (1964)  သမ္ဘာရင့်ဇာတ်ညွှန်းရေးဆရာကြီး ရစ်ချက်ဘန်ဆင်ဟာ ထုတ်လုပ်သူ အက်လဇန္ဒားမေယာအင်းဆီ ရုပ်ရှင်ဇာတ်လမ်းသစ်တစ်ခု ရောင်းချထားပါတယ်။ ပြဿနာက ဇာတ်ညွှန်းအပ်ဖို့ ရက်နီးလာတဲ့အထိ ဘာတစ်ခုမှ မရေးရသေးဘဲ ပဲရစ်မြို့မှာပဲ လတ်လျားလတ်လျားအချိန်ဖြုန်းနေခဲ့ပါတယ်။ကံကောင်းစွာနဲ့ ဘန်ဆင့်ဆီ ဂဘရီအယ်လ်ဆင့်ပ်စင်ဆိုတဲ့ စာရိုက်အကူရောက်လာတဲ့အချိန်မှာတော့ ဘန်ဆင့်ရဲ့အချစ်ဇာတ်လမ်းလေးက တဖြည်းဖြည်းချင်း ရုပ်လုံးကြွလာပါတော့တယ်။ ပဲရစ်မြို့ရဲ့ အလှ၊ ပြင်သစ်အမျိုးသားနေ့ ခမ်းနားပုံကို တစ်စွန်းတစမြင်တွေ့ရမယ့်အပြင် မင်းသားချောလေး William Holden နဲ့ အလှလေး Audrey Hepburn တို့ရဲ့ ထိထိမိမိသရုပ်ဆောင်ပုံတွေကြောင့် ဟာသရိုမန့်တစ်ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းလေးပါ။ File size…(2.5 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:50:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie

Paris When It Sizzles (1964)

Genres

Archives