Channel Myanmar

New releases (2025)

Content at random


Movies

Perrier’s Bounty (2009) 6.3
Perrier’s Bounty (2009)  ဒီဇာတ်ကားက နာမည်ကြီး မင်းသား Cillian Murphy ရဲ့ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ဒီကားထဲမှာ Cillian Murphy ကို ဘဝရည်မှန်းချက်ပျောက်နေတဲ့ ငပျင်းတစ်ယောက်အဖြစ် မြင်ရမှာ ဖြစ်ပြီးသူ့ရဲ့ အဖေဖြစ်သူရယ် ..အိမ်နီးချင်း ကောင်မလေးတစ်ယောက်ရယ်နဲ့ အိုင်းရစ်လူဆိုးတွေရဲ့ အမဲလိုက်ခံရခြင်းကနေ ဘယ်လို ထွက်ပြေးကြမလဲဆိုတာကို ဟာသဆန်ဆန်နဲ့ တစ်ချိန်တည်းမှာပဲတစ်ကားလုံး စိတ်လှုပ်ရှားရင်ခုန်စွာ ကြည့်ရမှာ ဖြစ်ပါတယ်။ဘဝမှာ နောင်တရစရာ ကိစ္စတွေ ဖြစ်မလာဖိုအတွက်ရင်ဆိုင်စရာ ရှိတာကို ထိပ်တိုက်ချက်ချင်း ရင်ဆိုင်ရမယ်ဆိုတဲ့အချက်ကိုလည်း ဒီဇာတ်ကားကြည့်ရင်း ရရှိသွားမှာဖြစ်လိုမသေခင် ကြည့်သွားသင့်တဲ့ ကားတစ်ကားဖြစ်တယ်လိုပဲသေချာပေါက် ပြောလိုက်ပါရစေ။  File size…1.50GB / 651MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW
movie

Perrier’s Bounty (2009)

My Dictator (2014)
My Dictator (2014) My Dictator (2014)********************မင်းသားကြီး Sol Kyung Gu နဲ့ Park Hae Il တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးကတော့ ဇာတ်ကားခေါင်းစဉ်အတိုင်းအဖေဖြစ်သူရဲ့ ဘဝတစ်ခုလုံးကိုသာမက သားဖြစ်သူရဲ့ဘဝကိုပါ လွှမ်းမိုးမှုတွေစိုးမိုးမှုတွေ ပြောင်းလဲမှုတွေကိုပါ ဖြစ်စေခဲ့တဲ့အကြောင်းအရာတွေကိုဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ပြထားတာဖြစ်လို့ လက်လွှတ်မခံနဲ့နော် ပရိသတ်ကြီးတို့ရေ..။ဇာတ်ညွှန်းအမြည်းအနေနဲ့ကတော့ သရုပ်ဆောင်အလုပ်ကိုလွန်စွာစိတ်အားထက်သန်သော်လည်း ပြဇာတ်ရုံတွေမှာ ဖြတ်လျှောက်အဆင့်လောက်သာပါဝင်ခွင့်ရတဲ့ သာမညသရုပ်ဆောင် ဂင်ဆန်းဂွမ်ဟာ မုဆိုးဖိုကလေးအဖေဖြစ်ပြီးကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ဝန်မလေးတတ်သော်လည်း ဇာတ်ဆောင်ဆိုတဲ့ဝေါဟာရဟာသူ့ဘဝအတွက်တော့ အလှမ်းဝေးလှပါတယ်။ထိုအချိန်မှာပဲ တောင်ကိုးရီးယားနိုင်ငံအတွင်းမှာ တောင်မြောက်ထိပ်သီးအစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း ကြေညာချက်ထွက်ပေါ်လာပြီး ဗဟိုထောက်လှမ်းရေးဘက်ကနိုင်ငံရေးလှည့်ကွက်အနေနဲ့ ထည့်သုံးမယ့် ဇာတ်ဆောင်သရုပ်ဆောင်တစ်ဦးကို ကင်းထောက်တဲ့အခါမှာမမျှော်လင့်ဘဲ မုဆိုးဖိုဂင်ဆန်းဂွမ်ဟာ ဗဟိုထောက်လှမ်းရေးရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ဒီဆန်းကြယ်မှုကို ကံကြမ္မာရဲ့မျက်နှာသာပေးမှုလို့ ဂင်ဆန်းဟွမ်တစ်ယောက်ထင်မှတ်ခဲ့ပေမဲ့လက်တွေ့မှာတော့ ကံကြမ္မာရဲ့ရက်စက်မှုတစ်ခုဖြစ်နေခဲ့ပါတယ်။သရုပ်ဆောင်တစ်ယောက်ရဲ့ စိတ်နစ်မျောပုံတွေကို မြင်တွေ့ရနိုင်တဲ့အပြင်ထိပ်တန်းမင်းသားကြီး Sol Kyung Gu ရဲ့ ဂင်ဆန်းဂွမ်ဇာတ်ကောင်ရဲ့ပြောင်းလဲမှုကိုအဆင့်ဆင့်ပုံဖော်သွားပုံကိုလည်း အထင်ကြီးဖွယ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။သားအဖနှစ်ယောက်ရဲ့ဘဝကို ဘယ်လိုရိုက်ခတ်မှုတွေဖြစ်သွားစေခဲ့လဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါနော်။ (အညွှန်း နဲ့ ရုပ်ရှင်ကားကိုတော့ Thinn မှ ဘာသာပြန်ရေးသားထားပါတယ်။) File size…2.33GB ...
movie

My Dictator (2014)

Hiraya (2024) 5.0
Hiraya (2024) ဟီရာယာဆိုတာ ဆန်ရိုကေးတိုက်နယ်အပိုင်ရွာတစ်ခုကမြစ်ကမ်းဘေးမှာ ဒဏ်ရာတွေနဲ့လဲနေလို အဘွားကြီးတစ်ယောက်က ကယ်ထားတဲ့ဇစ်မြစ်မသိရတဲ့ မိန်းမလှလေးတစ်ယောက်ပါ။သူ့ကိုစတွေ့ကတည်းက နာမည်တစ်ခုကလွဲလို ဘာမှမေးမရတဲ့အပြင် ခေါင်းထိထားတဲ့ဒဏ်ရာကြောင့်အတိတ်ကလည်းမေ့နေပြန်ပါသေးတယ်။ရပ်ထဲရွာထဲက အတင်းပြောတတ်တဲ့အမျိုးသမီးတွေရဲ့စကားအရတော့ သူ့ကိုရှာတွေ့ခဲ့တဲ့ မြစ်ဘေးဟာ သုံးနှစ်တစ်ကြိမ် သူယောင်မတွေက ယောကျ်ားတွေကိုမြူဆွယ်ဖြားယောင်းပြီးခေါ်သွားတတ်တဲ့ ပါးစပ်ရာဇဝင်တစ်ခုရှိတဲ့အတွက် သူ့ကိုလည်း အဲ့ဒီကလာတဲ့ လူယောင်ဆောင်တစ်ဦးလိုဆိုကြပြန်ပါတယ်။ဒါပေမယ့် စကားမပြောတတ်၊အတိတ်ကို မမှတ်မိတဲ့ ဟီရာယာဟာ တွေ့သမျှယောက်ျားတိုင်းနဲ့လိုက်အိပ်ပြီး အဲ့ဒီလိုသူနဲ့အိပ်ဖူးတဲ့သူတိုင်း ကံဆိုးမိုးမှောင်ကျမှုတွေ ကြုံတွေ့ရတဲ့ဖြစ်ရပ်တွေ စိပ်လာချိန်မှာတော့ တစ်ရွာလုံးနဲ့ထိပ်တိုက်တွေ့ဖိုဖြစ်လာပါတော့တယ်။နောက်ပိုင်းထွက်တဲ့ Vivamax ကားတွေထဲမှာဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော alias ပါ )File size_(1.7GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:45:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Hiraya (2024)

The Fatal Encounter (2014) 6.7
The Fatal Encounter (2014) The Fatal Encounter (2014) IMDb: 6.7/10 Genre: Action, Dramaကိုရီးယားနိုင်ငံသမိုင်းမှာ ဘုရင်ဂျောင်ဂျိုကိုလုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားတဲ့ ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးထားတာပါ။ ဘုရင်ဂျောင်ဂျိူအနေနဲ့ ဗိုလ်ကြီးလို့သိကြတဲ့မင်းသားကြီး ဟျွန်းဘင်းကပါဝင်သရုပ်ဆောင်ထားပြီး မင်းကြီးရဲ့လူယုံတော်ဖြစ်တဲ့အထိန်းတော်အနေနဲ့ကတော့ Parters for Justice ထဲကမင်းသားဖြစ်တဲ့ ဂျန်ဂျယ်ယောင်းကပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၇၇၇ခုနှစ်၊ဂျောင်ဂျိုဘုရင်ဟာ အုပ်ချုပ်မှုတစ်နှစ်အတွင်းမှာခြိမ်းခြောက်မှုတွေအဆက်မပြတ်ကြုံတွေ့နေရပါတယ်။ထိုအချိန်က အာဏာရနိုင်ငံရေးအုပ်စုဖြစ်တဲ့ နိုရိုအုပ်စုက အားလုံးကိုထိန်းချုပ်ထားပြီး နောက်ကွယ်ကနေ နိုင်ငံရေးကိုရော နန်းတွင်းကလူတွေကိုပါ ခြယ်လှယ်နေတာပါ။ မြို့ထဲမှာလည်း ကလေးတွေကိုဖမ်းဆီးခေါ်ဆောင်ပြီး ကျွမ်းကျင်တဲ့လုပ်ကြံသတ်ဖြတ်သူဖြစ်အောင် ပျိုးထောင်ပေးနေတဲ့ဂိုဏ်းကလည်းရှိနေပါတယ်။ အဲဒီလိုအဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ နန်းတော်ထဲမှာ လျှို့ဝှက်စွာနဲ့ သူတို့လူတွေကို ဖြည်းဖြည်းချင်း နန်းတော်ရဲ့‌ နေရာတိုင်းမှာဖြန့်ထားပြီး အလုပ်လုပ်စေတာပါ။နန်းတော်ထဲမှာဒီလိုမျိုးလုပ်ခွင့်ရဖို့ဆိုတာ မျိုးရိုးကြီးတစ်ခုနောက်ခံရှိနေမှာသာလုပ်လို့ရမှာပါ။ နောက်ကွယ်မှာရှိနေတဲ့ အာဏာကြီးတဲ့လူကတော့ မယ်တော်မိဖုရားကြီးပါပဲ။ မင်းကြီးကိုလုပ်ကြံသတ်ဖြတ်ဖို့ကြံစည်သူတွေထဲမှာ မယ်တော်မိဖုရားကြီးလည်းပါဝင်နေပါတယ်။ ဒီလိုမျိုးနိုင်ငံရေးအရှုပ်အထွေးတွေကြားမှာ အသက်ခြိမ်းခြောက်ခံနေရတဲ့ ငယ်ရွယ်တဲ့မင်းကြီးဟာ ယုံကြည်ရတဲ့သူဆိုလို့ ဂါ့ပ်ဆူလို့ခေါ်တဲ့အထိန်းတော်ကြီးပဲရှိပါတယ်။ ဒါပေမဲ့ အဲဒီအထိန်းတော်ကြီးကလည်း လုပ်ကြံသတ်ဖြတ်သူဖြစ်လာဖို့ ငယ်ငယ်တည်းကဂိုဏ်းကလေ့ကျင့်ပျိုးထောင်ပေးထားပြီး မင်းကြီးကိုလုပ်ကြံသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ မင်းကြီးအနားမှာလျှို့ဝှက်စွာရှိ‌နေတဲ့ သူလျှိုတစ်ယောက်ဖြစ်နေပါတယ်။မင်းကြီးအနေနဲ့ဘယ်လိုဖြေရှင်းမလဲ ပြီးတော့ဒီလိုမျိုး ...
movie

The Fatal Encounter (2014)

2014
Lock-On Love (2018)
Lock-On Love (2018) Lock-On Love (2018) IMDb: 6.1/10 Genre: Comedy, Romance ပေါ့ပေါ့ပါးပါးပေမဲ့ နွေးနွေးထွေးထွေးနဲ့ ချစ်ဖို့ကောင်းတဲ့ ဂျပန်လူငယ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လိုက်ကတော့ ပင်ကိုယ်ရူပကာ သနားကမားနဲ့ ကောင်မလေးတွေ ဝိုင်းသဘောကျကြတဲ့ အထက်တန်းကျောင်းသားလေးတစ်ဦးပဲဖြစ်ပါတယ်။ မွေးကတည်းကနေ အခုထက်ထိ ဘာမှထွေထွေထူးထူးမလုပ်ရပါဘဲ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့ အော်တိုပြည့်နေသူမျိုးပေါ့။မိန်းကလေးတွေကြားရည်ပန်းစားနေတော့ သူ့ကိုယ်သူလည်း အချစ်ခံရတယ်ဆိုပြီး ဘဝင်လေဟပ်နေပေမဲ့ တစ်ရက်မှာ သူတို့အဖွဲ့ထဲက သာမန်ရုပ်ရည်နဲ့ သူငယ်ချင်းတစ်ယောက် ရည်းစားရသွားတော့မှ သူ့မှာ တကယ်တမ်း ချစ်သူရည်းစားကောင်မလေး တစ်ခါဆိုတစ်ခါမှ မရှိဖူးသေးဘူးဆိုတဲ့ အမှန်တရားကို သွားသတိထားမိလိုက်ပါတယ်။ ဟုတ်ပါတယ်၊ သူဟာ မိန်းကလေးတွေအဖို့ ချစ်စရာလေးဆိုပြီး ဝိုင်းဝိုင်းလည်နေပေမဲ့ အဲ့ဒီထက်မပိုတဲ့၊ ရည်းစားတော်ဖို့ကျ ဘယ်သူမှ မတွေးထားတဲ့ အလှကြည့်ယောကျ်ားသပ်သပ်သာဖြစ်နေခဲ့တာပါ။အဲ့ဒီလိုနဲ့ သူဟာ ရည်းစားတစ်ယောက်တော့မဖြစ်မနေရှာမယ်လို့ အပိုင်ခဲပြီး ဘော်ဒါတွေအကူအညီနဲ့ သူကြိုက်တဲ့မိန်းကလေးကို လိုက်ရှာရင်းကနေ လှလည်းလှ တော်လည်းတော် သွေးလည်းကြီးတယ်လို့ နာမည်ကြီးတဲ့ မိန်းကလေးတစ်ယောက်ကို မျက်စိကျပြီး ဖွင့်ပြောလိုက်ရာက ချက်ချင်းအငြင်းခံလိုက်ရပြီး သူ့ရဲ့ ...
movie

Lock-On Love (2018)

Monday First Screening (2023) 5.0
Monday First Screening (2023) Monday First Screening ( 2023)ဒီဖိလစ်ပိုင် အချစ်ကားက ဖိလစ်ပိုင်အချစ်ကားပေမဲ့ ထူးတော့ ထူးပါတယ်။ ဘာလိုဆို အချစ်ကားပေမဲ့ လူငယ်တွေ လူလတ်တွေအကြောင်းမဟုတ်ဘဲ တော်တော်ကိုမြင်ရခဲတဲ့ အငြိမ်းစား အဘိုးကြီးနဲ့အဘွားကြီးက အချစ်ဇာတ်လမ်းကို ပြထားတာမလိုပါပဲ။ အသက်၆၀ကျော်လို ပင်စင်ယူပြီးမှ ဖြစ်လာတဲ့အချစ်ဇာတ်လမ်းပေါ့။ အချစ်ဇာတ်လမ်းကိုပြတာဆိုပေမဲ့ သူတိုဖိလစ်ပိုင်က ပင်စင်စားတွေရတဲ့အခွင့်အရေးတွေ ဘာတွေကိုလည်း မြင်ရမယ်။ ဒါကတော့ ကောင်းတဲ့ဘက်ပေါ့။ အဲဒီပင်စင်စားဘဝရဲ့ မကောင်းတဲ့ဘက်ကိုလည်း ပြတော့ပြထားတယ်။ ဒါပေမဲ့ မကောင်းတဲ့ဘက်ကတော့ အမြဲမြင်နေကျအရာပဲမို သိပ်တော့မထူးလှပါဘူး။ ကောင်းတဲ့ဘက်ကတော့ တနင်္လာနေ့ မနက်မှာပြတဲ့ ပထမဆုံးရုပ်ရှင်ပြသမှုကို အသက်၆၀ပြည့် သက်ကြီးနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ အခမဲ့ကြည့်ခွင့်ရတာတို ဘာတိုပေါ့။ အတုယူချင်စရာကောင်းမယ့် အချက်တွေပါပဲ။ သူတိုလူကြီးချင်း မိတ်ဖွဲဆွေဖွဲဖြစ်ကြမယ်။ တစ်ပတ်ရုပ်ရှင်တစ်ကား ဘာစရိတ်မှမကုန်ဘဲကြည့်ခွင့်ရမယ်။ လူလွတ်တွေ မုဆိုးဖို မုဆိုးမတွေဆိုရင်လည်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့။ ဇာတ်အိမ်တည်ဆောက်ပုံကတော့ အရမ်းအကောင်းကြီးမဟုတ်ပေမဲ့ ဒီလိုထူးထူးခြားခြားအကြောင်းအရာကို အတုယူချင်ယူစရာကောင်းတဲ့ လူ့အသိုင်းအဝိုင်းတစ်ခုမှာ ...
movie

Monday First Screening (2023)

Poker Night (2014) 6.2
Poker Night (2014)  Breaking Bad ထဲမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ GiancarloEsposito တို့ ဇာတ်ကြမ်းမင်းသားကြီး Ron Perlman တို့အပြင် တခြားသောဂန္တဝင်မင်းသားကြီးတွေပါဝင် သရုပ်ဆောင်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Old But Goldဇာတ်ကားဟောင်းလေးတစ်ကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Poker Night ဖြစ်ပြီး IMDbRating 6.2 အထိရရှိခဲ့တဲ့ မှုခင်းသည်းထိပ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။လူရယ်လို့ ဖြစ်လာရင် ဉာဏ်ပညာနဲ့ လွန်မှရတဲ့ အသိဆိုတာလူတိုင်းမှာရှိစမြဲပါပဲ။ဉာဏ်ပညာဆိုတဲ့အရာမှာ အတွေ့အကြုံကနေရလာတဲ့ ဉာဏ်ပညာတွေက ပြဿနာတစ်ခုခု ကြုံလာရရင်ကိုယ့်ကိုချက်ချင်း မကူညီပေးနိုင်ပဲနဲ့ နောက်တစ်ခါကျရင် အဲ့လိုထပ်မဖြစ်အောင် ကူညီပေးနိုင်လောက်တဲ့အထိပဲစွမ်းဆောင်ပေးနိုင်ပါတယ်။ထိုနည်းတူ လွန်မှရတဲ့ အသိဆိုတာကလည်းကိုယ်တစ်ခုခု အမှားလုပ်မိလိုက်တော့မှ သိလာရတဲ့အသိမျိုးဖြစ်တဲ့အတွက် ကိုယ့်အတွက်ကတော့ အရမ်းကြီးအရေးမပါလှပါဘူး။ဒါပေမယ့်ရဲတွေ စုံထောက်တွေရဲ့လုပ်ငန်းခွင်မှာတော့ အဲ့ဒီဉာဏ်ပညာနဲ့ လွန်မှရတဲ့အသိဆိုတာမျိုးက ကိုယ့်နောက်ကရောက်လာတဲ့နောင်လာနောက်သားလူသစ်တွေအတွက်ကတော့ အရမ်းအရေးကြီးလွန်းပါတယ်။အဲ့လို ကိုယ့်အတွေ့အကြုံတွေကို မျှဝေမှပဲလူသစ်တွေကကိုယ်မှားခဲ့တဲ့ အမှားတွေထပ်မဖြစ်တော့ပဲနဲ့ မှုခင်းတွေကို အန္တရာယ်ကင်းကင်း ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။အဲ့ဒီလိုမျိုး ကိုယ်ဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွေကိုပြန်လည်မျှဝေဖို့အတွက်ဇာတ်ကားနာမည်အတိုင်း ပိုကာကစားတဲ့ညတစ်ည သတ်မှတ်ထားကြပြီး အဲ့ဒီညမှာအကြမ်းဆုံးရဲတွေစုစည်းပြီး ကိုယ်ကြုံတွေ့ခဲ့ရတဲ့ ဇာတ်လမ်းတွေကိုလူသစ်လေးတွေကိုပြောပြကြပါတယ်။ဒီတစ်ခါမှာတော့ လူသစ်လေးကစတန်လို့ ...
movie

Poker Night (2014)

Divines (2016) 7.4
Divines (2016)  ပါရီဆင်းရဲသားရပ်ကွက်က ကောင်မလေးတစ်ယောကရဲ့လောကဓံအနိမ့်တွေ၊ သူငယ်ချင်းကြားက သံယောဇဉ်ကြိုးတွေ၊မြို့ပြရဲ့ ခက်ထန်မှုတွေကို ဘွင်းဘွင်းကြီး ထင်ဟပ်နေတဲ့ “Divines”။၁၅ နှစ်သမီး ဒူနီယာဟာ အရွယ်နဲ့မမျှအောင် လူမှုအဆင့်အတန်းကွာခြားမှုကို မျက်ဝါးထင်ထင် ကြုံတွေ့ခံစားထားရတဲ့မိန်းကလေးတစ်ယောက်ပါ။ ပိုင်ဆိုင်တာဆိုလို့ ဝိုင်းစက်စက်မျက်လုံးတွေရယ်၊ လက်ရဲဇက်ရဲနိုင်တဲ့ စရိုက်ရယ်၊ မိုင်မိုနာလို့ခေါ်တဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ပဲ ရှိတဲ့ ဒူနီယာဟာကိုယ့်ကိုယ်ကို ကာကွယ်ဖို့ တံတိုင်းတွေ အထပ်ထပ်ချထားပြီးရည်မှန်းချက်ကြီးတဲ့ သူလေးတစ်ယောက်။သူမလို မိန်းကလေးဟာ ရပ်ကွက်ရဲ့ အကျော်ဇေယျ မူးယစ်ဆေးဒိုင်ရေဗက်ကာရဲ့ လက်အောက်ကို ရောက်သွားတဲ့အချိန်မှာသူမစိတ်ကူးမျှော်မှန်းထားတဲ့ အိပ်မက်ကို အကောင်အထည်ဖော်လာနိုင်တော့မလား? ဒါမှမဟုတ် မတူညီတဲ့ အိပ်မက်အသစ်တွေများ ရလာမလားဆိုတာကို ဒီပြင်သစ်ကားလေးမှာစောင့်မျှော်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size…1.77 GB / 858 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth
movie

Divines (2016)

Out of the Blue (2006) 7.1
Out of the Blue (2006)  ရာဇဝတ်မှုလုံးဝမရှိလုနီးပါးအေးချမ်းလှတဲ့နယူးဇီလန်နိုင်ငံရဲ့Aramoana မြို့လေးမှာ သေနတ်သမားတစ်ယောက်ကလူပေါင်း ၁၃ ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ၁၉၉၀ ခုနှစ်ကဖြစ်ရပ်မှန်တစ်ခုကိုရိုက်ကူးထားတာပါ။တွေ့ရာလူလိုက်ပစ်သတ်နေတဲ့သေနတ်သမားရဲ့ရက်စက်မှုကိုချောက်ချားစရာမြင်တွေ့ရမှာဖြစ်ပေမယ့် မှတ်တမ်းရုပ်ရှင်ဒရမ်မာအမျိုးအစားဖြစ်တာကြောင့် သာမန်နေ့ရက်တွေကိုအေးအေးချမ်းချမ်းဖြတ်ကျော်နေကြတဲ့ဒေသခံတွေဆီ ရုတ်တရက်ရောက်ရှိလာတဲ့ကြမ္မာဆိုး၊အရွယ်နဲ့မလိုက်အောင် သေနတ်သမားရှေ့မှာကြောက်ရွံ့မှုကိုခံစားခဲ့ကြရတဲ့ကလေးငယ်လေးတွေ၊ သေနတ်သမားရန်ထက်သားသမီးအတွက်ပူလောင်သောကဝေခဲ့ကြရတဲ့မိဘတွေရဲ့ပုံရိပ်တွေကိုအဓိကပြသသွားပါတယ်။၁၉၉၀ နိုဝင်ဘာလ ၁၃ ရက်မှာ ကလေးငယ်လေးဦးအပါအဝင် လူ ၁၃ယောက်သေဆုံးစေခဲ့တဲ့ Aramoana massacre ဟာ နယူးဇီလန်နိုင်ငံရဲ့ဒုတိယအကြီးဆုံးလူအစုလိုက်အပြုံလိုက်ပစ်ခတ်သတ်ဖြတ်မှုဖြစ်ရပ်မှန်ပါ။လူဦးရေအနည်းငယ်သာရှိပြီး ပျင်းစရာကောင်းလောက်အောင်အေးချမ်းလွန်းလှတဲ့ ပင်လယ်ကမ်းခြေမြို့ငယ်လေးမှာ အလုပ်လက်မဲ့တစ်ဦးဖြစ်တဲ့ဒေးဗစ်ဂရေးဟာ စိတ်ဖောက်ပြန်သွားပြီး ရိုင်ဖယ်တစ်လက်နဲ့ကလေးတွေပါမချန် တွေ့ကရာလူကိုပစ်သတ်ခဲ့ပါတယ်။ပုံမှန်နေ့ရက်တွေမှာ တိရစ္ဆာန်ပျောက်တဲ့အမှုတွေလောက်သာလိုက်ဖြေရှင်းရတဲ့ မြို့ခံရဲအင်အားစုဟာ လူအင်အားမရှိ၊လေ့ကျင့်မှုမရှိ၊ လက်နက်မရှိဘဲ ရွာထဲမှာ ၂၄ နာရီကြာအောင်ပိတ်မိနေတဲ့အသက်ရှင်ကျန်ရစ်သူတွေကို အသက်စွန့်ကာကွယ်ကယ်တင်ပေးခဲ့ကြပါတယ်။လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရောက်ရှိလာချိန်မှာတော့ ဒေးဗစ်ဂရေးကိုပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။ File size…2.07 GB / 994MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Out of the Blue (2006)

Luxembourg, Luxembourg (2023)
Luxembourg, Luxembourg (2023) Luxembourg, Luxembourg (2023)ဥရောပရုပ်ရှင်တွေထဲကနေ ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းမွန်တဲ့ ယူကရိန်းနိုင်ငံက ရိုက်ကူးထုတ်လုပ်ထားတဲ့ Drama ရုပ်ရှင်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ IMDb rating 7.9, Rotten Tomatoes 83% ရရှိထားပါတယ်။ Drama ရုပ်ရှင် ကြိုက်နှစ်သက်သူဆိုရင်တော့ မိုးရွာတဲ့နေ့မှာ အိပ်ရာထဲကနေ အေးဆေး ကြည့်လို့ကောင်းမယ့် ရုပ်ရှင်မျိုးလို့ ပြောချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကိုလာနဲ့ ဗက်စ်ယာတို့ဟာ ယူကရိန်းက အမြွှာညီအစ်ကိုတွေပါ။ ဘာမှမရှိတဲ့မြို့လေးမှာ ရှင်သန်ကြီးပြင်းကြရင်း ဗက်စ်ယာကတော့ ရဲဝန်ထမ်းဖြစ်သွားပြီး ကိုလာကတော့ ဘတ်စ်ကားလည်း မောင်းသလို ကြုံရာအလုပ်တွေလုပ်သလို လူဆိုးလေးတစ်ယောက်ဖြစ်နေပါတယ် ။ တစ်နေ့မှာ ကိုလာ့ဆီကို သူ့အဖေ လူဇင်ဘတ်နိုင်ငံမှာ မတော်တမှုအကြီးကြီးဖြစ်ကြောင်း သေလုမျောပါးဖြစ်နေကြောင်း ယူကရိန်းကောင်စစ်ဝန်ရုံးမှ ဆက်သွယ်လာပါတယ်။ အဲဒါနဲ့ ကိုလာလည်း လူဇင်ဘတ်ကို သွားဖို့လုပ်ပါတယ် ဒါပေမယ့် အမေဖြစ်သူနဲ့ ဗက်စ်ယာတို့ကတော့ မသွားဖို့တားပါတယ်။ ကိုလာကတော့ သွားဖို့ အတင်းလုပ်ပါတော့တယ်......အညွှန်းန့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 1.6GB ...
movie

Luxembourg, Luxembourg (2023)

2023
Kill (2023) 8
Kill (2023) Kill (2023) "ရထား"IMDb 7.0အချစ်ဇာတ်လမ်းနဲ့ ခပ်ကြမ်းကြမ်းအက်ရှင်အမိုက်စားတို့ကို ပေါင်းစပ်ထားတဲ့ အက်ရှင်ရုပ်ရှင်လေးကို streaming ထွက်ထွက်ချင်း ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ကွန်မန်ဒို ကပ္ပတိန်အာမစ်ရာထောသ် စစ်ဆင်ရေးက ပြန်အရောက် ချစ်သူလေးက ရေးကြီးသုတ်ပျာ ဖုန်းဆက်ခေါ်ပါသတဲ့သူ့ကိုအဖေဖြစ်သူက အတင်းစေ့စပ်ပေးတော့မယ်ဆိုတာ သိသိရချင်း လိုက်သွားပြီး ခိုးပြေးဖို့ စီစဥ်ပေမယ့် ကောင်မလေးက အန္တရာယ်များတာကြောင့် ခဏစောင့်ခိုင်းထားပြီး ဒေလီညရထားနဲ့ လိုက်သွားပါတယ်အာမစ်လည်း ဒေလီညရထားအမီ လိုက်လာခဲ့ပြီး ရထားပေါ်မှာ ချစ်သူနှစ်ယောက်အတွေ့ လက်ထပ်ခွင့်တောင်း ခေါင်းတွေညိတ်လို့ ရှေ့ဆက်မယ်ကြံကာမှ ဓားပြတစ်သိုက် ရထားပေါ်ရောက်နေတာ သိလိုက်ရတယ်ကွန်မန်ဒိုရယ် သူ့ဘော်ဒါတစ်ယောက်နဲ့ ဓားပြတွေကို ရထားပေါ်မှာ ဘယ်လိုဖိုက်ကြမလဲ အသက်ရှူမနားရအောင် အက်ရှင်ပြကွက်ခပ်သွက်သွက်နဲ့ အပိုတွေသိပ်မလုပ်ဘဲ ဒဲ့ဗျင်းတာကို ပရိတ်ကြီး ရှုစားရမှာပါအညွှန်းနဲ့ ဘာသာပြန်ကတော့CM Bollywood Team က ဖြစ်ပါတယ် File Size....1.7GB / 751MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kill (2023)

2024
Kaazh (2024)
Kaazh (2024) Kaazh (2024) ရွှေပြည်တော် မျှော်တိုင်းဝေး Genre – Dramaတစ်ရွာမပြောင်း သူကောင်းမဖြစ်လား၊ သေချင်တဲ့ကျား တောပြောင်းလား ဘာပဲနေနေ ကျွန်တော်တို့ တချို့အာရှနိုင်ငံက လူတွေဟာ နိုင်ငံခြားကို သွားအလုပ်လုပ်ကြ ကျောင်းတက်ကြနဲ့ အရင်ခေတ်ကတည်းက စလို့ ခုထက်ထိ အင်မတန်ခေတ်စားတဲ့ အလုပ်တစ်ခုပါပဲ။ဒီရုပ်ရှင်လေးထဲမှာလည်း ဒီလိုပါပဲ သြစတြေးလျနိုင်ငံမှာ သွားရောက်နေထိုင် အလုပ်လုပ် စာသင် ကြိုးစားရုန်းကန်နေရတဲ့ တမီးလ်လူမျိုးများရဲ့ ဘဝအကြောင်းလေးတွေကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ခေါင်းပုံဖြတ် အမြတ်ကြီးစား လူမျိုးချင်းတောင် ငွေမပေးချင်ပဲ ညစ်ပတ်တဲ့ အလုပ်ရှင်နဲ့ လင်မယားနှစ်ယောက်ခမျာ ကြိုးစားရုန်းကန်ရပုံတွေ။ ပညာရေးအရည်အချင်း တော်ပေမဲ့လည်း ကိုက်ညီတဲ့အလုပ်အကိုင် ရှာမရတဲ့အတွက် ဖြစ်သလို နေထိုင်ရုန်းကန်ဖို့ ကြုံရာအလုပ်လေးတွေလုပ်ပြီး အလုပ်အမဲလိုက်နေရတဲ့ ကျောင်းသားလေးတွေ။သူများနိုင်ငံ သွားနေထိုင်နေပေမဲ့လည်း သူတို့ ဥပဒေတွေကို လက်တစ်လုံးခြားလုပ်စားပြီး အောင်မြင်ကြီးပွားနေတဲ့လူတွေလည်း ရှိကြတာတွေ စသဖြင့် အကြောင်းအရာပေါင်းစုံလေးတွေကို ပေါင်းစပ်တင်ပြထားတဲ့ အိန္ဒိယရုပ်ရှင်ကားလေး ဖြစ်ပါတယ်။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်ခင်ဗျာ) File size…1.53GB / 670MB Quality…WEB DL 1080p ...
movie

Kaazh (2024)

2024
My Spy the Eternal City (2024)
My Spy the Eternal City (2024)  IMDb 5.7/10 ရရှိထားတဲ့ အသစ်ထွက် Comedy/Action ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ My Spy ကားရဲ့ sequel ဖြစ်ပြီး ပထမကားထဲမှာလိုပဲ Dave Bautista၊ Ken Jeong နဲ့ Chloe Coleman တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဂျေဂျေက စီအိုင်အေအေးဂျင့်တစ်ယောက်ဖြစ်ပြီး မယားပါသမီးဖြစ်သူ ဆိုဖီ့အတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူပါ။ ၁၄ နှစ်အရွယ် သမီးနားမှာ အနီးကပ်စောင့်ရှောက်ပေးနိုင်ဖို့ အသက်အန္တရာယ်များတဲ့ ကွင်းဆင်းအလုပ်တွေကို ရှောင်ပြီး သတင်းပေးအဖြစ်နဲ့ပဲ ရုံးထိုင်အလုပ်လုပ်ကာ သမီးဖြစ်သူကို ထိန်းကျောင်းဖို့ တာဝန်ယူထားတာပါ။ဒီလိုနဲ့ သမီးဖြစ်သူက ကျောင်းက ဓမ္မတေးအဖွဲ့နဲ့အတူ အီတလီကို ခရီးထွက်ဖို့ အကြောင်းဖန်လာရာမှာတော့ စိတ်မချနိုင်စွာနဲ့ အထိန်းတော်အဖြစ် ကျောင်းအဖွဲ့နဲ့အတူ လိုက်ပါသွားခဲ့ပါတော့တယ်။ ဂျေဂျေရဲ့ အကြံကတော့ ဒီခရီးစဉ်မှာ ဆိုဖီနဲ့ ရင်းနှီးနိုင်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ တကယ်တမ်း ခရီးထွက်ရတဲ့အခါမှာမှ ...
movie

My Spy the Eternal City (2024)

Bad Boys for Life (2020) 6.9
Bad Boys for Life (2020) Bad Boys for Life (2020)===================IMDb Rating - 7.1/10Bad Boys ရုပ်ရှင်တွေကို ရုပ်ရှင်ချစ်သူအတော်များများ သိကြမှာပါ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ အက်ရှင်ခပ်မြူးမြူး တွေပါပဲ။ အခုလည်း ဆရာကြီးနှစ်ယောက် အသက်ကြီးမှ တကြော့ ပြန်လာပါပြီး။ အခုချိန်မှာဆို မားကတ်စ်ကလည်း အဘိုးဖြစ်လာပြီး အငြိမ်းစားယူဖို့ဆုံးဖြတ်လိုက်ပါပြီ။ မိုက်ခ် (ဝယ်လ်စမစ်) တော့ လူ ပျိုကြီးအဖြစ် သေတဲ့အထိ လူဆိုးဖမ်းချင်နေတုန်းပါပဲ။ ဒါပေမယ့် သူ တို့ရဲ့အတိတ်က ရန်ငြိုးက သူတို့ကို အေးအေးဆေးဆေးအနားယူခွင့် မပေးလာပါဘူး။ မိုက်ခ် နဲ့အတူ တရားသူကြီး၊ရှေ့နေ၊သတင်းပေး၊ ရဲ အရာရှိ စတဲ့သူတွေအကုန် လုပ်ကြံခံလာရပါတယ်။ ဒီတော့ နောက်ဆုံး မှာ Bad Boys ကြီးနှစ်ယောက် နောက်ဆုံးအကြိမ်အဖြစ် ဆိုးကြ ကြမ်း ကြပါတော့တယ်။ ဇာတ်လမ်းရယ် အက်ရှင်တွေရယ် အကုန်အဆင်ပြေ တာမို့ ကြည့်ရတာ ကျေနပ်ကြမှာပါ။Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys  ကြည့်ပါ။ File size…(6.7 GB)/(2 GB ...
movie

Bad Boys for Life (2020)

2020
4K HEVC
Bad Boys II (2003) Bad Boys 2 6.6
Bad Boys II (2003) Bad Boys 2 Bad Boys 2 (2003)==============IMDb Rating - 6.6/10Bad Boys ဇာတ်ကားရဲ့ဒုတိယမြောက်ဇာတ်ကားလေးပါ။ ဒီဇာတ်ကားရဲ့ထုံစံအတိုင်း မင်းသားတွေဖြစ်တဲ့Will Smith နဲ့ Martin Lawrence တို့ပဲဆက်လက်သရုပ်ဆောင်ထားပါတယ်။ ရှေ့ဇာတ်ကားနဲ့မတူကွဲပြားတဲ့ပုံစံမျိုးနဲ့ရိုက်ပြထားတာလည်းတွေ့ရပါတယ်။ ဒီဇာတ်ကားမှာတော့ ကျူးဘားက မူးယစ်မှောင်ခိုလုပ်တဲ့ တမီယာဆိုတဲ့သူက သူ့ဆေးတွေကိုအမေရိကမှာရောင်းပြီး ကျူးဘားဆီကို ငွေပြန်ပို့တာပါ မူးယစ်ငွေမဲတွေဖြစ်တဲ့အတွက်ဘဏ်တွေကနေတစ်ဆင့်ပို့လို့မရတဲ့အတွက် ရေကြောင်းသင်္ဘောတွေကို သုံးပြီးပို့ပါတယ်။ အဲ့ဒါကိုသိတဲ့အမေရိကန်တွေက ရေကြောင်းမှာ လုံခြုံရေးတင်းကျပ်ပြီး လိုက်ပေမယ့် ဖမ်းလို့မမိပါဘူး။ မိရင်လည်းနည်းနည်းသာဖြစ်ပြီးတပီယာကိုတရားစွဲလို့မရပါဘူး။ အဲ့အတွက် ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးတွေက ဝင်ပြီးဖမ်းဆီးပေးတာကိုခပ်မိုက်မိုက်ကြည့်ရမယ့်ဇာတ်ကားမျိုးပါ။Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys  ကြည့်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)  File size…(13 GB)/(1.5 GB ) / (1 GB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:26:45 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM,Ka Naung Translated ...
movie

Bad Boys II (2003) Bad Boys 2

2003
4K HEVC
Bad Boys (1995) 6.9
Bad Boys (1995) Bad Boys (1995) ================ IMDb Rating - 6.9/10လူတိုင်းရင်းနှီးပြီးသား မင်းသားတွေဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Action , Comedy , Crime ဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသားနှစ်ယောက် ဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့က မိုက်ခ်နဲ့ မားကပ်စ်ဆို တဲ့ မိုင်ယာမီမူးယစ်တိုက်ဖျက်ရေးမှုခင်းရဲတွေပါ။တစ်နေ့ သူတို့ ဌာနမှ ထိန်းသိမ်းထားတဲ့ ကိုကင်းတွေကို အဖောက်ခံလိုက် ရပါတယ်။ အဲ့လိုအဖောက်ခံလိုက်ရတော့ သူတို့ရဲ့ခေါင်းဆောင် ဟောင်း ဝဒ်က သူတို့ကို ကို ပြန်ရှာခိုင်းပါတယ်။ ဒီလိုနဲ့ မိုက်ခ်နဲ့ မားကပ်စ်က သူတို့ နဲ့အရင်က ဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ ဆေးသမား ပြည့်တန်ဆာတွေနဲ့ပူးပေါင်း ပြီးတော့ သတင်းယူပြီး ဒီအမှုကိုလိုက်တာကနေ တစ်ကားလုံး သဘောကျ စရာကောင်းလောက်အောင်ကို သရုပ်ဆောင်ပြသွားတာပါ။Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys  ကြည့်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)  File ...
movie

Bad Boys (1995)

1995
4K HEVC
Bad Boys: Ride or Die (2024) 7.0
Bad Boys: Ride or Die (2024) ကောင်ဆိုးလေးများ ၂၀၂၄ ထွက်အသစ် လာပါပြီ။Bad Boys ထွက်ခဲ့တဲ့ ရုပ်ရှင်အားလုံးကိုလည်းchannel myanmar Web နဲ့ App မှာ ကြည့်နိုင်ပါပြီ။အစဉ်လိုက်ဆိုရင်1. Bad Boys 1995 2. Bad Boys II 2003 3. Bad Boys for life 2020 4. Bad Boys ride or die 2024Will Smith နဲ့ Martin Lawrence တို့ပဲ ပြန်ပါဝင်ထားပြီး၄ ကားမြောက်ဆိုပေမဲ့ ပေါမသွားဘဲ ပိုကောင်းလာအောင်ဖန်တီးထားတာ တွေ့ရမှာပါ။ ဇာတ်လမ်းကတော့ သူတို့နှစ်ယောက်ရဲ့ ကွယ်လွန်သွားတဲ့ ကပ္ပတိန်ဟောင်းဝဒ်နဲ့ပတ်သတ်တာပါပဲ။ကပ္ပတိန်ဟောင်းဝဒ်ကို မိုင်ယာမီရဲစခန်းကနေ မက္ကဆီကိုဒုစရိုက်ဂိုဏ်းတွေဆီက လာဘ်စားပြီး ပူးပေါင်းလုပ်နေတယ်လို့သက်သေအပြည့်အစုံနဲ့ ချောက်တွန်းလာပါတယ်။ဟောင်းဝဒ်ရဲ့ သိက္ခာကို ကာကွယ်ဖို့အတွက် လိုက်စုံစမ်းရင်းအကျင့်ပျက်ရဲတွေနဲ့ ဂိုဏ်းက မိုက်နဲ့မားကပ်တို့ကိုပါ နှုတ်ပိတ်ဖို့ချောက်တွန်းဖို့ ကြိုးစားလာပါတယ်။ရဲအချင်းချင်းပါ ယုံလို့မရတော့တာကြောင့် မိသားစုလူနည်းစုလေးနဲ့ မက္ကဆီကိုဂိုဏ်းနဲ့ ...
movie

Bad Boys: Ride or Die (2024)

4K HEVC
The Night Of The Peak ( 2024 ) 5.7
The Night Of The Peak ( 2024 ) သဲထိတ်ရင်ဖိုရုပ်ရှင်ကို ကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် The night of the peak ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-အင်တာနက်စာရေးဆရာစူးဖေးဟာ ရည်းစားဖြစ်သူ အသတ်ခံရပြီးနောက် ပုံရိပ်ယောင်တွေကို ထင်ယောင်ထင်မှား မြင်မိနေပါတယ်။ အဲဒီနောက် သူဟာ စိတ်ပြေလက်ပျောက်အပန်းဖြေရအောင် တိတ်ဆိတ်အေးချမ်းတဲ့ စန်းကျားရွာကို ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ စန်းကျားရွာမှာ သူမဟာ တစ်ရက်မှ အေးချမ်းမှုကို မရခဲ့ဘဲ လူယုတ်မာရဲ့ ထောင်ချောက်ထဲကို ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။ တည်းခိုဆောင်မှာ လာရောက်တည်းခိုနေတဲ့ ပန်းချီဆရာနဲ့ တည်းခိုဆောက်ပိုင်ရှင် ရန်ပေါဆိုသူတို့ထဲမှာ ဘယ်သူက တရားခံအစစ်ဖြစ်မလဲ...... တရားခံကရော စူးဖေးကို ဘာလို့ လိုက်လံနှောင့်ယှက်နေရတာလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ Filesize : 653 MB /387 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Romance , Horror , Mystery Runtime : 1h 06 min Subtitle ...
movie

The Night Of The Peak ( 2024 )

Queen of My Heart ( 2021 ) 5.7
Queen of My Heart ( 2021 ) သာ့ချွမ်ပြည်ရဲ့ အိမ်ရှေ့စံမင်းသားကို ငယ်စဉ်ကတည်းက ချစ်သူနှစ်ယောက်နဲ့တွေ့ရလိမ့်မယ်လို့ နတ်သူငယ်လေးပေးတဲ့လျို့ဝှက်ကြမ်းမှာပါလာပါတယ် ။ ဒီလိုနဲ့ မင်းကြီးနတ်ရွာစံသွားပြီး အိမ်‌ရှေ့စံကထီးနန်းဆက်ခံခါစဆိုတော့ တိုင်းပြည်အရေးကရှုပ်ထွေးပြီး ညီလာခံမှာလည်း အမတ်တွေက ပြောင်းဆန်လို့နေပါတယ်ထီးနန်းဆက်ခံခါစ အိမ်ရှေ့စံဟာ အမေဖြစ်သူ မိဖုရားခေါင်ကြီးနဲ့ ဦးလေးဖြစ်သူရဲ့အကူအညီနဲ့ သူဒီတိုင်းပြည်ကိုကောင်းကောင်း အုပ်ချုပ်နိုင်မယ်လို့ထင်ခဲ့ပေမဲ့ သူထင်ထားတာနဲ့လွဲမှားစွာ ဦးရီးတော်ဖြစ်သူက ထီးနန်းကိုမက်မောပြီး သူ့နောက်ကျောကိုဓားနဲ့ထိုးဖို့ချောင်းနေပါတော့တယ် ။ဒါ့အပြင် သူ့တူလေးကို ချစ်လွန်းလို့လက်ဆောင်ပေးသလိုနဲ့ ကောင်မလေးတစ်ယောက်ကိုဆက်သလာချိန်မှာတော့... အဲဒီမိန်းကလေးရဲ့သရုပ်မှန်ကရော ဘယ်လိုဖြစ်မလဲ ? ဒီလိုမကောင်းတဲ့သူတွေအာဏာရနေတဲ့ ညီလာခံကိုရော ထီးနန်းရခါစ အိမ်ရှေ့စံမင်းသားတစ်ယောက် ဘယ်လိုပြန်လည်တိုက်ထုတ်သွားမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုပေးကြပါအုံးနော် ။ Filesize : 996 MB / 575 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Drama  Runtime : 1h 07 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

Queen of My Heart ( 2021 )

Genres

Archives