Channel Myanmar

New releases (2025)

Content at random


Movies

Trim Season (2023) 5.0
Trim Season (2023)  ဝေါ်ကီးကြိုက်တဲ့ ဝေါ်ကီးဘဲကြီးတွေအတွက် ထူးထူးခြားခြားဆန်းဆန်းပြား‌ပြား Horror Movie လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဆေးခြောက်တွေကို ထုတ်ကုန်တစ်ခုအဖြစ် ဖန်တီးတဲ့အခါမှာ အချောသတ်အဆင့်ကိုရောက်အောင် ကိုင်းတွေအရွက်တွေကိုအရင်ညှပ်ပေးရပါသေးတယ်။အဲ့ဒီသဘောတရားကိုအခြေခံပြီး ဒီဇာတ်ကားနာမည်ကိုTrim Season လို့ပေးထားတာဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ဂျိမ်းစ်ဆိုတဲ့လူတစ်ယောက်ကဆေးခြောက်တွေကို ရိတ်သိမ်းပြီးညှပ်ရတဲ့ ရာသီရောက်ရင်ညှပ်ပြီးအချောသတ်ပေးမဲ့ လူတွေကိုလိုက်လံရှာဖွေနေသူတစ်ယောက်ဖြစ်ပါတယ်။ဒီအလုပ်က တရားမဝင်အလုပ်ဆိုတော့ပိုက်ဆံတွေအများကြီးရတဲ့အတွက် လုပ်ချင်တဲ့သူတွေကလည်းတန်းစီနေတာပါပဲ။အဲ့ထဲမှာ အမ်မာဆိုတဲ့ မကြာသေးခင်ကမှ အလုပ်ပြုတ်ထားပြီးအိမ်လခမပေးနိုင်လို့ ငှားထားတဲ့ အိမ်ကနေ ဖယ်ပေးရတော့မဲ့ကောင်မလေးတစ်ယောက်ပါပါတယ်။အမ်မာက သူ့သူငယ်ချင်းရဲ့ချိတ်ဆက်ပေးမှုကြောင့် ဂျိမ်းစ်နဲ့သိသွားပြီး အဲ့ဒီအလုပ်ကိုလုပ်ဖို့စတင်ထွက်ခွာလာခဲ့ပါတော့တယ်။စစချင်းကတည်းက သူတို့မှာပါလာတဲ့ကားတွေကို ထားခဲ့ရပြီးလူသူကင်းမဲ့တဲ့တောကြီးမျက်မည်းထဲက စိုက်ခင်းတစ်ခုဆီကိုခေါ်လာခဲ့ပါတော့တယ်။ပါလာတဲ့သူတွေ အကုန်လုံးက မိန်းကလေးတွေဖြစ်ပြီး မကြာခင်မှာပဲအလုပ်ကိုယ်စီစလုပ်ရပါတော့တယ်။ဒါပေမယ့် ဒီလိုလွယ်လွယ်ကူကူအလုပ်လုပ်ပြီး ပိုက်ဆံအများကြီးရမယ်ဆိုတာက ကလေးကိုသကြားလုံးပေးပြီးမျှားခေါ်သလိုသဘောတရားနဲ့အတူတူပဲဆိုတာကို မသိရှာတဲ့ အမ်မာနဲ့အလုပ်လာလုပ်တဲ့ကောင်မလေးတစ်သိုက် ဘယ်လိုထိတ်လန့်စရာတွေကြုံတွေ့ရမယ်ဆိုတာကိုကြည့်ရှုရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.92GB / 876MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Trim Season (2023)

The Heretics (2017) 5.0
The Heretics (2017)  ဒီရုပ်ရှင်ကတော့ Horror နဲ့ Thriller Vibe ကိုအချိုးကျကျပေါင်းစပ်ထားတဲ့ရုပ်ရှင်တစ်ကားပါ ဂလိုရီယာ က ငယ်ငယ်တုန်းကဘာသာရေးအစီအရင်တစ်ခုအတွက် ထူးဆန်းတဲ့လူတစ်စုပြန်ပေးဆွဲတာ ခံရဖူးပြီး ထရော်မာရနေတဲ့ မိန်းကလေးတစ်ယောက်ပါ။ဂျွန်ကတော့ ငယ်ငယ်ကတည်းက အဖေဖြစ်သူနှိပ်စက်တာ ခံရပြီးစိတ်ဒဏ်ရာရနေခဲ့တယ်။ သူတိုနှစ်ယောက်က ဆွေးနွေးပွဲတစ်ခုမှာတွေ့ခဲ့ကြပြီး ချစ်သူရည်းစားတွေဖြစ်ခဲ့ကြတယ်။တနေ့မှာတော့ ဂလိုရီယာ က ဂျွန်နဲ့တွေ့ပြီး အပြန်မှာ လူထူးဆန်းတစ်ယောက်ပြန်ပေးဆွဲတာခံရပြီး ပျောက်သွားတယ်။ ဂလိုရီယာကိုပြန်ပေးဆွဲခဲ့ကြတဲ့သူတွေက ဘယ်သူလဲ၊ သူတိုရဲ့ ထူးဆန်းတဲ့အစီအရင်တွေက ဘာအတွက်လဲ။ဂျွန်ကရော ဂလိုရီယာကိုပြန်ရှာတွေ့နိုင်မလားဆိုတာကိုတော့....ထင်မထားရတဲ့ plot twist တွေနဲ့အတူ တစ်ကားလုံး အပိုအလိုမရှိအောင်ဆွဲခေါ်သွားနိုင်ပြီး အသည်းတအေးအေး၊ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(မိသားစုနှင့်အတူကြည့်ရှုရန်မသင့်သော ဇာတ်၀င်ခန်းအချိုပါ၀င်ပါသည်) File size…1.25GB / 559MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 27m Genre ….. Fantasy , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

The Heretics (2017)

Left Behind (2014)
Left Behind (2014) Left Behind (2014)မင်းသားကြီး Nicolas Cage ရဲ့ 2014 ခုနှစ်တုန်းကထွက်ရှိထားတဲ့ Sci-Fi ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ရေးစတီးလ်လို့ခေါ်တဲ့လေယာဉ်မှူးတစ်ဦးရဲ့ မိသားစုအရှုပ်အထွေးတွေနဲ့ ခရစ်ယာန်ဘာသာထဲမှာပါတဲ့ Rapture (ချီဆောင်ခြင်း) အကြောင်းကို ရောယှက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ရေးစတီးလ်ဆိုတဲ့လေယာဉ်မှူးမှာ မိသားစုဝင်လေးယောက်ရှိပါတယ်။ သူကိုယ်တိုင်နဲ့ သမီးဖြစ်သူဟာ ဘာသာမဲ့ဝါဒီဘက်ကို အားသန်ပြီး အမေနဲ့ သားဖြစ်သူကတော့ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကြပါတယ်။ ခံယူချက်တွေမတူတဲ့အတွက် ရေးနဲ့ သူ့သမီးက မိခင်ဖြစ်သူ သမ္မာကျမ်းစာထဲမှာပါတဲ့အကြောင်းတွေကို ပြောပြတိုင်း အငြင်းအခုန်ဖြစ်လေ့ရှိပါတယ်။ ကြာလာတော့ ရေးကော သူ့သမီးကောက အိမ်သိပ်မကပ်တော့ဘဲ ရေးဟာအပျော်အပါးပဲလိုက်စားလာပါတော့တယ်။တစ်ရက်မှာ ရေးကသူမွေးနေ့ဖြစ်ရဲ့နဲ့ အိမ်မှာမိသားစုနဲ့မနေဘဲ အလုပ်ကိုအကြောင်းပြပြီး ခရီးစဉ်တစ်ခုလိုက်ရင်းပျော်ပါးဖို့စီစဉ်ပါတယ်။ ရေးရဲ့ လေယာဉ်မထွက်ခင်မှာ သမီးဖြစ်သူက ဖအေရဲ့မွေနေ့အတွက် စပရိုက်လုပ်ဖို့ တကူးတကလေယာဉ်ကွင်းမှာလာစောင့်နေတာကိုတောင် မုသားနဲ့အချိုသပ်ပြီး လေယာဉ်မောင်းထွက်သွားခဲ့ပါတယ်။ ဖအေ မအေနဲ့ သမီးဖြစ်သူကြား ဒွိဟဖြစ်ဖွယ်တွေများနေတဲ့အချိန်မှာ ရုတ်ချည်းဆိုသလို ကမ္ဘာတစ်ဝှမ်း မဖြစ်နိုင်ဖွယ်ကိစ္စတွေ ...
movie

Left Behind (2014)

2014
OpenMatte
Reservation Road (2007) 6.6
Reservation Road (2007)  Mark Ruffalo, Jennifer Connelly စတဲ့နာမည်ကြီးသရုပ်ဆောင်တွေပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အဝိတ်အာနိုးနဲ့ သူ့သားကဘေ့စ်ဘောပွဲကြည့်နေတုန်းမှာ ဇနီးဟောင်းဖြစ်သူကဖုန်းဆက်ပြီးသူ့သားကိုအမြန်ပြန်လာခိုင်းတယ်။ပွဲကလည်းအချိန်ပို ကစားတဲ့အတွက် နည်းနည်းနောက်ကျသွားလို့ ကားကို အမြန်မောင်းပြီးပြန်လာခဲ့တယ်။ တစ်ဖက်မှာတော့အီသန်လာနာတို့ မိသားစုလေးယောက်မှာ သားဖြစ်သူဂျော့ရှ်ရဲ့ဖျော်ဖြေပွဲကိုကြည့်ပြီးတော့အိမ်ပြန်လာခဲ့တယ်။ကားပေါ်မတက်ခင်မှာ ဂျော့ရှ်က သူ့ညီမလေးအတွက် ပိုးစုန်းကြူးတွေကိုဖမ်း ပုလင်းထဲထည့်ပြီးလက်ဆောင်ပေးထားတယ်။အီသန်တို့ မိသားစုအိမ်ကိုကားမောင်းပြန်နေတုန်းမှာ ပိုးစုန်းကြူးတွေကို သမီးဖြစ်သူအမ်မာက ပိုးစုန်းကြူးလေးတွေကိုမွေးချင်ကြောင်းပြောတော့ ဂရေ့စ် သူတို့မွေးရင်သေသွားနိုင်ကြောင်း အိမ်ပြန်ရောက်ရင်လွှတ်ပေးသင့်ကြောင်းနားချလိုက်တော့ အစ်ကိုဖြစ်သူဂျော့ရှ်ကို ပုလင်းပေးထားတယ်။ လမ်းမှာခဏနားတဲ့အချိန်မှာဂျော့ရှ်ကကားအပြင်ထွက်ပြီး ပိုးစုန်းကြူးတွေကိုလွှတ်တဲ့အချိန်တစ်ဖက်က ဒဝိတ်ကကားကိုအမှုမဲ့အမှတ်မဲ့မောင်းလာချိန်မှာဂျော့ရှ်ကိုဝင်တိုက်မိပြီး‌ နေရာမှာတင်ဆုံးသွားတယ်။ဒဝိတ်က‌တော့ကြောက်လို့ထွက်ပြေးသွားတယ်။ အီသန်တို့ကကားတိုက်‌ထွက်‌ပြေးမှုကို ရဲတွေကိုတိုင်ကြားပေမယ့် နှစ်ပတ်လောက်ကြာတဲ့အချိန်အထိ ဘာသတင်းမှမရတဲ့အတွက် ရှေ့နေထပ်ငှားစုံစမ်းဖို့ဆုံးဖြတ်လိုက်တယ်။သူတို့ငှားတဲ့ရှေ့နေက ဒဝိတ်အာနိုးဖြစ်နေတဲ့အခါမှာတော့...... File size…1.83GB / 908MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 42m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Reservation Road (2007)

Veteran (2015) 7.0
Veteran (2015)  အက်ရှင်ဇာတ်ကားကောင်းကောင်းကို အခွီလေးနဲ့ရောကြည့်ချင်တဲ့လူတွေအတွက် မင်းသား Hwang Jung Min နဲ့Yoo Ah In တို အပြိုင်သရုပ်ဆောင်ထားတဲ့ Veteranဇာတ်ကားကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ်။စုံထောက်လောကရဲ့ခွေးရူးလိုဖြစ်နေတဲ့ စုံထောက်ဆောဒိုချောဟာအမှုကြီးတစ်ခုဖြေရှင်းအပြီးမှာ ချမ်းသာတဲ့သူတွေ တက်ရောက်ကြတဲ့ပါတီတစ်ခုကို ဖိတ်ကြားခံခဲ့ရပါတယ်။ ဂျိုထယ်အိုဆိုတဲ့ လုပ်ငန်းကြီးတစ်ခုရဲ့ သားဖြစ်သူက ပါတီကိုဦးဆောင်တာဖြစ်ပြီး အဲဒီပါတီမှာကတည်းက ဂျိုထယ်အိုရဲ့နိုင်ထက်စီးနင်းအပြုအမူတွေကြောင့်စုံထောက်ဆောဒိုချောနဲ့ အခြေအတင်ဖြစ်ခဲ့ကြပါတယ်။နောက်ရက်အနည်းငယ်အကြာမှာတော့ စုံထောက်ဆောဒိုချောတိုအဖွဲကို အမှုဖြေရှင်းရာမှာကူညီပေးခဲ့တဲ့ ဒရိုင်ဘာဘဲ့ဆိုတဲ့လူကဂျိုထယ်အိုရဲ့ကုမ္ပဏီမှာ သေကြောင်းကြံစည်သွားပါတယ်။အဲဒီသတင်းကိုကြားတဲ့စုံထောက်ဆောဒိုချောက အဖြစ်မှန်ကိုဖော်ထုတ်ဖို ကြိုးစားပါတော့တယ်။ချမ်းသာတဲ့မျိုးဆက်က သားဖြစ်သူဂျိုထယ်အိုရဲ့ ကောက်ကျစ်တဲ့နည်းလမ်းတွေကြားမှာ စုံထောက်ဒိုချောတိုအဖွဲ အမှန်တရားကိုဖော်ထုတ်ဖိုကြိုးစားကြတာကို ဟာသနှောပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ်။  File size…2.09GB / 1GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 3m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai
movie

Veteran (2015)

2015
Wolves (2014) 5.3
Wolves (2014) ဒီနေ့တော့ . 2014ခုနှစ်မှာ ထွက်ရှိထားပြီး IMDb Rating 5.3/10ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို တင်ပေးပါရစေ။အဒမ်ဘက်ချာ ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ . ကျောင်းမှာစာတော်ပြီးကျောင်းအားကစားမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့ အားကစားပွဲတစ်ခုမှာ သူ့ရဲ့ပြိုင်ဘက်အတန်းဖော်ကသူ့ကို ကြမ်းတမ်းစွာဆက်ဆံခဲ့တာကိုခံရပြီး စိတ်မထိန်းနိုင်ဘဲ ပြန်လည်တုံ့ပြန်မှုဟာကြောက်မက်ဖွယ်ကောင်းလောက်အောင်ဖြစ်ခဲ့ရပြီး သေမလောက်ထိဖြစ်ခဲ့ပါတယ်။ထိုကိစ္စအပြီးမှာ သူဟာအိမ်မက်ဆိုးတွေလည်းမက်သလို . သူ့ရဲ့စိတ်တွေဟာလည်းအရင်ကထက်ကြမ်းတမ်းရိုင်းစိုင်းလာပါတယ်။ အဲ့လိုဖြစ်ပျက်နေတာကို သူ့ရဲ့ချစ်သူကိုပြောပြရင်းကနေ ဝံပုလွေစိတ်တွေဝင်လာကာ သူ့ရဲ့ဘဝအမှန်ပေါ်လာပြီး စိတ်ဝင်စားဖွယ်ရာ အဖြစ်အပျက်တွေအများကြီးဖြစ်လာခဲ့ပါတယ်။ဇာတ်ကားကောင်းလေးဖြစ်ပြီး  ကြည့်ရှုဖို့လက်မလွှတ်သင့်တဲ့ကားလေးပါ။ File size…    2 GB /  980 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ..... Action / Fantasy / Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by San Win Maung
movie

Wolves (2014)

2014
Virgin Theory (2014)
Virgin Theory (2014) Virgin Theory (2014) ********************Main Cast များအနေနဲ့ Hwang Woo Seul Hye ၊ Kim Sa Hee နဲ့ The Graceful Family ကားထဲမှ မင်းသား Kim JIn Woo တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်း --------------ဂွန်မာဟီး (Hwang Woo Seul Hye) က ရည်းစားတစ်ခါမှ မထားဘူးတဲ့ ၃၃ နှစ်အရွယ် အပျိုကြီးဖြစ်ပါတယ် သူနဲ့ ငယ်ငယ်လေးကတည်းက ခင်လာတဲ့ ဆန်းအူ (Kim JIn Woo) ကို ကြိတ်သဘောကျနေပေမဲ့ ရည်းစားထားဖူးတဲ့ အတွေ့အကြုံ တစ်ခါမှ မရှိတာမို့ အခက်တွေ့နေပါတယ်တစ်နေ့ မာဟီးရဲ့ဖခင်ဖြစ်သူဆုံးပါးသွားပြီးနောက် သူတို့အိမ်ကို ဆယ်‌ယောင်း (Kim Sa Hee ) ဆိုတဲ့ မိန်းကလေး ရောက်လာခဲ့ပါတယ် ဆယ်ယောင်းကတော့ nude ရုပ်ပုံတွေဆွဲတဲ့ ပန်းချီဆရာမပါ ရည်းစားထားတဲ့နေရာမှာ ဆရာမကြီးဖြစ်တဲ့ ဆယ်ယောင်းက ဆန်းအူကိုအပိုင်ရအောင် လုပ်ရမဲ့နည်းလမ်းတွေ ...
movie

Virgin Theory (2014)

Munkar (2024) 6.4
Munkar (2024) Munkar 2024ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်နောက်ဆုံးထွက်လာတဲ့ အင်ဒို horror ကားလေးပဲဖြစ်ပါတယ် အာရှသရဲကားတွေထုံးစံအတိုင်း မကြောက်ကြောက်အောင် ရှယ်ခြောက်ပေးမှာမို့ သရဲကားဆို အာရှကားမှဆိုတဲ့ပရိသတ်တွေအတွက်တော့ အကြိုက်ပါပဲ ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ အာရှသရဲကားတွေကိုမှ ခေတ်မှီပြုလုပ်ချက်တွေနဲ့ ကင်မရာရှုထောင့်တွေ အသံပြုလုပ်ချက်အလန်းတွေနဲ့မို့ ကြည့်ရတာအရသာရှိရှိကြောက်နေရမှာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ဟာလီနာဆိုတဲ့ကောင်မလေးတစ်ယောက်က အစ္စလာမ်ဘာသာရေးမိန်းကလေးဘော်ဒါ‌ဆောင်မှာ ကျောင်းသူသစ်လေးပါ ရောက်စဆိုတော့ အဆင်မပြေတဲ့အချိန်မှာ တခြားကျောင်းသူတွေကအနိုင်ကျင့်ရင်းလက်လွန်ပြီး ယဉ်တိုက်မှုဖြစ်သွားပါတယ် ယဉ်တိုက်မှုကနေပြန်ကောင်းလို့ ကျောင်းပြန်ရောက်လာတဲ့အချိန်မှာ တစ်မျိုးဖြစ်ပြီး ထူးဆန်းနေတဲ့ ဟာလီနာနဲ့ ဘာဆက်ဖြစ်မလဲဆိုတာ ပရိသတ်ကြီးပဲ ဆက်လက်ရှုစားကြဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်Genre..... Horror Quality…. 1080p | 720p File size… 875MB | 475MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... Aaron
movie

Munkar (2024)

2024
Pixels (2015) 5.6
Pixels (2015) Pixels (2015)ဒီဇာတ်ကားလေးကတော့ ငယ်ငယ်က ထွက်ရှိခဲ့တဲ့ Video Game တွေကို ပြန်လည်အမှတ်ရစေမိတဲ့ ဇာတ်ကားလေးတခုဆိုလည်း မမှားပါဘူး ၊၁၉၈၀ ခုနှစ်ဝန်းကျင်က လူသားတွေရဲ့  Pixels Game တွေကို အခြေခံပြီး ဂြိုလ်သားတွေဟာ ကမ္ဘာမြေအပေါ် ကျုးကျော်လာပါတယ် ၊သာမန်လက်နက်တွေသာ ကိုင်ဆောင်ထားတဲ့ အမေရိကန် စစ်တပ်ဟာ ဂြိုလ်သားတွေကို မနိုင်တော့တဲ့အချိန်မှာ၁၉၈၀ ခုနှစ်က ဂိမ်းဆော့ရာမှာ အရမ်းကျွမ်းတဲ့ မင်းသားကြီး Adam Sandler ကို သူငယ်ချင်းဖြစ်သူ အမေရိကန် သမ္မတက ကူညီဖို့ ခေါ်ပါတော့တယ် ၊ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုရမယ့် ဟာသ အက်ရှင် ဇာတ်မြူးလေးဖြစ်ပြီးငယ်ငယ်က ဂိမ်းဇာတ်ကောင်တွေကို တဖန်ပြန်လည်ကြည့်ရှုရတဲ့အတွက် သဘောကျစရာရုပ်ရှင်ကားလေးပါပဲ။Review Crd File size…(2.1 GB )/(1.2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:45:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Pixels (2015)

Brother Bear (2003)
Brother Bear (2003) ရွာတစ်ရွာမှာ ညီအကို ၃ ယောက်ရှိပါတယ်စီကာ နှင့် သူ၏ ညီ နှစ်ယောက် ဖြစ်တဲ့ ဒီနိုင်း နဲ့ ကီနိုင်း တို့ဖြစ်ကြပါတယ်...သိပ်မကြာခင် အချိန်တွင်းမှာ ကီနိုင်း ဟာ အရွယ်ရောက်လာသော ယောင်္ကျားတစ်ယောက်အဖြစ်မိုးကောင်းကင်က ချပေးသော နိမိတ်ပုံ ကို ရယူရမယ့် ပွဲကို တက်ရတော့မှာပါ...ဒီနိုင်း ကတော့ အရာရာကို ဆင်ခြင်တက်သူ ဖြစ်သော်လဲကီနိုင်း ဟာ ငယ်ရွယ်သွတ်လတ်ပြီးလုပ်ချင်ရာကို တဇွတ်ထိုး လုပ်တက်သူ တစ်ဦး ဖြစ်၍ အကိုကြီးဖြစ်သူစီကာ မှာ ညီဖြစ်သူကို ဘယ်သော အခါမှ စိတ်မချတက်ပါ...တစ်ရက်မှာတော့ သူတို့ ညီအကို သုံးဦး ကြားထဲသို့ ကံကြမ္မာဆိုးကြီး တစ်ခုမဖိတ်ခေါ်ရပဲ နဲ့ဝင်ရောက်လာခဲ့လေသော အခါ.....(ဒီဇတ်ကားကို ကိုမျိုးမင်းသူသန်းမြင့် မှ ဘာသာပြန်ပေးထားတာဖြစ်ပြီး ဇတ်ဝင်ခန်း သီချင်းတွေက အစ အားလုံးကို သေချာ ဘာသာပြန်ပေးထားတာ ဖြစ်လို့ ကြည့်ရှုရတာ ခံစားမှု ...
movie

Brother Bear (2003)

Brother Bear 2 (2006) 6.1
Brother Bear 2 (2006) The Brother Bear 2 (2006)IMDb Rating - 6.1/10 Rotten Tomatoes - 50%နီတာက ရွာမှာ အက်ခ်ကာလို့ခေါ်တဲ့လူတစ်ယောက်နဲ့ မင်္ဂလာပွဲကျင်းပနေချိန်မှာ ရုတ်တရက် ရေခဲပြင်တွေ ကွဲအက်လာပါတယ်။ ဒါဟာ ဝိညာဉ်တော်တွေရဲ့နမိတ်ပဲလို့ ယူဆတဲ့ နီတာက ရွာနတ်ဆရာမဆီ သွားမေးတဲ့အခါ နီတာ့မှာ ချည်နှောင်ပြီးသားကြိုးရှိနေလို့ လက်ဆက်လို့မရကြောင်း သိခဲ့ရပါတယ်။ အဲဒါကတော့ တခြားမဟုတ်ဘဲ ကလေးဘဝတုန်းက ခင်ခဲ့ရတဲ့ သူငယ်ချင်း ခီနိုင်းပါပဲ။ ချည်နှောင်ပြီးသား ကံကြမ္မာကို ဖြတ်တောက်ဖို့အတွက်ဆိုရင် ခီနိုင်းပေးခဲ့ဖူးတဲ့ အဆောင်လေးကို လက်ခံရရှိခဲ့တဲ့နေရာဖြစ်တဲ့ ဟိုကာနီရေတံခွန်မှာ နှစ်ယောက်အတူတူ မီးရှို့ဖျက်စီးမှ ရမှာပါ။တစ်ဖက်မှာလည်း အကြောင်းတစ်ခုကြောင့် ဝက်ဝံအဖြစ် ပြောင်းသွားခဲ့တဲ့ခီနိုင်းက တောထဲမှာ ခိုဒါလို့ခေါ်တဲ့ဝက်ဝံပေါက်လေးနဲ့ ဘယ်ရီသီးတွေစားဖို့ ခရိုးဘယ်ရီတောင်ကြားကို ပျော်ပျော်ကြီးသွားနေပါတယ်။ နီတာတစ်ယောက် ခီနိုင်းကို တောထဲမှာ လိုက်ရှာရင်းတွေ့သွားတဲ့အခါ အကျိုးအကြောင်းပြောပြလိုက်ပါတယ်။ ခီနိုင်းတစ်ယောက် နီတာနဲ့အတူ ဟိုကာနီရေတံခွန်ကို လိုက်သွားတဲ့လမ်းမှာ ဘယ်လိုတွေကြုံတွေ့ရမလဲ... ...
movie

Brother Bear 2 (2006)

Murder Company (2024)
Murder Company (2024)  ဒီဇာတ်ကားလေးက ဒုတိယကမ္ဘာစစ်အတွင်း D-Day ကျုးကျော်မှုကာလာမှာ ဇာတ်အိမ်တည်ထားတာပါ၊ဇာတ်ကားလေးကတော့ နာဇီအကြီးတန်းအရာရှိကို လုပ်ကြံသတ်ဖြတ်တဲ့ကားလေးပါ၊ ကျုးကျော်မှုရဲ့ရှေ့ပြေးအ‌ဖြစ်နဲ့ အမေရိကန်လေထီးတပ်သားတွေဝင်ရောက်လာကြပါတယ်၊ စီစဉ်ထားတဲ့အတိုင်းမဖြစ်လာခဲ့ဘဲ အဖွဲ့တွေကကွဲပြီး အင်းအားမစုစည်းမိပဲဖြစ်ခဲ့ကြပါတယ်၊ဒီမှာ မတူညီတပ်ရင်းတွေက အမေရိကန်စစ်သားတွေဖြစ်တဲ့ ဒုဗိုလ် Dean Smith၊ ဆာဂျင် Southern၊ တပ်သား Stubbs နဲ့ Coolidge နဲ့ ဆေးတပ်သား Miller တို့ဟာ တပ်စုတခုအနေနဲ့ စုစည်းမိခဲ့ကြပါတယ်၊ ရှေ့ပြေးကျုးကျော်မှုဟာထင်သလိုမဖြစ်လာတဲ့အခါ ဂျင်နရယ် Haskel ဟာ Smith တို့ကို တာဝန်တခုပေးပါတော့တယ်၊ ဒီတာဝန်ဟာ ပြင်သစ်နယ်မြေအတွက် အရေးပါတဲ့ နာဇီ ထိပ်တန်းအရာရှိတယောက်ဖြစ်တဲ့ Ramsey ကိုလုပ်ကြံဖို့ပါ၊ ဒီလိုလုပ်ကြံဖို့အတွက် Smith တို့ဟာ ၊Ramsey ရဲ့အကြောင်းကိုသိနေတယ့် ပြင်သစ်‌တော်လှန်‌ရေး တပ်သားတယောက်ဖြစ်တဲ့ Daquin ကိုအရင်ကပ်ထုတ်ခဲ့ရပြီး Ramsey ကိုလုပ်ကြံမဲ့အစီအစဉ်စခဲ့ကြပါတော့တယ်၊Smith တို့အဖွဲ့ရဲ့တာဝန်ကိုပြီးမြောက်သွားကြမလားဆိုတာကို ဒီဇာတ်ကားကဆက်ပြီးပြောပြပါလိမ့်မယ် ၊ ဒုတိယကမ္ဘာကစစ်သားတို့ရဲ့ အိမ်ပြန်ချိန်ကိုလွမ်းဆွတ်ရပုံတွေ၊ ရဲဘော်ရဲဖက်စိတ်ဓာတ်အပြည့်နဲ့တိုက်ပွဲဝင်ခဲ့ကြပုံတွေကို ...
movie

Murder Company (2024)

Appleseed (2004)
Appleseed (2004)  အခုတစ်ခါတင်ဆက်ပေးချင်တာကတော့ နာမည်ကြီး japanese manga ကို movieအဖြစ်အသက်သွင်းထားတဲ့ Appleseed ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးက 2131ခုနှစ်ကိုဇာတ်အိမ်တည်ထားပါတယ် လူသားတွေရဲ့ အမုန်းတရားတွေ အမျက်ဒေါသတွေ မတော်လောဘတွေကြောင့် တစ်ကမ္ဘာလုံးစစ်မြေပြင်ဖြစ်သွားပြီး အားလုံးနီးပါးပျက်စီးပြီးသွားတဲ့အချိန်မှာ တိုးတက်လှတဲ့နည်းပညာတွေနဲ့ဖန်တီးတည်ဆောက်ထားတဲ့ အိုလံပတ်စ်ဆိုတဲ့ စိတ်ကူးယဥ်နိုင်ငံလေးက တစ်ကမ္ဘာလုံးကိုအုပ်ချုပ်လျက်ရှိပါတယ်ဒူနန်နွန့် ဆိုတဲ့အမျိုးသမီးစစ်သည်တော်လေးဟာ တိုက်ရည်ခိုက်ရည်မှာထူးချွန်တာကြောင့်ရော ချောမောလှပသောရုပ်ရည်ရှိတာကြောင့်ရော ထင်ရှားကျော်ကြားတဲ့သူပါ သူမကို သူမရဲ့ချစ်သူဟောင်းဖြစ်တဲ့ ဘရီယာရီယိုစ်က စစ်မြေပြင်ကနေ ကယ်ဆယ်ပြီး အိုလံပတ်စ်ကိုခေါ်လာပေးခဲ့ပါတယ် ဘရီယာရီယိုစ်ကယခုအချိန်မှာစက်ရုပ်ခန္ဓာကိုယ်တပ်ဆင်ထားရတဲ့စက်ရုပ်တစ်ပိုင်းဖြစ်နေပါပြီ အဲ့ဒီအိုလံပတ်စ်ဆိုတဲ့စိတ်ကူးယဥ်နိုင်ငံလေးမှာ လူသားတွေနဲ့ထပ်တူကျအောင်ဖန်တီးထားတဲ့ ဘိုင်အိုရွိုက်ဆိုတဲ့ လူသားကလုန်းတွေက လူဦးရေတစ်ဝက်လောက်ရှိပါတယ် "ဘိုင်အိုရွိုက်"တွေဟာ တိကျတဲ့ စိတ်ခံစားမှုတွေမရှိဘဲ သူတို့ရဲ့အဓိကတာဝန်က လူသားတွေအတွက် ငြိမ်းချမ်းမျှတအောင်ထိန်းညှိပေးဖို့ပဲဒါပေမဲ့ အုပ်ချုပ်ရေးပိုင်းတွေမှာနေရာရထားတဲ့ ဘိုင်အိုရွိုက်တွေကို မကျေမနပ်ဖြစ်ပြီး အတိုက်အခံလုပ်နေတဲ့ လူသားတစ်စုလည်းရှိပါတယ် အဲ့ဒါကြောင့် လူသားနဲ့ဘိုင်အိုရွိုက်တွေ့ရဲ့ကြားမှာ တင်းမာမှုတွေ ပဋိပက္ခတွေရှိနေပါတယ် ဒူနန်တစ်ယောက် အိုလံပတ်စ်ကိုရောက်သွားပြီးနောက်မှာ အိုလံပတ်စ်ကိုထိပါးလာတဲ့ လူတစ်စုရဲ့တိုက်ခိုက်မှုတွေကို ခုခံကာကွယ်ရင်း သူမ,မမှတ်မိတဲ့ သူမရဲ့အတိတ်ကအကြောင်းတွေကိုပါ သိရှိလိုက်ရပါတယ်..... File size…(2.2 GB)/(1.2 ...
movie

Appleseed (2004)

Horizon: An American Saga – Chapter 1 (2024)
Horizon: An American Saga – Chapter 1 (2024)  ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Kevin Costner က ပြောင်မြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ ဂန္ဓဝင်အနောက်တိုင်းရုပ်ရှင်ဇာတ်ကားဖြစ်ပြီးတော့ An American Saga Trilogy ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ကာ နောက်ထပ် Sequel နှစ်ကားလာဖို့ ရှိပါသေးတယ်။ဇာတ်လမ်းလေးကတော့ အမေရိကန်လူမျိုးတွေဟာ အမေရိကတိုက်ကြီးရဲ့ မိုးကုပ်စက်ဝိုင်းလို့ ခေါ်ဝေါ်သမုတ်တဲ့ အနောက်ဖက်အရပ်ရဲ့ ဆွဲဆောင်ညို့ယူမှုကို ခံရပြီး အမေရိကန်နိုင်ငံရဲ့နယ်နိမိတ်ကို တိုးချဲ့တိုင်းတာသတ်မှတ်ဖို့ တရွေ့ရွေ့ ခြေဆန့်ခရီးဆက်လာတဲ့အချိန်မှာ ယနေ့ခေတ်အခေါ် ဟစ်ပီတွေ တဖြစ်လည်း ဒေသခံတိုင်းရင်းသားလူမျိုးရင်းမျိုးနွယ်စုတွေဖြစ်တဲ့ အပါချီမျိုးနွယ်စုနဲ့ တခြားမျိုးနွယ်စုခွဲတွေအတွက်ကတော့ သူတို့ပိုင်ဆိုင်တဲ့မြေကို တစတစ ဖဲ့ပေးနေရတာဖြစ်တဲ့အတွက် သူတို့ကြားထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြောင်းနဲ့ စတင်ထားပါတယ်။ ယဉ်ကျေးမှုနှင့် နည်းပညာတိုးတက်မှုတို့ အချိုးကျကျပေါင်းစပ်ကာ ဂီတ အနုပညာ ဖက်ရှင် ဖျော်ဖြေရေးတွေ ထွန်းကားလာပြီးတော့ ရွှေခေတ်လို့ တင်စားကြတဲ့ ၉၀ ရာစုပြည့်နှစ်တွေ မရောက်ရှိလာခင် ခေတ်အချိုးအကွေ့ရဲ့ ကနဦးအစောပိုင်းကာလကို မတူညီကွဲပြားတဲ့ ဇာတ်ကောင်တွေ ရှုထောင့်တွေနဲ့ ...
movie

Horizon: An American Saga – Chapter 1 (2024)

Deer Camp ‘86 (2022)
Deer Camp ‘86 (2022)  သရဲကား ကြည့်ရတာလည်း ကြိုက်တယ် ရယ်လည်းရယ်ရချင်တဲ့သူတွေအတွက် Horror , Comedy , Thriller အရသာ 3 မျိုးလုံးပေးနိုင်တဲ့ ဇာတ်ကားလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။အချိန်က 1986ခု ၊ Detroit မြို့က ငယ်သူငယ်ချင်းတွေဖြစ်ကြတဲ့ ငတုံး ၆ ယောက် ၊ အမေရိကန်တွေ ရဲ့ ဆောင်းဦးရာသီရိုးရာတစ်ခုဖြစ်တဲ့ သမင်တွေကို အမဲလိုက်ဖို့ Michigan ကိုထွက်လာခဲ့ကြတယ်။ အမဲလိုက်ထွက်တဲ့ မုဆိုးတွေအနေနဲ့ လိုက်နာရမယ့်စည်းကမ်းတွေရှိတယ် ။အဲဒါတွေကတော့- တောထဲကအစောင့်အရှောက်တွေကို လေးစားရမယ် - သမင်အမဲလိုက်တဲ့ရာသီမှာဆိုရင် သမင်တွေကိုဘဲ သတ်ရမယ် - သမင်အထီးတွေကိုဘဲ သတ်ရမယ် အမတွေကို မပစ်ရဘူး - ကိုယ်လိုအပ်သလောက်သာ သတ်ဖြတ်ရမယ် စသဖြင့် အမဲလိုက်တဲ့ စည်းကမ်းတွေရှိတယ်။အဲဒီနယ်မှာက အရင်ကတည်းက နယ်ခံ အင်ဒီးယန်းလူမျိုး မိန်းကလေးတွေ အသတ်ခံရတာဘဲဖြစ်ဖြစ် ပျောက်ဆုံးသွားတာဘဲဖြစ်ဖြစ် ဖြစ်လာခဲ့ရင် နောက်ရက်အနည်းငယ်ကြာတဲ့အချိန်မှာ တောထဲမှာ အမဲလိုက်တဲ့မုဆိုးတွေ တနည်းမဟုတ် တနည်းဆိုးဆိုးရွားရွား ...
movie

Deer Camp ‘86 (2022)

The Cigarette (2024)
The Cigarette (2024)  ဂျက်စမင်ဆိုတဲ့ ကောင်မလေးက အလုပ်မရှိအကိုင်မရှိ အသုံးအဖြုန်းကလည်းကြီးတာကြောင့် သူ့ရည်းစားက တိုက်ခန်းကနေ မောင်းထုတ်လိုက်ပြီး ခွာသွားပါတယ်နေစရာမရှိလို့ မိဘအိမ်ပြန်လာတော့လည်း လက်မခံတာကြောင့် ကိုယ့်ဘာသာ အလုပ်တစ်ခုရှာဖို့ ကြံဆရင်း ဘားတစ်ခုမှာ စီးကရက်ဘူးတစ်ဘူးကို လာပေးတဲ့ လူတစ်ယောက်နဲ့ ဆုံတယ်အဲဒီလူက အထူးပြုလုပ်ထားတဲ့ စီးကရက်တွေကို လိုက်ဖြန့်ခိုင်းပြီး သောက်သုံးသူအသက်ငယ်လေ ပိုက်ဆံပိုရမယ်လို့ ဆွယ်လာလို့ အဆိုပါ စီးကရက်ကို လိုက်လံဖြန့်ရင်းမှ မထင်မှတ်ထားတဲ့ အိပ်မက်ဆိုးသဖွယ် အဖြစ်ဆိုးတွေ ဖြစ်လာတဲ့အခါမှာတော့ ..... File size…(873 MB) Quality….Webrip  720p Format…mp4 Duration….01:22:00 Genre... Horror  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

The Cigarette (2024)

Population Purge (2024)
Population Purge (2024) ဒီနှစ်​မှ​ထွက်​ရှိထားတဲ့ Action/Thriller ဇာတ်ကား​ဖြစ်​ပါတယ်။ Brian Johnson ဆိုသူ​က ဒါရိုက်တာ​အဖြစ်​ ရိုက်ကူး​ထား​ပါတယ်။ Post Apocalyptic ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး စတန့်သမားတစ်ဦးဖြစ်တဲ့ Lamar Wilson က အဓိက​ဇာတ်​ကောင်​အဖြစ်​ သရုပ်ဆောင်​ထား​ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ လူဦးရေ​ထိန်းချုပ်​ဖို့ဆိုတဲ့ အကြောင်း​ပြချက်​နဲ့ အစိုးရ​က လူသန်းပေါင်းများစွာကို အဆိပ်​ခတ်​သုတ်သင်​ခဲ့ပါတယ်။ ရှားပါး​အေဘီ ပေါ့စတစ်သွေးပိုင်ရှင်တွေပဲ အသက်​ချမ်း​သာ​ရခဲ့ပါတယ်။ အသက်​ရှင်​ကျန်​ခဲ့တဲ့ မြေး​အဘိုး​နှစ်​ဦး​ဟာ​ အေဘီ​ပေါ့စတစ် သွေးပိုင်ရှင်တွေဖြစ်ပြီး အပန်းဖြေ​ဥယျာဉ်တစ်ခုမှာ ပုန်း​အောင်း​နေပါတယ်။ သူတို့​မြေးအဘိုးနှစ်ဦးကို သွေးမှောင်ခိုသမားတွေနဲ့ အစိုး​အရာရှိတစ်ဦးက အမဲလိုက်သလို ရှာဖွေ​သုတ်​သင်​ဖို့​ကြိုးစား​ရကနေ မြေး​အဘိုး​နှစ်ဦး​လည်း​ အသက်​ရှင်​ကျန်​ရစ်​ဖို့​ ခုခံ​ကာကွယ်ရပါတော့တယ်။Low Badget ဇာတ်​ကား​ဖြစ်​တာကြောင့်​ အများကြီး​ မမျှော်လင့်ထားမှ အဆင်​ပြေပါလိမ့်မယ်။ ဒါရိုက်တာ​ရဲ့ ပထမဆုံး​ဇာတ်ကား​ဖြစ်​ပြီး အက်​ရှင်​ပြကွက်တွေကို ခပ်စိပ်စိပ်တွေ့ရတဲ့အတွက် Thriller ​ထက်​ Action​ ဖက်ကို​ အလေး​ကဲထားတယ်လို့မြင်ပါတယ်။ File size…(1 GB) Quality….Webrip  720p Format…mp4 Duration….01:40:00 Genre... Horror, Thriller, Action, Science ...
movie

Population Purge (2024)

Genres

Archives