Channel Myanmar

New releases (2025)

Content at random


Movies

The Lost Cave of the Arctic Sea ( 2024 ) 5.8
The Lost Cave of the Arctic Sea ( 2024 ) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်သင်္ချိုင်းဖောက်တဲ့ ရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့......ပင်လယ်ကျွန်းတစ်ကျွန်းပေါ်မှာ နန်ယွဲ့ရှေးဟောင်းသမိုင်းဝင် နေရာဟောင်းကို ရှာတွေ့ခဲ့ပါတယ်။ ဒီနေရာက နန်ယွဲ့အမတ်ချုပ်ကြီး လွီကြားတဲ့ ရတနာတွေ ဖွက်ထားတဲ့ နေရာဖြစ်တယ်လို့ ပြောနေကြပါတယ်......တိုက်ဖွန်မုန်တိုင်းကြီး ကျရောက်ခါနီးမှာ ထူးခြားတဲ့ နားကြားစွမ်းရည်ရှိတဲ့ ဝူဟိန်ကို နန်ယွဲ့သမိုင်းလေ့လာနေတဲ့ ကုလင်က အကူအညီတောင်းခဲ့တဲ့အတွက် ကျွန်းပေါ်ကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမှာ လွီကျားတို့ခေတ်ထက် ပိုဝေးတဲ့ သမိုင်းဝင်ဂူကြီးတစ်ခုကို တွေ့သွားတဲ့အခါ စွန့်စားရေးခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတော့တယ်......တရုတ်သင်္ချိုင်းဖောက်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ပုံရိပ်ယောင်တွေ တစ္ဆေတွေ မိစ္ဆာတွေ သင်္ချိုင်းထဲက ထူးဆန်းတဲ့အကောင်ကြီးတွေ မျိုးစုံကို မြင်တွေ့ရမှာဖြစ်တဲ့အတွက် အသည်းငယ်သူတွေတော့ သတိလေးနဲ့ ကြည့်ကြပါလို့...... Filesize : 1.27 GB / 693 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Adventure , Fantasy Runtime : 1h 26 min Subtitle : Myanmar Subtitle ...
movie

The Lost Cave of the Arctic Sea ( 2024 )

Menjelang Ajal aka Nearing Death (2024) 6.7
Menjelang Ajal aka Nearing Death (2024) Menjelang Ajal 2024 Imdb 6.7အသစ်ထွက်ရှိလာတဲ့အင်ဒိုသရဲကားကောင်းကိုတင်ဆက်ပေးထားပါတယ် သရဲကားကောင်းကောင်းရှာနေသူများအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားပါပဲလို့ညွှန်းဆိုလိုက်ပါတယ်မိသားစု၄ယောက်ကို စားသောက်ဆိုင်လေးဖွင့် အလုပ်ကြိုးစားပြီးရှာဖွေကျွေးမွေးနေတဲ့ဆဲခါ သားအကြီးဆုံးကို ကောလိပ်ပို့ချင်ပေမဲ့ သားဖြစ်သူကကျောင်းဆက်မတက်ဘဲ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်မယ်ဆိုလို့ အိမ်ပေါ်ကနှင်ချထားတော့ အိမ်မှာသူနဲ့အငယ်လေးတွေပဲကျန်ခဲ့တာပေါ့ ဒီလိုအားကိုးမရှိချိန် ထူးဆန်းတာတွေစဖြစ်လာခဲ့ပါတယ်ဇာတ်လမ်းကတော့ စားသောက်ဆိုင်ဖွင့်ထားကြတော့ သန့်ရှင်းမှုကအဓိကပဲမလား ဒါကိုအပြင်ကလူတွေက ဆိုင်ကိုညစ်ပတ်နေတယ်လို့မြင်လာကြတယ် ပိုဆိုးတာက အခုလေးတင်ပူပူလောလောချထားတဲ့ထမင်းက ဝယ်သူဝယ်သွားပြီးတော့ သိုးနေတယ်လို့ပြန်လာကွန်ပလိန်းတက်ကြတာပါပဲ စားသောက်ဖွယ်တွေကစပြီး ပြောင်းလဲလာတဲ့သူတို့အိမ်မှာကပ်ရှားနေတာက ဘာများဖြစ်မလဲ အစားအသောက်နဲ့တင်ပြီးမလာဘဲ ဘယ်လိုတွေဆက်လက်အန္တရာယ်ပေးသွားမယ်ဆိုတာကတော့ ...( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL ~ ToMo ~ Alex တို့ပဲဖြစ်ပါတယ်) File size… 1.2GB / 553MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 36min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL ~ ToMo ~ Alex
movie

Menjelang Ajal aka Nearing Death (2024)

Line Walker 2 : Invisible Spy ( 2019 ) 6.3
Line Walker 2 : Invisible Spy ( 2019 ) Yangonမှာလာရိုက်တဲ့အခန်းတွေပါပြီး မြန်မာသရုပ်ဆောင်တွေပါဝင်ခွင့်ရတဲ့ Line Walker 2 ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာ 2019 aug 7ရက်မှာ ထွက်ရှိထားတာဖြစ်ပြီး Box officeမှာ US $85.7millionဝင်ငွေရရှိထားတဲ့ ဟောင်ကောင် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..မင်းသားကြီး Louis Koo,Nick Cheung,Francis Ngတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာကလေးငယ်တွေကို ဖမ်းဆီးပြီး စနစ်တကျလေးကျင့်ပေးကာနိုင်ငံတကာရဲဌာနတွေမှာ စပိုင်ရဲအရာရှိတွေအဖြစ် တာဝန်ထမ်းဆောင်စေပါတယ်...လက်ထောက်စခန်းမူးယိနဲ့ အရာရှိချိန်တို့ ဟက်ကာယောင်ခယ်ရီကို ဖမ်းမိချိန်မှာတော့ သူမရဲ့အကြမ်းဖက်အဖွဲ့ကို ဟက်ပြီး ရထားတဲ့ဒေတာအချက်အလက်တွေအရ ရဲဌာနမှာ စပိုင်ရဲအရာရှိတွေအမြောက်အများရှိနေတာကိုသိလိုက်ရတဲ့အခါ.... လုံခြုံရေးအရာရှိချင်က ဒီဟက်ကာယောင်ခယ်ရီရဲ့ အမှုကိုလက်လွဲယူရချိန်မှာ ဘာတွေဆက်ဖြစ်လာလဲ... ဘယ်သူက စပိုင်ရဲအရာရှိဖြစ်နေမလဲ.. အကြမ်းဖက်သမားတွေကိုနှိမ်နင်းနိုင်ပါ့မလား... ဇာတ်ကားတစ်ခုလုံးကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ ကိုယ့်နိုင်ငံမှာလာရိုက်ထားတဲ့အခန်းတွေကလည်းရေလည်မိုက်ပါတယ် Filesize :  1.97 GB / 971 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime , Thriller , Drama Runtime : 1h 38 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Line Walker 2 : Invisible Spy ( 2019 )

2019
Line Walker (2016) 6.1
Line Walker (2016) Line Walker (2014) ဆိုတဲ့ဟောင်ကောင် Action ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ Cast တွေကလည်း နာမည်ကြီးတွေ သုံးထားပြီး ဇာတ်လမ်းကလည်း Plot Twist လေးနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။Line Walker ဆိုတာကတော့ ကြိုးတန်းပေါ် လမ်းလျှောက်နေသူလို့ပြောလို့ရပါတယ်။ ဒီဇာတ်ကားလေးထဲမှာ လူဆိုးဂိုဏ်းတွေထဲ ဝင်ရောက်ပြီး အသွင်ယူထောက်လှမ်းနေကြတဲ့ အေးဂျင့်တွေရဲ့ အကြောင်းကို သိထားတဲ့ တစ်ယောက်တည်းသောသူ သေဆုံးသွားတဲ့အခါမှာ အသွင်ယူအေးဂျင့်တွေ အကြောင်းပျောက်ပျက်ကုန်ပြီး တာဝန်ထမ်းဆောင်နေဆဲ အေးဂျင့်တွေ ကြိုးတန်းပေါ်လမ်းလျှောက်သူတွေလို ရဲလဲပြန်မဖြစ်နိုင် လူဆိုးဂိုဏ်းထဲမှာပဲအခြေမပျက်ဆက်နေဖို့ ဘေးကြပ်နံကျပ်အခြေအနေထဲကိုရောက်နေပါတယ်။အဲဒါကြောင့် ဗဟိုထောက်လှမ်းရေးဌာနက လျှို့ဝှက်အေးဂျင့်တွေကို ပြန်လည်စုစည်းဖို့ ကြိုးစားတဲ့အချိန်မှာ Black Jack ဆိုတဲ့ နာမည်နဲ့ အေးဂျင့်တစ်ယောက်ပြန်ပေါ်လာပါတယ်။ ဖျက်ထားခံရတဲ့ သူ့ရဲ့ အချက်အလက်တွေက ပြန်ယူဖို့မဖြစ်နိုင်တဲ့အတွက် သူတို့ အေးဂျင့်ဖြစ်ကြောင်း ဘယ်လိုစုံစမ်းမလဲ။ မူးယစ်ဆေး ရောင်းဝယ်ရေး ဂိုဏ်း တစ်ခုက ကြားဝင်နေတာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရမှာပါ။ Filesize : 2.68 GB / 1.12 GB Quality : Bluray 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime , ...
movie

Line Walker (2016)

2016
Code Unknown (2000) 7.1
Code Unknown (2000) ဒီတစ်ခါတော့ ပြင်သစ်လမ်းမကြီးပေါ်မှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ဇာတ်လမ်းတွေကိုစုပေါင်းပြီး ရိုက်ပြထားတဲ့ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျွန်ဆိုတဲ့လူဖြူကောင်လေးတစ်ယောက်ကလမ်းဘေးမှာ မာရီယာ လို့ခေါ်တဲ့ပိုက်ဆံတောင်းတဲ့အမျိုးသမီးကိုရိုင်းပြတဲ့အပြုအမူပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကို အာမန်ဒူက ဝင်ဖြေရှင်းပေးခဲ့ပေမယ့်သူကလူမည်းတစ်ယောက်ဖြစ်နေတော့ပတ်ဝန်းကျင်က သူ့ကိုပဲအပြစ်တင်ခဲ့ပါတယ်။နောက်ဆုံး ရဲတွေရောက်လာပြီးနောက် ဂျွန်၊ အာမန်ဒူ နဲ့မာရီယာတို့ကို ရဲစခန်းခေါ်သွားခဲ့ပါတယ်။ လူဖြူလူမည်းခွဲခြားမှုတွေ ၊ ဆင်းရဲချမ်းသာမမျှတမှုတွေနဲ့နေထိုင်မှုပုံစံကွဲပြားခြားနားမှုတွေကိုအသားပေးရိုက်ပြထားတာမို့ ရဲစခန်းရောက်ပြီးနောက်ပိုင်းသူတို့သုံးယောက်ရဲ့ အနေအထားကဘယ်လိုဆက်ဖြစ်မလဲဆိုတာဆက်ကြည့်လိုက်ပါဦးနော်....  File size…    2.7 GB /  1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre ..... Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa
movie

Code Unknown (2000)

The Innsmouth School for Girls (2023)
The Innsmouth School for Girls (2023)  ဟော်ရာရုပ်ရှင်တွေချည်းရိုက်ခဲ့တယ်လို့ဆိုရမဲ့ တက္ကဆက်တောင်ပိုင်းသားဒါရိုက်တာ Joshua Kennedyရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ရော်ဘတ်တာဆိုတဲ့ မိဘမဲ့ကောင်မလေးတစ်ယောက် ပညာသင်ဆုရပြီး ပဟေဠိတွေပြည့်နေတဲ့ မိန်းကလေးကျောင်းကို ရောက်လာခဲ့ပါတယ်။သူရောက်လာတဲ့အချိန်မှာပဲ ဆရာမတစ်ယောက်ပျောက်နေပြီး ဘယ်မှာမှရှာမရဖြစ်နေခဲ့။ ကျောင်းမှာရှိတဲ့ မိန်းကလေးတိုင်းကလည်း အသက်ရှင်ကျန်တဲ့ဆွေမျိုး တစ်ယောက်မှမရှိတဲ့ မိဘမဲ့တစ်ကောင်ကြွက်တွေချည်း။ကျောင်းသူမိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်သွားပေမဲ့ ဘာရယ်ကြောင့်မှန်း အဖြေရှာမရခဲ့။ ဒီမှာပဲ ရော်ဘတ်တာတို့ သူငယ်ချင်းနှစ်ယောက်ပေါင်းပြီး အဖြေရှာကြရာကနေ ထင်မှတ်မထားတဲ့ အကြောင်းအရာတွေ တွေ့လာပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(990 Mb)/(380 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:16:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

The Innsmouth School for Girls (2023)

Talk Radio (1988) 7.2
Talk Radio (1988)  1984 ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ Denver ရေဒီယိုလိုင်းမှ စကားဝိုင်းရှိုးတင်ဆက်သူAlan Berg ရဲ့ တကယ့်အဖြစ်အပျက်အပေါ် အခြေခံပြီးဒါရိုက်တာ Oliver Stoneမှရိုက်ကူးထားတာပါ။ IDMbမှာ Rating 7.2 နဲ့ Rotten Tomatoes မှာ 82% ရရှိထားတဲ့ drama thriller အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။အဲ့ခုနှစ်များဆီက ဂျူးလူမျိုးတွေ၊လူမည်းနဲ့ လိင်တူချစ်သူအသိုင်းအဝိုင်းတွေအပေါ် မြင်တဲ့ racist အမြင်တွေ၊ မူးယစ်ဆေးပြဿနာတွေ၊ ယိုယွင်းနေတဲ့လူ့အဖွဲ့အစည်းရဲ့ ရှက်ရွံ့စရာ၊ ဝမ်းနည်းစရာ၊ မသတီစရာ အဖြစ်အပျက်တွေကို အသားပေးဖော်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ စာအုပ်အနေနဲ့လည်း ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင် Eric Bogosianကပြဇာတ်အမျိုးအစား အဖြစ်ရေးသားထွက်ရှိထားပြီးပူလစ်ဇာရပြဇာတ်တစ်ပုဒ်လည်းဖြစ်ပါတယ်။မြို့ရဲ့အအောင်မြင်ဆုံး ရေဒီယိုစကားဝိုင်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပါထုတ်လွှင့်ရဖို့ ကမ်းလှမ်းခံရတဲ့အချိန်မှာ ဖြစ်ပျက်တဲ့အဖြစ်ပျက်တွေကိုအခြေခံပြီး လူ့အဖွဲ့အစည်းအတွင်းတစ်ယောက်နဲ့တစ်ယောက်က အပြန်အလှန်ဆက်စပ်ပုံကို ထင်ဟပ်ပြထားတဲ့ဇာတ်ကားကောင်းဆိုရင်လည်းမမှားပါဘူး။ရေဒီယိုရှိုးတင်ဆက်သူရဲ့ သာသာနဲ့နာနာနှပ်တတ်တဲ့ စကားတတ်မှု ၊ ဗဟုသုတကြွယ်မှုရဲ့ အကောင်းအဆိုးကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပြီး Eric Bogosian ရဲ့ ဇာတ်ကောင်ပိုင်နိုင်မှုကိုမျက်ဝါးထင်ထင်မြင်တွေ့ရမှာပါ။ ...
movie

Talk Radio (1988)

Tales from the Hood 2 (2018)
Tales from the Hood 2 (2018)  ဒီဇာတ်ကားလေးကတော့ 1995 မှာထွက်ခဲ့တဲ့ Tales from the Hood ရဲ့ ဒုတိယမြောက်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ ဆင်းမ် ဆိုတဲ့လူကြီးကို လုံခြုံရေး စက်ရုပ်တစ်ရုပ်ရဲ့ AI ကို သင်ကြားပေးဖို့အတွက် ကုမ္ပဏီတစ်ခုကနေ ဖိတ်ခေါ်ခံရတာနဲ့စပါတယ်။ ဒီတော့ မစ္စတာ ဆင်းမ် ကလည်း လူမျိုးရေး၊ အကြမ်းဖက်မှု၊ လိုအင်ဆန္ဒ နဲ့ပတ်သက်တဲ့ ပုံပြင် လေးပုဒ်ကို စက်ရုပ်သင်ယူနိုင်ဖို့အတွက်ပြောပြပါတော့တယ်။Horror ဆိုတော့ horror ဆန်တာလေးတွေပါသလို မထင်ထားတဲ့ twist လေးတွေလည်းပါတော့ စိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်။ ကဲ ဒီလူကြီးပြောတဲ့ပုံပြင်ကို နားထောင်ချင်ကြတယ်ဆိုရင်တော့ ခံစားကြည့်ရှူလိုက်ကြပါဦးဗျာ။ File size…(2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:51:00 Genre... Comedy, Crime, Drama, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min
movie

Tales from the Hood 2 (2018)

Sorry, Charlie (2023) 5.1
Sorry, Charlie (2023)  ရာဇဝတ်မှုတစ်ခုမှ ရှင်သန်လွတ်မြောက်လာသူတစ်ဦးဖြစ်တဲ့ ရှားလော့ဟာ လုပ်အားပေးအနေနဲ့ တယ်လီဖုန်းပေါ်ကနေ အကူအညီလိုသူများကို ကူညီပေးနေရင်း စိတ်ဒဏ်ရာများကို ကျော်လွှားနေပါတယ်။ရှားလော့အပါအဝင် တခြားအမျိုးသမီးငယ်လေးများကို အဓမ္မမှုကျူးလွန်ပြီး သတ်ပစ်တတ်သော ရာဇဝတ်ကောင်ကို ဖမ်းမိပြီဟု ရဲဌာနမှလည်း ကြေငြာချက်ထုတ်ထားပြီးဖြစ်ပါတယ်။သို့သော်ရှားလော့ စိတ်ထဲတွင် တရားခံအစစ်ကို မဖမ်းမိသေးပဲ သူ့ရှေ့ကိုရောက်လာမည်ယုံကြည်နေရာမှ တစ်နေ့ သူယုံကြည်ထားသလို တရားခံက သူ့ရှေ့ကိုရောက်လာမလား ရှားလော့တစ်ယောက်စိတ်ဒဏ်ရာကြောင့် ထင်ယောင်ထင်မှားဖြစ်နေတာလား၊တရားခံပေါ်လာရင်ရော ရှားလော့တစ်ယောက် ရင်ဆိုင်နိုင်ပါ့မလား စသည်ဖြင့်သည်းထိပ်ရင်ဖို ကြည့်ရမည့်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ File size…(300 Mb) Quality….Webrip 720p Format… mp4 Duration…. 01:15:00 Genre... Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie

Sorry, Charlie (2023)

Fury 12 Hours ( 2024 ) 6
Fury 12 Hours ( 2024 ) တခါတုန်းက Kusk ဆိုတဲ့မြို့လေးမှာ မြို့တွင်းမြို့ပြင်ကို မောင်းနှင်နေတဲ့ဘတ်စ်ကားကိုစီးနေကျ လေကျွင်းဆိုတဲ့လူတစ်ယောက်ရှိတယ်။ သူကတော့ တရုတ်တန်းလိုနေရာမှာစတိုးဆိုင်ဖွင့်ထားတာဖြစ်ပြီး မိသားစု တစုလုံး ပျောက်ဆုံးနေခဲ့တဲ့သူတစ်ယောက်ပါ ရှာဖွေရင်းနဲ့ မိန်းမနဲ့သမီးဖြစ်သူအလောင်းကိုတွေ့ရှိခဲ့ပေမဲ့ သားဖြစ်သူကို မတွေ့သေးတာကြောင့် (၁၀) နှစ်ကြာတဲ့အထိမလျှော့သောဇွဲနဲ့ သားဖြစ်သူအလောင်းကိုရှာဖွေနေခဲ့သူ တစ်ဦးပေါ့။Kusk ဆိုတာကတော့ အလွန်ရိုင်းတဲ့မြို့လေးဖြစ်ပြီးအဲ့မှာ မိဘတွေကို သတ်ဖြတ်ပြီးကျန်နေခဲ့တဲ့သားသမီးတွေကို ခေါ်ယူပြီးလူသားမဆန်သတ်ဖြတ်တဲ့ အရှေ့တောင်အာရှမှာ အကြီးမားဆုံးပြစ်မှုကျူးလွန်တဲ့အဖွဲ့ သူပုန်အဖွဲ့ရှိတယ်။လွန်ခဲ့တဲ့ (၁၀) နှစ်တည်းကအစိုးရနဲ့ ပစ်ခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုခဲ့ပေမဲ့ သူပုန်အဖွဲ့ သတင်းပြန်ကြားရေးဌာနမှာလုပ်ခဲ့တဲ့လင်ဝမ်ဆိုတဲ့ မိန်းကလေးကသူတို့ရဲ့လျှို့ဝှက်ထိပ်တန်း သတင်း ကဒ်လေးကိုခိုးယူထွက်ပြေးခဲ့တာကြောင့် သူပုန်အဖွဲ့က သူ့ကိုလိုက်လံဖမ်းဆီးဖို့ကြိုးစားခဲ့တာပေါ့။မြို့ထဲမှာရှိတဲ့လူတွေအကုန်လုံးကို တစ်ယောက် မကျန်သတ်ဖြတ်ပြီးသူ့ကို လိုက်လံဖမ်းဆီးခဲ့တယ်။ဒီလိုနဲ့ လေကျွင်းဆီမှာ လင်ဝမ်ကရောက်သွားခဲ့ပြီး လေကျွင်းကအဆုံးထိ သူ့ကိုကာကွယ်ပေးရာကနေ ဘယ်လိုတွေဆက်ဖြတ်လာကြမလဲ။ ဒီသူပုန်အဖွဲ့ကကော ဘယ်လိုတွေ ဆိုးဆိုးရွားရွား သတ်ဖြတ်ကြလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ဖော်ကျူးထားတာကြောင့် အက်ရှင်ကားကိုကြိုက်တဲ့ ပရိသတ်များအတွက် CM ကနေဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ Filesize : 1.08 GB / 625 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Mystery Runtime : 1h 23 min Subtitle : ...
movie

Fury 12 Hours ( 2024 )

The Legend of Shushan ( 2024 ) 5.8
The Legend of Shushan ( 2024 ) လျောက်ပုဖန်ဆိုတဲ့ကောင်လေးဟာ သူ့အသံကြားတာနဲ့ လူတိုင်းက ကံဆိုးကြတဲ့အတွက် ဝေးဝေးကရှောင်ရတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ သူ့ဘေးမှာ ဘယ်သူမှမရှိတဲ့အတွက် အထီးကျန်နေတဲ့ လျောက်ပုဖန်ဟာ ရှူရှန်းတောင်မှာ အစွမ်းပညာကျင့်ကြံဖို့ ဆရာရှာဖို့ ထွက်လာခဲ့ပါတယ်။ရှူရှန်းတောင်ပေါ်မှာ တပည့်ယောကျာ်းလေးတွေပဲရှိတဲ့ရှင်းရှို့ဂိုဏ်းနဲ့ တပည့်မိန်းကလေးတွေပဲ ရှိတဲ့ ရွှမ်ယင်းဂိုဏ်း ၂ ဂိုဏ်းရှိပါတယ်။ ဂိုဏ်းချုပ် ၂ ယောက်ဟာ အတိတ်က ရန်ငြိုးတွေကြောင့် တပည့်တွေလည်း မတည့်ဖြစ်နေပါတယ်။ ရှင်းရှို့ဂိုဏ်းချုပ်ရဲ့ တွက်ချက်မှုအရ လျောက်ပုဖန်ဟာ မိစ္ဆာလောင်းရဲ့ ခန္ဓာဖြစ်ပြီး သွေးလထွက်တဲ့ ညမှာ မိစ္ဆာကြီး ဖြစ်သွားနိုင်တယ်တဲ့။မိစ္ဆာမဖြစ်အောင် ဖြေရှင်းဖို့ နည်းလမ်းကတော့ ချစ်ရသူကို ရှာတွေ့ဖို့ဖြစ်ပြီး ချစ်ရသူရဲ့ ကိုယ်ပေါ်မှာ မှဲ့ကြီးတစ်လုံး ပါကြောင်း သိခဲ့ရပါတယ်။ ချစ်ရသူကို ရှာဖို့အတွက် ရှင်းရှို့ဂိုဏ်းက ဆရာတပည့်တွေ ဘယ်လို ဟာသမျိုးတွေ လုပ်ခဲ့သလဲ...... လျောက်ပုဖန်ကို ကယ်တင်ပေးနိုင်မဲ့ ချစ်ရသူကရော ဘယ်သူ ဖြစ်နေမလဲ...... ဆိုတာကို သိရအောင် ရုပ်ရှင်ကိုပဲဆက်ကြည့်လိုက်ရအောင်နော်။ Filesize : 1.3 GB / 702 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres ...
movie

The Legend of Shushan ( 2024 )

3 Idiots (2009) 8.4
3 Idiots (2009) IMDb (8.4/10) /Rotten Tomatoes (100%)December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့ 3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan ရိုက်ကူးလေ့ရှိသော ဇာတ်ကောင်များအတိုင်း ပရိတ်သတ်ကို အတွေးသစ်အမြင်သစ်နဲ့ ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်...မိဘတွေဟာ သားသမီးတွေအပေါ် ငယ်စဉ်ကတည်းက အရမ်းမျှော်လင့်ချက် ရှိကြတယ် လမ်းမှားမသွားအောင်လို့ ပဲ့ပြင်ဆုံးမကြတယ်...ဒါ့အပြင် အရှေ့တိုင်းမိဘတော်တော်များများမှာ သူတို့သားသမီးကို ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စတဲ့ လူကြိုက်များတဲ့ပညာရပ်ကိုသာလေ့လာစေချင်ကြတယ်။ဒါပေမယ့် ကလေးတွေဖက်ကနေ သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို ဘယ်သူမှ မတွေးပေးကြသလို မေးလဲ မမေးကြပါဘူး....သိလဲ မသိချင်ကြသလို စိတ်လဲမဝင်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ မိဘတွေ ဖြစ်စေချင်တဲ့ စီးပွားရေးသမား အစိုးရဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေ ဖြစ်လာကြပေမယ့် သူတို့ဝါသနာပါပြီးထူးချွန်နိုင်မယ့် အားကစားလို အနုပညာလို ဘာသာရပ်တွေမှာ မှေးမှိန်ခဲ့ကြရပါတယ်။ဒီအကြောင်းတွေကို ...
movie

3 Idiots (2009)

2009
4K HEVC
Sarangadhariya (2024) 8.6
Sarangadhariya (2024) Sarangadhariya(2024)"တုနှိုင်းမမှီ" ============================IMDb ratings 8.6 ရထားတဲ့ တေလဂူးစကားပြော မိသားစုရာမာရုပ်ရှင်ကောင်းလေးတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ခရစ်ရှ်နာဟာ သားနှစ်ယောက်၊ သမိးတစ်ယောက်ရှိတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။ သမီးဖြစ်သူဟာ လိမ္မာတဲ့ထဲပါပေမဲ့ သူ့ရဲ့ သားနှစ်ယောက်ကတော့ အလုပ်မရှိအကိုင်မရှိ အလေလိုက်နေကြသူတွေဖြစ်ပြီး ရံဖန်ရံခါဆိုသလို ပြဿနာလည်းရှာတတ်ပါသေးတယ်။ဒါပေမဲ့ အဲဒါကလွဲရင် သူတို့မိသားစုဟာ နွေးထွေးတဲ့မိသားစုတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ပေါ်ပေါက်လာတဲ့အခါမှာတော့ မိသားစုဝင်အချင်းချင်း သံသယတွေပွားကြပြီး ပြဿနာတွေဖြစ်လာပုံကို ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားတာပဲဖြစ်ပါတယ်။မိသားစုတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အကြောင်းအရာတွေကို ပုံစံခွက်ထဲကနေ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့ရုပ်ရှင်လေးဖြစ်တဲ့အတွက် ချန်နယ်မြန်မာ ဘောလိဝုဒ်အဖွဲ့သားတွေကနေ ပရိသတ်တွေအတွက် ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… 2.46GB / 1.2GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Sarangadhariya (2024)

Shivam Bhaje(2024) 8.5
Shivam Bhaje(2024) Shivam Bhaje(2024)ကံကြမ္မာအလှည့်အပြောင်းIMDb-8.8/10အိန္ဒိယရဲ့ ရန်သူတော်ကြီးတွေဖြစ်တဲ့ တရုတ်နဲ့ ပါကစ္စတန်တို့က အိန္ဒိယနိုင်ငံအလုံးစုံပျက်သုဉ်းရေး ၊ ကမ္ဘာ့မြေပေါ်ကပါ ပျောက်သွားရေးထိလုပ်ကြဖို့ စစ်ဆင်ရေးကြီးတစ်ခုကို လျှို့ဝှက်ကြံစည်နေကြတတဲ့အချိန်.......။ချန်ဒူဆိုတာကတော့ ချေးငွေကုမ္ပဏီတစ်ခုက ဝန်ထမ်းတစ်ယောက် ‌။ ယူတော့ပြုံးပြုံးတောင်းတော့မုန်းဆိုတဲ့ ကာစတန်မာအမျိုးမျိုးကြား အနု ၊ အကြမ်းမျိုးစုံနဲ့ ဖြေရှင်းရတဲ့အခါတွေလည်းရှိနေတတ်တယ် ။သူ့အားနည်းချက်တွေက ခွေးအရမ်းကြောက်တာ နဲ့ အရှင်သီဝကို ရိုသေကိုင်းရှိုင်းလွန်းတဲ့ အဖေ ဘုရားကျောင်းထဲမှာပဲ သူခိုးဖမ်းရင်းသေခဲ့ရလို့ ဘုရားကိုမယုံတာပဲ ။ တစ်နေ့မှာတော့ ချေးငွေလိုက်တောင်းရင်းကောင်မလေးတစ်ယောက်ကိုတွေ့ပြီး သူဆုံးဖြတ်လိုက်တာက သူ့အတွက်သာဆို ဘာမဆိုလုပ်ပေးမယ်တဲ့....။ဒီလို ရိုးရိုးရှင်းရှင်းဘဝလေးမှာ ရှင်သန်နေတဲ့သူတစ်ယောက်နဲ့ နိုင်ငံနဲ့ချီတဲ့ကိစ္စကြီး ဘယ်လိုပတ်သက်ဆက်နွှယ်လာမလဲ သူကရော တကယ်သာမန်လူတစ်ယောက်ပဲလား အခက်အခဲတွေကြားက သူ့ရဲ့ ဘယ်လိုလုပ်နိုင်စွမ်းတွေပေါ်လာမလဲဆိုတာကတော့.....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ် File size… 1.8GB / 930MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 1min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Shivam Bhaje(2024)

Cheena Trophy (2023) 7.1
Cheena Trophy (2023) Cheena Trophy (2023)"ချစ်လက်ဆောင်"ဖခင်လက်ထက်က စတင်လုပ်ကိုင်ခဲ့တဲ့ မုန့်တိုက်လေးကို ဆက်လက်အမွေခံရင်း ရုန်းကန်နေရတဲ့ ရာဂျက်ရှ်ဆိုတဲ့ အမျိုးသားတစ်ယောက်ရှိပါတယ်။စားသုံးသူတချို့ သူ့မုန့်စားမိလို့ ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ ဖြေရှင်းရတာတင်မက လုပ်ငန်းလိုင်စင်ယာယီပိတ်သိမ်းခံရပြီး မုန့်ကို စစ်ဆေးကြည့်လို့ မုန့်မှာ ဘာပြဿနာမှမရှိတဲ့တိုင်အောင် နစ်နာသူက စွဲချက်တင်လို့ လုပ်ငန်းလိုင်စင်ပြန်ရအောင် ကြိုးစားလို့မှမဆုံးသေးခင် ဘဏ်ကနေလည်း ချေးငွေပြန်မဆပ်နိုင်ရင် ပိုင်ဆိုင်သမျှ သိမ်းတော့မယ့်အဖြစ်ကို ကြုံနေရပါတယ်။ဒါပေမဲ့ တစ်နေ့မှာ ချန်ချောင်ဆိုတဲ့ တရုတ်မလေးတစ်ယောက် ရောက်လာပြီး ရွာလေးကို တမျိုးတဖုံပြောင်းလဲစေခဲ့ပါတော့တယ်။ ဒုက္ခပင်လယ်ဝေနေတဲ့ ရာဂျက်ရှ် တစ်ယောက်အတွက်ရော ဘယ်လိုပြောင်းလဲလာမလဲ ဒီတရုတ်မလေးရဲ့ နောက်ခံဇာတ်ကြောင်းကရော ဘယ်လိုလာဦးမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်ခင်ဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ။) File size… 2.17GB / 1.1GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Cheena Trophy (2023)

Shake Hands with the Devil (2007) 7.0
Shake Hands with the Devil (2007)  ကနေဒီယန်ဗိုလ်ချုပ်ဖြစ်တဲ့ ရိုမီယိုဒလဲရ်ဟာ အာဖရိကန်နိုင်ငံ ရဝမ်ဒါပြည်နယ်မှာ အပစ်အခတ်ရပ်စဲထားတဲ့ ပြည်တွင်းစစ်ကို ကုလသမ္မဂအဖွဲ့ရဲ့စေလွှတ်မှုအရ ဘက်မလိုက်ငြိမ်းချမ်းရေးထိန်းသိမ်းမှုစစ်ဆင်ရေးအတွက် ရောက်ရှိသွားခဲ့ပါတယ်......ရဝမ်ဒါမှာ ဖြစ်ပွားလာတော့မဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးရင်း အပြစ်မဲ့တဲ့ပြည်သူတွေကို ကိုယ်စွမ်းရှိသမျှ ဖြောင့်မတ်မှန်ကန်စွာ အဆုံးထိ ကာကွယ်ခုခံပေးတဲ့ ဖြစ်ရပ်မှန်အကြောင်းအရာကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့အတွက် သေချာပေါက် ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:51:00 Genre... Action, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie

Shake Hands with the Devil (2007)

The Deliverance (2024) 5.8
The Deliverance (2024)  လူဖြူအမျိုးသမီးနဲ့ လူမည်းအမျိုးသားက မွေးဖွားလာတဲ့ ‌သွေးနှော လူမည်းအမျိုးသမီး အက်ဘနီကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်။အက်ဘနီကိုယ်တိုင်က မူးယစ်‌ဆေးစွဲလို့ ပြုပြင်ထိန်းသိမ်းရေးအရာရှိစောင့်ကြည့်တာကို ခံနေရတဲ့ကာလမှာ အမျိုးသားဖြစ်သူကလည်းကလေးတွေနဲ့သူ့ကိုထားခဲ့ပြီး အီရတ်ကို ထွက်သွားကာ အဆက်အသွယ်ပြတ်သွားပါတယ်။အဲဒီလိုနဲ့ ကလေးတွေကို ကိုယ်တိုင်ပျိုးထောင်မယ်၊ ဘဝသစ်စမယ်ဆိုပြီးပြောင်းရွှေ့လာတဲ့ အိမ်သစ်ကို ရောက်ပြီးကာမှ ကလေးတွေမှာ တစ်ခုပြီးတစ်ခု ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်လာပါတယ်...ကိုယ်တိုင်က ဆေးစွဲခဲ့ပြီး အရင်တုန်းက သောင်းကျန်းခဲ့တဲ့ ပြစ်မှုဟောင်းတွေရှိတာကြောင့် ကလေးတွေမှာဖြစ်ပျက်နေတဲ့အရာတွေက သူလုပ်တာမဟုတ်ဘဲ ထူးဆန်းတဲ့အရာတစ်ခုခုကြောင့်ဆိုတာကို ဘယ်သူကမှမယုံကြည်ခဲ့ကြပါဘူး...အဲဒီလိုနဲ့ ကိုယ့်ရင်သွေးတွေကို မွေးစားဖို့ပေးလိုက်ရတော့မလိုအခြေအနေဖြစ်နေရာကနေ ဒီအိမ်မှာစွဲကပ်နေတဲ့နတ်ဆိုးဆိုတာကိုဘယ်လိုရင်ဆိုင်မလဲ..သားသမီးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ပြန်နေရပါ့မလားဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နိုင်တဲ့ ‌ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...ဒီရုပ်ရှင်ကားက အပြင်ကလက်တွေ့ဖြစ်ရပ်မှန်ပေါ် အခြေတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့၊ကိုယ်ဟာ အချစ်ခံရတဲ့သူတစ်ယောက်ဆိုတာကို ယုံကြည်နိုင်ဖို့...အစရှိတဲ့ လူမှုရေးပြဿနာတွေ၊ အရှုပ်အထွေးတွေနဲ့ပတ်သက်ပြီးဖြေရှင်းသင့်တဲ့နည်းလမ်းမျိုးကို ဘာသာရေးဆန်ဆန် Message တွေပေးထားတဲ့ ဇာတ်ကားတစ်ကားပုံစံ ပိုပေါက်တဲ့အတွက် Jump scenes တွေပါဝင်ပြီး ခြောက်လှန့်တာကိုပဲ ဦးစားပေးထားတဲ့ သဲထိတ်ရင်ဖိုသရဲဇာတ်လမ်းမျိုးတွေကြည့်ချင်တဲ့ပရိသတ်အတွက်တော့ အနည်းငယ်မျှော်လင့်ချက်နဲ့မကိုက်တာမျိုးဖြစ်နိုင်ကြောင်း ...
movie

The Deliverance (2024)

The Umbrella Fairy ( 2024 ) 6
The Umbrella Fairy ( 2024 ) အရာဝတ္ထုတွေက ဘာအတွက် တည်ရှိနေတာလဲ... ဒီမေးခွန်းလေးကို ဒီကားလေးက ဖြေပေးသွားပါလိမ့်မယ်... ရှော့ပင်ထွက်တဲ့အခါ ငါကမဝယ်ချင်သူ ပစ္စည်းက လှမ်းခေါ်နေလို့ ဝယ်ပါလို့ပြောနေလို့ဆိုတာ မှန်လောက်တယ်... ဘာလို့လဲဆိုတော့ ပစ္စည်းတွေက ပိုင်ရှင်နားနေတာကြာတဲ့အခါ စိတ်ဝိညာဉ်လေးတွေဖြစ်လာပြီး အသက်ရှိသွားကြတယ်...သူတို့ သခင်နဲ့အတူရှိချိန်မှာ သခင်နဲ့အတူ နေ့ရက်တိုင်းကို တာဝန်ကျေဖြတ်သန်းပေးပြီး သေသွားတဲ့အခါ သူတို့ပိုင်ရှင်စိတ်ဆန္ဒကို ဖြည့်ဆည်းပေးရင်း ကျန်ရစ်သူတွေအတွက် အမှတ်တရအဖြစ် ဆက်နေပေးသွားကြတယ်တဲ့...ဇာတ်လမ်းလေးကတော့ ... ရှေးဟောင်း အမှတ်တရပစ္စည်းခန်းမမှာ စုဝေးနေတဲ့ ခေတ်အဆက်ဆက်က ပစ္စည်းတွေနဲ့အတူ အဲ့ပစ္စည်းတွေမှာ ရှိနေတဲ့ စိတ်ဝိညာဉ်လေးတွေရဲ့ အကြောင်းကို နောက်ခံပြု ဇာတ်လမ်းဆင်ထားတာပေါ့...ဒီခန်းမထဲကို နောက်ဆုံးရောက်လာတဲ့ စိတ်ဝိညာဉ်နှစ်ယောက်ကတော့ ကျောက်စိမ်းနက်တစ်တုံးတည်းကနေ ခွဲပြီး လုပ်ခဲ့တဲ့ နောက်ဆုံးမင်းဆက်ဘုရင့်သမီးတော်ရဲ့ ထီးတော်မိုးနဲ့ နောက်ဆုံးမင်းဆက်ရဲ့ တိုက်ပွဲကျစစ်သူကြီးရဲ့ ကျောက်စိမ်းနက်ဓားပဲပေါ့...ထီးတော်မိုးရဲ့ စိတ်ဝိညာဉ်လေးက ပျော့ပျောင်းသလောက် ကျောက်စိမ်းနက်ဓားကတော့ သွေးစာနေတဲ့ ဓားတစ်ချောင်းပီပီ ခက်ထန်တယ်... ချင်တိုက်ဆိုတဲ့ ထီးတော်မိုး စိတ်ဝိညာဉ်က ခန်းမထဲက တခြားစိတ်ဝိညာဉ်တွေနဲ့ တည့်အောင်ပေါင်းဖို့ကြိုးစားပေမယ့်...ဝမ့်ကွေးဆိုတဲ့ ကျောက်စိမ်းနက်ဓား စိတ်ဝိညာဉ်ကတော့ သူဟာ ဒီမှာပိတ်လှောင်ခံရမှာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့ ခန်းမက ထွက်ပြေးခဲ့တယ်... ချင်တိုက်လည်းဝမ့်ကွေးကို ပြန်ရှာဖို့ကြိုးစားတာပေါ့...ချင်တိုက်ရဲ့ ဝမ့်ကွေးရှာပုံတော်ခရီးမှာ အဓိက ကူညီသူကတော့ ခန်းမကအလုပ်သမားလေး ယွမ်မော့ပါပဲ... ယွမ်မော့က လူသားဆိုပေမယ့် ငယ်စဉ်တည်းက စိတ်ဝိညာဉ်တွေကို မြင်တွေ့နေခဲ့တာကြောင့်... မိတ်ဆွေမရှိတဲ့အပြင် ခန်းမထဲမှာ ပိတ်မိနေခဲ့တဲ့ လူသားကောင်လေးပေါ့..ကဲ ...
movie

The Umbrella Fairy ( 2024 )

Treasure Hunting : The Palace of the North Hell (2024) 5.9
Treasure Hunting : The Palace of the North Hell (2024) ဒဏ္ဍာရီမှာ ခွင်းငှက်တစ်ကောင်က သေဆုံးခဲ့ပြီး အရိုးကျန်နေခဲ့တယ်တဲ့။ ထန်လူမျိုးတွေက အဲဒီသေသွားတဲ့နေရာကို နေရာကောင်းအဖြစ် သတ်မှတ်ခဲ့ပြီး နဂါးကြောအဖြစ် သင်္ချိုင်းတစ်ခု ဆောက်ခဲ့ပြီး ပေမင်ခွင်းနန်းဆောင်လို့ ခေါ်ခဲ့ပါတယ်။အဲဒီနန်းဆောင်ထဲမှာ ရတနာအများအပြားရှိနေပြီး လူတိုင်းက ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လိုချင်နေကြတာပေါ့။ ဂျပန်လူမျိုးတွေရဲ့ လက်ထဲကနေ ရတနာတွေကို ကာကွယ်ဖို့အတွက် ကျင်းစုတပ်က ခေါင်းဆောင်လုဟွမ်ရှန်း၊ ဖားချိုးဂိုဏ်းက ဂိုဏ်းချုပ်ကုရှန်းနဲ့ ဗိုလ်လေး ဝူစီးဝိန်တို့က ခွင်းနန်းဆောင်ကို ရှာဖွေဖို့ ခရီးစဉ်ကို စတင်ခဲ့ပါတယ်။သူတို့ခရီးစဉ်တစ်လျှောက်မှာ ဘယ်လို အခက်အခဲ အန္တရာယ်တွေနဲ့ ကြုံတွေ့ရမလဲ...... ဂျပန်တွေကရော ဘယ်လိုနှောင့်ယှက်မလဲ...... ပေမင်ခွင်းနန်းဆောင်ထဲမှာရော ဘယ်လို ထူးဆန်းတဲ့ အစောင့်အရှောက်တွေက သူတို့ကို စောင့်နေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.14 GB / 666 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv  Genres : Adventure , Action , Mystery Runtime : 1h 27 min Subtitle : ...
movie

Treasure Hunting : The Palace of the North Hell (2024)

Genres

Archives