Channel Myanmar

New releases (2025)

Content at random


Movies

Ek Kori Prem Katha (2024) 6.8
Ek Kori Prem Katha (2024) Ek Kori Prem Katha 2024 ရှေးရိုးစွဲရွာကခေတ်သစ်သမီးပျိုIMDb - 6.1/10ခုခေတ်မှာ virginityက ဘဝကြီးမဟုတ်ဘူးဆိုပြီး ပြောနေကြပေမဲ့ ကမ္ဘာကြီးရဲ့ တစ်ထောင့်တစ်နေရာထက်ပိုတဲ့နေရာမှာတော့ virgin serious တွေရှိနေဆဲပါပဲ။အခုဒီရုပ်ရှင်လေးကတော့ အပျိုရည်ကို ရွှေလိုသဘောထားပြီး မိန်းမတွေကို နှိပ်ကွပ်တတ်တဲ့ရွာကလေးကို ဇာတ်အိမ်တည်ရိုက်ထားတာပါ။ဒီရွာလေးမှာ Koriဆိုတဲ့ အစဉ်အလာတစ်ခုကို မင်္ဂလာဦးညမှာ လုပ်လေ့ရှိပါတယ်။ ရိုးရှင်းအောင်ပြောရရင် အပျိုစစ်ရင် မင်္ဂလာဦးညမှာ အတူနေပြီးရင် သွေးစွန်းရမယ် ဘာညာလေးတွေပေါ့။ အကယ်၍ သွေးမထွက်ခဲ့ရင်တော့ သတို့သမီးဘက်က ရာမာယနထဲကသီတာလို ‌မီးပေါ်ဖြတ်လျှောက်လို့ သန့်စင်မှုကို သက်သေပြခိုင်းပါသတဲ့။ဒါပေမဲ့ လက်တွေ့ဘဝကြီးဟာ ရာမာယနဇာတ်မဟုတ်သလို သတို့သမီးလေးတွေလည်း သီတာမဟုတ်တဲ့ သာမန်သွေးနဲ့သားနဲ့လူသားဆိုတော့ မင်္ဂလာဦးညမှာ သွေးမထွက်တာနဲ့ ဒီမိန်းက‌လေးဘဝပျက်ပြီဆိုတာ အစဉ်အလာကြီးဖြစ်နေတော့တာပေါ့။ဒီလို ရှေးရိုးစွဲရွာမှာ ဆိုင်ကယ်ကို ခပ်မိုက်မိုက်မောင်းတတ်တဲ့ ဆဘ်ဟရာတာဆိုတဲ့ မိန်းကလေးတစ်ယောက်ရှိပါသတဲ့။ ခပ်မိုက်မိုက်နေတတ်သူပီပီ ရှေးရိုးတွေဘာတွေ သိပ်ဂရုမစိုက်တတ်တဲ့သူတစ်ယောက် ရွာအကြီးအကဲရဲ့သား လဒ်ဒူနဲ့မှ မေတ္တာမျှမိလေတော့......(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ Yunni ~ KKKZတို့ပဲဖြစ်ပါတယ်) File size…2.4GB / 1.1GB Quality…WEB DL 1080p / ...
movie

Ek Kori Prem Katha (2024)

2024
[18+] Devil in the Flesh (1986) 5.7
[18+] Devil in the Flesh (1986) Devil in the Flesh (1986) Diavolo in corpoဒီဇာတ်ကားကတော့ အီတလီ ရိုမန့်ဒရမ်မာရုပ်ရှင်ကားဖြစ်ပါတယ်။ မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။အီတလီရဲ့အချောအလှ မင်းသမီး Rose McGowan နဲ့ မင်းသား Alex McArthur တို့ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့....စီနီယာ အထက်တန်းကျောင်းသားဖြစ်တဲ့ Andrea ဆိုတဲ့ကောင်လေးဟာ Guilia ဆိုတဲ့ မမကြီးတစ်ယောက်ကို ကျောင်းပြတင်းပေါက်ကနေတွေ့ပြီး စွဲလမ်းသွားခဲ့တယ်။Guilia မှာက ထောင်ကျနေတဲ့ခင်ပွန်းသည်ရှိပြီး Andrea နဲ့ သူမတို့ဟာ ဘာဘာညာညာဇာတ်လမ်းတွေဆက်ဖြစ်ဖို့ တာစူနေကြပါတယ်။ထူးဆန်းတာက Guilia ဟာ စိတ်ရောဂါဝေဒနာခံစားရနေသူတစ်ယောက်ပါ။သူမကို ကုသပေးနေတဲ့ ဆရာဝန်က Andrea ရဲ့အဖေဖြစ်နေပါတယ်။မကြာခင်မှာပဲ Guilia နဲ့ Andrea တို့ရဲ့ ဆက်ဆံရေးကို Andrea ရဲ့အဖေဖြစ်သူက ရိပ်မိသွားတဲ့အပြင်Guilia ရဲ့ခင်ပွန်းဆိုသူပါ ထောင်ကလွတ်လာတော့မယ်ဆိုတော့ကာ...သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကြီးဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ........။(Dark Side Production မှ တင်ဆက်သည်။) File size…(4.7 GB)/ (1.1 GB) Quality…BluRay ...
movie

[18+] Devil in the Flesh (1986)

Pompeii (2014) 5.5
Pompeii (2014) Pompeii (2014) Genre – Action, Adventure, Romance, History79 CE လောက်မှာ အီတလီနိုင်ငံက ရိုမန်အင်ပါယာလက်အောက် မြို့တော် Pompeii ဟာအနားမှာ တည်ရှိတဲ့ မီးတောင် Mount Visuvius ရုတ်တရက် ပေါက်ကွဲခဲ့တဲ့အတွက်လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရပြီး ၁၆ ရာစုနှောင်းပိုင်းပြန်လည်ရှာဖွေဖော်ထုတ်ထားခဲ့တဲ့ သမိုင်းဖြစ်ရပ်မှန် အကြောင်းတစ်ခုပါ။ဒီဇာတ်ကားလေးကတော့ Resident Evil ရုပ်ရှင်တွေ ဆက်တိုက်ရိုက်ကူးခဲ့တဲ့ဒါရိုက်တာ Paul WS Anderson တစ်ယောက်ဒီ ဖြစ်ရပ်မှန်ကို ကိုးကားထည့်သွင်းပြီး ပြည်သူ့အချစ်တော် GOT ကJon Snow သရုပ်ဆောင်ဖြစ်တဲ့ Kit Harington ကိုခေါင်းဆောင်တင်ကာ ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံ အချစ် စွန့်စားခန်း ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ပျက်စီးခြစားမှုတွေနဲ့ ရိုမန်လက်အောက်ခံခေတ်Pompeii မြို့က Gladiator လေး Milo ဟာ မျိုးရိုးမြင့်မိသားစုကကောင်မလေးနဲ့ ချစ်သူ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မိဘဖြစ်သူတွေက ...
movie

Pompeii (2014)

2014
Hostage (2005) 6.5
Hostage (2005) ဒီကားကတော့ မင်းသားကြီး Bruce Willis ကို နာမည်ကြီး လာစေတဲ့ ကားတွေထဲက တစ်ကားပါပဲဒီကားထဲမှာလည်း သူရဲ့ သရုပ်ဆောင်နေကျ ဇာတ်ကောင်အတိုင်း အမှု့စစ်ရဲအရာရှိဟောင်း တစ်ယောက် အဖြစ်ပါ၀င်ထားပါတယ်ဇာတ်လမ်းကတော့ မိသားစုတစ်စု ဓားစာခံအဖြစ် ဖမ်းဆီးခံရပြီး သူကိုယ်တိုင်က ရဲမှုးဟောင်းဆိုတော့ အရှုပ်အရှင်းကြားထဲ ၀င်ပါမိတာပေါ ့အဲ့ကနေ ဇာတ်လမ်းစတာပါပဲ... သူ့မိသားစုကိုပါ လူဆိုးတွေက ပြန်ပေးဆွဲသွားတဲ့နောက် ....သူ့အနေနဲ့ မိသားစုကို ကယ်မလား မသိတဲ့သူစိမ်းတွေကို ကယ်မလား...ခပ်မိုက်မိုက်လေးကြည့်ရှု့ရမှာဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ mark ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:54:00 Genre_Action, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie

Hostage (2005)

[18+] Daddysitter (2024) 5.0
[18+] Daddysitter (2024) မာယာနဲ့အီသန်တို့က မိဘမဲ့မောင်နှမဖြစ်ပြီး မာယာကပဲ အချိန်ပိုင်းသူနာပြုအလုပ်နဲ့ကျောင်းတက်နေဆဲ အီသန်ကိုရော စားဝတ်နေရေးအတွက်ပါ ငွေရှာနေရတာပါ။ဒီဘ၀ကနေရုန်းထွက်ဖို့အတွက် ကျောင်းပြီးအောင် ပညာဆက်သင်ပြီးနိုင်ငံခြားမှာအခြေချဖို့စိတ်ကူးတွေအတွက် သူ့မှာငွေလိုနေပါတယ်။ သူ့အခက်အခဲကိုသိတဲ့ သူငယ်ချင်းဖြစ်သူရဲ့လမ်းကြောင်းပေးမှုနဲ့ မာယာတစ်ယောက် ပုံမှန်မဟုတ်တဲ့အလုပ်တစ်ခုကိုလက်ခံလိုက်မိပါတယ်။အဲ့ဒါကတော့ ဒက်ဒီအထိန်းတော်-ဆိုတဲ့အလုပ်ပါပဲ။ဖခင်အရွယ်ငွေလျှံပြီး ကျန်းမာရေးချို့တဲ့တဲ့ သူဌေးကြီးတွေကို အနီးကပ်ပြုစုစောင့်ရှောက်ရင်းလိုအပ်ရင် ခန္ဓာကိုယ်ပါ ပေးရတဲ့အလုပ်ပါ။ သူပထမဆုံးလက်ခံမိတဲ့ မာရီယန်နိုဆိုတဲ့ သူဌေးကြီးဟာ သူ့ကိုမြင်မြင်ချင်းစွဲလန်းမိသွားချိန်မှာတော့ မာယာတစ်ယောက် ရှေ့ဆက်ဆုံးဖြတ်ဖို့အခက်တွေ့လာပါတော့တယ်။ Pantaxa Laiya ပြိုင်ပွဲဝင်ဟောင်း Apple Dy နဲ့ တက်သစ်စမင်းသမီးလေး Mia Cruz တို့ခေါင်းဆောင်ထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(950MB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:00:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

[18+] Daddysitter (2024)

Ithuvare (2024)
Ithuvare (2024) Ithuvare 2024 အနိုင်အရှုံးImdb 8.4 သဘာဝပတ်ဝန်းကျင်ကောင်းမှ စားဝတ်နေရေးတွေ အဆင်ပြေပြီး ကျန်းမာရေးကောင်းကောင်းနဲ့ ကျရာတာဝန်ကိုထမ်းဆောင်နိုင်မှာမဟုတ်ပါလားသတိမထားမိတတ်ပေမဲ့ သ‌ဘာဝပတ်ဝန်းကျင်ကြီးကျန်းမာဖို့ကအရေးအကြီးဆုံးပါပဲ လေထုညစ်ညမ်းတာ ကမ္ဘာကြီးပူနွေးလာတာတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ကြရတာပဲမဟုတ်လား စွန့်ပစ်အမှိုက်မီးရှို့စက်ရုံကနေထွက်လာတဲ့အနံ့ဆိုးတွေကြောင့် ပြည်သူတွေမှာအလူးအလဲခံစားနေကြရတယ် မိုင်အတော်ကွာဝေးတဲ့အိမ်တွေ ရုံးတွေမှာတောင် မက်စ်ချွတ်ရင်မနေနိုင်လောက်တဲ့အထိ ပြတင်းပေါက်တွေအကုန် တံခါးမကြီးတွေပိတ်ထားရင်တောင် ဒီအနံ့ဆိုးကပျံ့နှံ့နေဆဲပါပဲ ညစ်ညမ်းလေရှုရှိုက်မိရင်း ချောင်းဆိုးနာတာရှည်လို့ ဆေးခန်းပြေးကြရသူတွေလည်း များလာခဲ့တယ် အဝေးကလူတွေတောင် ဒီလိုအခြေအနေဆိုတော့ စက်ရုံနားနေတဲ့လူတွေဘဝက ဆိုးဝါးနေတာပေါ့ဒီတော့ပြောင်းတဲ့လူကပြောင်း ရွှေ့တဲ့လူကရွှေ့နဲ့ စွန့်ခွာသူအရေအတွက်ကပိုများလာခဲ့တယ် ဒီလိုဖြစ်ရပ်မျိုး လွန်ခဲ့တဲ့၃နှစ်ကကြုံဖူးလို့ဆန္ဒပြခဲ့ကြပေမဲ့ မအောင်မြင်ခဲ့တာလည်းရှိခဲ့ဖူးတာကိုး ပြောင်းတဲ့လူများလာတော့ ရွာသူကြီးကမနေနိုင်တော့လို့ အကုန်အစည်းအဝေးခေါ်ပြီး ဒီတစ်ခါတော့အင်တိုက်အားတိုက် ဆန္ဒပြဖို့ဆုံးဖြတ်ကြပါတော့တယ်ဒီတစ်ခါရော တရားရုံးထိတက်ပြီးအောင်မြင်နိုင်မလား ကိုယ့်ဌာနေကိုမစွန့်ခွာဘဲအဆင်ပြေနိုင်ကြမလားဆိုတာကိုတော့...( အညွှန်းကို Yunni ကရေးသား‌ထားပြီးဘာသာပြန်တွေကတော့ Yunni ~ BpL ~ ToMo ~ Alex ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size…2.4GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 9min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by Yunni ~ BpL ~ ToMo ~ ...
movie

Ithuvare (2024)

2024
Paradise (2024) 7.8
Paradise (2024) Paradise (2024)ကောင်းကင်ဘုံခရီးIMDb-8.1/10ငါးနှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ် သီရိလင်္ကာကို ခရီးထွက်လာကြတဲ့ အိန္ဒိယကချစ်သူစုံတွဲရာမ ၊ ရာဝဏဇာတ်တော်လာ စာပေတွေသမိုင်းတွေနဲ့ အေးချမ်းတဲ့ရာသီဥတု စိမ်းစိုတဲ့ပတ်ဝန်းကျင်တွေကြား ချစ်သူနှစ်ယောက်ရဲ့အချစ်တွေနဲ့ အရာရာဟာလှပနေခဲ့တယ်အချိုပေါ်သကာလောင်းသလို သူတို့အနှစ်နှစ်အလလက ကြိုးစားလာတဲ့အရာတစ်ခုကလည်း ‌အကောင်အထည်ပေါ်အောင်မြင်လာတယ် သူတို့ရဲ့ရိုက်ကူးထုတ်လုပ်ရေးအတွက် Netflix ကနေ တရားဝင်ထောက်ပံ့ကြေးရလိုက်တာပဲဆန္ဒပြပွဲတွေ မတည်မငြိမ်တွေဖြစ်နေတဲ့အရပ်မှာ ခရီးစဉ်အဆုံးထိအေးချမ်းပျော်ရွှင်နိုင်မလားလက်တွေ့ခရီးရော ဘဝခရီးရောမှာ ကောင်းကင်ဘုံလို အိပ်မက်တွေပြည့်ဝပျော်ရွှင်ဖို့ ထင်သလောက်လွယ်ကူနေမလား ဘယ်လိုအနှောင့်အယှက်တွေကြား ရင်ဆိုင်ရုန်းကန်ရဦးမလဲအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် File size… 1.8GB / 794MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ Alex ~ ToMo
movie

Paradise (2024)

2023
Bharathanatyam (2024) 7.5
Bharathanatyam (2024) Bharathanatyam (2024) "ဒါရိုက်တာ"တေလဂူး မဆလာ ဟာသရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ရာဂျာဆိုတာ လက်ထောက်ဒါရိုက်တာအဖြစ် လေးနှစ်လုပ်ကိုင်ခဲ့ပြီး ကိုယ်တိုင်ရုပ်ရှင်ရိုက်ဖို့ ပရိုဂျူဆာတွေ လိုက်ကမ်းလှမ်းနေရတဲ့လူ ။သူ့ကောင်မလေးကိုတောင် မုန့်ဝယ်မကျွေးနိုင်၊ သူ့ဇာတ်ညွှန်းကလည်း ထုတ်လုပ်သူတိုင်းက ဟိုဟာဖြစ်တယ် ဒီဟာမပါဘူးဆိုပြီး ပယ်ချခံရတယ်အစစအရာရာ ကံဆိုးနေတဲ့ ရာဂျာတစ်ယောက် တစ်နေ့မှာ ဘဝအလှည့်အပြောင်းတစ်ခုကြုံရပြီး မြေအောက်ဒုစရိုက်လောကနဲ့ ပတ်သက်ဆက်နွယ်မိသွားတဲ့အခါ အန္တရာယ်များတဲ့ အခြေအနေတွေကနေ ဒုစရိုက်သားတွေကို ဘယ်လိုကွက်ကျော်ရိုက်ပြီး ရှောင်တိမ်းမှာလဲရုပ်ရှင်ဆိုတာ ကမ္ဘာပေါ်မှာ အလှပဆုံးလိမ်လည်မှုပဲ ဆိုတဲ့စကားအတိုင်း အရှုပ်အထွေးများကြားမှာ လွတ်မြောက်အောင်ကြိုးစားပုံကို ပရိသတ်အကြိုက် မြူမြူးကြွကြွလေး တင်ဆက်ထားတာပဲ ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.3GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bharathanatyam (2024)

2024
Bulletproof Monk ( 2003 ) 5.8
Bulletproof Monk ( 2003 ) အက်ရှင်ကားလေးတွေကြိုက်နှစ်သက်တဲ့သူတွေအတွက်သဘောကျမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဒုတိယကမ္ဘာစစ်တွင်းမှာ တိဘတ်တောင်တန်းပေါ်မှာ အနန္တစွမ်းအင်တွေရနိုင်မယ့် ပေလိတ်ကိုစောင့်ရှောက်တဲ့ဘုန်းကြီးတွေနေထိုင်ပြီး အနှစ်၆၀တစ်ခါ စောင့်ရှောက်သူလွှဲပြောင်းပါတယ်နာဇီစစ်ဗိုလ်တစ်ယောက်ဟာအဲ့ဒီစွမ်းအင်ကိုတပ်မက်လွန်းလို့ အနှစ်၆၀တိုင်တိုင် ဇွဲကြီးကြီးနဲ့လိုက်နေပါတယ် နာဇီရဲ့အကြံကတော့သူစွမ်းအားတွေရရင် နိမ့်ကျတယ်လို့သူယူဆရဲ့တဲ့လူမျိုးစုတွေ အပြတ်ရှင်းပြစ်ပြီး သူ့စိတ်တိုင်းကျကမ္ဘာတည်ထောင်မှာဖြစ်ပါတယ် ဒါကိုကာကွယ်ဖို့ ဘုန်ကြီးဟာအနှစ်၆၀ထွက်ပြေးရင် နှစ်၆၀ပြည့်တဲ့အချိန်မှာ ဘယ်သူ့ကိုစောင့်ရှောက်သူအဖြစ်လွှဲအပ်မလဲ နာဇီစစ်ဗိုလ်ကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ပေါ့ပေါ့ပါးပါး အက်ရှင်ကားကောင်းတစ်ကားအနေနဲ့ကြည့်ရမှာပါပေလိတ်ကိုစောင့်ရှောက်သူဘုန်းကြီးအဖြစ် Chow Yun Fatကပါဝင်သရုပ်ဆောင်ထားပါတယ် Filesize : 1.87 GB / 985 MB Quality : BrRip 1080p , 720p Format : mkv Genres : Action , Comedy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Bulletproof Monk ( 2003 )

2003
Once Upon a Time in Asia ( 2024 ) 5.8
Once Upon a Time in Asia ( 2024 ) 1990 ခုနှစ် အလယ်ပိုင်းလောက်မှာ တရုတ်အရှေ့မြောက်ပိုင်းက ရှဲ့ဝိန်တုန်းဟာ အရှေ့တောင်အာရှမှာ အိမ်ခြံမြေလုပ်ငန်းလုပ်ပြီး အရှိန်အဟုန်မြင့်စွာ တိုးတက်လာပါတယ်။ အဲဒါကြောင့် မကျေနပ်သူတွေ ရှိလာခဲ့ပြီး ဇနီးလောင်းက အသတ်ခံခဲ့ရပြီး အမေဖြစ်သူက စိတ်ရောဂါ ရသွားခဲ့ပါတယ်။ဇာတိကိုပဲ ပြန်နေချင်တဲ့ အမေ့ကို အဖော်ပြုပြီး ရှဲ့ဝိန်တုန်းတစ်ယောက် နာမည်ပြောင်းပြီး တရုတ်အရှေ့မြောက်ပိုင်းက သစ်သားစက်ရုံတစ်ခုမှာ အလုပ်လုပ်နေခဲ့ပါတယ်။ စက်ရုံပိုင်ရှင်ရဲ့ ညီမလေးဖြစ်သူ ဝမ်ကျီဟန်က စကားနည်းတဲ့ ရှဲ့ဝိန်တုန်းအပေါ် မေတ္တာတွေ ပိုနေခဲ့ပါတယ်။အဲဒီအကြောင်းကို ဝမ်ကျီဟန်ကို သဘောကျနေတဲ့ အစ်ကိုပါးက သိသွားတဲ့အခါ ရှဲ့ဝိန်တုန်းနဲ့ အမေဖြစ်သူကို ပြဿနာ လုပ်ပါတော့တယ်။ တစ်ချိန်တည်းမှာပဲ အရှေ့တောင်အာရှမှာ ရှိနေတဲ့ ချန်ပိုင်ချန်ကလည်း ရှဲ့ဝိန်တုန်းကို လိုက်ရှာနေပါသေးတယ်။အရှေ့ရော အနောက်ရော ရန်သူတွေနဲ့ ပြည့်နေတဲ့ ရှဲ့ဝိန်တုန်းတစ်ယောက် သူနေချင်တဲ့ သာမန်ဘဝမျိုးမှာ နေခွင့်ရမလား...... ဘယ်လို အန္တရာယ်မျိုးတွေကို ကြုံတွေ ဖြတ်ကျော်ရမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု ခံစားလိုက်ရအောင်နော်။ Filesize : 689 MB / 407 MB Quality : WEB-DL 1080p , 720p Format : ...
movie

Once Upon a Time in Asia ( 2024 )

The Hidden Fox ( 2022 ) 6.5
The Hidden Fox ( 2022 ) ဒီဇာတ်ကားလေးကတော့ ဂန္တဝင်စာရေးဆရာကြီး Jin Yong ရဲ့ Fox Volant of the Snowy Mountain ( နှင်းတောင်သူရဲကောင်း ) ဇာတ်လမ်းတွဲကိုMovie Version အဖြစ် | ပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်က လီဇီချန်ဘုရင်ရဲ့ ထူးခြားအံ့ဩဖွယ် ရတနာတစ်ပါးကြောင့် မြောင်ရန်ဖုန်းဆိုတဲ့ မြောင်မျိုးနွယ်သူရဲကောင်းနဲ့ စောင့်ရှောက်သူဟူတို့ကြား မသင့်မြတ်မှုနဲ့အတူ တိုက်ပွဲတစ်ခုဖြစ်ခဲ့ပြီး ၂ဦးလုံး ထူးဆန်းစွာ အသက်ဆုံးရှုံးခဲ့ရတယ်…နောက်တော့ ရတနာနဲ့အတူ မြေပုံရော သော့ပါ ပျောက်ဆုံးသွားခဲ့တာ၁၀ နှစိကျော် အားလုံးလိုက်ရှာခဲ့ပြီးနောက်မှာတော့ ရတနာမြေပုံ လမ်းစရလို့ သူရဲကောင်း ၈ဦး မြေပုံရှိရာ ဖေးဟူတောင်ကို ချီတက်ခဲ့တဲ့ ခရီးသွားမှတ်တမ်းလေးကိုတင်ဆက်ထားတာပါ…မြောင်နဲ့ ဟူ ဘယ်လို သေသွားတာလဲ… သူတို့ဆက်ခံသူတွေရောမြေပုံလမ်းစမသိဘူးလား ဒါမှမဟုတ် ဆက်ခံသူပါ ပျောက်ဆုံးသွားတာလား… ဒါဆို သူတို့ချင်းမသင့်မြတ်ကြရာက သေတာရော ဟုတ်ရဲ့လား… နောက်ပြီးဘာလို့သူရဲကောင်း ၈ ဦးကပဲ ဖေးဟူတောင် သွားခဲ့တာလဲ…ဒီလို စိတ်ဝင်စားစရာကောင်းပြီး နာမည်ကြီးကားကို movie version မှာ ဘယ်လိုပုံဖော်ထားတယ် သိရအောင် အမြန်လေး ဒေါင်းကြည့်လိုက်ကြပါတော့… Filesize : 838 MB / 489 MB Quality : ...
movie

The Hidden Fox ( 2022 )

The Lion Roars ( 2002 ) 6
The Lion Roars ( 2002 ) Cecilia Cheung ၊ Louis Koo နဲ့ Fang Bingbing တို့ရဲ့ 2002 ခုနှစ်မှာထွက်ရှိခဲ့တဲ့ဟောင်ကောင် အချစ်ဟာသဇာတ်ကားလေးပြန်တင်ပေးလိုက်ပါတယ်။ စုန့်ခေတ်ကိုအခြေခံထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ အစ်ကိုကြီးနဲ့နှစ်ယောက်ထဲကြီးပြင်းလာတဲ့ လျိုယွဲ့အော်က ကြမ်းတမ်းတဲ့အကျင့်စရိုက်ရှိတဲ့အတွက်ကြောင့် ကြင်ဖက်ရှာတဲ့နေရာမှာမအောင်မြင်နိုင်ဖြစ်နေခဲ့တယ်။တစ်နေ့မှာ နူးညံ့တဲ့စာပေသမားကဗျာဆရာတစ်ယောက်နဲ့တွေ့တော့ ချစ်မိသွားခဲ့တယ်။ နန်းတွင်းကဂုဏ်ပြုပွဲတစ်ညမှာ ဘုရင်ကြီးကသူတို့နှစ်ယောက်ကို လက်ဆက်ပေးလိုက်တဲ့အခါ အကျင့်စရိုက်ဆန့်ကျင်ဘက်ရှိတဲ့သူနှစ်ယောက်ဟာ အကြင်လင်မယားတွေဖြစ်သွားကြတယ်။ သူတို့ရဲ့အိမ်ထောင်ရေးဟာအဆင်ပြေပါ့မလား...... အဲဒီအချိန်မှာပဲ ယုန်မိစ္ဆာယောင်ဆောင်တဲ့ မင်းသမီးတစ်ယောက်က ကဗျာဆရာလေးကို အပိုင်ကြံချင်လာတော့ သူတို့ရဲ့ ၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းဟာ ဘယ်လိုဖြစ်လာမလဲ..... Filesize : 1.7 GB / 1.05 GB Quality : WEB-DL 1080p , 720p Format : mkv Genres : Comedy , Romance Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Lion Roars ( 2002 )

Crisis Negotiators ( 2024 ) 6
Crisis Negotiators ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းကတော့အမှုတစ်ခုဖြစ်တိုင်း ပြစ်မှုကျူးလွန်သူတွေ လက်နက်မချ အညံ့မခံတဲ့အခါမျိုးမှာတစ်ဖက်နဲ့ တစ်ဖက်ပြန်မတိုက်ခင်ရဲနဲ့ အပြစ်သားကြားမှာ ညှိနှိုင်းဆွေးနွေးမှုလုပ်ရတာပေါ့။ဒီလိုမှမရတဲ့အဆုံးမှာ လက်နက်သုံးတိုက်ခိုက်တဲ့အထိဖြစ်လာကြတာရဲဌာနရဲ့လုပ်ငန်းစဉ်ပါပဲ။ဒီဇာတ်လမ်းထဲမှာ ကျောဝန်ဝေ၊ရှဲ့ကျားကျွင့်၊ကျန်းရုံကျာတို့က အကျွမ်းကျင်ဆုံး ညှိနှိုင်းသူတွေဖြစ်ပြီး ရှဲ့ကျားကျွင့်ကလက်နက်မသုံးသွားပဲ တဖက်အပြစ်သားကိုလက်နက်အညံ့ခံလာအောင် လုပ်နိုင်တဲ့အထိ ညှိနှိုင်းနိုင်တဲ့အရည်အချင်းရှိသူ။ကျောဝန်ဝေကနည်းနည်းစိတ်ဆတ်သူဖြစ်ပြီး တည့်တိုးညှိနှိုင်းသည့်အဆုံးမရရင် လက်နက်သုံးတိုက်ခိုက်တဲ့အရည်အချင်းရှိသူ။ ဒီလိုနဲ့တစ်နေ့မှာရှဲ့ကျားကျွင့်အလုပ်ထွက်သွားပြီး လုပ်အားပေးအနေနဲ့လုပ်နေကာသုံးနှစ်ကြာပျောက်သွားခဲ့တယ်။ဒီသုံးနှစ်အတွင်းကျောဝန်ဝေနဲ့ကျန်းရုံကျာတို့ အတူတူအလုပ်ဆက်လုပ်ကြရင်းတစ်ဖက်မှာ ရဲဌာနလူမှုဖူလုံရေးရန်ပုံငွေ အလွဲသုံးစားမှုကိစ္စကို စုံစမ်းနေတယ်။ ဒီလိုနဲ့ကျောဝန်ဝေမွေးနေ့မှာ ကျန်းရုံကျာကသဲလွန်စရသွားပြီး နောက်တစ်နေ့ကျောဝန်ဝေကို ရန်ပုံငွေအလွဲသုံးစားလုပ်သူ မည်သူဖြစ်ကြောင်းပြောဖို့ချိန်းထားပေမဲ့ တဖက်ကတစ်လှမ်းရှေ့ရောက်ပြီး ကျန်းရုံကျာကိုသတ်သွားခဲ့တယ်။ဒီလိုနဲ့ ကျောဝန်ဝေကိုစွပ်စွဲပြီးဖမ်းဆီးစစ်ဆေးမေးမြန်းခဲ့ရာ ဘယ်လိုတွေဖြစ်လာမလဲ။ ဒီလိုအမှန်တရားကိုမြတ်နိုးပြီး အမြဲတမ်း တည့်တိုးပြောတတ်တဲ့ ကျောဝန်ဝေတစ်ယောက် ဘယ်လိုဒီအမှုကိုဖော်ထုတ်မလဲဆိုတာတော့ ဒီဇာတ်လမ်းလေးကို ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင် Filesize : 1.7 GB / 1 GB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime Runtime : 2h  Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Crisis Negotiators ( 2024 )

Mulan Legend ( 2020 ) 5.8
Mulan Legend ( 2020 ) တရုတ်ရာဇဝင်တွေထဲက နာမည်ကြီးအမျိုးသမီးစစ်သူကြီးဟွားမုလန်ကို အားလုံးကြားဖူးကြမယ်လို့ထင်ပါတယ် ။ ဒီဇာတ်ကားလေးကတော့ စစ်သူကြီိးဟွားမုလန်ဘဝမှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေထဲကတစ်ခုကိုရိုက်ပြထားတာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ အေဒီ၄၃၀လောက်မှာ ရိုရန်မျိုးနွယ်တွေက စတင်တိုက်ခိုက်မှုတွေလုပ်လာပြီး မြောက်ပိုင်းဝေ့တိုင်းပြည့်ရဲ့ ယွင်ကျုံးမြို့ကိုသိမ်းပိုက်ခဲ့ပါတယ် ။ ဒီလိုအရိုင်းဆန်ပြီး ရင်ဆိုင်ရခက်တဲ့ ရိုရန်မျိုးနွယ်စုကိုနှိမ်နင်းဖို့အတွက် မြောက်ပိုင်းဝေ့ပြည်ဟာ မြောက်ပိုင်းလျန်နဲ့ ထိမ်းမြားပြီးမဟာမိတ်ယူဖို့ကြိုးစားပါတော့တယ် ။ကံကြမ္မာက မျက်နှာသာမပေးရှာတော့ မြောက်ပိုင်းဝေ့ပြည်ရဲ့ မင်္ဂလာဆောင်ရမဲ့ မင်းသမီးကို လမ်းတစ်ဝက်တင် ရိုရန်လူမျိုးတွေက ဖမ်းသွားပါတော့တယ်။ ဒီလိုနဲ့မင်းသမီးကိုကာကွယ်ဖို့တာဝန်ရထားတဲ့ စစ်သူကြီးဟွားမုလန်ဟာ တာဝန်မကျေပွန်မှုနဲ့ သေမိန့်ချခံလိုက်ရပါတယ် ။ ဟွားမုလန်ကိုသေမိန့်မချခင် ရိုရန်လူမျိုးတွေက သူတို့ဆီစာပါးပြီး မြောက်ပိုင်းဝေ့ပြည်ရဲ့ မြို့၁၀မြို့ကို အပိုင်ပေးရင်ပေး မပေးရင်မင်းသမီးကိုသတ်မယ်ဆိုပြီး ချိန်းခြောက်လာချိန်မှာတော.. ဟွားမုလန်နဲ့သူ့စစ်သည်တွေရဲ့ မင်းသမီးကယ်ဆယ်ရေးခရီးစဉ်ကြီးစတင်ခဲ့ပါတော့တယ် ။ Filesize : 1.69 GB / 973 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Romance Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Mulan Legend ( 2020 )

Day Dreaming ( 2024 ) 5.9
Day Dreaming ( 2024 ) ဒီနေ့မှာတော့ CM ချစ်ပရိသတ်တို့ကို ကျူးထုံမူလတန်းကျောင်းသားလေးရဲ့ တစ်နေ့တာ စိတ်ကူးယဉ်အိပ်မက် ခရီးစဉ်ကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဖေဖေမေမေတို့အတွက် ကလေးကို ကျောင်းပြောင်းပေးတာ လွယ်ကူပေမယ်... ကျောင်းသစ်တစ်ခုကို ရောက်သွားတဲ့ ကလေးတစ်ယောက် ဘယ်လို ဒုက္ခတွေရင်ဆိုင်ရတယ် ဆိုတာလေးကို ဟာသနှောပြီး ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ..ကလေးတစ်ယောက်က ဘာမှနားမလည်သေးပေမယ့်လည်း သူနားလည်တဲ့ပုံစံနဲ့ အရာအားလုံးကို အသစ်အဆန်းတွေကို ပုံဖော်ပုံလေးတွေလည်း စိတ်ဝင်စားဖို့ကောင်းသလို.. ကျောင်းသားချင်း ဆက်ဆံရေး၊ ကျောင်းသား ဆရာ ဆက်ဆံရေး၊ ဆရာချင်း ဆက်ဆံရေး၊ မိဘဆရာ ဆက်ဆံရေး အားလုံးကို နည်းနည်းချင်းစီ ပုံဖော်ပြထားတာလေးလည်း စိတ်ဝင်စားဖို့ကောင်းနေပြန်ရော...Baby's Day Out လိုမျိုးပဲ မူလတန်း တတိယနှစ်ကျောင်းသားလေးတစ်ယောက်ရဲ့ သူ့အမြင် သူ့အတွေး သူ့စိတ်ကူးကို ကလေးရှုထောင့်ကကြည့်ပြီး ရိုက်ကူးပြထားတာ အတော်လေး ပြောင်မြောက်တာမို့... ဖေဖေမေမေတို့ပဲဖြစ်ဖြစ် ဦးဦးဒေါ်ဒေါ်တို့ပဲဖြစ်ဖြစ် ဆရာဆရာမတို့ပဲဖြစ်ဖြစ် ကလေးတွေအကြောင်းနားလည်ချင်ရင် ကြည့်သင့်သလို... စိတ်ကူးစိတ်သန်း ကွန့်မြူးချင်ပါတယ်ဆိုရင်လည်း ဒီကားလေးကြည့်ပြီး သင်ယူနိုင်ပါလိမ့်မယ်...ဒီတစ်ကားလုံးရဲ့ အားနည်းချက်ကို ပြောရရင် ကြည့်လို့ မဝတာပဲ ဖြစ်လိမ့်မယ်... အတွဲ ၂ ဆက် ရှိမယ်ဆို ကြည့်ချင်ပါသေးတယ်လို့ ပြောရလောက်တဲ့ ဇာတ်ကားကောင်းလေးကို အားပေးကြပါဦးနော်... Filesize : 1.08 ...
movie

Day Dreaming ( 2024 )

Tomb Guarding Man (2024) 5.7
Tomb Guarding Man (2024) ဒီဇာတ်ကားကတော့ သင်္ချိုင်းစောင့်သူတွေရဲ့ ရာဇဝင်နဲ့ မြွေပါကတိုးဝါတွေက ရှေးဟောင်းသင်္ချိုင်းတွေကို စောင့်ရှောက်ကြတယ်ဆိုတဲ့ ဒဏ္ဍာရီကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ -သင်္ချိုင်းစောင့်မိသားစုဖြစ်တဲ့ စစ်အိမ်တော်က မြေးအဖိုးက သင်္ချိုင်းသူခိုးကုလင်နဲ့ပတ်သတ်မိလို့ ဝိညာဉ်ပူးပြီး အဖြစ်ဆိုးနဲ့ကြုံခဲ့ရပါတယ် ၊ မြို့ခံတွေပြောပုံအရတော့ ကုလင်က စစ်အိမ်ရဲ့မြေးဖြစ်သူ စစ်ယွီရှီးကိုသဘောကျတာကို အဘိုးဖြစ်သူက လက်မခံတာကြောင့် လက်စားချေတယ်လည်းပြောကြပါတယ် ။ဘယ်လိုပဲဖြစ်ဖြစ် စစ်အိမ်တော်က မြေးအဖိုးသေသွားပြီး ၊ ဘယ်သူမှမဝင်နိုင်တဲ့ရှေးဟောင်းသင်္ချိုင်းကိုဝင်နိုင်ခဲ့တဲ့ ကုလင်ဆီမှာ သင်္ချိုင်းကနေရလာတဲ့ရတနာတွေရှိတယ်ဆိုပြီး သတင်းပျံ့သွားချိန်မှာတော့ ရတနာတွေကို မက်မောတဲ့ သင်ွချိုးသူခိုးတွေ အန့်လင်မြို့ကိုရောက်လာပြီး မြို့သူမြို့သားတွေရဲ့ အသက်အန္တာရာယ်ကိုချိန်းခြောက်လာပါတော့တယ် ။ဇာတ်လမ်းထဲမှာ plot twist တွေနဲ့အတူ ကိုယ်ထင်ထားတာတွေက အမှန်မဟုတ်ဘဲ တစ်မျိုးပြီးတစ်မျိုး မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေဆက်တိုက်ဖြစ်နေမှာမို့ မပျင်းရမှာသေချာပါတယ်နော်။ ဇာတ်ကားလေးထဲမှာပဲ အဆုံးမှာဘယ်လိုတွေဖြစ်သွားလဲဆိုတာကို ကြည့်ရှူ့လိုက်ကြပါဦး Filesize : 708 MB / 408 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Mystery Runtime : 1h 13 min Subtitle ...
movie

Tomb Guarding Man (2024)

The Dead and the Deadly ( 1981 ) 6
The Dead and the Deadly ( 1981 ) ဒါကတော့ ၁၉၈၂ခုနှစ်မှာ ထွက်ခဲ့တဲ့ ဟုန်ကျင်းပေါင် Sammo Hung ရဲ့သရဲဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အဖိုးလေးနဲ့အတူကြီးပြင်းလာတဲ့ ကျူးဟုန်ယိဟာ အလုပ်လုပ်တဲ့နေရာမှာ ကပျက်ကချော်နိုင်ပေမယ့် သူငယ်ချင်းအပေါ်သစ္စာရှိတဲ့လူတစ်ယောက်ဖြစ်တယ်။အဖိုးလေးနဲ့အတူ ဈာပနာအခမ်းအနားသုံးစက္ကူရုပ်တွေလုပ်ကိုင်ရင်း အသက်မွေးဝမ်းကြောင်းခဲ့တယ်။ မမွေးခင်ကတည်းကစေ့စပ်ထားတဲ့ အားယွင်ဆိုတဲ့ကောင်မလေးရှိပေမယ့် ကျူးဟုန်ယိကသူ့ကိုအလေးမထားခဲ့ဘူး။တစ်နေ့မှာတော့ ကျူးဟုန်ယိရဲ့သူငယ်ချင်းတစ်ယောက်ဟာ ထူးထူးဆန်းဆန်းသေသွားခဲ့တယ်။ သူငယ်ချင်းသေတာမသင်္ကာစရာဖြစ်နေတော့ ကျူးဟုန်ယိတစ်ယောက်အယောင်ဆောင်လိုက်လံစုံစမ်းခဲ့တယ်။ သူငယ်ချင်းရဲ့ဇနီးနဲ့ယောက်ဖဆိုတဲ့သူတွေကငွေလိုချင်လို့ကြံစည်နေတာဖြစ်ပြီးတော့ လောဘကြောင့် နောက်ဆုံးမှာသူငယ်ချင်းကိုသတ်လိုက်တာဖြစ်နေတယ်။ ဒီလိုနဲ့သူငယ်ချင်းရဲ့ဝိဉာဉ်ဟာ ကျူးဟုန်ယိက သူ့ကိုကူညီပြီးလက်စားမချေမချင်း လိုက်ကပ်ပြီးနှောက်ယှက်ပါတော့တယ်။ မတတ်သာတဲ့အဆုံးသူငယ်ချင်းကိုအစားလက်စားချေဖို့ လက်ခံလိုက်ပြီး ဘာတွေဆက်ပြီးအလွဲလွဲအချော်ချော်ဆက်ဖြစ်နေမလဲ...... Filesize : 1.64 GB / 813 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy , Fantasy , Horror Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Dead and the Deadly ( 1981 )

Vamps (2012) 5.3
Vamps (2012) Vamps (2012) IMDb: 5.3/10 Genre: Comdey, Horror, Romanceဒီတစ်ခါ CM ကနေ တင်ဆက်ပေးမှာကတော့ 2012 က ထွက်ခဲ့တဲ့ Vamps ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးက အချစ်ဟာသကားလေးဖြစ်ပြီးတော့ အကုန်လုံး ပေါ့ပေါ့ပါးပါး ခံစားနိုင်မှာပါ။၁၈၄၁ ခုနှစ်ထဲက သွေးစုပ်ဖုတ်ကောင် အပြောင်းခံရခဲ့ရတဲ့ ဂွတ်ဒီတစ်ယောက် လူသွေးကို မသောက်ဘဲ အသက်ရှင်လာခဲ့တာကြာပြီး နောက်မှ အပြောင်းခံရတဲ့ စတေစီနဲ့ သူငယ်ချင်းဖြစ်ကြတဲ့အခါ၊ စတေစီနဲ့ အတူ ညတွေကို ဖြတ်သန်းရင် အချိန်အကြာကြီး အသက်ရှင်နေတာကို ငြီးငွေ့လာတဲ့ ဂွတ်ဒီတစ်ယောက်နဲ့ လူသားတစ်ယောက်ကို ချစ်မိသွားတဲ့ စတေစီတို့ရဲ့ အကြောင်းကို ဟာသအဖြစ် ပေါ့ပေါ့ပါးပါး ကြည်ရှုခံစားနိုင်မှာပါ File size…    1.9 GB /  973 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

Vamps (2012)

The Big Doll House (1971) 5.8
The Big Doll House (1971) The Big Doll House (1971)(အဖော်အချွတ် နှင့် လိင်ပိုင်းဆိုင်ရာ ဇာတ်ဝင်ခန်းများပါရှိသဖြင့် မိသားစုနှင့်ကြည့်ရှုရန် မသင့်တော်ကြောင်း ကြိုတင်သတိပေးအပ်ပါသည်။)မိန်းမထောင်ကားတွေ ခေတ်စားတုန်းကာလ ၁၉၇၁ ခုနှစ်က ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထောင်တွင်း အကြမ်းဖက် အနိုင်ကျင့်မှုတွေ၊ မိန်းမချင်း ရန်ပွဲဖြစ်ပွားမှုတွေ၊ ယောကျ်ားသနာများနဲ့ ထိတွေ့မှုကင်းကွာနေတဲ့မိန်းမတွေရဲ့စိတ်ဆန္ဒတွေ ကိုရောပြွန်းတင်ပြထားတဲ့ မိန်းမထောင် ဇာတ်ကားတွေဟာလည်းရုပ်ရှင်အမျိုးအစားတစ်ခုအနေနဲ့ တွင်ကျယ်ခဲ့ပါတယ်။ဒီဇာတ်လမ်းမှာလည်း ဖောက်ပြန်တဲ့ယောကျ်ားကို လူသတ်မှုကျူးလွန်မိခဲ့သူ ကော်လီရာတစ်ယောက် အမျိုးသမီးထောင်တစ်ခုကို ရောက်လာခဲ့ပုံနဲ့ စတင်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားကနေ ဆေးသမားအထိ မှုခင်းစုံ ကျူးလွန်ထားကြတဲ့အခန်းဖော် (၅) ယောက်နဲ့ စတင်ဆုံခဲ့ရပြီး သူ့ရဲ့ ထောင်တွင်းသင်ခန်းစာတွေကို စတင်လေ့လာရပါတော့တယ်။တော်လှန်ရေးသမားချစ်သူဆီကနေ မှောင်ခိုရလာခဲ့တဲ့ စာတစ်စောင်ကြောင့် ဘိုဒင်းဟာ နာကျင်စေရတာကို စွဲလမ်းတဲ့ရောဂါစွဲကပ်နေတဲ့ ထောင်အစောင့် လူစီယန်ရဲ့ ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရပါတယ်.။ လူစီယန်ရဲ့ အပူခန်းထဲကိုရောက်သွားခဲ့ရတဲ့ အကျဉ်းသားတိုင်းဟာ မရှုမလှဇာတ်သိမ်းရင်သိမ်း မဟုတ်ရင် သေလုမျောပါး ခံစားရလေ့ရှိပါတယ်။ညှင်းပန်းနှိပ်စက်တဲ့ အခါတိုင်းမှာလည်း ...
movie

The Big Doll House (1971)

Genres

Archives