Channel Myanmar

New releases (2025)

Content at random


Movies

The Wendigo (2022)
The Wendigo (2022)  နာမည်ကြီး ယူကျူဘာတစ်ယောက်ဖြစ်တဲ့ လိုဂန်တစ်ယောက် သူ့ပရိသတ်တွေရဲ့ မဲပေးတာကနေပြီး မြောက်ကယ်ရိုလိုင်းနားက တောအုပ်ထဲမှာ တစ်ယောက်ထဲစခန်းချသွားခဲ့ပါတယ်။ တောထဲကိုရောက်တဲ့ညမှာ တိုက်ရိုက်လွှင့်နေရင်းနဲ့ လိုဂန်တစ်ယောက် ကင်မရာရှေ့က ပျောက်သွားပြီး စူးစူးဝါးဝါးအော်ဟစ်သံတွေနဲ့အတူ တိုက်ရိုက်လွှင့်တာရပ်သွားခဲ့ပါတယ်။လိုဂန်ပျောက်သွားတာကြောင့် သူ့ရဲ့သူငယ်ချင်း ယူကျူဘာတွေကလည်း ရဲမတိုင်ပဲ တောအုပ်ထဲကို ဗလော့ရိုက်ရင်းနဲ့ လာရှာခဲ့ကြပါတယ်။ တောအုပ်ထဲရောက်ပြီးသိပ်မကြာလိုက်ပဲ နေ့လည်ခင်းအချိန်မှာ တဖြည်းဖြည်းအမှောင်ကျလာခဲ့ပြီး တီးတိုးပြောသံတွေကြားလာရတဲ့အခါ လိုဂန်ကိုလိုက်ရှာကြတဲ့ သူငယ်ချင်းတစ်သိုက်ရော တောအုပ်ရဲ့ ကျိန်စာကိုဘယ်ရင်ဆိုင်ကြရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။R-rated ဖြစ်ပြီး သွေးထွက်သံယိုပြကွက်တွေအပြင် ကြမ်းတမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် 18 နှစ်အောက် ကလေးတွေမကြည့်သင့်ပါဘူး။ File size…(1.4 GB)/(775 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:08:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

The Wendigo (2022)

The Dead Don’t Hurt (2024)
The Dead Don’t Hurt (2024)  မင်္ဂလာပါ The Dead Don’t Hurt" ဆိုတဲ့ ရုပ်ရှင်ကို တော့ မော်တင်ဆင် (Mortensen) ရိုက်ကူးရေး၊ ဇာတ်ညွှန်းရေးခြင်းနဲ့ မီဇစ်ဖန်တီးမှုကို တစ်ကိုယ်တည်း လုပ်ထားပြီး၊ သူ့ရဲ့ ဒုတိယအကြိမ်မြောက် ရိုက်ကူးမှု ဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာ Mortensen က Holger Olsen အဖြစ် သရုပ်ဆောင်ထားပြီး၊ ၁၈၆၀ ခုနှစ်တွေက နယ်စပ်ဒေသမှာ တည်ငြိမ်စွာ နေထိုင်နေသူ​​ဖြစ်ပါတယ်။ သူက Vivienne (Vicky Krieps) ကို သူမရဲ့ ချမ်းသာတဲ့ ချစ်သူနဲ့ စကားများနေစဉ်မှာတွေ့ပြီး၊ သူမကိုချက်ချင်းပဲ Holger ရဲ့ အနားရောက်လာစေခဲ့ပါတယ်။ Vivienne က ချမ်းသာတဲ့ ဘဝကိုစွန့်လွှတ်ပြီး Holger နဲ့အတူ စိန်ခေါ်မှုများအပြည့်ရှိတဲ့ ဘဝကို ရွေးချယ်ခဲ့တဲ့အခါမှာ သူမရဲ့ အတွင်းစိတ်ခွန်အားနဲ့ ဆုံးဖြတ်ချက်တွေကို မြင်ရမှာပါ။Vivienne ဟာ Holger ရဲ့ ဖွတ်ဖွတ်မွှတ်မွှတ် ...
movie

The Dead Don’t Hurt (2024)

Way Back Home (2013) 7.5
Way Back Home (2013) Way Back Home (2013) *********************** ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ ဒီကားလေးမှာတော့ ဂင်ဂျုံးဘယ်အဖြစ်Missing The Other SIde ,Money Game စတဲ့ ဇာတ်လမ်းတွဲများထဲမှ မင်းသား Go Soo နဲ့Crash Course In Romance ,Lost စတဲ့ ဇာတ်လမ်းတွဲများမှာ ပါဝင်တဲ့ မင်းသမီးကြီး Jeon Do-Yeon တို့မှ အဓိကပါဝင်ထားပြီးBae Sung-Woo ,Lee Dong-Hwi စတဲ့ဝါရင့်သရုပ်ဆောင်များစွာအပြင်ကလေးသရုပ်ဆောင် Kang Ji-Woo တို့မှ ပါဝင်အားဖြည့်ပေးထားပါတယ်။ဇာတ်လမ်းအညွှန်း ...ဂင်ဂျုံးဘယ်နဲ့ ဆုန်းဂျောင်ယွန်းတို့ လင်မယားနှစ်ယောက်ကဟယ်ရင်းဆိုတဲ့ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်နဲ့အတူကားပြင်ဆိုင် အသေးလေးတစ်ဆိုင်ဖွင့်ထားကြပြီး မပြည့်စုံပေမဲ့လည်း တင်းတိမ်ရောင့်ရဲတတ်ကြတဲ့ မိသားစုပါ။ဒီလို သာယာလှတဲ့မိသားစုဘဝလေးဟာဂင်ဂျုံးဘယ်ရဲ့ သူငယ်ချင်းဖြစ်သူ သတ်သေသွားတဲ့အခါမှာတော့အစစအရာရာ ပြောင်းလဲသွားပါတော့တယ် ။သနားကြင်နာစိတ်ရှိတဲ့ဂင်ဂျုံးဘယ်က သူ့သူငယ်ချင်းဒုက္ခရောက်နေတဲ့အချိန်မှာ အာမခံပြီး ချေးငွေယူပေးခဲ့တာကြောင့်သူငယ်ချင်းဖြစ်သူ သေသွားတဲ့အခါ ချေးငွေအပြင် မတန်တဆများတဲ့အတိုးကိုပါ ဆပ်ပေးရမဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ သူတို့ မိသားစု ...
movie

Way Back Home (2013)

UHF (1989) 6.9
UHF (1989)  Old but Goldထဲက IMDb 6.9ရရှိထားတဲ့ Comedy ကားကောင်းတစ်ကားပါပဲ။ အဓိကကတော့ ရုပ်မြင်သံကြားထုတ်လွှင့်တဲ့ဌာနတစ်ခုအကြောင်းရိုက်ထားတာဆိုပေမယ့် နာမည်ကြီးဇာတ်ကားတွေရဲ့ parodyတွေလဲပါသလို ဟာသတွေကလဲ ရှုပ်ရှက်ခက်နေပြီး အဲဒီလိုရှုပ်ရှက်ခက်နေတာကမှပိုပြီးရယ်နေရတာပါ။ဇာတ်လမ်းအညွှန်းကတော့ ဂျော့ဟာ အမြဲတမ်းလိုလိုနေ့ခင်းကြောင်တောင်စိတ်ကူးတွေယဉ်တတ်ပြီး ဘယ်အလုပ်ကိုမှမယ်မယ်ရရမလုပ်တတ်တဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ကံကောင်းထောက်မစွာနဲ့ ရုပ်မြင်သံကြားဌာနသေးသေးလေးတစ်ခုမှာ မန်နေဂျာအဖြစ်အလုပ်ရသွားပါတယ်။ ပိုပြီးကံကောင်းတာတစ်ခုက အဲဒီဌာနလေးဟာ ပိတ်သိမ်းတော့မှာမို့လို့ ပိုင်ရှင်ကိုယ်တိုင်က သူ့ကိုကြိုက်သလိုလုပ်ဆိုပြီးထားပေးလိုက်တဲ့အခါမှာ အရင်ကလုံးလုံးအသုံးမဝင်ခဲ့တဲ့သူ့စိတ်ကူးတွေနဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေ တစ်မျိုးပြီးတစ်မျိုးအကောင်အထည်ဖော်ပြီး အောင်မြင်လာပါတော့တယ်။ဒါပေမဲ့ တစ်ယောက်အောင်မြင်ရင်တစ်ယောက်ကမနာလိုဖြစ်တဲ့အတိုင်းပဲ သူ့ကိုမနာလိုတဲ့အဖွဲ့တစ်ဖွဲ့ရှိလာတဲ့အခါမှာတော့ ဘာတွေဖြစ်မလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရမှာပါ။ File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre... Comedy, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro
movie

UHF (1989)

Cinnamon (2023) 6.5
Cinnamon (2023)  ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက် စိတ်ကူးတွေနဲ့ တကယ့်လက်တွေ့ဘဝ တကယ်လုပ်နေရတဲ့အလုပ်တွေက ထပ်တူမကျတဲ့အခါမှာ နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့ဘဝက တဖြည်းဖြည်းနဲ့ ပျော်ရွှင်မှုတွေကင်းမဲ့လာပါတယ် ။ တချို့သောသူတွေအတွက်ကတော့ ဘဝပေးအခြေအနေကြောင့် ပျော်ရာမှာမနေရ ၊ တော်ရာမှာနေရ ဆန္ဒနဲ့ဘဝထပ်တူမကျဘဲ လက်ရှိနေရာကနေ ရုန်းမထွက်နိုင်တဲ့သူတွေ ရှိနေပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ Jodi ဆိုတဲ့ ကောင်မလေးတယောက် သူ့အိပ်မက်က အဆိုတော်နဲ့သရုပ်ဆောင်ဖြစ်ချင်တယ် ဒါပေမယ့် လက်ရှိသူ့ဘဝအခြေအနေအရ ဓာတ်ဆီဆိုင်မှာ အရောင်းဝန်ထမ်းလုပ်ပြီး ဘဝရဲ့နေ့ရက်တွေကို စိတ်ညစ်ညစ်နဲ့ ကုန်ဆုံးနေတဲ့သူတယောက် တရက်မှာတော့ အဲဒီဘဝထဲကနေ သူ့ကိုဆွဲထုတ်ပေးမယ့်သူတယောက်နဲ့ ကြုံဆုံလာပါတော့တယ်။ဒါပေမဲ့ တကယ့်တကယ် သူ့အိပ်မက်တွေအမှန်တကယ်ဖြစ်ပေါ်လာဖို့ ထင်သလောက်မလွယ်တဲ့အခါမှာ သူတို့၂ ယောက်ပေါင်းကာ သူအလုပ်လုပ်နေတဲ့ဆိုင်ကို ဓားပြတိုက်ပြီး ထွက်ပြေးဖို့ကြံစည်ကြပါတော့တယ် ။ ဒါပေမယ့် ကြံစည်ထားသလိုဖြစ်မလာဘဲ ၂ ယောက်လုံး အသက်ဘေးအန္တရာယ်နဲ့ ကြုံလာရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးမှာ ကြည့်ရှုအားပေးကြပါဦးခင်ဗျာ ။ File size…(650 Mb) Quality….Webrip 720p Format… mp4 Duration…. 01:31:00 Genre... ...
movie

Cinnamon (2023)

Slay (2024) 6.5
Slay (2024)  IMDb 6.5/10 ရရှိထားတဲ့ အသစ်ထွက် Comedy/Horror ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ Drag queen အဖွဲ့ တစ်ဖွဲ့က သူတို့ သွားရောက် ဖျော်ဖြေဖို့ စီစဉ်ထားတဲ့နေရာ မဟုတ်ဘဲ ဘာဆိုဘာမှမရှိတဲ့ လွင်တီးခေါင်ပြင်ရဲ့အလယ်က စားသောက်ဆိုင်တစ်ဆိုင်ကို နေရာမှားပြီး ရောက်သွားခဲ့ကြပါတယ်။သူတို့ကို အထင်သေး မကြိုဆိုကြတဲ့သူတွေကြား စိတ်အားထက်သန်စွာ ကြိုဆိုနေသူ တချို့ကြောင့် ပညာကုန်သုံးပြီး ဖျော်ဖြေပေးခဲ့ကြပေမဲ့ မထင်မှတ်ထားတဲ့ အန္တရာယ်က ရုတ်တရက်ကြီး ရောက်ရှိလာခဲ့လို့ ဝရုန်းသုန်းကားတွေဖြစ်ခဲ့ပါတော့တယ်။မဖိတ်ခေါ်ဘဲ ရောက်ရှိလာခဲ့တဲ့သူတွေကတော့ ဗန်ပိုင်းယားတွေပါ။ ဖုန်းလည်းဆက်လို့မရ၊ စားသောက်ဆိုင်ထဲမှာလည်း ဘာ လက်နက်မှမရှိနဲ့ ဗန်ပိုင်းယားတွေ ပတ်ပတ်လည်ဝိုင်းနေတဲ့အလယ်မှာ သူတို့အဖွဲ့နဲ့ ဆိုင်ထဲက သူတို့ကို အထင်သေးတဲ့လူတွေ၊ ကြားနေ လူစုတွေကြား ပဋိပက္ခတွေဖြစ်ကာ အတွင်းရော အပြင်ပါ အန္တရာယ်နဲ့ ရင်ဆိုင်လာရချိန်မှာတော့...သူတို့ကို အထင်သေး ရှုံ့ချနေတဲ့သူတွေက သူတို့အပေါ် အမြင်ပြောင်းနိုင်ပါ့မလား.. တစ်စ တစ်စ ...
movie

Slay (2024)

Saving Bikini Bottom: The Sandy Cheeks Movie (2024)
Saving Bikini Bottom: The Sandy Cheeks Movie (2024)  သားသားမီးမီးတို့အားလုံးကြိုက်ကြတဲ့ ရေမြုပ်ကောင်လေးကာတွန်းကားအသစ်ထွက်လာပါပြီဒီတစ်ခါမှာတော့ စပွန့်ချ်ဘော့ဘ်နဲ့သူ့သူငယ်ချင်း ရှဥ့်မလေးတို့ရဲ့ စွန့်စားခန်းတွေကိုကြည့်ရှုရမှာပါ ဘီကီနီဘော်တွန်လို့ခေါ်တဲ့သူတို့နေထိုင်ရာရေအောက်မြို့လေးကို သိပ္ပံပညာရှင်လူဆိုးတစ်သိုက်သိမ်းပိုက်သွားရာကနေ စပွန့်ချ်တို့နှစ်ယောက်ပြန်ကယ်ထုတ်ဖို့ကြိုးစားကြမှာပါ''''မင်းမျက်နှာကို သေခြင်းတရားကစိုက်ကြည့်လာတဲ့အခါ မင်းဘာလုပ်မလဲကွ'''' ''''ကျွန်တော်လား ဒီလိုကြည့်တာရိုင်းတယ် အခြားနေရာကိုကြည့်လို့ပြောလိုက်မှာပေါ့ဗျ''ဆိုတဲ့ စပွန့်ချ်ဘော့ဘ်ပါနော်ကလေးတွေရဲ့အကြိုက်ဟာသကာတွန်းကားလေးပါရှင်... File size…(1.5 GB)/(870 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:22:00 Genre... Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shwe Eain Si
movie

Saving Bikini Bottom: The Sandy Cheeks Movie (2024)

How to Steal a Million (1966) 7.5
How to Steal a Million (1966)  နာမည်အတိုင်းပါပဲ Criminal ကို အချစ်၊ ဟာသလေးတွေနဲ့ အားထပ်ဖြည့်ထားတဲ့ ဇာတ်မြူးဖောက်ထွင်းရေး ရုပ်ရှင် ဖြစ်ပါတယ်။ ရုပ်ရှင်ကတော့ အဘိုးတို့ခေတ် (၁၉၆၆ ခုနှစ်)က ရုပ်ရှင်ဖြစ်တဲ့အတွက် စိတ်တွေမွန်းကြပ်လို့ ရုပ်ရှင်ကားဟောင်းတွေ ကြည့်ရင်း ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတွေနဲ့ အပန်းဖြေချင်တဲ့သူတွေအတွက် အံကိုက်စေမယ့် ရုပ်ရှင်လေးတစ်ကားပါ။နီကိုးလ်ရဲ့ အ​ဖေဟာ ပန်းချီကားတွေကို အတုပြန်ဆွဲပြီး ရောင်းချတဲ့သူဖြစ်ပါတယ်။ နီကိုးလ်ကတော့ အဖေဖြစ်သူကို တားမရတဲ့အဆုံးလွှတ်ထာရပြီး တရက်မှာတော့ အိမ်မှာ ဖခင်ဖြစ်သူရဲ့ နာမည်ကျော် ရုပ်တုအတုကို ပြတိုက်မှာပြဖို့ ဖခင်က ဆုံးဖြတ်လိုက်ပါတယ်။ ပြတိုက်မှာ ရုပ်တုဖွင့်ပွဲအတွက် အိမ်မှာ လူမရှိတုန်း အိမ်ကို သူခိုးကပ်လို့ နီကိုးလ်တစ်ယောက် ရင်ဆိုင်ဖြေရှင်းရင်း သူခိုးရဲ့လက်မောင်းကို မတော်တဆ သေနတ်နဲ့ပစ်လိုက်မိပါတယ်။ အဲ့လိုကနေ သူခိုး(ဒါးမော့တ်) နဲ့ နီကိုးလ်တို့ ခဏခဏ တွေ့ဆုံဖြစ်ကြပြီးနောက်မှာတော့ မမြင်ရတဲ့ ကြိုးလေးတွေ ဖြစ်တည်လာပါတော့တယ်။ နှစ်ဦးနှစ်ဖက်ကလည်း အချင်းချင်း ခံစားချက်တွေရှိကြပါတယ်။တရက်မှာတော့ ...
movie

How to Steal a Million (1966)

Do You Love Me as I Love You ( 2020 ) 5.8
Do You Love Me as I Love You ( 2020 ) ကြည်နူးစရာကောင်းတဲ့ ထိုင်ဝမ်အချစ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် လူတိုင်းက သူများရဲ့အချစ်ရေးကို အရမ်းစိတ်ဝင်စားပြီး အတင်းအဖျင်းတွေ ပြောလေ့ရှိပါတယ် အဲ့လိုပဲ ဒီကားလေးထဲမှာလည်း ကျောင်းကလူတွေရဲ့ အတင်းအဖျင်းတွေထဲမှာ နာမည်ကြီးနေတဲ့ လုံးဝအတွဲမ​ဖြစ်နိုင်ဘူးလို့ သတ်မှတ်ထားတဲ့ စုံတွဲစာရင်း (MI စာရင်း) ဆိုတာရှိပါတယ်ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ရှောင်ရှန်းကတော့ ရူပဗေဒမေဂျာ ကျောင်းသူတစ်ယောက်ဖြစ်ပြီး ဗေဒင်ကို အရမ်းစိတ်ဝင်စားတဲ့အပြင် သူ့ရဲ့ငယ်သူငယ်ချင်းလေးကျူးဟောက် ကို ကြိတ်ကြွေနေတဲ့ ကောင်မလေးတစ်ယောက်ပါတစ်နေ့မှာ သူဟာ သူငယ်ချင်းဇုန်ထဲကနေရုန်းထွက်ပြီး အဲ့ဒီကောင်လေးကို ဗေဒင်ယ​တြာတွေကအစ အသေးစိတ်ပြင်ဆင်ပြီးဖွင့်ပြောဖို့လုပ်ထားပေမဲ့ သူလုပ်ထားသမျှသဲထဲရေသွန်ဖြစ်သွားခဲ့ပါတယ် အကြောင်းကတော့ အဲ့ဒီနေ့မှာပဲ ကျူးဟောက်က တခြားကောင်မလေးကို ဖွင့်ပြောလိုက်တာပါ ရှောင်ရှန်းရဲ့ ဇာတ်လမ်းလေးက ဒီမှာတင်ပြီးပြတ်မသွားပါဘူး သူ့ရဲ့ အကြီးမားဆုံးကံဆိုးမှုက အခုမှရောက်လာတာပါအဲ့ဒါကတော့... တစ်ကျောင်းလုံးရဲ့ နတ်ဘုရားမလို့ တင်စားရလောက်တဲ့ အင်တာနက်ဆယ်လီ ရီကျင်းက ကျူးဟောက်ဖွင့်ပြောချိန်မှာ ကျူးဟောက်သာ MI စာရင်းရဲ့ ထိပ်ဆုံးသုံးတွဲကို အောင်သွယ်ပေးနိုင် မယ်ဆိုရင် တွဲမယ်လို့ပြောလိုက်တာပါပဲဒီလိုနဲ့ ပိုချစ်ရတဲ့လူက ရှုံးရတယ်ဆိုတဲ့အတိုင်း ကြိတ်ကြွေနေတဲ့ ရှောင်ရှန်းလေးတစ်ယောက် ကျူးဟောက်ကို ကူညီပေးရပါတော့တယ် ကဲ ဒီတော့ ကျူးဟောက်နဲ့ ရှောင်ရှန်းတို့နှစ်ယောက် လုံးဝတွဲဖို့မဖြစ်နိုင်ပါဘူးလို့ တွေးရလောက်တဲ့ထိ အကျင့်စရိုက်တွေဆန့်ကျင်ဖက် ကွဲပြားနေတဲ့ အတွဲသုံးတွဲကို ဘယ်လိုတွေအောင်သွယ်ပေးမလဲ ရှောင်ရှန်းလေးရဲ့အချစ်ရေးကရော ဘယ်လိုဆက်ဖြစ်ဦးမှာလဲဆိုတာကို စိတ်ဝင်စားရင်တော့ CM က တင်ဆက်ပေးမဲ့ ဒီဇာတ်လမ်းလေးကို အခုပဲကြည့်လို့ရပါပြီနော် Filesize : 1.78 GB / 1.01 GB Quality ...
movie

Do You Love Me as I Love You ( 2020 )

Ash Is Purest White ( 2018 ) 7.0
Ash Is Purest White ( 2018 ) ပြာဆိုတာ အသန့်စင်ဆုံး အဖြူရောင်ပါတဲ့။ အရမ်းကိုပူပြင်းတဲ့အခြေအနေတစ်ခုမှာ အရာဝတ္ထုတွေက စင်ကြယ်သွားတတ်ပါတယ်တဲ့။ အဲဒါကြောင့် အပူချိန်အများဆုံးကိုခံရတဲ့ ပြာရဲ့ အဖြူရောင်ကို အစင်ကြယ်ဆုံးပါလို့ပြောထားပါတယ်။ဒီဇာတ်ကားမှာမြေအောက်လောက အဖွဲ့တစ်ခုက ခေါင်းဆောင်ရဲ့ ချစ်သူဖြစ်တဲ့ Zhao Qiao ရဲ့ လောကဓံကြားမှာ အပူပြင်းပြင်းပေးခံရပြီး သူ့ရဲ့ အကောင်းဆုံးအရည်အသွေးကို ရရှိလာတဲ့အကြောင်းရိုက်ကူးထားပါတယ်။ပြီးတော့ သူ့ရဲ့ချစ်သူအပေါ်ထားတဲ့ အချစ်ကြီးပုံကို ကြည့်တဲ့သူတိုင်း ကူးစက်ခံစားစေမှာအသေအချာပါပဲ။ မျက်ရည်ဝဲရမယ့် ဇာတ်ကားမဟုတ်ပေမဲ့ မဲ့ပြုံးလေးတော့ ပြုံးဖြစ်မှာ သေချာပါတယ်။ဒီဇာတ်ကားကို Cannes Film Festival မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရထားပါတယ်။ IMDB Rating ကတော့ 7 ဖြစ်ပြီး အမှတ်ပေးကပ်စေးကုတ်တဲ့ Rotten Tomato ဆိုတဲ့ ခရမ်းချဉ်သီးတွေကတော့ 100% ပေးထားပါတယ်။ဒီဇာတ်ကားလေးက ခပ်အေးအေး Drama ဖြစ်ပေမယ့် ဇာတ်ကားနဲ့အတူ စီးမျောသွားစေမှာ အသေအချာပါပဲ။ ကျွန်တော့်အမြင်ကတော့ Gone With the Wind ဇာတ်ကားကို Chinese Version နဲ့တွေ့လိုက်ရသလိုပါပဲ။ ဘာသာပြန်နဲ့ အညွှန်း d3mon ဖြစ်ပါတယ် Filesize : 1.85 GB / 1.01 GB Quality : WEB-DL ...
movie

Ash Is Purest White ( 2018 )

The Legend of Kunlun ( 2022 ) 6.4
The Legend of Kunlun ( 2022 ) ဂူသင်္ချိုင်း‌‌တွေထဲမှာ ရတနာတွေရှာ‌‌ဖွေစွန့်စားရမဲ့ ဇာတ်ကားလေးကိုကြည့်ရတာ သဘောကျတတ်တဲ့ CM fansတွေအတွက် တော်တော်စိတ်ဝင်စားစရာကောင်းမဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာတော့ ဖချိုးမျိုးနွယ်စုရဲ့ သမိုင်းအကြောင်းကိုရိုက်ကူးပြသထားတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မင်းသား ကျန်းဝမ်ဖုန်းကတော့ သူ့အဖေပျောက်ကွယ်သွားရတဲ့ ဖြစ်ရပ်မှန်ကိုသိချင်သောစိတ်တစ်ခုနဲ့ ဒီရတနာသိုက်ရှာဖွေတဲ့လမ်းကို လျှောက်ခဲ့တာဖြစ်ပါတယ် ကျန်းဝမ်ဖုန်းက ကောင်းကင်ဘုံနည်းပညာကိုလေ့လာသင်ယူကာ ကောင်ကင်ဘုံအရာရှိဆိုတဲ့ ရာထူးကိုလည်းဆက်ခံပြီးသား လူတစ်ဦးဖြစ်ပါတယ်ဒီလိုနဲ့ ကျန်းဝမ်ဖုန်းရယ် သူ့သူငယ်ချင်းဖြစ်သူ ကျာလူပန်းနဲ့ ကျုံးလင်တို့ ၃ယောက်ပေါင်းပြီး လုပ်ဖော်ကိုင်ဖက်အဖြစ် ‌အတူလုပ်ကိုင်ကြရာမှ ကျန်းဝမ်ဖုန်းရဲ့ အဖေကိုရှာတွေ့ဖို့ နည်းလမ်းတစ်မျိုးရှာတွေ့သွားပါတယ် နည်းလမ်းကတော့ ကျောက်မင်ရှေးဟောင်းကြေးမုံကိုရအောင်ရှာပြီး ခွန်းလွမ်တောင်အတွင်းမှာရှိတဲ့ လျှို့ဝှက်မြို့ထဲကိုသွားရမှာဖြစ်ပါတယ်ကျန်းဝမ်ဖုန်းလည်း သူ့အဖေနဲ့အဆက်သွယ်ပြတ်တာ ၁၇နှစ်ရှိပြီဆိုတော့ အချင်းချင်းပြန်တွေ့နိုင်ဦးမလား တရုတ်ရိုးရာအမွေအနှစ်ပုံပြင်တွေနဲ့ သမိုင်းအကြောင်းလေးတွေပါ ထည့်သွင်းရိုက်ကူးထားတာမလို့ အားလုံးပဲ The Legend of KunLunကိုကြည့်ရှုလိုက်ရအောင် Filesize :  1.15 GB / 644 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Action , Adventure Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ...
movie

The Legend of Kunlun ( 2022 )

Golden Doll ( 2016 ) 5.9
Golden Doll ( 2016 ) Horror ကားမှကြိုက်တတ်တယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် horror ကားကောင်းလေးတစ်ကားကို CM ကနေတင်ဆက်လေးလိုက်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ ပိုင်လင်ဆိုတဲ့ရေကူးချန်ပီယံမလေးရဲ့ sex tape အင်တာနက်ပေါ်မှာ ပေါက်ကြားသွားရာကနေစထားပါတယ် ။ ပိုင်လင်ဟာ မကြာခင် အိုလံပစ်အတွင် ရေကူးပြိုင်ပွဲလေ့ကျင့်ရေး‌ဆင်းဖို့ မကြာခင်အမေရိကန်ကိုသွားရတော့မှာပါ ။ဒါပေမဲ့ မဖွယ်မရာကိစ္စတွေ ဖြစ်အပြီးမှာတော့ သူ့ရဲ့ရေကူးဆရာမဖြစ်သူကလည်း သူ့ကိုအမေရိကန်ကိုမလွှတ်‌တော့ဘဲ ရေကူးအဖွဲ့ကနေပါ နှင်ထုတ်ပါတော့တယ်။ စိတ်ဓာတ်ကျစရာတွေနဲ့ကြုံတွေ့ခဲ့ရတဲ့ပိုင်လင် တစ်ယောက်ကိုယ့်ကိုယ်ကိုယ်သတ်သေသွားပါတော့တယ် ။ဆရာမဖြစ်သူကလည်း တပည့်ဖြစ်သူ suicide လုပ်သွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး တချိန်လုံးအပြစ်ရှိသလိုခံစားနေရပြီး စိတ်ချောက်ခြားနေတော့ သရဲခြောက်ခံရသလိုဖြစ်လာပါတယ် ။ ဒါနဲ့သူ့သူငယ်ချင်းကို ပြောပြလိုက်တဲ့အချိန်မှာ သူငယ်ချင်းက ကုမန်ထိုလို့ခေါ်တဲ့ ရွှေရောင်ရုပ်ထုလေးကို အိမ်မှာကိုးကွယ်ဖို့ပြောလိုက်တဲ့အချိန်ကနေစပြီး အိမ်မှာထူးဆန်းမှုတွေဆက်တိုက်ဖြစ်လာပါတော့တယ် ။ Filesize : 890 MB /525 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror  Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay ...
movie

Golden Doll ( 2016 )

The Man On Credit ( 2024 ) 5.8
The Man On Credit ( 2024 ) မင်းကြီးကျောက်ကျုံးကို ထူးဆန်းတဲ့ဓားငှားသူတစ်ယောက်က ကျန့်လူဓားကိုငှားပေးခဲ့ရာက ကံကြမ္မာတစ်ဆစ်ချိုးပြောင်းလဲပြီး ကျင့်ပြည်ထောင်ကိုပါ ထူထောင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဓားငှားသူဓားပြန်လာသိမ်းတဲ့အချိန်မှာပဲ ကျင့်ပြည်ထောင်ကပျက်သုဉ်းသွားခဲ့ပါတော့တယ် ။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ ဓားငှားသူဟာ နဉ်ယိုချူးလို့ခေါ်တဲ့သူတစ်ယောက်ကိုဓားငှားပေးခဲ့ပြီး ရန်သူကိုသတ်စေခဲ့ပြီး ကံကြမ္မာပြောင်းလဲကာ သိုင်းလောကတခွင်ကျန့်ခွမ်းဆိုတဲ့နာမည်ကြီးလာခဲ့ပါတယ်။ဒါပေမဲ့ ဓားငှားသူက ဓားလာသိမ်းတဲ့အချိန် နဉ်ယိုချူးက ပြန်မပေးခဲ့ပါဘူး ဒီလိုနဲ့ ဓားငှားသူက ဓားကိုတောင်းတဲ့အချိန်မပေးရင် တစ်နေ့နေ့ကျ အဲဒီဓားက မင်းချစ်ရတဲ့သူကိုပြန်သတ်လိမ့်မယ်လို့ပြောသွားခဲ့ပါတယ် ။ဇာတ်ကားထဲမှာတော့ ဒီကျိန်စာတကယ်ဖြစ်လာတဲ့အခါ နဉ့်ယိုချူးဘဝဘယ်လိုတွေပြောင်းလဲလာမလဲ ? ဘယ်လိုအခက်အခဲတွေနဲ့ သူ့ဘဝဘယ်လိုဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရမှာပဲဖြစ်ပါတယ် Filesize : 1.14 GB / 700 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Mystery Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

The Man On Credit ( 2024 )

Sunlight Jr. (2013) 5.6
Sunlight Jr. (2013) မလီဆာနဲ့ရစ်ချီတို့ဟာ လက်မထပ်ပဲအတူနေချစ်သူတွေဖြစ်ပြီးအညံ့စားမိုတယ်လေးတစ်ခုမှာငှားနေကြပါတယ်။ မလီဆာက စတိုးဆိုင်အရောင်းစာရေးလုပ်ပြီး ရစ်ချီကတော့ မတော်တဆမှုကြောင့် ဘီးတပ်ကုလားထိုင်ကမထနိုင်ပဲ တောက်တိုမယ်ရပစ္စည်းလေးတွေပြင်တာ၊အစိုးရကပေးတဲ့ မသန်စွမ်းထောက်ပံ့ကြေးလေးတွေနဲ့ရပ်တည်နေရတာပါ။မလီဆာကိုယ်ဝန်ရှိလာချိန်မှာတော့ ရောက်လာမယ့်ရင်သွေးလေးအတွက် နှစ်ယောက်သားအပျော်ကြီးပျော်နေခဲ့ပေမယ့် ယိုင်နဲ့နဲ့သူတို့ဘ၀လေးကို ပြိုလဲစေမယ့် ဖြစ်ရပ်တွေကြုံလာရတဲ့အခါ..။ Naomi Watts နဲ့ Matt Dillon တို့လိုထိပ်သီးသရုပ်ဆောင်ကြီးတွေအပြိုင်ကြဲထားတဲ့ ဒရာမာကားကောင်းတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.35GB)/(640MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Sunlight Jr. (2013)

Iti mapukpukaw (2023) 7.2
Iti mapukpukaw (2023) The Missing ( 2023 )ရှားရှားပါးပါး Rotten tomatoes ၁၀၀ရာခိုင်နှုန်းရထားတဲ့ ဖိလစ်ပိုင် အန်နီမေးရှင်းကားပါ။  ဖိလစ်ပိုင်အနေနဲ့ အော်စကာ ရွေးချယ်ဖို့တင်သွင်းခဲ့တဲ့ ပထမဆုံးအန်နီမေးရှင်းကားလည်း ဟုတ်ပါတယ်။ အကြောင်းကြောင်းနဲ့ ဆန်ခါတင်တောင် မဝင်သွားခဲ့ပေမဲ့ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုကို ရရှိထားတဲ့ရုပ်ရှင်ဆိုရင်လည်း မမှားပါဘူး။The Missing ( 2023 )ဟာ  ထရော်မာတွေ အရိပ်မဲတွေကို စိတ်ကူးယဉ်ဆန်ဆန် သရုပ်ဖော်ထားတဲ့ ရုပ်ရှင်လို့ပြောလို့ရတယ်။ အဓိကဇာတ်ကောင်ကတော့ animatorအနေနဲ့ အသက်မွေးနေတဲ့ကောင်လေးတစ်ယောက်ပေါ့။ တိုက်ခန်းရှိတယ်။ အလုပ်ကောင်းကောင်းရှိတယ်။ သူကြိုက်နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူ့မှာမရှိတာကတော့ ပါးစပ်ပါပဲ။ သူဘာလို့ ပါးစပ်မရှိဖြစ်သွားလဲ သူ့ထရော်မာတွေကရော ဘာတွေလဲ ဒီထရော်မာတွေကို သူကျော်လွှားနိုင်မလားဆိုတာကိုရော စိတ်ကူးယဉ်ဆန်ဆန် ပြထားတဲ့ အန်နီမေးရှင်း ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းကတော့ သမားရိုးကျလို ရိုးရိုးရှင်းရှင်းမပြဘဲ တော်တော်အသိရခက်တဲ့ပုံစံနဲ့ တင်ပြထားတာမို့ ဒီလိုအသိရခက်တဲ့အမျိုးအစားကို ကြိုက်တဲ့လူတွေနဲ့ပဲ ပိုသင့်တော်ပါလိမ့်မယ် ( ဘာသာပြန်ပြီး ...
movie

Iti mapukpukaw (2023)

Biyaheng Langit (2000) 6.1
Biyaheng Langit (2000) ခေတ်ပေါ်ဇာတ်ကားတွေနဲ့ငြီးငွေ့နေကြပြီဆိုရင် အဟောင်းထဲကအကောင်း ဂန္ဓဝင်စာရင်းဝင်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘဲရ်ဆိုတဲ့ မိန်းမလှလေးဟာလူလတ်တန်းလွှာအသိုင်းအဝိုင်းကလာပြီးလက်ရှိအချိန်မှာတော့ သူ့မိခင်ဖြစ်သူရှိရာ အမေရိကားကိုလိုက်သွားဖို့ငွေလိုနေပါတယ်။အဲ့ဒီအတွက် အဘွားဖြစ်သူကျက်စားတတ်တဲ့ ကတ်စီနိုတွေဆီလိုက်သွားရာကနေ အတုမြင်အတတ်သင်ပြီးလောင်းကစားနဲ့ငွေရှာဖို့အကြံရလာခဲ့ပါတယ်။အဲ့ဒီမှာပဲ ဒန်နီဆိုတဲ့လူရှုပ်လေးတစ်ယောက်နဲ့ဆုံခဲ့မိတာပါ။ဒန်နီဟာရထားလမ်းဘေးကပျံကျရပ်ကွက်မှာနေပြီးသူ့ဇစ်မြစ်ကိုလည်း ဘယ်သူမှမသိကြပါဘူး။လတ်တလောမှာလည်းသူတို့မြို့ရဲ့လောင်းကစားဝိုင်းတွေကိုအပိုင်ကိုင်ထားတဲ့ ဂန်းစတားတစ်ယောက်ဆီမှာဆက်ကြေးကောက်တဲ့အလုပ်လုပ်နေတာပါ။ ဘဲရ်နဲ့ဒန်နီနှစ်ယောက်ပေါင်းပြီးကံကိုစမ်းဖို့ကြံခဲ့ပေမယ့် ကံတရားက သူတို့ဘက်မပါပဲအကြွေးမတင်သင့်တဲ့လူတွေဆီမှာ အကြွေးတင်သွားခဲ့တဲ့နောက်တော့ နောက်ဆက်တွဲတွေကိုရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ကြမ်းတမ်းတဲ့အချစ်နယ်လွန်ခန်းတစ်ချို့ပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်ပါ။ BIYAHENG LANGIT ဟာသူ့ခေတ်သူ့အခါကလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး အဲ့ဒီခုနှစ်ဖိလစ်ပိုင်ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဆုကြီးခြောက်ဆုရရှိထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(3.7GB)/(2.1B) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:43:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Biyaheng Langit (2000)

[18+] Amazon Jail (1982) 5.0
[18+] Amazon Jail (1982)  80,90 ခုနှစ်တွေဆီက ကာလသားတွေကြားမှာရေပန်းစားတဲ့ မိန်းမထောင်ကားလို့ သညာပြုကြတဲ့ ဇာတ်ကားမျိုးတစ်ကားဖြစ်ပါတယ်။ အက်ဂါဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကမ္ဘာအနှံ့က မိန်းမချောတွေကို ဝင်ငွေကောင်း၊သက်သာတဲ့အလုပ်ရမယ်လို့ဆွယ်ပြီး တကယ်တမ်းမှာတော့ သူဌေးကြီးတွေကို လိင်ကျွန်အဖြစ်နဲ့ရောင်းစားနေတာပါ။သူဌေးကြီးတွေက မိန်းကလေးတွေကိုရောင်းကုန်ပစ္စည်းလို လာမရွေးခင် စပ်ကြား သူတို့ကိုတောနက်ထဲမှာ လှောင်အိမ်ထဲထည့်လှောင်ထားလေ့ရှိပါတယ်။ အဲ့ဒီထဲကမှ မိမိကိုယ်ကိုလိင်ကျွန်အဖြစ်မခံနိုင်တဲ့ မိန်းကလေးတစ်စုဟာ ဒီလက်နက်ကိုင်တွေရန်က လွတ်မြောက်အောင်ထွက်ပြေးရင်း တောနက်ထဲက အန္တရာယ်တွေကိုပါ ရင်ဆိုင်ကျော်လွှားကြပုံကို အဖော်အချွတ်တွေ ဖောဖောသီသီနဲ့တင်ဆက်ထားတာဖြစ်ပါတယ်။ ကြည့်ရကျိုးနပ်အောင်ကိုကြမ်းပါတယ်။ ခံစားကြည့်ကြပါဦး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.6GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:39:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias 
movie

[18+] Amazon Jail (1982)

Genres

Archives