Channel Myanmar
New releases (2025)
Content at random
Movies
Wake (2024)
Wake (2024)  Horror/Thriller ရုပ်ရှင်တစ်ခုပါ။ လိတ်ခ်လို့အမည်ရတဲ့မိန်းကလေးတစ်ယောက်က ဟောလီးဝုဒ်မှာ နာမည်ကြီးရုပ်ရှင်တစ်ခုဖြစ်တဲ့ Wake ဆိုတဲ့ဇာတ်ကားကို ပြန်လည်ဆန်းသစ်ပြီးရိုက်ကူးမယ့်ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီးနေရာမှာပါ၀င်ရဖို့ အသည်းအသန်ဖြစ်နေပါတယ်။လိတ်ခ်ဟာ Wake မူလရုပ်ရှင်ရဲ့ သရုပ်ဆောင်ဖြစ်ခဲ့ဖူးတဲ့ အကယ်ဒမီဆုရှင်အမျိုးသမီးကြီးဖြစ်တဲ့ မစ္စအေဘယ်လ်ဆိုသူဆီသွားပြီးတော့ သူမ ခေါင်းဆောင်မင်းသမီးနေရာကို ရနိုင်ရေးအတွက် ကူညီပေးဖို့တောင်းဆိုပါတော့တယ်။ ဒါပေမဲ့ မင်းသမီးကြီးက သူမကို ကိုယ့်ရဲ့ဇာတ်ကောင်နဲ့တသားတည်းကျအောင် ဘယ်လိုပေါင်းစည်းရမလဲဆိုတဲ့ သရုပ်ဆောင်နည်းနာတွေကိုပဲ သင်ပေးဖို့ကမ်းလှမ်းလာတဲ့အခါမှာတော့ လိတ်ခ်တစ်ယောက်လည်း မင်းသမီးကြီးရဲ့ကမ်းလှမ်းမှုကိုလက်ခံလိုက်ပါတယ်။ဒီလိုနဲ့ လိတ်ခ်တစ်ယောက် မင်းသမီးကြီးနားကနေ ဒီနည်းလမ်းကိုသင်ယူနေတဲ့အချိန်မှာ သူမရဲ့စိတ်ထဲက ကွယ်ပျောက်နေတဲ့မှတ်ဉာဏ်တွေ တစတစပြန်ပေါ်လာတဲ့နောက်မှာတော့ လိတ်ခ်နဲ့ မင်းသမီးကြီးအေဘယ်လ်တို့က ဘယ်လိုဆက်စပ်နေကြတာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(890 Mb)/(400 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:25:00 Genre... Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie
Wake (2024)
MaXXXine (2024) 6.8
MaXXXine (2024) MaXXXine (2024) Pearl (2022) X (2022)နာမည်ကျော် ဟော်ရာ ရုပ်ရှင် နှစ်ခုဖြစ်တဲ့ Pearl နဲ့ X ရဲ့ အဆက်ဖြစ်တဲ့ MaXXXine လာပါပြီ။ လက်ရှိ ဟော်ရာအသစ်တွေထဲမှာ လက်စောင်းအထက်ဆုံးဖြစ်နေတာကတော့ ဒီသုံးကားနဲ့ Fear Street တွေပါပဲ။ ဟော်ရာကားကောင်းဆိုရင် ဒါတွေကို ကြည့်ဖြစ်အောင် ကြည့်သင့်ပါတယ်။ Pearl နဲ့ X မှာပါခဲ့တဲ့ လူသတ်သမား စုံတွဲကတော့ အမေရိကန် သမိုင်းမှာ အသက်အကြီးဆုံး သေဒဏ်ကျတဲ့ ကွင်းဆက်လူသတ်သမား လင်မယား Ray and Faye Copeland အကြောင်းကို အခြေခံထားတာပါ။ အခု မက်ဆင်းကတော့ X မှာတုန်းက ပွဲကြမ်းခဲ့တဲ့ မက်ဆင်းတစ်ယောက် ဘာတွေ ဆက်ကြမ်းမလဲ ပြတာပါပဲ။ ဒါရိုက်တာကလည်း အရင် နှစ်ကားကို ရိုက်ခဲ့တဲ့ Ti West ပါပဲ။ မင်းသမီးကလည်း Mia Goth ပဲ ပြန်ပါထားပါတယ်။ Breaking Bad ထဲက ဆရာကြီး ...
movie
MaXXXine (2024)
4K HEVC
M (2007) 6.2
M (2007) M (2007) IMDb 6.2/10ဒီတစ်ခါမှာတော့ Rating လည်းကောင်းပြီး ဆုတွေလည်းသိမ်းပိုက်ထားတဲ့စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်မင်ဝူးဆိုတာကတော့ လူငယ်စာရေးဆရာတစ်ယောက်ပါ နိုင်ငံချစ် ရောင်းရအ‌ကောင်းဆုံးစာရေးဆရာပေမယ့် ဘာမှဆက်ရေးစရာအတွေးပေါ်မလာလို့ စိတ်ဓာတ်ကျနေသူပေါ့ ညဘက်တွေအိပ်မပျော်တဲ့ရောဂါကြောင့် ဆရာဝန်တွေစုံအောင်ပြနေပေမယ့်လည်း ထူးမလာခဲ့ပါဘူးဒီလိုနဲ့တစ်နေ့ သူ့နောက်ကို နောက်ယောင်ခံလိုက်နေတဲ့ကောင်မလေးနဲ့တွေ့ဆုံမိပြီး သူစာပြန်ရေးနိုင်ဖို့ ကောင်မလေးက အကူအညီတွေပေးနေတော့ ရင်းနှီးသွားကြပါတယ် ဒါပေမယ့် ဒီကောင်မလေးဘယ်သူဆိုတာ မင်ဝူးတစ်ယောက်စဉ်းစားလို့ရမနေပါဘူး ဒီလိုနဲ့လိုက်စုံစမ်းရင်း သူနဲ့စကားပြောနေကျကောင်မလေးက သေဆုံးပြီးသားမှန်းသိသွားတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်မလဲ ဒီကောင်မလေးနဲ့က အရင်တည်းကအသိတွေလား သူဝတ္ထုရေးဖို့ရောကုန်ကြမ်းရနိုင်မလားဆိုတာတော့ ဒေါင်းကြည့်လိုက်ကြပါနော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ )File Size__(600MB) Quality__HD_720p IMDb Rating__6.4/10 Format__mp4 Duration__01:50:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt
movie
M (2007)
Primer (2004) 6.7
Primer (2004) Primer (2004) Genre – Drama, Sci-fi, Thrillerအင်ဂျင်နီယာ သူငယ်ချင်း ၄ ယောက်ဟာ လုပ်ငန်းတစ်ခုမှာ အတူတူလုပ်ကိုင်လျက်ရှိပြီးလုပ်ငန်းပြင်ပ အားတဲ့အချိန်လေးမှာ သူငယ်ချင်းတစ်ယောက်ရဲ့ ဂိုထောင်လေးထဲကိုယ်ပိုင် တီထွင်ဖန်တီးမှုလေးတစ်ခု လုပ်နေကြတာပါ။ အင်ဂျင်နီယာ အခက်အခဲ ပြဿနာပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးတဲ့နောက်မှာတော့ဒီစက်ပစ္စည်းလေးဟာ တစ်ခုခုထက် ပိုမိုထူးခြားသာလွန်နေတဲ့အရာတစ်ခု ဖြစ်လာပါတော့တယ်။ဒါပေမဲ့ ဒီ ၄ ယောက်ထဲက ဒီအကြံရဲ့ မူလပိုင်ရှင်လို့ ပြောရမယ့် သူငယ်ချင်း ၂ ယောက်က ဒါကိုတခြားလူတွေမသိအောင် လျှို့ဝှက်စမ်းသပ်ကြပြီးတော့ တစ်ယောက်ယုံကြည်မှုအပေါ်ကိုတစ်ယောက်က မေးခွန်းထုတ်စရာတွေ ဖြစ်လာပြီး ဘာဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမယ့်သိပ္ပံအင်ဂျင်နီယာအကြောင်း ဦးစားပေးထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။  File size…    1.7 GB / 892 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 17m Genre ..... Drama/Sci-Fi/Thriller Subtitle…. Myanmar Subtitle (Hard ...
movie
Primer (2004)
The Education of Charlie Banks (2007) 6.5
The Education of Charlie Banks (2007) Fred Drust ရိုက်ကူးတဲ့ The Education of Charli Banks ကတော့ သူငယ်ချင်းဆက်ဆံရေးနဲ့ အမှားကိုပြန်ပြင်ဖိုကြိုးစားတဲ့အကြောင်းကို အတွေးအခေါ်ပိုင်းဆိုင်ရာ ကြွယ်ဝစွာနဲ့ ရိုက်ကူးထားတဲ့ ကောလိပ်လူငယ်ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ Charli Banks က သူငယ်ငယ်က အရမ်းကြောက်ခဲ့တဲ့ လူကြမ်းသူငယ်ချင်း Mick Leary ကို ပါတီပွဲခေါင်မိုးထပ်မှာ ကောင်လေးနှစ်ယောက်ကို ရန်ဖြစ်ပြီးသေမတက်ရိုက်နှက်မှုနဲ့ ရဲကို ခိုးပြီးတိုင်ကြားခဲ့တယ်။ ဒါပေမဲ့ Charli က Mick သူ့ကိုသစ္စာဖောက်ပြီး တိုင်လိုက်မှန်းသိရင် Mick ရဲ့လက်ချက်ကိုမိမှာကြောက်ပြီး မျက်မြင်သက်သေကို ပြန်ရုတ်သိမ်းခဲ့တာမို Charli ထောင်ကနေ လွတ်လာခဲ့တယ်။ဒီလိုနဲ့သုံးနှစ်ကြာပြီး Charli နေတဲ့ ကောလိပ်အဆောင်ကို Mick ပြန်ရောက်လာတော့ Charli သူ့ရဲ့ လျှိဝှက်ချက်ကို ဆက်ထိန်းထားနိုင်မလား၊ Mick ကရော အရင်လို မဆိုးသွမ်းတော့ဘဲ လူကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုကြိုးစားမလဲဆိုတဲ့အဆက်ကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။( ...
movie
The Education of Charlie Banks (2007)
The King Tide (2023) 6.5
The King Tide (2023)  IMDb 6.5 ရရှိထားတဲ့ Drama/Mystery/Thriller ရုပ်ရှင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ကျွန်းငယ်လေးတစ်ခုပေါ်က ရွာလေးတစ်ခုမှာ အိုင်လာဆိုတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်။ အိုင်လာမှာ ထူးခြားတဲ့ပါရမီစွမ်းအားတစ်ခုရှိပါတယ်။ ဒါကတော့ သူမက ဒဏ်ရာတွေကို စိတ်စွမ်းအင်နဲ့ကုသပေးနိုင်တာပါ။ အိုင်လာဟာ ဒီကျွန်းလေးပေါ်ကို လျှို့ဝှက်ဆန်းကြယ်စွာနဲ့ရောက်လာခဲ့တာပါ။ အိုင်လာကို ရွာသူကြီးဖြစ်တဲ့ ဘော်ဘီတို့မိသားစုကမွေးစားထားပါတယ်။ ဒီကျွန်းရွာလေးရဲ့ထူးခြားချက်ကတော့ ဒီရွာလေးမှာနေထိုင်တဲ့သူတွေဟာ ပြည်မကြီးနဲ့အဆက်အသွယ်မလုပ်ကြဘဲ တံငါလုပ်ငန်းနဲ့ပဲ သီးခြားရပ်တည်လာကြတာ ဆွေစဉ်မျိုးဆက်ရှိနေပြီဖြစ်တာပါ။ဒါ့အပြင် ရွာသူရွာသားတွေဟာ ထိခိုက်ဒဏ်ရာရ နေထိုင်မကောင်းဖြစ်တိုင်း အိုင်လာနားကိုသွားလိုက်တာနဲ့ လုံး၀သက်သာပျောက်ကင်းသွားကြတာပါ။ ဒီလိုနဲ့ ရွာသူရွာသားတွေဟာ အိုင်လာလေးရဲ့ကျေးဇူးကြောင့် တစ်ရွာလုံး အသေအပျောက် အထိအခိုက်မရှိဘဲ နေထိုင်လာကြတာ အိုင်လာ‌လေး ကျွန်းပေါ်စရောက်လာတဲ့နေ့ကတည်းကပါပဲ။ ဒါပေမဲ့ အိုင်လာရဲ့အဖွားဟာ အိုင်လာ့ကို လူသားတစ်ယောက်လိုမဆက်ဆံဘဲ ဓာတ်ခွဲခန်းထဲက အစမ်းသပ်ခံကြွက်သဖွယ် လိုတာထက်ပိုပြီးအမြတ်ထုတ်အသုံးချဖို့ ကြိုးစားလာတဲ့နောက်မှာတော့ ဒီကျွန်းရွာလေးဟာ ငါးပါးမှောက်ဖို့ရာအကြောင်းဖန်လာပါတော့တယ်။ File size…(1.2 GB)/(590 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:40:00 Genre... Drama, Mystery, Thriller Subtitle….Myanmar ...
movie
The King Tide (2023)
Masked Hearts (2023) 6.2
Masked Hearts (2023) Masked Hearts ( 2023 ) ==================== ဒီဂျပန်ကားက ကြည့်ရတာတော့ အရမ်းသွက်ချင်မှသွက်မှာပေမဲ့ ကြည့်ရင်းနဲ့ ဇာတ်ရည်လာတဲ့အချိန် အရသာတော်တော်လေးပေါ်လာမယ့် ရုပ်ရှင်မျိုးပါပဲ။ ဇာတ်လမ်းကတော့ ဒါရိုက်တာပေါက်စမလေးတစ်ယောက်ရဲ့ ရုပ်ရှင်လောကက အခက်အခဲတွေနဲ့ စထားတယ်။ သူ့ရဲ့ရုပ်ရှင်အပေါ် ရှုမြင်ပုံတွေ ဘာတွေနဲ့ စတယ်။ ဒါက စီးပွားရေးသမားတွေအတွက် အံမကိုက်တာလား သူ့ကိုအသုံးချလိုက်တာလားတော့မသိပေမဲ့ သူစဉ်းစားထားတဲ့ဇာတ်ကို သူရိုက်ခွင့်မရလိုက်ရဘူး။ ဒီလိုနဲ့ သူက အိပ်မက်တွေကို လက်လျှော့ထားတဲ့လူတစ်ယောက်နဲ့တွေ့တယ်။ သူတို့နှစ်ယောက်အတူတူ ဒါရိုက်တာမရဲ့ဇာတ်လမ်းအတိုင်းပဲ ကိုယ်ထူကိုယ်ထရိုက်ဖို့လုပ်ကြတယ်။ ဒီလိုလုပ်ရင်း သူ့ဇာတ်လမ်းကို သူ့ဘာသာတောင် နားမလည်ခဲ့တဲ့အချက်တွေကို ဒါရိုက်တာမလေးက နားလည်လာတယ်။ သူ့အပြစ်တင်ချင်ခဲ့သမျှတွေက သူထင်သလိုမဟုတ်နေတာကိုလည်းး နားလည်လာတယ်။ဇာတ်က အေးအေးလေးပေမဲ့ အဲဒီအေးအေးလေးကိုမှ စိတ်ဝင်စားစရာလည်းကောင်းသလို ကြာလေ ထိလေဖြစ်လာအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ ဂျပန်ရုပ်ရှင်တွေထုံးစံအတိုင်း သူ့ရဲ့လေးပင်တဲ့တန်ပိုကို စိတ်ရှည်နိုင်တဲ့ သူ့ပရိသတ်တွေနဲ့ပဲ ပိုကီးကိုက်ပါလိမ့်မယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1.9GB)/(900MB) Quality_Blu-Ray 1080p ...
movie
Masked Hearts (2023)
The Cursed (2024)
The Cursed (2024) ကျိန်စာသင့် ရိုးရာ (၂၀၂၄)ဒီတစ်ခါမှာတော့ ထိုင်းဟော်ရာဖန်တွေရဲ့အကြိုက် ဟော်ရာကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ မျိုးရိုးစဉ်ဆက် ဆက်ခံလာခဲ့တဲ့ နိုရာအကဆိုတဲ့ ဓလေ့ထုံးတမ်းအကတစ်ခုကို ဆက်ခံသူမရှိတဲ့အချိန်မှာ ချာထရီဟာ သူ့မှာသာ သားယောက်ျားလေးမွေးဖွားလာခဲ့ရင် နိုရာအက အမွေကို ဆက်ခံခိုင်းမယ်ဆိုပြီးတော့ နိုရာဘိုးဘေးတွေဆီမှာ ကတိကဝတ်ပြုခဲ့ပါတယ်။ သူတောင်းဆိုတဲ့အတိုင်းပဲ သားယောက်ျားလေးဩဂတ်ကို ဖွားမြင်လာတဲ့အခါမှာ သားလေးကို ဓလေ့ထုံးတမ်းအတိုင်းထားခဲ့ရာကနေ မိန်းမဖြစ်သူက ချာထရီ့ကို အစွဲအလမ်းကြီးသူအဖြစ် သတ်မှတ်ပြီးတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး မကြာခဏရန်ဖြစ်ရာကနေ ကွဲခဲ့ကြပါတယ်။ ဒီလိုနဲ့ ချာထရီတစ်ယောက် နေမကောင်းဖြစ်ကာ ကွယ်လွန်ခါနီးအချိန်မှာ သားဖြစ်သူကို မိုအီထုံးတမ်းကို လမ်ပမ်အိမ်မှာ လုပ်ဖြစ်အောင်လုပ်ဖို့ မှာကြားနေရင်းကနေ အသက်ဆုံးပါးသွားခဲ့ပါတယ်။ ဖခင်ဆုံးပါးသွားတဲ့နောက် ဩဂတ်နဲ့ သူ့အမေဟာ လမ်ပမ်အိမ်ကို သွားဖို့ ဖြစ်လာရာကနေ ........ ဘယ်လို ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတွေ ဖြစ်ပေါ်လာမလဲ .... သူတို့ရဲ့ နောက်ကြောင်းရာဇဝင်ကရော ဘယ်လိုတွေ ဖြစ်ခဲ့တာလဲ ........ မိုအီဓလေ့ကိုရော လုပ်နိုင်လိုက်မှာလား ..... ဆိုတာတွေကို ထိတ်ထိတ်လန့်လန့်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. ...
movie
The Cursed (2024)
Samurai Detective Onihei: Lawless Love (2024) 5.0
Samurai Detective Onihei: Lawless Love (2024)
Peninsula – Train to Busan 2 (2020) 6.0
movie
2020
Train To Busan (2016) 7.8
Train To Busan (2016)  ဂုံယူ, မာဒုံဆော့, ချွဲအူရှစ် စတဲ့မင်းသားကြီးတွေပါဝင်ထားပြီးဇွန်ဘီကားလို့ ပြောလိုက်တာနဲ့ အရင်ဆုံး ပြေးမြင်မိလောက်တဲ့အထိ အောင်မြင်ပြီးတေ့ာ ဆုကြီးတွေ အများကြီးရရှိခဲ့တဲ့"Train to Busan" ရုပ်ရှင်ကားကြီးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းကတော့ဆော့ဝူ(Gong Yoo)ဟာ ငွေကြေးစီမံမန်နေဂျာတစ်ယောက်ဖြစ်ပြီး အလုပ်ကိုပဲ အရမ်းဦးစားပေးလွန်းတဲ့အတွက်သမီးလေးကို အချိန်မပေးနိုင်ဖြစ်နေပါတယ်တစ်နေ့မှာတော့ သမီးဖြစ်သူက သူ့မွေးနေ့မှာ ဘူဆန်မှာရှိတဲ့အမေဆီကို သွားချင်တယ်လို့ အတင်းပူဆာတဲ့အတွက်အလုပ်‌တွေကိုပစ်ပြီး လိုက်ပို့ရပါတော့တယ်အဲဒီနေ့မှာပဲ ဇွန်ဘီပိုးက နိုင်ငံအနှံ့စတင်ပျံ့နှံ့နေပြီးသူတို့စီးတဲ့ ရထားပေါ်မှာလည်း ဇွန်ဘီအကိုက်ခံထားရတဲ့သူတစ်ယောက် ပါလာပါတယ်အဲဒီသူကနေတစ်ဆင့် ရထားတစ်စီးလုံးနီးပါးပါ ဇွန်ဘီပိုးကူးစက်သွားတဲ့အတွက်သူတို့ ဒီရထားပေါ်ကနေ လွတ်မြောက်အောင် ဘယ်လိုကြိုးစားကြမလဲမင်းသား၃‌ယောက် ပူးပေါင်းပြီး ဇွန်ဘီတွေကို ဘယ်လိုတိုက်ခိုက်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပြီးရသပေါင်းစုံပေးစွမ်းနိုင်တဲ့ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ် File size…    8.21GB / 2.48 GB / 1.09GB Quality… WEB DL 4K HEVC 1080p / 720p Format… mp4 Duration…. 1 hr. 58 ...
movie
Train To Busan (2016)
2016
4K HEVC
The Summer of Sangaile (2015) 6.4
The Summer of Sangaile (2015)  The Summer of Sangaile (2015) Sangailes vasaraIMDb Rating -6.4  ၊ Rotten Tomatoes -75%စကားတွေအများကြီး မပြောပဲ သရုပ်ဆောင်ချက်လေးတွေ နောက်ခံသံစဉ်လေးတွေ ရိုက်ချက်လေးတွေနဲ့ ဖော်ကျူးသွားတဲ့ ဆယ်ကျော်သက် GL ကားလေး တင်ဆက်ပေးလိုက်ပါရစေ။ထူးထူးခြားခြား ဖြစ်တာတော့ ကြည့်ဖူးနေကျ မြင်ဖူးနေကြ နိုင်ငံက ရုပ်ရှင်မဟုတ်ပဲ လစ်သူရေနီးယား ရုပ်ရှင်တစ်ကား ဖြစ်နေတာပါ။ဒါပေမဲ့လည်း Sundance ရုပ်ရှင်ပြပွဲမှာလိုတောင် ထည့်သွင်းပြသခဲ့တဲ့ကားဟောင်း ဖြစ်ပါတယ်။ဆန်ဂါလီဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးက စတန့်ပြလေယာဉ်တွေကို သဘောကျ နှစ်ခြိုက်သူတစ်ဦးပါ။မိခင်ဖြစ်သူရဲ့ တင်းကြပ်တဲ့ အုပ်ထိန်းမှုကြောင့် လေးလေးလံလံနဲ့ အဖော်အပေါင်းမရှိ အထီးကျန်သူလေး တစ်ဦးပေါ့။တစ်နေ့တော့ လေယာဉ်ပြပွဲတစ်ခုကို သွားလည်ရင် သူနဲ့ ဆန့်ကျင်ဖက်လို့ ပြောလို့ရမယ့် တက်တက်ကြွကြွနဲ့ ဖော်ရွေတတ်သူ ကောင်မလေး သြစတီနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ဒီလိုနဲ့ ခင်မင်ကြတဲ့နောက် ဆန်ဂါလီဟာ သူ့ရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေ အကြောက်တရားတွေကိုပါ ...
movie
The Summer of Sangaile (2015)
[18+] First Name: Carmen (1983) 6.3
[18+] First Name: Carmen (1983) First Name: Carmen (1983) Prénom CarmenIMDb Rating -6.3  ၊ Rotten Tomatoes -88%ကာမင်းဆိုတဲ့အကြမ်းဖက်သမ မိန်းမလှလေးဟာ ရုပ်ရှင်ဒါရိုက်တာဦးလေးဖြစ်သူဆီက ကမ်းခြေအိမ်တစ်လုံးကိုခဏငှားရမ်းခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့ သူတို့အဖွဲ့ဘဏ်ဓားပြတိုက်ပြီးရင် ခေတ္တခိုနေစရာတစ်ခုအဖြစ်သုံးဖို့ပါပဲ။ဒါပေမယ့် ဘဏ်လုံခြုံရေးတစ်ဦးကိုသူ ချစ်ကျွမ်းဝင်မိသွားချိန်မှာတော့ ကြိုတင်စီမံထားသမျှတွေ ကမောက်ကမဖြစ်ကုန်ပါတော့တယ်။ပြင်သစ်ရုပ်ရှင်လှိုင်းသစ်ကိုစတင်ခဲ့တဲ့ပိုင်အိုးနီးယားဒါရိုက်တာ Jean-Luc Godard ရဲ့လက်ရာတစ်ခုဖြစ်ပြီးသူ့ရဲ့လက်ရာတွေဟာ စမ်းသပ်လေ့လာမှု၊ဇာတ်ကြောင်းပြောပုံတွေကတစ်ဆင့် ရုပ်ရှင်ပုံစံတွေကိုတော်လှန်ပြောင်းလဲစေခဲ့တယ်လို့ဆိုကြပါတယ်။ ဒီဇာတ်ကားမှာလည်း အဲ့ဒီလိုထူးခြားတဲ့တင်ဆက်ပုံကိုတွေ့မြင်ရမှာဖြစ်ပြီး မြင်နေကျပုံစံမျိုးမဟုတ်တဲ့အတွက် အစပိုင်းမှာတော့ အတော်သည်းခံရပါလိမ့်မယ်။ပရိသတ်တွေအနေနဲ့လည်း ကြိုက်တဲ့သူနဲ့မကြိုက်တဲ့သူ နှစ်ဖွဲ့ကွဲနေတာဖြစ်ပြီး မကြိုက်တဲ့သူတွေကတော့ ကာမင်း သရုပ်ဆောင်မင်းသမီး Maruschka Detmers ရဲ့ ထူးခြားတဲ့ဂန္ဓဝင်အလှကိုအားပေးချီးကျူးကြပါတယ်။ဇာတ်လမ်းကိုမကြိုက်ဘူးဆိုရင်တောင် ခမ်းခမ်းနားနားလှတဲ့ ခေါင်းဆောင်မင်းသမီးရဲ့လွတ်လပ်ပွင့်လင်းတဲ့ဇာတ်ဝင်ခန်းတွေကြောင့်အချိန်ပေးရကျိုးနပ်စေမှာအသေအချာပါပဲ။ အဲ့ဒီနှစ် ဗင်းနစ်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်မှာရွှေခြင်္သေ့ဆုရရှိထားပါတယ်။ရှုစားကြပါ။(Dark Side Production မှ တင်ဆက်သည်။) File size…(2 GB)/ (1 GB) Quality…BluRay 1080p/ 720p Format…mp4 Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by ALS
movie
[18+] First Name: Carmen (1983)
Dancing Village: The Curse Begins (2024) 6.2
Dancing Village: The Curse Begins (2024) ကချေသည်ရွာ - ကျိန်စာများ၏ နိဒါန်း (၂၀၂၄)2022 ခုနှစ်က ကချေသည်သရဲကားဆိုပြီး အတော်လေးနာမည်ကြီးခဲ့တဲ့ စံချိန်တင် အင်ဒိုသရဲကား KKN, Curse of dancing village လေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲဒီတုန်းကတော့ ရွာမှာ ပရဟိတလာလုပ်တဲ့ ကျောင်းသားတစ်သိုက်နဲ့ ထူးဆန်းတဲ့ရွာလေးအကြောင်းကို အဓိကရိုက်ကူးပြခဲ့တာဖြစ်ပြီး အခု 2024 Dancing Village, The Curse Beginsမှာတော့ ဒီကျောင်းသားတွေ သွားခဲ့တဲ့ရွာလေးရဲ့အကြောင်းကို နောက်ကြောင်းပြန်ရှင်းမယ့် prequelလေးပါ။ ဒီကားလေးကို မသိကြသေးသူတွေရော သဘောကျလို့ အဆက်ကိုမျှော်နေသူတွေရောအတွက် ဒီဇာတ်လမ်းလေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။မစ်လာရဲ့အမေက အကောင်းကြီးကနေ ရုတ်တရက်ဆိုသလို အိပ်ရာထဲလဲသွားပြီး ဆေးခန်းပြတော့လည်း ဆရာဝန်တွေလည်း အဖြေမရှာနိုင်တာဖြစ်လို့ နတ်ဆရာတစ်ယောက်နဲ့ခေါ်ပြတော့တာပေါ့။ ဒီနတ်ဆရာက မစ်လာ့အမေဆီမှာ ဂျာဗားကျွန်းအရှေ့စွန်းက ပစ္စည်းတစ်ခုရှိနေကြောင်း ဒီပစ္စည်းက ဒီကျွန်းပေါ်ကပိုင်ရှင်ဆီပြန်အပ်မှပဲ အမေဖြစ်သူက ပြန်လည်ကောင်းမွန်လာမယ်ဆိုပြီး ပြောသွားတော့ မစ်လာလည်း အစ်ကိုဝမ်းကွဲနဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ လမ်းပြရှာပြီး ကချေသည်ရွာကို ခရီးထွက်လာပါတော့တယ်။ဒါပေမဲ့ သူတို့မသိလိုက်တာက ဒီကချေသည်ရွာလေးဟာ ကျိန်စာသင့်နေတဲ့ရွာလေးဖြစ်ပြီးတော့ မစ်လာပြန်လာပေးဖို့ ယူလာခဲ့တဲ့လက်ကောက်က ကျွန်းပေါ်ကနတ်ဆိုး ဘာဒရာဝူဟီရဲ့လက်ကောက်ဖြစ်နေချိန်မှာတော့.....KKN မှာ အကျယ်တဝင့် ...
movie
Dancing Village: The Curse Begins (2024)
2024
4K HEVC
Genres
Archives