Channel Myanmar

New releases (2025)


Movies

Before the Fall (2004)
Before the Fall (2004)  နာပိုလာ (NaPoIA) ဆိုတာကတော့ ဟစ်တလာရဲ့ နာဇီဂျာမနီလက်ထက်မှာ အနာဂတ် ဂျာမနီအင်ပါယာအတွက် ခေါင်းဆောင်‌တွေ မွေးထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တဲ့ ပညာရေးစစ်စခန်းကျောင်း တွေဖြစ်ပါတယ်။ ဒီဂျာမာန်ရုပ်ရှင်မှာတော့ 1942ခုနှစ် နွေရာသီ အော့ရှတင်မြို့က နာပိုလာကျောင်းကိုဝင်ခွင့်ရခဲ့တဲ့ ဖရက်ဒရစ်အကြောင်းကို အဓိကထားရိုက်ပြထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဖရက်ဒရစ်က သာမာန်မိသားစုက မွေးဖွားလာသူဖြစ်ပြီး ဘောက်ဆင်ထိုးဝါသနာပါတဲ့အတွက် ကျောင်းပြီးပြီးချင်းမှာ အလုပ်လုပ်ရင်း ဝါသနာပါတဲ့ ဘောက်ဆင်ကိုလေ့ကျင့်နေခဲ့ပါတယ်။ တနေ့မှာတော့ နာဇီလက်ရွေးစင်ကျောင်းကသင်တန်းသားတွေနဲ့ ဘောက်ဆင်ထိုးရင်း နာပိုလာကျောင်းက ဆရာ ‌ဗိုဂလာက သူ့လက်ရည်ကိုသဘောကျသွားတာကြောင့် ကျောင်းဝင်ခွင့်ရအောင် ကူညီပေးခဲ့ပါတယ်။ဖရက်ဒရစ်ရဲ့ အဖေက‌တော့ ဒီကျောင်းမတက်ခိုင်းပဲ စက်ရုံမှာအလုပ်ဆင်းဖို့ ဖိအားပေးခဲ့ပေမဲ့ ဖရက်ဒရစ်တယောက် အိမ်ကနေ ခိုးထွက်လာပြီး နာပိုလာကျောင်းဆီ အရောက်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ နာပိုလာကျောင်းက ဖရက်ဒရစ်ထင်သလို သူ့အနာဂတ်ကိုပြောင်းလဲပေးနိုင်မှာလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

Before the Fall (2004)

Toolbox Murders (2004)
Toolbox Murders (2004)  ဒီရုပ်ရှင်ကတော့ 1978 တုန်းကထွက်ရှိခဲ့တဲ့ Classic လူသတ် horror / mystery ရုပ်ရှင်ဖြစ်တဲ့ Toolbox Murders ကို remake ပြန်ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ။ ဒီရုပ်ရှင်က ကောင်းတယ်လည်းပြောရခက် ဆိုးတယ်လည်းပြောရခက်ပါတယ်။ဇာတ်လမ်းကတော့ ဂျက်လက်စ်မန်းလို့အမည်ရတဲ့ ဟောလီးဝုဒ်ဆယ်လီတစ်ယောက်တည်ဆောက်ခဲ့တဲ့ သမိုင်း၀င်အဆောက်အအုံကြီးမှာဇာတ်အိမ်တည်ထားပါတယ်။ လက်စ်မန်းမရှိတော့တဲ့နောက်မှာ ဒီတိုက်ကြီးကို အငှားချထားလိုက်ပြီး ဒုတိယကမ္ဘာစစ်အပြီးကတည်းကတည်ဆောက်ထားခဲ့တဲ့ဒီတိုက်ကြီးဟာ ပျက်စီးယိုယွင်းနေပြီဖြစ်တာကြောင့် ကန်ထရိုက်တာတွေက ပြုပြင်မွမ်းမံမှုတွေလုပ်နေကြပါတယ်။ ကံဆိုးချင်တော့ ဒီလိုပြုပြင်မွမ်းမံမှုတွေစလုပ်လိုက်တဲ့အချိန်မှာပဲ တိုက်ကြီးမှာ လူသေဆုံးမှုတွေတစ်ခုပြီးတစ်ခုဖြစ်လာတာပါ။ကံဆိုးဖို့အကြောင်းဖန်လာတဲ့ စတီဗင်နဲ့ ဘာရိုလို့အမည်ရတဲ့လင်မယားနှစ်ယောက်ဟာ ဒီအချိန်မှာပဲ ဒီတိုက်ကြီးထဲကအခန်းတစ်ခန်းဆီပြောင်းလာခဲ့ကြပါတယ်။ ဘာရိုဟာ အိမ်နီးချင်းတွေ တစ်ဦးပြီးတစ်ဦး ပျောက်ချင်းမလှပျောက်လာတာ၊ ညဘက်တွေဆိုရင် ဘေးအခန်းတွေကနေ စူးစူးဝါးဝါးအော်ဟစ်‌သံတွေကိုကြားရတာ စသဖြင့် ဒီတိုက်ကြီးရဲ့ သဘာ၀လွန်လက္ခဏာတွေကို သတိထားမိလာတဲ့အခါ ဒီတိုက်ကြီးရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေကို စပ်စုမိလိုက်တဲ့နောက်မှာတော့ ကြမ္မာဆိုးဟာ သူမနောက်ကိုပါလိုက်လာပါတော့တယ်။ဒီလိုနဲ့ ဘာရိုနဲ့ စတီဗင်ဟာ ဒီတိုက်ကြီးထဲကလူသတ်မှုတွေရဲ့နောက်ကွယ်က တရားခံကိုဖော်ထုတ်နိုင်လိုက်ပြီး ဒီတိုက်ကြီးကနေ လွတ်မြောက်သွားကြမလား ဒါမှမဟုတ် သူတို့လင်မယားနှစ်ဦးလည်း လျှို့ဝှက်ဆန်းကြယ်တိုက်ကြီးရဲ့ သားကောင် ...
movie

Toolbox Murders (2004)

Dead Sea (2024)
Dead Sea (2024)  အသစ်ထွက်ရှိလာတဲ့ အမေရိကန်ဟော်ရာမှုခင်းရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။အမေဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက် မောင်လေးရယ် စိတ်ဓာတ်ကျနေတဲ့အဖေရယ်နဲ့ပဲ ဘ၀ကိုမြှုပ်နှံထားတဲ့ ဆယ်ကျော်သက်မလေး ကာယာ။ တရက် ကာယာရဲ့အချစ်ဆုံးသူငယ်ချင်း တက်ဆာမဲဆွယ်ကောင်းမှုကြောင့် ဂျက်စကီတစ်စီးစီ ကောင်လေးတစ်ယောက်စီနဲ့ ဘဟားမားကျွန်းတွေဆီကိုသွားခဲ့ကြတယ်။အိမ်အပြန်လမ်း ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာ အပျော်လွန်ပြီး မတော်တဆမှုကြုံရပါတော့တယ်။ လေးယောက်မှာ သုံးယောက်ပဲကျန်တော့တဲ့ချိန် တံငါလှေတစ်စီးနဲ့တွေ့ပြီး သူတို့ကိုကူညီရာကစ ထင်မှတ်မထားတဲ့ အန္တရာယ်‌နဲ့ကြုံတွေ့လာရတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre... Thriller, Horror  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo 
movie

Dead Sea (2024)

Tuesday (2024)
Tuesday (2024)  A24 က ဖြန့်ချိတဲ့ fantasy ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်၁၅ နှစ်အရွယ် ဝှီးချဲလ်ပေါ်က ရောဂါသည်မလေး Tuesday ဟာ အမေဖြစ်သူနဲ့ ရှုပ်ထွေးတဲ့ မတင်မကျ ဆက်ဆံရေးရှိသူပါ တနေ့မှာတော့ Tuesday ရှိရာအခန်းကို လူအရွယ်ရှိတဲ့ ကြက်တူရွေးအကြီးကြီးတစ်ကောင် ရောက်လာပါတယ် တကယ်တော့ အဲဒီ လူစကားပြောတဲ့ ကြက်တူရွေးက Tuesday ကို အဆုံးသတ်ဖို့လာတဲ့ သေမင်းဆိုတာ သိလိုက်ရတဲ့နောက် အဆင်သင့်မဖြစ်သေးတဲ့ အမေဖြစ်သူကို နားချနိုင်ဖို့ Tuesday က သေမင်းကြက်တူရွေးကို ခေတ္တဆိုင်းငံ့ခိုင်းထားပါတယ်ဒီကနေ ဘာတွေဆက်ဖြစ်လာဦးမှာလဲဆိုတာ အချစ်၊ ဘဝနှင့် သေခြင်းတို့ကို မေးခွန်းထုတ်ထားတဲ့ ဒီရုပ်ရှင်လေးထဲမှာပဲ ပရိသတ်ကြီးကပဲ ဆက်လက်ခံစားပေးပါဦး File size…(1.2 GB)/(705 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre... Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

Tuesday (2024)

Catch That Kid (2004)
Catch That Kid (2004)  ဒီဇာတ်ကားလေးကတော့ Twilight Saga ထဲက နာမည်ကြီးမင်းသမီး Kristen Stewart ငယ်ဘဝတုန်းက ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်လို့ သူလေးကို ကြည့်ရတာနဲ့တင် တန်နေပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ မက်ဒီဟာ အဖေ့တူသမီးလို့ ပြောရလောက်အောင် တောင်တက်ရတာ အရမ်းဝါသနာပါပြီး သူ့မှာ အော်စတင်နဲ့ မက်စ်ဆိုတဲ့ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ သူ့အဖေကတော့ တောင်တက်ဝါသနာရှင်ဖြစ်ပေမဲ့ ပေ ၂၀ အမြင့်ကနေ မတော်တဆပြုတ်ကျပြီးတဲ့နောက်မှာ ဝါသနာကို အပြီးတိုင်စွန့်လွှတ်လိုက်ပြီး သမီးဖြစ်သူ မက်ဒီကိုလည်း တောင်မတက်စေချင်ပါဘူး။ သူ့အမေကတော့ ဘဏ်တစ်ခုမှာ လုံခြုံရေးစနစ်ကို အလွတ်တန်း ဒီဇိုင်းဆွဲပေးတဲ့ပညာရှင်ပါ။တနေ့မှာတော့ သူ့အဖေက တောင်တက်တုန်းကရတဲ့ဒဏ်ရာကြောင့် အောက်ပိုင်းသေသွားခဲ့ပြီး ပြန်ကောင်းလာအောင် ခွဲစိတ်ဖို့ဆိုရင် ဒေါ်လာ ၂ သိန်းခွဲ ကုန်ကျမှာဖြစ်ကြောင်း သိလိုက်ရပါတယ်။ သာမန်မိသားစုထဲကဖြစ်တာကြောင့် ဒီလောက်ငွေပမာဏမရှိလို့ ခွဲစိတ်ဖို့ကို အမေဖြစ်သူ လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ မက်ဒီအနေနဲ့ ကွန်ပျူတာကျွမ်းတဲ့ အော်စတင်၊ ပြိုင်ကားမောင်းကျွမ်းတဲ့ မက်စ်နဲ့ သူ့တောင်တက်အရည်အချင်းတို့ကို ...
movie

Catch That Kid (2004)

Even Lambs Have Teeth (2015)
Even Lambs Have Teeth (2015)  ဒီကားက နည်းနည်းတော့စားတယ်ဗျ။ စလုန်း နဲ့ ကေတီဆိုတဲ့ ကောင်မလေးနှစ်ယောက်ရှိတယ်။ သူတို့က နွေရာသီပိတ်ရက်မှာ နယ်ဘက်က အော်ဂဲနစ်ခြံလေးမှာ အလုပ်လေးဘာလေးလုပ်ဖို့ ထွက်လာကြတာပေါ့။အဲဒီလိုနဲ့ လမ်းမှာတွေ့တဲ့ ကောင်လေး နှစ်ယောက်နောက်ကို ပါသွားပြီး သူတို့ဘဝက ဇောက်ထိုးမိုးမျှော်တွေ စဖြစ်တော့တာပါပဲ။ သူတို့ကိုနှိပ်စက်နည်းပေါင်းစုံနဲ့ နှိပ်စက်ပြီး တစ်ရက် နှစ်ယောက်သား ထွက်ပြေးလွတ်မြောက်လာကြတဲ့အခါမှာတော့ သူတို့ကို နှိပ်စက်ခဲ့တဲ့သူတွေ တစ်ယောက်ချင်းကို ဘယ်လိုလက်စားချေကြမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.5 GB)/(765 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre... Thriller, Horror  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min
movie

Even Lambs Have Teeth (2015)

Funny Couple (2024) 6.3
Funny Couple (2024)  Funny Couple (2024) Pasutri Gaje ********************************* သိပ်မကြာသေးခင်ကတင် အသစ်ထွက်ထားတဲ့အင်ဒိုမိသားစုဟာသကားလေးနဲ့မိတ်ဆက်ပေးပါစေ.ဒီကားလေးတော့ နာမည်ကြီး webtoon တစ်ခုဖြစ်တဲ့Pasutri Gaje ကိုဇာတ်ကားအနေနဲ့အသက်သွင်းထားတာလည်းဖြစ်ပါတယ်ဇာတ်လမ်းပုံစံလေးကတော့ အဒီးမတ်စ်နဲ့ အဒီလီယာဆိုတဲ့ကြင်စဦးဇနီမောင်နှံနှစ်ယောက် တစ်ဦးထံတစ်ဦးကိုချစ်ပြီးချစ်ဇာတ်ကြောင်းတွေကို ရယ်ရမြူးရစေတဲ့ ဇာတ်လမ်းလေးပါဒါပေမယ့် လင်မယားနှစ်ဦးကိုပတ်ဝန်းကျင်က ကလေးယူဖို့အတွက် ဖိအားတွေပေးလာတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့အခါမှာတော့…………….မိသားစု ဟာသကားလေးတင်မဟုတ်ပဲ အင်ဒိုတွေရဲ့ယဉ်ကျေးမှုပတ်ဝန်းကျင်ကိုလည်းတွေ့မြင်ရမှာဖြစ်ပြီးမြန်မာပရိတ်သတ်တွေအကြိုက်ဆုံးပွဲတော်တစ်ခုကိုလည်းဇာတ်ကားထဲမှာတွေ့မြင်ရမှာပါဒီခေတ်ကြီးထဲ အမောပြေစေတဲ့ အချစ်ရေးနဲ့ပတ်သတ်ရင်healing ဖြစ်စေမဲ့ ဇာတ်ကားလေးတစ်ကားကြည့်ချင်ရင်တော့ဒီကားလေးကိုမလွတ်တမ်းကြည့်ဖို့ ညွန်းလိုက်ရပါတယ်.. File size…1.74GB / 898MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing
movie

Funny Couple (2024)

Barbershop 2: Back in Business (2004)
Barbershop 2: Back in Business (2004)  ကဲ ပေါ့ပေါ့ပါးပါးဆိုပေမယ့် နက်နဲတဲ့စကားလုံးတွေနဲ့ ရီရမယ့် ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးကတော့ ၂၀၀၂ ခုနှစ်ကထွက်ခဲ့တဲ့ Barbershop ရဲ့ အဆက် ဒုတိမြောက်ကားလေးပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း အရင်ဇာတ်ကားလိုပဲ ကယ်ဗင် ပါးမား နဲ့ သူ့ရဲ့ ဆံပင်ညှပ်ဆရာတို့ရဲ့ ပျော်ရွင်စရာ ဟာသလေးတွေအပြင် သူတို့ ကြုံတွေ့ရမယ့် အခက်အခဲတွေကိုလည်း တင်ပြထားပါတယ်။နေရာကတော့ ချီကာဂိုမှာ ဇာတ်အိမ်တည်ထားပြီး ထုံစံအတိုင်း သူတို့ ဆံပင်ညှပ်ဆိုင်လေးက စကားသံတစ်ညံညံနဲ့ ဆူညံနေဆဲပါ။ တစ်ရက် သူတို့ရဲ့ လမ်းတစ်ဖက်မှာ ဆံပင်ညှပ်ဆိုင်အသစ် လာဖွင့်တဲ့အခါမှာတော့...နောက်ပြီး ဒီဇာတ်ကားရဲ့ မပါမဖြစ် ဟာသတွေကြီးလှိမ့်ပြောနေတဲ့ အက်ဒီကတော့ အသက်ပါပဲ။ ဒီကားလေးက သူငယ်ချင်းစိတ်ဓာတ်၊ မိသားစုခံစားချက်တွေအပြင် အသိုင်းအဝိုင်းတစ်ခုအပေါ် အပြောင်းအလဲတစ်ခုရဲ့ သက်ရောက်မှုကို မီးမောင်းထိုးပြထားတဲ့ကားလည်းဖြစ်ပါတယ်။ရယ်လည်းရယ်ရပြီး ရင်ထဲတစ်ခုခုကျန်ခဲ့မယ်လို့ မျှော်လင့်ရင်းနဲ့ပဲ ခံစားလိုက်ကြပါဦး File size…(2.4 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre... Comedy, Drama Subtitle….Myanmar ...
movie

Barbershop 2: Back in Business (2004)

Unpredictable/ Nieobliczalna (2024)
Unpredictable/ Nieobliczalna (2024)  အိမ်ထောင်ရေးဒရာမာရုပ်ရှင်ပါ။ ဒီရုပ်ရှင်ထဲမှာက အဓိကမိသားစုက နှစ်စုပါမယ်ပြောရမယ်။ ပထမမိသားစုက ဗိုအီတက်ရှ်နဲ့ မာတီနာတို့ရဲ့မိသားစု၊ သူတို့မိသားစုမှာက သမီးလေးတစ်ယောက်ရှိတယ်။ ဗိုအီတက်ရှ်က မိသားစုကိုဦးဆောင်နေတဲ့ သူဌေးတစ်ဦးဖြစ်ပြီး မိန်းမနဲ့သမီးကိုလိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတယ် ဒါပေမဲ့ အလွန်အမင်းချုပ်ချယ်တတ်တယ် အိမ်တွင်းအကြမ်းဖက်တယ်။မိန်းမဖြစ်သူမာတီနာက အမြဲတမ်း ဗိုအီတက်ရှ်ရဲ့မျက်နှာကိုကြည့်နေရပြီး ‌ယောက်ျားစိတ်အလိုကျ‌နေထိုင်ပေးနေရတဲ့ လှောင်အိမ်ထဲကငှက်တစ်ကောင်ပမာ အမျိုးသမီးတစ်ဦး။ မာတီနာမှာ အလီစီယာလို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ အလီစီယာမှာက တက္ကသိုလ်ကျောင်းသားအရွယ် သားယောက်ျားလေးတစ်ယောက်ရှိပြီး အလီစီယာတို့သားအမိက အမေတစ်ခုသားတစ်ခုဘ၀နဲ့ ကြိုးစားဖြတ်သန်းနေကြရတာ။ဒီလိုနဲ့ တရက်မှာတော့ မထင်မှတ်ထားတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ဟာ ပေါက်ဖွားလာခဲ့ပြီး ဒီဇာတ်လမ်းဟာ မာတီနာရော အလီစီယာတို့မိသားစုနှစ်ခုလုံးအတွက် ပျက်ကိန်းဆိုက်ဖို့ရာအကြောင်းဖန်လာပါတော့တယ်။ ဒီရုပ်ရှင်ထဲမှာ ရှုပ်ထွေးပွေလီလှတဲ့ အိမ်ထောင်ရေးဇာတ်လမ်းတွေ၊ လူသားတွေရဲ့ ဆန်းကြယ်လှတဲ့လိင်မှုလိုအင်ဆန္ဒတွေအကြောင်းကို နှံ့နှံ့စပ်စပ်ရိုက်ကူးပြသထားပါတယ်။**Sex scene တွေလည်း ဖောဖောသီသီပါ၀င်လို့ မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်တော်ပါဘူး** File size…(1.4 GB)/(736 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Drama, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Unpredictable/ Nieobliczalna (2024)

Nightwatch: Demons Are Forever (2023)
Nightwatch: Demons Are Forever (2023)  Game of Thronesစီးရီးထဲမှာ ဂျေမီလန်နက်စတာနေရာကပါခဲ့တဲ့ မင်းသားကြီး Nikolaj Coster-Waldauနဲ့ ဒိန်းမတ်မင်းသမီးချောလေး Fanny Bornedalတို့ ပါဝင်ထားတဲ့ ထိတ်လန့်သည်းဖိုအမျိုးအစား ဒိန်းမတ်ရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။အရှင်လတ်လတ် ဦးခေါင်းခွံတွေလှန်ပြီး သိမ်းထားလေ့ရှိတဲ့ စိတ္တဇလူသတ်သမားကြီးမရှိတော့တဲ့အချိန်မှာ ပုံတူကူးတဲ့ အမှုတစ်ခုဖြစ်သွားခဲ့တယ်။ အဲဒီစိတ်တ္တဇလူသတ်သမားလက်က လွတ်ခဲ့ရပေမဲ့ စိတ်ဒဏ်ရာတွေနဲ့ကျန်ခဲ့တဲ့ မာတင်နဲ့ အမ်မာဆိုတဲ့ သားဖနှစ်ယောက်။ မိခင်ဖြစ်သူကလည်း ဒီအဖြစ်အပျက်ကြောင့် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့။စိတ်ဒဏ်ရာတွေနဲ့ပဲမနေချင်တဲ့ အမ်မာက သူ့အဖေတားနေတဲ့ကြားကပဲ အဖေဖြစ်သူတစ်ချိန်ကလုပ်ခဲ့တဲ့ မှုခင်းဆေးပညာဌာနက အလောင်းတိုက်မှာ ညစောင့်သွားလုပ်ခဲ့ပါတယ်။ ဒီမှာပဲ သူ့တို့မိသားစုကို စိတ်ဒဏ်ရာတွေပေးခဲ့တဲ့လူသတ်သမား မသေသေးဘူးဆိုတာသိလိုက်ရတဲ့အခါ...။ ထင်မှတ်မထားတဲ့လှည့်ကွက်တွေနဲ့ ရိုက်ကူးတင်ဆက်ထားတာမို့ အားပေးကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.6 GB)/(821 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:54:00 Genre... Horror, Thriller, Mystery  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo 
movie

Nightwatch: Demons Are Forever (2023)

The Clearing (2004)
The Clearing (2004)  The Clearing ဆိုတဲ့ ၂၀၀၄ ခုနှစ်ထွက် ဇာတ်ကားဟာ ခံစားမှုများပြားတဲ့ စိတ်ကူးယဉ်သည့် ဇာတ်လမ်းဖြစ်ပြီး သည်းထိတ်ရင်ဖိုအမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအနေနဲ့ Wayne Hayes (Robert Redford) ဟာ လောဘမပါဘဲ အောင်မြင်မှုရနေသူတစ်ဦးဖြစ်ပြီး၊ သူ့ဇနီး Eileen Hayes (Helen Mirren) နဲ့အတူ ချမ်းသာကျေနပ်စွာနေထိုင်ပါတယ်။ တစ်နေ့မှာတော့ Wayne ကို Arnold Mack (Willem Dafoe) ဆိုတဲ့ လူဆိုးတစ်ဦးက အတင်းဖမ်းဆီးပြီး ပျောက်ဆုံးသွားတဲ့အခါမှာ Eileen နဲ့ မိသားစုဟာ ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုများပြားတဲ့ အခြေအနေကို တွေ့ကြုံရပါတယ်။"The Clearing" ရုပ်ရှင်ဟာ စိတ်ကူးယဉ်နဲ့ ထင်မြင်ချက်တွေကို လှုံ့ဆော်ပေးပြီး ရင်ဖိုစရာအချိန်တွေနဲ့ ပြည့်နှက်နေပါတယ်။ကိုယ်တိုင်ကြည့်ရှုခံစားပေးပါဦး။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre... Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

The Clearing (2004)

Sword Art Online the Movie – Progressive – Scherzo of Deep Night (2022)
Sword Art Online the Movie – Progressive – Scherzo of Deep Night (2022)  IMDb-6.7/10Sword Art Online: Progressive ဇာတ်လမ်းတွဲတွေထဲက ပထမတွဲမှာပါတဲ့အခန်းတစ်ခုကို ပုံဖော်ထားတဲ့ အန်နီမဲရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။၂၀၂၂ နှစ်ကုန်ခါနီးအချိန် ALSနဲ့ DKBဆိုပြီး ဂိမ်းကစားသမားတချို့ပါဝင်ပေါင်းစည်းထားတဲ့ ဂိုဏ်းနှစ်ခု ဦးဆောင်နေတဲ့အချိန် ဂိုဏ်းနှစ်ခုကြား အာဏာလုမှုကလည်း ပြင်းထန်နေပါတယ်။ ဂိုဏ်းခေါင်းဆောင်နှစ်ယောက်က ရန်သူတော်ကြီးကိုရှင်းလင်းပြီး အနိုင်ယူဖို့ အပြင်းအထန်ပြိုင်ဆိုင်နေကြပါတယ်။အာဆူနာဆိုတဲ့ကောင်မလေးကတော့ သူငယ်ချင်းဖြစ်သူကြောင့် ဂိမ်းထဲမှာပိတ်မိနေတဲ့ကောင်မလေး။ ဒီဂိမ်းမှာ သေဆုံးသွားခဲ့ရင် အပြင်လောကမှာလည်းသေဆုံးသွားမှာဖြစ်လို့ အသက်ရှင်သန်ဖို့အရေး ရုန်းကန်နေရပါတယ်။ နှစ်သစ်ကူးအကြိုညအတွက် ပါတီလုပ်ဖို့ ဂိုဏ်းကြီးနှစ်ဂိုဏ်းပူးပေါင်းထားကြပေမဲ့ ပါတီညမှာ ရန်သူတော်ကြီးကို အဖွဲ့တစ်ခုက သွားရှင်းဖို့ကြံထားတာကို အာဆူနာ မတော်တဆကြားသွားခဲ့ရာကစ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ စစ်မက်မဖြစ်ပွဲရေးအတွက် သူငယ်ချင်းတွေအကူအညီရယူပြီး တားဆီးဖို့ကြိုးစားပါတော့တယ်၊(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre... Animation, Action, Fantasy, Science Fiction  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae ...
movie

Sword Art Online the Movie – Progressive – Scherzo of Deep Night (2022)

A Very Vermont Christmas (2024)
A Very Vermont Christmas (2024)  ကြည်နူး​စရာ​ကောင်း​တဲ့ ခရစ္စမတ်​ရုပ်ရှင်​လေး​တစ်ခုနဲ့ မိတ်​ဆက်​ပေးပါရစေ။ ဇာတ်​ကား​နာမည်​က A very Vermont Christmas ဖြစ်​ပြီး ၂၀၂၄ ခုနှစ်​ကမှ ထွက်​ရှိထားတဲ့ Romance​/ Familiy ဇာတ်​ကား​လေး​တစ်ခုပါ။ ဘီယာ​နှစ်​သက်​သူများ ဒီဇာတ်ကားကို သဘောကျ​မှာ သေချာပါတယ်။ ဗားမွန့်ဒေသက မိသားစု​ဘီယာ​လုပ်ငန်း​တွေကို​ အခြေတည်ပြီး ခရစ္စမတ်​ အငွေ့အသက်​တွေ​ ထုံ​မွှန်းထားတဲ့ မိသားစုနဲ့ အချစ်​ဇာတ်လမ်း​လေးဖြစ်ပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့ ဗားမွန့်က နှင်း​လျှော​စီး​စခန်း​မြို့​လေး​ဖြစ်​တဲ့ Maple​ Glen မှာ Mongul Joe's ဆိုတဲ့​ ဘီယာ​ဆိုင်​နဲ့ ဘီယာ​ချက်​ရုံလေးတစ်ခုရှိပါတယ်။ ကွယ်လွန်​သွား​ပြီဖြစ်တဲ့ ဖခင်​ဖြစ်သူ​ Joe တည်​ထောင်​ခဲ့တဲ့ ဒီ Craft Beer လုပ်ငန်းလေးကို သမီး​ဖြစ်သူ​ Joy က အမေဖြစ်သူနဲ့အတူ ဆက်​လက်​လည်​ပတ်​နေတာ ဖြစ်​ပါတယ်။ အဲဒီ​အချိန်​မှာ အင်​အား​ကြီး​ ဘီယာ​ကုမ္ပဏီတွေ​ရဲ့ စျေး​ကွက်​လက်ဝါးကြီး အုပ်မှုကြောင့်​ တစ်ပိုင်တစ်နိုင် Craft Beer လုပ်ငန်း​လေးတွေ ...
movie

A Very Vermont Christmas (2024)

With Love, Your Sweetly Salted (2023) 6.1
With Love, Your Sweetly Salted (2023)  အယ်လီ ဟာ ချီကာကို က စာဖတ်သူတွေရဲ့ အားပေးမှုကို ရရှိထားတဲ့ Sweety Salted အချိုကဲ အငံဓာတ် နာမည်ပြောင် သုံးပြီး ရေးတဲ့ အစားအသောက်ဝေဖန်သူတစ်ယောက်ပါ......ဂုဏ်သတင်းကျော်ကြားပြီး လူပုံဓာတ်ပုံရိုက်မခံလို့ သူ့ကို နာမည်သာ ကြားဖူးကြပြီး ဘယ်သူမှ မမြင်ဘူးကြတဲ့ စာဖိုမှုး ဆတ်ရေနယ်ဒို ဆိုင်သစ်ဖွင့်တော့ အယ်လီရေးလိုက်တဲ့ သူ့ဆိုင်က ဂျဘရီတို အကြောင်းဝေဖန်ချက်ကြောင့် အယ်လီအတွက်ရော ဆတ်အတွက်ပါ အဆင်မပြေမှုတွေဖြစ်လာတဲ့အခါ ဘာတွေဆက်ဖြစ်ပြီး တခါမှမတွေ့ဘူးတဲ့ သူတို့နှစ်ယောက်ဘယ်လိုတွေ့ဆုံကြမယ်ဆိုမလဲဆိုတာ ငြိမ့်ငြိမ့်ညောင်းညောင်းကြည့်ရှုခံစားရမှာပါအစားအသောက်ကားလေးတွေကြည့်ရတာ သဘောကျတဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပါ File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:31:00 Genre... Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar
movie

With Love, Your Sweetly Salted (2023)

The White Ribbon (2009) 7.8
The White Ribbon (2009)  ဒီကားကတော့ 2009 ခုနှစ်မှာ ရွှေကမ္ဘာလုံးဆုနဲ့ Palme d'Or ဆုအပြင် အကောင်းဆုံး နိုင်ငံခြားဘာသာရုပ်ရှင်ဆုအများကြီးရထားတဲ့ ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ပထမကမ္ဘာစစ် မစခင် ဂျာမန် ရွာလေးတစ်ရွှာ မှာ ထူးဆန်းတဲ့ဖြစ်စဉ်တွေဖြစ်ပြီး တစ်ရွာလုံးမှာ ဟိုလူထင်ဒီလူထင်နဲ့ ရက်စက်မှုတွေသံသယဝင်မှုတွေနဲ့ ပြည့်နှက်နေပြီး လူ့သဘာဝတွေကိုဖော်ထုတ်ပြနိုင်တဲ့ ကားကောင်းလေးပါ။ဇာတ်လမ်းကို ဒီထဲက ဇာတ်ကောင် ကျောင်းဆရာကာပြန်ပြောပြတဲ့ပုံစံမျိုးနဲ့ လူတွေရဲ့နက်နဲရှုပ်ထွေးတဲ့ စိတ်တွေ အကြမ်းဖက်မှုတွေ အမှောင်ဘက်ခြမ်းတွေကို လူသဘာဝဆန်ဆန် မြင်တွေ့ရမှာပါ။ ဒီကားကိုတော့ ဒီ dark ဖြစ်တဲ့ feeling တွေ ညစ်ညမ်းမှူတွေကိုပေါ်လွင်အောင် Black and white နဲ့ပဲ ရိုက်ထားပါတယ်။ File size…(2.2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:24:00 Genre... Drama, Mystery, Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie

The White Ribbon (2009)

Skunk (2024) 7.5
Skunk (2024)  IMDb 7.5/10 ထိရရှိထားပြီး Winner ၂ဆု နဲ့ Nomination ၁ခုထိ ရရှိထားတဲ့ကားကောင်းလေးတစ်ကားပါ.....လီယမ်ဟာ abusive ဖြစ်တဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ ရိုက်နှက် နှိပ်စက်ခံလာရင်းကနေ အဖွဲ့တစ်ခုကနေ သူ့ကိုကယ်တင်ပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ ဒီအဖွဲ့ထဲမှာနေရင်း သူ့ရဲ့ အတိတ်ဘဝကို ပြန်လည်ရင်ဆိုင်ပုံ ဒီအဖွဲ့ထဲမှာ ရန်သူတွေ မိတ်ဆွေတွေ နဲ့နေထိုင်သွားပုံကို ကြည့်ရှူရမှာပါ။ဒီဇာတ်ကားရဲ့ Genre ကို Thriller/Drama လို့သတ်မှတ်ထားပါတယ်။ ကြမ်းတမ်းတဲ့စကားတွေ စိတ်အနှောက်အယှက်ပေးနိုင်တဲ့ တချို့ ရိုက်ချက်တွေလည်း ဒီကားထဲမှာပါဝင်ပါတယ်။ဒီကားကို ဒတ်ခ်ျဘာသာစကားကနေ အင်္ဂလိပ်ဘာသာ ပြန်ထားတာကိုမှ တစ်ဆင့်မြန်မာလိုထပ်ပြန်ရတဲ့အတွက် လိုအပ်ချက်တချို့ရှိနေရင်လည်း ခွင့်လွှတ်ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်ဗျ။ File size…(3.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:45:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie

Skunk (2024)

Still Fabulous (2024)
Still Fabulous (2024) Still Fabulous (2024)ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် Comedy/ Romance ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ (18+ Warning အဖော်အချွတ်အခန်းတွေ၊ မိသားစုနဲ့ ကြည့်ရန်မသင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ ပါဝင်ပါတယ်)။ ဇာတ်လမ်းအကျဉ်းကတော့ မက်ဒလေနာဟာ ကိုယ့်ကိုယ်ကိုယ် မုန်းတီး၊ အထင်သေး၊ ယုံကြည်ချက်မရှိတဲ့ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ယောက်ပါ။ သူ့ကိုယ်သူလည်း မုန်းတီးနေသလို ယောကျ်ားတွေကလည်း သူ့ရဲ့ ခန္ဓာကိုယ်ကို ကြိုက်မှာမဟုတ်ဘူးလို့ ထင်နေပါတယ်။ အလုပ်ကလည်း တခြားတစ်ယောက်ရဲ့ ကိုယ်စား နောက်ကွယ်ကနေ အစားရေးပေးရတဲ့ ဆရာရေးဆရာမ လုပ်ကို လုပ်နေရတာပါ။ ဒီလိုတွေဖုံးကွယ်ထားရင်း ဘဝကို ရှင်သန်နေသူပါ။ အလုပ်က ဒိုနာတိုဆိုတဲ့ အယ်ဒီတာတစ်ယောက်ကိုလည်း တဖက်သတ် ကြိုက်နေတာပါ။ မက်ဒလေနာလည်း အပြာကားဝဘ်ဆိုဒ်တွေ ဝင်ကြည့်ရင်း ထူးဆန်းစွာပဲ ဗလန်တီနာဆိုတဲ့ အပြာကားမင်းသမီး တစ်ယောက် သူ့အနားမှာ ပေါ်လာပါတယ်။ ဗလန်တီနာ့ကို သူ တစ်ယောက်ပဲ မြင်ရတာပါ။ ဗလန်တီနာလည်း ယုံကြည်ချက်ပျောက်ဆုံးနေတဲ့ မက်ဒလေနာ့ကို ကူညီပေးဖို့ဖြစ်လာပါတော့တယ်။ မက်ဒလေနာတစ်ယောက် ဗလန်တီနာ့အကူအညီနဲ့ သူ့ဘဝကို ဘယ်လိုတွေ ပြောင်းလဲပစ်လိုက်မလဲ......အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ...
movie

Still Fabulous (2024)

2024
A Prince (2023) 5.6
A Prince (2023) A Prince (2023)ယခုဇာတ်ကားဟာဆိုရင် ထူးဆန်းတဲ့တင်ဆက်ပုံမျိုးနဲ့ ဇာတ်ကားလို့ပဲ ဆိုရမှာပါ။ ကြည့်ရှုသူရဲ့အမြင်ပေါ်မှာ မူတည်ပြီး ခံစားချက်အမျိုးမျိုး ပေးနိုင်မယ်လို့ ထင်ပါတယ်။ IMDb rating အနေနဲ့တော့ 5.6, Rotten Tomatoes 70% ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ပီရဲယ်ဂျိုးဆက်ဖ်ဟာ ဥယျာဉ်ပန်းမန် စိုက်ပျိုးခြင်းပညာကို သင်ကြားနေတဲ့ ကျောင်းသားတစ်ယောက်ပါ။ သူ့အဖေဟာ မုဆိုး၊ သူ့အမေဟာ တိရစ္ဆာန်ရုပ်လုံးသွင်းတဲ့ပညာရှင်တို့နဲ့အတူ ကြီးပြင်းခဲ့ရတဲ့သူပါ။ ဒါပေမယ့် သူ့အဖေနဲ့အမေဟာ အမြဲတမ်း ငြင်းခုန်ရန်ဖြစ်နေကြတာမို့လို့ စိတ်ဒဏ်ရာရခဲ့သူပါ။ ပီရဲယ်ဂျိုးဆက်ဖ်ဟာ အတန်းထဲမှာ ထူးခြားနေတဲ့သူမို့ အတန်းထဲကို စာလာသင်တဲ့ ဆရာရဲ့ ဂရုစိုက်မှုကို ခံရပါတယ်။ ပီရဲယ်ဟာ ဥယျာဉ်မှူးအလုပ်လုပ်ရင်း သူ့ရဲ့ ဆန်းပြားတဲ့ လိင်ပိုင်းဆိုင်ရာ စွဲလန်းမှုပွင့် ထွက်လာပြီး ဘဝကို ရှေ့ဆက်လျှောက်ဖို့ကြိုးစားပါတော့တယ်.....အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်Genre..... Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.3GB | 573MB Format… mp4 Duration…. 1h ...
movie

A Prince (2023)

2023
Romantic Island (2008) 6.2
Romantic Island (2008) Romantic Island (2008)ကိုရီးယားဇာတ်ကားဟောင်းတွေ ပြန်လည်တင်ဆက်ပေးနေကျမှာ ဒီတစ်ခါမှာတော့ Romance, comedy အမျိုးအစား ဇာတ်ကားလေးနဲ့ ပြန်ရောက်လို့ လာပါပြီ။ ကိုရီးယားဇာတ်လမ်းပရိသတ်တွေနဲ့ မစိမ်းတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားတာမို့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမှာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ရိုးရီုးရှင်းရှင်းပါပဲ။ ဖူးစာလူးလာ ဒူးကာလို့မရဘဲ အချိန်ကျရင် ကိုယ့်ကိုချစ်ပေးမယ့်သူ တွေ့မယ်ဆိုသလိုပါ အိမ်ပြေးမလေး ချွဲဆူဂျင်းနဲ နာမည်ကြီးအဆိုတော် ယူဂါယောင်းတို့ ကိုယ်စီ ငြီးငွေ့စရာဘဝကနေ ရုန်းထွက်ဖို့ ဖိလစ်ပိုင်ကို အပန်းဖြေခရီး ထွက်လာခဲ့ကြရာက ကိုယ်စီ ရေစက်ကို ရှာတွေ့ခဲ့ကြပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဦးနှောက်အကြိတ်ကင်ဆာရှိနေတာမို့ ငါတော့ အကျိုးရှိရှိသေမယ်ဟဲ့ဆိုပြီး အာမခံကြေးရဖို့ လုပ်နေတဲ့ Joong Shik လည်း ကျွန်းပေါ်ကို ရောက်နေပြန်ပါသေးတယ်။ Joong Shik တစ်ယောက် သူ့ကိုသတ်ပေးဖို့ ကိုယ်တိုင်ကြေးစားလူသတ်သမား ငှားခဲ့ပြီး၊ ကြေးစားက လုပ်ကြံရမယ့်သူ အမှတ်မှားသွားတဲ့အခါမှာတော့... မတူညီတဲ့ နောက်ခံရှိတဲ့ အတွဲသုံးတွဲရဲ့ ရိုမန်တစ်ကျွန်းပေါ်က ကိုယ်စီဇာတ်လမ်းကို Romance, comedy အမျိုးအစားဖြစ်တာမို့ ရိုမန့်ငြိမ်ငြိမ်လေးကို ဟာသလေးတွေနဲ့ တွဲမြင်ရမှာပဲ ဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

Romantic Island (2008)

2008

Archives