Channel Myanmar

New releases (2025)

Content at random


Movies

Dependence (2023) 6.9
Dependence (2023) Dependenceဇာတ်လမ်းအစမှာ ရီနာဆိုတဲ့နမော်နမဲ့နိုင်လွန်းတဲ့ကောင်မလေးတစ်ယောက် ဒီလိုအကျင့်တွေကြောင့်လုပ်သမျှအလုပ်တွေကအလုပ်ပြုတ်တာခံရတဲ့သူတစ်နေ့ဘားမှအလုပ်လုပ်နေရင် ဆိုနိုဒါဆိုတဲ့စာရေးဆရာကောင်လေးနဲ့တွေဆုံခဲ့ရာ ဆိုနိုဒါက မြင်မြင်ချင်းချစ်မိသွားပါတော့တယ်ဒီတော့သူတို့၂ယောက် လက်တွဲခဲ့ကြပြီး ဘ၀ကိုရင်ဆိုင်ရာ ရီနာဘက်ကတော့အစပိုင်းမှာအဆင်မပြေမှုတွေနဲ့စတင်ခဲ့ပါတယ်တစ်နေ့ ဆိုနိုဒါ ရဲ့အလုပ်ကိုကိစ္စတစ်ခုကြောင့် ရောက်သွားခဲ့ရာ ထုတ်၀ေသူက ရီနာရဲ့အတွေးအခေါ်တွေကို စိတ်၀င်စားလာပါတော့တယ်နှစ်သက်လွန်းလှတာကြောင့် ရီနာတစ်ယောက်ကိုမြေတောင်မြှောက်ပေးခဲ့ရာ ဆိုနိုဒါ ဘက်ကတော့မနာလိုစိတ်တွေကြောင့် သူ့ရဲ့အလုပ်တွေမှာပါထိခိုက်လာပါတယ်ဒီလိုအဆင်မပြေမှုတွေ တိုးပွားလာရာမှ သူတို့အိမ်ထောင်ရေးကို ဘယ်လိုရှေ့ဆက် သွားကြမလဲဆိုတာကိုတော့......( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ )File size_(1.4GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Son Gohan
movie

Dependence (2023)

Between the White Key and the Black Key (2023) 6.0
Between the White Key and the Black Key (2023) ဘားအသေးစားလေးမှာ ဖျော်ဖြေနေတဲ့တီး၀ိုင်းထဲက စန္တယားသမားလေး ဟီရိုရှိကို ဘယ်ကမှန်းမသိတဲ့လူတစ်ယောက် သီချင်းတစ်ပုဒ်တောင်းဆိုလာပါတယ်, ဒီသီချင်းက The Godfather ထဲက ဇာတ်၀င်တေးသီချင်းပါဒါပေမယ့်တစ်ခုရှိတာက ဒီသီချင်းကို ယာကူဇာဘော့စ် ကူမာနိုတစ်ဦးထဲကပဲ တောင်းခွင့်ရှိပြီးတော့ တီးခွင့်ရှိတာကလဲ ဂင်ဇာမြီု့ကနာမည်ကြီးတီး၀ိုင်းမှာတီးနေတဲ့ မီနာမီဆိုတဲ့ စန္တယားဆရာတစ်ယောက်တည်းရှိတာပါ,ဒါကိုမသိပဲ The Godfather သီချင်းကိုဖျော်ဖြေမိသွားတဲ့ ဟီရိုရှီ ရဲ့ ကံကြမ္မာက...( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ )File size_(750MB)/(350MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Son Gohan
movie

Between the White Key and the Black Key (2023)

Eagle Eye (2008) 6.6
Eagle Eye (2008)  အေးအေးနေတတ်တဲ့ ကော်ပီ ကူးတဲ့ အလုပ်သမား ဂျယ်ရီရှော တယောက် က အမေရိကန် လေ တပ်ကနေ ထွက်ခဲ့သူဖြစ်ပါတယ်၊ သူနဲ့ အရမ်းတူတဲ့ သူ့အကို အီသန်ရှော ဟာ ရုတ်တရက် ဆုံးပါးသွားတဲ့နောက် မှာ သူ့အရမ်း ပြောင်းလဲသွားပါတယ်။ အိမ်လခတောင် မှန်မှန်မပေးနိုင်တဲ့ ဂျယ်ရီရှော ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၇ သိန်း ကျော်ရောက်ရှိလာပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူ့အခန်းထဲမှာ လက်နှက်တွေ ၊ ခဲယမ်းမီးခြောက်တွေနဲ့ ပစ္စည်း ပစယတွေ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတယ်။ သူသိပ်အံ့အားသင့်သွားတဲ့အချိန်မှာဘဲ သူ့လက်ကိုင်ဖုံးကို တဦးတယောက် က လှမ်းခေါ်ပါတယ်။ ကိုင်လိုက်တဲ့အခါမှာတော့ ဂျယ်ရီ့ အိမ့်ကို နောက် ၄ မိနစ်အတွင်း မှာဘဲ FBI က ဝင်ရောက်စီးနင်းတော့ မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ၊ ဒါကြောင့် အခုဘဲ လွတ်အောင်ပြေးဖို့နဲ့ ပြေးဖို့နေရာကို ညွှန်ကြားပါတော့တယ်။ ဂျယ်ရီတယောက် မယုံမရဲဖြစ်နေစဉ်မှာဘဲ ၄ မိနစ်ပြည့်သွားတဲ့အတွက် FBI ကနေ တရားမဝင်လက်နှက်တွေ သိုလှောင် ထားတဲ့ ဂျယ်ရီ့ကို ဝင်ရောက်ဖမ်းစီးပါတော့တယ်။ သူနဲ့တချိန်ထဲမှာဘဲ ...
movie

Eagle Eye (2008)

2008
4K HEVC
Garfield: A Tail of Two Kitties (2006) 5.0
Garfield: A Tail of Two Kitties (2006) ဒီကားလေးကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Gerfield 1 ရဲ့အဆက်ဖြစ်တဲ့ Gerfield 2 ပဲဖြစ်ပါတယ်... Gerfield ဆိုတဲ့နာမည်ကိုကြားလိုက်ရင် အရမ်းကိုလည်ပြီးကြောင်ပါးဝတတ်တဲ့ လိမ္မော်ရောင်ကြောင်ဖက်တီးကို ပြေးမြင်ကြမှာပဲဖြစ်ပါတယ်...သူ့ရဲ့စကားပြောဟန်တွေနဲ့ ဝနေတဲ့ သူ့ကိုယ်လုံးကြီးက ပရိတ်သတ်တွေကြားမှာ လွန်စွာကိုချစ်စရာကောင်းနေခဲ့ပါတယ်... Gerfield 1 မှာတုန်းက သူဟာသူ့ရဲ့သူငယ်ချင်းအသစ်ဖြစ်တဲ့ ခွေးလေးအိုဒီနဲ့ တွေ့ဆုံခဲ့ပြီးတော့ သူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်...အဲ့နောက်မှာခွေးလေးအိုဒီကို မကောင်းတဲ့လူတွေလက်ကနေပြန်လည်ကယ်တင်ရင်းကနေ သူ့ရဲ့စွန့်စားခန်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်... အခုတင်ဆက်ပေးမယ့် အပိုင်းသစ် Gerfield 2 မှာတော့ ခွေးလေးအိုဒီအပြင် သူ့နဲ့ရုပ်ချင်းလုံးဝတူနေတဲ့ ကြောင်ဘုရင် Gerfield Prince နဲ့ထပ်မံတွေ့ဆုံရမှာပဲဖြစ်ပါတယ်... သူတို့နှစ်ယောက်ဘယ်လိုတွေ့ဆုံပြီးတော့ ဘယ်လိုတွေစွန့်စားမှု့တွေလုပ်ကြမလဲ... ဘယ်လိုဟာသတွေထည့်သွင်းရိုက်ကူးထားလဲဆိုတာကတော့ အားလုံးစိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်...အားလုံးကြည့်ပြီးကြတဲ့ကားဟောင်းလေးပေမယ့် ''Old but Gold''ဆိုတဲ့စကားအတိုင်း ပြန်လည်သိမ်းဆည်းထားချင်သူများနဲ့ မကြည့်ရသေးတဲ့ပရိတ်သတ်များ ကြည့်ရှု့နိုင်ရန်အတွက်သာဖြစ်ပါတယ်... Gerfield ကတော့ ကျွန်တော့အကြိုက်ဆုံးဇာတ်ကောင်ဖြစ်လို့ Gerfield 1 ကို ကိုယ်တိုင်ဘာသာပြန်ခဲ့ပြီး အခု ညီငယ် Pyae Phyo Hein ရဲ့ ဘာသာပြန်မှု့နဲ့ Gerfield 2 ကိုအားလုံးကြည့်ရှု့နိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်.... File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Animation, Comedy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

Garfield: A Tail of Two Kitties (2006)

2006
It Remains ( 2023 ) 5.9
It Remains ( 2023 ) သဲထိတ်ရင်ဖိုကားတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် ထိုင်ဝမ်သရဲကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ ။ ဒီကားလေးကတော့ အားလုံးကြိုက်လောက်မဲ့ Jump scare တွေအများကြီးမပါဘဲ အသဲတထိတ်ထိတ်နဲ့ကြည့်ရပြီး အဆုံးကျမှ plot twist တွေကိုသိရမဲ့ဇာတ်ကားမျိုးပါ ။ကျိကျယ်ဆိုတဲ့ကောင်လေးဟာ ချစ်သူကိုချစ်ပေမဲ့ အလုပ်များတဲ့သူဖြစ်တဲ့အလျောက် အလေးအနက်သိပ်မထားခဲ့ပါဘူး။ သူတို့ရဲ့ချစ်သူသက်တမ်း ၅နှစ်ပြည့်မှာ ချစ်သူကောင်မလေးက ကားတိုက်ပြီးဆုံးပါးသွားခဲ့ပါတယ် ။ကျိကျယ်တစ်ယောက် ကောင်မလေးရဲ့ သေဆုံးမှုက သူ့အပြစ်တွေကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဆုံးဖြစ်နေခဲ့ပါတယ် ။ ဒီလိုနဲ့စိတ်ဓာတ်ကျမှိုင်တွေနေတဲ့ကျိကျယ်ကို သူငယ်ချင်းတွေက ကျွန်းတစ်ကျွန်း‌ပေါ်က လူသူအရောက်အပေါက်နည်းတဲ့ ရွာလေးဆီကိုအလည်သွားခရီးထွက်ဖို့ပြောလာချိန်မှာတော့...ကျွန်းပေါ်မှာ ဘယ်လိုခြောက်ခြားစရာတွေနဲ့ကြုံရမလဲ ? ကျိကျယ်ရဲ့ချစ်သူသေဆုံးမှုက ကျိကျယ်နဲ့ဘယ်လိုပတ်သတ်နေမလဲ ? သရဲကားဆိုတဲ့အတိုင်း ဒီကားရဲ့အဓိကသရဲက ဘယ်အရာများဖြစ်နေမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုလိုက်ပါအုံးနော်။ Filesize : 1.48 GB / 758 MB Quality : Bluray 1080p , 720p Format : mkv Genres : Horror Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded ...
movie

It Remains ( 2023 )

Hello Ghost! ( 2023 ) 6
Hello Ghost! ( 2023 ) Hello Ghost (2010) ကိုရီးယားကားကို တချို့ ကာရိုက်တာ ပလော့တွေပြောင်းထားပြီး ထိုင်ဝမ်ဗားရှင်းနဲ့ 2023 ခုနှစ်မှာ ရိုက်ကူးတင်ဆက်ထားတာကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကိုပြောရရင်... ဒီလူ့ဘဝကြီးမှာ အသက်ရှင်ဖို့ အကြောင်းပြချက် လိုက်ရှာနေတဲ့ ကောင်လေးတစ်ယောက်... ဘာပဲပြောပြော မွေးနေ့မှာ ဟက်ပီးဘတ်ဒေး ပြောတဲ့သူရှိသင့်တယ်မလား... တစ်ခုခုပင်ပန်းတဲ့အခါ မှီဖို့အနားမှာလူရှိသင့်တယ်လေ... ဘာကြောင့် ဘယ်သူ့အတွက် ဒီလောကမှာ နေပေးရမယ်ဆိုတဲ့ အဖြေကို ရှာမတွေ့တဲ့ ရွှီချန်ဝေတစ်ယောက် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တာပေါ့...အကြိမ်ကြိမ် ကြိုးစားပြီး အကြိမ်ကြိမ် ထူးထူးဆန်းဆန်း သတ်သေတာ မအောင်မြင်ခဲ့ရာကနေ.. ၂၂ ကြိမ်မြောက် ကြိုးစားရာမှာ ခဏတာ နှလုံးရပ်သွားခဲ့ပါတယ်... ပြန်နိုးလာချိန်မှာတော့ ထူးထူးဆန်းဆန်း သူ့ဘဝထဲကို သရဲ ၄ ကောင်ပေါ်လာပါတယ်...ဆေးလိပ်သောက်ကြိုက်တဲ့ အစ်ကိုကြီး... အမြဲ ငိုငိုနေတတ်တဲ့ အစ်မကြီး.... အားနေ ကစားကွင်းသွားချင် ကိတ်မုန့်စားချင်နေတဲ့ ကောင်လေး.... နောက်ပြီး အကကချင်ပါတယ်.. အောင်သွယ်ပေးချင်ပါတယ်ဆိုတဲ့ အဖွားကြီး... တို့ပေါ့...ဒီသရဲလေးကောင်နဲ့ဘယ်လိုစခန်းသွားကြမလဲဆိုတာ ကိုဆက်လက်ကြည့်ရှုရမှာပါ ရယ်မောစရာတွေပါသလို ငိုချင်စရာအခိုက်အတန့်လေးတွေလဲပါတာဆိုတော့ ရသစုံတဲ့ရုပ်ရှင်လေးတကားပဲဖြစ်ပါတယ် Filesize : 1.69 GB / 818 MB Quality : WEB-DL 1080p , 720p Format : mkv Genres : ...
movie

Hello Ghost! ( 2023 )

High Society (2018) 5.6
High Society (2018) High Society (2018)(ကိုရီးယား Drama က မင်းသားမင်းသမီးကြီးတွေပါဝင်ပေမယ့် +18 အခန်းများလဲပါဝင်တာမို့ မိသားစုနဲ့ကြည့်ရှုရန် မသင့်တော်ပါ)လိုချင်တပ်မက်မှုဆိုတဲ့ စိတ်ခံစားချက်ကို အလိုလိုက်ခဲ့မိလို ဘဝဒုက္ခပင်လယ်ဝေခဲ့ရတဲ့သာဓကတွေကို ပရိသတ်ကြီးတို ကြားဖူးမြင်ဖူးနေကျဖြစ်မှာပါ ဒီ High Society ဆိုတဲ့ဇာတ်ကားကလည်း ဂုဏ်သရေရှိ လူထုအသိုင်းအဝိုင်းထဲဝင်ဆံ့ချင်ပြီး ရာထူးအာဏာကို မက်မောမိလို့ စိတ်အလိုလိုက်ခဲ့ကြတဲ့ လင်မယားနှစ်ယောက်ရဲ့ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်ဂျန်ထယ်ဂျွန်းဟာ စီးပွားရေးမေဂျာသင်ကြားပြသတဲ့ တက္ကသိုလ်ကျောင်းဆရာတစ်ဦးဖြစ်ပြီး သူ့အတန်းချိန်ဆို နေရာလွတ်ဆိုတာ မမြင်ရလောက်တဲ့အထိ မေဂျာပေါင်းစုံက ကျောင်းသားပေါင်းစုံလာတတ်ကြတဲ့ နာမည်ကြီးပါမောက္ခတစ်ဦးပါ နိုင်ငံရေးဆိုင်ရာအကြောင်းအရာတွေကို ဝါသနာထုံပြီး နိုင်ငံရေးလောကထဲ ခြေဆန့်ဖို ကြိုးစားနေတဲ့သူပါအိုဆူယွန်းကတော့ မီရယ်ယဉ်ကျေးမှုစင်တာမှာ လက်ထောက်ဒါရိုက်တာတာဝန်ကို ထမ်းဆောင်နိုင်ပြီး ဒါရိုက်တာရာထူးကို တပ်မက်နေတဲ့သူပါ ကိုယ်စီလိုအင်ဆန္ဒတွေနဲ့ လင်မယားနှစ်ယောက်ဟာ ဖြစ်ချင်တဲ့ဆန္ဒလမ်းကို လမ်းလျှောက်ဖို အလင်းတန်းပေါ်လာချိန်မှာ လောဘရှေ့တန်းတင်ကာ ရတဲ့အခွင့်အရေးကို ဖမ်းဆုပ်ရင်း လောဘနွံထဲတိုးဝင်ကြပါတော့တယ်တစ်ဖက်မှာလည်း သူတိုအလုပ်ဝင်လုပ်နေတဲ့ အဖွဲအစည်းကြီးတွေဟာ အကျင့်ပြခြစားမှုများစွာရှိပြီး ငွေမည်းခဝါချမှုတွေအပြင် ပြည်သူ့အသက်ကို ခုတုံးလုပ်ဖိုဝန်မလေးကြပါဘူး....... မကောင်းမှုတွေကြီးစိုးနေတဲ့အမှောင်ထုထဲမှာ လင်မယားနှစ်ယောက် ဘယ်လိုရုန်းထွက်ကြမလဲဆိုတာကို ကြည့်ရှုရမယ့်အပြင် မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့လူ့သဘာဝ လောဘရဲ့နိဂုံး မိမိကိုယ်ကို ပြန်ကယ်တင်လိုရတဲ့နည်းလမ်းတွေကိုပါ ပရိသတ်ကြီးတို Message ...
movie

High Society (2018)

2018
Deliverance ( 2024 ) 6.5
Deliverance ( 2024 ) မှတ်ဉာဏ်က အားနည်းတယ်။ မှတ်ဉာဏ်က လူကို လိမ်နိုင်တယ်။ မှတ်ဉာဏ်က အန္တရာယ်ရှိတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်က မိသားစု တစ်စုမှာ အားကုန်ကြိုးစားပြီး ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ......နိုင်ငံခြားက ပြန်လာတဲ့ ဖန်ရွှယ်အာဟာ သူ့ကို ချစ်တဲ့ အစ်ကို ၂ ယောက်နဲ့ ခင်ပွန်းလောင်းတစ်ယောက်ရှိပြီး စိတ်ချမ်းသာစရာ ဘဝကို ပိုင်ဆိုင်ထားရသူတစ်ယောက် ဖြစ်ပါတယ်။ သူ့အတွက် စိတ်မချမ်းမြေ့စရာ တစ်ခုတည်းသော အကြောင်းအရာကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်က အမေဆုံးသွားချိန်မှာ ဘေးမှာရှိနေရက်နဲ့ အဲဒီအချိန်ကို မမှတ်မိဘဲ အတိတ်မေ့နေခဲ့တာကြောင့် ဖြစ်ပါတယ်။စိတ်ကျန်းမာရေးပညာရှင်ဖြစ်သူ အစ်ကိုကြီးက အိပ်ငွေ့ချပြီး ကူညီပေးခဲ့တဲ့အချိန်မှာ သူ့အမေက သဘာဝအတိုင်းသေဆုံးသွားတာ မဟုတ်ဘဲ တစ်ယောက်ယောက်က လည်ပင်းညစ်သတ်ခဲ့တာဖြစ်ကြောင်း မြင်ခဲ့ရပါတယ်။ တဖြည်းဖြည်းနဲ့ အဲဒီ လည်ပင်းညစ်တဲ့လူက အစ်ကို ၂ ရဲ့ ပုံရိပ်လို ပေါ်လာတဲ့အခါ......လွန်ခဲ့တဲ့ ၁၅ နှစ်က အမေ့ကိုသတ်တဲ့ တရားခံက ဘယ်သူဖြစ်မလဲ...... အတိတ်က အကြောင်းအရာတွေကို ပြန်လည်စုံစမ်းခြင်းက သူတို့မိသားစုအတွက် ဘယ်လိုမုန်တိုင်းကြီးတွေ ကျရောက်လာစေမလဲ...... ဆိုတာကို သဲထိတ်ရင်ဖိုရိုက်ကွက်နဲ့ ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ကြောက်တတ်တဲ့လူတော့ သတိထားဖို့ လိုလိမ့်မယ်နော်။ Filesize ...
movie

Deliverance ( 2024 )

Drive (2024)
Drive (2024) Drive (2024)*************ပြန်ပေးဆွဲကားတွေကိုမှ ကြိုက်နှစ်သက်သူများအတွက်Mouse , Love All Play နဲ့ Zombie Detective တို့မှမင်းသမီးချောလေး Park Ju Hyun က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဟန်ယူနာ (Park Ju-Hyun) ဟာဆိုရင် subscriber ၇ သိန်းကျော်ရှိတဲ့နာမည်ကြီး YouTuber တစ်ယောက်ပါ။သူ့ဘဝလေးက သာ‌ယာချောမွေ့နေခဲ့ပေမဲ့လည်း တစ်နေ့မှာ ဘယ်သူဘယ်ဝါမှန်းမသိနိုင်သူရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတော့တယ်။ပြန်ပေးသမားက ယူနာကို ကားနောက်ဖုံးထဲမှာ ထည့်ထားပြီးတစ်နာရီကြာ live လွှင့်ခိုင်းပြီးတော့ ဝမ် ၆၅၀ မီလီယံရအောင် ရှာခိုင်းပါတော့တယ်။Live လွှင့်ချိန် တစ်နာရီအတွင်း ယူနာတစ်ယောက်ပြန်ပေးသမားက ဘယ်သူလဲဆိုတာကို ဘယ်လိုဖော်ထုတ်သွားမလဲ။ပြန်ပေးသမားဆီကနေ လွတ်မြောက်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာကိုရင်ဖိုစွာနဲ့ ကြည့်ရှုရမဲ့ ရုပ်ရှင်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားထားပါတယ်။) File size…1.27GB / 560MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h ...
movie

Drive (2024)

Deception (2008) 6.0
Deception (2008)  နာမည်ကြီးမင်းသားတွေဖြစ်တဲ့ X-Men မင်းသားHugh Jackman နဲ့ Ewan McGregor တို့အပြိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ Deception ကတော့ MysteryThriller နဲ့ Drama အမျိုးအစားဖြစ်ပါတယ်။နယူးယောက်ရဲ့ကော်ပိုရေးရှင်းလုပ်ငန်းကြီးတွေမှာစာရင်းစစ်အနေနဲ့လှည့်လည်လုပ်ကိုင်နေတဲ့ဂျိုနသန်ဟာတစ်ရက်မှာ ရှေ့နေဝှိုက်ဆိုသူနဲ့သိကျွမ်းပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။ဝှိုက်ကတစ်ဆင့် တရားမဝင်လိင်အပန်းဖြေကလပ်တစ်ခုထဲရောက်သွားပြီး အက်စ်လို့သာသိရတဲ့ကောင်မလေးတစ်ယောက်ကိုတကယ်ချစ်မိသွားခဲ့ပါတယ်။တစ်ရက်မှာတော့ ဂျိုနသန်နဲ့အက်စ်တို့ရဲ့ဟိုတယ်ဒိတ်တစ်ခုမှာအက်စ်ကိုပြန်ပေးဆွဲသွားတဲ့အခါမှ ဝှိုက်ဆိုသူဟာ လူလိမ်၊လူသတ်သမားတစ်ဦးဖြစ်နေမှန်းသိလိုက်ရပါတယ်။ကုမ္ပဏီကြီးတစ်ခုရဲ့တရားမဝင်ရန်ပုံငွေသန်း ၂၀ ကိုလွှဲပြောင်းမပေးဘူးဆိုရင် အက်စ်ကိုသတ်မယ်လို့ခြိမ်းခြောက်လာတဲ့အခါမှာတော့ သူချစ်တဲ့အက်စ်ကိုပြန်ရဖို့ ကိန်းဂဏန်းတွေကိုကျွမ်းကျင်ပိုင်နိုင်တဲ့စာရင်းစစ်ဂျိုနသန်တစ်ယောက် လည်လွန်းတဲ့လူလိမ်ဝှိုက်နဲ့ ဥာဏ်ရည်ပြိုင်ဆိုင်ရပါတော့တယ်။  File size…1.67GB / 756MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 47m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Deception (2008)

Treasure (2023) 6.1
Treasure (2023)   ဒီရုပ်ရှင်လေးကတော့ ဖြစ်ရပ်မှန်ပေါ်မှာအခြေခံထားတာဖြစ်ပါတယ်။ ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ Edek Rothwax ကဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တွေရဲ့ နာမည်ကြီးအော့ခ်ျဝစ် အကျဉ်းထောင်ကနေ မသေလို့ ကံကောင်းထောက်မပြီး လွတ်လာခဲ့တယ်။သူဟာ အမေရိကန်မှာအခြေချပြီး ဘဝကို စိတ်ဒဏ်ရာတွေနဲ့နေထိုင်ခဲ့ကာသမီးလေးတစ်ယောက်ထွန်းကားခဲ့တယ်။သမီးဖြစ်သူ Ruth က ဂျာနယ်လစ်တစ်ယောက်ဖြစ်ပြီးတစ်နေ့မှာတော့ သူမ အဖေရဲ့ မွေးရပ်မြေ ပိုလန်နိုင်ငံကသူမအဖေ အမေတို့ရဲ့ ရှင်သန်ကြီးပျင်းခဲ့ရာနေရာကို သွားလည်ဖို့ဆုံးဖြတ်ခဲ့တယ်။ဒီလိုနဲ့ အဖေ နဲ့ သမီးတို့ နှစ်ယောက်သား ပိုလန်ခရီးစဉ်စတင်ခဲ့ပါတယ်။ဒီ ဇာတ်ကားလေးမှာတော့ ဂျာမန်လူသတ်စခန်းဆီက ရခဲ့တဲ့စိတ်ဒဏ်ရာတွေ၊ ပိုလန်နိုင်ငံရဲ့ မှိုင်းပျခြောက်ကပ်တဲ့ ခံစားချက်တွေနဲ့ အဖေနဲ့သမီးရဲ့ကြားက ချစ်ခြင်းမေတ္တာ၊ ဆက်ဆံရေးတွေကိုခံစားရှုစားကြရမှာပါ။ဇာတ်လမ်းဇာတ်ကွက်က အေးအေးဆေးဆေးလေးပဲသွားထားပြီးစိတ်ထဲ တွေးရင်းတောရင်းနဲ့ သူတို့နှစ်ယောက်ရဲ့ ခရီးစဉ်လေးထဲစီးမျောလိုက်ရအောင်လားခင်‌ဗျာ။  File size…1.61GB / 889MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Treasure (2023)

Sleepless (2017) 5.6
Sleepless (2017)   ဗင်းဆင့်ဒေါင်း က Las Vegas ရဲတပ်ဖွဲ့ရဲ့ အရာရှိတစ်ယောက်ပါ။Vegas မြို့မှာက မူးယစ်ဆေးဝါးဂိုဏ်းတွေ ခြေချင်းလိမ်ပြီးရဲတပ်ဖွဲ့ထဲအထိပါ မူးယစ်ဆေးဘက်တော်သားတွေရှိနေခဲ့တယ်။ဗင်းဆင့်ဒေါင်းနဲ့ သူ့ပါတနာ ကလည်း ထူးမခြားနားပါပဲမူးယစ်ဆေးဂိုဏ်းတွေနဲ့ ပတ်သတ်နေခဲ့တယ်။တစ်နေ့မှာတော့ ဗင်းဆင့်ဒေါင်း နဲ့ သူ့ပါတနာ ရှောင်ကဆ် တို့သူများရဲ့ ကိုကိန်းအိတ်ကြီး သွားလုရာက မြို့မှာ အာဏာကြီးတဲ့မူးယစ်ဂိုဏ်းရဲ့ ကိုကိန်းအိတ်ကြီး ဖြစ်နေလို့ ပြဿနာတက်ပါတော့တယ်။အက်ရှင်ကား ပီပီ တိုက်ခန်းခိုက်ခန်း ဆဲဆိုခန်းတွေအပြည့်နဲ့Vegas ရဲတပ်ဖွဲ့ထဲက အရှုပ်တော်ပုံတွေအကြောင်းကို ခံစားကြည့်ရှုကြရမှာပါ။ဗင်းဆင့်ဒေါင်းတယောက် ဒီပြဿနာကြီးကို ဘယ်လိုရှင်းမလဲဆိုတာအတူတူ ခံစားရှုစားလိုက်ကြရအောင်ခင်ဗျာ။ File size…1.64GB / 859MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

Sleepless (2017)

2017
Dog Days (2024) 6.7
Dog Days (2024) "Dog Days" (2024) ဇာတ်ကားဟာ ကိုရီးယားရုပ်ရှင်တစ်ကားဖြစ်ပြီး ခွေးတွေနဲ့လူသားတွေရဲ့ ဆက်ဆံရေးအကြောင်းကို အလွမ်းအနေအထားတွေနဲ့ ရယ်မောစရာဇာတ်အိမ်တွေကိုပေါင်းစပ်ထားပါတယ်။ ဇာတ်လမ်းအတွင်းမှာ ခွေးတွေရဲ့ရင်းနှီးမြှုပ်နှံမှုက မိသားစုနှင့်လူသားတွေရဲ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်လာသလဲဆိုတာကို ပုံဖော်ပေးထားပါတယ်။ မိသားစုနှင့်ချစ်ခြင်းမေတ္တာ၊ လူသားမှုဆိုင်ရာဆက်ဆံရေးများကို ရင်ထဲထိစေသည့်ဇာတ်လမ်းများဖြစ်ကြပြီး ခွေးတွေနဲ့ပတ်သက်သည့်အထူးအကျိုးသက်ရောက်မှုများကို ရှင်းပြပေးထားပါတယ်။မိသားစုရင်းနှီးမှုနဲ့ ခွေးများ၏ချစ်ခြင်းမေတ္တာကို အခြေခံထားသည့် ဇာတ်ကားတစ်ကားဖြစ်တာကြောင့် ခွေးချစ်သူများအတွက် အပန်းဖြေစေမယ့် ရုပ်ရှင်ဖြစ်ပါတယ်။( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ )File size_(1.8GB)/(780MB) Quality_HEVC 1080p / 720p Format_mp4 Duration_01:59:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Son Gohan
movie

Dog Days (2024)

Klem (2023) 6.3
Klem (2023) Klem ( 2023 )ဒတ်ချ်ကားကိုမှ အီတလီမှာ ဇာတ်အိမ်တည်ထားပြီး ဝိုင်လုပ်ငန်းတွေ စပျစ်ခြံတွေနဲ့ အီတလီရဲ့ အလှတရားတွေ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ နယ်သာလန်က ပြောင်းလာတဲ့လူတွေ အီတလီမှာ အခြေချဖို့ကြိုးစားရင်း စပျစ်ခြံလုပ်ငန်းထဲ ဝင်ပတ်သက်မိရာကနေ စပျစ်ခြံကိုလိုချင်နေတဲ့ အီတလီမားဖီးယားတွေနဲ့ နယ်သာလန်က မိသားစုနှစ်စု ရင်ဆိုင်ရတဲ့အကြောင်းပါပဲ။ မှုခင်းကားကိုမှ ဥပဒေရေးတွေပါ ရောပြီး သမထားတဲ့အပြင် ဒီမိသားစုနှစ်စုရဲ့ခင်မင်မှုကိုကြည့်ရတာလည်း ချစ်စရာကောင်းတာမို့ အငွေ့အသက်ပေါင်းစုံ ပေါင်းပြီးရနေမယ့် မှုခင်းကားပေမဲ့ စိတ်ပျော်စရာ ပေါ့ပေါ့ပါးပါးကားလေးပါပဲ။ ဇာတ်ကလည်း အကွေ့တွေအကောက်တွေနဲ့ ထူးတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် ကားတစ်ကားရှာနေရင်တော့ အရွေးမမှားလောက်ပါဘူး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1.7GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W
movie

Klem (2023)

Kis Kisko Pyaar Karoon (2024) 5.6
Kis Kisko Pyaar Karoon (2024) Kis Kisko Pyaar Karoon (2015)"ဘယ်သူ ကိုယ့်လောက်ချစ်မလဲ" IMDb - 5.6/10Netflixကတင်ဆက်ပေးခဲ့တဲ့ရှိုးမှာ အရမ်းပေါက်ခဲ့တဲ့ The Great Indian Kapil Showက ကာပီလ်ရဲ့ ဟာသဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။မတော်တဆ အသဲကွဲတမ်းကစားမိတာမဟုတ်ဘဲ ကံကောင်းလားဆိုးလားဝေခွဲမရဘဲ မိန်းမသုံးယောက်ရသွားရှာသူ။ဘယ်လိုမှ ငြင်းဆန်မရဘဲ ယူလိုက်ရတဲ့ မိန်းမသုံးယောက်ကို တစ်နေရာဆီမှာထားရင်း အဆင်ပြေအောင်နေဖို့ကြိုးစားရှင်သန်ဖို့ကြိုးစားခဲ့။ခက်တာက တစ်နယ်ဆီမှာထားတော့ တစ်ယောက်ကို တစ်ညနှုန်းနဲ့ ကျန်တဲ့နှစ်ညက အလုပ်သွားရမှာဆိုပြီး ဆင်ခြေပေးထားတာဆိုတော့ ကျန်တဲ့နှစ်ယောက်က မနက်ခင်းအာဘွားလေးပေးစေချင်တဲ့အတွက် ဆရာသမားတိုင်ပတ်ပါလေရော။ဒီမှာ သူငယ်ချင်းဖြစ်သူရှေ့နေရဲ့ အကြံဉာဏ်အတိုင်း သုံးယောက်လုံးကို အဆောက်အဦးတစ်ခုတည်းက မတူညီတဲ့အလွှာတွေမှာ တစ်ခန်းစီထားဖို့ စီစဉ်ပါတော့တယ်။ဒီမှာပဲ ဆရာသမားကြုံတွေရတဲ့ ဒုက္ခသုခတွေကို မပြုံးဘဲ ဝါးလုံးကွဲရယ်ရင်းခံစားကြည့်ရှုရမှာပါ။ (စာကြွင်း - မိန်းမမပြောနဲ့ စော်တောင်မရှိတဲ့ ကလေကချေအက်ဖ်အေတွေကြည့်ရှုရန်မသင့်ကြောင်း)(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 3.06GB /1.43GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kis Kisko Pyaar Karoon (2024)

2015
The Andromeda Strain (1971) 7.2
The Andromeda Strain (1971)  ဒီဇာတ်လမ်းလေးကတော့ ၁၉၀၀ခေတ်လောက်တုန်းက ဇီဝလက်နက်ကိုလျို့ဝှက်တီထွင်စမ်းသပ်ရာကနေပိုးကပျံ့နှံ့သွားပြီ ဇီဝကပ်ဆိုက်လုဆဲဆဲ‌အခြေ‌အနေကနေ ဘယ်လိုတွေဖြေရှင်းကြမလဲဆိုတာကြည့်ကြရမှာဖြစ်ပါတယ်ဂျရမီဆိုတဲ့သပ္ပံပညာရှင်တွေနဲ့အဖွဲ့က သူတို့ကိုအရေးပေါ်အခြေနေဖြစ်နေလို့ခေါ်ယူတာခံလိုက်ရပြီးမှ ဇီဝကပ်ဆိုက်တော့မယ်ဆိုတာသိလိုက်ရပါတယ် ဒီလိုနဲ့စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာ အဲဒီဇီဝပိုမွှားက ကမ္ဘာပေါ်ကမဟုတ်ဘဲ အာကသကလာတာဖြစ်ကြောင်းတွေ့လိုက်ရပါတယ် အဲဒီလိုနဲ့အစိုးရကဖုံးဖိထားပြီးတီထွင်နေတဲ့ဇီဝလက်နက်အကြောင်းကိုဘယ်လိုတွေရင်ဆိုင်လိုက်ရမလဲ ကမ္ဘာကြီးကရော ဒီကပ်ဘေးကနေလွတ်မြောက်နိုင်မလားဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ် File size…(2.2 GB)/(950 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:11:00 Genre... Mystery, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M.Minhtike
movie

The Andromeda Strain (1971)

Lohusa (2024) 5.4
Lohusa (2024)  Postpartum Depression ဆိုတာ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ကလေးမွေးဖွားပြီးခါစ မေမေတွေမှာဖြစ်တတ်တဲ့ စိတ်ကျရောဂါလက္ခဏာတွေဖြစ်ပြီးတော့ မေမေတွေအတွက်ခက်ခက်ခဲခဲကျော်ဖြတ်ရတဲ့ stage ပဲဖြစ်ပါတယ်။အခုမိတ်ဆက်ပေးချင်တာကတော့ postpartum အကြောင်းကိုအခြေခံပြီး၊ ကလေးမွေးထားခါစမေမေနှင့် ဖေဖေတို့ ကြုံတွေ့ရတဲ့ပထမ ဆုံးရက် ၄၀အကြောင်းကိုရိုက်ကူးထားတဲ့ Lohusa ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။Netflix ကနေထွက်ရှိထားပြီး Rating 5.4 ရရှိထားတဲ့ (comedy/romance) ဇာတ်ကားလေးဖြစ်ပြီး အမျိုးသမီးတွေကြားထဲက အချင်းချင်းကူညီဖေးမမှုအရေးကြီးပုံနဲ့ ကလေးကိုပြုစုရာမှာဖေဖေရဲ့အရေးကြီးပုံကိုလည်း ပြထားတဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်နေစဥ်နှင့် မွေးပြီးခါစ မှာ postpartum Depression ဖြစ်တာကပုံမှန်ဆိုတာကို မသိတဲ့ဇာတ်ဆောင်ဟာ အရမ်းသန်မာတဲ့မေမေလုပ်ချင်ပြီး တစ်ယောက်တည်းဘယ်သူ့အကူညီမှမယူဘဲ လူမှုရေးတွေရော၊ ကလေးကိစ္စတွေရော လုပ်တာကနေပြဿနာတွေစဖြစ်ပါတော့တယ်။ဘယ်လိုပြဿနာတွေလဲ သူဘယ်လိုကျော်လွှားမလဲ စတာတွေကိုတစ်ကားလုံးဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်းလေးမို့တင်ဆက်လိုက်ရပါတယ်။ ကိုကိုတွေမောင်မောင်တွေနဲ့အတူတူကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားလေးဆိုလည်းမမှားပါဘူး။ File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:58:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Theint
movie

Lohusa (2024)

Auschwitz (2011) 5.0
Auschwitz (2011)  ဒီfilm ကတော့ ထုတ်လုပ်သူနဲ့ ဒါရိုက်တာ Uwe Boll ရိုက်ကူးထားတဲ့ နာဇီတွေရဲ့ ကွန်ဆန်ထရေးရှင်းစခန်း ( Concentration camp) အကြောင်းနဲ့ ဂျူးလူမျိုးတွေကို ရက်ရက်စက်စက် အဆိပ်ငွေ့တိုက် သတ်ဖြတ်ခဲ့တဲ့အကြောင်းကို လက်တွေ့ဆန်တဲ့ ရုပ်ပုံတွေနဲ့ အရှိကိုအရှိအတိုင်း ရိုက်ကူးတင်ဆက်ထားတဲ့ German Documentary film တစ်ပုဒ်ပဲဖြစ်ပါတယ်။နာဇီတွေရဲ့ လူသားချင်းမစာနာ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ တကယ်လက်တွေ့ ကွန်ဆန်ထရေးရှင်းစခန်းရဲ့ ခြောက်ခြားစရာ လူမျိုးပြုန်းသတ်ဖြတ်မှုတွေကို ကျောင်းသားတွေကို ဗဟုသုတနဲ့ပညာပေးဖွယ်ဖြစ်အောင် ရိုက်ကူးထားတာမို နာဇီသမိုင်းအကြောင်းစိတ်ဝင်စားပြီး အခြေခံအဆင့်ကစ သိချင်တဲ့သူတွေအတွက် လက်မလွတ်တမ်းကြည့်သင့်တဲ့ Documentary တစ်ပုဒ်ပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:12:00 Genre_Drama, War, History Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin
movie

Auschwitz (2011)

Kung Fu Monster ( 2019 ) 5.7
Kung Fu Monster ( 2019 ) Jan 3 (2018) ရက်နေ့ကမှ ရုံတင်ပြသသွားတဲ့ Kung Fu Monster ဆိုတဲ့ဇာတ်ကားကောင်း..ဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအညွှန်းလေးကတော့ မင်မင်းဆက်ခေတ်နှောင်းပိုင်းမှာ နန်းတွင်းမှာအာဏာကြီးနေတဲ့ မိန်းမစိုး စွေးယွိဟော့ဟာ အမွှေးမဲတွေဖုံးလွှမ်းနေတဲ့ မကောင်းဆိုးဝါး တစ်ကောင်ကို လူသတ်လက်နက်အဖြစ်လေ့ကျင့်ပေးဖို့ သူ့ရဲ့ကိုယ်ရံတော်ခေါင်းဆောင် ဖုံးစေ့ဟိုင်ကို တာဝန်ပေးလိုက်ပါတယ်ဒီမကောင်းဆိုးဝါးလေးရဲ့ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ဟန်ပန်လေးကို တွေ့ပြီးမလေ့ကျင့်ပေးရက်တော့ပဲ လွှတ်ပေးလိုက်မိတယ် ဒီလိုနဲ့ ဖုံးစေ့ဟိုင်နဲ့ မကောင်းဆိုးဝါးကောင်လေးကို ဆုတွေအများအပြား ထုတ်ပြီး လိုက်လံဖမ်းဆီးခြင်းကိုခံရတာပေါ့ဖုံးစေ့ဟိုင်အဖမ်းခံရတဲ့အခါမှာ သူ့ချစ်သူက သူ့ကိုကယ်တင်ဖို့ အဖွဲ့တစ်ဖွဲ့စုပြီး တော့ မကောင်းဆိုးဝါးကောင်လေးနဲ့ပါ ပူးပေါင်းလိုက်ပါတယ်..ဒီလိုပုံစံမတူနဲ့အဖွဲ့နဲ့ မကောင်းဆိုးဝါလေးတို့ ပူးပေါင်းပြီး စွင်းယိဟော့ကိုဘယ်လိုရင်ဆိုင်ရကြမလဲ.. စိတ်ဝင်တစားစောင့်ကြည့်ရမယ့်ဇာတ်ကားလေးဖြစ်သလို Monster နဲ့ပတ်သတ်တဲ့တရုတ်ကားတွေထဲမှာတော့ ဒီကားလေးကိုအတော်လေးသဘောကျမိပါတယ်ဘာသာပြန်နဲ့အညွှန်း Phyo Zaw ဖြစ်ပါတယ် Filesize : 1.90 GB / 1.13 GB Quality : WEB-DL 1080p , 720p Format : mkv Genres : Action , Fantasy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie

Kung Fu Monster ( 2019 )

2018

Genres

Archives