Channel Myanmar

New releases (2025)

Content at random


Movies

Inside I’m Dancing / Rory Oshea Was Here (2004)
Inside I’m Dancing / Rory Oshea Was Here (2004) မင်္ဂလာပါ ရုပ်ရှင်ချစ်သူတို့ရေ! ဒီနေ့မှာ "Rory O'Shea Was Here" ဆိုတဲ့ ၂၀၀၄ ခုနှစ်ထွက် ရုပ်ရှင်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ လူ့ဘဝရဲ့ အားမာန်နဲ့ ပြည့်စုံမှုကို ရင်ထိုးရင်နာဖြစ်စေမယ့် ဒရာမာဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ Michael (Steven Robertson) ဟာမွေးစဥ်ကတည်းကမသန်စွမ်းသူ ဖြစ်ပြီး အပြင်းအထန်ကြံ့ကြံ့ခံစိတ်ဓာတ်နဲ့ ဘဝကို ကြုံကြုံဆန်ဆန် ရင်ဆိုင်နေသူတစ်ဦးပါ။ သူဟာ တစ်ချိန်မှာ Rory O'Shea (James McAvoy) နဲ့ တွေ့ဆုံခဲ့ပြီး အကျွမ်းတဝင်ဖြစ်လာပါတော့တယ်။Rory ကသွားလာရခတ်တဲ့ဒုက္ခတတစ်ယောက် ဖြစ်သော်လည်း သူ့ရဲ့ စိတ်အားမာန်နဲ့ ဘဝကို ပြန်လည်စတင်ဖို့ကြိုးစားနေသူဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဘဝကို အခွင့်အရေးရဖို့ ကြိုးစားနေကြတဲ့ လူငယ်နှစ်ဦးပါ။ Rory ရဲ့ ကူညီမှုနဲ့ Michael က ပိုမိုလွတ်လပ်တဲ့ ဘဝကို ရယူဖို့ကြိုးစားပါတော့တယ်။ သူတို့အခက်အခဲတွေကို ရင်ဆိုင်ရင်း ဘဝရဲ့ အနုပညာနဲ့ ...
movie

Inside I’m Dancing / Rory Oshea Was Here (2004)

Paparazzi (2004)
Paparazzi (2004) Paparazzi ၂၀၀၄ ခုနှစ်ထွက် စုံထောက်ဆန်ဆန်အက်ရှင်ကားလေးတင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းကတော့ နာမည်အတိုင်းပဲပါပါရာဇီတွေကြောင့် အောင်မြင်ခါစရုပ်ရှင်မင်းသားတစ်ယောက်ဒုက္ခရောက်ရပုံကိုရိုက်ထားတာပါ...ပါပါရာဇီဆိုတာကတော့ နာမည်ကြီးတဲ့လူတွေနောက် တကောက်ကောက်လိုက်နေတဲ့သတင်းထောက်တွေကိုပြောတာပါ...ဇာတ်လမ်းအကြောင်းပြောရရင် ဘိုလာရာမီးဟာ အောင်မြင်ခါစရုပ်ရှင်မင်းသားတစ်ဦးပါ...သူဟာမိသားစုကိုအလေးထားသူပါ....ဘိုလာရာမီးဟာ တရှိန်ထိုးအောင်မြင်လာသူဖြစ်လေတော့ သူ့နောက်ကိုပါပါရာဇီတွေလိုက်ကြပါတယ်....အဲ့ထဲကမှပါပါရာဇီတစ်အုပ်စုဟာ ဘိုလာရာမီးရဲ့မိန်းမနဲ့သူ့သားပုံတွေကိုပါချောင်းရိုက်ပြီး မဂ္ဂဇင်းမှာတင်တဲ့အခါ ဘိုလာရာမီးနဲ့ညှိပါတော့တယ်...တစ်ရက်ကျ ထိုပါပါရာဇီအုပ်စုကြောင့် ဘိုလာရာမီးတို့မိသားစုမောင်းနှင်လာတဲ့ကားတိမ်းမှောက်သွားပြီး ဘိုလာရာမီးရဲ့သားလေးဟာကိုမာဝင်သွားပါတယ်.... ထိုအခါဘိုလာရာမီးဘယ်လိုပြန်လက်စားချေမလဲ... ကားတိမ်းမှောက်မှုကိုစုံစမ်းတဲ့စုံထောက်ဘာတွန်ကရော ဘယ်လိုမျိုးဆက်စုံစမ်းမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ.... File size…(1.69 GB)/(924 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

Paparazzi (2004)

Mr. 3000 (2004)
Mr. 3000 (2004) အားလုံးပဲ မင်္ဂလာပါ ဒီတစ်ခေါက် ဘာသာပြန်ထားတဲ့ ဇာတ်ကားလေးကတော့ ၂၀၀၄တုန်းက ထွက်ထားတဲ့ Mr 3000ဆိုတဲ့ဟာသအားကစားရုပ်ရှင်လေးပါ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Charles Stone IIIက ရိုက်ကူးထားပြီး နာမည်ကြီးဟာသသရုပ်ဆောင် Bernie Macနဲ့ Angela Bassett တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ ဘေ့စ်ဘောလောကနေ အနားယူသွားပြီဖြစ်တဲ့ မေဂျာလိဂ်ကစားသမား စတန်းရော့စ်ဟာ ရိုက်ချက် ၃၀၀၀ပြည့်ပြီး ကြယ်ပွင့်စာရင်းဝင်အဖြစ် အသိမှတ်ပြုခံရဖို့ သူ့အသက် ၄၇နှစ်မှာ ဘေ့စ်ဘောလောကထဲသို့ ခြေချလာပါတော့တယ် အသက်အရွယ်ရတာနဲ့အညီ ခေတ်ရေစီးကြောင်းတိုးတက်မှုနဲ့ တစ်တန်းတည်း မလိုက်နိုင်တဲ့ စတန်းရော့စ်တစ်ယောက် မကစားတာကြာပြီဖြစ်တဲ့ ဘေ့စ်ဘောကို လူငယ်တွေနဲ့အပြိုင် ဘယ်လို ကစားမလဲ အသင်းဖော်တွေနဲ့ရော ဘယ်လို လိုက်လျောညီထွေဖြစ်အောင်နေမလဲ သူလိုချင်တဲ့ပန်းတိုင်ကို အဆုံးသတ်မှာ ရောက်ပါ့မလားကို ရယ်ကာမောကာ ကြည့်ရှုရမှာဖြစ်ပါတယ်ဟာသကား အားကစားရုပ်ရှင် ကြိုက်တဲ့ပရိတ်သတ်ကြီးအတွက် စတန်းရော့စ်ရဲ့ ဘေ့စ်ဘောလောကသို့ တစ်ကျော့ပြန်ခရီးကို မိတ်ဆက်ပေးလိုက်ပါတယ်ဇာတ်ညွှန်းရေးသားသူ - April ...
movie

Mr. 3000 (2004)

In the Land of Women (2007) 6.4
In the Land of Women (2007)  In The Land Of Women (2007)စာရေးဆရာကောင်လေး Carter က စော်ပစ်ခံရပြီးနောက်ပိုင်း ဒီပျက်ရှင်ဝင်ရာကနေ သူ့ရဲ့နေမကောင်းတဲ့အဖွားကိုပြုစုရင်း တစ်ယောက်တည်းနေတော့မယ်ဆိုပြီး LA ကနေ Michigan မြိုလေးကို ပြောင်းလာခဲ့တယ်။အဲဒီမှာ Sarah ဆိုတဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးနဲ့တွေ့ပြီး ရင်ဖွင့်ဖြစ်ရင်း ရင်းနှီးလာရာကနေ Sarah ရဲ့ သမီးနှစ်ယောက်နဲ့ ခင်မင်ပြီး သူ့ရဲ့ စာရေးဖို စိတ်အားထက်သန်မှုတွေပါ ပြန်လည်ပေါ်ပေါက်လာခဲ့တယ်။ဒါပေမဲ့ Carter ရဲ့ Sarah အပေါ် ခံစားချက်တွေက အိမ်နီးချင်းမိတ်ဆွေအဆင့်ထက်ပိုလာရုံတင်မကဘဲ Sarah ရဲ့ သမီးကြီး Lucy ကပါ Carter အပေါ် စိတ်ယိုင်လာတော့ နဂိုကတည်းက ဖောက်ပြန်မှုရှိနေတဲ့ Sarah တိုမိသားစုကြား ဘယ်လိုရှုပ်ထွေးမှုတွေဖြစ်ကုန်မလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဟာသတွေနဲ့နှောပြီး စိတ်ဝင်စားဖွယ်ရာ ဆက်လက်ကြည့်ရှုလိုက်ပါဦးဗျာ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )File size_(1.3GB)/(750MB) Quality_Blu-Ray ...
movie

In the Land of Women (2007)

Casshern (2004)
Casshern (2004) ဒီဇာတ်ကားကတော့ လူသားမျိုးနွယ်ကို ခြိမ်းခြောက်နေတဲ့ ရန်သူအသစ်ကို တိုက်ထုတ်ဖို့အတွက် superhuman စွမ်းအားနဲ့ အသက်ပြန်ရှင်လာခဲ့တဲ့ လူငယ်တစ်ံယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဂျပန် sci-fi ကားပဲဖြစ်ပါတယ်။ဒီရုပ်ရှင်မှာ စစ်ပွဲတွေရဲ့ အကျိုးဆက်တွေအပေါ် လေးလေးနက်နက်သုံးသပ်ချက်တွေကို တွေ့မြင်ရမှာဖြစ်ပြီး အက်ရှင်ပြကွက်အကြမ်းစားတွေနဲ့ သူ့ခေတ်သူ့အခါက အကောင်းဆုံး CGI တွေပေါင်းစပ်ထားတဲ့အတွက် ကြည့်ရတာ အရသာတစ်မျိုးတော့ဖြစ်နေမှာပါ။ ဇာတ်သွားက ကြည့်ရတာရှုပ်ထွေးနိုင်ပေမယ့် ရှုပ်ထွေးတာကိုမှကြိုက်တဲ့သူတွေအတွက်ကတော့ ဇာတ်ကားကောင်းလို့ပြောလို့ရပါတယ်။ File size…(1.6 GB) Quality….Webrip  720p Format…mp4 Duration….01:40:00 Genre... Drama, Horror, Science Fiction  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min
movie

Casshern (2004)

The Little Alien (2022)
The Little Alien (2022) ကွာရှင်းတော့မယ့် မိဘတွေကြောင့်နဲ့ စိတ်ဆင်းရဲရပေမယ့် သူ့ရဲ့စိတ်ခံစားချက်ကို ထုတ်မပြောဘဲ အဆင်ပြေချင်ယောင်ပဲဆောင်နေခဲ့တဲ့ အာလန်ဆိုတဲ့ ကောင်လေးတစ်ယောက်။ မိဘတွေကွာရှင်းပြီးတော့ အာလန်လေးဟာ အဖေဖြစ်သူနဲ့အတူတူ နေရာအသစ်ကိုပြောင်းရွှေ့ခဲ့ကြပါတော့တယ်။ အာလန်လေးတို့ပြောင်းတဲ့နေရာအသစ်မှာနေတဲ့ ယူအက်ဖ်အိုကလပ်ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူဟာ အမြဲတမ်း ဂြိုဟ်သားတွေကို‌ ထောက်လှမ်းနေရာကနေ အာလန်လေးရောက်လာတဲ့အချိန်မှာပဲ ထူးထူးဆန်းဆန်း ဂြိုဟ်သားတွေဆီကနေ တုံ့ပြန်ချက်တွေရခဲ့ပါတော့တယ်။အဲဒီမှာ ဒုဥက္ကဋ္ဌဟာ အာလန်လေးကို ဂြိုဟ်သားလို့ထင်သွားရာကနေ သူတို့နှစ်ယောက်တွေ့ဆုံကြရင်း တကယ်ပဲ ဂြိုဟ်သားမလေးနဲ့ တွေ့ဆုံကြတဲ့အချိန်မှာတော့ ...... အာလန်လေးနဲ့ ဂြိုလ်သားမလေးတို့ တွေ့ဆုံကြရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကို ကြည့်ရှုရမယ့် ကာတွန်းကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်)File size…(1.4 GB)/(704 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...  Animation, Adventure,, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura 
movie

The Little Alien (2022)

[21+] My Girlfriend – Sister [MIDV-747]
[21+] My Girlfriend – Sister [MIDV-747]  MIDV-747အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် ပျိုမြစ်နုနယ်ပြီး တောင့်တင်းဖြောင့်စင်းနေတဲ့အလှလေး Rokka Onoရဲ့ ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အစ်မဖြစ်သူနဲ့စကြိုက်ကတည်းက အမြဲတမ်းအမြင်မကြည်ဘဲ ပြဿနာရှာနေတတ်တဲ့ ညီမဖြစ်သူ ရီကာ။ တစ်ရက် ရေခဲမု့န်ဆိုင်ကို မဖြစ်မနေလာတွေ့ဖို့ခေါ်လို့ မငြင်းနိုင်ဘဲသွားလိုက်ရတယ်။တွေ့ကြတဲ့အချိန် ဘာလို့ မုန်းနေရတာလဲမေးတော့ ချစ်လို့တဲ့။ အတူရှိနေချင်လို့တဲ့။ ဘယ်လောက်ပဲငြင်းငြင်း အစ်မဖြစ်သူနဲ့တိုင်မယ်ချည်းပြောနေတဲ့အတွက် မငြင်းနိုင်ဘဲ ရီကာလေးပြုသမျှနုရတဲ့ ကောင်ဆိုးလေး။ရီကာလေး ဘယ်လောက်ပဲပြုစားပြုစား ကောင်းဆိုးလေးကတော့ ပန်းတွေနဲ့ဝေနေတဲ့ကြားက ရိုးတံကလဲကျမသွားတာမို့ ခံစားကြည့်ရှုကြပါဦး(အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoပဲဖြစ်ပါတယ်) File size… 2.87GB/ 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zeo
movie

[21+] My Girlfriend – Sister [MIDV-747]

Moments We Shared ( 2024 ) 6.1
Moments We Shared ( 2024 ) Cameo အလန်းတွေနဲ့ ပြည့်နေတဲ့ Moment We Shared လေးနဲ့ အတူCM ချစ်ပရိတ်သတ်တို့ဆီ ပြန်လာပါပြီ... ဒီနေ့မှာတော့ ဘဝတွေထဲက ဘဝအကြောင်းကို ကာတွန်းတစ်ဖုံ အချစ် အလွမ်း အဆွေး မိသားစု ခံစားချက်တွေ ရောပြီး ရုပ်ရှင်တစ်ဖန် ဖန်တီး တင်ဆက်ထားတဲ့ Moment We Shared ဆိုတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆို ငယ်စဉ်တည်းက အဖွားလက်ထဲ ကြီးပြင်းလာရတဲ့ လျိုရှီစန်းတစ်ယောက်... မြို့သေးလေးမှာ ကြီးပြင်းလာပြီး မြို့ကြီးပြကြီးမှာနေရတဲ့ ဘဝကို ခံစားချင်နေတဲ့ လျိုရှီစန်းတစ်ယောက်... သူ့အိပ်မက်တွေအတိုင်း မြို့ကြီးမှာ တက္ကသိုလ်တွေတက်ပြီး အလုပ်ဝင်ခဲ့ပေမယ့်... ဘဝက ရေခဲမုန့်စားသလို မချိုမြိန်ဘူးလေ...အာမခံကုမ္ပဏီမှာ ဝင်ပြီး အလုပ်လုပ်ခဲ့ပေမယ့်.. အထက်ဖား အောက်ဖိ တဲ့အသိုင်းအဝိုင်း... အရက်သောက်မှ ခင်ချင်တဲ့ အသိုင်းအဝိုင်း.... ပတ်သက်မှုရှိမှ လူရာသွင်းချင်တဲ့အသိုင်းအဝိုင်းကြားမှာ နေရတာ ဘယ်အဆင်ပြေပါ့မလဲ...သူ့ခဗျာ မအောင်မြင်သရွေ့ အဖွားဆီမပြန်ဘူးလို့ တွေးနေပေမယ့်... ပြောနေပေမယ့်လည်း... စိတ်ထဲမှာ အကြိမ်ကြိမ် အဖွားရှိတဲ့ မြို့လေးကို ပြန်နေခဲ့တာကနေ ရုတ်တရက်ကြီး တကယ် အဖွားအိမ်ကို ပြန်ရောက်သွားခဲ့တယ်...ဘာကြောင့်ပြန်ရောက်တယ်မသိပေမယ့် တစ်ခဏတော့ ဘဝအမောတွေကို မေ့ပြီး ဘဝရဲ့ အရသာကို တစ်ဆင့်ချင်း ပုံဖော်ပြသွားတာဆိုတော့ ပရိသတ်တို့လည်း ဘဝအမောတွေထဲက ခဏလေး ရုန်းထွက်နိုင်ဖို့ ...
movie

Moments We Shared ( 2024 )

The Young Hoodlum ( 2024 ) 5.8
The Young Hoodlum ( 2024 ) ဆင်းရဲမှာနဲ့ သေမှာ ဘယ်ဟာကိုကြောက်လဲ။ The Young Hoodlum ရုပ်ရှင်က က ဆယ်ကျော်သက်အရွယ် ကောင်လေး ၄ ယောက် ငွေနောက်လိုက်ပြီး လမ်းမှားပေါ် ရောက်သွားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ဝူချန်ဟန့်ဟာ ညီမလေးရီရွှမ်းနဲ့အတူ အရက်သမားအဖေရဲ့ နှိပ်စက်သမျှ ခံနေရသူဖြစ်ပါတယ်။ နောက်ထပ် သူ့လို အောက်ခြေဘဝမှာ အတူတူကြီးပြင်းလာတဲ့ ညီအစ်ကိုလို ခင်ရတဲ့ သူငယ်ချင်း ၃ ယောက်လည်း ရှိပါသေးတယ်။ သူတို့ ၄ ယောက်ဟာ ငွေလွယ်လွယ်နဲ့ ရမဲ့ လိမ်လည်ရတဲ့ အလုပ်တွေကိုပဲ အပျော်လို့ သဘောထားပြီး လုပ်နေကြပါတယ်။ရီရွှမ်းရဲ့ မွေးနေ့မှာ လျိုဖျင်ရန်ဆိုတဲ့ ကောင်မလေးနဲ့ ခင်သွားခဲ့ပြီး သူတို့ မမြင်ရတဲ့ ဘဝတစ်မျိုးကို မြင်ခဲ့ရပါတယ်။ ပိုက်ဆံကို လွယ်လွယ်နဲ့ ရှာခဲ့ပြီးနောက် လောဘဇောမသက်နိုင်ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးမှာ လျိုဖျင်ရန်က ဦးဆောင်ပြီး သူ့မိဘဆီက ပိုက်ဆံတောင်းဖို့ ပြန်ပေးဆွဲတဲ့ ဇာတ်လမ်းကို ကြံစည်ကြပါတော့တယ်။ဒါပေမဲ့ လူ့စိတ်ဆိုတာ ခန့်မှန်းရခက်တဲ့အတွက် သူတို့ ပြန်ပေးဆွဲဖို့ အကြံအစည်က အောင်မြင်ပါ့မလား...... စနောက်ခြင်းကနေ ဒုစရိုက်အစစ် ကျူးလွန်မိသွားတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : ...
movie

The Young Hoodlum ( 2024 )

Love in Focus (2023) 6.0
Love in Focus (2023)  ဒီဇာတ်ကားကတော့ Romantic ဆန်ဆန် Drama ဇာတ်ကားလေးဖြစ်ပြီးတော့ သရုပ်ဆောင်တွေအနေနဲ့ Dan Fowlks နဲ့ NicolaPosener တို့က ဦးဆောင်ပြီးတော့ ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအသွားလေးက စိတ်ဝင်စားဖို့ကောင်းပြီးတော့တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်တွေရှိနေကြပေမယ့်အဲဒီခံစားချက်တွေကို ဖွင့်မပြကြပဲ တိတ်တခိုးချစ်နေတဲ့အချစ်မျိုးကို ပုံဖော်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် Jenna ဟာသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီးတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေးဟာ ဖျက်သိမ်းခံလိုက်ရပါတယ်။အဲဒါကြောင့် စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် အေးချမ်းတဲ့နေရာလေးတစ်ခုဆီကို ခရီးထွက်လာပါတယ်။ အဲဒီလိုနဲ့ ဓာတ်ပုံဆရာလေး Chris နဲ့ အမှတ်မထင်တွေ့သွားပြီး‌တော့ ရင်းနှီးသွားကြပါတယ်။ သူတို့နှစ်ယောက်ကြားက သံယောဇဉ်တွေဟာတဖြည်းဖြည်းခိုင်မာလာပြီးတော့ ကာယကံရှင်တွေကိုယ်တိုင်တောင်သတိမထားမိပဲ ချစ်မိသွားကြပါတယ်။အဲဒီအချစ်ကို သူတို့အနေနဲ့ ဘယ်လိုတွေဖော်ပြသွားကြမလဲဆိုတာကို ကြည်နူးစွာကြည့်ရမှာပါ။ File size…3.01GB / 1.09GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie

Love in Focus (2023)

No Escape (2015) 6.8
No Escape (2015) No Escape (2015) IMDb Rating (6.7) / Rotten Tomatoes (48%) မင်းသားကြီး Pierce Brosnan , Owen Wilson , မင်းသမီး Lake Bell တို့အဓိကပါဝင်ထားတဲ့ သည်းထိတ်ရင်ဖို Action/Thriller ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ Budget $5 million ပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ Box office $54.4 million ပြန်လည်ရရှိခဲ့တာကြောင့် လူကြိုက်များ အမြတ်များခဲ့တဲ့ရုပ်ရှင်ကားကြီးပါ။ ဇာတ်လမ်းကိုတော့ အရှေ့တောင်အာရှတစ်နိုင်ငံလို့ အမည်ခံထားပေမယ့် ထိုင်းလိုလို ကမ္ဘောဒီးယားလိုလိုဖြစ်နေပြီး ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတွေကတော့ ဒီရုပ်ရှင်ကားကို ဘန်းထားခဲ့ပါတယ်။ ဇာတ်လမ်းကတော့... အမေရိကန်နိုင်ငံသား အင်ဂျင်နီယာ ဂျက် ဟာ သူ့မိသားစုနဲ့ အတူ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံကို ရေသိုလှောင်ရေး စီမံကိန်း အလုပ်ကိစ္စနဲ့ ခရီးထွက်ခဲ့ပါတယ်... သူတို့အဲ့နိုင်ငံရောက်ရောက်ချင်းပဲ ဘာလို့မှန်းမသိဘဲ အဲ့နိုင်ငံကသောင်းကျန်းသူတစ်စုဟာ အမေရိကန်နိုင်ငံသားတိုင်းကို လိုက်သတ်နေတာကြုံရပါတော့တယ်... ဒီတော့ သူတို့မိသားစုဟာ ရောက်ရောက်ချင်းဘာမှအခြေမကျခင်မှာပဲ အသက်လုပြေးရတဲ့ ဘဝကိုရောက်သွားပါတော့တယ်... ဒါပေမယ့် ...
movie

No Escape (2015)

2015
Boiling Point (2023) 7.6
Boiling Point (2023) စားသောက်ဆိုင်တစ်ဆိုင်ကို စီမံရတဲ့စားဖိုမှူးခေါင်းဆောင်တစ်ယောက်လုပ်ရတာက တစ်ကယ်ပဲလွယ်ကူမှုရှိရဲ့လားစားသောက်ဆိုင်တစ်ဆိုင်လည်ပတ်ရတာကရော ရိုးရှင်းရဲ့လားစားဖိုမှူးတစ်ယောက်က အစားအသောက်လေးကိုချက်ပြုတ်ရုံလေးပဲလို့ထင်မိလားဒီလိုထင်မိရင်တော့ ဒီကားလေးကိုကြည့်လိုက်ပါ။အန်ဒီဆိုတဲ့ စားဖိုမှူးခေါင်းဆောင်နဲ့အတူ စားသောက်ဆိုင်ရဲ့လည်ပတ်ပုံတွေကို ကိုယ်တိုင်လိုက်ပါကြည့်ရှုလိုက်ပါ။မိသားစုပြဿနာတွေကြားဗျာများနေရပေမယ့်အန်ဒီတစ်ယောက် ခရစ်စမတ်အကြိုသောကြာနေ့ညအတွက် စားဖိုဆောင်မှာအကောင်းဆုံးတာဝန်ထမ်းဆောင်နေပုံတွေစားသောက်ဆိုင်အလုပ်ရဲ့ ဖိအားတွေပြဿနာတွေကို ကိုယ်တိုင်စားသောက်ဆိုင်ထဲမှာရောက်နေသယောင်ဖြစ်အောင် Single Shot နဲ့ပဲရိုက်ကူးထားပြီး ဆုလေးဆုရကာ ဆု(၁၄)ဆုမှာဇကာတင်စာရင်းဝင်ထားတဲ့ဇာတ်ကားဆိုတော့ ကြည့်လိုက်မိလို့နောင်တရစရာမရှိမှာတော့သေချာပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )File Size__(1.66GB) / (850MB) Quality__1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__01:36:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by a hao 
movie

Boiling Point (2023)

Rendel: Cycle of Revenge (2024)
Rendel: Cycle of Revenge (2024) IMDb Rating – 5/10 ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရန်ဒယ် ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာ ဗာလာဆေးဝါးထုတ်လုပ်ရေးကော်ပိုရေးရှင်းကြီးကို အဘိုးဖြစ်သူ အက်ဒ်ဝပ်ကော့စ် လက်ထဲကနေ လွှဲပြောင်းယူထားတဲ့ ခရစ်စတိုဖာ “စမိုင်လီ” ကော့စ်က မကောင်းမှုဒုစရိုက်တွေကို ပြုလုပ်နေပြီး မျက်နှာဖုံးတပ် စူပါဟီးရိုး ရန်ဒယ်က သူ့မိသားစု သတ်ဖြတ်ခံခဲ့ရတဲ့အတွက် ယင်းကော်ပိုရေးရှင်းကြီးကို သူတစ်ယောက်တည်း ရင်ဆိုင်ကာ ကလဲ့စားချေမယ့်အကြောင်းကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။File size…(1.6 GB)/(833 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Action  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw 
movie

Rendel: Cycle of Revenge (2024)

No Time to Spy: A Loud House Movie (2024)
No Time to Spy: A Loud House Movie (2024) IMDb 6.5 / RT 85% ရထားတဲ့ ကာတွန်းကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ဒီကားလေးက စပိုင်ကာတွန်းကားလေးပါ။ လင်ကွန်းဆိုတဲ့ကောင်ကလေးက စပိုင်ကာတွန်းတွေကိုကြိုက်တဲ့သူဖြစ်ပြီး စပိုင်တစ်ယောက်ဖြစ်ချင်နေတဲ့ကောင်လေးပါ။ လင်ကွန်းရဲ့အဖိုးက စပိုင်အေးဂျင့်တစ်ဦးဖြစ်တဲ့ မာတယ်လ်ဆိုတဲ့အမျိုးသမီးကြီးနဲ့ ကျွန်းလေးတစ်ခုပေါ်မှာ မင်္ဂလာပွဲသွားလုပ်ဖို့ရှိနေပါတယ်။ ဒီလိုနဲ့ လင်ကွန်းနဲ့ အမျိုးအဆွေ ကလေးတစ်သိုက်လည်း အဖိုးအဖွားနှစ်ယောက်နဲ့အတူ မင်္ဂလာပွဲခရီးစဉ်ကိုလိုက်ပါလာခဲ့ပါတယ်။ ဒါပေမဲ့ ခရီးစဉ်မှာ မထင်မှတ်ထားခဲ့တဲ့အရာတစ်ခုဖြစ်လာပါတယ်။ဒါကတော့ လင်ကွန်းရဲ့ အဖွားတော်စပ်လာတော့မယ့် မာတယ်လ်ရဲ့ ဟိုးအရင်ကရန်သူဟောင်းကြီးတစ်ယောက်ဟာ လက်စားချေဖို့ရာပြန်ရောက်လာခဲ့တာပါ။ ဒီလိုနဲ့ စပိုင်ဖြစ်ချင်တဲ့လင်ကွန်းနဲ့ အဖွားဖြစ်သူမာတယ်လ်တို့ဟာ ဗီလိန်ကြီးကို အားလုံးရဲ့အကူအညီနဲ့ အတူလက်တွဲနှိမ်နင်းဖို့ရာအကြောင်းဖန်လာပါတော့တယ်။ ကာတွန်းကားပေမဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက စပိုင်ရုပ်ရှင်တွေထဲကလိုဖြစ်ပြီး စိတ်၀င်စားစရာလည်းကောင်း ရယ်စရာ‌လည်းကောင်းတာကြောင့် ကာတွန်းကားကြည့်ပြီးအပန်းဖြေချင်နေတဲ့သူတွေအတွက်ကတော့ ကွက်တိပါပဲ။ File size…(1.5 GB)/(846 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Action, Animation, Adventure, Comedy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

No Time to Spy: A Loud House Movie (2024)

Innocent Voices (2004)
Innocent Voices (2004) IMDb Rating (7.8/10)El Salvador နိုင်ငံရဲ့ပြည်တွင်းစစ်ကြားထဲက ၁၁နှစ်အရွယ် Chava ဆိုတဲ့ကောင်လေးရဲ့ဖြစ်ရပ်မှန်အပေါ်မှာ အခြေခံထားတဲ့ကားလေးပါ၊၁၉၈၀မှာ စစ်တပ်နဲ့လယ်သမားတွေ မြေကိစ္စနဲ့ပဋိပက္ခတွေဖြစ်ရာကနေ လယ်သာမားတွေကလက်နက်ဆွဲကောင်ကြရင်း ပြောက်ကျားတပ်ဖြစ်လာခဲ့ပြီး ပြည်တွင်းစစ်ကိုဦးတည်လာခဲ့ပါတော့တယ်၊ Chava ဟာ သူ့အမေရယ် သူ့အစ်မနဲ့ညီလေးနဲ့‌ေနထိုင်ပြီး Chava အဖေဖြစ်သူဟာ စစ်ပွဲတွေစတင်ဖြစ်ကထဲက Chava တို့မိသားစုကိုထားခဲ့ပြီး အမေရိကကိုထွက်သွားခဲ့တာပါ၊ Chava တယောက်က မိသားစုကိုကူညီပေးရင်း ပျော်ပျော်ပဲနေတတ်တဲ့ ကလေးငယ်လေးပါ၊ အပူအပင်မရှိတဲ့ Chava ရဲ့ဘဝအတွက် မဖြစ်ချင်ဆုံးက သူအသက် ၁၂နှစ်ပြည့်မှာကိုပါပဲ၊စစ်တပ်ဟာ အသက်၁၂နှစ်ပြည့်တဲ့ကောင်လေးမှန်သမျှကို ကလေးစစ်သားအဖြစ်ခေါ်ဆောင်နေခဲ့တာပါ၊ ပြည်တွင်းစစ်အခြေအနေတွေကလည်း တဖြည်းဖြည်းပိုဆိုးလာပြီး Chava တယောက်ကလည်း အသက်၁၂နှစ်ပြည့်ဖို့နီးကပ်လာပြီး Chava တို့မိသားစုအဖို့စိုးရိမ်တွေပဲဖြစ်လာနေခဲ့ပါတော့တယ်၊ သာမာန်ကလေးတယောက်ကို နေထိုင်နေရမယ့်အရွယ်မှာ အရွယ်နဲ့မလိုက်ကြုံတွေ့ခဲ့ရတဲ့ ကလေးတယောက်ရဲ့ဖြစ်ရပ်မှန်ဘဝကိုပုံဖော်ထားခဲ့ပြီး တကယ်ဝမ်းနည်းစရာတွေနဲ့ပြည့်နှက်နေတဲ့ကားလေးပါ File size…(3.3 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre... Drama, War  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Innocent Voices (2004)

Nahir (2024)
Nahir (2024) Imdb - 4.7/10အာဂျင်တီးနားတစ်နိုင်ငံလုံးကို ဂယက်​ရိုက်​သွားခဲ့တဲ့ မှုခင်းကို ပြန်လည်​ရိုက်ကူး​ထား​တဲ့ ဖြစ်ရပ်​မှန်​ရုပ်ရှင်​ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်​မှ ထွက်​ရှိထားပြီး Crime/ Drama ရုပ်ရှင်​အမျိုးအစား​ဖြစ်​ပါတယ်။ စပိန်စကား​ပြော အာဂျင်တီးနား ရုပ်ရှင်​ဖြစ်​ပြီး Nahir Galarza ဆိုတဲ့​ ၁၉ နှစ်အရွယ်​ မိန်းကလေး​တစ်ဦး​ ကျူးလွန်​ခဲ့တယ်ဆိုတဲ့ မှု​ခင်း​တစ်​ခုကို​ အခြေ​ပြု​ထား​ပြီး ဖြစ်​ရပ်​မှန်​ကို စိတ်​ကူး​ယဥ် element အချို့​ ထည့်​သွင်း​ထား​တဲ့ ဇာတ်လမ်း​ဖြစ်​ပါတယ်။ဇာတ်လမ်းအကျဥ်း​ကတော့​ Nahir က Gualeguaychú မြို့​မှာ ဖခင်​ဖြစ်သူ​ ရဲအရာရှိ၊ မိခင်နဲ့ မောင်​လေးတစ်ဦးနဲ့ အတူနေထိုင်တဲ့ ၁၉ နှစ်အရွယ်​ မိန်းကလေး​တစ်ဦး​ဖြစ်ပါတယ်။ ရည်းစားဖြစ်သူ Fernando နဲ့ တကျက်ကျက် စကား​များ​လေ့ရှိ​ရာမှ တစ်​နေ့မှာ​ Fernando သေနတ်​နဲ့အပစ်ခံရပြီး ဆုံး​ပါးသွားပါတယ်။ Nahir​ က သူ့လက်ချက်ဖြစ်ကြောင်း ဝန်​ခံရာကနေ ဒီရုပ်ရှင်​ကိုအစပြုထားပါတယ်။Nahir​ Galarza​ အမှုဟာ အာဂျင်တီးနား ...
movie

Nahir (2024)

Unexpected (2022)
Unexpected (2022) (IMDb 4.4/10)မင်းသားကြီး Joseph Mazzello နဲ့ မင်းသမီးကြီး Anna Camp တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Comedy/ Drama/ Romance ဇာတ်ကားလေးတစ်ကားပါဒီဇာတ်ကားလေးမှာလည်း ပေးချင်တဲ့ message ကတစ်မျိုးလေးပါပဲ ရင်ထဲတစ်ခုခုတော့ကျန်မှာသေချာပါတယ် ကျွန်တော်တို့နေထိုင်နေတဲ့လောကကြီးကလည်း လိုတာမရ ရတာမလိုနဲ့ အတော်ကိုထူးဆန်းတာမျိုးပဲမလား ကျွန်တော်တို့ မျိုရိုးဗီဇရဲ့ဖြစ်တည်မှုဆိုတာကြီးကလည်းထူးဆန်းတဲ့ဖြစ်ရပ်တစ်မျိုးပါပဲဇာတ်အိမ်လေးကတော့ ဘော့ နဲ့ အေမီ တို့လင်မယားနှစ်ယောက်ဟာ ကလေးလိုချင်လွန်းလို့ကြိုးစားနေကြတဲ့သူတွေပေါ့ ဆေးစစ်ချက်မှာ အေမီ ရဲ့အားနည်းချက်ကြောင့်မရနိုင်တာလို့သိတဲ့အချိန်မှာ အေမီ တစ်ယောက်ဆောက်တည်ရာမရခဲ့ဘူး ဂီတဝေဖန်ရေးဆောင်းပါးရေးတဲ့ ဘော့ ကလည်းကလေးရဖို့စိတ်နဲ့ပဲ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ အလုပ်ပြောင်းခံရနဲ့ နှစ်ယောက်စလုံး စိတ်ထောင်းကိုယ်ကြေဖြစ်နေတဲ့အချိန်ပေါ့တစ်နေတော့ ကြော်ငြာတစ်ခုမှာ ကျေးလက်ကအိမ်လေးတစ်အိမ်အရောင်းတင်ထားတာကို အေမီ တစ်ယောက်တွေ့သွားပြီးတော့ ကျေးလတ်ဒေသလေးမှာ လင်မယားနှစ်ယောက် စိတ်ထွက်ပေါက်တစ်ခုအနေနဲ့သွားပြီး ကလေးရဖို့ နောက်ထပ်တစ်နည်းနဲ့ကြိုးစားဖို့အခွင့်အရေးကိုလုပ်ကြဖို့ဆုံးဖြတ်လိုက်ကြရာကနေ........အဲဒီဒေသမှာ တွေရတဲ့လူတွေနဲ့ ဘယ်လိုဆက်ဆံရေးတွေဖန်တီးမှာလည်း....ဝယ်လိုက်တဲ့အိမ်ကရော အဆင်ပြေရဲ့လား...... သူတို့ရဲ့ရည်ရွယ်ချက်ကိုရော အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကိုတော့........ဒီဇာတ်ကားလေးကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်File size…(1.5 GB)/(810 ...
movie

Unexpected (2022)

The Scarehouse (2014)
The Scarehouse (2014) ဒီတစ်ခေါက် ဘာသာပြန်ထားတဲ့ကားလေးကတော့ သည်းထိတ်ရင်ဖိုကြိုက်နှစ်သက်တဲ့သူတွေ လက််မလွတ်သင့်တဲ့ကားလေးပါဇာတ်ကားနာမည်လေးက The Scarehouseလို့ ခေါ်ပြီး ၂၀၁၄ကထွက်ထားတာမို့ ထွက်တာကြာပြီးဖြစ်တဲ့ကားဟောင်းလေးပါ နာမည်ကြီးဒါရိုက်တာနဲ့ ထုတ်လုပ်သူ Gavin Michael Boothက ရိုက်ကူးထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်ဇာတ်ကားအကျဉ်းလေးကတော့ လွန်ခဲ့တဲ့နှစ်နှစ်မှာ ကောလိပ်ကျောင်းသူတစ်စု ဝမ်းနည်းစရာ ဖြစ်ရပ်တစ်ခု ကြုံတွေ့ခဲ့ရပါတယ် နှစ်နှစ်အကြာ ကောလိပ်ကျောင်းသူ၆ယောက်ဟာ သရဲအိမ်ပါတီပွဲကို ဖိတ်ကြားခြင်းခံရပါတယ် ဒါပေမဲ့ သရဲအိမ်ထဲရောက်သွားချိန်မှာတော့ သူတို့ထင်သလို ပါတီပွဲက ပျော်စရာမကောင်းနေတဲ့အခါ သူတို့ကို ဘယ်သူဖိတ်တာလဲ ဘာကြောင့်ဖိတ်ခံရတာလဲ ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကို The Scarehouse ကားမှာ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးတင်ဆက်ထားတာမို့ သွေးထွက်သံယိုကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့ကြည့်ရှုဖို့ တိုက်တွန်းလိုပါတယ်ဇာတ်လမ်းအညွှန်းရေးသားသူ April Snow File size…(1.1 GB)/(583 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by April Snow 
movie

The Scarehouse (2014)

Twisters (2024) 7.1
Twisters (2024) နာမည်ကြီး သဘာဝဘေးအန္တရာယ်ရုပ်ရှင် Twister 1996 ရဲ့နောက်ဆက်တွဲအဖြစ် ထွက်လာတဲ့ ရုပ်ရှင်အသစ်ပါပဲ။ IMDb 7.1 အထိရသွားပြီး မူလပရိသတ်ရောပရိသတ်အသစ်တွေရော အကြိုက်တွေ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။  "ဇာတ်လမ်းအကျဉ်း"ကိတ်ဟာ မိုးလေဝသပညာရှင်တစ်ယောက်ဖြစ်ပြီးလေဆင်နှာမောင်းတွေကို အရှိန်သတ်နိုင်မဲ့နည်းကို ရှာနေတဲ့သူပါ။အရှိန်သတ်မဲ့နည်းကို လက်တွေ့စမ်းသပ်ရင်း လေဆင်နှာမောင်းထဲမှာသူငယ်ချင်းတွေနဲ့ချစ်သူကို ဆုံးရှုံးလိုက်ရလို့ နယူးယောက်မှာပဲသာမန်မိုးလေဝသပညာရှင်အဖြစ်နဲ့ ဇာတ်မြှပ်နေတာပါ။ဒါပေမဲ့ တစ်နေ့မှာတော့ လေဆင်နှာမောင်းထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်က လေဆင်နှာမောင်းတွေကိုနည်းပညာအသစ်တွေနဲ့လေ့လာဖို့ အကူအညီတောင်းလာပါတယ်။ကိတ်တစ်ယောက် လေဆင်နှာမောင်းတွေကြားထဲမှာစွန့်စားခန်းပြန်ဖွင့်ရင်း အရင်တုန်းက ကြိုးစားခဲ့တဲ့ သုတေသန အောင်မြင်သွားမလားလူတွေကို ကယ်နိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါပဲ။ သဘာဝကပ်ဘေးနဲ့ဆိုင်တဲ့ရုပ်ရှင်တွေကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီနှစ်ထဲမှာ ရွှေပါပဲ။မုန်တိုင်းနဲ့လေဆင်နှာမောင်းတွေကို ကြောက်တတ်တဲ့သူတွေအတွက်တော့အတော်လေး ကြောက်ဖို့ကောင်းပါလိမ့်မယ်။ ကြည့်ကြည့်လိုက်ကြပါဦး။  File size…    6.80GB / 2.85GB /  1.39GB   Quality… WEB-DL 4K HEVC  1080p / 720p Format… mp4 Duration…. 2h 2m Genre ..... Action /Adventure / Thriller Subtitle…. Myanmar Subtitle (Hard ...
movie

Twisters (2024)

4K HEVC
Jade Dynasty ( 2019 ) 6.0
Jade Dynasty ( 2019 ) စာရေးဆရာ Xiao Ding ရဲ့ XianXia အမျိူးအစား Zhu Xian ဝတ္ထုကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတာပါ... ခေါင်းဆောင်မင်းသားကတော့ အမှောင်လောကသခင် ရိလင်လောင်ဂျူလို့ လူသိများတဲ့ ရှောင်းကျန့်ဖြစ်ပြီး တွဲဖက်မင်းသမီးတွေကလည်း ခေသူမဟုတ်တဲ့ မုန့်မိန်ချီ, လီချင့် တို့ ပါဝင်သရုပ်ဆောင်ထားတာနော် ဒီ ဝတ္ထုကိုအရင်က ဇာတ်လမ်းတွဲအရှည်အဖြစ် လီရိဖုန်း, ကျောက်လိယင်, ယန်ဇီ တို့ကသရုပ်ဆောင်ခဲ့ပါသေးတယ်။ဇာတ်လမ်းကတော့ တစ်ရွာလုံး အသတ်ခံရပြီး ရှင်ကျန်သူ ကျန်းရှောင်ဖန်း ချင်ယွင်ဂိုဏ်းအကူအညီနဲ့ နတ်တို့ကျင့်စဉ်ကို လေ့ကျင့်ရင်း.... မိဘတို့အတွက် လက်စားချေချင်စိတ် လွန်ရင်း မိစ္ဆာလမ်းစဉ်ရောက်သွားတဲ့ ကျန်းရှောင်ဖန်းတစ်ယောက်အကြောင်းကို သရုပ်ဖော်တင်ဆက်ထားတာပါ ဇာတ်လမ်းတွဲအနေနဲ့ ရင်းနှီးပြီးသား ဇာတ်ကို အခု တစ်ပိုင်းတည်းအပြီး ကြည့်ရမှာဆိုတော့ အရင်ကြည့်ခဲ့တဲ့ဇာတ်လမ်းတွဲထက် ပိုကောင်းလေမလား... အရသာပဲပေါ့နေမလား... ဇာတ်အိမ်တွေ အချိုးအကွေ့တွေပြောင်းသွားလေမလား... ဇာတ်လမ်းလေးကြည့်လိုက်ကြပါတော့... Filesize : 2.45 GB / 1.40 GB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance , Fantasy Runtime ...
movie

Jade Dynasty ( 2019 )

2019

Genres

Archives