Channel Myanmar

New releases (2025)

Content at random


Movies

The Visit (2015) 6.3
The Visit (2015)  The Visit ဟာ Horror/Documentary အမျိုးအစားရုပ်ရှင်ဇာတ်လမ်းလေးဖြစ်ပြီး M. Night Shyamalan ဇာတ်ညွှန်းရေးရိုက်ကူးကာ Olivia DeJonge, Ed Oxenbould, DeannaDunagan တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။Budget $5M နဲ့ရိုက်ကူးပြီး ရုံတင်ငွေ $100M နီးပါးပြန်လည်ရရှိခဲ့တဲ့ ဝေဖန်ချက်ကောင်းတွေနဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီးဒါရိုက်တာ Shamalan အတွက် တစ်ကျော့ပြန်လည် ‌အောင်မြင်မှုရစေခဲ့တဲ့ကားလေးလဲဖြစ်ပါတယ်။Becca နဲ့ Tyler တို့မောင်နှမနှစ်ယောက်ဟာ သူတို့တစ်ခါမှမတွေ့ဘူးတဲ့ အဘိုးအဘွားတွေဆီ ငါးရက်သွားနေဖို့ Masonvilleဆိုတဲ့မြို့လေးဆီ အလည်သွားကြပါတယ်။ သူတို့ရဲ့ ငါးရက်တာခရီးစဥ်မှာ သူတို့အဘိုးအဘွားတွေရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကြောင့် တစ်စစထိတ်လန့်လာရရင်း နောက်ဆုံးမှာတော့ ဒီခရီးစဥ်ဟာသူတို့ဘဝအတွက် ကြောက်ရွံ့တုန်လှုပ်စရာအကောင်းဆုံးအဖြစ်အပျက် ဖြစ်သွားပါတော့တယ်..... File size…2.01GB / 936MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Horror , Mystery , Thriller Subtitle….Myanmar ...
movie

The Visit (2015)

The Beat Beneath My Feet (2014) 6.4
The Beat Beneath My Feet (2014) IMDB: 6.4 Rotten Tomatoes: 50% Genre: Comedy/Dramaဒီရုပ်ရှင်လေးကတော့ ၂၀၁၄ မှာထွက်ခဲ့တဲ့ ကြည့်လို့ကောင်းသောဟာသ/ဒရာမာ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ညွှန်းတွမ်ဟိဆိုတာက အနုပညာပိုးတော်တော်လေးပါပေမယ့်အတော်လေးရှက်တတ်ကြောက်တတ်တဲ့ ဆယ်ကျော်သက်တစ်ယောက်ဖြစ်ပါတယ်။ ပါရမီရှိပေမယ့် တကယ့်တကယ်တမ်းလူတောမတိုးရဲပါဘူး။အဖေနဲ့အမေကလည်း ငယ်ငယ်ထဲက ကွဲသွားတာကြောင့်Broken Family တစ်ခုကနေ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။သူတို့အိမ်အောက်ကိုပြောင်းလာတဲ့ လူကလည်းလူမှုရေးနားမလည်၊ နေ့နေ့ညည သီချင်းတွေဖွင့်ပြီးသောင်းကျန်းနေတဲ့လူဖြစ်ပါတယ်။ ဒါပေမယ့် သိလိုက်ရတာက အဲဒီလူဟာ နာမည်ကြီးတီးဝိုင်းတစ်ခုကအခွန်ရှောင်လာတဲ့ ဂစ်တာသမား/အဆိုတော် မက်စ်စတုန်းဖြစ်ပါတယ်။ဒါကိုသိသွားတဲ့ တွမ် ဟာ မက်စ်စတုန်းကိုဆရာတင်လိုက်ပါတယ်။ဒီလိုနဲ့ ဆရာသမားနှစ်ယောက် ဘယ်လိုများရှေ့ဆက်ကြမှာလဲ။ File size…    1.7 GB /  766 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ..... Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff
movie

The Beat Beneath My Feet (2014)

Tommy Boy (1995) 7.1
Tommy Boy (1995) တွမ်မီ..လူလေးတွမ်မီလို့ ချစ်စနိုးခေါ်တဲ့ ဝတုတ်လေးတစ်ယောက်ရှိပါတယ်။ဘယ်နေရာမှာမှ မထူးချွန်ပေမယ့် လူချစ်လူခင်တော့ ပေါရှာသူပေါ့။ကောလိပ်ကို ၇နှစ်လောက်တက်ပြီးခါမှ ကပ်သီးလေးနဲ့ အောင်ပြီး အဖေရှိရာဆီ ပြန်ခဲ့ချိန်မှာတော့ အဖေဟာ သူ့အတွက် စပရိုက်ကြီး ၂ခုကို စီစဉ်ထားခဲ့ပါတယ်။တစ်ခုကတော့ ဖခင်ရဲ့ကားလုပ်ငန်းစက်ရုံမှာ ရုံးခန်းတစ်ခုပေးပြီး ရာထူးပေးတာဖြစ်ပြီး နောက်တစ်ခုကတော့ .... အဲ့လို စပရိုက်စ်အကြီးစားကြီး ၂ခုပေးပြီး တစ်ခုကို မပြီးပြတ်ခင်မှာပဲအဖေဟာ ဆုံးပါးသွားပါတယ်။ လူလေးတွမ်မီ ဘယ်လိုရှေ့ဆက်မလဲ  File size…    2.6 GB /  1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Comedy/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Z
movie

Tommy Boy (1995)

Tótem (2023) 6.1
Tótem (2023) Totem (2023) တောရိုင်းဥယျာဉ်၏အလှတရားIMDb 7.1/10အသက်ခုနနစ်နှစ်အရွယ် ကောင်မလေးဖြစ်တဲ့ ဆိုလီစီတိုဟာတစ်ရက်မှာ သူ့အဖေ တိုနာ အတွက်စပရိုက်ပါတီတစ်ခုလုပ်ဖို့ သူ့အဖိုးရဲ့အိမ်ကို အလည်အပတ်အနေနဲ့သွားရင်းတစ်ရက်တာကုန်ဆုံးခဲ့တယ်။တစ်နေကုန်ပါတီပွဲအတွက်ကူညီပြင်ဆင်ပေး‌နေရင်း ထိုနေ့အလင်းရောင်မှိန်လာတာနဲ့အမျှ သူမရဲ့ဘဝဟာ အံ့ဩစရာကောင်းစွာပြောင်းလဲတော့မယ်ဆိုတာကို သဘောပေါက်နားလည်လာပါတော့တယ်။Mexico ရုပ်ရှင်ပွဲတော်မှာ Nominee 44 ခု Award 19 ခုဆွတ်ခူးထားပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ Nominee ပေါင်းများစွာဝင်ခဲ့တဲ့ဇာတ်ကားကောင်းလေးပါ ကြည့်နေရင်း အလွန် ဝမ်းနည်းမှုနဲ့အတူဆွတ်ပျံ့ဖွယ်ကောင်းတဲ့ရသကိုပါတစ်ပါတည်းခံစားရစေပြီး ရင်ထဲမှာတစ်သက်လုံးစွဲကျန်နေစေခဲ့မဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်မှာပါ(အညွှန်းရေးသားသူ Bluri ဖြစ်ပြီး ဘာသာပြန်ဆိုသူ CM Team မှဖြစ်ပါတယ်) File size…2.88GB / 1.34GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie

Tótem (2023)

2023
Infernal Storm (2021) 5.9
Infernal Storm (2021) ဂျပန်စစ်တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားကြသူတွေဟာ တိုင်းပြည်အတွက် အနစ်နာခံကာ သေပွဲဝင်ဖို့အမြဲတမ်း အသင့်ဖြစ်နေ​ကြတဲ့သူတွေပါ မနက်ဖြန် နေထွက် နေဝင်တာကို မြင်ရ မမြင်ရ မသေချာဘဲနဲ့ ဆက်လက်လျှောက်လှမ်းနေ​ကြတဲ့ ရဲရင့်တဲ့သူရဲ​ကောင်းတွေပဲဖြစ်ကြပါတယ်ယခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ဂျပန်စစ်သားတွေအုပ်စိုးချိန် တရုတ်တော်လှန်ရေးသမားတွေဖြစ်တဲ့ ကွန်မြူနစ်တွေ ဘယ်​လောက် ခက်ခဲကြမ်းတမ်းစွာ စစ်ဆင်ရေးဆင်းရပုံတွေကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ပါတယ်ဇာတ်လမ်းအကြောင်းအရာလေးကတော့... တရုတ်ကွန်မြူနစ်ဌာနချုပ်ဟာ အူတာနယာစစ်ဆင်ရေးကို လုပ်ဆောင်ဖို့ သေ​သေချာချာလေ့ကျင့်ရေးဆင်းထားတဲ့ ​လျှို့ဝှက်အေးဂျင့် လေးယောက်ကို ဟာပင်းကို စေလွှတ်လိုက်ပါတယ် ဒါပေမဲ့လည်း သူတို့ရဲ့အတွင်းလူသစ္စာဖောက်ခံရပြီး သရုပ်မှန်ပေါက်ကြားဖို့ဖြစ်လာတဲ့အချိန်မှာတော့ သူတို့လေးယောက် ဘယ်လိုအခက်အခဲတွေနဲ့ ဘယ်လိုရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ် ရင်တမမနဲ့ ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ် Filesize : 2.81 GB / 1.35 GB / 722 MB Quality : WEB-DL 4K HEVC ,  1080p , 720p Format : mkv Genres : Crime  Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie

Infernal Storm (2021)

4K HEVC
Deadpool & Wolverine (2024) 8.3
Deadpool & Wolverine (2024) Deadpool & Wolverine (2024)IMDb Rating (8.3) / Rotten Tomatoes (80%)HDTS TELESYNC Version အသစ်ထွက်လာပြီး ရုပ်သံ တော်တော်လေး ကြည်လင်တာမလို့ ထပ်မံ Update တင်ဆက်လိုက်ပါတယ်။ ဒီ Version မှာ အသံက အဆင်ပြေသွားပြီး ရုပ်ထွက်လဲ နဂိုထက်ပိုကောင်းလာသလို ကြော်ငြာတွေရှုပ်နေတာမျိုးမရှိတော့ပါဘူး။ ဘာသာပြန်ကတော့ Official Engsub စာဖိုင်မထွက်သေးတာမို့ နားထောင်လို့ရသလောက် အကောင်းဆုံး ပြန်ပေးထားပါတယ်။ အရင် Version က လိုတာပိုတာလေးတွေလဲ ထပ်မံပြင်ဆင်ထားသလို Timing တွေကစလို့ တိကျအောင်ပြန်ပြင်ထားပေးပါတယ်။ဒီရုပ်ရှင်အပြင် အရင်ထွက်ခဲ့တဲ့ Deadpool နှစ်ကားကိုလည်း Channel Myanmar Web and App မှာ ကြည့်နိုင်ပါပြီ။ ပြီးတော့ ဒီရုပ်ရှင်နဲ့ဆက်စပ်တဲ့ MCU ရုပ်ရှင်အကုန်၊ Fantastic Four နှစ်ကား၊ Blade ၃ ကား၊ Loki စီးရီး ...
movie

Deadpool & Wolverine (2024)

HDTS
The Sea Shall Not Have Them (1954) 6.3
The Sea Shall Not Have Them (1954)  1954 ခုနှစ်ထွက် “ The Sea Shall Not Have Them “ ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက် ပေးလိုက်ပါတယ်။“ The Sea Shall Not Have Them “ ဆိုတာကတော့ ဗြိတိန် လေကြောင်းနှင့်ပင်လယ် ကယ်ဆယ်ရေးရဲ့ ဆောင်ပုဒ်တစ်ခုပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကာလတည်ထားပြီး John Harris ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ်ပြန်လည် အသက်သွင်းထားတာလည်းဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ မြောက်ပင်လယ်ထဲလေယာဉ်ပျက်ကျခဲ့တဲ့ ဗြိတိန်ဗုံးကြဲလေယာဉ် ကစစ်သားတွေ အသက်ကယ်လှေတစ်စီးနဲ့ပင်လယ်ထဲမှာအသက်ရှင်သန်ဖို့ကြိုးစားကြပုံ, တစ်ဖက်မှာလည်း ကိုယ့်ရဲဘော်တွေ ဂျာမန်တွေလက်ထဲရောက်မသွားခင် လေကြောင်းနှင့်ပင်လယ်ကယ်ဆယ်​ရေးအဖွဲ့ရဲ့ ရာသီဥတုအခြေအနေတွေ အခက်အခဲတွေမျိုးစုံကြားက ကယ်တင်ဖို့ကြိုးစားကြပုံတွေကို ကြည့်ရှုရမှာပါ။ File size…(6.4 GB)/(3.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:31:00 Genre... Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew
movie

The Sea Shall Not Have Them (1954)

Golam (2024) 7.7
Golam (2024) Golam ( ဂိုလမ် ) 7.7/10 · IMDbအလုပ်ရှင်သူဌေးကို လုပ်ကြံကြမယ့် ဝန်ထမ်းတွေအကြောင်းဇာတ်ကားဖြစ်ပြီးသည်းထိတ်ရင်ဖိုမှုခင်းစုံထောက်ကားပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်း- ပုံမှန်အတိုင်း လည်ပတ်နေတဲ့ IT Firm တစ်ခုမှာ အလုပ်ချိန်အတွင်း လူသေမှုတစ်ခုဖြစ်လာတာကြောင့် အားလုံးကို မေးခွန်းပေါင်းများစွာနဲ့ ချာချာလည်စေခဲ့ပါတယ်..ဒါပေမဲ့ အဲဒါဟာ လူသေမှုမဟုတ်ဘဲ ပိပိရိရိကြံစည်ထားတဲ့ လူသတ်မှုတစ်ခုဖြစ်နေတဲ့အခါ... Golam ဇာတ်ကားဟာ ဇာတ်ပို့ ၊ ဇာတ်ရံအမြောက်အမြားသုံးစွဲထားတဲ့အပြင် လူတိုင်းကိုသံသယအမြင်နဲ့ကြည့်မိအောင် ရိုက်ပြထားတာကြောင့် လူသတ်သမားဘယ်သူဆိုတာတွေးရင်း ဇာတ်လမ်းအဆုံးထိ ဇာတ်ရှိန်မကျဘဲ စီးမျောခံစားနိုင်မှာပါ(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ) File size… 1.7GB / 715MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Golam (2024)

2024
Soul Snatcher ( 2020 ) 6.2
Soul Snatcher ( 2020 ) ဒီတစ်ခေါက်မှာ 2020 ရဲ့ နာမည်ကြီးဇာတ်ကား တစ်ကားလို့ ဆိုနိုင်တဲ့ နာမည်ကြီး မိန်းမပျိုဝိညာဉ်လို့ နာမည်ကြီးပြီး version စုံထွက်တဲ့ တရုတ်ဇာတ်လမ်းကြီးကို အခြေခံပြီး ပုံစံတစ်မျိုးပြောင်းထားတဲ့ ဇာတ်ကားကောင်းလေးပေါ့...ဒီကားကို အဓိကကြည့်သင့်တာကတော့ go go squid မှာ နာမည်ကြီးခဲ့တဲ့ ပျိုတိုင်းစွဲ လီရှန့် နဲ့ nine percent က မန်ဘာဟောင်း မားမားတို့ရဲ့ ကလေးလေး နုံနုံ (ခ) ချန်လိနုံတို့ သရုပ်ဆောင်ထားတာကြောင့်ပါ ဒါဟာ နုံနုံရဲ့ ပွဲဦးထွက်ကားလေးမို့ အားလုံးက အချစ်ပိုပြီး အားပေးနေကြတာပေါ့ဇာတ်လမ်းလေးနည်းနည်းပြောပြမယ် ဒီကားလေးက အရင်အတိုင်း အမှုထမ်းစာမေးပွဲဖြေဖို့ ကြိုးစားနေတဲ့ စာကြမ်းပိုးလေးနဲ့ လေလွင့် မိန်းမပျိုဝိညာဉ်ကြားက အချစ်ဇာတ်လမ်းလေးပါပဲဒါပေမယ့် မိန်းမပျိုလေးကတော့ ဇာတ်လိုက်မဟုတ် ဇာတ်လိုက်က နတ်ဖြစ်ဖို့ ကြိုးစားပြီး အမြုတေလိုက်ရှာနေတဲ့ မြေခွေးလေးပေါ့ ဖြစ်ချင်တော့ အမြုတေပိုင်ရှင်က စာကြမ်းပိုးလေးဖြစ်နေတော့ မြေခွေးလေးနဲ့ စာကြမ်းပိုးကြားက သူငယ်ချင်းသံယောဇဉ်ကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးလို့ဆိုနိုင်မယ်ပါးပါးလေး bromance လည်းပါလို့ မှန်ဘီလူးမလေးတို့လည်း ကြည့်ကြည့်လိုက်ပါဦး Filesize : 5.22 GB / 1.88 GB ...
movie

Soul Snatcher ( 2020 )

4K HEVC
Café Daughter (2023) 5.6
Café Daughter (2023)  ဒီဇာတ်ကားလေးကတော့ Dramaအမျိုးစားဖြစ်ပေမယ့် လူမျိုးရေးကိစ္စတွေလည်း အမျာကြီးပါပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ကော်ဖီဆိုင်လေးဖွင့်ထားတဲ့ မိသားစုလေးတစ်စုမှာ စီးပွါးရေးအဆင်မပြေကြပါဘူး ဒီကြားထဲသူတို့မိသားစုက တရုတ်နဲ့ အင်ဒီးယန်း စပ်ထားတာပါ တရုတ်ဖြစ်တာကအဆင်ပြေပေမယ့် အင်ဒီးယန်းဆို အရမ်းလူမျိုးရေးခွဲခြားကြပါတယ် အဲ့ဒါကြောင့် အင်ဒီးယန်း မှန်းမသိအောင်နေထိုင်ခဲ့ရပါတယ်တစ်နေ့တော့ အမေဖြစ်တဲ့သူက နေမကောင်းဖြစ်တာကြောင့် သူ့အဖေဆီ သွားဖို့ဖြစ်လာပါတယ် သူတို့က အင်ဒီးယန်း မျိုးနွယ်တွေပါ အဲ့ကနေမှ လူမျိုးရေးခွဲခြားတဲ့အကြောင်းတွေနဲ့ မိသားစုလေးတစ်စုအကြောင်းကို ပေါ့ပေါ့ပါးပါးကြည့်လို့ရအောင် ရိုက်ပြထားတဲ့ပုံစံလေးဖြစ်ပါတယ် Dramaကြိုက်တဲ့သူတွေအတွက်တော့ အတော်အဆင်ပြေမယ်ထင်ပါတယ် ဇာတ်ကားနာမည်လေးက Cafe Daughterပါ File size…(1.7 GB)/(830 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe
movie

Café Daughter (2023)

Handsome Guys (2024) 6.9
Handsome Guys (2024) Handsome Guys (2024)************************ဒီဇာတ်ကားလေးက black comedy horror film ဖြစ်ပြီးတော့ဒါရိုက်တာ Nam Dong-hyeop က ရိုက်ကူးထားတာဖြစ်သလိုCanadian comedy horror film ဖြစ်တဲ့ Tucker and Dale vs Evil ကိုremake ပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။သရုပ်‌ဆောင်တွေအနေနဲ့ကတော့ Lee Sung-min, Lee Hee-joon,Gong Seung-yeon, Park Ji-hwan, Lee Kyu-hyung စတဲ့ဒိတ်ဒိတ်ကြဲတွေက ပါဝင်အားဖြည့်ပေးထားကြပါတယ်။ဇာတ်လမ်းအညွှန်း-ဂျယ်ဖီးနဲ့ ဆန်းဂူတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဥပဓိရုပ်ကြောင့် အမြဲတမ်းလူမိုက်တွေလို့ အထင်မှားခံနေရသူတွေဖြစ်ပေမဲ့လည်း သူတို့ ညီအစ်ကိုနှစ်ယောက်ဟာဥရောပစတိုင်အိမ်လေးမှာ နေဖို့ စိတ်ကူးအိပ်မက်ရှိကြသူ‌တွေပါ။တစ်နေ့မှာ သူတို့ စိတ်ကူးထဲက အိမ်လေးဆီ ပြောင်းရွှေ့နေနိုင်ခဲ့ပါတော့တယ်။ဒါပေမဲ့ အိမ်အောက်မှာ သူတို့ မမျှော်လင့်ထားတဲ့ အရာကြီး ရှိနေခဲ့ပြီးမဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ ရောက်လာတဲ့အခါ အဲဒီအရာကြီးကိုအမှတ်မထင် နှိုးမိလိုက်သလို ဖြစ်သွားတဲ့အခါမှာတော့...ဘာတွေ ဆက်ဖြစ်ကြလဲဆိုတာကိုတော့ ရယ်လည်းရယ်ရသလိုကြောက်စရာလည်းကောင်းလို့ဆိုပြီး ...
movie

Handsome Guys (2024)

Passion Play (2010) 5.5
Passion Play (2010) Passion Play (2010)အရင်က နာမည်ကြီး trumpet player ဖြစ်ခဲ့တဲ့ Nate Poole က လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့ ဇနီးကို မသိဘဲအိပ်မိရာကနေ လူဆိုးဂိုဏ်းခေါင်းဆောင်က လိုက်သတ်လို ကန္တာရထဲ ထွက်ပြေးခဲ့ရတယ်။ အဲဒီမှာသူ ဆပ်ကပ်ပွဲတစ်ခုဆီရောက်သွားပြီး မထင်မှတ်ဘဲ အတောင်ပံတွေရှိတဲ့ မိန်းမလှလေးကို တွေ့ခဲ့ချိန်မှာတော့ သူ့ဘဝကြီးရော ငှက်အတောင်ပံတွေနဲ့ မိန်းမပျိုလေးရဲ့ဘဝရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။နာမည်ကြီး မင်းသားမင်းသမီးကြီးတွေဖြစ်တဲ့ Mickey Rourke၊ Megan fox၊ Bill Murray၊ Rhys Ifans နဲ့ Kelly Lynch တိုအကုန် ပါဝင်တာမို မလွတ်တမ်းကြည့်ရှုသင့်ပါတယ်နော်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.5GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Fantasy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated ...
movie

Passion Play (2010)

Evidence (2012) 5.1
Evidence (2012) ဒီဇာတ်ကားလေးကတော့ 2012 တုန်းကထွက်ထားတဲ့ sci-fi horror ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်အိမ်ကိုဖွဲစည်းထားတာက သူ့ခေတ်သူ့ခါနဲ့ယှဉ်ရင်တောင် budget လိုပြောလိုရပါတယ်။ ဒါပေမဲ့ plot ပိုင်းတဲ့ သရုပ်ဆောင်တွေရဲ့ ပိုချသွားမှုတွေကကောင်းတာကြောင့် ကြည့်သင့်ကြည့်ထိုက်တဲ့အထဲပါတယ်လိုပြောလိုပါတယ်။ဇာတ်လမ်းအကျဉ်း သူငယ်ချင်းလေးယောက်ဟာ တောအုပ်တစ်ခုထဲမှာ အပန်းချေစခန်းချထွက်ဖို ဖြစ်လာခဲ့ပါတယ်။ ရောက်ရောက်ချင်းနေ့မှာတင်ပဲနေ့ခငကြောင်တောင်အချိန်မှာ ထူးဆန်းတာ တွေကို မြင်လိုက်ရတဲ့ကြောင့် ရောက်တဲ့နေ့ထဲက ငြိမ်းငြိမ်းချမ်းချမ်းမနေခဲ့ပါဘူး။ အဲဒါအပြင်ကို လေးယောက်က တစ်ယောက် တစ်စိတ်နဲ့ဆိုတော့ ဆုံးဖြတ်ချက်ချလိုက်တဲ့အခါတိုင်း စိတ်ဝမ်းကွဲတတ်ကြပါတယ်။ ဒါပေမဲ့ တတိယမြောက်နေ့မှာ သူတို စခန်းချတဲ့နေရာအထိ အမည်မသိသတ္တဝါတစ်ကောင်က လာရောက်ထိပါးတဲ့အခါမှာတော့...( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ )File size_(2.2GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie

Evidence (2012)

The Abandon (2022)
The Abandon (2022)  အီရတ်နဲ့ စစ်ပွဲမှာ စစ်တိုက်ရင်း ဒဏ်ရာရသွားတဲ့ စစ်သား Miles Willis တစ်ယောက် အဖြူရောင်အလင်းတန်းကို မြင်ပြီး ထူးဆန်းတဲ့ ကုဗတုံးပုံအခန်းထဲမှာ နိုးလာတယ်။ ကုဗတုံးပုံအခန်းဟာ မြေဆွဲအားအလိုက် ရုတ်တရက် ဦးတည်ချက်တွေပြောင်းလဲတာတွေ၊ အပူချိန်ပြောင်းလဲတာတွေ၊ အခန်းကျဉ်းလာတာတွေကြောင့် Miles တစ်ယောက် သူ့ရဲ့ဒဏ်ရာအခြေအနေ ပိုဆိုးလာခဲ့တယ်။ဒါ့အပြင် အခန်းနံရံပေါ်မှာလဲ စာလုံးတွေ သင်္ကေတတွေဟာ တစ်ခုပြီးတစ်ခုပေါ်လာပြီး Miles ကို အဖြေရှာလို့မရအောင်ဦးနှောက်ခြောက်စေခဲ့တယ်။အဲ့သင်္ကေတတွေကရောဘာလဲ။ Miles တစ်ယောက် အခန်းထဲကရော အသက်ရှင်လျက်ထွက်လာနိုင်မှာလားဆိုတာတော့ Thriller/Sci-Fi ကြိုက်တဲ့သူတွေအတွက် The Abandon ဆိုတဲ့ကားလေး အကြိုက်တွေ့စေမှာပါ။ File size…(1.1 GB)/(530 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Horror, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana
movie

The Abandon (2022)

The Loneliest Planet (2011) 5.6
The Loneliest Planet (2011) The Loneliest Planet (2023) Genre – Drama, Thrillerစေ့စပ်ထားကြတဲ့ စုံတွဲနှစ်ဦးဟာ ကမ္ဘာပတ်ပြီး ကျောပိုးအိတ်တစ်လုံးနဲ့ တောင်တက်ပြီး လျှောက်သွားနေကြသူတွေ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သူတို့နှစ်ဦးက ဂျော်ဂျီယာနိုင်ငံကို လာရောက်ပြီးတော့ တောင်တက်ခရီးကို စွန့်စွန့်စားစား သွားကြမှာပဲ ဖြစ်ပါတယ်။ အဲဒီမှာ ဒေသခံလမ်းပြ လူကြီးတစ်ယောက်ကို သွားပြီး ၃ ယောက်သား လှပတဲ့ ဂျော်ဂျီယန်းတောင်တန်းတွေဆီ ခရီးထွက်ကြပါတော့တယ်။ဒါပေမဲ့ ဇာတ်ကားနာမည်အတိုင်းပဲ လူသူမရှိကြတဲ့ ဒီလို အထီးအကျန်ဆုံးနေရာကြီးမှာ လူသား ၃ ဦး သွားလာကြရင်း ဘယ်လိုမျိုး အမှတ်တမဲ့လေးတွေကစပြီး ကြီးမားတဲ့အထိ ဖြစ်လာနိုင်တာလေးတွေကို ရိုက်ပြထားတာဖြစ်လို့ ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ရမှာပါ။ မင်းသားနေရာကိုတော့ Marvel Werewolf by Night တီဗီရုပ်ရှင်ထဲက သမန်းဝံပုလွေဇာတ်ကောင်ဖြစ်တဲ့ Gael García Bernal သရုပ်ဆောင်ပေးထားတာပါ။ ရိုက်ထားတဲ့ရှုခင်းတွေ လှပတယ်ဆိုပေမဲ့လည်း Slow Burn ...
movie

The Loneliest Planet (2011)

With Love and a Major Organ (2023) 6.9
With Love and a Major Organ (2023)  IMDb 6.9ဒီတစ်ခါမှာဆိုရင် သိမ်သိမ်မွေ့မွေ့လေး ခံစားရမယ့် စိတ်ကူးယဥ် အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်လူသားတွေရဲ့ 'နှလုံးသား' ကို အရာဝတ္ထုတွေနဲ့ ဖွဲ့ဆည်းထားတဲ့ စိတ်ကူးယဥ်ကမ္ဘာတစ်ခုမှာ ဇာတ်လမ်းတည်ထားပြီး အန်နာဘယ်ရဲ့ နှလုံးသားကတော့ မီးအိမ်လေးတစ်ခုပါ လူသားတွေက စိတ်ခံစားချက်တွေကို နည်းအမျိုးမျိုးနဲ့ ထိန်းချုပ်ပြီး ရှင်သန်ဖို့ကြိုးစားကြပြီး စက်ရုပ်ဆန်ဆန် နေထိုင်လာကြပါတယ်LifeZapp ဆိုတဲ့ အက်ပလီကေးရှင်းကို လူကြိုက်များကြပြီး ရွေးချယ်မှုတိုင်းကို မိမိဘက်က စဥ်းစားစရာမလိုဘဲ app က သူ့ဘာသာသူ ရွေးချယ်ပေးတဲ့ app ပါ အန်နာဘယ်ကတော့ အားလုံးနဲ့တစ်ယောက် ဆန့်ကျင်ဘက်ဖြစ်နေပြီး... စိတ်ခံစားချက်တွေကို တန်ဖိုးထားတတ်တဲ့ ပန်းချီဆရာမလေးပါတစ်နေ့မှာ သူဟာ ဂျော့ဂျ်ဆိုတဲ့ ယောကျာ်းတစ်ယောက်ကို ချစ်မိသွားခဲ့ပေမယ့် ခံစားချက်အေးစက်တဲ့ ဂျော့ဂျ်အပါအဝင် အန်နာ့သူငယ်ချင်းတွေကြောင့် ဖြည်မဆည်နိုင်တဲ့ အခါမှာ .... ဘယ်လိုအဆုံးစွန်လုပ်ရပ်တွေ လုပ်မိမှာလဲ ဇာတ်အလှည့်အပြောင်းတချို့နဲ့ စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်းလေးကို ညွှန်းပေးလိုက်ပါတယ် File size…(1.2 GB)/(530 Mb) Quality….Webrip ...
movie

With Love and a Major Organ (2023)

Hula Girls (2006) 7.0
Hula Girls (2006) The Wandering Moonတို့ Rageတို့လို ဂျပန်ကားကောင်းတွေကို ရိုက်ခဲ့ဖူးတဲ့ကိုရီးယားဂျပန် ဒါရိုက်တာ အီဆန်းဂီရိုက်ထားတဲ့ကား။ဒီဒါရိုက်တာကလည်း အကောင်းကြီးလည်းမဟုတ်ဘူးမကောင်းတာလည်းမဟုတ်ဘူး။ ထားတော့ အဲဒီထက်အခရာကျတာက ဒီရုပ်ရှင်မှာသူမတူတဲ့ဆွဲဆောင်မှုက သက်သက်ပါပြီးသား။ Yu Aoi(ယုအအိုအိ)ပေါ့။ ဂျပန်စီနီမာကြီးတစ်ခုလုံးက မင်းသမီးတွေထဲ ယုအအိုအိက ဘယ်သူနဲ့မှမတူဘူး။ဆွဲဆောင်မှုရှိတယ်။ တစ်ချိန်တည်းမှာပဲ အပြစ်ကင်းတယ်။ကလေးလေးတစ်ယောက်ကို မြင်တဲ့အမြင်နဲ့ရော လိင်စိတ်နိုးကြွစရာအရာတစ်ခုအဖြစ်နဲ့ရောယုအအိုအိကို ခင်ဗျားနှစ်ခုလုံးမြင်ကြည့်လို့ရတယ်။ ရုပ်လှပေမဲ့လည်း အဲဒီလှနေတဲ့ရုပ်က သရုပ်ဆောင်မှုကို ထိခိုက်သွားခဲ့တဲ့သာဓကတွေ ကျွန်တော်တို့အများကြီး ကြုံခဲ့ရတယ်။ ဒါပေမဲ့ ယုအအိုအိကတော့ အဲဒီဘောင်ကို အလိုလိုကျော်လွှားနိုင်ခဲ့တယ်။သူရိုက်ခဲ့တဲ့ ဒါရိုက်တာတွေဆိုတာကလည်း ဒိတ်ဒိတ်ကြဲတွေများတယ်။One Million Yen Girlတို့ All About Lily Chou-Chouတို့ Birds Without Namesတို့Wife of a Spyတို့လို ကားတွေကို တော်တော်များများကြည့်ဖူးကြမှာပါ။ဂျပန်ရုပ်ရှင်တစ်ကားကို ယုအအိုအိထည့်လိုက်တယ်ဆိုတာကညနေခင်းထဲ သက်တန့်ရောင်တိမ်တွေ ပစ်ထည့်ပေးလိုက်သလိုပဲ။ကျွန်တော်တော့ ယုအအိုအိရဲ့ ဘယ်ကားကိုမှ ဝန်လေးနေမှမဟုတ်ဘူး။ ဇာတ်ကတော့ ကျောက်မီးသွေးလုပ်ငန်းနဲ့အသက်မွေးတဲ့ မြို့လေးတစ်မြို့မှာအပြောင်းအလဲတစ်ခုဖြစ်လာတယ်။မိုင်းလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ကြတယ်။သူတို့သမီးတွေက သူတို့တာဝန်ကို ဟူလာအကသမတွေအဖြစ်အကသင်ပြီး အိမ်ထောင်တာဝန်ကို ကူထမ်းဖို့လုပ်ကြပေမဲ့သူတို့ဘဝကို ...
movie

Hula Girls (2006)

Only the River Flows (2023) 6.7
Only the River Flows (2023) ဒီရုပ်ရှင်က ယုဟွာရဲ့ Mistakes by the Riverဆိုတဲ့ဝတ္တုတိုကို ဝေရှုကျန်က ပြန်ရိုက်ထားတာ။ ၁၉၉၀ခုနှစ်တွေတုန်းက ကျန်းရိမူက ဒီဝတ္တုတိုကို ပြန်ရိုက်ချင်ခဲ့တယ်။ယုဟွာစကားအရတော့ ကျန်းရိမူတို့က အချိန်တော်တော်ယူပြီးဇာတ်ညွှန်းရေးကြည့်ခဲ့ကြပေမဲ့ ဘယ်လိုရိုက်ရမလဲ တွေးမရခဲ့ကြဘူးတဲ့။ဒီအချိန်မှာ ယုဟွာက ကျန်းရိမူကို တခြားဇာတ်လမ်းတစ်ပုဒ် အစားပေးလိုက်တယ်။အဲဒီဇာတ်လမ်းက To Live။ ကျန်းရိမူ ရိုက်ဖို့တွေးမရခဲ့တာက ဆန်းလည်းမဆန်းဘူး။ဒီဇာတ်ရဲ့ အသွားအလာအရ ကျန်းရိမူဟန်နဲ့တော့ ပြေမယ်မထင်ဘူး။နောက် ဒီဇာတ်က ခိရိုရှိကူရိုဆာဝါရဲ့ Cure (1997) အငွေ့အသက်ရနေတယ်။Cureနဲ့ ဆင်တယ်ပြောရင်ပိုမှန်တယ်။ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းပါ သွားဆင်တယ်။ဒါပေမဲ့ ဝတ္တုတိုနဲ့ အဲဒီဇာတ်အပိတ်က နည်းနည်းမှမတူဘူး။ Cureနဲ့ပဲ သွားတူနေတယ်။ဇာတ်လမ်းအမျိုးအစားက neo-noir art film လည်းဟုတ် Psychological Thrillerလည်း ဟုတ်နေတော့ဒီလိုင်းရဲ့ ဂုရုဖြစ်တဲ့ ခိရိုရှိအငွေ့မကင်းဘူးတာလည်း မဆန်းလောက်ဘူး။ပုဂ္ဂလိက အမြင်အရတော့ ကျန်းရိမူမရိုက်နိုင်ခဲ့တဲ့ကားကို ဝေရှုကျန်က ပြန်ရိုက်နိုင်ခဲ့ပေမဲ့ဒါကလည်း သူ့ရှေ့ခေတ်အဆက်ဆက်ရဲ့ကျေးဇူးနဲ့တော့ မကင်းလောက်ဘူး။ ဆိုပေမဲ့လည်း ဒီလိုကားကို ပိုင်နိုင်အောင် ရိုက်နိုင်ခဲ့တဲ့ ဝေရှုကျန်ကလည်းနောက်ကားသစ်တွေကို စောင့်မျှော်ရမယ့် ...
movie

Only the River Flows (2023)

One for the Road (2023) 6.6
One for the Road (2023)  IMDb- 6.6/10မူးနေရင်းနဲ့ ကားကို ပါကင်နေရာရွှေ့လိုက်မိရာကနေ အရာရှိတွေဆီ မိသွားပြီး လိုင်စင်အသိမ်းခံလိုက်ရတဲ့ မာ့ခ်၊ မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့ဆိုတဲ့စကားအတိုင်းဖြစ်စေဖို့နဲ့ သူ့ရဲ့လိုင်စင်ပြန်ရဖို့အတွက် မာ့ခ်တစ်ယောက် အရက်ဖြတ်နိုင်ဖို့ ကုထုံးသင်တန်းတက်ရပါတော့တယ်။ ဒီသင်တန်းမှာအောင်မှ လိုင်စင်ကို ပြန်ရမှာဖြစ်တဲ့အတွက် မဖြစ်မနေတက်ရပါတော့တယ်။ဒီလိုနဲ့ သင်တန်းမှာ ဟယ်လန်နာဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ကြရင်း ......... မာ့ခ်နဲ့ ဟယ်လန်နာတို့ရဲ့ ဇာတ်လမ်းလေးက ဘယ်လိုဖြစ်လာမလဲ ... မာ့ခ်တစ်ယောက်ရော အရက်ကို ကျော်လွှားနိုင်ပြီး လိုင်စင်ကို ပြန်ရနိုင်မလား .... ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်) File size…(1.8 GB)/(930 Mb) Quality…. Blu-Ray 1080p / 720p Format… mp4 Duration…. 01:55:00 Genre... Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sakura 
movie

One for the Road (2023)

Genres

Archives