Channel Myanmar

New releases (2025)

Content at random


Movies

Inside Out 2 (2024) 7.8
Inside Out 2 (2024) 2015 တုန်းက အကောင်းဆုံးကာတွန်းရုပ်ရှင်အော်စကာဆုရခဲ့တဲ့ နာမည်ကျော် ကာတွန်းကားရဲ့နောက်ဆက်တွဲ ထွက်လာပါပြီ။ ၁၀ နှစ်နည်းပါး ကြာခဲ့ပေမဲ့ ဇာတ်လမ်းနဲ့ ရိုက်ချက်တွေကစောင့်ရတာ တန်တယ်လို့ ပြောနိုင်လောက်အောင် ကောင်းနေပါတယ်။Rating လည်း 7.8 ထိ ရောက်နေတာမို့ ဘော်ချက်ရုံသက်သက်ကာတွန်းအဆက်တွေ စွတ်ထုတ်နေတာထက်တော့ သာပါတယ်။Inside Out 2015 မှာ ပြခဲ့တဲ့ကလေးတစ်ယောက်ရဲ့ ဦးနှောက်သဘောတရားတွေကိုပုံဖော်မှုက အတော်ပြောင်မြောက်ခဲ့သလို အခု ရုပ်ရှင်မှာလည်း ကလေးဘဝကနေရင့်ကျက်မလာခင် ခံစားချက်မျိုးစုံနဲ့ ဦးနှောက်ရဲ့သဘောကိုပီပီပြင်ပြင် ပြထားနိုင်လိုက်တာပါပဲ။ "သူ့ကို ငါ့အစား လဆီ ခေါ်သွားပေးပါ" ဆိုတဲ့ဘင်းဘောင်ရဲ့ အခိုက်အတန့်မျိုးကိုတော့ပြန်ဖန်တီးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ဒီရုပ်ရှင်ထဲမှာ Joy ရဲ့အိပ်ရာဘေးမှာဘင်းဘောင်အရုပ်လေးကို တွေ့ရပါလိမ့်မယ်။  ဇာတ်လမ်းအကျဉ်းဇာတ်လိုက်မလေး ရိုင်လီဟာ ဆယ်ကျော်သက်ဖြစ်လာပြီးအလယ်တန်းကျောင်းရဲ့ ဟော်ကီအသင်းမှာ ကစားနေပါပြီ။ဟော်ကီကစားတာ တော်တာကြောင့် အထက်တန်းကျောင်းနည်းပြကသူ့ရဲ့ ၃ ရက် စခန်းသွင်းလေ့ကျင့်ရေးကို ဖိတ်လိုက်ပါတယ်။အဲဒီမှာသာ အရွေးခံရရင် အထက်တန်းဟော်ကီအသင်းမှာ ပါရမဲ့အပြင်ပညာသင်ဆုပါ ရနိုင်မှာမို့ ရိုင်လီ့အတွက် အခွင့်အရေးကောင်းကြီးပါပဲ။ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အရွယ်ရောက် ခံစားချက်တွေဖြစ်တဲ့စိတ်ပူတာ၊ ...
movie

Inside Out 2 (2024)

4K HEVC
Inside Out (2015) 8.2
Inside Out (2015) ဒီနေ့တော့ CM ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့် Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်..နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရခဲ့သလို..ရုပ်ရှင်ဝေဖန်ရေးတွေကလည်း ချီးကျူးထားတဲ့ Animation ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် ..Animation တကားအနေနဲ့လည်း ထူးထူးခြားခြား IMDb Rating မှာ 8.5 အထိ တောင်ရောက်ရှိထားတာမို့ ကောင်းလားမကောင်းလားဆိုတာလုံးဝစဉ်းစားနေစရာလိုမှာလည်းမဟုတ်တဲ့အပြင်..ကြည့်သင့်တဲ့ Animation ဖြစ်ကြောင်းအသိ ပေးချင်ပါတယ်။အညွှန်းလေးအရင်ခံစားကြည့်ရအောင်အညွှန်းကနည်းနည်းတော့ရှည်ပါတယ်..သေသေချာချာခံစားချင်ရင် တော့စာကိုအဆုံးထိဖတ်ဖို့အကြံပေးလိုက်ပါတယ်..ဒီကားက Pixar ရဲ့ ကာတွန်းကားကောင်းတစ်ကားဖြစ်ပြီး၊ ကလေးလူကြီးမရွေး ကြည့်နိုင်တဲ့ဇာတ်ကား ကောင်းတစ်ကားပါ။The Incredibles ဇာတ်ကား Review တုန်းက Pixar ရဲ့ အကြောင်း ပရိတ်သတ်ကြီးကို ပြောပြခဲ့ဖူးပါတယ်။ဒီကုမ္ပဏီကရိုက်တဲ့ ကာတွန်းတိုင်းက ဇာတ်လမ်းကောင်းပြီး အနုပညာရသမြောက် တယ်လို့ အားလုံးသိထားကြပါတယ်။ဒီကားကလည်း ဒီအတိုင်းပဲ အနုပညာရသမြောက်အောင် ရိုက်ကူးထားနိုင်သလို၊ တကယ့် ဝမ်းနည်းကြည်နူး စရာ ကောင်းပြီး၊ခံစားချက်ရသစုံပေးနိုင်အောင် ရိုက်ကူးထား နိုင်တာတွေ့ရပါတယ်။Pixar အကြောင်းပြောရင် Toy Story 1, 2, 3 ကို မပြောပဲ နဲ့မပြီးပါဘူး။ ဒီသုံးကားက ...
movie

Inside Out (2015)

2015
4K HEVC
Antboy 3 (2016) 5.0

Antboy 3 (2016)

Antboy (2013) 5.2
Antboy (2013) Antboy 2013 ဇာတ်ကားလေးဟာ IMDb 5.1 ရရှိထားတဲ့ဒိန်းမတ် နိုင်ငံထုတ် ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်။Family/ adventure အမျိုးအစားလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရအဆင်ပြေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ပီလီဆိုတဲ့ သာမန်ကောင်လေးဟာထူးခြားတဲ့ ပုရွက်ဆိတ်တစ်ကောက် အကိုက်ခံရပြီးစူပါစွမ်းအားတွေရရှိလာခဲ့ပါတယ်။သူဟာ Antboy အနေနဲ့ စူပါဟီးရိုးဘဝကို လျှို့ဝှက်စွာခံယူပြီးဗီလိန်တွေကို ဘယ်လိုရှင်းလင်းမလဲဆိုတာ ရှုစားရမှာဖြစ်ပါတယ်။မိသားစုလိုက် ကြည့်ရှုဖို့သင့်တော်တဲ့‌ကားလေးဖြစ်လို့Channelmyanmar ပရိတ်သတ်ကြီးတို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်  File size…    1.7 GB /  788 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 17m Genre ..... Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by KK
movie

Antboy (2013)

Shyamchi Aai (2023) 7.2
Shyamchi Aai (2023) Shyamchi Aai (2023) လက်ဦးဆရာ20 ရာစုရဲ့ ပထမဆုံး Best Feature Filmနဲ့ President Gold metalရထားတဲ့ Shyamchi Aaiဆိုတဲ့ ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းလေးကတော့ လူမှုရေးတက်ကြွလှုပ်ရှား Sane Gurujiရဲ့အတ္ထုပတ္တိလို့လည်း ပြောလို့ရသလို လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်လာစေတဲ့ သူ့ရဲ့အမေဖြစ်သူရဲ့ လမ်းညွှန်မှုတွေကို ပြန်ပြောပြထားတဲ့ မိခင်မေတ္တာဖွဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ဆရာကြီးဆာနေးဆိုတဲ့ ဗြိတိသျှအုပ်စိုးစဉ်ကာလရဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တစ်ယောက်မဖြစ်လာခင်က ရှမ်ဆိုတဲ့ကောင်လေးဟာ အရမ်းသတ္တိနည်းတဲ့ကလေးတစ်‌ယောက် သူဘယ်လောက်ထိ ကြောက်တတ်လဲဆို ရေတွင်းမှာ သူငယ်ချင်းတွေနဲ့ ရေကူးသင်ဖို့ချိန်းလိုက်ပြီးမှ ရေနစ်မှာကြောက်လို့ အိမ်မှာပုန်းနေတဲ့အထိပါပဲမိသားစုကလည်း မပြေလည် အကြွေးနွံနစ်နေတဲ့ ဆင်းဆင်းရဲရဲ ဒီဘဝမှာ အရာရာကို ကြောက်တတ်တဲ့ ရှမ်ဆိုတဲ့ကောင်လေးကနေ ဆာနေးဆိုတဲ့ နာမည်ကျော် လူမှုရေးတက်ကြွလှုပ်ရှားသူ၊ ကျောင်းဆရာ၊ စာရေးဆရာတစ်ယောက်ဖြစ်လာအောင် ရှမ်ရဲ့အမေက သူ့ရဲ့မိခင်မေတ္တာနဲ့ ဘယ်လိုပြောင်းလဲပေးခဲ့လဲ။ မိခင်မေတ္တာနဲ့လမ်းညွှန်မှုက သူ့ရဲ့ဘဝမှာ ဘယ်လောက်ထိအရေးပါခဲ့လဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ အတူရှုစားရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ KKKZ ~ Linn ~ ToMo ~ Yunniတို့ပဲဖြစ်ပါတယ်) File size…1.9GB / 769MB Quality…WEB DL ...
movie

Shyamchi Aai (2023)

2023
OMG: O Manchi Ghost (2024) 5.3
OMG: O Manchi Ghost (2024) O.Manchi Ghost 2024 သရဲခြောက်တဲ့အိမ်ကြီးImdb 6.3ရေစက်ဆိုတာ ရှောင်မရသလို တစ်နေရာစီနေကြတဲ့လူတွေစုပြီး ဒုက္ခတစ်ခုတည်းခံစားရဖို့ဖြစ်လာတဲ့အခါ...ပိတ်ရက်မှာအနားယူရင်းကြည့်ဖို့ ရယ်လည်းရယ်ရ ကြောက်လည်းကြောက်ရမဲ့ သရဲကားတစ်ကားတင်ဆက်ပေးချင်ပါတယ် ဘဝမှာ ကြုံဆုံခဲ့ရတဲ့လူတွေက သူငယ်ချင်းဖြစ်နိုင်သလို ချစ်သူအပြင် ရန်သူပါဖြစ်လာနိုင်ကြတဲ့လောကကြီးမှာ ပြဿနာကိုယ်စီနဲ့ ရဲစခန်းမှာ‌လာဆုံကြတဲ့လူ၄ယောက် အမတ်ပိုစတာကို နွားချေးနဲ့ပက်သူကတစ်ဦး ရဲကားဆီတိုင်ကီထဲ သေးပေါက်ထည့်သူတစ်ဦး ရဲကားကိုဝင်တိုက်သူကတစ်တွဲနဲ့ တွေ့ဆုံမိကြတယ်သူတို့အားလုံးရဲ့ဆုံမှတ်က ပိုက်ဆံကြောင့်ပါပဲ ဘုံဖြစ်နေတဲ့ပိုက်ဆံကို မသမာနည်းနဲ့ရှာဖွေဖို့ ၄ယောက်သားခေါင်းချင်းဆိုင်ပြီး စဉ်းစားတော့ အမတ်သမီးကိုပြန်ပေးဆွဲရင်းငွေညှစ်မယ်ပေါ့ ပြန်ပေးဆွဲပြီဆို ထားဖို့နေရာလိုတာကြောင့် လူမနေတဲ့အိမ်ကြီးကိုရွေးလိုက်မိတယ် သူတို့မသိတာက ဒီအိမ်ကြီးမှာနှစ်ရှည်လများကပ်တွယ်နေတဲ့ သရဲမတစ်ကောင်ရှိတယ်ဆိုတာပါပဲ ဒီအိမ်ထဲဝင်လာသူမှန်သမျှ သူ့လက်ကမလွတ်သလို အဝင်ပဲရှိပြီး ထွက်လမ်းမရှိတဲ့ ဒီအိမ်ကြီးထဲ သူတို့ဘယ်လို၂ပါးသွားကြမယ်ဆိုတာ ကြည့်ရှုလိုက်ပါဦးရှင်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ ToMo ~ Alex ~ KKKZ ~ Linn တို့ပဲဖြစ်ပါတယ် ) File size…2.28GB / 1.10GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ ToMo ~ Alex ~ KKKZ ~ ...
movie

OMG: O Manchi Ghost (2024)

2024
Kotee (2024) 6.5
Kotee (2024) Kotee (2024) "ကိုတီ"CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ ကန်နားဒါး သည်းထိပ်ရင်ဖို/ဒရာမာ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ရိုးသားမှုဆိုတာ မနည်းရှာဖွေယူရမယ့် ဂျာနာသာမြို့လို သူခိုးသူဝှက်ပေါများတဲ့နေရာမှာ အလုပ်မျိုးစုံလုပ်ရင်း အမေ၊ ညီလေး၊ ညီမလေးတို့ကို ရိုးရိုးသားသားလုပ်ကျွေးသူ 'ကိုတီ' ညီမ မင်္ဂလာဆောင်နိုင်ဖို့၊ ညီဖြစ်သူအတွက် လုပ်ငန်းထောင်ပေးနိုင်ဖို့၊ အိမ်လေးကို ပြုပြင်ဖို့ တစ်ကုဋေကို မခိုးမဝှက်ဘဲ ရှာမယ်လို့ ကြွေးကြော်ထားတဲ့ ကိုတီနဲ့ သူ့အလုပ်ရှင်တို့ ပြဿနာတက်ကြရာ ...သူ့ကို ဒေါသထွက်သွာစေတဲ့ စကားတစ်ခွန်းကတော့ "လူတိုင်းရဲ့အတွင်းစိတ်မှာ သူခိုးတစ်ယောက်ကိန်းအောင်းနေတယ်" ဆိုတဲ့ စကားပါပဲ ဒါကို တစ်စက်လေးမှ လက်မခံတဲ့ ကိုတီတစ်ယောက် ပိုက်ဆံချေးဖို့လိုလာတော့ ဂိုဏ်းခေါင်းဆောင်တစ်ဦးနဲ့ ပတ်သက်မိတဲ့အခါမှာ ပင်ကိုရိုးသားမှုကို သူဆက်ထိန်းနိုင်ဦးမလားဆိုတာ ပရိသတ်ကြီး အားပေးကြည့်ရှုပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Linn Lunn ~ ToMo ~ Alex ~ Yunni တို့ ဖြစ်ပါတယ် File size… 3.14GB / 1.70 GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard ...
movie

Kotee (2024)

2024
The Immigrant (2013) 6.6
The Immigrant (2013)  1921 မှာ Ewa Cybulska နဲ့သူ့အမဟာ သူတိုရဲ့ အမေရိကန်အိပ်မက်ကိုအကောင်အထည်ဖော်ဖိုအတွက် မွေးရပ်ပိုလန်မြေကနေပြီးတော့ New York မြိုကိုထွက်လာခဲ့ပါတယ်။ကံမကောင်းအကြောင်းမလှစွာပဲ Ellis ကျွန်းပေါ်ရောက်တဲ့အချိန်မှာတော့ သူ့အမဟာ နာမကျန်းဖြစ်နေတဲ့အတွက် ညီအမနှစ်ယောက်ခွဲရပါတော့တယ်။ မန်ဟန်တန်ရဲ့လမ်းမတွေပေါ်မှာသွားစရာနေရာမရှိချိန် နာမကျန်းဖြစ်လိုသီးသန့်ထားခံထားရတဲ့သူ့အမ Magda ကို ကယ်တင်ဖို ကြံရာမရဖြစ်‌နေချိန်မှာ Ewa ဟာBruno Weiss ရဲ့အကူအညီကိုရယူပြီး Bruno ရဲ့ ပြည့်တန်ဆာလုပ်ငန်းထဲ ဝင်ရောက်ရပါတော့တယ်။ပြင်သစ်မင်းသမီးချော Marion Cotillard , Joker မင်းသားJoaquin Phoenix နဲ့ Hawkeye မင်းသား Jeremy Renner တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၀၀ နှစ်အစောပိုင်းကာလများဆီကimmigrants တွေရဲ့ ဘဝဖြစ်ရပ်မှန်တွေကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်...... File size…1.24GB / 562MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….2h Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

The Immigrant (2013)

Darling (2024) 7.6
Darling (2024) Darling 2024 (ဒါလင်)စာလုပ်ရမှာပျင်းတဲ့ ရာဂါ့ဗ်ဆိုတဲ့ကောင်လေးကို စာကြိုးစားလို့ အလုပ်ကောင်းကောင်းရရင် မိန်းမကောင်းကောင်းရမယ်လို့ အမေဖြစ်သူရဲ့ ပြောကြားချက်အရ စာကို ကြိုးကြိုးစားစားလုပ်ခဲ့ပါတယ်။ဒီလိုနဲ့ အစ်ကိုဖြစ်သူ မင်္ဂလာဆောင်ပြီးလို့ ဟန်းနီးမွန်းအနေနဲ့ ပဲရစ်နိုင်ငံကိုသွားတဲ့အခါမှာတော့ ရာဂါ့ဗ်ဟာ စာကိုကြိုးစားလုပ်, အလုပ်ကောင်းကောင်းရအောင်လုပ်ပြီး မိန်းမကောင်းလေးနဲ့ လက်ထပ်ပြီးနောက် ပဲရစ်ကို ဟန်းနီးမွန်းထွက်မယ်ဆိုတဲ့ ရည်မှန်းချက်ကို ထားခဲ့ပါတော့တယ်။ဒီလိုနဲ့ သူ့ရည်မှန်းချက်အတိုင်း စာကြိုးစားလို့ အလုပ်နေရာကောင်းကောင်းရပြီး ပိုက်ဆံလည်း အတော်အတန်စုမိပေမယ့် ဘေးနားမှာ လက်တွဲဖော်ကောင်းကတော့ ရှိမနေသေးတဲ့အတွက် မိန်းမရှာပုံတော်ဖွင့်ပါတော့တယ်။စိတ်ပါလက်ပါ ကြိုးစားပမ်းစားနဲ့ ရှာပုံတော်ဖွင့်ရင်းနဲ့ ကံကောင်းထောက်မစွာနဲ့ ပဲရစ်နိုင်ငံရဲ့ တော်ဝင်မိသားစုက သမီးဖြစ်သူနဲ့ ဖူးစာစုံသွားပါတော့တယ်။ဒီလိုနဲ့ အိမ်ထောင်ကျပြီးတော့မှ မိန်းမဖြစ်သူရဲ့ လျှို့ဝှက်ချက်တွေကို သိလာရတဲ့အခါမှာ ....... မိန်းမဖြစ်သူနဲ့ ရာဂါ့ဗ်တစ်ယောက် ဘယ်လိုတွေ ရှေ့ဆက်နှပါးသွားမလဲဆိုတာကို ကြည့်ရှုရမယ့် ရိုမန့်တစ်ဟာသ တေလ်ဂူဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 2.4GB / 1.12GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team 
movie

Darling (2024)

2024
Little Hearts (2024) 7.1
Little Hearts (2024) Little Hearts 2024 ငယ်နုတဲ့နှလုံးသားနေ့စဉ်ဘဝရဲ့ပြဿနာတွေကြားမှာ ဟာဒယရွှင်ဆေးကို တောင့်‌တနေသူတွေအတွက် မလေယာလမ် အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဟာသဖောဖောသီသီနဲ့ သားအဖနှစ်ယောက်ရဲ့ ‌အလွဲလေးတွေကို ဟာသနှောပြီးရိုက်ကူးပုံဖော်ထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးရုပ်ရှင်ကြည့်ချင်သူတွေ သဘောတွေ့မှာပါ။မွေးမွေးပြီးချင်းမှာပဲ အမေဆုံးသွားတဲ့ မိတဇိုးလေးစီဘီ၊ အမေမရှိတဲ့ စီဘီရဲ့ဘဝမှာ ဘေဘီကပဲအဖေရော အမေပါ တာဝန်ယူခဲ့ရတာပေါ့။ ဘေဘီအဖေအလုပ်လုပ်တဲ့ စိုက်ခင်းပိုင်ရှင် ဂျွန်ဆန်က အလုပ်ရှင်ရော ငယ်သူငယ်ချင်းပါဖြစ်နေတဲ့သူ့အတွက် သားသမီးတွေလည်း မောင်နှမလို ဖြစ်နေကြတာပါ။ဒါပေမဲ့ အနားယူတဲ့အရွယ်ရောက်ကာမှ ဘေဘီရဲ့နှလုံးသားက တစ်ဖန်ပြန်နိုးထဖို့ဖြစ်လာတဲ့အပြင် ယူကေက ဂျွန်ဆန်ရဲ့သားနဲ့သူကိုယ်တိုင်လည်း အချစ်နဲ့ဆုံတွေ့လာရတဲ့အခါ...(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File size… 1.8GB / 973MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Little Hearts (2024)

A Sibila (2023) 5.8
A Sibila (2023) Sibila ( 2023 ) စီဘယ်လ်ဒီတစ်ခါ CM ပရိသတ်ကြီးကို တင်ဆက်ပေးမှာကတော့ Sibila ဆိုတဲ့ ဖြစ်ရပ်မှန်ပေါ်တူဂီကားပဲဖြစ်ပါတယ်။ မှတ်တမ်းတင်ရုပ်ရှင်ကားမျိုးဖြစ်ပြီး ၂၀ရာစုအလယ်ပိုင်း ပေါ်တူဂီမြောက်ပိုင်း ကျေးလက်ဒေသကို အခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Sibila ဆိုတဲ့အမျိုးသမီးရဲ့ ငယ်စဉ်ဘ၀ကနေ စတင်ထားပါတယ်။ အိမ်မှာအချစ်မခံရတဲ့ ဒီမိန်းကလေးဟာ အမည်မသိရောဂါတစ်ခုကြောင့် တစ်နှစ်လောက်အိပ်ရာထဲလဲပြီးနောက်မှာတော့ အကြားအမြင်ရသလိုလို နမိတ်ဖတ်သူလိုလိုနဲ့ အားလုံးရဲ့အာရုံစိုက်မှုတွေရအောင် ဖန်တီးလာပါတယ်။ နောက်ပိုင်း သူ့အဖေသေပြီး မောင်တွေလည်း တကွဲတပြား ကိုယ့်အိမ်ကိုယ်တည်ထောင်ပြီးနေကြပါတော့တယ်။အဲဒီကနေ သူ့ရဲ့သက်လတ်ပိုင်းဘ၀နဲ့ မှတ်တမ်းတင်ရုပ်ရှင်ရိုက်ရလောက်အောင် ဘာအကြောင်းများရှိလို့လဲဆိုတာတွေကိုတော့ သူနဲ့အတူငယ်ဘ၀ကနေ ကြီးတဲ့အထိ လိုက်ပါခံစားပေးပါဦးဗျာ( အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni , KKKZ, Bluri , Zwe Yan , LinnLunn တို့ပဲဖြစ်ပါတယ် ) File size…1.2GB / 548MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni , KKKZ, Bluri , Zwe Yan ...
movie

A Sibila (2023)

2023
Hidden Letters ( 2024 ) 5.6
Hidden Letters ( 2024 ) တရုတ်နိုင်ငံ ဟူနန်မှာ အမျိုးသမီးတွေအချင်းချင်း လျှို့ဝှက်ချက်တွေ မျှဝေဖို့သုံးတဲ့ အမျိုးသမီးစာဆိုတဲ့ ယဉ်ကျေးမှုတစ်ခုအကြောင်းကို မှတ်တမ်းရုပ်ရှင်အနေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက အမျိုးသမီးတွေရဲ့ ခြေထောက်ကို သေးအောင်ချည်တုပ်ထားပြီး အခန်းထဲက ထွက်ခွင့်မရခဲ့ပါဘူး။ အဲဒီအချိန်မှာ အချင်းချင်း ဘဝမှာရှင်သန်ဖို့ အားပေးကြဖို့အတွက် အမျိုးသားတွေ နားမလည်တဲ့ ဘာသာစကားတစ်မျိုးကို တီထွင်ခဲ့ပါတယ်။ အမျိုးသမီးစာက ခေတ်တစ်ခုမှာ အမျိုးသမီးတွေ ရုန်းထွက်ချင်လို့ ပုန်ကန်ခဲ့တဲ့ သင်္ကေတတစ်ခုပဲပေါ့ ......ဒီ မှတ်တမ်းရုပ်ရှင်ထဲမှာတော့ အမျိုးသမီးစာကို ဆက်ခံသူ ၃ ဦးဖြစ်တဲ့ ဟဲ့ယင်ရှင်း၊ ဟူရှင်းနဲ့ ဝူမုစီးတို့ကို အဓိကထားပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ခြေထောက်ချုပ်နှောင်ခြင်းမခံရတော့တဲ့ တရုတ်နိုင်ငံက ၂၁ ရာစု အမျိုးသမီးတွေရဲ့ စစ်မှန်တဲ့ ဘဝနေထိုင်မှုပုံစံနဲ့ အရွယ်မတူတဲ့ အမျိုးသမီး ၃ ယောက်ရဲ့ အတွေးအခေါ်တွေကို မြင်ရမှာ ဖြစ်ပါတယ်။ပြီးတော့ အမျိုးသမီးစာကို အထင်သေးသူ၊ အသုံးချပြီး အကျိုးအမြတ်ရချင်သူတွေကလည်းရှိနေခဲ့ပါတယ်။ အမျိုးသမီးစာကို သမိုင်းမှာပဲ မကျန်စေချင်တဲ့တွေကလည်း ကြိုးစားရင်းနဲ့ပေါ့  Filesize : 1.46 GB / 729 MB Quality : WEB-DL HEVC 1080p ...
movie

Hidden Letters ( 2024 )

Coração de Neon aka Neon Heart (2023) 7.2
Coração de Neon aka Neon Heart (2023) Coração de Neon (2023)ဖာနန်ဒိုလို့ခေါ်တဲ့ကောင်လေးဟာ သူ့အဖေနဲ့အတူတူ ကားတစ်စီးနဲ့ လှည့်လည်ပြီးတော့ သီချင်းသီဆိုဖျော်ဖြေရေးဝန်ဆောင်မှုကို လုပ်ကိုင်ပြီးအသက်မွေးဝမ်းကြောင်းပြပါတယ်။သူတို့လုပ်ငန်းရဲ့နာမည်ကတော့ နီယိုနှလုံးသားလို့ခေါ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ သားအဖနှစ်ယောက် ထုံးစံအတိုင်း ကားလေးတစ်စီးနဲ့ ဖောက်သည်တွေတောင်းဆိုထားတဲ့အတိုင်း သီချင်းလိုက်ဆိုကြရင်း အလုပ်များတဲ့အတွက် အိမ်တစ်အိမ်မှာ အဖေ့ကိုထားခဲ့ရင်း ဖာနန်ဒိုဟာ တခြားဖောက်သည်တစ်ယောက်ကို ဝန်ဆောင်မှုသွားပေးပါတော့တယ်။ဖာနန်ဒိုတစ်ယောက် အလုပ်ပြီးလို့ အဖေဖြစ်သူကို ဝင်ကြိုတဲ့အခါမှာတော့ အဖေဖြစ်သူက သူတို့ဝန်ဆောင်မှုပေးတဲ့အိမ်မှာပဲ သေနတ်ဒဏ်ရာရပြီး လဲနေတဲ့အခါမှာတော့ ..... ဒီသားအဖနှစ်ယောက်ကြားထဲကို ဘယ်လိုကံဆိုးမှုတွေ ဝင်ရောက်လာမလဲ ..... ဖာနန်ဒိုတစ်ယောက် ဒီကံဆိုးမှုတွေကို ဖြတ်သန်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~V~Alex~ToMo တို့ပဲ ဖြစ်ပါတယ်) File size…1.5GB / 731MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~Alex~ToMo
movie

Coração de Neon aka Neon Heart (2023)

2023
Murmur of Memories ( 2023 ) 5.7
Murmur of Memories ( 2023 ) Slow romance နဲ့ လျို့ဝှက်ချက်တသီကြီးကိုဘာများဖြစ်နေမလဲဆိုပြီး စိတ်ဝင်တစားကြည့်တတ်တဲ့ပရိသတ်ကြီးအတွက် murmur of memories က ဇာတ်ကားကောင်းလေးဖြစ်မှာပါ ။ ဇာတ်လမ်းအညွှန်းလေးကတော့နက္ခတ္တဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာယဲ့က သူ့ဘဝတလျှောက်လုံး စူပါနိုဗာကြယ်အကြောင်း သုတေသနလုပ်ရာမှာမြှုပ်နှံထားခဲ့ပါတယ် ။ သုတေသနလုပ်ဖို့ရန်ပုံငွေရလိုရငြား အဖွဲ့အစည်းတွေဆီ တောက်လျှောက် လျှောင်လွှာတင်ခဲ့ပေမဲ့လည်း ပယ်ချခံခဲ့ရပါတယ် ။သူကဒီလောက်ကြိုးစားပြီးမအောင်မြင်ခဲ့ပေမဲ့ ဂျူနီယာဖြစ်သူ ချိုးရှန်းယွိက ခဏချင်းမှာပဲ ဆုတွေရတဲ့အထိအောင်မြင်ခဲ့ပြီး သူတစ်ဘဝလုံးတောင်တခဲ့ရတဲ့ဘဝကိုရရှိသွားပါတယ် ။ ဒီလို‌နဲ့တစ်နေ့မှာ ချိုးရှန်းယွိက သူ့ကိုစိတ်ပြေလက်ပျောက်ဆိုပြီး ဘားကိုခေါ်သွားခဲ့ပြီး သူ့မိန်းမနဲ့ပေးအိပ်ရင် ရန်ပုံငွေရစေရမယ်လို့အာမခံလာချိန်မှာတော့...ပရော်ဖက်ဆာယဲ့တစ်ယောက် ဘယ်လိုဆုံးဖြတ်ချက်တွေချသွားမလဲဆိုတာရယ် ဇာတ်လမ်းကကြည့်နေရင်း ကိုယ်ထင်ထားသလိုမဟုတ်တာတွေ အများကြီးမြင်လာရတာရယ်ကြောင့် စိတ်ဝင်စားစွာနဲ့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှူ့ပေးကြပါအုံးနော် ။ Filesize : 997 MB / 459 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Drama Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded ...
movie

Murmur of Memories ( 2023 )

Mo Mamma (2023) 5.9
Mo Mamma (2023) Mo Mamma (2023)IMDb-5.9/10မြေးဖြစ်သူမာရီက အဘွားဖြစ်သူ မာမားဘေးမှာအမြဲရှိနေပေးခဲ့ပြီး ၊ တစ်ချိန်လုံး တစ်သက်လုံးပျော်သလိုနေခဲ့ပြီး ‌အဘွားဆုံးခါနီးမှ လာအကဲပိုတယ်လို့ သူ့အမေကို အထင်လွဲနေခဲ့တယ်အမေဖြစ်သူအပေါ် တစ်ကိုယ်ကောင်းဆန်ပြီး သူ့အတွက်သူပဲတွေးတဲ့သူ ၊ သူထင်ပေါ်အရေးပေးခံဖို့ပဲစိတ်ဝင်စားတဲ့သူ ၊ သမီးဖြစ်သူအပေါ် ကြင်ကြင်နာနာမရှိ ရက်စက်စိမ်းကားသူဆိုတဲ့ ငယ်ဘဝစိတ်ဒဏ်ရာ‌တွေ အပြည့်နဲ့ပေါ့ဒါက သမီးတစ်ယောက်ရဲ့ တစ်ဖက်သတ်အမြင် စိတ်ဒဏ်ရာ ၊ မိခင်တစ်ယောက်ရဲ့ အခက်အခဲနဲ့ အကျပ်အတည်းကရော ဘာတွေများဖြစ်မလဲအချိန်အတော်ကြာမှ ရင်ဖွင့်ဖြေရှင်းကြတာတွေက အကုန်အခဲကျေပြေလည်သွားမလား ဒဏ်ရာတွေကိုပိုဆိုးစေမလား......ကိုယ်တိုင်နဲ့ ကိုယ့်ဘေးမှာရှိနေတဲ့သူတွေကြားက ဆက်ဆံရေးတွေအတွက် တစ်ခဏတာပြန်စဉ်းစားသုံးသပ်မိစေမဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ် File size…1.6GB/ 659MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Yunni
movie

Mo Mamma (2023)

2023
The Moon Thieves ( 2024 ) 6.5
The Moon Thieves ( 2024 ) နာရီအတုကို အစစ်အတိုင်းမထင်ထားလောက်အောင် ဖန်တီးယူနိုင်တဲ့ နာရီမှောင်ခိုလောကမှာနာမည်ကြီး မာဝိန်ရွှင့်နဲ့ နာရီမှောင်ခိုလောကမှာရှာမရတဲ့နာရီအမျိုးအစား မရှိသလောက်အောင် နာရီမျိုးစုံကိုခိုးယူနိုင်တဲ့ သူခိုးကြီးလို့ နာမည်တွင်တဲ့ ဦးလေးလိုင်တို့ရှိကြပါတယ်တနေ့မှာဦးလေးလိုင်က မာဝိန်ရွှင့်ကို ဂျပန်မှာ Picasso ရဲ့နာရီသုံးလက်လေးလံရောင်းပွဲမှာ အတုအစစ်အစားထိုးဖို့ဂျပန်ကိုအတူတူသွားဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမဲ့ မာဝိန်ရွှင့်ကဒါအန္တရာယ်များလွန်းတဲ့ အလုပ်ဖြစ်တာကြောင့် ခေါင်းရှောင်နေခဲ့ပေမဲ့ တစ်နေ့မှာတော့ သူအတုလုပ်ထားတဲ့ လကမ္ဘာနာရီကို လိမ်ရောင်းပေးလိုက်တဲ့ သူ့ဧည့်သည်တစ်ယောက်ကနာရီအတုအစစ်လာစစ်ဆေးဖို့ ဦးလေးလိုင်ဆီသွားရောက်ခဲ့တဲ့အချိန်ဦးလေးလိုင်က မာဝိန်ရွှင့် ရဲ့အလိမ်မပေါ်အောင်လို့ ကူညီလိမ်ပေးခဲ့တာကြောင့် ကျေးဇူးကြွေးရှိသွားပြီး မလွှဲသာတဲ့အဆုံးသဘောတူခဲ့တယ်။ဒီ့အပြင်တခြားကျွမ်းကျင်သူချွီဝမ်နဲ့အစ်မဟုန်တို့ကိုပါ ခေါ်ခိုင်းလိုက်တယ်။ချွီဝမ်က သဘောတူလိုက်ပေမဲ့အစ်မဟုန်ကတော့ သူ့သားသေဆုံးမှုကြောင့် နာကျည်းလျက်ကမ်းလှမ်းချက်ကိုငြင်းဆန်းခဲ့တယ်။ ဒါပေမဲ့လဲ မောင် ဖြစ်သူက အမေ့မျက်စိခွဲစိတ်စရိတ်အတွက် ပိုက်ဆံလိုနေတာကြောင့် ဒီကမ်းလှမ်းမှုကိုသဘောတူခဲ့တယ်။ဒီလိုနဲ့လေးယောက်သားဂျပန်ကိုရောက်သွားပြီး နာရီပြတိုက်မှာထိန်းသိမ်းထားတဲ့ Picasso နာရီသုံးလက်ကိုအတုအစစ်လဲဖို့ သွားရောက်ခဲ့တဲ့အချိန်မှာ ဘယ်လိုတွေဖြစ်လာမလဲ။ ဒီနာရီသုံးလက်ကိုကော အစားထိုးလဲနိုင်မှာလား။ ဘယ်လိုတွေ အတုအစစ်မခွဲခြားနိုင်အောင် လုပ်နိုင်မလဲဆိုတဲ့ ကျွမ်းကျင်သူလေးယောက်ရဲ့ အရည်အချင်းကိုဒီဇာတ်ကားလေးထဲမှာ ပြသထားတာမို့လို့ ဇာတ်ကားလေးကို ကြည့်ရူလိုက်ရအောင် Filesize : 1.10 GB / 608 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Action , Crime , Thriller Runtime : 1h 48 min  Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie

The Moon Thieves ( 2024 )

Second Life ( 2024 ) 6
Second Life ( 2024 ) တရုတ်အက်ရှင်ကားကြိုက်တဲ့သူတွေအတွက် ကားကောင်းလေးလာပါပြီ။ ဇာတ်လမ်းရဲ့အစကတော့ ရဲအရာရှိဖြစ်တဲ့ယောင်္ကျားဖြစ်သူကို ဂိုဏ်းစတားခေါင်းဆောင်ကြီးကလုပ်ကြံလိုက်တဲ့အတွက် တရုတ်တိုင်းရင်းဆေးဆရာမကြီးကတစ်ချက်ထဲ ကန်သတ်ပစ်လိုက်တဲ့အခန်းနဲ့ ခပ်ကြမ်းကြမ်းစခဲ့တယ်။လူဆိုးကိုသတ်တာဆိုပေမယ့်လဲ လူသတ်မှုဖြစ်တဲ့အတွက်ထောင်ကျခဲ့ပါတယ်။ ဖြစ်ချင်တော့ သူ့မှာကိုယ်ဝန်ရှိနေတဲ့အတွက် ကလေးကို ထောင်ထဲမှာပဲမွေးခဲ့ရပြီးတော့ ၁နှစ်ပြည့်တဲ့အချိန်မှာ မိဘမဲ့ဂေဟာကိုပို့လိုက်ရပါတယ်။ သက်တမ်းစေ့လို့ထောင်ကထွက်လာတဲ့အခါ သားလေးကိုပြန်ရှာဖို့ကြိုးစားပါတယ်။အဲ့ဒီအချိန်မှာ တစ်ဖက်ဂိုဏ်းကလဲ အဖေကိုကန်သတ်သွားတဲ့တရားခံကို လက်စားချေဖို့ဆိုပြီး ကလေကချေတစ်ယောက်ကိုလွှတ်လိုက်တဲ့အခါ အဖွားကြီးနားမှာ သူ့သားအယောင်ဆောင်ပြီး အယုံသွင်းလုပ်ကြံဖို့ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ အဖွားကြီးနဲ့လူမိုက်လေးကြားမှာဘယ်လိုတွေဖြစ်လာမလဲ…… အဖွားကြီးရဲ့သားအရင်းကရော ဘယ်သူဖြစ်နေမလဲ…… Filesize : 3.58 GB / 1.64 GB / 922 MB Quality : WEB-DL 4K HEVC ,  1080p , 720p Format : mkv Genres : Action , Comedy Runtime : 1h 46 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Second Life ( 2024 )

4K HEVC
Mom, If I Were a Vampire ( 2022 ) 5.7
Mom, If I Were a Vampire ( 2022 ) ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်း အနိုင်ကျင့်ခံရတဲ့ ကျောင်းသူလေး အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ GL နည်းနည်းဆန်ပါတယ်နော် ဇာတ်လမ်းအညွှန်းလေးအနေနဲ့ကျန်းရှောင်ဝမ်ဆိုတဲ့ကောင်မလေးဟာ အမြဲတမ်းတွေးနေ ဆွေးနေတတ်ပြီးတော့ သူ့အမေနဲ့ မတူချင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ် ။ အဲဒီလိုမှုန်ကုတ်ကုတ်ဖြစ်နေလို့ပဲ ကျောင်းပြောင်းတဲ့နေ့မှာပဲ အနိုင်ကျင့်ခံရပါတော့တယ် ။ဒါပေမဲ့ မမျှော်လင့်ဘဲသူ့ဘဝကိုအလင်းပေးနိုင်မဲ့ သူငယ်ချင်းတစ်ယောက် ၊ သူ့အတွက်လက်စားချေပေးနိုင်မဲ့ သူငယ်ချင်းကောင်းနဲ့ဆုံတွေ့ခဲ့ရပါတယ် ။ ကဲဒီသူငယ်ချင်းနဲ့ပေါင်းပြီး အနိုင်ကျင့်တဲ့ကလေးတွေကို ဘယ်လိုပြန်လက်စားချေကြမလဲ ? ‌သူဖြစ်ချင်နေတဲ့ ဗန်ပိုင်းယားရောဖြစ်လာမလားဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှူပေးကြည့်ပါအုံးနော် ။ Filesize : 355 MB Quality : WEB-DL 1080p  Format : mp4 Genres : Horror , Thriller Runtime : 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK
movie

Mom, If I Were a Vampire ( 2022 )

Final Heat (2024) 5.5
Final Heat (2024)  လူ့ဘ၀မှာအရေးအကြီးဆုံးကတော့ပိုက်ဆံတွေ ဂုဏ်ပကာသနတွေထက် ကျန်းမာကြံ့ခိုင်ပြီးကျန်းမာရေးကောင်းနေဖို့ကအရေးအကြီးဆုံးပါပဲ။အဲ့ဒါကြောင့်ကမ္ဘာပေါ်မှာရှိတဲ့လူအများစုကအားကစားတစ်ခုမဟုတ်တစ်ခုတော့လုပ်ကြပါတယ်။Gym ကစားတာ စက်ဘီးစီးတာ ပြေးတာ လမ်းလျှောက်တာအကုန်လုံးကကျန်းမာကြံ့ခိုင်စေနိုင်တဲ့လေ့ကျင့်ခန်းတွေပါပဲ။ဒီလိုကျန်းမာကြံ့ခိုင်စေဖို့လေ့ကျင့်ခန်းတွေကိုပိုမိုလုပ်ဆောင်စေဖို့အတွက်ကမ္ဘာတစ်ဝှမ်းမှာလည်းအားကစားပြိုင်ပွဲအသေးစားလေးတွေကနေ အိုလံပစ်အားကစားပြိုင်ပွဲတွေအထိပါကျင်းပပေးကြပါတယ်။အခုတင်ဆက်ပေးမဲ့ Final Heat ဆိုတဲ့ဇာတ်ကားထဲမှာလည်းကျန်းမာကြံ့ခိုင်ရေးပြိုင်ပွဲဝင်ခွင့်ရဖို့ကြိုးစားနေတဲ့အားကစားသမားတွေရဲ့စွန့်စားခန်းကိုတွေ့ရမှာဖြစ်ပါတယ်။ကမ်နဲ့လိန်းနီတို့ကဟောလီး၀ုဒ်ဘောက်စ်ဆိုတဲ့အားကစားရုံပိုင်ရှင်တွေဖြစ်ကြပြီး သူတို့အားကစားရုံကအခြေအနေမကောင်းပြီးငွေကြေးအဆင်မပြေတော့တဲ့အတွက်အားကစားရုံမပိတ်ရခင်လေးမှာကြိုးစားချင်စိတ်ရှိတဲ့အထောက်အပံ့လိုတဲ့အားကစားသမားတွေကိုငွေကြေးထောက်ပံ့ပေးပြီးပြိုင်ပွဲဝင်နိုင်အောင်ကူညီပေးဖို့ဆုံးဖြတ်ခဲ့ကြပါတော့တယ်။ဒီလိုနဲ့သူတို့ဆီမှာ လာလျှောက်တဲ့လူတွေအများကြီးထဲကသင့်တော်မယ်ထင်တဲ့ အားကစားသမားတွေကိုရွေးထုတ်ရင်းအဖွဲ့တစ်ခုဖြစ်သွားခဲ့ကြပါတော့တယ်။ဒါပေမယ့် ကမ်တို့ကိုယ်တိုင်ကိုကမပြေလည်တဲ့အတွက်ပြိုင်ပွဲဝင်ခွင့်ရတဲ့အထိသူတို့ကိုလေ့ကျင့်ပေးပြီး ထောက်ပံ့ပေးဖို့ဆိုတာကအခက်အခဲကြီးတစ်ခုပါပဲ။ဒါပေမယ့် သူတို့အဖွဲ့လေးကလည်း ပြိုင်ပွဲဝင်ခွင့်ရဖို့ ရည်ရွယ်ချက်တစ်ခုတည်းကို အတူတူထားတဲ့အတွက်အခက်အခဲတွေကို ကျော်ဖြတ်ပြီး အတူတူကြိုးစားသွားကြပုံတွေကိုတွေ့ရမဲ့အားကစားအမျိုးအစားကို Documentary ပုံစံလိုပေါင်းစပ်ပြီးရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…2.14GB / 872MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 32m Genre …..Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Final Heat (2024)

Genres

Archives