Channel Myanmar

New releases (2025)

Content at random


Movies

Longing (2024)
Longing (2024) Longing ( 2024 )အစ္စရေးဒါရိုက်တာ Savi Gabizonရဲ့ ရုပ်ရှင်ပါ။ အစ္စရေးဒါရိုက်တာဆိုတာ ထည့်ပြောရတာကတော့ ဒီရုပ်ရှင်က အမေရိကန်ရုပ်ရှင်တွေနဲ့ကွဲပြားတယ်ဆိုတဲ့အချက်ကြောင့်ပါပဲ။ သရုပ်ဆောင်တွေကတော့ Richard Gereနဲ့ Diane Kruger။ တော့စတားကြီးနဲ့ နာမည်ကြီးမင်းသမီးပေါ့။ ပြောရရင် ဒီကားက ရစ်ချက်ဂီရိရဲ့ ဒီအရွယ်နဲ့တော်တော်လေးလိုက်ဖက်တယ်။ ဇာတ်ကြောင်းကလည်း ရိုးရိုးလေးပဲ ဒါပေမဲ့ တော်တော်လည်းစိတ်ဝင်စားဖို့ကောင်းတယ်။ ပြောရရင် တစ်ဘက်တစ်လမ်းကနေ Shuji Iwaiရိုက်တဲ့ဇာတ်လမ်းတွေရဲ့ အငွေ့အသက်မျိုးကိုတောင် ဖမ်းမိတယ်။တစ်ကိုယ်တည်းနေတဲ့ အသက်၆၀ လူကြီးတစ်ယောက်ကို သူ့မှာ ကလေးရှိကြောင်း သူ့ရည်းစားဟောင်းက လာပြောတယ်။ ဒါပေမဲ့ လာပြောတဲ့အချိန်က အဲဒီကလေးသေပြီးတဲ့အချိန်။ ဒီလိုနဲ့ အဲဒီလူကြီးက သူ့ကလေးရဲ့ နာရေးပွဲကိုသွားရင်း သူ့ကလေးရှင်သန်ဖြတ်သန်းခဲ့ဖူးတဲ့ သမိုင်းကို ခြေရာကောက်ရင်း မရှိတော့တဲ့ လူတစ်ယောက်ရဲ့ ဘဝကို ချစ်တဲ့စိတ်နဲ့ ပြန်လည်ခံစားကြည့်တဲ့အကြောင်းပါပဲ။ ဒီရုပ်ရှင်ဟာ Ratingတွေတော့ မကောင်းပါဘူး။ ဒါပေမဲ့လည်း သူ့အကြောင်းအရာရော အငွေ့အသက်ရော ပေးနိုင်တဲ့ခံစားချက်ရောက အသိအမှတ်ပြုဖို့တန်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ရှင်သန်ခြင်းတို့ ချစ်ခြင်းတို့ဆိုတာ ရိုးရှင်းတယ်ထင်ရပေမဲ့ ကျွန်တော်တို့ ဘယ်တော့မှ နားလည်လာမယ့်အရာတွေမဟုတ်ဘူး။ အဓိပ္ပာယ်မရှိဘူးလို့ထင်ရရင်တောင်ရှင်သန်ကြည့်လိုက်ဖို့ အချစ်ဟာ ဝေဝါးလွန်းနေရင်‌တောင် ချစ်ကြည့်လိုက်ဖို့ကလွဲ ကျွန်တော်တို့အတွက် ...
movie

Longing (2024)

2024
Dirty Politics (2015)
Dirty Politics (2015) Dirty Politics 2015 Genre - Dramaဘောလိဝုဒ် နိုင်ငံရေးအကျင့်ပျက်ခြစားမှုကို ထုတ်ဖော်ရိုက်ကူးထားတဲ့ ဘောလိဝုဒ်ကားဟောင်းလေးကို CM Bollywood ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းအာနိုခီဒေဝီဆိုတဲ့ အမျိုးသမီးတစ်ယောက် ရက်အတော်ကြာပျောက်ဆုံးနေတဲ့ အမှုနဲ့ပတ်သက်ပြီး နာမည်ကြီးနိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ မစ္စတာ မူခီတယာဆင်းဂ် ကို အရာရှိနီဘေးနဲ့ အရာရှိနစ်ချေးတို့က ဖမ်းဆီးခဲ့ပါတယ်။ဒါပေမဲ့ အကျင့်ပျက်နိုင်ငံရေး အဖွဲ့အစည်းဖြစ်နေလေတော့ သူ့ထက်အကောင်ကြီးတွေအချင်းချင်း ရဲမင်းကြီးအထိ ဖုန်းနဲ့လှုပ်ရှားလိုက်ရာက မစ္စတာ မူခီတယာဆင်းဂ်တစ်ယောက် စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ပြန်လွှတ်သွားပါတယ်။ ဒါကို မကျေနပ်တော့ ဝန်ကြီးချုပ်ထိတင်ပြပြီး အိန္ဒိယအထူးစုံစမ်းရေးဌာနကို ကိုင်တွယ်ပေးဖို့တောင်းဆိုရင်း အထူးစုံစမ်းရေးသမားတစ်ဦးပါလာပြီး အမှုကိုစတင်ကိုင်တွယ်တာနဲ့ပဲ အကျင့်ပျက်အရာရှိတွေကို စကိုင်ပါတော့တယ်။ ဆိုတော့ အာနိုခီဒေဝီတစ်ယောက် ဘာဖြစ်သွားတာလဲ တကယ်ပဲ နိုင်ငံရေးသမားတွေနဲ့ပတ်သက်နေလားဆိုတာ စိတ်ဝင်စားစွာနဲ့ ဆက်လက်ကြည့်ရှုနိုင်မှာပါခင်ဗျာ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ။) File size…2.4GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Dirty Politics (2015)

2015
[18+] Handwashing Lady (2020)
[18+] Handwashing Lady (2020) [18+] Handwashing Lady (2020) ******************************* ချန်းဆောင်းဆိုတဲ့ အလုပ်လက်မဲ့ကောင်လေးက တစ်နေ့မှာ အထုပ်အပိုးတွေ မနိုင်မနင်းဖြစ်နေတဲ့ဟာရုဆိုတဲ့ မိန်းကလေးကို တွေ့ပြီးတော့ ကူညီပေးလိုက်ရာကနေအဲဒီမိန်းကလေးက အတူအိပ်ချင် အိပ်ရအောင်လို့ စပြောလာခဲ့တဲ့အတွက် အတူနေလိုက်မိတယ်အဲဒီကိစ္စပြီးနောက်မှာ ဟာရုကို တမ်းတမ်းစွဲဖြစ်သွားပြီးတစ်အိမ်တည်းမှာပါ အတူနေလိုက်တော့တယ်အဲဒီအချိန်ကတည်း ဟာရုက ချန်းဆောင်းအတွက် အကုန်ထောက်ပံ့ပေးပါတော့တယ်ပိုက်ဆံတွေလည်း ပေး ခန္ဓာကိုယ်လည်းပေးမို့ ချန်းဆောင်းတစ်ယောက်ကတော့ အစပိုင်းမှာ မျောက်အုန်းသီးရသလို ဖြစ်နေခဲ့တာပေ့ါဒါပေမဲ့ ဟာရုက တခြားယောက်ျားတွေနဲ့ တပူးပူးတတွဲတွဲလုပ်နေတာကို မြင်လိုက်ရတဲ့အခါမှာမယုံသင်္ကာမှုတွေ ကြီးစိုးလာပါတော့တယ်သူ့ကိုစပြီး အိပ်ဖို့ပြောခဲ့သလိုမျိုး တခြားသူတွေနဲ့လည်း အဲဒီလို လုပ်လောက်မှာပဲဆိုပြီးတော့ဟာရုကို အထင်အမြင်တွေ သေးလာသလို နှိပ်လည်း နှိပ်စက်ပါတော့တယ်အစကတည်းက အချစ်နဲ့ စခဲ့တာမဟုတ်ဘဲနဲ့ တဏှာနဲ့ စခဲ့တဲ့ ဆက်ဆံရေးမို့ဟာရုကို တဖြည်းဖြည်းနဲ့ လူတကာနဲ့ အိပ်နေတဲ့ ရွံစရာ သတ္တဝါလို ချန်းဆောင်းက မြင်လာခဲ့တယ်အဲဒီလို အခြေအနေကနေ သူတို့နှစ်ဦး ဘယ်လို ရုန်းထွက်ကြမလဲအချစ်ငတ်နေတဲ့ ဟာရုလည်း တကယ်အချစ်ခံရရှာပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်File ...
movie

[18+] Handwashing Lady (2020)

Waqt (2005) 6.7
Waqt (2005) Waqt The Race Against Time(2005)ဆန့်ကျင်ဘက်မျဉ်းပြိုင်နှစ်ကြောင်းရဲ့ အားပြိုင်မှုIMDb-6.7/10ဘောလိဝုဒ်ပရိသတ်ကြီးအတွက် Legend တွေရဲ့ တစ်ခေတ်တခါက ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် အမီတာဘဂျမ်း ၊ ပရီရန်ကား ၊ အရှေးကူးမား တို့လို ထိပ်သီးအနုပညာရှင်တွေချည်းပါဝင်ထားတဲ့ကားဖြစ်ပါတယ်ဘဝနေဝင်ချိန်နဲ့ နီးနေပြီဖြစ်တဲ့ဖခင်ဖြစ်သူက သူကိုယ်တိုင်လည်း ဘဝကို ကြိုးစားရှင်သန်ခဲ့သလိုသူကြိုးစားတည်‌ထောင်ခဲ့တဲ့ ဘဝကို သားဖြစ်သူလက်ထဲအကြွင်းမဲ့ယုံကြည်အပ်နှံထားခဲ့ချင်တယ် သူထွက်မသွားခင် သားဖြစ်တဲ့သူကို ဘဝကြီးအကြောင်း သေချာနားလည်ပြီး အဖိုးတန်တဲ့ လူတော်လူကောင်းတစ်ယောက်အဖြစ်နဲ့ မြင်ခဲ့ချင်တယ် သားဖြစ်သူရဲ့သွေး မျိုးဆက်လေးရလာခဲ့ရင်ဆိုပြီးတော့လည်း တွေးတွေးပြီးပျော်နေတတ်တဲ့သူသားဖြစ်တဲ့သူကတော့ အဲဒီအချက်တွေနဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့သူပါပဲ တော်တတ်ပြီးသားအဖေနဲ့ မပူပန်ရတဲ့စည်းစိမ်တွေကြား ဘာလိုနေသေးလဲဆိုပြီး ဘဝကိုပျော်ပျော်ပဲဖြတ်သန်းနေခဲ့တယ် ။သားဖြစ်သူကအားမကိုးရ သုံးစားမရတဲ့အပြင် ရန်သူတော်ရဲ့ သမီးကိုမှအရယူလာတော့ ဘဝဆိုတာရင်ဆိုင်ကြည့်စမ်းဆိုပြီး အကြမ်းနည်းသုံးအိမ်ပေါ်ကနှင်ချတော့တာပဲသိက္ခာ ဥစ္စာ အစစပြည့်စုံနေတဲ့မိသားစုကနေ ရုတ်တရက်ကြီး ဘာမှမရှိတဲ့ဘဝကို ရောက်သွားတဲ့သူက သူ့အဖေဗီဇတွေပါပြီး တိုးတက်အောင်လုပ်နိုင်မလား ဖခင်မေတ္တာကိုရော နားလည်သဘောပေါက်သွားမလား20 ရာစုဝန်းကျင်က ထွက်ရှိခဲ့တဲ့ ဂန္တဝင်တင်တဲ့ဘောလိဝုဒ်ကောင်းများစွာလို ဒီကားကရော အဲဒီစံနှုန်းကိုမီရဲ့လား ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေ‌ကတော့ CM Bollywood Team မှဖြစ်ပါတယ် File size…5.62GB / 2.35GB Quality…AMZ WEB DL 1080p / 720p Format…mp4 Duration….2h 33m Subtitle….Myanmar ...
movie

Waqt (2005)

2005
Chicken for Linda! (2023)
Chicken for Linda! (2023)  ဒီတစ်ခါမှာတော့ ချစ်စရာ ပြင်သစ် animation ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်လင်ဒါဆိုတဲ့ ကလေးမလေးက ငယ်ငယ်လေးကတည်းက ဖခင်ကိုဆုံးရှုံးလိုက်ရပြီး အမေဖြစ်သူ ပူလတ်နဲ့ နှစ်ယောက်တည်း နေထိုင်ပါတယ်တစ်နေ့မှာတော့ မေမေက လင်ဒါ့ကို သူ့လက်စွပ်ခိုးတယ်လို့ စွပ်စွဲပြီး အပြစ်ပေးတဲ့ အနေနဲ့ သဘောဆိုးတဲ့ လင်ဒါရဲ့ အန်တီ့အိမ်မှာ တစ်ညသွားထားပါတယ်တကယ်တမ်း လက်စွပ်ကို သမီးလေးခိုးတာမဟုတ်မှန်း သိသွားတဲ့အခါ သူ့ညီမအိမ်ကနေ သမီးကို သွားပြန်ခေါ်လာပြီး သမီးလိုချင်တာတစ်ခု ပြန်လုပ်ပေးဖို့ ကတိပေးလိုက်ပါတယ်အဖေ့ကို မမှတ်မိတော့ပေမယ့် လင်ဒါလေးဟာ အဖေချက်တဲ့ ထူးရှယ်ကြက်သားဟင်းကို စားချင်တယ် ပြောလာလို့ ကြက်သားရှာဝယ်ပေမယ့် အလုပ်သမားသပိတ်ကြောင့် ဆန္ဒပြပွဲတွေဖြစ်ပြီး ဈေးတိုင်းပိတ်ထားတဲ့အခါမှာ ဘယ်လိုတွေ ဆက်လက်ကြုံရမလဲ ပရိသတ်ကြီး ဆက်လက်ကြည့်ရှုပေးပါဦး File size…(1.4 GB)/(712 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:13:00 Genre... Animation, Comedy,Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

Chicken for Linda! (2023)

Against the Ropes (2004)
Against the Ropes (2004)  *"Against the Ropes"* ဇာတ်ကားသည် 2004 ခုနှစ်မှာထွက်ရှိခဲ့တဲ့ အားကစားဒရမ်မာ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် ဂျက်ကီကယ်လန်ဆိုတဲ့ အားကစားမှာ စိတ်အားထက်သန်လှတဲ့ အမျိုးသမီးတစ်ဦးရဲ့ လက်ဝှေ့လောကထဲကိုတိုးဝင်ပုံကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။အမျိုးသမီးများကို အလေးထားမှုမရှိတဲ့လက်ဝှေ့လောကမှာ အမျိုးသားများနဲ့ရင်ဘောင်တန်ပြီး တန်းတူယှဉ်ပြိုင်ရင်း အလုပ်ကိုကြိုးစားရုန်းကန်သွားပုံကို စိတ်ဝင်စားဖွယ်ဖော်ပြထားတာပါ။ လက်ဝှေ့လောကမှာ နာမည်မရှိသေးတဲ့ လက်ဝှေ့သမားတစ်ယောက်ကို နာမည်ကျော်တစ်ဦးဖြစ်တဲ့အထိ လေ့ကျင့်သင်ကြားပေးပြီး စိန်ခေါ်မှုများ အခက်အခဲများနှင့်အောင်မြင်မှုကို ထင်ဟပ်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။ File size…(2.2 GB)/(1.8 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre... Romance, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khin Sanda 
movie

Against the Ropes (2004)

Red Line ( 2023 ) 6
Red Line ( 2023 ) Andy Lau နဲ့ ထိုင်ဝမ်သရုပ်ဆောင်တွေပါဝင်ထားတဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ကားဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ပြိုင်ကားဆိုတာ အစကတည်းကအသက်နဲ့ရင်းရတဲ့ပြိုင်ပွဲတစ်ခုပါ။ လူငယ်တွေဟာ အရှိန်ကိုခုံမင်ပြီး အသက်နဲ့ရင်းပြီးပြိုင်တဲ့ပြိုင်ပွဲမှာ အနိုင်ရပြီလို့ထင်ပေမယ့် ကားနက်တစ်စီးဟာ ရုတ်တရက်လိုက်လာပြီး အဆုံးအစွန်ထိရောက်အောင်တွန်းပို့တဲ့အတွက် ပြိုင်ကားမောင်းသူဟာ သေသွားခဲ့ပါတယ်။ဒါကိုသာမန်အရှိန်လွန်တဲ့ဖြစ်ရပ်တစ်ခုလို့ထင်ကြပေမယ့် ကြိမ်ဖန်များလာတဲ့အခါ အားလုံးHellCatလို့နာမည်ပေးထားတဲ့ ဒီကားနက်ဟာ တရားမဝင်မြေအောက်ပြိုင်ကားမောင်းတဲ့သူတွေကို ပစ်မှတ်ထားနေတာကို သတိထားမိလာကြတယ်။အဲဒီအကြောင်းကိုမသိသေးတဲ့ရှောင်လော့ဆိုတဲ့ကောင်လေးဟာ သူ့ အစ်ကိုကပြိုင်ကားမောင်းရင်းသေသွားတာကြောင့် ပြိုင်ကားမောင်းတာကိုစွန့်လွှတ်ပြီး လူတွေရဲ့အသက်ကိုကယ်ရတဲ့ အရေးပေါ်လူနာတင်ကားပြောင်းမောင်းနေခဲ့တယ်။ မထင်မှတ်ပဲ သူ့အစ်ကိုသေရတာ ဒီငရဲကြောင်ကြောင့်ဆိုတာသိလိုက်ရတော့ သူငယ်ချင်းတွေနဲ့ပူးပေါင်းပြီး လက်စားချေဖို့အစီအစဉ်စလိုက်ပါတော့တယ်။ Filesize : 1.40 GB / 752 MB Quality : WEB-DL HEVC 1080p , 720p Format : mkv Genres : Action , Thriller , Adventure Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Red Line ( 2023 )

Passengers (2008) 5.8
Passengers (2008)  cm ပရိသတ်ကြီးကို ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ MysteryRomance Thriller ဇာတ်လမ်းလေး တစ်ခုကတော့ Passengers ဆိုတဲ့ဇာတ်ကားလေးပါ။ဒီဇာတ်ကားမှာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Anne Hathaway နဲ့Patrick Wilson တို့ခေါင်းဆောင်ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကြောင်း ပြောရရင် ကမ်းခြေတစ်ခုအနီးမှာ လေယာဉ်ပျက်ကျမတော်တဆမှု ဖြစ်ခဲ့ပါတယ်။ အဲဒီမတော်တဆမှုမှာ အသက်မသေဘဲရှင်ကျန်ရစ်တဲ့ ခရီးသည် ငါးဦးကို ကလဲရာဆိုတဲ့ စိတ်အထူးကုဆရာဝန်မလေးက အဖွဲ့လိုက် ဆွေးနွေးကုသမှု အကြံပေးနေတာပါ။ဒီငါးဦးထဲမှာမှ အဲရစ်ဆိုတဲ့ ကောင်လေးက တခြားသူတွေနဲ့ မဟုတ်ဘဲကလဲရာနဲ့ တစ်ဦးချင်း သီးသန့်တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုပြန်ပါတယ်။သူတို့နှစ်ဦးကြားမှာ စစတွေ့ဆုံကတည်းက အဲရစ်က ကလဲရာကိုသဘောကျမိပြီး ကလဲရာဘက်ကတော့ ကျင့်ဝတ်ပိုင်းဆိုင်ရာကြောင့်ဒါကိုမသိကျိုးကျွံ နေဖို့ ကြိုးစားနေတာပါ။ ဒီလိုနဲ့ ဆရာဝန်မလေးနဲ့တွေ့ဆုံဆွေးနွေးနေတဲ့ ကျန်လေးဦးမှာ တစ်ယောက်ပြီး တစ်ယောက်ပျောက်ဆုံးကုန်ကြတဲ့အခါ လူနာတွေအတွက် စိတ်ပူမိတဲ့ ကလဲရာတစ်ယောက် လေကြောင်းလိုင်းဘက်က သူနဲ့ တွေ့ဆုံမေးမြန်းရာမှာလည်းကျေနပ်စရာ အဖြေမရပါဘူး။ဒီပဟေဠိကို ဖော်ထုတ်ဖို့ ကြိုးစားရင်းနဲ့ သူမကိုယ်တိုင် ...
movie

Passengers (2008)

Salmon Fishing in the Yemen (2011) 6.8
Salmon Fishing in the Yemen (2011)  cm ပရိသတ်ကြီးကို ဒီတစ်ခါ ရိုမန့်ဟာသဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားအမည်ကအတိုင်းယီမင်နိုင်ငံလို အပူပိုင်းဒေသ နိုင်ငံတစ်ခုမှာ ဆယ်လ်မွန်ငါးတွေမွေးမြူဖို့ ကြိုးစားတာပါ။ဆယ်လ်မွန်ငါးတွေရဲ့ တခြားငါးတွေနဲ့ မတူတဲ့ သဘောသဘာဝကအားလုံးသိကြတဲ့ အတိုင်းပဲ သူတို့ဟာ ရေငံမှာ ကြီးထွားရှင်သန်ကျက်စားကြပြီး ဥဥမျိုးပွားချိန်အတွက်ကျမှ ရေကိုဆန်တက်ပြီးသူတို့ရဲ့ ဇာတိမူလ မြစ်ဖျားခံရာ ရေချိုဒေသတွေဆီ ကူးခတ်ပြန်ကြတာပါ။ဆယ်လ်မွန်ငါးတို့ရဲ့ ဇွဲလုံ့လ ဝီရိယဉာဉ်ဟာ လူသားတွေအတွက်အားကျပမာယူစရာ ဖြစ်သလို ငါးဖမ်းသမားတွေအတွက်လည်းဆယ်လ်မွန်ငါးတွေဟာ တန်ဖိုးရှိတဲ့ ငါးမျိုးစိတ်ပါပဲ။ဇာတ်ကားမှာတော့ ယီမင်နိုင်ငံက ခေါင်းဆာင် စော်ဘွားကြီးတစ်ယောက်ဟာ သူသဘောကျလှတဲ့ ဆယ်လ်မွန်ငါးတွေကိုနိုင်ငံထဲမှာ ရှိစေချင်တဲ့ ဆန္ဒအရ ငွေကုန်ကြေးကျ ဘယ်လောက်များနေပါစေ..ရအောင်လုပ်မယ်ဆိုပြီး ပရောဂျက်အတွက်အကြံပေးကုမ္ပဏီက သူ့ကိုယ်စားလှယ်ဖြစ်တဲ့ ဟယ်ရီယက်ဆိုတဲ့အမျိုးသမီးလေးကို တာဝန်ပေးလိုက်ပါတယ်။ဒေါက်တာအဲဖရက်ဒ်ဂျုံးစ်ဆိုတဲ့ ငါးပါရဂူဘွဲ့ရ အစိုးရအရာရှိတစ်ယောက်ကို နိုင်ငံရေးအရ ချစ်ကြည်ရေးအတွက်ရော မီဒီယာအာရုံလွှဲပြောင်းတဲ့ အနေနဲ့ပါ ဒီဖြစ်နိုင်ခြေ နည်းပါးလှတဲ့ ပရောဂျက်ကိုဟယ်ရီယက်နဲ့ အလုပ်အတူ တွဲလုပ်ဖို့ ဖိအားပေး တာဝန်ပေးလိုက်ချိန်မှာတော့....။သူတို့နှစ်ဦးကြားက ကတောက်ကဆဖြစ်မှုလေးတွေနဲ့ ပရောဂျက်တစ်လျှောက် ရင်ဆိုင်ရတဲ့ နိုင်ငံရေး၊ ...
movie

Salmon Fishing in the Yemen (2011)

Five Heroes In The Wild ( 2024 ) 5.8
Five Heroes In The Wild ( 2024 ) ဟာသကားလေးတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် သွေးမတော်သားမစပ်တဲ့ ညီအစ်ကိုသံယောဇဉ်တွေနဲ့ စိတ်ဓာတ်ကောင်းတဲ့ခေါင်းဆောင်ကောင်းအကြောင်းကို ရိုက်ပြထားတဲ့ဇာတ်ကားလေးကို CM ကနေတင်ဆက်ပေးလိုက်ပါပြီ ။ဇာတ်လမ်းအကျဉ်းလေးကတော့ - တစ်နိုင်ငံလုံး ပလိပ်ရောဂါကြောင့် အငတ်ဘေးဆိုက်နေတဲ့အချိန် ပညာတတ်တစ်ယောက်ဖြစ်တဲ့ ပါးသောင်းဆိုတဲ့လူငယ်လေးဟာလည်း သူ့အလုပ်ကိုစွန့်ပြီးအစားအသောက်ရှာဖို့ မြို့ပြင်ရွာပြင်အနှံ့အစားအသောက်ရှာဖို့ထွက်ရပါတော့တယ် ။ဒီလိုနဲ့ကံကြမ္မာဖန်လာပြီး စာရင်းကိုင်တစ်ယောက်ဖြစ်တဲ့သူက သူဖုန်းစားတစ်ယောက်၊ အမဲလိုက်သမားတစ်ယောက် ၊ သင်းကွပ်သမားတစ်ယောက် ၊ သမားတော်တစ်ယောက်နဲ့အတူ ဓားပြလုပ်ဖို့ဖြစ်လာပါတော့တယ် ။ ဓားပြလုပ်ပေမဲ့ အငတ်ဘေးဆိုက်နေတဲ့သူတွေချည်းဆိုတော့ သူတို့ဓားပြတိုက်ဖို့လည်းလူမရှိဖြစ်နေခဲ့ပါတယ် ။ ဒီလိုနဲ့ပလိပ်ရောဂါဖြစ်နေတဲ့ကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး သွေးလင်ဇီးမှိုကိုရှာဖို့ဖြစ်လာခဲ့ပါတော့တယ် ။ဇာတ်လမ်းလေးထဲမှာတော့ သူတို့၅ယောက် လင်ဇီးရှာရင်း ကြုံတွေ့ရမဲ့အခက်အခဲတွေ စည်းလုံးကြပုံလေးတွေကို ဟာသလေးနှောပြီးရိုက်ထားတာကိုမြင်ရမှာဖြစ်လို့ ဇာတ်ကားလေးကိုအဆုံးထိကြည့်ဖို့မမေ့ပါနဲ့နော် ။ Filesize : 1.50 GB / 764 MB Quality : WEB-DL HEVC 1080p , 720p Format : mkv Genres : Adventure , Mystery Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by ...
movie

Five Heroes In The Wild ( 2024 )

Death Town ( 2024 ) 5.8
Death Town ( 2024 ) နှစ်ပေါင်းများစွာအတွင်း စစ်ရှုပ်ထွေးမှုနဲ့ ဝေးရာမှာရှိပြီး အေးချမ်းသာယာခဲ့တဲ့ ဝူချန်မြို့မှာ မတော်တဆ သေဆုံးမှုတွေ ဆက်တိုက် ဖြစ်နေခဲ့ပါတယ်။ ရွာသားတွေရဲ့ ပြောပုံအရတော့ အားရီးနတ်ကို ပြစ်မှားမိပြီး တားမြစ်နယ်မြေဖြစ်တဲ့ ဝိညာဉ်ပျောက်တောထဲကို ဝင်မိတဲ့အတွက် သေရတာတဲ့......ကင်းလှည့်အဖွဲ့ အဖွဲ့ခေါင်းဆောင် ချန်မော့က လိုက်လံစုံစမ်းနေတဲ့အချိန်မှာ ရေနစ်သူမိန်းကလေးပိုင်စွမ်းကို ကယ်ခဲ့ပါတယ်။ အပြင်လောကနဲ့ အဆက်အသွယ်မရှိတဲ့ ဝူချန်မြို့မှာ အပြင်လူတစ်ယောက် ရောက်လာခြင်းက နိမိတ်မကောင်းတဲ့အတွက် ချန်မော့က ပိုင်စွမ်းကို သူ့အိမ်ထဲမှာပဲ ဖွက်ထားပေးခဲ့ပါတယ်။ပိုင်စွမ်းက အပြင်လောကမှာရှိတဲ့ အသိပညာတွေ မျှဝေပေးမှုကြောင့် ချန်မော့ကလည်း အားရီးနတ်ကို အယုံအကြည်မရှိတော့ဘဲ လူသေမှုတွေကို လိုက်လံစုံစမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လူသေမှုတွေ နောက်ကွယ်မှာ ဘယ်လို အကြံအစည်ကြီးတွေ ရှိနေမလဲ...... ချန်မော့တို့အဖွဲ့ကရော မြို့ထဲကလူတွေကို အမြင်မှန်ရလာအောင် လုပ်ပေးနိုင်မလား ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 906 MB / 459 MB Quality : WEB-DL HEVC 1080p , 720p Format : mkv Genres : Thriller , Mystery , Adventure Runtime : ...
movie

Death Town ( 2024 )

Black Dog ( 2024 ) 7.2
Black Dog ( 2024 ) ဒီ Black Dogs ဇာတ်ကားလေးကတော့ နာမည်ကြီးဒါရိုက်တာကြီး Guan Huက ရိုက်ကူးထားပြီး ရုပ်ရှင်လောကမှာ နာမည်ကြီးဂုဏ်ယူစရာကောင်းတဲ့ ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Cannes Film festival မှာ Un Certain Regard ဆုကြီးနဲ့ Palm Dog Award-Grand Jury Prize ဆိုတဲ့ ဆုကြီးနှစ်ဆုတောင်ရထားတာပဲဖြစ်ပါတယ် ။အဓိကသရုပ်ဆောင်အနေနဲ့ ထိုင်ဝမ်မင်းသားကြီး Eddie Peng က ပါဝင်သရုပ်ဆောင်ထားပြီး Tong Liya , Jia Zhangke , Zhang Yi အစရှိသဖြင့် နာမည်ကြီးဝါရင့်သရုပ်ဆောင်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ - ဂိုဘီသဲဂန္တာရတစ်နေရာမှာ ချစ်ရှားမြို့ကိုလာတဲ့ ခရီးသည်ယာဉ်တစ်စီးဟာ ဘယ်ကလာမှန်းမသိတဲ့ ခွေးအုပ်ကိုရှောင်ရင်း တိမ်းမှောက်သွားပါတော့တယ် ။ ဒီကားထဲမှာပါလာတဲ့သူတစ်ယောက်က နဂိုက မြို့ရဲ့နာမည်ကြီးတေးဂီတအဖွဲ့က အဖွဲ့ဝင်တစ်ဦးလည်းဖြစ် ၊ မော်တော်ဆိုင်ကယ်အဖွဲ့မှာလည်း အတော်ဆုံးဆိုင်ကယ်မောင်းသမားတစ်ဦးဖြစ်ခဲ့တဲ့ လန်ရုံဟွေးဖြစ်ပါတယ် ။သူကလူသတ်မှုနဲ့ထောင်ကျပြီး ဆယ်နှစ်ကြာမှ မြို့ကိုပြန်ရောက်လာတဲ့အချိန်မှာ မြို့က တော်တော်များများပြောင်းလဲသွားခဲ့ပါတယ် ။ အဲဒီထဲမှာမှ မြို့သစ်စီမံကိန်းကြောင့် မြို့ကပိုင်ရှင်နဲ့ခွေးတွေကို မြို့ပြင်ကိုမောင်းထုတ်နေတဲ့အစီစဉ်လည်းပါပါတယ် ။အဲဒီအချိန်မှာပဲအစိုးရက ခွေးနက်တစ်ကောင်မှာ ခွေးရူးပြန်ရှိနေတယ်လို့ သံသယရှိပြီး အဲဒီခွေးကိုဖမ်းနိူင်ရင် ...
movie

Black Dog ( 2024 )

The Feeling That the Time for Doing Something Has Passed (2023)
The Feeling That the Time for Doing Something Has Passed (2023) The Feeling That the Time for Doing Something Has Passed (2023) (ImdB 5.5,Rt score 85%, Metacritic 77%)ဒီတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ အမျိုးသမီးဒါရိုက်တာ ဂျိုအန်နာအာနိုးရဲ့ ကိုယ်တိုင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ပြီး လက်စွမ်းပြရိုက်ကူးထားတဲ့ ဟာသ-ဇာတ်ကြောင်းပြောပုံစံဇာတ်ကားလေးပဲဖြစ်ပါတယ်ဟာသဆိုတဲ့နေရာမှာ ဒီအတိုင်း ရီစရာတွေထက် လောကကြီးကိုအရွဲ့တိုက်စောင်းချိတ်ပြီး ထေ့ငေါ့နေတဲ့ပုံစံမျိုးကို ပိုတွေ့ရမှာပါ... ဇာတ်ကားခေါင်းစဉ်အတိုင်းပဲ ကိုယ်လုပ်ချင်တဲ့အရာတစ်ခုက အခုလုပ်လို့မရတော့တဲ့ ဖီလင်ဆိုတာဘာလဲပေါ့ ကိုယ်ငယ်ငယ်တုန်းက ပါဝါရိန်းဂျားနာရီလိုချင်တယ် အခုချိန်မှာမလိုချင်တော့တာလား ရလဲဘာလုပ်ရမှန်းမသိတော့တာလား လုပ်ခွင့်မရလို့ပဲဝမ်းနည်းနေလား ဒါရိုက်တာက အဲ့လိုခံစားချက်မျိုးကို မိန်းမတစ်ယောက်နဲ့ဘဝနဲ့ယှဉ်ပြီး ပုံဖော်ပြသွားတာပါပဲဇာတ်လမ်းအကျဉ်းကတော့ သာမန်အလုပ်အကိုင်နဲ့မိန်းမတစ်ယောက်ရဲ့ နေ့စဉ်နိစ္စဓူဝငြီးငွေ့ဖွယ်ရာ ဘဝနဲ့ ဘဝကိုစိတ်အပန်းဖြေချင်လို့ လုပ်တဲ့ BDSM အတွေ့အကြုံကလည်း ဘေးကကြည့်တဲ့သူပါ ပျင်းဖို့ကောင်းအောင် ငြီးငွေ့ဖို့ကောင်းတာကို သူ့အနေနဲ့ ဘယ်လိုခံစားချက်တွေနဲ့ ရှေ့ဆက်နေတာလဲ ဘဝမှာငယ်ရွယ်တုန်းလုပ်ချင်ခဲ့တာတွေက ဘာတွေလဲ ဘာတွေဆက်လုပ်မှာလဲ ဘယ်လိုဆက်ရှင်သန်မှာလဲ ဘဝဆိုတာဘာလဲဆိုတာ ပရိသတ်ကြီးပဲ ဒီထဲက ဇာတ်ဆောင် အန်းနဲ့အတူ တစ်စိတ်တစ်ပိုင်းအဖြေဝင်ရှာကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်...အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ဖြစ်ပါတယ်....Genre..... Comedy Quality…. 1080p ...
movie

The Feeling That the Time for Doing Something Has Passed (2023)

Elevator (2024) 7.6
Elevator (2024) Elevator (2024)ဒီကားကတော့ ထူးထူးခြားခြား ဓာတ်လှေကားထဲပဲ ဇာတ်အိမ်တည်သွားတာများတယ်။ ဒါပေမဲ့ အဓိကကတော့ ဓာတ်လှေကားမဟုတ်ဘူးပေါ့။ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတဲ့လူတွေအကြောင်း။ ကိုယ်တိုင်ကလည်း အဲဒီလိုလူဖြစ်နေပေမဲ့ အဲဒီလိုလူတွေကို ကူညီချင်လို့ App တစ်ခု ရေးပြီး အဲဒီappအတွက် ရင်းနှီးမြုပ်နှံသူကို ဓာတ်လှေကားစောင့်ကောင်လေးလုပ်ရင်း ဓာတ်လှေကားထဲပဲ ရှာခဲ့တဲ့အကြောင်းပေါ့။ ဓာတ်လှေကားမှာ အတက်နဲ့အဆင်းရှိသလို ဓာတ်လှေကားထဲမှာ သူလည်း အတက်တွေ အဆင်းတွေ ကြုံခဲ့ရတယ်။ ဓာတ်လှေကားထဲပဲ အချစ်ကိုတွေ့ခဲ့သလို ဓာတ်လှေကားကနေပဲ အချစ်နဲ့ဝေးခဲ့တယ်။ ဓာတ်လှေကားကနေပဲ ရင်းနှီးမြုပ်နှံသူရခဲ့သလို ဓာတ်လှေကားထဲကနေပဲ ငွေတွေကို သူကျောခိုင်းခဲ့တယ်။ သူ့အိပ်မက်ကတော့ သူ့လို ပြည်ပဝင်လုပ်သားတွေ အလုပ်အကိုင် အလွယ်တကူရှာလို့ရအောင် အိမ်ကိုငွေလွှဲရအောင် အဆင်ပြေအောင်လုပ်ပေးနိုင်တဲ့ App ကို သေချာလေး ထုတ်နိုင်ဖို့ပေါ့။ အဲဒီအိပ်မက်ဖြစ်လာအောင် သူဘာတွေဖြတ်သန်းရမလဲ ကျွန်တော်တို့ ဒီရုပ်ရှင်မှာ ကြည့်ရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… 972MB | 485MB Format… mp4 Duration…. ...
movie

Elevator (2024)

Inside the Mind of a Dog (2024) 7.2
Inside the Mind of a Dog (2024) ကိုယ့်အိမ်မှာမွေးထားတဲ့ခွေးလေးတွေကိုကြည့်ရင်း သူတို့စိတ်ထဲမှာ ဘာတွေများတွေးနေပါလိမ့်လို့ စဉ်းစားဖူးတဲ့သူတွေရှိလားဗျ။ ဒီတစ်ခါတော့ ဒီမေးခွန်းကိုဖြေပေးမယ့် Netflixရဲ့ Documentaryလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ခွေးလေးတွေဟာ ကျွန်တော်တို့လူတွေအတွက် အရမ်းသစ္စာရှိတဲ့ မိတ်ဆွေကောင်းတွေဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ အိမ်မွေးခွေးလေးတွေအဖြစ်ကစပြီး မသန်စွမ်းသူတွေကို ကူညီပေးတဲ့ လက်ထောက်ကူခွေးလေးတွေအဖြစ်အထိ ခွေးတွေဟာ လူတွေကို အထောက်အကူပြုပါတယ်။ဒီ documentaryထဲမှာတော့ ကျွမ်းကျင်သူတွေဟာ ခွေးလေးတွေရဲ့ အမူအကျင့်နဲ့ တွေးခေါ်ပုံတွေကို သိပ္ပံနည်းကျ လေ့လာထားပါတယ်။ ဒီလိုလေ့လာမှုတွေအပြင် ထူးခြားတဲ့ ခွေးလေ့ကျင့်ရေးကျောင်းတွေရဲ့ အကြောင်းကိုပါ ကြည့်ရဦးမှာပါ။ ခွေးလေးတွေကို လူတွေနဲ့ပိုမိုရင်းနှီးအောင် ကျွမ်းကျင်သူတွေက ဘယ်လိုသင်ကြားပေးလဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ်ဗျ။ဒီ documentaryလေးထဲမှာ ခွေးလေးတွေ ဘယ်ကနေဆင်းသက်လာတယ်ဆိုတာကနေစလို့၊ ဘာကြောင့်ခွေးလေးတွေဟာ အောင်မြင်တဲ့ သတ္တဝါမျိုးစိတ်ဖြစ်ရတယ် ဆိုတဲ့မေးခွန်းမျိုးတွေအထိ သိပ္ပံနည်းကျ အဖြေရှာတာတွေကို တွေ့ရှိရမှာပါ။ ဒါ့အပြင် အရေးအကြီးဆုံးဖြစ်တဲ့ လူတွေနဲ့ ဘယ်လိုရင်းနှီးလာရသလဲ ဆိုတာကိုလည်း ကောင်းကောင်းရှင်းပြထားပါသေးတယ်။ဒါကြောင့် ခွေးလေးတွေကို ချစ်တတ်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲံခွေးလေးတွေအကြောင်းကို ပိုပြီးနားလည်ချင်လို့ပဲဖြစ်ဖြစ် ကြည့်သင့်တဲ့ documentaryတစ်ခုပါပဲ။ ခွေးလေးတွေရဲ့အကြောင်းကို လေ့လာချင်တဲ့သူတွေအတွက်ရော ဗဟုသုတတွေ အများကြီးရစေမှာပါ။ File size… 1.9GB / 909MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 15m Subtitle….Myanmar Subtitle (Hard ...
movie

Inside the Mind of a Dog (2024)

Dead Line (2023) 6
Dead Line (2023) Dead Line 2023 (မရဏစည်း)IMDb-8.2/10အချိန်အတော်ကြာမှ ဘောစိမမဂျူလီနဲ့ သူ့ရဲ့ချစ်သူရောဘတ်တို့ နှစ်ယောက်တည်းအတူချစ်ခရီးထွက်လာကြတာပေါ့။ သူတို့ အဝေးပြေးလမ်းမမှာ ကားမောင်းလာရင်းနဲ့ ထူးထူးဆန်းဆန်း ကောင်မလေးငယ်ငယ်ချောချောတစ်ယောက် အဝေးပြေးလမ်းမှာ လမ်းလျှောက်နေတာတွေ့ပါသတဲ့။ဒီအချိန်မှာတော့ ဟီးရိုးဝင်လုပ်ချင်တဲ့ ရောဘတ်က ကောင်မလေးကို တင်ခေါ်သွားဖို့ပြောပေမဲ့ သံသယများတဲ့ဂျူလီရဲ့ငြင်းဆန်မှုကြောင့် မတင်ခေါ်ဖြစ်လိုက်ပါဘူး။ဒီလိုနဲ့ အပန်းဖြေအိမ်မှာနေဖို့ စားသောက်စရာတွေဝယ်ခြမ်းပြီးပြန်အထွက်မှာ လမ်းလျှောက်နေတဲ့ကောင်မလေးကို ထူးထူးဆန်းဆန်း ထပ်တွေ့ပြန်တော့ ဒီတစ်ကြိမ်မှာ ရောဘတ်ရဲ့တိုက်တွန်းမှုနဲ့ ဂျူလီတစ်ယောက် သံသယမေးခွန်းတွေနဲ့အတူ မိုနီကို ကားပေါ်တင်ခေါ်လာတာက သူတို့နှစ်ယောက်ရဲ့ ကံဆိုးမိုးမှောင်ကျဖို့ လမ်းစဖြစ်လာချိန်မှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်) File size…1.9GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Dead Line (2023)

Kacher Manush Dure Thuiya (2024) 6.9
Kacher Manush Dure Thuiya (2024) Kacher Manush Dure Thuiya 2024 (LDRSတို့ရဲ့ချစ်ဒုက္ခ)ဖာဟန်ဆိုတဲ့ မိဘမဲ့ကောင်လေးတစ်ယောက်၊ ဘဝကို ကြိုးစားရုန်းကန်ရင်းနဲ့ ကွန်ပျူတာသိပ္ပံဘွဲ့ကို ကြိုးစားအရယူနေတဲ့ စာတော်တဲ့ကောင်လေး။ရှာမင်ဆိုတဲ့ကောင်မလေးကတော့ အတိတ်ကအမှားတစ်ခုအတွက် ထပ်ပြီးတော့ မိသားစုမျက်နှာမငယ်ရအောင် လုပ်ငန်းအသစ်တည်ထောင်ရင်း ကြိုးစားလုပ်ကိုင်နေတဲ့ကောင်မလေးတစ်ယောက်။ရှာမင်က အလုပ်ကိုကြိုးစားလုပ်ကိုင်နေပေမယ့် အစ်ကိုဖြစ်သူကတော့ အိမ်ထောင်ပဲ ပြုပေးချင်နေပြီး အမြဲ ဒီကိစ္စကြောင့် မောင်နှမနှစ်ယောက်ရန်ဖြစ်ရပါတယ်။ ဒီလိုနဲ့ ဖာဟန်နဲ့ ရှာမင် ဆုံတွေ့ကြပြီး ချစ်ကြိုက်မိသွားရာကနေ အကြောင်းကြောင်းကြောင့် နှစ်ယောက်သား အဝေးရောက်သွားတဲ့အခါမှာတော့ .....အဝေးကနေပဲ ချစ်ကြရတဲ့သူတို့နှစ်ယောက်ကြားက အလွမ်း, နာကျင်မှု, သံသယတွေ, ဒေါသတွေ, မယုံကြည်မှုတွေနဲ့အတူ ဆက်ဆံရေးတစ်ခုကို ဘယ်လိုအဆင်ပြေအောင် နေသွားကြမလဲဆိုတာကို ကြည့်ရှုရမယ့် အချစ်ဒရာမာဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size… 2.38GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Kacher Manush Dure Thuiya (2024)

Grrr.. (2024) 4.4
Grrr.. (2024) Grrr.. (2024) "ဂါး!!"CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ မလေယာလမ် ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်အမျိုးဇာတ်မတူညီလို့ အကြောင်းပြပြီး သတ်ဖြတ်မှုတွေ ပေါများတဲ့ ကီရယ်လာပြည်မှာ ရီဂျီမွန်ဆိုတဲ့ အမျိုးသားတစ်ယောက် ပျောက်ဆုံးသွားတယ်သူကတော့ သူတို့နယ်က အကောင်ကြီးကြီးနိုင်ငံရေးသမားရဲ့ သမီးဖြစ်သူနဲ့ ကြိုက်နေတာဖြစ်ပြီး မီဒီယာနဲ့ လူထုကတော့ သူ့အဖေက သဘောမတူလို့ သတ်လိုက်ပြီလို့ပဲ ထင်ကြေးပေးကြပါတယ်အဲဒီနေ့က သူနဲ့ သူ့ကောင်မလေး ရာချနာ နှစ်ဦးသဘောတူ လက်မှတ်ထိုးကြဖို့ ရာချနာ ချိန်းထားတဲ့နေရာကို သူသွားတဲ့နေ့ ဟိုရောက်တော့ ရာချနာက ဖုန်းလည်းမကိုင် ပေါ်လည်းမလာတာကြောင့် သူ့ချစ်သူက ပစ်သွားပြီအထင်နဲ့ အမူးသောက်ပြီး ဘယ်သို့ဘယ်ပုံ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြုံရမလဲဆိုတာကို ပရိသတ်ကြီး ကြည့်ရှုအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…3.14GB / 1.37GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Grrr.. (2024)

Last Night (2010) 6.5
Last Night (2010)  ဒီဇာတ်ကားကတော့ Romantic Drama ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ Massy Tadjedin က director အနေနဲ့ရောwriter အဖြစ်နဲ့ပါ ဦးဆောင်ရိုက်ကူးထားပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကတော့ Avatar ရုပ်ရှင်နဲ့ နာမည်ကြီးလာတဲ့ Sam Worthington, မင်းသမီးချော Keira Knightleyတို့က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Michael နဲ့Joanna တို့ဟာ သူတို့ရဲ့အိမ်ထောင်ရေးမှာ ပျော်နေကြတဲ့ဇနီးမောင်နှံနှစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အိမ်ထောင်ရေးထဲကို မမျှော်လင့်ထားတဲ့သူတွေ အမှတ်မထင် ဝင်ရောက်လာတဲ့အခါမှာတော့ အရမ်းချစ်ကြတဲ့ဇနီးမောင်နှံနှစ်ယောက်ဟာတစ်ယောက်ပေါ်တစ်ယောက် သံသယတွေဝင်လာပြီးတော့မယုံသင်္ကာတွေဖြစ်လာကြပါတယ်။ အဲဒီလိုမျိုး ဘေးကနေ မဆိုင်တဲ့လူတွေဝင်ပါလာတဲ့ကြားကနေ သူတို့နှစ်ယောက်ဟာ ပြန်လည်သင့်မြတ်အောင် ဘယ်လိုတွေကြိုးစားကြမလဲ၊ တကယ်ရော ပြန်လည်သင့်မြတ်နိုင်ပါ့မလားဆိုတာတွေကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ။File size…1.25GB / 587MB Quality…Blu-Ray  1080p  / 720p Format…mp4 Duration….1h 33m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie

Last Night (2010)

Raaj Kahani (2023) 6.1
Raaj Kahani (2023) Raaj Kahani (2023)( ရာ့ဂျ်ရဲ့ဇာတ်လမ်း )တယ်လဂူရုပ်ရှင်တစ်ခုဖြစ်ပြီး ဒါရိုက်တာ Raj Karthiken က ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်မှာ Raj Karthiken, Chandrika Awasthi, Saha Sonia, Priya Paul တို့လို သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်ကားအညွှန်းကတော့ရာ့ဂျ်ဟာ ရုပ်ရှင်ဇာတ်ညွှန်းရေးသူဖြစ်ပြီး သူ့ရဲ့ဇာတ်လမ်းကို ရိုက်ခွင့်ရဖို့အတွက် ဒါရိုက်တာဆီမှာ ဇာတ်လမ်းကိုပုံဖော်ပြောပြတာကနေစပါတယ်။ဇာတ်လမ်းရဲ့နာမည်က သူ့အမေနာမည်ဖြစ်ပြီး သူကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်မှန်လို့လည်း ပြောပါတယ်။ ဇာတ်ညွှန်းထဲမှာ ကောလိပ်ကျောင်းတစ်ခုကို အခြေတည်ထားပြီး ကျောင်းသားတွေရဲ့ဘ၀နဲ့ အပျော်အပါးလိုက်စားတာ ၊ ရည်းစားကိစ္စဘာညာတွေကို ပုံဖော်ထားပါတယ်။အစပိုင်းမှာတော့ နည်းနည်း ပေါတောတောနိုင်ပေမဲ့ နောက်ပိုင်းမှာ ဇာတ်လမ်းဇာတ်အိမ်ဘယ်လိုပြောင်းလဲသွားမလဲဆိုတာနဲ့ ဘာကြောင့် သူ့အမေရဲ့နာမည်ပေးရတယ်ဆိုတာကိုတော့ ကျွန်တော်တို့ရဲ့တင်ဆက်မှုနဲ့အတူ လိုက်ပါကြည့်ရှုပေးပါဦးဗျာ( ဘာသာပြန်နဲ့အညွှန်းက CM Bollywood Team မှဖြစ်ပါတယ် ) File size… 2GB / 996MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 48mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Raaj Kahani (2023)

Genres

Archives