Channel Myanmar

New releases (2025)


Movies

Kalak (2024) 6.5
Kalak (2024) Kalak (2024) IMDb - 6.5/102023ခုနှစ်ကထွက်ရှိခဲ့တဲ့ စကင်ဒီနေးဗီးယားရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ညစ်ညမ်းတဲ့အသုံးအနှုန်းနဲ့ အဖော်အချွတ်ခန်းအနည်းငယ်ပါတဲ့အတွက် အသက်မပြည့်သေးသူများ မကြည့်ရှုဖို့ ကြိုတင်သတိပေးပါရစေ။ဂျန်ဆိုတဲ့ သူနာပြုအမျိုးသားတစ်ယောက် ဆယ်ကျော်သက်ဘ၀မှာ အဖေဖြစ်သူရဲ့အဓမ္မကျင့်ခံခဲ့ရတဲ့ စိတ်ဝေဒနာကြောင့် မိသားလေးတစ်ခုပိုင်ဆိုင်ထားပေမဲ့ ပုံမှန်ဘ၀နဲ့ရှင်သန်နိုင်ခြင်းမရှိခဲ့။အဖေဖြစ်သူဆီက ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပေမဲ့ ခံစားခဲ့ရတဲ့စိတ်ဝေဒနာကြောင့် ပတ်ဝန်းကျင်နဲ့ ဆက်ဆံတဲ့နေရာမှာလည်း အဆင်ချောမနေခဲ့ပါဘူး။ဒီလိုနဲ့တစ်နေ့မှာ အဖေဖြစ်သူကင်ဆာနဲ့ဆုံးခါနီး မဖြစ်မနေသွားတွေ့ဖို့ကြုံလာရတဲ့အခါ။ လောကဓံရဲ့ အရိုက်အနှက်ကိုလည်း နာကြင်စွာခံစားနေရတဲ့အချိန်ဖြစ်နေလေတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 3.59GB | 1.41GB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Kalak (2024)

A Dog Year (2009) 6.0
A Dog Year (2009)  ဒီတစ်ခါတော့ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ A Dog Year ဆိုတဲ့ဇာတ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားကတော့စာရေးဆရာ Jon Katz ရေးထားတဲ့ A Dog Year စာအုပ်ကိုပဲဇာတ်လမ်းပြန်ရိုက်ထားတာဖြစ်ပါတယ်..ဇာတ်လမ်းလေးကတော့ စာရေးဆရာJon Katz တစ်ယောက်သူ့ရဲ့စာဖတ်ပရိသတ်တစ်ယောက်ဆီကနေ သိုးထိန်းခွေးတစ်ကောင်မွေးပေးဖို့ တောင်းဆိုချက်ကို လက်ခံလိုက်မိတာကနေစတာပါပဲ နဂိုလည်းခွေးနှစ်ကောင်ရှိပြီသား ခွေးချစ်တတ်သူစာရေးဆရာဖြစ်လို့ အိမ်တွင်းညှင်းပန်းနှိပ်စက်ခံထားရတဲ့ ခွေးတစ်ကောင်အရမ်းသောင်းကျန်းနေလို့ စာဖတ်ပရိသတ်တစ်ဦးက မွေးပေးဖို့တောင်းဆိုခဲ့တာပါ ဒါပေမဲ့ စာရေးဆရာကိုယ်တိုင်က Mid life Crisis တွေဖြစ်စာမရေးချင်ဖြစ်လို့ စာအုပ်တိုက်တွေကပူညံပူညံလုပ်နေချိန်ပါထိန်းမနိုင်သိမ်းမရခွေးတစ်ကောင်အသစ်ရလာတော့ အတော်ကွိုင်ပါတော့တယ်..ခွေးချစ်သူ စာရေးဆရာလူ့ဂွစာတစ်ယောက် ဒီခွေးနဲ့အတူတူ သူ့ဘဝသူ့လူနေမှုပတ်ဝန်းကျင်အသိုက်အဝန်းမှာ ကောင်းကောင်းဖြတ်သန်းနိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားမှာကြည့်ရှူရမှာပါဒါရိုက်တာ Gegore LaVoo ရိုက်ကူးထားပြီး Jon Katz နေရာမှာသရုပ်ဆောင်ထားကတော့ Crazy Heart ဇာတ်ကားနဲ့ အော်စကာဆုရထားတဲ့ မင်းသားကြီး Jeff Bridges ပဲဖြစ်ပါတယ်( မသိတဲ့သူတွေအတွက်ကတော့ Iron man, Tron, Kingsman ဇာတ်ကားတွေမှာမြင်ဖူးကျမှာပါ) File ...
movie

A Dog Year (2009)

Oddball (2015) 6.5
Oddball (2015)  IMDb 6.4/10Rotten Tomatoes 87%ပေါ့ပေါ့ပါးပါးဖြစ်ပြီး ပိတ်ရက်မှာ မိသားစုတစ်စုလုံး အတူကြည့်ရှုခံစားနိုင်မဲ့ ဇာတ်ကားလေးရှာနေပါသလား? ဒါဆို ဒီရုပ်ရှင်ကလူကြီးမင်းတို့အတွက်ဖြစ်မှာပါ။နာမည်ကိုက အူကြောင်ကြောင်လေးလို့ အဓိပ္ပာယ်ရတဲ့ ခွေးလေးOddball ရဲ့ တစ်ရက်တာဟာ အလွဲပေါင်းတစ်သိန်းနဲ့ စတင်ပါတယ်။ခြံမွေးတိရစ္ဆာန်တွေကို စောင့်ကြပ်ရတဲ့ မာရန်မာခွေးမျိုးဖြစ်ပေမဲ့သူ့သခင်မွေးထားတဲ့ ကြက်တွေကို နည်းနည်းမှ မစောင့်ရှောက်ပေးတတ်တဲ့ ကောင်လေးပါ။တစ်နေ့ သူတို့နေထိုင်တဲ့ ဝါနမ်ဘိုးမြို့လေးရဲ့ အလယ်ကျွန်းလို့ခေါ်တဲ့နေရာလေးတစ်ခုမှာ ဒေသခံပင်ဂွင်းလေးတွေ မျိုးတုံးမဲ့ အခြေအနေကိုဆိုက်ရောက်လာပါတော့တယ်။ အဲဒီအခါမှာ ကြက်ခြံလယ်သမားကြီးဆွမ်ပီဟာ သူ့သမီး အမ်မလီနဲ့ မြေးမလေးဖြစ်သူ လစ်ဗီနဲ့အတူ ပင်ဂွင်းဘေးမဲ့စခန်းကို ဘယ်လိုနည်းလမ်းနဲ့ ကယ်တင်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဖြစ်ရပ်မှန်အခြေပြုဇာတ်လမ်း ဖြစ်တဲ့အလျောက် ပျော်ရွှင်စရာဇာတ်ကွက်တွေကိုလည်း ကြည့်ရှုနိုင်ပြီး အသိပညာဗဟုသုတလည်းရရှိနိုင်မဲ့ ရုပ်ရှင်ကောင်းတစ်ပုဒ်ဆိုတာ သေချာပါတယ်။ File size…1.58GB / 812MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 35m Genre ….. Adventure , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Oddball (2015)

Black Myth: Wukong (2024) 9.3
Black Myth: Wukong (2024) Black Myth : Wukong short animation video ............................................................................အခုရက်ပိုင်းအတွင်း အသစ်ထွက်လာတဲ့ဝူခုန်းဂိမ်းဟာ အတော်ကိုဟော့နေပါတယ်။ဂိမ်းရုပ်ထွက်ကောင်းမွန်တာကြောင့် လူကြိုက်များတာလည်းပါသလိုဆော့လို့လည်းကောင်းပြီး ဇာတ်လမ်းကလည်း ဆန်းသစ်ထားတာမလို့လူအများစိတ်ဝင်စားမှုကိုရနေတာပါ။ အခုတင်ဆက်ပေးတဲ့ဇာတ်လမ်းတိုကာတွန်းအပိုင်းလေးတွေကတော့ ရှင်းရှင်းပြောရရင်ဂိမ်းဆော့နေရင်း တခန်းပြီးတခါပြသတဲ့ဇာတ်လမ်းတိုလေးတွေပါ။ဂိမ်းကိုကိုယ်တိုင်ဆော့ချင်တယ်။ spoilမမိချင်ရင်တော့ မကြည့်တာက ပိုကောင်းပါမယ်။ဒါပေမဲ့ ဒီအပိုင်းတိုလေးတွေဟာ ဂိမ်းဇာတ်လမ်းနဲ့တိုက်ရိုက်ဆက်စပ်နေတာထက်စာရင်မိစ္ဆာတစ်ကောင်ချင်းစီရဲ့ဇာတ်လမ်းတိုလေး‌တွေဗျ။animation style ကလည်း တပိုင်းကိုတပုံစံနဲ့ပါ။တပိုင်းမှာဆိုရင် stop motionပုံစံတောင်ပါပါသေးတယ်။ဂိမ်းဆော့ဖြစ်မှာမဟုတ်ဘူးဆိုတဲ့လူများကတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါ။အပိုင်း၆ပိုင်းရှိတဲ့ထဲမှာ အပိုင်း၃ဇာတ်လမ်းက တော်တော်ကိုမိုက်ပါတယ်။ကျန်တဲ့အပိုင်းတွေမှာလည်း ဝူခုန်းတို့ကျမ်းစာပင့်ခရီးမှာ ပထမဆုံးရင်ဆိုင်ခဲ့တဲ့ထန်ဆန်းကိုယ်တော်ရဲ့ရွှေသင်္ကန်းကိုခိုးသွားတဲ့ဝက်ဝံမိစ္ဆာနံဘုန်းကြီး၊ မြေခွေးမိစ္ဆာမလေးနဲ့စာသင်သားတို့အချစ်ဇာတ်လမ်း၊ မြစ်စောင့်နတ်မိစ္ဆာဇာတ်လမ်း၊ ကျူးပါ့ကျဲရဲ့အချစ်ဇာတ်လမ်းနဲ့စီးရီးမှာမပါခဲ့တဲ့ သူ့မိန်းမ ပင့်ကူမိစ္ဆာမတို့အကြောင်း၊ နွားသိုးမိစ္ဆာ(မြဝတီဗားရှင်းမှာတော့ကျွဲမိစ္ဆာလို့ဘာသာပြန်သွားခဲ့တာလိုပဲ)နဲ့ဝူခုန်းကြားက ဆက်ဆံရေးတို့ပါပါတယ်။နောက်ဆုံးအပိုင်းပိုကတော့ ဂိမ်းနဲ့သွားဆက်နေတော့ ဂိမ်းဆော့မှပဲ သိမှာပါ။ဂိမ်းမဆော့ဖြစ်လည်းသိအောင် အောက်မှာ နည်းနည်းspoilပေးပါမယ်။Spoiler alertဂိမ်းအစမှာတော့ဝူခုန်းတို့အဖွဲ့ ကျမ်းစာပင့်ပြီးနောက် ဝူခုန်းကိုဗုဒ္ဓက အောင်နိုင်ခြင်းဗုဒ္ဓဘွဲ့ချီးမြှင့်ပေမဲ့ဝူခုန်းက ဗုဒ္ဓတို့နဲ့အတူမနေပဲ သူ့ရဲ့နောက်လိုက်မျောက်တွေရှိရာပန်းပေါင်းစုံရေတံခွန်ကိုပြန်သွားပါတယ်။ဗုဒ္ဓတစ်ပါးအနေနဲ့မနေတဲ့ဝူခုန်းကိုကြောက်တာကြောင့် နတ်တွေဟာမျောက်တွေဆီရောက်လာပြီး တိုက်ခိုက်သတ်ဖြတ်ပါတော့တယ်။အဲ့ဒါနဲ့ဝူခုန်းလည်း နတ်ပြည်ကိုနောက်တခါပြန်တက်ကာနတ်တွေကိုတီးဖို့လုပ်သော်လည်း ခေါင်းစွပ်ကွင်းကတိုက်ပွဲအတွင်းနှောက်ယှက်တာကြောင့် မျက်လုံးသုံးလုံး အာလိန်ရှန်းနတ်ရဲ့သတ်ဖြတ်တာကိုခံလိုက်ရာကနေ Black Myth : Wukongဆိုတဲ့ဇာတ်လမ်းအစပြုပါတော့တယ်။IGN 8/10 Metacritic 81% Steam ...
movie

Black Myth: Wukong (2024)

Swakaryam Sambhavabahulam (2024) 7.4
Swakaryam Sambhavabahulam (2024) Swakaryam Sambhavabahulam (2024) "တွေ့ဆုံကြုံကွဲ"IMDb 9.3/10မလေယာလမ်းဒါရိုက်တာကြီး Naseer Badarudeenရဲ့လက်ရာ ဇာတ်လမ်းတစ်ပုဒ်ကိုခံစားကြည့်ရအောင်ဗျာ။ရာဗီဆိုတာ သမီးနှစ်ယောက်ဖခင်။ သားသမီးတွေရယ် ဇနီးဖြစ်သူရယ်နဲ့ ပျော်ရွှင်တဲ့မိသားစုလေးကိုဦးဆောင်နေတဲ့သမီးဖြစ်သူတွေကို မကောင်းတဲ့ပတ်ဝန်းကျင်ကနေ ကင်းနေအောင်ထားချင်တဲ့ အဖေတစ်ယောက်။ သူ့အလုပ်က စိတ်ကျန်းမာရေးဆေးရုံမှာ အကူလုပ်သားအဖြစ်။ သမီးကြီး သမီးငယ်ရဲ့ အရေးကိစ္စတွေကို အလေးပေးပြီးဂရုစိုက်တတ်တဲ့ဖခင်တစ်ယောက်ဆီ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ လောကဓံရိုက်ချက်တွေ ကြုံလာရတဲ့အခါမှာတော့...။မတူညီတဲ့ဇာတ်ကောင်တွေကို တစ်ကွက်ချင်းရိုက်ပြပြီး ပေါင်းစပ်ပြတတ်တဲ့ မလေယာလမ်းဇာတ်လမ်းကောင်းတွေထဲက တစ်ပုဒ်မို့ ခံစားကြည့်ရှုကြပါဦးစို့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.6GB /  763MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 56min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Swakaryam Sambhavabahulam (2024)

The Girl Locked Upstairs: The Tanya Kach Story (2024) 5.8
The Girl Locked Upstairs: The Tanya Kach Story (2024)  1996 ခုနှစ်တုန်းက ပန်ဆယ်ဗေးနီးယားမှာ ကန်ညာ ကတ်ခ်ျ ဆိုတဲ့ ၁၄ နှစ်အရွယ်မိန်းကလေးဟာ ‌ရုတ်တရက်ပျောက်သွားခဲ့ပါတယ်။ ဒီလိုပျောက်သွားပြီး ဆယ်နှစ်အကြာ ၂၀၀၆ ခုနှစ်မှာမှ သူ့ကို လုံခြုံရေးအစောင့်ရဲ့ နေအိမ်မှာ ပြန်လည်တွေ့ရှိခဲ့တာပါ။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ အဲလစ်ဇဘက် ဟာလည်း ပြန်ပေးဆွဲမှုကနေ လွတ်မြောက်လာသူဖြစ်ပြီး ကန်ညာရဲ့ ဇာတ်လမ်းကို ပြန်မျှဝေပေးဖို့အတွက် ကန်ညာ ဆီကိုဆက်သွယ်ခဲ့ပါတယ်။ ဒီလိုကနေ အခု ဒီဇာတ်ကားလေး ရိုက်ဖြစ်သွားကြတာပါ။ဒီဇာတ်ကားကိုကြည့်ရတာ စိတ်ရှုပ်စရာအခြေအနေတွေတော့ ပါနေပါလိမ့်မယ်။ လုံခြုံရေးအစောင့်က ၁၄ နှစ်အရွယ်သမီးလေးကို မြူစွယ်နေတာတွေ အခန်းထဲမှာပိတ်ပြီး အလိုမတူ ဆက်ဆံတဲ့အကြောင်းအရာတွေ ပါနေတဲ့အတွက် စိတ်မသက်မသာတော့ဖြစ်မိမှာပါပဲ။ ကန်ညာတစ်ယောက် ဘယ်လို ဆင်းရဲ ဒုက္ခတွေခံခဲ့ရတယ် ဘယ်လိုလွတ်မြောက်အောင်လုပ်ခဲ့တယ် ဆိုတာတွေကိုတော့ ဒီကားထဲမှာကြည့်ပေးကြပါဦး။ File size…(1.4 GB)/(600 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:28:00 Genre... Crime, Drama Subtitle….Myanmar ...
movie

The Girl Locked Upstairs: The Tanya Kach Story (2024)

Zorawar Di Jacqueline (2024)
Zorawar Di Jacqueline (2024) Zorawar Di Jacqueline (2024)တစ်ရက်တည်း တူတူသေရမယ့် ဇိုရာဝါနဲ့ ဂျက်ကလင်း ဇာတ်ကြမ်း ဖိုက်တင်ဘောလိဝုဒ်ကားတွေကိုပဲ ကြည့်နေရတာရိုးနေတဲ့လူတွေအတွက် ဘောလိဝုဒ် ဒရာမာဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်းဇိုရာဝါနဲ့ ဂျက်ကလင်းတို့ဟာ အတော်လေးချစ်ကြတဲ့ချစ်သူစုံတွဲဖြစ်ပြီး မိဘတွေရော လူ့အသိုင်းအဝိုင်း ပတ်ဝန်းကျင်ကိုရော စွန့်ခွာပြီး ချစ်ခရီးနှင်ခဲ့ကြတဲ့ စုံတွဲလေးပါ။ဇိုရာဝါကတော့ အိမ်မှာ ဘားပါထားပြီး တကီလာ ဂျက်ကာ ရေမီးအစုံနဲ့လေထီးခုန်တဲ့ ရှက်ကီသမားကြီးပါ။ သူ့ရဲ့ချစ်သူလေး ဇိုရာဝါကတော့ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက် ဝတ်ပြုတတ်တဲ့လူပေါ့။ဒီလိုနဲ့ သာယာနေတဲ့သူတို့ဘဝကြီးမှာ ကိစ္စတစ်ခုဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ ဒါကလည်း ထူးထူးဆန်းဆန်း သူတို့ ၂ယောက်လုံး တစ်နေ့တည်းမှာပဲ အတူသေရမယ်ဆိုတဲ့ကိစ္စပါပဲ။၂ယောက်လုံးလည်း သူတို့ကံကြမ္မာကို လက်ခံပြီး ကျန်တဲ့ နာရီ ၂၀အတွင်းမှာ သူတို့ရဲ့လက်ကျန်အချိန်လေးကို ဘယ်လိုကုန်ဆုံး စွန့်စားခန်းဖွင့်ကြမလဲ သူတို့တကယ်ရော တစ်နေ့တည်းမှာ တူတူသေဆုံးသွားကြမှာလား ဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ) File size…2.2GB/ 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Zorawar Di Jacqueline (2024)

Sixty Six (2006) 6.7
Sixty Six (2006)  ဒီကားလေးကတော့ ၂၀၀၆ခုနှစ်ကထွက်ခဲ့တဲ့ Comedy/ Sport အမျိုးအစား ဗြိတိန်ကားလေးဖြစ်ပါတယ်။ ဘာနီဘယ်ရွန်ဆိုတဲ့ ဂျူးလူမျိုးကောင်လေးက ကျောင်းမှာလည်းလူရာမ၀င် အိမ်မှာလည်း မိဘတွေကပါ ကမ်းခြေမှာမေ့ပြီး ထားခဲ့ခံရတဲ့အထိ အမေ့ပျောက်ခံလူတန်းစားလေးပါ။ဒါပေမဲ့ ဂျူးဘာသာရေးထုံးစံအရ ဘားမစ်ဇ်ဘက်ဆိုတဲ့ (၁၃)နှစ်ပြည့်အရွယ်ရောက်ပွဲ ကျင်းပရတော့မှာဖြစ်ပါတယ်။ အဲဒီနေ့ကျရင် ပါတီပွဲအကြီးကြီးပေးပြီး လူတွေသူ့ကိုဂရုစိုက်လာကြမယ် အာရုံစိုက်လာကြမယ်ဆိုပြီး ကလေးအတွေးနဲ့ အပျော်ကြီးပျော်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပွဲကျင်းပမယ့်နေ့က (8)ကြိမ်မြောက် ကမ္ဘာ့ဖလားဖိုင်နယ်ပွဲဖြစ်နေတဲ့အခါမှာ ဘာနီတစ်ယောက် စိတ်ဓါတ်တွေကျပြီး အင်္ဂလန်အသင်း ဖိုင်နယ်မရောက်ဖို့ ဆုတောင်းပါတော့တယ်။တစ်ကားလုံးက ပေါ့ပေါ့ပါးပါးနဲ့ရယ်မောနေရတဲ့အတွက် အပန်းဖြေကြည့်ချင်တဲ့သူတွေအတွက် ရွေးသင့်တဲ့ကားကောင်းလေးပါပဲ။ File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre... Biography, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe
movie

Sixty Six (2006)

Pradhan (2023) 5.5
Pradhan (2023) Pradhan 2023 ပရာဒန်IMDb- 5.6/102023 ခုနှစ်ရဲ့ ဒုတိယဝင်ငွေအမြင့်ဆုံး Bengali ရုပ်ရှင်ဖြစ်ခဲ့တဲ့အပြင် Cinematic ၊ castတွေရဲ့သရုပ်ဆောင်ကောင်းမှုနဲ့ Chemistryမိတယ်ဆိုပြီး အပြုသဘောဆောင် ဝေဖန်မှုတွေ ရရှိထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ Bollywood ရိုးရာမပျက် ဒီကားလေးကလည်း နိုင်ငံရေးကစားကွက်တွေကြားက အမှန်တရားဘက်တော်သားလေးရဲ့တိုက်ပွဲကို မြင်ရမှာပါ။ရိုးသားကြိုးစားပြီး မိသားစုရဲ့အားကိုးရတဲ့ ရဲအရာရှိဒီပါ့ခ်ပရာဒန်တစ်ယောက် လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ ဒါမာပူရ်ဆိုတဲ့ရွာလေးကို ပြောင်းရွှေ့ရဖို့ ဖြစ်လာပါတယ်။မိသားစုရဲ့ အားကိုးရတဲ့သားဆိုတော့ မိဘတွေလည်း မခွဲနိုင်မခွာရက်တဲ့ကြားက နိုင်ငံ့တာဝန်နဲ့ယှဉ်တော့လည်း ဒါမာပူရ်ကိုလွှတ်လိုက်ရတာပေါ့။ ဒီလိုနဲ့ အသစ်စက်စက် ကြင်စဦးမောင်နှံနှစ်ယောက် ဒါမာပူရ်ကို ရောက်လာတော့တာပေါ့။ဒါပေမဲ့ ဒါမာပူရ်ရွာမှာလည်း အရင်ကတည်းက မင်းမူပြီးတော့ ကြီးနိုင်ငယ်ညှင်း ရွာသားတွေကို အနိုင်ကျင့်နေတဲ့ သူကြီးပရာဒန်ဆိုတာက ရှိနေတော့ အသစ်ရောက်လာတဲ့ ဦးစီးအရာရှိ ဒီပါ့ခ်ပရာဒန်က မျက်စိဆံပင်မွှေးဆူးစရာဖြစ် တစ်ဖက်ကလည်း တရားမျှတမှုကိုလိုလားတဲ့ အရာရှိပရာဒန်ကလည်း ဒီလို မတရားမှုတွေကို လက်ပိုက်ကြည့်နေမယ့်သူ မဟုတ်တဲ့အခါမှာတော့....ဂူတစ်လုံးမှာ ခြင်္သေ့နှစ်ကောင်အောင်းရိုးထုံးစံမရှိတော့ ပရာဒန်အဟောင်းနဲ့ ပရာဒန်သစ်တို့ကြား ဘယ်လိုအားပြိုင်မှုတွေ ဖြစ်လာမလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File size…2.97GB / 1.5GB Quality…WEB DL 1080p ...
movie

Pradhan (2023)

Viraaji (2024) 7.9
Viraaji (2024) Viraaji 2024 ချောက်ချားဖွယ်ရာဆေးရုံကြီးဓာတ်ပုံဆရာ သားဖွားမီးယပ် ဗေဒင်ဆရာ ပရိုဂျူဆာ ရဲ ကြင်စဦးဇနီးမောင်နှံ ဒီလူတွေက ပွဲဖိတ်စာတစ်ခုစီရခဲ့တယ် ဆုပေးပွဲဆိုပြီးတော့ ကားနဲ့တောင်လာခေါ်ပေးပြီး ကြိုဆိုပေးခဲ့ကြတယ်သူတို့ကိုခေါ်သွားတဲ့နေရာကတော့ ဟိုတယ်ဟောင်းကြီးတစ်ခုပါ နေရာ‌ကိုတောင်မသိဘဲလိုက်သွားကြတဲ့သူတို့ ရောက်သွားတဲ့နေရာကလည်း လူသူမနီး ‌ညကြီး၈နာရီလောက်ဆိုတော့ မှောင်မဲနေတဲ့ပတ်ဝန်းကျင်နဲ့ လူတစ်ယောက်မှမရှိတဲ့ဟိုတယ်ကြီးတစ်ခု ဟိုတယ်ထဲပတ်ကြည့်ကြရင်းနဲ့ဒါကဟိုတယ်မဟုတ်ဘဲ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက စိတ်ကျန်းမာရေးလူနာတွေအတွက်ဆောက်ထားခဲ့တဲ့ စိတ္တဇဆေးရုံကြီးဖြစ်နေခဲ့ပါတယ်ဒါ့အပြင် ဒီဆေးရုံကလူနာတွေကိုသရဲပူးနေတယ်ဆိုတဲ့ ကောလာဟလနဲ့ ပြင်းထန်တဲ့နှိပ်စက်မှုတွေလုပ်လို့ ဆေးရုံတစ်ခုလုံးကလူနာတိုင်း အစိမ်းသေသေခဲ့ရတဲ့ဖြစ်ရပ်ဆိုးကိုပါ ထပ်သိခဲ့လိုက်ရတယ် ဖိတ်ကြားခံရတဲ့တစ်ယောက်ချင်းစီကလည်း အတိတ်မှာကိုယ့်ကြောင့်လူသေမှုတွေဖြစ်ဖူးကြတဲ့လူတွေချည်းပဲဆိုတော့ ဒီချောက်ချားဖွယ်ညတစ်ညကို ဆေးရုံထဲလွတ်လမ်းမရှိပိတ်မိနေတဲ့သူတို့ ဘယ်လိုအသက်ရှင်ရာလမ်းကိုရွေးမလဲဆိုတာကိုတော့..( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ BpL တို့ပဲဖြစ်ပါတယ် ) File size…1.1GB /501MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ BpL
movie

Viraaji (2024)

The Killer (1989) 7.8
The Killer (1989) The Killer (1989)ဟောင်ကောင်ရုပ်ရှင်ရဲ့ ရွှေခေတ်... ဂျွန်ဝူးရဲ့ရွှေခေတ်.... ချောင်ယွန်ဖတ်ရဲ့ရွှေခေတ်က အက်ရှင်ကားတစ်ကားပေါ့။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးကားလို့ သတ်မှတ်ကြတယ်။ဟောင်ကောင်အက်ရှင်တွေရဲ့ ဘုရင်ဟောင်းဂျွန်ဝူးရဲ့ Ratingအကောင်းဆုံးကားဆိုလည်း မမှားဘူး။ အဖွင့်မှာတင်ပါလာတဲ့ နောက်ခံသီချင်းလေးကလည်း တော်တော့်ကို ကောင်းတာပါပဲ။ပုံစံကခပ်အေးအေး အကြည့်က ခပ်စူးစူးနဲ့ တစ်ချက်ပစ်ရင် လူတစ်ယောက်ထိကိုထိတဲ့ နာမည်ကျော်ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ စင်တင်စားသောက်ဆိုင်တစ်ခုမှာ ပစ်မှတ်ကို သွားသတ်ရင်း အဆိုတော်မလေးရဲ့ မျက်လုံးကို ကျည်နဲ့ ရှပ်ထိသွားပြီး ကောင်မလေးရဲ့ မျက်လုံးဟာ ကန်းတော့မယ့်လုဆဲဆဲ ဖြစ်သွားခဲ့တယ်။ လူသတ်သမားပေမဲ့ ကိုယ်ပိုင်စည်းမျဉ်းနဲ့ သိက္ခာရှိရှိနေတဲ့ ချောင်ယွန်ဖတ်ရဲ့ ကျည်ဟာ ဘယ်တော့မှ အပြစ်မရှိသူရဲ့ အရေပြားပေါ် မဖိတ်စဉ်ဖူးဘူး။ ဖိတ်စဉ်မိခဲ့ရင်လည်း သူ့တာဝန် သူယူတတ်တဲ့သူဆိုတော့ အနားယူဖို့စီစဉ်ထားပေမဲ့ ကောင်မလေးရဲ့ မျက်လုံးကို ပြန်ကုပေးဖို့ နောက်ဆုံးအလုပ်တစ်ခုကို လက်ခံလိုက်တယ်။ ကံဆိုးချင်တော့ နောက်ဆုံးအလုပ်မှာ သူ့ကိုခိုင်းတဲ့သူတွေက သူ့ကိုပြန်နှုတ်ပိတ်သတ်ဖို့ကြံရာက ရဲတွေရော ရာဇဝတ်ဂိုဏ်းတွေကပါ သူ့နောက်ကိုလိုက်ကြတော့တာပါပဲ။ဇာတ်အိမ်က သူ့ခေတ်က ထူးပေမဲ့ နောက်ပိုင်း ဒီပုံစံတွေ တွေ့ဖန်မြင်ရများလို့ မဆန်းတော့တဲ့ ဇာတ်အိမ်ပါပဲ။ သို့ပေမဲ့ လတ်ဆတ်တုန်းက အပြုံးချိုချိုနဲ့ ချောင်ယွန်ဖတ်နဲ့ လိုက်ဖက်လွန်းနေတဲ့ သိက္ခာရှိတဲ့ ကြေးစားလူသတ်သမားဇာတ်ကောင်က ဒီဇာတ်လမ်းကို ဘယ်တော့မှမဟောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားအောင် အရောင်တင်ပေးခဲ့တယ်။ သဘောကျစရာကောင်းတာက နောက်ပိုင်းကားတွေထဲက ဇာတ်လိုက်တွေလို လူလွန်မသားတွေ ဖြစ်မနေဘူး။ ကြမ်းတယ် ကျည်တစ်ချက်တစ်ကောင်သေတယ်။ သို့ပေမဲ့ ဒဏ်ရာလည်း အသေရတယ်.. ...
movie

The Killer (1989)

1989
Inception (2010) 8.8
Inception (2010) Inception (2010)IMDb Rating (8.8) / Rotten Tomatoes (87%)ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အော်စကာ လေးဆုရ မာစတာပိစ် ရုပ်ရှင်တစ်ခုကို 4K Quality ဘာသာပြန်မှန်မှန်နဲ့ Update တင်ဆက်ပေးလိုက်ပါတယ်။ Leonardo DiCaprio, Joseph Gordon-Levitt, Cillian Murphy, Tom Hardy, Elliot Page, Marion Cotillard, Ken Watanabe , Michael Caine စတဲ့သရုပ်ဆောင်တွေပါဝင်ပြီး မင်းသားတွေကတော့ နိုလန့်လက်စွဲ မင်းသားတွေပါပဲ။ ဇာတ်ကားကတော့ သိပ္ပံစိတ်ကူးယဉ်၊ အက်ရှင်စွန့်စား၊ Psychological Thriller အမျိုးအစားပါ။ဇာတ်လမ်းအကျဉ်း....ရုပ်ရှင်ရဲ့ အခြေခံသဘောတရားကတော့ လူတွေဟာ အခြားလူတွေရဲ့ အိပ်မက်ထဲကို ဝင်ပြီး မသိစိတ်နဲ့သိစိတ်တွေထဲက အတွေးတွေစိတ်ကူးတွေကို ခိုးယူနိုင်ကြပါတယ်။ဒါကို စိတ်ဆွဲထုတ်ခြင်း Deception လို့ခေါ်ကြတယ်။ ဒီနည်းပညာကိုသုံးပြီး ကော်ပိုရိတ်ကြီးတွေ ဩဇာကြီးတဲ့လူတွေက လိုချင်တာကိုရဖို့ ...
movie

Inception (2010)

2010
4K HEVC
Song One (2014) 5.8
Song One (2014)  သီချင်းနားထောင်ရတာကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက်သီချင်းအေးအေးလေးတွေနဲ့ တစ်ကားလုံးအေးဆေးလေး Chill ပြီးကြည့်ရှုနိုင်မဲ့ ၂၀၁၄ တုန်းကထွက်ရှိခဲ့တဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Song One ဖြစ်ပြီး IMDb Rating 5.8ရရှိထားပါတယ်။ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်တွေကတော့The Idea Of You တို့ The Lovers တို့လိုဇာတ်ကားတွေအပြင်တခြားသောနာမည်ကြီးဒရာမာဇာတ်ကားတွေမှာသရုပ်ဆောင်ခဲ့တဲ့ဒရာမာမင်းသမီးချော မမ Anne Hathaway နဲ့ဂီတပညာရှင်သရုပ်ဆောင်Johnny Flynn တို့ပဲဖြစ်ပါတယ်။ဟန်နရီဆိုတဲ့ကောင်လေးကဂီတပညာရှင်အဆိုတော်တစ်ယောက်ဖြစ်လာဖို့အတွက် ကောလိပ်ကနေထွက်ပြီး သီချင်းတွေကိုသီဆိုရေးစပ်နေသူတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့် အစပိုင်းဆိုတော့လမ်းဘေးတွေမှာသီချင်းလိုက်ဆို ရှိတာလေးနဲ့အဆင်ပြေအောင်နေထိုင်နေပြီး တစ်နေ့မှာအဆိုတော်ဖြစ်လာရမယ်ဆိုတဲ့ အိပ်မက်နဲ့လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ကံဆိုးစွာနဲ့ပဲ နားကြပ်တပ်သီချင်းနားထောင်ပြီးလမ်းလျှောက်နေတုန်းကားတိုက်ခံလိုက်ရတဲ့အတွက် ကိုမာဝင်သွားတဲ့အခြေအနေကိုပါရောက်သွားပါတော့တယ်။အဲ့ဒီအခါမှာ သူနဲ့စကားမပြောဖြစ်တာကြာပြီ ဖြစ်တဲ့အစ်မဖြစ်သူဖရန်နီနဲ့ အမေဖြစ်သူတို့ကသူ့ကိုစောင့်ရှောက်ပေးဖို့ ဆေးရုံလိုက်လာခဲ့ပြီး ဝမ်းနည်းစရာအဖြစ်အပျက်နဲ့မိသားစုပြန်ဆုံစည်းခဲ့ရပါတော့တယ်။အဲ့ဒီအခါမှာ အစ်မဖြစ်သူဖရန်နီက မောင်လေးဖြစ်သူအတွက် စိတ်မကောင်းဖြစ်ပြီး ဟန်နရီ့အကြိုက်ဆုံးအဆိုတော် ဂျိမ်းစ်နဲ့သွားတွေ့ဆုံစကားပြောခဲ့ပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းမှာ ဂျိမ်းစ်နဲ့ဟန်နရီတို့မိသားစုခင်မင်သွားကြာပြီး ဟန်နရီကိုမာဝင်ရာကနေပြန်နိုးထလာနိုင်အောင်ကြိုးစားရင်းနဲ့ဘယ်လိုစိတ်ဝင်စားစရာဒရာမာလေးတွေကို ကြည့်ရှုခံစားရမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာ ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.27GB / 560MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 26m Genre ...
movie

Song One (2014)

The Edge of Love (2008) 6.1
The Edge of Love (2008)  Peaky Blinders မင်းသားကြီး Cillian Murphy နဲ့Pirate of the Caribbean တို့ Atonement တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချော Keira Knightley တို့ရဲ့ ၂၀၀၈ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ရှုပ်ထွေးလှတဲ့ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Edge Of Love ဖြစ်ပြီး IMDbRating 6.1 အထိရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်းအချစ်ရဲ့အဆုံးစွန်မှာ ဘယ်လိုအရာမျိုးတွေရှိမယ်ဆိုတာကိုအဓိပ္ပာယ်လေးနက်စွာနဲ့ နားလည်ရခက်အောင် စိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဂျာမနီနဲ့အင်္ဂလန်စစ်ဖြစ်နေတဲ့ အချိန်ကာလမှာ အင်္ဂလန်မှာစိတ်ဝင်စားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပေါ်ခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီအချစ်ဇာတ်လမ်းကတော့ ၃ ပွင့်ဆိုင်တောင်မဟုတ်ဘဲ ၄ ပွင့်ဆိုင်ဖြစ်တဲ့ လူ ၄ ယောက်ကြားကသပွတ်အူထက်ရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်လမ်းက ဘယ်လိုစလဲဆိုတော့ ဒေလန်ဆိုတဲ့ ကဗျာဆရာယောင်ယောင် စာရေးဆရာယောင်ယောင် တိုင်းပြည်မှာစစ်ပွဲတွေဖြစ်နေတဲ့အချိန်စစ်မှုထမ်းရမှာငြင်းဆန်တဲ့ သူတစ်ယောက်က ဗယ်ရာလို့ခေါ်တဲ့တပ်မှာဖျော်ဖြေသူကောင်မလေးတစ်ယောက်နဲ့ပြန်တွေ့ရာကနေစပါတယ်။သူတို့နှစ်ယောက်က ငယ်စဉ်တုန်းကချစ်သူတွေဖြစ်ခဲ့ပြီး အခုပြန်တွေ့တဲ့အခါမှာလည်း သံယောဇဉ်တွေကမပြတ်နိုင်ကြသေးပါဘူး။ဒါပေမယ့်ဒေလန့်မှာမယားကြီးရှိနေတာကိုတော့ ဗယ်ရာတစ်ယောက်မသိခဲ့ပါဘူး။နောက်နေ့ ဒေလန့်မယားကြီးဖြစ်တဲ့ ကတ်တလင်းကဒေလန်ရှိရာကိုလိုက်ခဲ့တဲ့အချိန်မှာ ပုံမှန်ဆိုရင် ပွဲတွေဖြစ်လောက်ပေမဲ့ အရင်ခေတ်ကမလားလို့တော့မသိ သဘောထားကြီးစွာနဲ့ပဲမယားကြီးနဲ့မယားငယ်အပေးအယူမျှတဲ့အပြင် အချစ်ဆုံးသူငယ်ချင်းတွေပါဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီ ၃ ပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲကိုထပ်ဝင်လာသူကတော့ ...
movie

The Edge of Love (2008)

Pariah Vol. 1 (2024) 6.9
Pariah Vol. 1 (2024) Pariah (2024) ( ခွေးချစ်ကြသူများ ) IMDb 6.4/10ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဘင်္ဂါလီအက်ရှင်ကားဖြစ်ပြီး လမ်းဘေးခွေးများကို မတရားဆက်ဆံမှုများကို ဆန့်ကျင်ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လူတွေနဲ့ထိတွေ့ဆက်ဆံမှုမရှိ စကားပြောဆိုမှုမရှိတဲ့ ကြေးစားလူမိုက်ဆန်ဆန်လူတစ်ယော်ဟာ လမ်းဘေးခွေးများကို နေ့စဉ် ကြင်နာစွာစောင့်ရှောက်ပေးတတ်တဲ့ အဘွားကြီးတစ်ယောက်ရဲ့ဆိုင်မှာ နေ့စဉ်ထမင်းစားလေ့ရှိပါတယ်။အဲဒီလိုပဲ ခွေးလေးတွေကို ဆေးတိုက်ပြီး ဆေးကုသပေးနေတဲ့ အဖွဲ့တစ်ခုလည်းရှိပါသေးတယ်။ တစ်ရက်မှာတော့ ခွေးလေခွေးလွင့်တွေရှိနေတာကို မကျေနပ်တဲ့ ရပ်ကွက်ထဲကလူတွေနဲ့ ခွေးချစ်သူတွေထိပ်တိုက်တွေ့ကာ စကားများကြပါတော့တယ်။တစ်ဖက်မှာလည်း လမ်းဘေးခွေးများကို ခွေးကုန်ကူးနေသော မာဖီးယားအဖွဲ့တစ်ခုကိုလည်း ရိုက်ပြထားပါသေးတယ်။ ဒီလိုနဲ့ လူနဲ့မတည့်တဲ့မင်းသား ၊ ခွေးလေခွေးလွင့်များနဲ့ ခွေးကုန်ကူးသူတွေဟာ ဘယ်ကဘယ်လိုဆက်စပ်ပြီး အတိုက်အခိုက်ဦးစားပေး အက်ရှင်ဇာတ်ကားအဖြစ် ဘယ်လိုပုံဖော်ထားသလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဗျာ..ဒီဇာတ်ကားက အက်ရှင်ကားဆိုပေမဲ့ အတိုက်အခိုက်တွေကိုတင်ခံစားကြည့်ရှုရမှာမဟုတ်ဘဲ လူနဲ့တိရစ္ဆာန်တို့ရဲ့ကြားက သံယောဇဉ်တွေနဲ့ လူသားတွေဟာသက်ရှိတိုင်းအပေါ်မှာ ဂရုဏာတရားထားတတ်ဖို့လိုအပ်ကြောင်းနဲ့ လမ်းဘေးခွေးလေးတွေဟာလည်း သက်ရှိဖြစ်တာကြောင့် သက်ညှာသနားပေးသင့်ကြောင်း ပညာပေးရိုက်ကူးထားတာကြောင့် တော်တော်လေးကြည့်ပျော်တဲ့ ဇာတ်ကားတစ်ခုအနေနဲ့ CMဘောလိ၀ုဒ်ပရိသတ်ကြီးတို့ကို တင်ဆက်ပေးလိုက်ပါတယ်ဗျ..( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ် ) File size… 1.8GB / 840MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Pariah Vol. 1 (2024)

Black Storm ( 2024 ) 6.2
Black Storm ( 2024 ) အတိုက်အခိုက်နဲ့ ကြမ်းတာလေးမှ ကြည့်ချင်သူတွေအတွက် ငယ်ငယ်က ရှောင်လင်ကတုံးလေးက ရဲသားကြီး လေကျယ်အနေနဲ့ ပြန်လာပါပြီနော်...ဇာတ်လမ်းအကျဉ်းလေးကတော့... ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့အတူ ရွာသားတွေကို ခေါင်းပုံဖြတ်ပြီး လုပ်ငန်းစုတစ်ခုကြောင့် လူနေတဲ့မြေတင်မကဘူး သေသွားသူရဲ့အုတ်ဂူပါ အဓမ္မ ရွေ့ပြောင်းခံရတာကြောင့် လန်ကူးရွာမှာ တိုင်ကြားမှုတွေများနေခဲ့တာပေါ့...ဒီလုပ်ငန်းစု ခေါင်းဆောင်နာမည်က ဝေ့ထျန်းလန်တဲ့.. သူက တစ်ရွာလုံးမှာ အချမ်းသာဆုံးဖြစ်သလို ခေါင်းပုံအဖြတ်ဆုံး အမောက်မာဆုံးသူပေါ့... တစ်နေ့ သူမြေသိမ်းတာကို ဂူတာ့ဟဲ့အိမ်က လက်မခံဘူး.. လက်မခံတာကလည်း အိမ်ဘေးမှာရှိတဲ့ သူ့အမေ အုတ်ဂူကြောင့်ဆိုတာသိတော့...တစ်ခါတည်း စရိတ်ငြိမ်းနဲ့ အိမ်ဖျက်ရုံမက အုတ်ဂူပါ တူးဆွပြီး ပြာအိုးထုတ်ပေးခဲ့တယ်... တစ်ချိန်တည်းမှာပဲ အညိုအမည်း ဒဏ်ရာတွေပါ အဆစ်ထည့်ပေးခဲ့တာမို့ ... ဂူတာ့ဟဲ့ က ရဲတိုင်ခဲ့ပါတယ်... ထူးဆန်းတာက ရဲကို အမှုဖွင့်ပြီးတာနဲ့ ဂူတာ့ဟဲ့ ပျောက်သွားလေရဲ့... ဒီအမှုကို လေကျယ်က လိုက်ရမှာဖြစ်ပါတယ်..ဂူတာ့ဟဲ့ပျောက်တာက တကယ်ပဲ ဝေ့ထျန်းလန်ကြောင့်လား... တခြား ဘာပတ်သက်မှုတွေရှိသေးလဲ... လေကျယ် ဒီအမှုလိုက်ရင်း ဘာတွေ ထပ်ပြီး စုံစမ်းနိုင်မှာလဲ... ဇာတ်လမ်းလေးက ပြောပြသွားပါလိမ့်မယ်... Filesize : 6.15 GB / 1.55 GB / 801 MB Quality : WEB-DL 4K HEVC , ...
movie

Black Storm ( 2024 )

4K HEVC
Wild Things 2 (2004) 5.2
Wild Things 2 (2004) Wild Things (1998) ဟာ Erotic Thriller တွေခေတ်စားတဲ့ 90s နှောင်းပိုင်းမှာထွက်ခဲ့ပြီးအောင်မြင်ခဲ့တဲ့ဇာတ်ကားတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။သူ့ရဲ့အောင်မြင်မှုအရှိန်အဝါကြောင့်ပဲနောက်ထပ် Sequel သုံးခုထပ်ထွက်လာနိုင်ခဲ့ပါတယ်။ နောက်ပိုင်းဇာတ်လမ်းတွေဟာ ပထမကားရဲ့ပုံစံအတော်များများကိုပြန်သုံးထားပြီး သရုပ်ဆောင်နဲ့အဓိကဇာတ်ကွက်တွေပဲ ကွဲပြားသွားတာဖြစ်တဲ့အတွက် သုံးကားလုံးဟာ သူ့ဟာနဲ့သူကြည့်ကောင်းကြပါတယ်။အခုတင်ဆက်ပေးမယ့် အပိုင်း ၂ မှာတော့ ဘရစ်တနေဟေဗာ ဆိုတဲ့ မီလျံနာသူဌေးကြီးတစ်ဦးရဲ့မယားပါသမီး အထက်တန်းကျောင်းသူလေးကိုတွေ့မြင်ရမှာပါ။ ဘရစ်တနီရဲ့မိခင်က မကြာသေးခင်ကမှ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့ပြီး အခုချိန်မှာတော့ ပထွေးဖြစ်သူနဲ့ နှစ်ဦးတည်းနေထိုင်နေတာဖြစ်ပါတယ်။ ဘရစ်တနီကအထက်တန်းကျောင်း ဘော်လီဘောအဖွဲ့ဝင်တစ်ဦးဖြစ်သလိုအပေါင်းအသင်းလည်းဝင်ဆန့်တဲ့အတွက် ကျောင်းမှာနာမည်ကျော်တွေထဲကတစ်ယောက်ပါ။ သူ့ရဲ့ငယ်စဉ်ဘ၀က ဆင်းရဲခဲ့တဲ့အတွက် အဲ့ဒါကိုအားနည်းချက်လိုအမြဲထုတ်ဖော်တိုက်ခိုက်ပြီး သူ့ကိုမနာလိုနေတဲ့ မာယာကင်း ဆိုတဲ့ပြိုင်ဘက်ကျောင်းသူတစ်ယောက်လည်း သူ့မှာရှိနေပါတယ်။တစ်နေ့တော့ သူ့ပထွေးဖြစ်သူ သန်းကြွယ်သူဌေးကြီးဟာ ခရီးသွားစဉ်မတော်တဆမှုနဲ့သေဆုံးသွားခဲ့ပြီး အမွေကိစ္စရှေ့နေတွေနဲ့ရှင်းလင်းတဲ့အချိန်မှာသူ့အတွက် တစ်နှစ်စာ ထောက်ပံ့ကြေး ၂၅၀၀၀ ကလွဲလို့ဘာမှချန်မထားခဲ့ပဲ ကျန်တဲ့စည်းစိမ်မှန်သမျှကို သူ့မှာသွေးသားရင်းရှိခဲ့ရင် အဲ့ဒီလူကိုသာလွှဲပြောင်း ဆက်ခံစေမှာဖြစ်ကြောင်းသိလိုက်ရပါတယ်။ အဲ့ဒီသွေးသားရင်းဆိုတဲ့သူက တကယ်တမ်းထွက်ပေါ်လာမှာလား? အဲ့ဒီလူဟာ ဘယ်သူဖြစ်နေမလဲ? ပထွေးဖြစ်သူရဲ့သေဆုံးမှုဟာလည်း သာမန်မတော်တဆမှုတစ်ခုပဲလား အစရှိတာတွေကို အဆုံးသတ်အထိ မြုပ်ကွက်တွေ ပဟေဠိတွေအပြည့်နဲ့ရှုစားရမှာပါ။ Erotic Thriller အမျိုးအစားဖြစ်တဲ့အတွက် ...
movie

Wild Things 2 (2004)

[18+] Violence in a Women’s Prison (1982) 5.0
[18+] Violence in a Women’s Prison (1982) Italian erotic cinema ရဲ့နာမည်ကျော် မင်းသမီး Laura Gemser ရဲ့နာမည်အကြီးဆုံး Emanuelle series ဇာတ်ကားတွေထဲကတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ သတင်းထောက် အီမန်နျူရယ်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့နဲ့ပူးပေါင်းပြီး နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ထောင်တွင်းအကြမ်းဖက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းထောက်လှမ်းဖို့ အကျဉ်းသူယောင်ဆောင်ပြီး  Santa Catarina အမျိုးသမီးအကျဉ်းထောင်ထဲကိုဝင်လာခဲ့ပါတယ်။အဲ့ဒီမှာတော့ သူထောက်လှမ်းဖို့လာခဲ့တဲ့  အကြမ်းဖက်မှု၊အနိုင်ကျင့်မှုတွေကို ဘက်ပေါင်းစုံကနေ ကိုယ်တိုင်တွေ့ကြုံခံစားရပါတော့တယ်။ သူတို့ခေတ်ကာလဇာတ်ကားတွေထုံးစံအတိုင်း အဖော်အချွတ်တွေ၊လိင်တူလိင်ကွဲဆက်ဆံခန်းတွေ၊ကြမ်းတမ်းရက်စက်တဲ့ နှိပ်စက်ခန်းတွေတစ်ကားလုံးလိုလို ဖောဖောသီသီ တင်ဆက်ထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.1GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Adult, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

[18+] Violence in a Women’s Prison (1982)

Archives