Channel Myanmar

New releases (2025)

Content at random


Movies

Dead Boys Club aka Geng Kubur (2023) 5.7
Dead Boys Club aka Geng Kubur (2023) Dead Boys Club 2023 Imdb -5.7အိပ်မက်တစ်ခုတည်းကိုပဲ နှစ်တိုင်းအချိန်ကျလာရင်မက်တတ်တဲ့ဖာဟန် သူ့အိပ်မက်ကတော့ တောအုပ်တစ်ခုတည်း ဘယ်သူမှန်းမသိတဲ့ အမျိုးသမီးတစ်ယောက်ကသူ့ကိုခေါ်နေတာပါငယ်စဉ်ထဲကမက်လာတဲ့ဒီအိပ်မက် အမေ့သေဆုံးနှစ်ပတ်လည်ရောက်လာချိန်တိုင်း ပြန်ပြန်မက်နေလို့ ဆရာဝန်ဆီသွားပြီးဆွေးနွေးမှုခံယူခဲ့ရတဲ့အထိပါပဲ ဖာဟန့်မှာ သူငယ်ချင်း၃ယောက်ရှိပါတယ် အတိအကျဆိုရင်တော့ ၄ယောက်ပါ ဒါပေမဲ့ ၄ယောက်မြောက်က လူသားမဟုတ်ဘဲ ဘယ်သူမှမမြင်ရပေမဲ့ ရှိတယ်လို့လက်ခံထားကြတဲ့ မွတ်စ်ဆိုတဲ့ပရလောကသားပါပဲသူတို့တွေက ညဘက်ဆိုသင်္ချိုင်းထဲသွားထိုင်ပြီး စကားစမြည်ပြောရတာကို သဘောကျကြပါတယ် အကြောင်းကတော့ သင်္ချိုင်းကတိတ်ဆိတ်ပြီးတော့ ပြန်ပြောမဲ့သူမရှိလို့ပါတဲ့လေ ဖာဟန်က သူ့အိပ်မက်အကြောင်းပြောပြဖြစ်ရင်းနဲ့ လူငယ်သဘာဝစူးစမ်းချင်စိတ်ကြောင့် ဖာဟန်မက်မက်နေတဲ့တောအုပ်ထဲသွားကြည့်ဖို့ဆုံးဖြတ်ရာကနေ ဘယ်လိုကြောက်မက်ဖွယ်ရာတွေတွေ့ကြုံလာရမလဲဆို‌တာကိုတော့...( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Teamတို့ပဲဖြစ်ပါတယ် ) File size… 1.8GB / 907MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie

Dead Boys Club aka Geng Kubur (2023)

Pattaapakal (2024) 7.7
Pattaapakal (2024) Pattaapakal (2024)"နေ့ခင်းကြောင်တောင်" =================================အသစ်ထွက်ထားတဲ့ မာလျာလမ်စကားပြော မှုခင်းဆန်ဆန် ဟာသဒရာမာရုပ်ရှင်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ဝန်ကြီးတစ်ယောက်ရဲ့အိမ်မှာ ဖောက်ထွင်းမှုတစ်ခုဖြစ်သွားပါတယ်။ ဖောက်ထွင်းမှုဖြစ်တယ်ဆိုပေမဲ့ ပစ္စည်းတစ်ခုမှ အိမ်ထဲကနေပျောက်မသွားပါဘူး။ ဝန်ကြီးရဲ့ လျှို့ဝှက်ချက်တွေပါတဲ့ ပင်န်ဒရိုက်ဗ်တစ်ခုက လွဲလို့ပေါ့။ဝန်ကြီးဟာ အဲဒီ ဒရိုက်ဗ်ထဲကဒေတာတွေကို လူတွေကြားထဲပြန့်မသွားစေချင်တဲ့အတွက် ဘယ်သူမှထိန်းလို့မရတဲ့ ဘေဘီဆိုနဲ့ ရဲမှူးကို သူခိုးဖမ်းဖို့တာဝန်ပေးလိုက်ပါတယ်။အဲဒီလို ပင်န်ဒရိုက်ခိုးသွားတဲ့သူခိုးကို လိုက်ဖမ်းရင်း ဝန်ကြီးရယ်၊ ဂိုဏ်းစတားတစ်ယောက်ရယ်၊ သူခိုးတွေရယ် အချင်းချင်း ငြိကုန်ကြပုံကို ဒီရုပ်ရှင်ထဲမှာ ဟာသဆန်ဆန်မြင်တွေ့ရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.2GB / 1.1GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 45min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Pattaapakal (2024)

[18+] Butas (2024) 5.0
[18+] Butas (2024) နိုဝယ်နဲ့ကေလာတို့ဟာ အဆောင်တစ်ခုတည်းမှာနေထိုင်ကြတဲ့ ချစ်သူတွေဖြစ်ပြီး အဆောင်ပိုင်ရှင်ကေလာအဒေါ်မသိအောင် တိတ်တိတ်လေးကြိတ်ပုန်းခုတ်နေရပါတယ်။ကေလာကတော့ အဒေါ်ဖြစ်သူရဲ့ ကျေးဇူးမကင်းတာအပြင်ရှေးရိုးစွဲအယူအဆမျိုးရှိတာကြောင့် လိင်ကိစ္စနဲ့ပတ်သက်ရင် နိုဝယ်ကိုလိုက်လျောပေမယ့် သစ်တုံးကြီးလိုပဲ နေတာကြောင့်အကွက်ဆန်းတွေနဲ့ကြမ်းချင်တဲ့ နိုဝယ်မှာ မချင့်မရဲဖြစ်နေရပါတယ်။တစ်နေ့တော့ သူတို့အဆောင်ကို မေယက်ဆိုတဲ့ အပြင်အဆင်ခေတ်ရှေ့ပြေးသလို ဆက်ဆံရေးပွင့်လင်းရဲတင်းတဲ့ အဆောင်သူအသစ်တစ်ယောက် ရောက်လာချိန်မှာတော့ သူတို့ဘ၀တွေမှာအပြောင်းအလဲတစ်ချို့နဲ့ကြုံဆုံရဖို့ဖြစ်လာပါတော့တယ်။( အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ alias ပါ ) File size_(1.8GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:55:00 Genre_Adult, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

[18+] Butas (2024)

The Deaths of Ian Stone (2007) 5.5
The Deaths of Ian Stone (2007) အီယန်က ကောလိပ်တစ်ခုကကျောင်းသားတစ်ဖြစ်လည်း ကျောင်းကဟော်ကီအသင်းဝင်တစ်ယောက်ဆိုလည်းမမှားပါဘူး။တစ်နေ့ဟော်ကီပွဲအပြီး ချစ်သူကောင်မလေးဖြစ်တဲ့ ဂျန်နီကိုအိမ်ပြန်လိုက်ပို့ပေးပြီးအပြန်လမ်းမှာ တစ္ဆေလိုလို မ‌ကောင်းဆိုးဝါးတစ်‌ကောင်ရဲ့လက်ချက်ကြောင့် အသက်ပါသွားတယ်။အဲ့နောက် အီယန်ဟာ ရုံးခန်းတစ်ခုမှာ ရုံးဝတ်စုံနဲ့ပြန်နိုးလာတယ်။ သူ့ကိုယ်သူလည်းဘာဖြစ်ခဲ့မှန်းမသိဘဲ အခြားလူတစ်ယောက်ပုံစံအဖြစ်နဲ့လည်းပုံမှန်နေ့စဉ်ဘဝလိုနေထိုင်နေတယ်။အဲ့ညနေခင်းမှာပဲ သူဟော်ကီကစားခဲ့တယ်ဆိုတဲ့ တကယ်မရှိခဲ့တဲ့မှတ်ဉာဏ်က တရေး‌ရေးပြန်ပေါ်လာပေမဲ့ ကျောင်းမှတ်တမ်းတွေကိုပြန်ကြည့်လိုက်တဲ့အခါမှာလည်း ဟော်ကီအဖွဲ့ထဲ သူမဝင်ခဲကြောင်းသိလိုက်ရတယ်။ တချိန်တည်းမှာပဲ သူ့ကိုတစ္ဆေသရဲလိုအကောင်တွေက လိုက်ပြီးခြောက်လှန့်နေတဲ့အခါမှာတော့ အီယန်တစ်ယောက် ဘာတွေဖြစ်နေတာလဲ ဘယ်လိုတွေအဖြေရှာမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမဲ့ ဇာတ်ကားဟောင်း ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။( အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ Khant Sett Naing ပါ )File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:27:00 Genre_Horror, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie

The Deaths of Ian Stone (2007)

License to Wed (2007) 5.3
License to Wed (2007) ဆေဒီ က သူ့ချစ်သူ ဘန်နဲ့သူ့တို့မိသားစု ဘုရားကျောင်းမှာလက်ထပ်ချင်နေတယ် ဒါပေမယ့် ဘုန်းတော်ကြီးဖရန်ခ့်ကတော့ သူ့ရဲ့သင်ရိုးအတိုင်းအောင်မှ ထိမ်းမြားပေးမှာပါ.ဆေဒီနဲ့ဘန် နဲ့က တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိကြတဲ့ အတွဲတွေလို့ထင်ထားကြပေမယ့် ဘုန်းတော်ကြီးဖရန့်ရဲ့ သင်ရိုးတွေအတိုင်းစမ်းသပ်ကြည့်တော့မှ ကတောက်ကဆ ဖြစ်စရာလေးတွေပေါ်လာတာပါ.ဒါကြောင့်သူတို့၂ယောက်ကြားထဲက ဘယ်လိုနားလည်မှုပြန်ယူမလဲဆိုတာ ဟာသဆန်ဆန်ကြည့်ရှုရမယ့် ကားလေးဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ Andy Baker ပါ )File size_(1.3GB)/(730MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:331:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Andy Baker
movie

License to Wed (2007)

Tiger Cruise (2004) 5.8
Tiger Cruise (2004) Maddie Dolan က ရေတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့အဖေနဲ့အတူအချိန်ဖြုန်းဖို့ Tiger Cruise ပေါ်ကို လိုက်ပါရတော့မဲ့ ကလေးမလေးပါ။အဖေက သင်္ဘောပေါ် လိုက်ခဲ့ဖို့ ခေါ်နေခဲ့ပေမဲ့ နှစ်တိုင်းငြင်းနေခဲ့တဲ့Maddie တစ်ယောက် သင်္ဘောပေါ်တက်ဖို့ ရုတ်တရက် သဘောတူလိုက်ပါတယ်။သူ့ရည်ရွယ်ချက်ကတော့ တာဝန်ထမ်းဆောင်နေရတာကြောင့် အိမ်ကိုခဏ ခဏ ပြန်မလာနိုင်တဲ့အဖေကို အိမ်ပြန်လာအောင် ဖျောင်းဖျဖို့ပါ။Tiger Cruise ဆိုတာကတော့ အမေရိကန်ရေတပ်နဲ့ မရိန်းတပ်ဖွဲ့ဝင်တွေရဲ့ကလေးတွေ အိမ်ထောင်ဖက်တွေ မဟုတ်တဲ့ တခြားမိသားစုဝင်တွေကိုအပျော်စီးသင်္ဘောပေါ်မှာ လိုက်ပါရင်း တပ်ဖွဲ့ဝင်တွေရဲ့ တာဝန်တွေနေ့စဉ်ဘဝတွေကို လေ့လာခွင့်ပေးတဲ့ ခရီးတစ်ခုပါ။  ခရီးစဉ် စတင်လာတာနဲ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ World Trade Centre တိုက်ခိုက်မှုဖြစ်လာတဲ့အခါ အပျော်ခရီးကနေ အရေးပေါ် စစ်ရေးအခြေအနေ ဖြစ်လာပါတော့တယ်။သင်္ဘောပေါ်က အရပ်သား ၈၀၀ ရဲ့ လုံခြုံရေးကို တာဝန်ယူရင်း သူ့အဖေရဲ့ ဂုဏ်သိက္ခာပေးဆပ်မှုနဲ့ တာဝန်ထမ်းဆောင်မှုတွေကို နားလည်လာတဲ့ Maddie တစ်ယောက်ဘယ်လိုသဘောထားတွေ ပြောင်းလဲသွားမလဲဆိုတာကိုတော့အညွှန်းနဲ့ ...
movie

Tiger Cruise (2004)

Eivom Theater on Garosu Street (2024) 5.5
Eivom Theater on Garosu Street (2024) Eivom Theater on Garosu Street (2024) ************************************** 2024ခုနှစ်မှာ ပြသခဲ့တဲ့ Eivom Theater on Garosu Street (ဂါရိုဆူလမ်းမ​ပေါ်က အီဘုံးရုပ်ရှင်ရုံ) ဒီဇာတ်ကား​လေးက​တော့ ​ပေါ့​ပေါ့ပါးပါးနဲ့ အပန်း​ဖြေကြည့်ရှုနိုင်မယ့် ဇာတ်လမ်း​ကောင်း​လေးတစ်ခုဖြစ်ပါတယ်။ဂါရိုဆူလမ်းမ​​ပေါ်က အီဘုံးရုပ်ရှင်မှာ စု​ဝေးကြတဲ့ ရုပ်ရှင်​လောကသားများ၊လွန်ခဲ့တဲ့ ၃နှစ်ကရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကို ပြပွဲလုပ်ဖို့အတွက် အီဘုံးရုပ်ရှင်ရုံကို ဦးတည်ပြီးလာ​နေတဲ့ ဒါရိုက်တာအီ၊ရုပ်ရှင်ထုတ်လုပ်သူဖြစ်​ပေမဲ့ လတ်တ​လော အရင်းအနှီး မ,တည်ဖို့ အခက်ကြုံ​တွေ့​နေရတဲ့ ထုတ်လုပ်​ရေးစီအီးအိုဂင်၊ဒါရိုက်တာအီရဲ့ ရုပ်ရှင်မှာ ပါဝင်ခဲ့ပြီး လတ်တ​လော နာမည်ရ​နေတဲ့ သရုပ်​ဆောင်ယွန်းအီနှင့် တခြားမျက်နှာသစ်သရုပ်​ဆောင်များ၊ဒါရိုက်တာအီရဲ့ ဘီအဆင့်ရုပ်ရှင်ကို ​ဝေဖန်ထိုးနှက်ဖို့​ရောက်လာတဲ့ movie review youtuber ပရိုဂင်၊အ​ကြောင်းပြချက်တစ်ခုစီရှိ​နေတဲ့ ဒီလူအုပ်ကြီးဟာ ရုပ်ရှင်ပြပွဲအတွက် အီဘုံးရုပ်ရှင်ရုံကို ​ရောက်ရှိလာတဲ့အခါ...သရုပ်​ဆောင်​တွေရဲ့ အခက်အခဲ၊ သရုပ်​ဆောင်​လောကရဲ့ အရှုပ်အ​ထွေး၊ ရုပ်ရှင်နဲ့ ပတ်သတ်တဲ့ အ​တွေးအ​ခေါ်၊ဇာတ်ကားတစ်ခုအတွက် မြှုပ်နှံရတဲ့ ကြိုးစားအားထုတ်မှု​တွေအ​ကြောင်းကို အချိန်တိုအတွင်း ​ဖော်ပြသွားပြီးတော့ဒါရိုက်တာနဲ့ ထုတ်လုပ်သူ၊ သရုပ်​ဆောင်နဲ့ ဒါရိုက်တာ၊ ဒါရိုက်တာနဲ့ ...
movie

Eivom Theater on Garosu Street (2024)

The Prince of Egypt 7.2
The Prince of Egypt ဒီအန်နီမေးရှင်းဇာတ်လမ်းလေးမှာ Imdb 7 အထိရရှိထားပြီး မိသားစုနဲ့အတူကြည့်နိုင်တဲ့ကားကောင်းလေးတစ်ကားပါ။ မိတ်ဆွေအချင်းချင်းရိုင်းပင်းကူညီမှုနဲ့ကြိုးစားအားထုတ်ရင်ဘာမဆိုဖြစ်လာနိုင်တယ်ဆိုတာကိုမီးမောင်းထိုးပြထားတဲ့ပညာပေးအန်နီမေးရှင်းဇာတ်ကားကောင်းတစ်ကားဆိုလည်းမမှားပါဘူး။ဇာတ်လမ်းအညွှန်းဆိုရရင်တော့ဖြင့်  တစ်ခါကအီဂျစ်နိုင်ငံမှာMoses နဲ့ Ramses ဆိုတဲ့ညီအကိုနှစ်ယောက်အကြောင်းနဲ့စတင်ထားပါတယ်။တစ်ယောက်ဟာ နန်းညွန့်နန်းလျာအဖြစ်ကြီးပြင်းလာခဲ့ပြီးတော့ကျန်တစ်ယောက်မှာတော့  မိဘမဲ့အဖြစ်ကြီးပြင်းလာခဲ့ကြရပါတယ်။ဘာကြောင့်လဲဆိုတာတော့မပြောတော့ပါဘူး။သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေအဖြစ်နဲ့သာရင်းနှီးကျွမ်းဝင်ကြပြီးညီအကိုတွေမှန်းမသိခဲ့ကြပါဘူး။တစ်နေ့ အိမ်ရှေ့စံမင်းသားလေးဟာတိုင်းပြည်ကိုအုပ်ချုပ်ရတော့တဲ့အခါမှာတော့  ငယ်ရွယ်သေးတာကြောင့်အခက်ခဲတွေနဲ့ကြုံတွေ့ရပါတော့တယ်။အဲ့ဒီခါ သူဘာတွေကိုကြိုးစားသင်ယူပြီး ဘယ်လိုအခက်အခဲတွေကိုဖြေရှင်းမလဲဘယ်သူ့ရဲ့တိုက်ခိုက်မှုတွေ ဘယ်သူ့ရဲ့ကူညီမှုတွေကိုရနိုင်မလဲနောက်ဆုံးအီဂျစ်ပြည်ကြီးစည်ပင်ဝပြောဖို့သူကြံဆောင်နိုင်ပါ့မလားဆိုတာဇာတ်ကားလေးကိုသာကြည့်ရှုကြဖို့တိုက်တွန်းချင်ပါတယ်။(ဇာတ်ကား အညွှန်းကိုတော့ မိုးဦးမာန်က ရေးသားပေးခဲ့တာပါ)  File size…    3.7 GB / 1.4 GB / 727 MB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 1h 39m Genre ..... Animation/ Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Myo Min Thu Thant Myint
movie

The Prince of Egypt

4K HEVC
The Great Actor (2016)
The Great Actor (2016) The Great Actor (2016) ***********************2016ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့ပြီး ဒါရိုက်တာ Seok Min Woo ရိုက်ကူးခဲ့တဲ့ The Great Actorဇာတ်​ဆောင်​တွေအ​နေနဲ့ မင်းသားကြီး Oh Dal Su, Yoon Je Moon, Lee Geung Young တို့ အဓိက ပါဝင်သရုပ်​ဆောင်ထားကြပါတယ်ပြဇာတ်သရုပ်​ဆောင် Jang Sung pil (Oh Dal Su)က အနှစ်၂၀​ကျော်ကြာ ​ခွေးဇာတ်​ကောင်အ​နေနဲ့ပဲ သရုပ်​ဆောင်ခဲ့ရပါတယ်ဒါ​ပေမဲ့ သူ့အိပ်မက်က ​အရင်က အတူအလုပ်တွဲလုပ်ခဲ့တဲ့ စီနီယာ Sul Gang sik (Yoon Je moon)လိုမျိုး အောင်မြင်တဲ့ ရုပ်ရှင်သရုပ်​ဆောင်တစ်​ယောက်ဖြစ်လာဖို့ပါပဲတစ်​နေ့မှာ ကိန်းဒါရိုက်တာ Park (Lee Geung Young)ရဲ့ ရုပ်ရှင်အတွက် လူ​ရွေးပွဲတစ်ခု ရှိလာပါတယ်တစ်ဖက်မှာ Jang Sung pilဟာ ဇွဲ​ကောင်း​ပေမဲ့ တာဝန်မ​ကျေတဲ့ ...
movie

The Great Actor (2016)

Detective Chinatown 3 ( 2021 ) 5.4
Detective Chinatown 3 ( 2021 ) Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်... ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး  ဒီမှာ  https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။++++++++++Detective Chinatown 3 ( 2021 ) အညွှန်း**********************************စုံထောက်ဇာတ်ကားကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့လူတွေအတွက်ဟာသနှောစုံထောက်ကားလေး လာပါပြီနော်Detective Chinatown 3ဇာတ်ကားလေးဟာဆိုရင် အရင်က 1 2 ဆိုပြီးတော့နှစ်ကားထွက်ဖူးတာကြောင့် ကြည့်ပြီးသားလူတွေကတော့ဒီကားလေးထဲမှာ တူဝရီးနှစ်ယောက် ဘယ်လိုတွေ ဗရုတ်ကျပြီးပဟေဠိဆန်ဆန် လူသတ်မှုတွေကို စုံစမ်းကြသလဲဆိုတာ သိပြီးသားဖြစ်မှာပါအခု 3 မှာရော နှစ်ယောက်သား ဂျပန်ကိုသွားပြီး ဘယ်လိုအလွဲတွေနဲ့ပဟေဠိဆန်တဲ့လူသတ်မှုကို ဖြေရှင်းကြမလဲ ထိုင်းစုံထောက်ဂျပန်စုံထောက်တွေနဲ့ အားလုံးဆုံမိသွားတဲ့အပြင် မာဖီးယားတွေနဲ့အမှုက ပတ်သတ်နေတဲ့အခါ တူဝရီးနှစ်ယောက် ဟာသတွေ တစ်ပုံကြီးနဲ့အမှုကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ ကြည့်ရှုကြရမှာပါရှေ့နှစ်ကားမကြည့်ဖူးသေးတဲ့လူတွေအတွက်လည်း ဒီကားလေးက1 ...
movie

Detective Chinatown 3 ( 2021 )

Detective Chinatown 2 (2018) 6.2
Detective Chinatown 2 (2018) Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်... ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး  ဒီမှာ  https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။++++++++++ Detective Chinatown 2(2018)အညွှန်း *********************************ချင်းဖောင်ဆိုတဲ့ ကျောင်းသားလေးက Crimemaster လို့ခေါ်တဲ့ App တစ်ခုမှာ အဆင့်နှစ်ချိတ်ထားသူဖြစ်ပါတယ်...Crimemasterဆိုတာက စုံထောက်ဂိမ်းတစ်ခုပါပဲ၊ ဒါပေမယ့်ထူးခြားတာက တကယ်ဖြစ်နေတဲ့အမှုတွေကိုစုံစမ်းဖော်ထုတ်ရတာပဲဖြစ်ပါတယ်။ ချင်းဖောင်က အဲ့ဂိမ်းမှာ အဆင့်နှစ်ဆိုတော့ နယ်နယ်ရရတော့မဟုတ်ဘူးပေါ့...အဆင့်တစ်ကတာ့ "Q" ဆိုတဲ့လူဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ဘယ်သူမှမသိကြပါဘူး။ဦးလေးဖြစ်သူရဲ့ မင်္ဂလာပွဲကိုတက်ဖို့ အမေရိက ကို ချင်းဖောင်တစ်ယောက်ရောက်ရှိလာပါတယ်။တကယ်တော့ဦးလေးဖြစ်သူက ချင်းဖောင်ကို ညာခေါ်လိုက်တာပါ။ တရုတ်တန်းက ဆရာကြီးတစ်ယောက်ရဲ့မြေးဖြစ်သူအသတ်ခံရမှုကိုဖော်ထုတ်ပေးနိုင်ရင် ဒေါ်လာငါးသန်း ပေးမယ်ဆိုတဲ့အတွက်ကြောင့်ချင်းဖောင်ကို လိမ်ပြီးခေါ်လိုက်တာဖြစ်ပါတယ်။ အဲ့အမှုကိုဖော်ထုတ်ဖို့ရောက်လာတဲ့တခြားလူတွေကလဲCrimemaster app ထဲက ချင်းဖောင်ရဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ အဲ့တော့ ချင်းဖောင်တို့တူဝရီးနှစ်ယောက်အမှုကို ...
movie

Detective Chinatown 2 (2018)

2018
Detective Chinatown (2015) 6.6
Detective Chinatown (2015) Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်... ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး  ဒီမှာ  https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။++++++++++Detective Chinatown (1) (2015)IMDb Rating (6.6) / Rotten Tomatoes (74%)ချင်ဖုန်းဆိုတဲ့ စကားထစ်တတ်တဲ့ကောင်လေးတစ်ယောက်ဟာ စုံထောက်အလုပ်ကို ဝါသနာပါလွန်းလို့ ရဲကောလိပ်ကို တက်ဖို့ ကြိုးစားပေမယ့် ဝင်ခွင့်မရခဲ့ပါဘူး စိတ်ဓာတ်တွေ အလုံးအရင်းလိုက်ကျနေတဲ့ ချင်ဖုန်းကို သူ့အဘွားဖြစ်သူက ပျော်စေချင်တဲ့အတွက် သူနဲ့ အမျိုးဆယ့်နှစ်ဝမ်းကွဲလောက်တော်တဲ့ ဦးလေးထန်ရန်ရှိတဲ့ ထိုင်းနိုင်ငံကို အလည်အပတ်ခရီးထွက်ဖို့ စီစဉ်ပေးခဲ့ပါတယ် သူ့ဦးလေးထန်ရန်ဟာဆိုရင်တော့ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရုတ်တန်းမှာ နာမည်ကြီးစုံထောက်လို့ အဖွားကတော့ ဂုဏ်ယူဝင့်ကြွားစွာပြောခဲ့လေရဲ့...တကယ်တန်းမှာတော့ သူက လမ်းပေါ်မှာပဲ ပေတေလေလွင့်နေတဲ့ လောင်းကစားသမားပါ သူ့တူဖြစ်သူ ချင်ဖုန်းရောက်လာတဲ့အခါ သူကြိုဆိုဧည့်ခံပုံတွေကလဲ အတော်ခွီရတဲ့ ...
movie

Detective Chinatown (2015)

2015
So Long, See You Tomorrow (2024)
So Long, See You Tomorrow (2024) So Long, See You Tomorrow (2024)*******************************"အပြိုင်စကြဝဠာဆိုတာကို ယုံကြည်ပါသလား"အဲဒီအပြိုင်စကြဝဠာမှာ ကိုယ့်ရဲ့ကိုယ်ပွါးတွေဟာပုံစံမျိုးစုံနဲ့ ရှိနေနိုင်ပါတယ်တဲ့။အန်ဒုံဂျွန်းဆိုတဲ့ ကောင်လေးဟာ အပြိုင်စကြဝဠာရှိတယ်ဆိုတာကိုယုံကြည်ပြီး လက်ရှိကိုယ့်ဘဝကိုယ် မနှစ်သက်ဘဲတခြားစကြဝဠာမှာ ရှိနေတဲ့သူ ဖြစ်ချင်နေခဲ့တာပါ။အဲဒီလို ဒုံဂျွန်းရဲ့ ငြီးငွေ့နေတဲ့ဘဝကို အလင်းပေးခဲ့တာကတော့သူ့အိမ်အပေါ်ထပ်မှာနေတဲ့ ဂန်ဟျွန်းဆိုတဲ့ သူ့ရဲ့စီနီယာပဲဖြစ်ပါတယ်။ဒုံဂျွန်း လေးစားအားကျရတာထက်ကို ပိုပြီး ဘက်စုံတော်တဲ့ဂန်ဟျွန်းတစ်ယောက် မတော်တဆတစ်ခုနဲ့ ကြုံတွေ့ပြီးနောက်သူ့နားက ထွက်သွားတဲ့အခါမှာတော့...ဒုံဂျွန်းရဲ့ဘဝက ဘယ်လိုပြောင်းလဲသွားလဲသွားမလဲ..။ဒုံဂျွန်းနဲ့ ဂန်ဟျွန်းကရော ပြန်ဆုံတွေ့နိုင်ပါ့မလား..။ဆိုတာတွေကို timeline ၃ခုနဲ့ ရိုက်ပြထားပြီး အပြိုင်စကြဝဠာတစ်ခုချင်းစီမှာရှိတဲ့မတူညီတဲ့ပုံစံနဲ့ ဒုံဂျွန်းကို ကြည့်ရှုရမဲ့ ဇာတ်လမ်းဆန်းဆန်းလေးပဲဖြစ်ပါတယ်။ဒီကားလေးထဲမှာတော့ Children of a Lesser God ထဲမှ Shin Hee-sub၊Escape ထဲမှ Hong Xa-bin နဲ့ Castaway Diva ထဲမှ Shin Joo-hyup တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ File size…2.10GB / 920MB Quality…WEB-DL 1080p/ ...
movie

So Long, See You Tomorrow (2024)

Honeymoon Express (2024) 7.7
Honeymoon Express (2024) Honeymoon Express ( 2024 ) ( အချစ်ရဲ့အမြန်ယာဉ် )ဒီတစ်ခါတော့ CM ပရိသတ်ကြီးတို့အတွက် ၂၀၂၄ ခုနှစ်ထွက် အချစ်ဟာသကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ -ပြိုင်ကားတစ်စီးပေါ်မှာ အငြင်းပွားရန်ဖြစ်နေတဲ့လင်မယားကိုတွေ့ရပါလိမ့်မယ်။ တကယ်လို့ ဒီလင်မယားဟာ လူကြီးတွေစီစဉ်ပြီးလက်ထပ်ပေးထားလို့ ဒီလိုရန်ဖြစ်နေတာပဲလို့ သင်ထင်ရင် မှားပါလိမ့်မယ်။တကယ်တော့သူတို့ဟာ မြင်မြင်ချင်းချစ်မိပြီး မခွဲနိုင်မခွာနိုင်ဖြစ်လို့ လက်ထပ်ယူထားကြသူတွေပါ။ ဒါဆိုရင် ဘာကြောင့်များ လက်ထပ်ပြီးတဲ့နောက်မှာ ကြားလေသွေးရင်တောင် ဝေးတယ်ထင်တဲ့အချစ်ငှက်မောင်နှံကနေ မတည့်အတူနေဆက်ဆံရေးအဖြစ်ကို ပြောင်းလဲသွားရပါလိမ့်။ လူတွေပြောကြသလို အိမ်ထောင်ရေးဆိုတာ အချစ်တို့ရဲ့အဆုံးသတ်ပဲ တကယ်ဖြစ်နေမလား။ဒီလင်မယားဟာလည်း ချစ်လို့ယူထားတဲ့အိမ်ထောင်ရေးကို အဆုံးမသတ်ချင်တဲ့အတွက် ဘယ်လိုတွေကြိုးစားမလဲဆိုတာကိုဟာသနှောပြီး ပေါ့ပေါ့ပါးပါးရိုက်ကူးပြထားပါတယ်။ တကယ်ပဲ အောင်မြင်ပြီး ပျော်ရွှင်စွာပေါင်းဖက်ကြလေသတည်းဖြစ်မလား၊ ပျော်ရွှင်စွာလမ်းခွဲကြလေသတည်းဖြစ်မလားဆိုတာကိုတော့ အဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးရည်းစားဘ၀မှာ အချစ်ဆိုတာ လတ်ဆတ်လန်းဆန်းပြီး ပျော်စရာကောင်းပေမဲ့ အိမ်ထောင်ကျပြီးတဲ့အချိန်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် အချစ်ဆိုတာ ခြောက်သွေ့ညှိုးနွမ်းသွားတတ်ပါတယ်။ အကယ်၍သင့်မှာ လက်ထပ်ဖို့ရည်ရွယ်ထားသူရှိပြီ / ကြင်စဦးအိမ်ထောင် (သို့) အိမ်ထောင်သက်ကြာညောင်းနေပြီဆိုရင်တော့ အိမ်ထောင်ရေးပြဿနာတချို့ကို ဟာသနှောရိုက်ကူးထားတဲ့ ဒီကားလေးကို ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေဗျ..( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 2.26GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 58m Subtitle….Myanmar ...
movie

Honeymoon Express (2024)

Madame de Sévigné (2023) 6.5
Madame de Sévigné (2023)  ဇာတ်ကားအမျိုးအစားအများကြီးရှိတဲ့ထဲကမှ မိဘနဲ့သားသမီးတို့ကြားက ချစ်ခြင်းကိုဖော်ပြတဲ့ကားတွေ အများကြီးရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ပြင်သစ် ဇာတ်ကားလေးဖြစ်တဲ့ Madame.de.Sevigne ဆိုတဲ့ကားလေးမှာ မဒမ်ဆီဗင်ညီးရဲ့ သူ့သမီးအပေါ်ထားတဲ့ ချစ်မေတ္တာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမြို့စားကတော် မဒမ်ဆီဗင်ညီးဟာ သူ့ရဲ့သမီးချောလေး ဖရွန်ဆွက်စ်ကို ယောက်ျားပေးစားဖို့ လုပ်နေပါတယ်။ အဆင်ပြေရင် ဘုရင်နဲ့လက်ဆက်ဖို့ထိပါပေါ့။ ဒါပေမဲ့ အဆင်မပြေမှုလေးတွေဖြစ်ပြီး သူ့ရဲ့အဆက်ဟောင်း မြို့စားတစ်ယောက်နဲ့ လက်ဆက်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ သားအမိတွေ နည်းနည်းဝေးသွားကြရင်း တစ်နေ့မှာ သူ့သမီးဆီအလည်သွားရင်း အဆင်မပြေတဲ့ကိစ္စတချို့ကို ကြားလာရပါတယ်။ ဒါနဲ့ပဲ သူ့သမီးကိုပြန်ခေါ်ဖို့ကြိုးစားခဲ့ပေမဲ့ လိုက်မလာပါဘူး။နောက်ပိုင်းလိုက်လာတဲ့ အခါမှာသူချစ်တဲ့သူ့သမီးနဲ့သူအဆင်မပြေတော့ပါဘူး။ တစ်ခါတလေမှာ ချစ်တာကို အချစ်လွန်တဲ့အခါ ၂ဦး၂ဘက် အဆင်မပြေမှုတွေဖြစ်ပြီး ဝေးကွာသွားတတ်ပုံကို အကောင်းဆုံးဖော်ပြထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Wunna ပဲဖြစ်ပါတယ်။ File size…(1.5 GB)/(660 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre... Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

Madame de Sévigné (2023)

Coyote Woman (2024)
Coyote Woman (2024)  အနောက်တိုင်း သမိုင်းထဲက မြင်းစီးကောင်းဘွိုင်တွေ၊ အင်ဒီးယန်းလူရိုင်း‌တွေအကြောင်းကိုပြန်ရိုက်ထားတဲ့ရုပ်ရှင်လို့ပြောရမယ်။ စင်သီယာဆိုတဲ့လူဖြူမိန်းကလေးဟာ တောတွင်းတစ်နေရာမှာ ဓားစာခံအဖြစ်ဖမ်းခံရရင်းကနေ လွတ်မြောက်သွားခဲ့ပြီး ကွန်မန်ချီလို့ခေါ်တဲ့အင်ဒီးယန်းလူရိုင်းမျိုးနွယ်စုတစ်ခုထဲကိုရောက်ရှိသွားခဲ့တယ်။ဂျေဂျေဂလင်တန်လို့အမည်ရတဲ့မြင်းစီးရိန်းဂျားတွေဟာ သူတို့ရဲ့မူလအဖွဲ့ကနေခွဲထွက်လာခဲ့ပြီး ထင်ရာစိုင်းနေကြပါတယ်။ ဂလင်တန်တို့အုပ်စုဟာ သူတို့အနိုင်တိုက်ပြီးတဲ့ရန်သူတွေရဲ့ ဦးရေပြားတွေကိုခွာယူရောင်းချတဲ့အလုပ်ကိုလည်းလုပ်ကိုင်ကြပါသေးတယ်။ ဒီလိုနဲ့ ဂလင်တန်တို့ရိန်းဂျားအုပ်စုနဲ့ စင်သီယာတို့ရဲ့ နောက်ဆုံးကျန်ရစ်တဲ့ကွန်မန်ချီမျိုးနွယ်စုတို့ ထိပ်တိုက်ရင်ဆိုင်ရဖို့ကြုံလာ‌တဲ့အခါမှာတော့... File size…(2.6 GB)/(1.3 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:50:00 Genre... Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie

Coyote Woman (2024)

World Famous Lover (2020) 5
World Famous Lover (2020) လူ့ဘ၀ဆိုတာဟာ အခန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ဘယ်နေရာမှာ ဘယ်သူနဲ့တွေ့ခဲ့တယ် ၊ ဘယ်မှာနေခဲ့တယ် ၊ ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ ခေါက်ရိုးကျိုးအခန်းတွေမဟုတ်ပဲ ဘယ်သူနဲ့ချစ်ခဲ့တယ် ဘယ်သူ့ကို ချစ်ခဲ့တယ် ၊ ဘယ်လိုအသည်းကွဲခဲ့တယ်ဆိုတဲ့ သူမတူတဲ့ အချစ်ဇာတ်လမ်းလေးတွေတော့ ကိုယ်စီရှိကြမယ် ထင်ပါရဲ့။ဒီဇာတ်လမ်းလေးထဲမှာတော့ မင်းသား(ဂေါ်သမ်)ဟာ စာရေးဆရာဖြစ်လိုသူ၊ သူ့ချစ်သူ(ယမနီ - ယမင်းရုပ်လို့ပဲ ဆိုပါစို့)ရဲ့အထောက်အပံ့ကို ယူ ၊ ချစ်သူနဲ့ အတူနေပြီး စာရေးဖို့ကြိုးစားနေသူပေါ့။ဒါပေမယ့်လည်း စာရေးဆရာတို့ ၊ ပန်းချီဆရာတို့လို အနုပညာမှော်ဝင်စားတတ်သူတွေဟာ ချစ်သူအပေါ်ထားရှိရမယ့် တာဝန် ၊ ချစ်သူအပေါ် ဂရုစိုက်ရမယ့်၀တ္တရားတွေကို မဆိုထားနဲ့ဦး ။စားဖို့ အိပ်ဖို့တောင် မေ့လျော့နေတတ်ကြသူတွေလေ...။ ယမနီအတွက်တော့ နေ့စဉ်အလုပ်သွား၊ ပြန်လာတိုင်း ဆေးလိပ်တစ်ဖက်၊စာအုပ်တစ်ဖက်နဲ့ ယောကျ်ား ယမနီလုပ်ပေးခဲ့တဲ့ စားသောက်ဖွယ်ရာတွေကို ကာတွန်းကြည့်ပြီးထိုင်စားနေတဲ့ လင်ယောကျ်ားကို မြင်ရလိုက် ညဘက်အိပ်ယာဝင်တိုင်း သန္ဓေတားဆေးသောက်ရလိုက်နဲ့ ဘာတိုးတက်မှုမှ ရှိမလာတဲ့ လင်ယောကျ်ားအပေါ် စိတ်ကုန်လာခဲ့ပါတယ်။ဒီတော့ အချိန်တွေကြာလာတာနဲ့အမျှ ချစ်သူနှစ်ဦးကြား ပဋိပက္ခတွေဖြစ်လာပြီး ဘယ်လိုမှ ညှိနှိုင်းလို့မရတဲ့အဆုံး.... ပြတ်စဲကြရတော့တယ်....။ချစ်သူနဲ့အတူနေချိန်မှာ ခေါင်းထဲက ဘာအကြောင်းအရာမှမထွက်သလို၊ နှလုံးသားထဲကနေလည်း ဘာမှဆွဲထုတ်လို့မရခဲ့တဲ့ ဂေါ်သမ်ဟာ စာတွေရေးဖြစ်လာခဲ့တယ်။သူရေးလိုက်တဲ့ ဇာတ်လမ်းတိုင်းမှာ သူကိုယ်တိုင် ...
movie

World Famous Lover (2020)

Eega(2012) 7.7
Eega(2012) Eega(2012)*********IMDB rating 7.7နဲ့ ရရှိထားထတဲ့ ဇာတ်ကားဖြစ်ပါတယ်။ Tamil-Telugu ဇာတ်ကားအမျိုးအစားဖြစ်ပြီးမင်းသမီး Samantha Akkineniပါဝင်သရုပ်ဆောင်ထားပါတယ်။ ဘင်ဒူဆိုတဲ့ကောင်မလေးဟာ ပရဟိတ လုပ်ငန်းတစ်ခုမှာ ပါဝင်တဲ့သူတစ်ယောက်ပေါ့...ရိုးရှင်းစွာဖြတ်သန်းပြီး ခပ်ပြုံးပြုံးလေးနေတတ်တဲ့ သူမကို သိပ်ချစ်တဲ့ကောင်လေး နာနီဆိုတာရှိတယ်...ဒီကောင်လေးကလည်း သူ့ကိုလိုက်နေတာ ၃နှစ်၃မိုးဆိုပါတော့လေ...အဖြေပြန်မပေးပေမယ့် ကောင်မလေးကလည်း ကြာတော့သူ့ကို သံယော်ဇဉ်တွယ်လာပုံပါပဲ...တစ်နေ့တော့ ဘင်ဒူဆိုတဲ့ကောင်မလေးကို သူဌေးကြီးတစ်ဉီးက မျက်စိကျသွားတယ်...ဒီသူဌေးကြီးဟာ ကောင်မလေးကိုရဖို့ဆို  အနားမှာရှိတဲ့ နာနီကိုရှင်းထုတ်မှဖြစ်မယ်ဆိုပြီးအသေသတ်ပစ်လိုက်တယ်....ထူးဆန်းစွာပဲနာနီဟာ သေပြီးနောက် ယင်ကောင်အဖြစ်ပြန်လည်မွေးဖွားခဲ့တယ်...ယင်ကောင်ဖြစ်ပေမယ့် အတိတ်ဘဝက သူ့ကို ဖျက်စီးခဲ့တဲ့သူကိုအမှတ်ရပြီးနောက်မှာတော့.....ယင်ကောင်ပင်ဖြစ်လင့်ကစား ဒီအမျိုးယုတ်သူဌေးကို ရတဲ့နည်းနဲ့လက်စားချေဖို့ကြိုးစားပါတော့တယ်...ယင်ကောင်ရဲ့အကြံအစည်တွေအထမြောက်လာမလားဆိုတာကိုတော့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်... File size… 3.22GB / 1.4GB Quality…BluRay 1080p / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Thaik San
movie

Eega(2012)

Escape (2024)
Escape (2024) Escape (2024)***************ဒီတစ်ခါမှာတော့ Taxi Driver, Chief Detective1958 တို့လိုrating အမြင့်ဆုံးရထားတဲ့seriesတွေထဲက မင်းသား Lee Je Hoon၊D.P., Parasyte: The Grey ဇာတ်ကားတွေမှ မင်းသား Koo Kyo Hwan၊Hopeless ထဲမှ မင်းသား Hong Xa Bin တို့ အဓိကပါဝင်ထားပြီးSong Kang cameo ပါဝင်ထားတဲ့ အရမ်းပေါက်နေတဲ့ မြောက်ကိုရီးယားတပ်ပြေးဇာတ်လမ်းလေးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့မြောက်ကိုရီးယားစစ်သား အင်ဂယူနမ်ဟာ တောင်ကိုရီးယားမှာလွတ်လပ်မှုကို အိပ်မက်မက်ရင်း မျှော်လင့်ချက်အပြည့်ရှိတဲ့ဘဝအသစ်တစ်ခုစတင်ဖို့  အိပ်မက်မက်နေသူပါ။ဒါကြောင့် သူ့အိပ်မက်ဖြစ်မြောက်ဖို့အတွက်ဆိုရင် အမိနိုင်ငံကနေ ထွက်ပြေးစစ်မဲ့ဇုန်ကို ‌ကျော်ဖြတ်ပြီး တောင်ကိုရီးယားနိုင်ငံကို ဝင်ရောက်ရမှာပဲဖြစ်ပါတယ်တစ်နေ့မှာတော့ မြောက်ကိုရီးယားကနေ ထွက်ပြေးဖို့လုပ်ရင်းစစ်သား‌လေး ဒုံဟျော့ဆီမှာ မိသွားပါတော့တယ်။အဲဒီနေရာကို ဗိုလ်မှူးရီဟျွန်းဆန်းပါ ရောက်ရှိလာတဲ့အခါမှာတော့...။နှစ်ပေါင်းများစွာ တပ်ထဲက ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ဂယူနမ်ကို နည်းမျိုးစုံနဲ့တားနေတဲ့ ဗိုလ်မှူးရီဟျွန်းဆန်းတစ်ယောက် ဒီတစ်ခါမှာရော တားနိုင်ဦးမှာလား။ဂယူနမ်ကရော သူ့အိပ်မက်တွေဖြစ်မြောက်အောင် ထွက်ပြေးပြီး ...
movie

Escape (2024)

Who’s Yer Father? (2023)
Who’s Yer Father? (2023) ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တာကတော့ IMDB 5.9/10 ရရှိထားတဲ့ Comedy/Crime ဇာတ်ကားလေးပဲဖြစ်ပါတယ်။ လယ်ရီက Prince Edward Island ကျွန်းရဲ့ တစ်ဦးတည်းသော ပုဂ္ဂလိက စုံစမ်းရေးမှူးပါ။ ကျွန်းတစ်ကျွန်းလုံးမှာ သူတစ်ယောက်ပဲရှိတာဆိုတော့လည်း ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတယ်ဆိုပြီး အမြဲကြွားဝါလေ့ရှိပါတယ်။ဒါပေမဲ့ တကယ်တမ်း သူ လိုက်စုံစမ်းပေးရတဲ့အမှုတွေကတော့ ဘိုးဘွားပိုင် အိုးခွက်ပန်းကန်တွေ ပျောက်ဆုံးမှုလောက်ပါပဲ။ ဒီလိုနဲ့ သာယာနေတဲ့သူ့ဘဝထဲကို ကံကောင်းခြင်းလား၊ ကံဆိုးခြင်းလား မသိတာကို ယူဆောင်ပေးဖို့ ရောက်လာခဲ့သူကတော့ လုခ်ပါ။ ပင်လယ်စာ ဖြန့်ဖြူးရောင်းချသူ လူချမ်းသာ လုခ်က သူ့ကို အမှုတစ်ခု လာအပ်ပြီး အဆင်ပြေရင် ဘောနပ်စ်တွေပါ ပေးမယ်ဆိုတာမို့ လယ်ရီတစ်ယောက် အချီကြီးပွမယ့်အမှုကို အားတက်သရောလိုက်ခဲ့ပါတော့တယ်။သူစုံစမ်းရမယ့် အမှုကတော့ ဂလန်းဆိုတဲ့ တံငါသည်က ပုစွန်တုပ်တွေကို လုခ်ဆီမရောင်းဘဲ မှောင်ခိုဈေးကွက်မှာ ရောင်းချနေတာမို့ နောက်ကွယ်က ဝယ်သူကို ရှာပေးရမှာပဲဖြစ်ပါတယ်။ ဟိုဟိုဒီဒီ စုံစမ်းရင်း ရွန်ဒါဆိုတဲ့ ...
movie

Who’s Yer Father? (2023)

Genres

Archives