Channel Myanmar

Mother’s Day (2010)

DramaHorrorThriller

6.2
IMDB: 6.2/10 18K votes

32263

Report error

 

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို

442

၂၀၁၀ ကထွက်ရှိထားတဲ့ Mother ‘s Day ဆိုတဲ့

ဇာတ်ကား ကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေး

ချင်ပါတယ်. ဒီဇာတ်ကားကို ဒါရိုက်တာ Darren Lynn

Bousman ကရိုက်ကူးပုံဖော်ထားပြီး rating 6.2/10 အထိ

ရရှိထားပါတယ်..

ဒီဇာတ်ကားမှာ မင်းသား Shawn Ashmore , Partrick

John Flueger , Warren Kole စတဲ့နာမည်ကြီး

မင်းသားတွေနဲ့ မင်းသမီး Rebecca De Mornay , Jaime King

စတဲ့နာမည်ကြီးအနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားတဲ့

ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်..

ဇာတ်လမ်းအစက ဆေးရုံတစ်ခုမှာ မိန်းမကြီးတစ်ယောက်

ကလေးလိုက်ခိုးနေပုံနဲ့ စတင်ထားပါတယ် ဒီလိုနဲ့ နောက်ထပ်

နှစ်ပေါင်းများစွာ ကြာပြီးတဲ့ တစ်ညမှာတော့ လူသုံးယောက်

ဘဏ်ကိုဓားပြတိုက်မှုနဲ့ ထွက်ပြေးနေရပါတယ် သူတို့

ကတော့ အိုက်, အက်ဒ်လေ နဲ့ ဂျွန်နီတို့ ညီအစ်ကိုသုံးယောက်ပဲ

ဖြစ်ပါတယ် သူတို့ရဲ့ညီအငယ်ဆုံးလေးဖြစ်တဲ့ ဂျွန်နီကလည်း

ဘဏ်ဓားပြ တိုက်မှုအတွင်းမှာ သေနတ်နဲ့အပစ်ခံထားရပါတယ်

ဒီကြားထဲ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်က သစ္စာဖောက်သွားတာကို

ခံလိုက်ရပြီး တိုက်ရာပါပစ္စည်းတွေ ပိုက်ဆံတွေအားလုံးကလည်း

ပါသွားပြန်ပါတယ် ဖွတ်မရဓားမ ဆုံးဖြစ်နေတဲ့ ညီအစ်ကို

သုံးယောက်လည်း နောက်ဆုံးသူတို့ငယ်ငယ်ကနေခဲ့တဲ့ အိမ်ကို

သာပြန်လာခဲ့ကြပါတော့တယ် ဖြစ်ချင်တော့ သူတို့တွေ

အိမ်ကထွက်သွားတဲ့အချိန်အတောအတွင်းမှာ သူတို့ရဲ့အမေက

ဒီအိမ်ကို အကြွေးနဲ့ အသိမ်းခံလိုက်ရတာကို မသိကြပါဘူး

တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့တွေ ရောက်လာတဲ့ညမှာ အိမ်ပိုင်ရှင်

အသစ်တွေဖြစ်တဲ့ ဒန်နီရယ်ရဲ့ မွေးနေ့ပွဲကျင်းပနေချိန်နဲ့သွားပြီး

တိုက်ဆိုင် နေပါတယ် ဒီလိုနဲ့ညီအစ်ကိုသုံးယောက်လည်း

မထူးဇာတ်ခင်းပြီး တစ်ခါတည်းပြန်ပေးဆွဲ အနုကြမ်းစီး

လိုက်ပါတော့တယ် အပြင်မှာလည်း လေဆင်နှာမောင်းတိုက်ခတ်

နေတဲ့အချိန်ဖြစ်နေတော့ ပတ်ဝန်းကျင်ကလည်း လူသူမရှိကင်းမဲ့

နေပြန်ပါတယ် ဒန်နီရယ်တို့ သူငယ်ချင်းရှစ်ယောက်ကရော

ညီအစ်ကိုသုံးယောက်ရဲ့လက်ကနေ လွတ်မြောက်သွားနိုင်ပါ့မလား

အဲ့ဒီနောက်သူတို့ရဲ့ မွေးစားအမေဆိုတဲ့သူ ရောက်ရှိလာတဲ့

အခါမှာကော ဘယ်လိုတွေဆက်ဖြစ်ကြမလဲ…

ဒီဇာတ်ကားမှာ သူတို့ရဲ့မွေးစားအမေဖြစ်တဲ့ မင်းသမီး

Rebecca De Mornay ရဲ့သွေးအေးအေးနဲ့

ပီပြင်စွာသရုပ်ဆောင်ထားပုံတွေကို တွေ့မြင်ခံစားရမှာဖြစ်ပါတယ်

ဒီဇာတ်ကားက ကြည့်ရှုသူပရိတ်သတ်ကို ဇာတ်လမ်းအစ

အလယ်အဆုံးဆွဲခေါ်သွားနိုင်မယ့် ဇာတ်ကားလေးတစ်ကား

ဖြစ်ပါတယ်.

ဒီဇာတ်ကားက Drama , Horror & Thriller အမျိုးအစားကိုမှ

ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ

လက်မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး

တစ်ကားဖြစ်ပါတယ်……

 

File size…1.78GB / 835MB
Quality…Blu-Ray 1080p  / 720p
Format…mp4
Duration….1h 52m
Genre ….. Drama , Horror , Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Eh Phaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Mother’s Day (2010)
Mother’s Day (2010)


No downloads available

Genres



Related movies