Mother of the Bride (2024)
First love deserves a second chance.

Synopsis:
ဒီတစ်ခေါက်တော့ သက်ကြီးပိုင်းတွေရဲ့ ငယ်ရွယ်စဉ်
ကလွဲခဲ့တဲ့ အချစ်နဲ့ ပြန်တွေ့ဆုံရပုံလေးကို
ဟာသလေးတွေနှောပြီး ဇာတ်လမ်းဆင်ထားတဲ့
အချစ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်…
မျိုးဗီဇသုတေသနပညာရှင်ဖြစ်တဲ့ ဒေါက်တာ လာနာ
ဝင်းစလိုးတစ်ယောက် တစ်ခုခုဆို အပြစ်မြင် ဝေဖန်
တတ်လို့ဆိုပြီး သမီးဖြစ်သူက ရည်းစားကောင်လေးကို
ရည်းစားဘဝမှာတောင် သူနဲ့ပေးမတွေ့ဘဲ စေ့စပ်
လက်စွပ်ကို လက်ခံပြီးမှ နောက်တစ်လနေရင်
လက်ထပ်တော့မယ်လို့ ဖွင့်ဟလာတာကို ကြုံလိုက်ရပါတယ်..
သူနဲ့အတူနေပြီး ကျောင်းဆက်တက်မယ်လို့ထင်ထားတဲ့
သမီးတော်လေးက ယောကျ်ားယူတော့မယ်ဆိုပြီး Surprise
တိုက်လိုက်တဲ့အခါမှာတော့ လာနာတစ်ယောက်
ရင်ကွဲနာကျရသလို သမီးဖြစ်သူ ပျော်ဖို့အတွက်
သမီးအလိုကျလက်ခံပေးပြီး မင်္ဂလာပွဲကျင်းပမဲ့
ထိုင်းနိုင်ငံ ဖူးခက်မြို့ကို သွားဖို့ပြင်ရပါတော့တယ်
သမီးဖြစ်သူယူမဲ့ကောင်လေးကို အဲဒီတော့မှ တွေ့ဖူးတဲ့
အပြင် နောက်ထပ် Surprise တိုက်ခံလိုက်ရတာကတော့
အဲဒီကောင်လေးရဲ့အဖေက ငယ်စဉ်က စာမလာအကြောင်း
မကြားဘဲ Ghost သွားတဲ့ သူ့ရဲ့ငယ်ချစ်ဦး ဖြစ်နေတာပါပဲ..
တစ်ယောက်တည်းဆို ထက်မြက်ပြီး တော်သလောက်
သူ့ငယ်ချစ်ဦး ဝေလ် ဂျက်ဆင်ရှေ့ကိုရောက်ရင် အလွဲလွဲ
အချော်ချော်တွေ လုပ်တတ်တဲ့ လာနာတစ်ယောက်
ဒီပြန်လည်ဆုံတွေ့မှုကနေ ဘာတွေကိုတွေ့ကြုံလာရမလဲ…
ရှေးဟောင်းနှောင်းဖြစ်ဇာတ်လမ်းတွေရှိတဲ့ မိဘတွေကြောင့်
သားသမီးတွေရဲ့ မင်္ဂလာပွဲကလည်း ဖြစ်မြောက်ပါ့မလားဆိုတာကို
ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာ ဖြစ်ပါတယ်..
File size…2.15 GB/ 0.99GB
Quality…NF WEB-DL 1080p 5.1CH / 720p
Format…mp4
Duration….1h 28m
Genre ….. Comedy , Drama , Romance
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Chothet_mlmt
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။