Mother (2009)
She'll stop at nothing

Synopsis:
Mother (2009)
IMDb – 7.8/10_____Rotten – 96%
mother ရုပ်ရှင်က အမေတစ်ယောက်ရဲ့မေတ္တာကို
အဓိကဖော်ပြထားတယ့်ကားတစ်ကားပါ။
IMDb 7.8 ထိရရှိထားပြီး Rotten tomatoes 95% နဲ့Roger Ebert 4 မှာ 3.5 ထိရရှိခဲ့တယ့် ဇာတ်ကားဖြစ်ပါတယ်
Rating တွေမြင့်နေတာလဲ ဇာတ်ကားကြည့်ပြီး မှာဘာကြောင့်မြင့်နေလဲဆိုတာ သဘောပေါက်နိုင်ပါလိမ့်မယ်
Budget ကန်ဒေါ်လာ ၅ မီလီယံနဲ့ရိုက်ကူးခဲ့ပြီး Box office မှာ ကန်ဒေါ်လာ ၁၇.၁ မီလီယံထိအောင် ရရှိခဲ့တယ့်
crime & Thriller ဇာတ်ကားကောင်းဖြစ်ပါတယ်။
အာရှ ၊ ဥရောပ ၊ အမေရိက နဲ့အရှေ့အလယ်ပိုင်း နိုင်ငံတွေ မှာ စပြီးပြသခဲ့တယ့် မေလ ၂၉ ရက် ၂၀၀၉ ခုနှစ်မှစပြီး
၂၀၁၀ခုနှစ်ထိ ရုပ်ရှင်ဇာတ်ကား ဆုပေးပွဲပေါင်း ၂၆ ခုမှာ ဆုပေါင်း ၅၉ဆုအထိလျာထားခြင်းခံခဲ့ရပါတယ်။
ဇကာတင်ဆုစာရင်းတွေမှာ ဆု၂၀ ဝင်ခဲ့ပြီး ၃၉ ဆုကိုတော့သိမ်းပိုက်ရရှိခဲ့ပါတယ်။
ကိုရီးယားနိုင်ငံရဲ့တောပ့်စတား ဆောင်းဝန်ဘင်း နဲ့ မင်းသမီးကြီး ကင်မ်ဟေးဂျ တို့
အဓိက ပါဝင်သရုပ်ဆောင်းထားပြီး တစ်ကားလုံး ၁၂၈ မိနစ်ကြာပါတယ်
ညဏ်ရည်မမှီတယ့် သားကို တစ်ယောက်တည်းကို လိုလေသေးမရှိ ပြုစုစောင့်ရှောက်ခဲ့တယ့်
မုဆိုးမမိခင်တစ်ယောက်ရဲ့မေတ္တာတွေကိုဖော်ကျူးထားတယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ။
သာမာန်လူတွေ လိုမလုပ်ကိုင်နိုင်တဲ့ ယောကျာ်းလေးတစ်ယောက်ရဲ့ ဘဝအမြင်နဲ့ ညဏ်ရည် မမှီတယ့် သားကို
ပြုစုစောင့်ရှောက်ရတယ့် အခါ လူသားမိခင်တစ်ယောက်ရဲ့ ဖြစ်ပေါ်ခံစားလာရတယ့် ခံစားချက်တွေ
သားအတွက်ဘာမဆိုလုပ်ရဲတယ့် မိခင်တစ်ယောက်ရဲ့သတ္တိ လူတွေရဲ့သဘောသဘာဝတွေနဲ့
တရားဥပဒေရဲ့အောက်ခြေလူတန်းစားတွေအပေါ် အကာအကွယ်မပေးနိုင်တယ့် အားနည်းချက်တွေ ကို မီးမောင်းထိုးပြပေးထားပါတယ်။
သားဖြစ်သူတစ်ယောက် လူသတ်မှုကြောင့်စွပ်စွဲခံနေရတယ့်အချိန်
သားဖြစ်သူလွှတ်မြောက်ရေးအတွက် ရှက်တာတွေ ၊ ကြောက်တာတွေ မရှိတော့ဘဲ
လူတိုင်းကို အောက်ကျို့ပြီးအကူအညီတောင်း ခံနေချိန် သားဖြစ်သူကတော့ ညဏ်ရည်မမှီလို့ဘာမှမသိနားမလည်ခဲ့ပါဘူး။
သားဖြစ်သူရဲ့တစ်ဦးတည်းသော သူငယ်ချင်းက သူလုပ်ထားတယ့်အပြစ်ကို လွှဲချပြီး ကိုယ်လွတ်ရုန်းသွားလား၊
ညဏ်ရည်မမှီတယ့် သားဖြစ်သူကဘဲ တကယ်သတ်လိုက်တာလား ၊
သတ်ခံလိုက်ရတယ့် ကျောင်းသူလေးမှာရောဘာဇာတ်လမ်းတွေရှိခဲ့လဲ ဆိုတာဇာတ်သိမ်းခန်းမှာတွေ့မြင်ရမှာပါ။
ဘယ်လောက်တိုးတက်တယ့်နိုင်ငံ ဖြစ်စေကာမူ တရားဥပဒေက လူတိုင်းကိုလက်လှမ်းမမှီနိုင်တာတွေ၊
မျက်နှာကြီးရာ ဟင်းဖက်ပါတက်တယ့် လူသဘာဝတွေကို ရုပ်ရှင်ထဲမှာတွေ့ရမှာပါ။
တိတ်ဆိတ်ပြီး အေးအေးဆေးဆေးဖြစ်တယ့် အချိန်ကြည့်ရင် ပိုပြီးဇာတ်ကားရဲ့ပေးချင်တဲ့ရသကိုခံစားရမှာပါ။
File Size : 925 MB
File Type : Mp4
Duration : 2 : 09: 00
Quality : Bluray rip
Translator : Htet Lin Kyaw
Encoder : Littleneo
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။