Moonlight (2016)

Synopsis:
MOONLIGHT မြန်မာလိုပြန်ရပါမူ လရောင်ဟု အဓိပ္ပါယ်ရသည်….လရောင်ဆမ်းသောညကိုမကြုံဖူးသူမရှိပေ..လရောင်သည် သက်ရှိသက်မဲ့
အရာအားလုံး၏ မူလအရောင်ကိုမှေးဖျော့လွှမ်းမိုးနိုင်စွမ်းရှိသည် လရောင်သည် နူးညံသည် သိမ့်မွေ့သည် သို့သော်ထိရောက်မှု
စွမ်းအား ကသိပ်ကိုကြီးမားလွန်းသည် ဒြပ်ရှိအရာများကိုမဆိုထားဘိ ဒြပ်မဲ့နှလုံးသားရဲ့ခံစားချက်ကိုပင် ဆွဲငင်နိုင်စွမ်းရှိသည် ယခုဇတ်ကား…Moonlight ဟု
အမည်ပေးထားသော ဒီဇတ်ကားထဲမှာ အပိုင်း ၃ပိုင်းပါသည် ကလေးဘ၀ လူငယ်ဘ၀ လူကြီးဘ၀…. အပျံသင်ခါစနုလုံးသားနုနုအရွယ်ကလေးဘ၀မှာ
လရောင်နှင့် အလားသဏ္ဍန်တူသည့် ပတ်ဝန်းကျင်စိုးမိုးမှုကိုစပြသည်…အမေကဆေးစွဲနေသည် အားကိုးရမဲ့ဖြစ်နေတဲ့သူ့ကို
ရွယ်တူလူငယ်တစ်စုကနာမည်ပြောင်ခပ်ဆိုးဆိုးတွေခေါ်ရင်းအနိုင်ကျင့်ခံရနေရသည်…..ကလေးရဲ့နှလုံးသားက ဒဏ်ရာဗရပွဖြစ်နေသည်……လူငယ်
ဘ၀ လူကြီး အခြေအနေတွေ သူ့ရဲ့ရပ်တည်ပုံတွေပြသည်……ဒီကားက နောက်ခံတေးသွားက မပါသလောက် effectနတ္ထိ….မျက်စိပသာဒဖြစ်စေမဲ့ အပေါ်ယံအလှတရားမပါ
အကုန်လုံးက လူမဲတွေ
ကြီးသရုပ်ဆောင်ထားသည်….ဒါရိုက်တာကလည်း လူမဲ….သို့ပေမဲ့ LA LA LAND ,HACKSAW RIDGEတို့ကိုကျော်လွန်ပြီး အကောင်းဆုံးရုပ်ရှင်ဆု၊
အကောင်းဆုံးမှီငြိမ်းဇတ်ညွှန်းဆု၊အကောင်းဆုံးဇတ်ပို့ဆုတို့ကိုရရှိသွားသည်…..ဇတ်ကားရဲ့ဖြစ်စဉ်တွေ ပေးချင်တဲ့Messageတွေက moonlightဆိုသော
အမည်နာမနှင့်လိုက်ဖက်လှသည်….ကိုင်းပရိတ်သတ်ကြီးရေ ခင်ဗျားတို့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာရော ဘယ်လို လရောင်လေးများလွှမ်းမိုးခံနေရလဲ
ခင်ဗျားတို့ကလည်း တခြားသူကို ဘယ်လိုအရောင်အဆင်းတွေများ လွှမ်းမိုးပေးနိုင်လဲကို ဒီကားလေးကြည့်ရင်း ဆုံးဖြတ်လိုကြပါတော့ဗျာ
ဇာတ်လမ်းအညွန်းကိုတော့ ဖြိုးပြည့်က ပါဝင်ခံစားရေးပေးထားတာပါ
Download Large File From Pcloud
Download Small File From Pcloud
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။